အခန်း (၆၀၅-၆၀၆)
Vol. 31 Ch. 605-606
အပိုင်း (၆၀၅) အမှောင်ခန်း
"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် ဆရာလင်း"
အရိပ်ကမ္ဘာထဲမှ ထွက်လာပြီးနောက် တိန့်ကျဲက လင်းယွမ်နောက်သို့ လိုက်ပါလာကာ ခေါင်းဆောင်စံအိမ်ထဲတွင် ပေါ်လာ၏။
အလင်းရောင်ကို တစ်ဖန် ပြန်လည်မြင်တွေ့လိုက်ရပြီး ခန္ဓာကိုယ်၏ တည်ရှိမှုကို ခံစားလိုက်ရသောအခါမှသာ... ထိုအချိန်လေး၌ တိန့်ကျဲတစ်ယောက် အမှန်တကယ် အသက်ပြန်ရှင်လာသကဲ့သို့ ခံစားလိုက်ရသည်။
ရင်ထဲရှိ လှုပ်ရှားနေသော စိတ်ခံစားချက်များကို ဖော်ပြရန် စကားလုံးပင် ရှာမတွေ့တော့ဘဲ လင်းယွမ်ကိုသာ အဆက်မပြတ် ကျေးဇူးတင်နေမိတော့သည်။
လင်းယွမ်က သူ၏ ပုံစံကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤလူမှာ အရိပ်ကမ္ဘာထဲတွင် အကျဉ်းကျခဲ့ရသဖြင့် စိတ်ဒဏ်ရာရသွားပြီဖြစ်ကြောင်း သိလိုက်သည်။ ယခု မိမိ ဘာပဲပြောပြော သူ ချက်ချင်း လုပ်ဆောင်တော့မည်မှာ သေချာလှသည်။
လင်းယွမ်က အေးစက်စက် လေသံဖြင့် "မင်းရဲ့ စိတ်ပင်လယ်ထဲမှာ ကပ်ပါးမျိုးစေ့တစ်ခု ထည့်ထားမယ်... နောက်နောင် မင်းဆီမှာ ပုန်ကန်ချင်တဲ့စိတ် ပေါ်လာခဲ့ရင် ငါ မင်းကို အခွင့်အရေးမပေးဘူးလို့ အပြစ်မတင်နဲ့"
တိန့်ကျဲက အလျင်အမြန်ပင် ကတိသစ္စာပြုလိုက်သည်။ "ဆရာလင်း... စိတ်ချပါ... ကျွန်တော့်အသက်ကို စွန့်ရရင်တောင် ဆရာ့အပေါ် ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး"
လင်းယွမ်က ပြုံးလိုက်ပြီး "ပါးစပ်ကပြောတာကို ငါ နားမထောင်ချင်ဘူး... ငါ့မျက်စိနဲ့ မြင်ရတာကိုပဲ ငါ ယုံတယ်"
"ဒါဆိုလည်း ကျွန်တော့်ရဲ့ နောက်ပိုင်းလုပ်ရပ်တွေကိုပဲ စောင့်ကြည့်ပေးပါ" တိန့်ကျဲက အလျင်စလို ဖြေလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး သူ၏ စိတ်ပင်လယ်ထဲသို့ ကပ်ပါးမျိုးစေ့ တစ်စေ့ကို ချက်ချင်း ထည့်သွင်းလိုက်သည်။
တိန့်ကျဲကလည်း စိတ်ကို လျှော့ချထားလိုက်ပြီး မည်သည့် ခုခံမှုမျှ မလုပ်ခဲ့ပေ။
ဒါက သစ္စာခံခြင်း ပြယုဂ်တစ်ခုဖြစ်ပြီး ငြင်းဆန်ခွင့်မရှိကြောင်း သူ ကောင်းကောင်း သိထားသည်။
အကယ်၍ လင်းယွမ်၏ ထိန်းချုပ်မှုကိုသာ လက်မခံပါက သူ သေရဖို့သာ ရှိတော့မည် ဖြစ်သည်။
ကပ်ပါးမျိုးစေ့ကို ထည့်သွင်းပြီးနောက် လင်းယွမ်က ဆက်ပြောသည်။ "ဒီ ကပ်ပါးမျိုးစေ့က ငါ့ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်သွားတာနဲ့ ချက်ချင်း အပင်ပေါက်လာလိမ့်မယ်"
"မျိုးစေ့ အပင်ပေါက်ဖို့ဆိုရင် အာဟာရကို စုပ်ယူရတယ်... မင်းရဲ့ စိတ်ပင်လယ်၊ မင်းရဲ့ ခန္ဓာကိုယ် အသွေးအသားတွေက အဲ့ဒီအပင်အတွက် မြေသြဇာတွေပဲ"
"အဲ့ဒီအပင် ပေါက်လာမယ့်နေ့ မရောက်လာပါစေနဲ့လို့ပဲ မျှော်လင့်တယ်"
တိန့်ကျဲမှာ ရင်တထိတ်ထိတ် ဖြစ်သွားပြီး ချွေးစေးများပင် ပြန်လာသည်။
သူ၏ ခေါင်းထဲမှ မျိုးစေ့တစ်ခု ထွက်လာပြီးနောက် အပင်ပေါက်ကာ ပန်းပွင့်လာမည့် မြင်ကွင်းကို သူ တွေးပင် မတွေးရဲတော့ပေ။
"မ... မရောက်လာစေရပါဘူး... အဲ့ဒီလိုနေ့မျိုး ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး... ဆရာလင်းအပေါ် သေတဲ့အထိ သစ္စာရှိသွားပါ့မယ်"
လင်းယွမ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီလေ... ဒါဆို ငါ မင်းကို တာဝန်တစ်ခု ပေးမယ်... အရိပ်နဂါးရေပေါ်ကျွန်းကို သွားလိုက်"
"အဲ့ဒီဘက်မှာ ငါ့လူတွေ ပြဿနာ နည်းနည်း တက်နေလို့"
"မင်းရဲ့ အဓိကတာဝန်က သူတို့ကို နောက်ကွယ်ကနေ လိုက်ကာကွယ်ပေးဖို့ပဲ... သူတို့ အမြန်ဆုံး စွမ်းအားကြီးလာအောင် ကူညီပေးရမယ်... တခြားနေရာတွေမှာတော့ ဝင်ပါစရာမလိုဘူး"
"ဒီတာဝန်က မင်းအတွက်တော့ သိပ်မခက်ပါဘူး... ဟုတ်တယ်မလား"
"မခက်ပါဘူး... လုံးဝ မခက်ပါဘူး" တိန့်ကျဲက သက်ပြင်းချလိုက်ပြီး အမြန် ပြန်ဖြေလိုက်သည်။
ဤတာဝန်မှာ အမှန်တကယ်ပင် မခက်ခဲလှပေ။ လူတစ်စုကို ကာကွယ်ပေးရုံမျှသာ ဖြစ်သည်။
ရေနတ်ဘုရားဂိုဏ်း၏ ရေနက်ယဇ်ပုရောဟိတ် တစ်ယောက်အနေဖြင့် အတိတ်က တပ်များကို ဦးဆောင်ကာ တိုက်ပွဲဝင်ခဲ့စဉ်က သူ လုပ်ခဲ့သော အလုပ်များနှင့် ယေဘုယျအားဖြင့် အတူတူပင် ဖြစ်သည်။
လင်းယွမ်က အမှတ်အသား ပစ္စည်းတစ်ခုကို ထုတ်ယူကာ သူ့လက်ထဲသို့ ထည့်ပေးလိုက်ရင်း "ဒီ အမှတ်အသားကို ယူပြီး အရိပ်နဂါးကျွန်းကို သွား... နဂါးနက်က မင်းကို အခက်တွေ့အောင် လုပ်မှာမဟုတ်ဘူး"
တိန့်ကျဲက ကြည့်လိုက်သောအခါ... ထိုအမှတ်အသားဆိုသည်မှာ သတ္တုပြားတစ်ခုဖြစ်ပြီး ၎င်းပေါ်တွင် ပြင်းထန်သော အမှောင်ဓာတ် စွမ်းအင်များ ပါဝင်နေသည်။
အမှန်တကယ်တော့ သတ္တုပြားထဲတွင် လင်းယွမ်၏ စွမ်းအင်အငွေ့အသက် ပါဝင်နေသည်။ အရိပ်နဂါးကျွန်းမှ နဂါးနက်ကြီးသည် ထိုအငွေ့အသက်ကို အာရုံခံမိသည်နှင့် သတ္တုပြား ကိုင်ဆောင်ထားသူကို ရန်မူမည် မဟုတ်ပေ။
တိန့်ကျဲမှာ ထပ်မံ၍ သက်ပြင်းချနိုင်သွားသည်။
အရိပ်နဂါးကျွန်းသို့ သွားရမည်ဟု ကြားလိုက်ရချိန်တွင် သူသည် အဓိက အရည်အသွေး ၁၀၀ မှတ်ရှိသော နဂါးနက်ကြီးကို ချက်ချင်း သတိရသွားခဲ့ခြင်း ဖြစ်သည်။
သူ ကိုယ်တိုင်လည်း ထိုနဂါးနက်ကြီး၏ ဖမ်းဆီးချုပ်နှောင်မှုကို ခံခဲ့ရဖူးသည်။ အကယ်၍ ထိုနဂါးနက်ကြီး၏ ဖမ်းဆီးခြင်းကို ခံရပါက လင်းယွမ်၏ ဖမ်းဆီးခြင်းကို ခံရသည်နှင့် အတူတူပင် ဖြစ်လိမ့်မည်။
ယခု လင်းယွမ်က အမှတ်အသား ပေးလိုက်သဖြင့် ထိုနဂါးနက်ကြီးက သူ့ကို ဒုက္ခပေးတော့မည် မဟုတ်ပေ။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုနဂါးနက်ကြီးသည်လည်း လင်းယွမ်ထံ အညံ့ခံလိုက်ရပြီဖြစ်ကြောင်း သူ ချက်ချင်း ခန့်မှန်းမိလိုက်သည်။
