← Chapters

အခန်း (၇၄၃-၇၄၄)

Vol. 75 Ch. 743-744

အခန်း (၇၄၃-၇၄၄)

Vol. 75 Ch. 743-744

အခန်း (၇၄၃) ဟင်းလင်းပြင် ခရီးသွားခြင်း

မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့သော်လည်း တိုက်ပွဲကတော့ အပြီးသတ်သွားခဲ့လေပြီ။ လုံချန်းသည် သူ၏ ဝိညာဉ်လင်းယုန်ပေါ်တွင် မတ်တပ်ရပ်နေပြီး ကျန်ရှိသော ဝိညာဉ်သားရဲများမှာမူ လွင့်ပျံထွက်ပြေးသွားကြသည်။ ထိုသားရဲများ၏ ကျောပေါ်တွင်တော့ ကျူးမျိုးနွယ်စုဝင်များ၏ အလောင်းများကို တင်ဆောင်သွားကြ၏။

"သားရဲတွေက မြို့ပြင်ဘက်ကို ပြေးသွားကြတာပဲ။ ကျူးမျိုးနွယ်စုဆီ ပြန်သွားကြမှာ မဟုတ်တော့ဘူးထင်တယ်။ ထိန်းချုပ်မယ့်သူ မရှိတော့ဆိုတော့ တောနက်ထဲကိုပဲ ပျံသွားကြတော့မှာပါ" လုံချန်းက ပျံသန်းထွက်ခွာသွားသော သားရဲများကို ကြည့်ရင်း ရေရွတ်လိုက်သည်။

သူသည် ပြန်လှည့်လာခဲ့ပြီး သူ၏ ခရီးလမ်းကို ဆက်လက် လျှောက်လှမ်းခဲ့သည်။

မြို့အထက်မှ ပျံသန်းနေစဉ် သူသည် ဝိညာဉ်လင်းယုန်ပေါ်တွင် ပြန်ထိုင်လိုက်ကာ အနားယူနေခဲ့သည်။ ထိုသို့ အနားယူနေရင်း သူသည် တစ်ခုခုကို ရုတ်တရက် သတိရသွား၏။

"အာ... ဒါကို ငါ ဘာလို့ မေ့သွားတာလဲ။ သူတို့က ငါပြောတာကို မယုံကြဘူးလေ။ ငါ့ရဲ့ နဂါးတပ်ဖွဲ့ဝင် ရင်ထိုးတံဆိပ်ကို ထုတ်ပြလိုက်ရင် ငါ့မှာ အဆင့်အတန်း မြင့်တယ်ဆိုတာ သက်သေပြပြီးသား ဖြစ်မှာပဲကို" သူက နဖူးကို အသာပုတ်ရင်း တွေးလိုက်မိသည်။

လုံချန်းသည် ထိုလူများကို သတ်စရာမလိုဘဲ ဖြေရှင်းနိုင်သည့် နည်းလမ်းရှိကြောင်း အခုမှ သတိပြုမိခြင်း ဖြစ်သည်။

"ထားပါတော့လေ... အနည်းဆုံးတော့ ငါ့ရဲ့ မီးလျှံရေခဲဓားရဲ့ အစွမ်းကို စမ်းသပ်ခွင့်ရသွားတာပေါ့။ ပြီးတော့ သူတို့ကလည်း သေသင့်တဲ့လူတွေပါပဲ" လုံချန်းက ခေါင်းခါရင်း ရေရွတ်လိုက်သည်။

မကြာမီမှာပင် သူသည် မြို့ကို ဖြတ်ကျော်နိုင်ခဲ့သည်။ ကံကောင်းထောက်မစွာပင် ယခုတစ်ခေါက်တွင်တော့ မည်သူမျှ သူ့ကို လာရောက် မနှောင့်ယှက်တော့ပေ။

