← Chapters

အခန်း (၄၂၉)

Vol. 39 Ch. 429

အခန်း (၄၂၉)

Vol. 39 Ch. 429

ထိုသူသုံးဦးစလုံးမှာ လုပ်ဆောင်နိုင်စွမ်းနှင့် အရည်အချင်း မြင့်မားကြပြီး နန်းတော်

အပေါ်တွင်လည်း အလွန်သစ္စာရှိကြသူများ ဖြစ်သည်။

သူ့လက်အောက်ငယ်သားများထဲတွင် ဝမ်ကျိီမှာလည်း နောက်ဆုံးတွင် မဟာသွေးကြောအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် ကျူထုံ ၊ ကျောက်ကန် ၊ ဝမ်လီနှင့် အခြားသူများမှာလည်း ဟွာကျင်းအဆင့်သို့ ရောက်ရှိခဲ့ကြသည်။

ချန်ဆန်းရှီ သည် အလွန်ကျေနပ်နေမိသည်။ ဤလူများသည် အကောင်းဆုံး ဆေးဖက်ဝင် ပစ္စည်းများကို အသုံးပြုခဲ့ကြပြီး နောက်ဆုံးတွင် အောင်မြင်မှုအချို့ ရရှိလာကြပြီ ဖြစ်သော်လည်း ၎င်းမှာ လုံလောက်သေးသည်တော့ မဟုတ်ပေ။

ဟုန်ကျဲစခန်းကို တရားဝင် တည်ထောင်ပြီးနောက် ရှေ့၊ နောက်၊ ဝဲ၊ ယာ နှင့် အလယ် ဟူ၍ တပ်မငါးခု ခွဲခြားရန် စီစဉ်ထားပြီး တစ်ဖွဲ့လျှင် တပ်သားသုံးထောင်ဖြင့် စုစုပေါင်း တစ်သောင်းငါးထောင် ရှိမည်ဖြစ်သည်။ ထို့ကြောင့် အနည်းဆုံး မဟာသွေးကြောအဆင့်ရှိသူ ငါးဦး လိုအပ်ပေမည်။

စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ပြီးနောက် ချန်ဆန်းရှီသည် ဆေးဝါးများ ဖော်စပ်ရန် ဆေးခန်းမသို့ သွားရောက်ခဲ့သည်။ ပြန်လာသည့် လမ်းခရီးတလျှောက်တွင်လည်း သူသည် အခွင့်အရေးရတိုင်း လေ့ကျင့်ခဲ့သည်။ ယခုအခါ သူ၏ ဆေးပညာကျွမ်းကျင်မှုမှာ ကြီးမားသောအောင်မြင်မှု့ ရရှိရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

"ဝုန်း.."

သူသည် တောက်လောင်နေသော မီးလျှံများထဲတွင် မြှုပ်နေသည့် နက်နဲသံမဏိဆေးဖို ကို အဆက်မပြတ် ရိုက်ခတ်နေသည်။ အတွင်းအားများကို ထပ်ဆင့်အသုံးပြုလိုက်သည့်အခါ သူ၏ ဆေးဖော်စပ်ခြင်း ပညာမှာ ကျွမ်းကျင်အဆင့်ထက် ကျော်လွန်ကာ ကြီးမားသောအောင်မြင်မှု့သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ဆေးဆရာများစွာသည် စွမ်းအားဖြင့် ဆေးဝါးကို စနစ်တကျ သန့်စင်နည်းကို သင်ယူရန် နှစ်ပေါင်းများစွာ အချိန်ပေးရသော်လည်း ချန်ဆန်းရှီအတွက်မူ ထိုအရာများမှာ အလွန်လွယ်ကူနေပုံရသည်။ သူသည် စတင်ကတည်းက မှန်ကန်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး လက်တွေ့လုပ်ဆောင်မှုတိုင်းတွင် ပို၍ တိုးတက်လာခဲ့သည်။

ယခုအချိန်တွင် သူသည် ဆေးဖိုကို ဖြတ်ကျော်၍ ဆေးရည်အတွင်းရှိ အဆိပ်အတောက်များကို မြင်တွေ့နေရသယောင် ရှိပြီး၊ မီးထိန်းညှိမှုနှင့်အတူ သူ၏စွမ်းအားကို အသုံးပြုကာ ထိုအဆိပ်များကို တိတိကျကျ ဖယ်ရှားပစ်နိုင်ခဲ့သည်။

"ဟူး.."