လင်းယွမ်က မည်သို့များ လေ့ကျင့်ခဲ့သနည်းဟု တွေးမိကာ သူ၏ ရင်ထဲတွင် အလွန်တရာ အံ့သြတုန်လှုပ်သွားမိသည်။
လင်းယွမ် အရိပ်နဂါးကျွန်းသို့ စတင်ရောက်ရှိလာစဉ်က သူ၏ အဓိက အရည်အသွေးမှာ (၉၀) ကျော်မျှသာ ရှိသေးသည်ကို သူ မှတ်မိနေသေးသည်။ ထိုအခြေအနေနှင့် နဂါးနက်ကြီး၏ လက်တွင်းမှ မည်သို့ လွတ်မြောက်လာခဲ့သနည်း။
"ဘာတွေ ကြောင်နေတာလဲ... သွားတော့လေ"
လင်းယွမ်က အသံဩဩဖြင့် ပြောလိုက်သည်။
တိန့်ကျဲလည်း သတိဝင်လာပြီး အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့ပါ... ဆရာလင်း"
သူသည် ခေါင်းဆောင်စံအိမ်မှ အလျင်အမြန် ထွက်ခွာသွားပြီး အပြင်သို့ ရောက်သည်နှင့် အရိပ်နဂါးကျွန်း ရှိရာသို့ မရပ်မနား အပြေးအလွှား သွားတော့သည်။
လင်းယွမ်က ဤကိစ္စကို ဆက်၍ အာရုံမစိုက်တော့ပေ။ တိန့်ကျဲ၏ အဓိက အရည်အသွေးမှာ (၈၂) မှတ် ရှိပြီး အရိပ်ကမ္ဘာထဲတွင် အကျဉ်းကျနေစဉ်အတွင်း မည်သို့မျှ တိုးတက်လာနိုင်စရာ အကြောင်းမရှိပေ။
သို့သော် သူ၏ လက်ရှိ အင်အားနှင့် အတွေ့အကြုံများအရ (၁၀၀) မှတ် အထိ တက်လာရန်မှာလည်း မခက်ခဲလှပေ။
ထို့အပြင် ရေနတ်ဘုရားဂိုဏ်း၏ ယဇ်ပုရောဟိတ်ကြီး လေးပါးထဲမှ တစ်ပါးဖြစ်သောကြောင့် ဤလူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်တော့ မဖြစ်နိုင်ချေ။
ကျန်းဖုန်း၊ ဝူယင်တို့အဖွဲ့အတွက် သူက အစောင့်အရှောက်အဖြစ် ရှိနေပါက အရိပ်နဂါးကျွန်းဘက် အခြမ်းအတွက် များစွာ စိတ်အေးရပေမည်။
"အချိန်တွေ ရှိပါသေးတယ်... အရိပ်ကမ္ဘာထဲက ကောင်တွေကို ဖြည်းဖြည်းချင်း နှိပ်စက်ပေးရဦးမယ်"
လင်းယွမ်က အေးစက်စက် ရယ်မောလိုက်သည်။ ဤလူများက အရိပ်ကမ္ဘာ၏ မျှော်လင့်ချက် ကင်းမဲ့မှုကို အမှန်တကယ် မခံစားရသေးပေ။
"ဒါပေမဲ့ လူတွေ အများကြီးကို အရိပ်ကမ္ဘာထဲမှာ အတူတူ ထားထားတော့... သူတို့အချင်းချင်း စကားပြောပြီး အချိန်ဖြုန်းနေလို့ ရနေတယ်"
"ဒီလိုတော့ မဖြစ်သေးဘူး... သူတို့ကို သီးသန့်ခွဲထားလို့ရမယ့် နေရာမျိုး ဖန်တီးပြီး... တစ်ယောက်တည်း အထီးကျန်ခြင်းရဲ့ ကြောက်စရာကောင်းပုံကို ခံစားရအောင် လုပ်မှရမယ်"
လင်းယွမ်၏ စိတ်ထဲတွင် ထိုအတွေး ပေါ်လာသည်နှင့် ချက်ချင်း စိတ်ဝင်စားသွားလေသည်။
"အရိပ်ကမ္ဘာထဲမှာ သီးသန့် အကျဉ်းခန်းလေးတွေ ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ"
လင်းယွမ် စဉ်းစားနေရင်း ရုတ်တရက် နည်းလမ်းတစ်ခုကို တွေးမိသွားသည်။ "သီးသန့် နေရာဆိုရင်... သုမာရု ဟင်းလင်းပြင်က သီးသန့် နေရာတစ်ခုပဲ မဟုတ်လား"
"ငါ့ရဲ့ လက်ရှိ စိတ်စွမ်းအင်နဲ့ ဖန်တီးထားတဲ့ သုမာရု ဟင်းလင်းပြင်ကို... ဒီလူတွေ ဘယ်လိုမှ ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး"
"အရင်ဆုံး သုမာရု ဟင်းလင်းပြင်ကို ဖန်တီးမယ်... ပြီးမှ အဲ့ဒီအထဲမှာ အရိပ်နဂါးကျွန်းကို ပုံဖော်ပြီး အရိပ်ကမ္ဘာ ဖန်တီးလိုက်မယ်"
"သုမာရု ဟင်းလင်းပြင်ထဲမှာက... အလင်းရောင်လည်း မရှိတော့ ဒီလိုလုပ်ဖို့ အဆင်ပြေတယ်"
လင်းယွမ် တွေးလေလေ ထိုနည်းလမ်းက ဖြစ်နိုင်ချေရှိလေလေဟု ခံစားလာရသည်။
"သုမာရု ဟင်းလင်းပြင်က ဒီလိုလုပ်နိုင်တယ်ဆိုတော့... ဒီလူတွေကို ရေခဲနဲ့ အေးခဲထားလိုက်ရင်ရော မရဘူးလား"
"သူတို့ရဲ့ အသိစိတ်ကို ချန်ထားခဲ့ပြီး ခန္ဓာကိုယ်ကိုပဲ ရေခဲနဲ့ ချုပ်နှောင်ထားမယ်ဆိုရင်... သူတို့ လှုပ်လို့မရတော့ဘဲ စိတ်နဲ့ပဲ တွေးနေလို့ရမှာဆိုတော့... ဒီလိုရလဒ်မျိုးပဲ ထွက်လာမှာ မဟုတ်ဘူးလား"
လင်းယွမ်က ထိုသို့ တွေးလိုက်မိသော်လည်း ချက်ချင်းပင် ခေါင်းခါယမ်းလိုက်သည်။
ထိုသို့ဆိုလျှင် ဤလူများကို သုံးဖက်မြင် ပုံစံဖြင့်သာ အေးခဲထားရပေမည်။
သုံးဖက်မြင် ကမ္ဘာထဲတွင် သူတို့ အေးခဲခံထားရသော်လည်း ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များကို အသုံးပြုနေရဦးမည်ဖြစ်ရာ အနှေးနှင့်အမြန် ငတ်မွတ်ပြီး သေဆုံးသွားကြလိမ့်မည်။
သူတို့၏ အသိစိတ်ကိုပါ အေးခဲလိုက်မှသာ မည်သည့် စွမ်းအင်မျှ မကုန်ဆုံးတော့မည့် အခြေအနေကို ရောက်ရှိပေမည်။
သို့သော် ထိုသို့လုပ်လိုက်ပါက ဤလူများကို အကျဉ်းချပြီး သင်ခန်းစာပေးရမည့် ရည်ရွယ်ချက် ပျောက်ဆုံးသွားလိမ့်မည်။
လင်းယွမ်သည် ထိုအတွေးကို ချက်ချင်း လက်လျှော့လိုက်ပြီး သုမာရု ဟင်းလင်းပြင်ကသာ သီးသန့် အမှောင်ခန်းလေးများ ဖန်တီးရန် အသင့်တော်ဆုံး ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။
ထိုသို့ တွေးမိသည်နှင့် လင်းယွမ်သည် အရိပ်ကမ္ဘာထဲသို့ တစ်ဖန် ပြန်လည် ဝင်ရောက်သွားလေသည်။
မျှော်လင့်ထားသည့်အတိုင်းပင်... အထဲသို့ ရောက်သည်နှင့် ဤလူများက သူ့အား ဆဲရေးတိုင်းထွာကာ ပြင်းပြင်းထန်ထန် ကျိန်ဆဲနေကြသည်ကို သူ အာရုံခံလိုက်မိသည်။
လင်းယွမ်က အေးစက်စက် ရယ်မောလိုက်ပြီး "ဆဲဖို့ အားရှိသေးတယ်ပေါ့... ကောင်းတယ်... မင်းတို့တွေ တော်တော် သွက်လက်နေကြတုန်းပဲကိုး"
လင်းယွမ်၏ အသံ ထွက်ပေါ်လာသည်နှင့် အားလုံးမှာ တစ်ကိုယ်လုံး တုန်တက်သွားကြသည်။
ဝူဝမ်ဖန်းနှင့် ယန်ယိချောင်တို့က အလျင်အမြန်ပင် ထအော်လိုက်ကြသည်။
"ဆရာလင်း... ကျွန်တော် မဆဲပါဘူး... ကျွန်တော် ဘာမှ မပြောပါဘူး"
ယန်ယိချောင်ကလည်း အကျယ်ကြီး အော်ပြောလိုက်သည်။ "ဆရာလင်း... ကျွန်မက အတင်း အစေခိုင်းခံရတာပါ... ကျွန်မက ရေနတ်ဘုရားဂိုဏ်းက အထက်လူကြီးတောင် မဟုတ်ပါဘူး... ကျေးဇူးပြုပြီး ကျွန်မကို အခွင့်အရေး တစ်ကြိမ်လောက် ပေးပါ... ကျွန်မက အလင်းဓာတ် အစွမ်းပိုင်ရှင်မို့လို့ အများကြီး အသုံးဝင်ပါတယ်"