ကျန်ရှိသော ခရီးစဉ်မှာ အေးအေးချမ်းချမ်း ရှိနေခဲ့သော်လည်း နောက်ထပ် မြို့တစ်မြို့အရောက်တွင် အလားတူ အဖြစ်အပျက်မျိုး ထပ်ကြုံရပြန်သည်။ သို့သော် ယခုတစ်ခေါက်မှာတော့ မြို့စောင့်စစ်သားများက သူ့ကို ဝင်ကြေးအဖြစ် ရွှေဒင်္ဂါး တောင်းခံခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ လုံချန်းက မတူညီသော နည်းလမ်းကို အသုံးပြုခဲ့သည်။ သူသည် သူ၏ နဂါးတပ်ဖွဲ့ဝင် တံဆိပ်ကို ထုတ်ပြလိုက်ရာ ထိုစစ်သားများကို ကြောက်ရွံ့သွားစေရန် လုံလောက်ခဲ့၏။ စစ်သားများမှာ လုံချန်းကို တောင်းပန်ကြပြီး ချက်ချင်းပင် ဖြတ်သန်းခွင့် ပြုလိုက်ကြတော့သည်။

"ဒီလိုဆိုတော့ ပိုပြီး အဆင်ပြေသားပဲ။ ငါ တစ်ခုခုကို အတင်းအဓမ္မ မလုပ်ခင်မှာ အရင်ဆုံး ဖြေရှင်းလို့ရမယ့် တခြားနည်းလမ်းတွေ ရှိ မရှိ အရင်စဉ်းစားသင့်တယ်" လုံချန်းက သက်ပြင်းချရင်း ဆိုသည်။

သူသည် သူ၏ ခရီးကို ဆက်လက် နှင်ခဲ့ရာ လင်ကွာမြို့သို့ ရောက်ရှိလာသည်။ ဤမြို့၏ မြို့စားမှာ တွမ်လီဖုန်း ဖြစ်ပြီး မျက်လုံးတစ်ထောင် ဝိညာဉ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဤမြို့သည် လုံချန်း ဆူနိုင်းနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်လာစဉ်က ပထမဆုံး ရောက်ရှိခဲ့သည့် မြို့လည်း ဖြစ်သည်။ မြို့စား တွမ်လီဖုန်းသည် လုံချန်းအား ဆူနိုင်းဘုရင်ထံသို့ ပို့ဆောင်ပေးခဲ့သူ ဖြစ်သဖြင့် လုံချန်းအတွက် သူအလိုရှိရာကို လုပ်ဆောင်ရန် လမ်းစ ပွင့်သွားခဲ့ခြင်း ဖြစ်သည်။

လုံချန်းသည် မြို့စားနန်းတော် အထက်မှ ဖြတ်ပျံစဉ် အောက်သို့ ငုံ့ကြည့်လိုက်မိသည်။ တွမ်လီဖုန်းသည် သူ၏ ဥယျာဉ်အတွင်း ထိုင်နေရင်း အထက်သို့ မော့ကြည့်နေသည်ကို တွေ့လိုက်ရ၏။

"ဒီလူက တော်တော် ကြောက်ဖို့ကောင်းတာပဲ။ ငါ သူ့မြို့ထဲ ဝင်လာတာကို သူ ရိပ်မိနေပုံရတယ်" လုံချန်းက ရေရွတ်လိုက်သော်လည်း သူ၏ အမူအရာကိုတော့ ပြောင်းလဲခြင်း မရှိပေ။ သူက ပြုံးလိုက်ရင်း လက်ကို အသာအယာ ဝှေ့ယမ်းပြလိုက်သည်။ တွမ်လီဖုန်းကလည်း ပြန်လည် ပြုံးပြသော်လည်း ထရပ်ခြင်း သို့မဟုတ် လက်ပြခြင်းမျိုးတော့ မလုပ်ခဲ့ပေ။

လုံချန်းသည် လင်ကွာမြို့ကို ကျော်လွန်လာခဲ့သည်။ နယ်စပ်နှင့် လင်ကွာမြို့၏ အလယ်ဗဟိုသို့ ရောက်သောအခါ သူသည် ဝိညာဉ်လင်းယုန်ကို ရပ်တန့်လိုက်သည်။ သူသည် နယ်စပ်သို့ သွားပြီး ဝူသျှန်နှင့် မဆုံချင်ပေ။ အကယ်၍ ဆုံခဲ့လျှင် မေးခွန်းပေါင်းများစွာ မေးခံရမည်ကို သူ သိနေသည်။ သို့သော် သူသည် ဤနေရာသို့ လာရခြင်းမှာ လူတစ်ယောက်ကို ခေါ်ဆောင်သွားရန် လိုအပ်နေသောကြောင့် ဖြစ်သည်။