လက်ကွက်ကို အဆုံးသတ်လိုက်ပြီးနောက် ဟွာကျင်းအဆင့် သိုင်းပညာရှင်များအတွက် အားဖြည့်ဆေးတစ်သုတ်မှာ အဆင်သင့် ဖြစ်သွားခဲ့ပြီဖြစ်သည်။

[စွမ်းရည် - ဆေးပညာ (လူသား - ကြီးမားသောအောင်မြင်မှု့)

[တိုးတက်မှု့ - ၀]

[စွမ်းဆောင်ရည် - လူသားလောက၏ ဆေးသူတော်စင်]

[လူသားလောက၏ ဆေးသူတော်စင် - ဆေးဝါးဖော်စပ်ရာတွင် ကျန်ရှိနေသော အဆိပ်အတောက်အားလုံးကို ဖယ်ရှားပေးနိုင်သည်]

'အဆိပ်အတောက် အားလုံးကို ဖယ်ရှားပေးနိုင်သည် ၎င်းမှာ ဘာကို ဆိုတာလဲ..'

ချန်ဆန်းရှီ ဖော်စပ်သမျှ ဆေးဝါးတိုင်းကို ရေကဲ့သို့ အလွယ်တကူ သောက်သုံးနိုင်ပြီဟု ဆိုလိုခြင်း ဖြစ်သည်။ ပါရမီနည်းပါးသူများပင်လျှင် ဆေးဝါးအကူအညီဖြင့် သူတို့ မရောက်ရှိနိုင်သော အမြင့်သို့ ရောက်ရှိနိုင်တော့မည် ဖြစ်သည်။ သူသည် မိမိ၏လက်များကို ကြည့်ကာ ကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်နေသဖြင့် ဇွန်းတစ်ချောင်းဖြင့် ဆေးကို မြည်းစမ်းကြည့်လိုက်သည်။

လုံးဝ အဆိပ်မရှိဟု ဆိုလျှင် အနည်းငယ် ချဲ့ကားရာ ရောက်ပေလိမ့်မည်။ သတိမထားမိနိုင်လောက်အောင် အလွန်သေးငယ်သော အကြွင်းအကျန် အနည်းငယ်သာ ရှိတော့သည် ပမာဏဖြင့် တိုင်းတာမည်ဆိုပါက အဆိပ်အတောက် ၉၉ ရာခိုင်နှုန်းကို စွမ်းအားနှင့် ပြင်းထန်သော မီးလျှံများဖြင့် ဖယ်ရှားပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ခန္ဓာကိုယ်ကသာ ဆေးစွမ်းကို တောင့်ခံနိုင်ပြီး အာနိသင်ကို ခြေဖျက်နိုင်မည်ဆိုလျှင် အဆိပ်အတောက်များ ကျန်ရှိနေမည်ကို စိုးရိမ်စရာမလိုဘဲ၊ အချိန်ပုပ်ခံစရာမလိုဘဲ အားဖြည့်ဆေးများကို ဆက်တိုက် သောက်သုံးနိုင်တော့မည် ဖြစ်သည်။

"အားလုံးကို ဒီကို လာခဲ့ဖို့ ခေါ်လိုက်"

မကြာမီ...

ပိုယန်မှ လာသော ညီအစ်ကိုများထဲမှ အတွင်းအားသန့်စင်ခြင်းအဆင့် အထက်ရှိသူများမှာ ဆေးခန်းသို့ စုရုံးရောက်ရှိလာကြသည်။

"အရှင်... ဒီဆေးထဲမှာ အဆိပ်အကြွင်းအကျန် ဘာလို့ လုံးဝမရှိတာလဲ"ကျောက်ကန်က အဖန်ဖန် မြည်းစမ်းရင်း အံ့သြနေသည်။

အကယ်၍ ဆေးစွမ်းကြောင့် ရရှိလာသော အာနိသင်သာ မရှိလျှင် သူသည် ရေကို သောက်နေရသည်ဟုပင် ထင်မှတ်မိပေလိမ့်မည်။ အခြားသူများမှာလည်း ထိုသို့ပင် တုံ့ပြန်ကြသည်။