"ကျွန်မ သန္ဓေပြောင်း အပင်တွေ စိုက်ပျိုးနိုင်တယ်... အပင်တွေအတွက် အလင်းရောင် ပေးနိုင်တယ်... နေရောင်ခြည်စွမ်းအင်သုံး ပြားတွေအတွက် အလင်းစွမ်းအင် ထုတ်လွှတ်ပြီး အားသွင်းပေးနိုင်တယ်... ကျွန်မက တကယ် အသုံးဝင်ပါတယ်ရှင်"
"တောင်းပန်ပါတယ်... ကျွန်မကို အပြင်ထုတ်ပေးပါ... ဒီနေရာကြီးကို ကျွန်မ တကယ် ဆက်သည်းမခံနိုင်တော့လို့ပါ"
အသက်အရွယ်အားဖြင့် သိပ်မကြီးသေးသော သူမမှာ အမှန်တကယ် ကြောက်လန့်နေပြီဖြစ်ရာ ငိုယိုကာ အော်ဟစ်နေတော့သည်။
ဝူဝမ်ဖန်းကလည်း ထိုအခြေအနေကို မြင်သော် အလျင်အမြန် လိုက်အော်သည်။ "ဆရာလင်း... အရင်က ကိစ္စတွေအတွက် ကျွန်တော် မျက်စိကန်းခဲ့တာပါ... ဆရာ့ကို တောင်းပန်ပါတယ်... ကျွန်တော် မှားမှန်း သိပါပြီ"
"ကျွန်တော်က ရေနတ်ဘုရားဂိုဏ်းက အသက်ဓာတ် ယဇ်ပုရောဟိတ်ပါ... အသက်စွမ်းအင်ကို ပြန်လည်ကုသနိုင်တဲ့ နည်းလမ်းတွေကို ကျွန်တော် တတ်ကျွမ်းပါတယ်... ကျွန်တော့်ကို အပြင်ထုတ်ပေးရင် လူအများကြီးကို ကယ်တင်ပေးနိုင်ပါတယ်... တကယ်ပါ"
လင်းယွမ်က သူတို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက် လေသံဖြင့် "ငါ မှတ်မိသလောက်တော့ လွန်ခဲ့တဲ့ သုံးရက်က... မင်းက ဒီ အလင်းဓာတ် အစွမ်းပိုင်ရှင်ကို အရိပ်ကမ္ဘာကြီး ဖွင့်ပေးဖို့ မြှောက်ပင့်နေတာ မဟုတ်ဘူးလား"
"ဟက်... ဒီလောက်မြန်မြန်ကြီး အမှားဝန်ခံနေတာ... မင်းကို ငါက ဘယ်လို ယုံရမှာလဲ"
"ဆရာလင်း... ကျွန်မ... ကျွန်မလည်း ရွေးစရာ မရှိလို့ပါ... ကျွန်မက မျိုးရိုးဗီဇမျိုးစေ့ အဆင့်တောင် မရောက်သေးပါဘူး... ယဇ်ပုရောဟိတ် ဝူ ခိုင်းသမျှကိုပဲ လုပ်ရတာပါ" ယန်ယိချောင်က ဘေးမှ ဝူဝမ်ဖန်းအပေါ်သို့ အပြစ်များ အလျင်အမြန် ပုံချလိုက်သည်။
ဝူဝမ်ဖန်း၏ ရင်ထဲတွင် ဒေါသထွက်သွားသော်လည်း ပါးစပ်မှ အလျင်အမြန် ငြင်းဆိုလိုက်သည်။ "ငါ မဟုတ်ဘူး... ရှောင်ယန်... မင်း လျှောက်မစွပ်စွဲနဲ့... မြေမိခင်ဂိုဏ်းက လူတွေက မင်းကို အဲ့ဒီလိုလုပ်ဖို့ ခိုင်းတာလေ... ငါ မပါဘူးနော်"
သူတို့၏ တောင်းပန်မှုများကို ကြည့်ရင်း လင်းယွမ်က ခေါင်းခါလိုက်သည်။ "ဘာမှ ဆက်မပြောနဲ့တော့... မင်းတို့တွေမှာ အမှားကို ဝန်ခံချင်တဲ့ စိတ်ရင်းအမှန် မရှိဘူးလို့ ငါ မြင်တယ်... မင်းတို့ကို တစ်နေရာ အရင်ပို့ထားပြီး အကျင့်လေးတွေ ပြင်ပေးမှ ရတော့မယ်"
ထိုသို့ပြောပြီးသည်နှင့် ဝူဝမ်ဖန်းကို ဆွဲကိုင်လိုက်ကာ နောက်တစ်ခဏတွင် မှောင်မည်းနေသော သုမာရု ဟင်းလင်းပြင်တစ်ခုထဲသို့ ပစ်ထည့်လိုက်သည်။
ထို့နောက် ထိုနည်းလမ်းအတိုင်းပင် ကျန်လူများကိုလည်း သီးသန့်စီခွဲ၍ မတူညီသော သုမာရု ဟင်းလင်းပြင်များထဲသို့ အသီးသီး ထည့်သွင်းလိုက်သည်။
ထို သုမာရု ဟင်းလင်းပြင်များ၏ အကျယ်အဝန်းမှာ အလွန် သေးငယ်ပြီး တိုက်ပိတ်ခံရသည့် အခန်းငယ်လေးများကဲ့သို့ပင် ဖြစ်သည်။
စစ်မှန်သော အဓိပ္ပာယ်ရှိသည့် အမှောင်ခန်းလေးများပင်။
အထဲရှိလူများက လည်ချောင်းကွဲမတတ် အော်ဟစ်နေစေကာမူ မည်သူကမျှ ကြားနိုင်မည် မဟုတ်ပေ။
ထို့ပြင် နှစ်ဖက်မြင် အရိပ်ကမ္ဘာထဲတွင် သူတို့သည် မည်သည့် စွမ်းအင်ကိုမျှ အသုံးပြုနိုင်မည် မဟုတ်သဖြင့် သုမာရု ဟင်းလင်းပြင်ကို ဖျက်ဆီးရန်ဆိုသည်မှာ အိပ်မက်သာသာပင် ဖြစ်လေသည်။
အားလုံး ပြီးစီးသွားသောအခါ လင်းယွမ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး အရိပ်ကမ္ဘာထဲမှ လျှပ်တစ်ပြက် ထွက်ခွာလာကာ ထိုလူများကို ဆက်လက် အာရုံမစိုက်တော့ပေ။
"သူတို့ကို လဝက်လောက် အရင် ပိတ်ထားလိုက်ဦးမယ်... ပြီးမှ ဆက်စဉ်းစားတာပေါ့"
လင်းယွမ်သည် ခေါင်းဆောင်စံအိမ်မှ ထွက်ခွာပြီး အိမ်သို့ ပြန်လာခဲ့သည်။
ရန်မေသည်လည်း ယနေ့ စောစော ပြန်ရောက်နေသည်။ ကိုယ်ဝန်ရှိလာပြီးကတည်းက သူမ၏ စိတ်အားထက်သန်မှုများ သိသိသာသာ လျော့ကျလာပြီး အိပ်ချိန် ပိုများလာကာ တစ်ကိုယ်လုံး ပျင်းရိလေးတွဲလာသည်။
နေ့စဉ် စင်တာသို့ သွားသည့် အချိန်ကိုလည်း တစ်ဝက်ခန့် လျှော့ချလိုက်ပြီး အိမ်သို့ စောစောပြန်ကာ အနားယူတတ်သည်။
လင်းယွမ်သည်လည်း သူမကို အဖော်ပြုပေးရန် အိမ်သို့ စောစော ပြန်လာလေ့ရှိသည်။
သို့သော် ယနေ့ အိမ်ပြန်ရောက်သည်နှင့် အိမ်ထဲမှ အမျိုးသမီးများ၏ ရယ်မောသံများကို ကြားလိုက်ရသည်။
လင်းယွမ် အနည်းငယ် အံ့သြသွားသည်။ ဤအချိန်ဆိုလျှင် တင်းယန်က မိန်တောင်တွင် ရှိနေမည်ဖြစ်ပြီး၊ တုံယန်က လင်းယွင်တောင်စောင်းတွင် ရှိနေကာ ဆုန့်ဝမ်ကလည်း စိုက်ပျိုးရေးဌာနတွင် အလုပ်များနေမည်မှာ သေချာသည်။
ပုံမှန်ဆိုလျှင် ဤအချိန်တွင် အိမ်၌ ရန်မေ တစ်ယောက်တည်းသာ ရှိရမည် ဖြစ်သည်။
လင်းယွမ်က အိမ်တံခါးဝသို့ ရောက်သောအခါ ကြမ်းပြင်ပေါ်ရှိ ဖိနပ်များကို တစ်ချက် ကြည့်လိုက်သည်။
အမျိုးသမီးစီး ဖိနပ်ရှည် နှစ်ရံဖြစ်ပြီး တစ်ရံက ခါကီရောင်၊ နောက်တစ်ရံက အနက်ရောင် ဖြစ်သည်။
သူ ဧည့်ခန်းထဲသို့ မော့ကြည့်လိုက်ရာ ရန်မေက ဆိုဖာပေါ်တွင် ထိုင်နေပြီး သူမ၏ ဘေးတွင် အချိုးအစားကျနကာ အသားအရေ ဖြူဖွေးသော အသိပညာရှင်ရုပ်သွင်နှင့် မိန်းမလှတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။
မျက်နှာချင်းဆိုင်တွင်မူ ပန်းသီးအခွံခွာပေးနေသော ဆွဲဆောင်မှုရှိသည့် အလှပိုင်ရှင်တစ်ဦး ရှိနေသည်။
သူတို့နှစ်ဦးကို မြင်လိုက်ရသောအခါ လင်းယွမ် အနည်းငယ် အံ့အားသင့်သွားသည်။
"လင်းယာ... ရှန်ယွင်ရှီး..."
သူတို့နှစ်ဦး ဖြစ်နေမည်ဟု လင်းယွမ် လုံးဝ မထင်ထားခဲ့ပေ။
သူတို့နှစ်ဦးထဲတွင် လင်းယာသည် လက်နက်စက်ရုံတွင် အမြဲ အလုပ်များနေပြီး လက်နက်ကိရိယာများ အဆင့်မြှင့်တင်ရေး တာဝန်ကို ယူထားရသူ ဖြစ်သည်။
ရှန်ယွင်ရှီးကမူ ပါမောက္ခ လီဟန်ကျုံး နှင့်အတူ သုတေသနဌာနတွင် သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများကို လေ့လာစမ်းသပ်နေသူ ဖြစ်သည်။
ယခင်က ထုတ်လုပ်ခဲ့သော ယန်ရှန်း အမြန်လှေသည် ရှန်ယွင်ရှီး၏ လက်ရာပင် ဖြစ်သည်။
လင်းယွမ် ဝင်လာသည်ကို လင်းယာက အရင်ဆုံး မြင်လိုက်ရသဖြင့် အလျင်အမြန် မတ်တတ်ရပ်ကာ "ကိုလင်းယွမ်... ပြန်ရောက်ပြီလားရှင်" ဟု နှုတ်ဆက်လိုက်သည်။
လင်းယာ၏ စကားကို ကြားလိုက်ရသဖြင့် ပန်းသီးခွာနေသော ရှန်ယွင်ရှီးမှာလည်း "အာ" ဟု အာမေဍိတ်သံ ထွက်သွားပြီး အလျင်အမြန် မတ်တတ်ထရပ်လိုက်သည်။
သူမက လင်းယွမ်ဘက်သို့ လှည့်ကြည့်လိုက်ပြီး အနည်းငယ် ပျာယာခတ်သွားကာ "ကိုလင်းယွမ်... ကျွန်မ... ကျွန်မနဲ့ လင်းယာက အမမေ ကို လာကြည့်ကြတာပါ" ဟု ပြောလိုက်သည်။
လင်းယာကလည်း အလျင်စလို ဝင်ပြောသည်။ "အမမေ ကိုယ်ဝန်ရှိနေပြီဆိုတာ ကြားလို့ တမင်သက်သက် ပစ္စည်းတချို့ လာပို့ပေးတာပါ"
သူတို့နှစ်ဦးသည် အစောပိုင်းက ဘုရင်မသင်္ဘောပေါ်မှ အဖွဲ့ဝင်များ ဖြစ်ကြသည်။ နောက်ပိုင်းတွင် ဘုရင်မသင်္ဘောကို လင်းယွမ်က သိမ်းပိုက်လိုက်ပြီးနောက် ဤအမျိုးသမီးနှစ်ဦးသည် ထိုစဉ်က သင်္ဘောကပ္ပတိန် လန်ယွဲ့ဟွာ တို့အဖွဲ့ကို တိတ်တဆိတ် လွှတ်ပေးခဲ့ကြဖူးသည်။
ထိုလုပ်ရပ်ကြောင့် လင်းယွမ် ဒေါသထွက်ခဲ့ရပြီး ဘုရင်မသင်္ဘောပေါ်တွင် ရှိနေစဉ်က သူတို့နှစ်ဦးကို လင်းယွမ်က အပြစ်ပေးခဲ့ဖူးသည်။
အထူးသဖြင့် ရှန်ယွင်ရှီး ဆိုလျှင် သင်္ဘောခန်းထဲတွင် ပစ္စည်းများ သိမ်းဆည်းနေစဉ် သူမ၏ ကိုယ်ရေးကိုယ်တာ ပစ္စည်းတချို့ကို လင်းယွမ်က တွေ့ရှိသွားခဲ့ပြီး ထိုစဉ်က အနည်းငယ် ရှက်စရာ အခြေအနေမျိုး ဖြစ်ခဲ့ရသည်။
ထို့ကြောင့် သူတို့နှစ်ဦးလုံး လင်းယွမ်ကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာများ မလုံမလဲ ဖြစ်နေကြခြင်း ဖြစ်သည်။
လင်းယွမ်က မျက်မှောင်တစ်ချက် ပင့်လိုက်ပြီး ရန်မေဘက်သို့ ကြည့်လိုက်သည်။
ရန်မေက မတ်တတ်ထရပ်ကာ ပြုံးလျက် အခြေအနေကို ဝင်ထိန်းပေးလိုက်သည်။ "လင်းယာနဲ့ ယွင်ရှီးက အမ ကိုယ်ဝန်ရှိမှန်းသိတော့ ကိုယ်ဝန်ဆောင်တွေ သုံးတဲ့ ပစ္စည်းလေးတွေ သီးသန့် လုပ်လာပေးတာ မောင်လေးရဲ့"
"ကြည့်ပါဦး... ဒီအင်္ကျီတွေက လင်းယာ ချုပ်ပေးထားတာ... သူက တကယ် တော်တာနော်... အရင်တုန်းက နာမည်ကြီး ကုမ္ပဏီတစ်ခုက ဒီဇိုင်နာလေ... ဒီအင်္ကျီတွေက ကိုယ်ဝန်ရင့်လာရင် အမ ဝတ်လို့ရတယ်"
"ပြီးတော့ ဒီ ယူ ပုံစံ အိပ်ရာခင်းကလည်း ဗိုက်ကြီးလာရင် သုံးလို့ရတယ်လေ"
လင်းယာက အလျင်အမြန် ဝင်ပြောလိုက်သည်။ "ဒီ အိပ်ရာခင်းက ယွင်ရှီး လုပ်ပေးထားတာပါ"
ရှန်ယွင်ရှီး၏ မျက်နှာလေး ရဲသွားပြီး "လင်းယာက ဒီဇိုင်းဆွဲပေးတာပါ... ကျွန်မက ကူလုပ်ပေးရုံ သက်သက်ပါပဲ" ဟု အလျင်စလို ဖြေရှင်းလိုက်သည်။
ရန်မေက သူတို့နှစ်ဦး၏ လက်ကို ဆွဲကိုင်ကာ ပြုံးလျက် "ဒီပစ္စည်းတွေက တကယ် အသုံးဝင်ပါတယ်... ကျေးဇူးတင်ပါတယ်နော်" ဟု ပြောလိုက်သည်။
"ဒါနဲ့ မောင်လေး... အမ ပြောစရာတစ်ခု ရှိသေးတယ်... လင်းယာက ဒီဇိုင်းဆွဲတတ်ရုံတင် မကဘူး... ဟင်းချက်တာလည်း တော်တော် ကောင်းတာ... ခုနကတောင် အမတို့တွေ ကလေးထိန်းကိစ္စ ပြောနေကြသေးတယ်... အမ ကတော့ လင်းယာကို ကူညီခိုင်းချင်နေတာ"
လင်းယွမ် အနည်းငယ် ကြောင်သွားပြီး လင်းယာဘက်သို့ လှည့်ကာ အံ့သြစွာဖြင့် "မင်းက ထမင်းဟင်းပါ ချက်တတ်တာလား"
ဆက်ရန်...