"တိတ်တိတ်နေကြ"

ချန်ဆန်းရှီက အေးဆေးစွာ ပြောလိုက်သည်"အရင်လိုပါပဲ၊ ငါ အချိန်ရရင် ဆေးကို ကိုယ်တိုင် ဖော်ပေးမယ်။ လိုအပ်တဲ့ ဆေးပစ္စည်းတွေကို ငါ ဝယ်ပေးမယ်၊ မင်းတို့ရဲ့ တာဝန်က သေချာလေ့ကျင့်ဖို့ပဲ။ နောက်နှစ်ကုန် မြက်ခင်းပြင်မှာ စစ်ဆင်ရေးလုပ်တဲ့အခါ တိုက်ပွဲက ပြင်းထန်လိမ့်မယ်။ ဟွာကျင်းအဆင့် မရှိဘဲနဲ့တော့ သူရဲကောင်းဘွဲ့ ရဖို့မပြောနဲ့၊ အသက်ရှင်ဖို့တောင် ခက်လိမ့်မယ်။ လေ့ကျင့်တာဟာ မင်းတို့အတွက်ပဲ"

"အရှင်..."

လူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ ရင်ထဲတွင် ဖော်ပြမတတ်သော ခံစားချက်များ ရှိနေကြသည်။

"အရှင်"

သူတို့သည် အနက်ရောင်သံချပ်ကာတပ် သို့မဟုတ် ရှောင်ဖန်တို့နှင့် အဆင့်အတန်း မတူကြပေ။ ဤစစ်ဆင်ရေး ပြီးဆုံး၍ လျန်ကျိုးသို့ ပြန်ရောက်ချိန်တွင် သူတို့မှာ အရန်တပ်ဖွဲ့လေးတစ်ခုသာ ဖြစ်သွားလိမ့်မည်ဟု ထင်ထားခဲ့ကြသော်လည်း...

မထင်မှတ်ဘဲ အရှင်က သူတို့ကို လက်မလွှတ်ခဲ့ပေ ထို့ပြင် သူ၏ ဆေးဖော်

စပ်ခြင်းပညာမှာလည်း အလွန်ထူးခြားလှသဖြင့် မသေမျိုး တို့၏ လက်ရာဟု ခေါ်ဆိုလျှင်ပင် မမှားပေ။

"မင်းတို့အားလုံး.."

ကျောက်ကန်က သတိပေးလိုက်သည်"ဒါကို အပြင်မှာ လျှောက်မပြောကြနဲ့ဦး၊ အရှင်အတွက် ပြဿနာတွေ ဖြစ်လာလိမ့်မယ်၊ နားလည်လား"

"နားလည်ပါပြီ"

အမှန်စင်စစ်...

ချန်ဆန်းရှီသည် သူတို့ကို တိတ်တိတ်နေရန်သာ ပြောနိုင်သော်လည်း၊ အကယ်၍ ပေါက်ကြားသွားလျှင်ပင် ကိစ္စမရှိပေ။ အဘယ်ကြောင့်ဆိုသော် မြို့တော်ရှိ တော်ဝင်ဆေးခန်းမတွင်လည်း အခြားသော လူသားအဆင့် ဆေးသူတော်စင် များ ရှိနေမည်မှာ သေချာသောကြောင့်ဖြစ်သည်။ အများကြီး မရှိနိုင်သော်လည်း တစ်ဦးစ၊ နှစ်ဦးစတော့ ရှိနိုင်ပေသည်။

သို့သော် လူသားအရင်းအမြစ်မှာ ကန့်သတ်ချက် ရှိသည်။ ဆေးသူတော်စင် တစ်ဦး၊ နှစ်ဦး ရှိနေရုံဖြင့် ထူးခြားမှု သိပ်မရှိနိုင်ပေ။ ဥပမာ - ချန်ဆန်းရှီသည် အများဆုံး လူဆယ်ယောက်ခန့်အတွက်သာ ဆေးဖော်စပ်ပေးနိုင်သည်။ ထိုထက် ပိုလျှင်မူ သူ ကိုင်တွယ်နိုင်တော့မည် မဟုတ်ပေ။ ထို့ပြင် သူကိုယ်တိုင် ကျင့်ကြံရန်အတွက်လည်း အချိန်လိုအပ်သဖြင့် ဆေးဖော်စပ်သူ သက်သက်အဖြစ်သာ အချိန်ပြည့် လုပ်နေ၍ မရပေ။

"အရှင်..."