အပိုင်း (၆၀၆) လင်းယာနှင့် ရှန်ယွင်ရှီး
ဤမျှ ဉာဏ်ရည်ထက်မြက်ပြီး လှပသည့် မိန်းမချောလေးတစ်ဦး... ကုမ္ပဏီကြီးတစ်ခုမှ ဖက်ရှင်ဒီဇိုင်နာတစ်ဦးက ဟင်းချက် ဤမျှလောက် ကောင်းလိမ့်မည်ဟု ထင်မှတ်ထားရန် ခဲယဉ်းလှသည်။
လင်းယွမ်ကတော့ လုပ်ငန်းခွင်တွင် ရုန်းကန်လှုပ်ရှားနေကြသော ဤကဲ့သို့ ခေတ်မီမြို့ပြမိန်းမလှလေးများအားလုံးမှာ ဤဘက်တွင် အားနည်းသောအမျိုးသမီးများသာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့မိသည်။
ထို့ကြောင့် ရန်မေက ထိုသို့ပြောလိုက်သောအခါ သူ အလိုလို အံ့သြသွားခဲ့ရ၏။
လင်းယာက အားနာရှက်ရွံ့စွာဖြင့် "ရေဘေးကြီး မဖြစ်ခင်တုန်းက ကျွန်မ အားလပ်ချိန်ဆို ဟင်းချက်နည်းလေးတွေ လေ့လာဖြစ်တာပါ... အရမ်းကြီး ကောင်းလှတယ်တော့ မဟုတ်ပါဘူးရှင်"
ရှန်ယွင်ရှီးက မနေနိုင်ဘဲ သူမ၏ တင်ပါးကို တစ်ချက်ဆိတ်လိုက်ကာ အလျင်အမြန် ဝင်ပြောလိုက်သည်။ "ကိုလင်းယွမ်... လင်းယာရဲ့ ဟင်းချက်လက်ရာက တကယ်ကောင်းတာပါ... ကျွန်မတောင် သူ့ဆီမှာ ခဏခဏ သွားစားဖြစ်တယ်"
"သူချက်တဲ့ဟင်းတွေကို စားဖူးသွားကတည်းက ကန်တင်းမှာ မစားဖြစ်တော့တာ"
လင်းယွမ်က မျက်မှောင်တစ်ချက် ပင့်လိုက်ပြီး လင်းယာကို တွေးတောနေသည့် အကြည့်ဖြင့် ကြည့်လိုက်ကာ ရှန်ယွင်ရှီးကိုလည်း အကဲခတ်လိုက်သည်။
သူက ပြုံးလိုက်ပြီး "ဟုတ်လား... ဒါဆို အခွင့်အရေးရရင် မလင်းယာရဲ့ လက်ရာကို တကယ် မြည်းစမ်းကြည့်ရမှာပဲ"
"အခွင့်အရေးရတာပေါ့... သေချာပေါက် ရတာပေါ့... အခုလည်း ထမင်းစားချိန် ရောက်တော့မှာပဲလေ... လင်းယာ... နင် မြန်မြန် မီးဖိုချောင်ထဲသွားပြီး ရန်မေနဲ့ ကိုလင်းယွမ်ကို နင့်လက်ရာ ပြလိုက်လေ"
ရှန်ယွင်ရှီးက ဘေးနားရှိ လင်းယာကို အလျင်အမြန် တိုက်တွန်းလိုက်သည်။
လင်းယာမှာ အနည်းငယ် နေရခက်သွားပြီး သူမကို တွန်းပို့နေသော ရှန်ယွင်ရှီး၏ လက်မောင်းကို အမြန် ဖမ်းကိုင်ထားလိုက်သည်။
ဘေးနားမှ ရန်မေက ရယ်မောလျက် "လင်းယာ... ငါ နင့်ကို မီးဖိုချောင်ဆီ ခေါ်သွားပေးမယ်... အခု ငါက အခြေအနေ ဒီလိုဖြစ်နေတော့ သူများအကူအညီ တကယ် လိုအပ်နေတာ"
"လင်းယွမ်တို့လည်း အခုတလော အရမ်း အလုပ်များနေကြတာ... ယောက်ျားသားတစ်ယောက် ဟင်းချက်တာက ဘယ်လိုလုပ် ငါတို့ မိန်းမတွေလောက် ကောင်းပါ့မလဲ"
လင်းယာ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး "ဒါ... ဒါဆိုလည်း ကျွန်မ စမ်းချက်ကြည့်ပါ့မယ်... မကောင်းရင်လည်း အပြစ်မတင်ကြနဲ့နော်"
"အပြစ်မတင်ပါဘူး... အပြစ်မတင်ပါဘူး" ဟု ရန်မေက ပြုံးရွှင်စွာ ပြောဆိုရင်း သူမကို မီးဖိုချောင်သို့ ခေါ်သွားလေသည်။
ရှန်ယွင်ရှီး ကြည့်လိုက်သောအခါ ဧည့်ခန်းထဲတွင် သူမနှင့် လင်းယွမ် နှစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့တော့သည်။
ထို့ကြောင့် သူအမှာ ချက်ချင်းပင် မတ်တတ်ခုန်ထရပ်လိုက်ကာ "ကျွန်မလည်း လာကူမယ်... ကျွန်မလည်း လာကူမယ်" ဟု အော်ပြောလိုက်သည်။
လင်းယွမ်နှင့် အတူနေရမည်ကို လင်းယွမ်က သူမကို အရှင်လတ်လတ် ဝါးစားပစ်တော့မည့်အလား ကြောက်ရွံ့စွာဖြင့် မီးဖိုချောင်ဆီသို့ လျှပ်တစ်ပြက် ပြေးဝင်သွားတော့သည်။
လင်းယွမ်မှာ ပြောစရာစကားပင် ဆွံ့အသွားရသည်။ ဤရှန်ယွင်ရှီးမှာ အသက် သုံးဆယ်အရွယ် ရောက်နေပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ကလေးမလေးတစ်ယောက်လို အကျင့်စရိုက်မျိုး ရှိနေရသနည်း။
လင်းယွမ်က မီးဖိုချောင်ဘက်သို့ လှမ်းကြည့်လိုက်ရာ အမျိုးသမီးသုံးဦးတို့ အလုပ်များနေကြသည်ကို တွေ့လိုက်ရ၏။
သို့သော် မီးဖိုချောင်၏ နေရာအကျယ်အဝန်းမှာ အနည်းငယ် ကျဉ်းမြောင်းလွန်းနေသည်။
ရန်မေကို ဝင်တိုက်မိမည် စိုးရိမ်သောကြောင့် ဖြစ်ဟန်တူသည်။ နောက်ဆုံးတွင် လင်းယာက ရန်မေကို အပြင်သို့ ပြန်ထွက်ခိုင်းလိုက်ပြီး သူမနှင့် ရှန်ယွင်ရှီး နှစ်ယောက်တည်းသာ ဆက်လက် အလုပ်များနေကြတော့သည်။
လင်းယွမ်က ဆိုဖာပေါ်တွင် ထိုင်လျက် သစ်သီးစားရင်း ဤမြင်ကွင်းကို လှမ်းကြည့်နေလိုက်သည်။
ရန်မေက မီးဖိုချောင်ထဲမှ ထွက်လာပြီး သူ့အနားသို့ ရောက်လာကာ ရယ်မောသံဖြင့် "ဘာလဲ... မိန်းမချောလေး နှစ်ယောက်ကို မြင်တော့ မျက်စိတွေများ လည်သွားပြီလား"
လင်းယွမ်က ပြုံးလိုက်ပြီး "အမမေက သူတို့နှစ်ယောက်နဲ့ ဘယ်တုန်းက သိသွားတာလဲ... ဆက်ဆံရေးက ဒီလောက်တောင် ကောင်းနေတာလား"
ရန်မေက စပျစ်သီးတစ်လုံးကို အခွံနွှာပြီး သူ့ပါးစပ်နားသို့ တေ့ပေးရင်း ပြုံးကာ ပြောလိုက်သည်။ "လင်းယာကလည်း တို့ မိန်တုဥယျာဉ် ကပဲ... တို့တိုက်တွဲရဲ့ ဘေးမှာပဲ နေတာလေ"
"အဲ့ဒီတုန်းက လူဦးရေစာရင်း ကောက်တော့မှ သူက တို့ရဲ့ အိမ်နီးချင်းဆိုတာ သိရတာလေ... အိမ်ရှင်တွေ ဂရုထဲမှာတောင် စကားပြောဖူးသေးတယ်... လူချင်းတော့ မဆုံဖူးခဲ့ဘူး"
"ဒီလို ပတ်သက်မှုလေး ရှိသွားတော့ နောက်ပိုင်း ပိုပြီး အဆက်အသွယ် လုပ်ဖြစ်လာကြတာ"
"တိုက်တိုက်ဆိုင်ဆိုင် သူက ဖက်ရှင်ဒီဇိုင်းဆရာမ ဖြစ်နေတော့ အမကလည်း အဲ့ဒီဘက်ကို စိတ်ဝင်စားနေတာနဲ့ပဲ အဝင်အထွက်များပြီး ရင်းနှီးသွားကြတာပေါ့"
"ရှန်ယွင်ရှီးကတော့ သူနဲ့ လင်းယာက အရမ်းခင်ကြတာ... လင်းယာအိမ်မှာ ခဏခဏ ထမင်းလာစားရင်း အဲ့ဒီကနေတစ်ဆင့် အမတို့လည်း ခင်သွားကြတာပဲ"
"ဒါပေမဲ့ ဒီတစ်ခေါက် သူတို့ လာကြတာက ထမင်းလာချက်ပေးဖို့နဲ့ လူနာစောင့်လုပ်ပေးဖို့ သက်သက်တော့ မဟုတ်ဘူး"
လင်းယွမ်က ထိုစကားကို ကြားသောအခါ မျက်မှောင်တစ်ချက် ပင့်လိုက်ပြီး "သူတို့က အကူအညီ တောင်းစရာ ရှိလို့လား"
ရန်မေက ပါးစပ်ကိုအုပ်၍ ရယ်မောလိုက်သည်။ "အမကို လာတောင်းတာ ဘယ်ဟုတ်မလဲ... မောင်လေးဆီက အကူအညီလာတောင်းတာပါ"
လင်းယွမ် စိတ်ဝင်စားသွားသည်။ "ဘာကိစ္စလဲ"
"လက်နက်စက်ရုံမှာ လင်းယာရဲ့ အလုပ်က အရမ်း ပင်ပန်းလွန်းနေတယ်တဲ့... အကာအကွယ်ပစ္စည်းတိုင်းကို သူက မာကျောအစွမ်း နဲ့ လုပ်ပေးနေရတော့... ထပ်ခါတလဲလဲ စက်ရုပ်လို အစွမ်းသွင်းပေးနေရတဲ့ အလုပ်က အရမ်းပင်ပမ်းနေလို့တဲ့"
"အဲ့ဒါကို ရှန်ယွင်ရှီးက သူ့ကို သုတေသနဌာနဘက် ပြောင်းဖို့ တိုက်တွန်းနေတာ... အဲ့ဒီဌာနက တိုက်ပွဲဝင်ဝတ်စုံသစ်တွေနဲ့ အကာအကွယ်ပစ္စည်းတွေကို ဒီဇိုင်းဆွဲပြီး သုတေသန လုပ်ရမှာလေ"
"လင်းယာမှာ ဒီဇိုင်နာတစ်ယောက်ရဲ့ အရည်အချင်းရှိတဲ့အပြင်... မာကျောအစွမ်း ပိုင်ရှင်လည်း ဖြစ်နေတော့ တော်တော်လေး သင့်တော်ပါတယ်"
"ဒါပေမဲ့ သုတေသနဌာနဘက်က ဝန်ထမ်းနေရာချထားရေးကို အမြဲတမ်း မောင်လေးကိုယ်တိုင်ပဲ ဆုံးဖြတ်နေကျဆိုတော့ ရှန်ယွင်ရှီးက လင်းယာကို ပြောပြီး အမဆီ လာရှာခိုင်းတာပဲ"
"အခု အမက ထမင်းချက်ပေးမယ့် လူနာစောင့် ရှာနေတယ်ဆိုတာကို ကြားရော... ရှန်ယွင်ရှီးက လင်းယာ ဟင်းချက်တတ်တယ်ဆိုပြီး လူနာစောင့်လာလုပ်ဖို့ ချက်ချင်း တွန်းအားပေးတော့တာပဲ"
လင်းယွမ် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ထိုအခါမှသာ လင်းယာနှင့် ရှန်ယွင်ရှီးတို့ အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိနေရကြောင်းကို သူ နားလည်သွားတော့၏။
လင်းယာက ဘာကြောင့် လူနာစောင့်အလုပ်ကို လာရောက် လျှောက်ထားရသလဲ ဆိုသည်ကိုပါ နားလည်သွားခြင်း ဖြစ်သည်။
လင်းယွမ်က ခဏမျှ တွေးတောလိုက်ပြီးနောက် "အမ သဘောကရော ဘယ်လိုရှိလဲ" ဟု မေးလိုက်သည်။
ရန်မေက ချက်ချင်းပင် အပြုံးတစ်ခု ပေါ်လာသည်။ ဤအရာက သာမန်မေးခွန်းတစ်ခုမျှသာဟု မထင်လိုက်ပါနှင့်။
လက်ရှိအချိန်တွင် ရှိနေသော လင်းယွမ်၏ ဩဇာအာဏာအရ လင်းယာ၏ အလုပ်ပြောင်းရွှေ့မှု ကိစ္စကို သူက စကားတစ်ခွန်းတည်းဖြင့် အလွယ်တကူ ဆုံးဖြတ်ပေးနိုင်စွမ်း ရှိပေသည်။
သို့သော် သူက မိမိ၏ သဘောထားကို ဦးစွာ မေးမြန်းရန် ရွေးချယ်ခဲ့ခြင်းမှာ သူ၏ ရင်ထဲတွင် မိမိရှိနေကြောင်း ပြသနေခြင်းပင် ဖြစ်သည်။
ရန်အေမှာ ကိုယ်ဝန်ဆောင်စ အစောပိုင်းကာလတွင် ရှိနေသဖြင့် စိတ်ခံစားမှုများ နူးညံ့သိမ်မွေ့နေကာ စိတ်လှုပ်ရှားမှုများကို အလွယ်တကူ ခံစားလွယ်နေတတ်သည်။
လင်းယွမ်၏ ဤပေါ့ပေါ့ပါးပါး မေးခွန်းလေး တစ်ခွန်းကပင် သူမကို ချက်ချင်း ဝမ်းသာကြည်နူးသွားစေခဲ့သည်။
သူမ၏ လှပသော မျက်ဝန်းလေးများက လှုပ်ရှားသွားပြီး "လင်းယာရဲ့ ဟင်းချက်လက်ရာကို အမ သိပါတယ်... တကယ်လည်း ကောင်းတယ်... ပြီးတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်"
"ဟင်းချက်ဖို့ကတော့ သေချာပေါက် ပြဿနာမရှိပါဘူး... မောင်လေးတို့ စားရတာ အဆင်မပြေဖြစ်မှာကိုပဲ စိုးရိမ်တာ"
လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ "ကျွန်တော်တို့က ဘယ်လိုဖြစ်ဖြစ် ကိစ္စမရှိပါဘူး... အဓိကက အမပဲ... အခု အိမ်မှာ အမရဲ့ စားသောက်ရေးက နံပါတ်တစ် အရေးအကြီးဆုံးပဲ"
ရန်အေမှာ ပို၍ပင် ကြည်နူးသွားရသည်။ သူမက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် "ဒါဆိုရင် အဆင်ပြေလောက်ပါတယ်"
"လင်းယာရဲ့ ဟင်းချက်တဲ့ ပုံစံက အမနဲ့ သိပ်မတူဘူး... သူ ချက်တာက နည်းနည်း ပေါ့ပေါ့ပါးပါး ရှိတယ်... ဟင်းခတ်အမွှေးအကြိုင်တွေလည်း အရမ်း အများကြီး မသုံးဘူး... သူက တောင်ပိုင်းသူမို့လို့ ထင်ပါရဲ့"
"သူက ဟင်းတွေရဲ့ မူလအရသာကို ပိုပြီး ဂရုစိုက်တတ်တယ်... ဒါက အမရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင် ပိုပြီး သင့်တော်မယ်လို့ ထင်တယ်"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး "ဒါဆိုလည်း ပြီးတာပဲ... သူ့ကို ဒီမှာပဲ နေခိုင်းလိုက်ပါ"
"မလောပါနဲ့ဦး... ဒီနေ့ သူချက်တဲ့ ဟင်းတွေကို မောင်လေးလည်း အရင်မြည်းကြည့်ပြီးမှ ဆုံးဖြတ်ပါ" ဟု ရန်မေက ပြုံးလျက် ပြောလိုက်သည်။
လင်းယွမ်လည်း ပြုံးလိုက်ပြီး သူမနှင့် စကားအနည်းငယ် ဆက်ပြောလိုက်သည်။ "ကျွန်တော် အခန်း ပြန်ပြီး အလုပ်လေးနည်းနည်း လုပ်လိုက်ဦးမယ်... အမပဲ ဒီမှာ သူတို့နဲ့ စကားပြောနေလိုက်တော့... မဟုတ်ရင် ရှန်ယွင်ရှီးက မီးဖိုချောင်ထဲကတောင် ထွက်ရဲမှာ မဟုတ်ဘူး"
ရန်မေသည်လည်း ရှန်ယွင်ရှီးတစ်ယောက် လင်းယွမ်အပေါ် ကြောက်ရွံ့နေသည်ကို စောစောကတည်းက သတိထားမိပြီး ဖြစ်သည်။
သူမက မနေနိုင်ဘဲ စပ်စုလိုက်သည်။ "ရှန်ယွင်ရှီးက ပုံမှန်ဆို အရမ်း ပွင့်ပွင့်လင်းလင်း ရှိတဲ့သူပါ... ဘာလို့ မောင်လေးရှေ့ရောက်မှ ကြွက်က ကြောင်ကို မြင်သလို ဖြစ်နေရတာလဲ"
လင်းယွမ်က ရယ်မောလိုက်ပြီး "အစတုန်းက သူ့ကို ဖမ်းတဲ့အချိန်မှာ ကျွန်တော့်ရဲ့ နည်းလမ်းတွေက နည်းနည်း ကြမ်းတမ်းသွားလို့ နေလိမ့်မယ်... သူအခုထိ ကြောက်စိတ်မပျယ်သေးတာ ဖြစ်မယ်"