စစ်သားများမှာ အလွန်ပင် ကျေးဇူးတင်နေကြသည်။

"အရှင်က ဒီလောက်ထိ စေတနာထားတာကို၊ ရွှီဝမ်ချိုင်ကတော့ ကျေးဇူးမသိတတ်ဘူး"

"မှန်တယ်"

"အရှင်နောက် လိုက်ရတာ ဘာမှားလို့လဲ"

"နောင်ကျရင် သူ ရာထူးတွေ မရမှာ ကျနေတာပဲ"

"ငါကြားတာတော့ သူက အခုထိ တိုက်ပွဲဝင်နေတုန်းပဲတဲ့၊ အဲဒီမှာပဲ သေသွားတာက ပိုကောင်းမယ်"

သူတို့၏ ဟန်ဆောင်မှု ကောင်းမွန်လွန်းသဖြင့် ညီအစ်ကိုများမှာ ရွှီဝမ်

ချိုင် ကိုသခင်ကို သစ္စာဖောက်ကာ ဂုဏ်ဒြပ်နောက် လိုက်သူအဖြစ် ရွံရှာနေကြသည်။

စကားမစပ်...

ချန်ဆန်းရှီ လျန်ကျိုးသို့ ပြန်ရောက်ပြီးနောက် ရွှီဝမ်ချိုင်၏ သတင်းကို ရရှိခဲ့သည်။

လွန်ခဲ့သော နှစ်လက ရွှီဝမ်ချိုင်သည် ဓားပြများကို နှိမ်နင်းပြီးစီးခဲ့သည်။ ယခုအခါ နန်းတော်က သူ့အား စစ်နတ်ဘုရားတစ်ဦးနှင့်အတူ တပ်သား သောင်းနှင့်ချီ ပေးအပ်ကာ နောက်ကွယ်မှ ကြိုးကိုင်သူ ဝေနိုင်ငံကို တိုက်ရိုက် တိုက်ခိုက်ခိုင်းထားသည်။ သတင်းများအရ သူသည် ဆက်တိုက် အောင်ပွဲရရှိနေပြီး ရန်သူ့နယ်မြေအတွင်းသို့ တစ်ဦးတည်း ဝင်ရောက်ကာ "မြို့ပျက်

ဗျူဟာ" နှင့် "တောင်ခုနစ်လုံး မီးတိုက်ဗျူဟာ" တို့ကို အသုံးပြုခဲ့ကြောင်း၊ ၎င်းတို့မှာ ယခုအခါ လူပြောများသော အကြောင်းအရာများ ဖြစ်နေကြောင်း သိရသည်။

တစ်ခါတစ်ရံတွင် ချန်ဆန်းရှီသည် ထိုရင်းနှီးနေသော အသုံးအနှုန်းများကို ကြည့်ရင်း အတွေးတစ်ခု ရလာသည်။

ဒီလောကမှာ ကျူးကော့လျန် မရှိပေမဲ့၊ ရွှီဝမ်ချိုင်က တကယ်ပဲ ဒီခေတ်ရဲ့ ဝူလုံဖြစ်နေတာလား။

ကြီးမားလှသော လောကကြီးတွင် မည်သည့်အရာမှ မဖြစ်နိုင်သည် မရှိပေ။ ထို့ပြင် ပုံပြောသူများက သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ပြင်းထန်သော ရန်ငြိုးရန်စများအဖြစ် ချဲ့ကားပြောဆိုနေကြပြီး သူတို့ကို မဟာရန်သူတော်ကြီးများအဖြစ် ဖန်တီးနေကြပေသည်။

ချန်ဆန်းရှီ အလုပ်များပြီးစီး၍ စစ်စခန်းမှ ထွက်လာချိန်တွင် အတော်ပင် နောက်ကျနေပြီဖြစ်သည်။ သူက ခဏစဉ်းစားလိုက်ပြီးနောက် နီရောင်

လက်မျှော်စင်သို့ တိုက်ရိုက် ဦးတည်လိုက်သည်။

All Chapters