ရန်မေ သဘောပေါက်သွားသည်။ သူမသည်လည်း ရှန်ယွင်ရှီးနှင့် လင်းယာတို့ နှစ်ဦး၏ နောက်ခံ အကြောင်းရင်းကို သိထားပြီး ဖြစ်သည်။
အမျိုးသမီးများသာ ရှိသော ထိုသင်္ဘောအကြောင်းကို ပထမဆုံးအကြိမ် ကြားရစဉ်က သူမပင် အံ့ဩမင်တက်ခဲ့ရသည်။
ရေဘေးကပ်ဆိုးကြီး ကျရောက်ပြီးကတည်းက သူမ မြင်တွေ့ခဲ့ရသမျှမှာ အမျိုးသမီးများ အနိုင်ကျင့် ခံနေရသည့် အခြေအနေများသာ ဖြစ်သည်။
အမျိုးသမီးတစ်ဦးက ဤမျှအထိ လုပ်ဆောင်နိုင်စွမ်း ရှိသည်ကို ယခုမှ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
သူမ၏ ရင်ထဲတွင် လန်ယွဲ့ဟွာ ဟုခေါ်သော ထိုအမျိုးသမီးကို အနည်းငယ်ပင် လေးစားမိသေးသည်။
နှမြောစရာကောင်းသည်မှာ ထိုအမျိုးသမီးက လင်းယွမ်၏ ရန်သူ ဖြစ်နေခြင်းပင်။
လင်းယွမ်က အိပ်ခန်းထဲသို့ ပြန်ဝင်သွားပြီး ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
သူက မျက်လုံးများကို မှိတ်လိုက်ပြီး မိမိ၏ စိတ်စွမ်းအင်များမှတစ်ဆင့် ဖြန့်ကြက်ထားသော ကပ်ပါးမျိုးစေ့များကို စိတ်ထဲမှ အာရုံခံကြည့်လိုက်သည်။
စောစောက လင်းယာနှင့် ရှန်ယွင်ရှီးတို့ နှစ်ဦးကို မြင်လိုက်ရချိန်တွင် လန်ယွဲ့ဟွာ ဟုခေါ်သော ထိုအမျိုးသမီးကို သူ ရုတ်တရက် သတိရသွားခဲ့သည်။
ထိုအမျိုးသမီးမှာ အစတုန်းက သူ့ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီးနောက် သမ္မတ ၇ သင်္ဘောပေါ်တွင် အကျဉ်းချခံထားရခြင်း ဖြစ်သည်။
သို့သော် လင်းယာနှင့် ရှန်ယွင်ရှီးတို့က လန်ယွဲ့ဟွာ၊ လျှိုဆစ်ဆစ်၊ ကျိုးထျန်ထျန်၊ ဟေးလန် အစရှိသည့် ဘုရင်မသင်္ဘောမှ အဆင့်မြင့် ခေါင်းဆောင်တစ်စုကို တိတ်တဆိတ် လွှတ်ပေးခဲ့ကြသည်။
ထိုလူများအနက်မှ လန်ယွဲ့ဟွာနှင့် လျှိုဆစ်ဆစ် နှစ်ဦးတည်းသာ သူ့ထံမှ ကပ်ပါးမျိုးစေ့ ထည့်သွင်းခြင်းကို ခံထားရသည်။
သူ ထိုစဉ်က ခန့်မှန်းထားချက်အရ ထိုနှစ်ဦးသည် သမ္မတ ၇ သင်္ဘောပေါ်မှ လွတ်မြောက်သွားသော်လည်း ကပ်ပါးမျိုးစေ့မှာ သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားသည်နှင့် တစ်ပြိုင်နက် အညှောက်ပေါက်လာမည် ဖြစ်သည်။
ထို့ကြောင့် ထိုနှစ်ယောက်မှာ သေချာပေါက် သေဆုံးရမည်သာ ဖြစ်သည်။
သို့သော် အချိန်အတော်ကြာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ဤကပ်ပါးမျိုးစေ့ နှစ်ခု၏ လှုပ်ရှားမှုကို သူ လုံးဝ အာရုံမခံမိကြောင်း လင်းယွမ် ရုတ်တရက် သတိထားမိလိုက်သည်။
သိထားရမည်မှာ... ကပ်ပါးမျိုးစေ့သည် အညှောက်ပေါက်၊ ပွင့်အာ၊ အသီးသီးပြီးသွားပါက အသီးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး သန့်စင်သော သန္ဓေပြောင်းစွမ်းအင်များ၊ အသက်စွမ်းအင် အစရှိသည်တို့ကို အမြောက်အမြား ထုတ်ပေးနိုင်စွမ်း ရှိသည်။
ကပ်ပါးမျိုးစေ့ အသီးသီးသွားပြီးနောက်တွင် သူနှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားမည် ဖြစ်ပြီး သူ၏ စိတ်စွမ်းအင်ထဲမှ ထိုစွမ်းအားအစိတ်အပိုင်းမှာလည်း ဆုံးရှုံးသွားမည် ဖြစ်သည်။
သို့သော် သူသာ ထိုကပ်ပါးမျိုးစေ့မှ သီးလာသော အသီးကို စားသုံးလိုက်မည် ဆိုပါက ထိုစိတ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းနိုင်ရုံသာမက သူ၏ စိတ်စွမ်းအင်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးများကိုလည်း ကြီးမားစွာ တိုးတက်လာစေမည် ဖြစ်သည်။
သို့တိုင်အောင် ယခုအချိန်အထိ လင်းယွမ်သည် သူ၏ စိတ်စွမ်းအင်များ ဆုံးရှုံးသွားသည်ကို မခံစားရသေးပေ။
ဤအချက်က သူ့ကို တစ်ခုခု မှားယွင်းနေပြီဟူသော ကြိုတင် ခံစားမှုမျိုး ရုတ်တရက် ဖြစ်ပေါ်လာစေခဲ့သည်။
ယခုအချိန်တွင် မျက်လုံးမှိတ်၍ အာရုံခံကြည့်လိုက်ရာ ကပ်ပါးမျိုးစေ့တစ်ခုချင်းစီ၏ လက်ခံထားသူများထံမှ အငွေ့အသက်များသည် သူ၏ စိတ်ပင်လယ်ထဲတွင် တစ်ခုပြီးတစ်ခု ထင်ဟပ်လာလေသည်။
ထိုအငွေ့အသက်များမှာ အဝေးမှရှိသလို အနီးမှလည်း ရှိနေကြသည်။
အဝေးဆုံးအနေဖြင့် လီချင်းဟွာ ဆိုလျှင် မြေဝါနတ်ဘုရားကျွန်း တွင် ရောက်ရှိနေသည်။
အနီးဆုံးအနေဖြင့် ထူလုံ ဆိုလျှင် ထိုက်ယန်တောင် တွင်ပင် ရှိနေသည်။
ထို့အပြင် ယခင်က မြူခိုးမြို့တော်မှ ခေါ်ဆောင်လာခဲ့သော သင်္ဘောခေါင်းဆောင်များ၏ ခန္ဓာကိုယ်တွင်းရှိ ကပ်ပါးမျိုးစေ့ အငွေ့အသက်များကလည်း လင်းယွမ်၏ စိတ်ပင်လယ်ထဲတွင် တစ်ခုချင်းစီ ပေါ်လွင်နေလေသည်။
လင်းယွမ်က တစ်ခုချင်းစီကို လိုက်လံ စစ်ဆေးကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း တည်တင်းလာခဲ့သည်။
မြောက်မြားစွာသော ကပ်ပါးမျိုးစေ့များထဲတွင် ကပ်ပါးမျိုးစေ့ နှစ်ခုကို သူ လုံးဝ အာရုံမခံနိုင် ဖြစ်နေသည်မှာ အမှန်ပင်။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး "ဘာဖြစ်တာလဲ... ဒီနှစ်ယောက် မသေသေးဘူးလား" ဟု ရေရွတ်လိုက်သည်။
"မဖြစ်နိုင်ပါဘူး... တကယ်လို့ ဒီနှစ်ယောက် မသေသေးရင် ကပ်ပါးမျိုးစေ့က သေချာပေါက် အညှောက်ပေါက်ပြီး အပွင့်ပွင့်လာရမှာပေါ့"
"သူတို့နှစ်ယောက် သေသွားပြီဆိုရင် ကပ်ပါးမျိုးစေ့ထဲထည့်ထားတဲ့ ငါ့စိတ်စွမ်းအင်က ဆုံးရှုံးသွားရမှာ"
"ဒါပေမဲ့ အခု ငါ့ရဲ့ စိတ်စွမ်းအင်တွေလည်း မဆုံးရှုံးဘူး... ကပ်ပါးမျိုးစေ့ ရှိနေတာကိုလည်း အာရုံမခံနိုင်တော့ဘူး ဆိုတော့... သူတို့ဆီမှာ ကပ်ပါးမျိုးစေ့ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းများ ရှိနေလို့လား"
ထိုအချက်ကို တွေးမိသောအခါ လင်းယွမ်၏ မျက်နှာမှာ အလိုလို မှုန်ကုပ်သွားရသည်။
၎င်းက မဖြစ်နိုင်သည့် ကိစ္စတော့ မဟုတ်ပေ။ သန္ဓေပြောင်းစွမ်းအင်များနှင့် စတင် ထိတွေ့ခဲ့ရသည့် အချိန်ကတည်းက လင်းယွမ်သည် အချက်တစ်ချက်ကို နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်သည်။
ဤကမ္ဘာပေါ်တွင် အကြွင်းမဲ့ ပြိုင်ဘက်ကင်းသော အစွမ်းဟူ၍ မရှိပေ။
မည်မျှပင် အစွမ်းထက်သော အစွမ်းဖြစ်ပါစေ အားနည်းချက်နှင့် ဟာကွက်များ ရှိစမြဲဖြစ်ပြီး အခြားသော အစွမ်းများ၏ ဖိနှိပ်ခြင်းကိုလည်း ခံရနိုင်ခြေ ရှိသည်။
ကပ်ပါးမျိုးစေ့ ကဲ့သို့သော အံ့မခန်းစွမ်းရည်ဖြင့် အခြားသူများကို အလွယ်တကူ ထိန်းချုပ် ခြယ်လှယ်နိုင်ပေသည်။
သို့သော် ကြီးမားကျယ်ပြန့်လှသော ဤကမ္ဘာလောကကြီးတွင် အထူးအဆန်းများစွာ ရှိနေနိုင်ပြီး ကပ်ပါးမျိုးစေ့၏ အစွမ်းကို ဖြိုခွင်းနိုင်မည့်သူ လုံးဝ မရှိနိုင်ဟုတော့ တပ်အပ် ပြော၍မရပေ။
လင်းယွမ်၏ ရင်ထဲတွင် အနည်းငယ် လေးလံသွားပြီး လန်ယွဲ့ဟွာ ဟုခေါ်သော ထိုအမျိုးသမီးကို ပြန်လည် အမှတ်ရလာခဲ့သည်။
ထိုအမျိုးသမီး၏ အကျင့်စရိုက်အရ သူမသာ ကပ်ပါးမျိုးစေ့ကို အမှန်တကယ် ဖြေရှင်းနိုင်ခဲ့မည် ဆိုပါက သူ့ထံသို့ လာရောက် ကလဲ့စားချေမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
သို့ဆိုလျှင် တစ်ဖက်လူက ယခုအချိန်တွင် ဘာတွေများ လုပ်နေမည်နည်း။
လင်းယွမ်၏ ရင်ထဲတွင် သတိထားလာမိသည်။ ထိုအမျိုးသမီး၏ ရူးသွပ်သော စိတ်အခြေအနေအရ သူ့ကို မယှဉ်နိုင်ပါက သူ့ဘေးနားရှိ လူများကို ပစ်မှတ်ထား လာနိုင်ခြေ အလွန် များပြားပေသည်။
"ငါ့ဘေးနားက လူတွေဆိုရင်... အမမေ တို့အဖွဲ့ပဲ ရှိတော့တာ"
"ကြည့်ရတာ သူတို့ရဲ့ အစွမ်းတွေကို အမြန်ဆုံး မြှင့်တင်ပေးမှ ရတော့မယ်"
လင်းယွမ်အနေဖြင့် သူတို့အနားတွင် အချိန်ပြည့် စောင့်ကြပ်ပေးရန်မှာ သဘာဝအရ မဖြစ်နိုင်ပေ။
သူ၏ အမျိုးသမီးများထဲတွင် တင်းယန်သည် ကင်းလှည့်အဖွဲ့ကို ဦးဆောင်ကာ မိန်တောင် ကို စောင့်ကြပ်နေသဖြင့် သူမအတွက် များစွာ စိုးရိမ်စရာ မလိုပေ။
ဆုန့်ဝမ်မှာ စိုက်ပျိုးရေးဌာနတွင် ရှိပြီး နေ့စဉ် အပင်များနှင့်သာ အချိန်ကုန်လေ့ရှိသည်။ သူမ၏ ဘေးနားတွင်လည်း ရင်းနှီးသူများသာ ရှိပြီး ထိုက်ယန်တောင် နယ်မြေထဲမှ ထွက်ခွာလေ့ သိပ်မရှိသဖြင့် သူမ၏ လုံခြုံရေးအတွက်လည်း ပြဿနာ မရှိပေ။
တုံယန် အတွက်မူ ပြောနေစရာပင် မလိုတော့ပေ။ သူမ၏ ဘေးနားတွင် ယခုအခါ ရွှေနက်မျောက်ဝံကြီး၊ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ အစရှိသည့် သန္ဓေပြောင်း သတ္တဝါများ အဖော်အဖြစ် ရှိနေရုံသာမက သူမ တစ်ယောက်တည်းဖြင့်ပင် တိုက်ပွဲဝင်တပ်ဖွဲ့ကြီး တစ်ခုကို ဖန်တီးနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ရန်မေ တစ်ယောက်တည်းသာ အစွမ်းများ မြင့်တက်လာခြင်း မရှိသေးသလို ယခုအခါ ကိုယ်ဝန်ဆောင်ထားရသဖြင့် ပစ်မှတ်ထားခံရရန် ပို၍ပင် လွယ်ကူနေနိုင်ပေသည်။
သူ ကိုယ်တိုင် သူမ၏ လုံခြုံရေးကို ပိုမို အားဖြည့်ပေးရန် လိုအပ်လှသည်။
လင်းယာနှင့် ရှန်ယွင်ရှီးတို့မှာ အစွမ်းမဆိုးလှသလို လန်ယွဲ့ဟွာနှင့်လည်း ပတ်သက်မှု အနည်းငယ် ရှိထားကြသည်။
သူတို့ကို ရန်မေ၏ အနားတွင် ထားရှိခြင်းကလည်း မဆိုးလှသော ရွေးချယ်မှု တစ်ခုပင် ဖြစ်သည်။
ထိုသို့ တွေးမိပြီးနောက် လင်းယွမ်၏ ရင်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီ ဖြစ်သည်။
လင်းယာကို ဒီမှာပဲ နေခိုင်းလိုက်မည်။ ရန်မေကို ကာကွယ်ပေးနိုင်ရုံသာမက တကယ်လို့ လန်ယွဲ့ဟွာ၏ လူများနှင့် အမှန်တကယ် ဆုံတွေ့လာခဲ့ပါကလည်း တစ်ထောင့်တစ်နေရာမှ ဝင်ရောက် ဖြေရှင်းပေးနိုင်ပေမည်။
"အကောင်းဆုံးကတော့ အမမေရဲ့ အနားမှာ အစွမ်းထက်တဲ့သူ နောက်ထပ် နည်းနည်းလောက် ထားပေးမှ ရမယ်"
သူ၏ ရင်ထဲတွင် ထိုသို့ တွေးတောနေမိသည်။
"ဒေါက်... ဒေါက်... ဒေါက်"
တံခါးအပြင်ဘက်မှ တွန့်ဆုတ်တွန့်ဆုတ် တံခါးခေါက်သံ တစ်ချက် ထွက်ပေါ်လာသည်။
လင်းယွမ်က မျက်လုံးများကို ဖွင့်လိုက်ပြီး တံခါးပေါက်ဆီသို့ လျှောက်သွားကာ တံခါးကို ဖွင့်လိုက်သည်။
သို့သော် တံခါးဝတွင် ရှန်ယွင်ရှီးတစ်ယောက် အနေရခက်နေသော မျက်နှာဖြင့် ရပ်နေသည်ကို မြင်လိုက်ရပြီး တံခါး ရုတ်တရက် ပွင့်လာသည်ကို မြင်သောအခါ သူမမှာ ချက်ချင်း လန့်ဖျပ်သွားခဲ့သည်။
သူမက အလျင်အမြန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရာ ကြီးမားထွားကြိုင်းသော ရင်သားများမှာ တုန်ခါသွားပြီး အတော်လေး မျက်စိကျစရာ ကောင်းနေလေသည်။
လင်းယွမ်က အကြည့်လွှဲလိုက်ပြီး "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
"ဟို... ဟိုလေ... ထမင်းကျက်ပြီ... ထမင်းစားဖို့ပါ"
သူမက စကားပြောပြီးသည်နှင့် အလျင်အမြန် ကိုယ်ကိုလှည့်ကာ မီးဖိုချောင်ဘက်သို့ ပြေးသွားရင်း "ကျွန်မ ဟင်းခွက်တွေ လာချပေးမယ်... ကျွန်မ လုပ်လိုက်မယ်" ဟု အော်ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး နောက်မှ လိုက်ထွက်သွားလေတော့သည်။
ဆက်ရန်...