စစ်ပွဲမှာ နိုင်ငံနှစ်နိုင်ငံ၏ နယ်စပ်သို့ ရောက်ရှိနေပြီဖြစ်ရာ အက်ရှာနိုင်ငံ၏ နယ်စပ်မြို့လေးမှာ အန္တရာယ်ရှိနေပြီ ဖြစ်သည်။ သူသည် မိလျာယီကို မြို့ပြင်သို့ ခေါ်ထုတ်ကာ သူသွားမည့်လမ်းရှိ ဘေးကင်းသော မြို့တစ်မြို့တွင် နေရာချပေးရန် ဆုံးဖြတ်ထားခဲ့သည်။

အရာအားလုံး ပြီးဆုံးသွားမှသာ သူမကို ပြန်ခေါ်လာမည် ဖြစ်သည်။

သူသည် ဝိညာဉ်လင်းယုန်ကို မြေပြင်ပေါ်သို့ ဆင်းသက်ခိုင်းလိုက်ပြီးနောက် ကျောပေါ်မှ ဆင်းလိုက်သည်။ ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း သေချာစေပြီးနောက် သူသည် မတ်တပ်ရပ်လိုက်၏။

သူ၏ မျက်ဝန်းအရောင်မှာ မူလရွှေရောင်မှ ကြယ်တာရာများကဲ့သို့ နက်မှောင်သော အရောင်သို့ ပြောင်းလဲသွားသည်။ သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ တုန်ခါလာပြီး အက်ကြောင်းများ စတင် ပေါ်ပေါက်လာတော့သည်။

ဟင်းလင်းပြင် တံခါးပေါက် တစ်ပေါက်မှာ သူ၏ ရှေ့တွင် တံခါးတစ်ချပ်ကဲ့သို့ ပွင့်လာခဲ့သည်။ ယခင်က ဟင်းလင်းပြင် တံခါးပေါက်များမှာ အက်ကြောင်းပုံစံသာ ရှိခဲ့သော်လည်း လွန်ခဲ့သောတစ်ခေါက်က သူ၏ နားလည်သဘောပေါက်မှု မြင့်မားလာပြီးနောက်တွင်မူ တကယ့် တံခါးပုံစံမျိုးကို သူ ဖန်တီးနိုင်လာခြင်း ဖြစ်သည်။

သူသည် ဟင်းလင်းပြင် တံခါးပေါက်အတွင်းသို့ လှမ်းဝင်လိုက်သည်။

နောက်ထပ် တံခါးပုံစံ တံခါးပေါက်တစ်ခုမှာ မိလျာယီ တည်းခိုနေသော အခန်းငယ်လေးအတွင်း၌ ပွင့်လာခဲ့ပြန်သည်။ လုံချန်းသည် ထိုတံခါးပေါက်အတွင်းမှ ထွက်လာသော်လည်း အခန်းထဲတွင် မည်သူမျှ မရှိသည်ကို တွေ့လိုက်ရ၏။ သူ ထွက်လာပြီးသည်နှင့် တံခါးပေါက်မှာ ပျောက်ကွယ်သွားတော့သည်။

"သူ ဘယ်ရောက်နေတာလဲ" သူက အခန်းထဲတွင် လိုက်ကြည့်ရင်း ရေရွတ်လိုက်သော်လည်း သူမကို ရှာမတွေ့ပေ။ သူသည် ရေချိုးခန်းဘက်သို့ လျှောက်သွားရန် ပြင်လိုက်သော်လည်း ရေကျသံ ကြားလိုက်ရသဖြင့် ခြေလှမ်း ရပ်လိုက်သည်။

"ဪ... ရေချိုးနေတာကိုး" သူက ရေရွတ်ရင်း လှည့်ပြန်လာခဲ့သည်။ သူသည် ကုတင်ပေါ်တွင် ထိုင်လိုက်ကာ မိလျာယီ ထွက်လာသည်အထိ စောင့်ဆိုင်းနေလိုက်တော့သည်။

မိနစ်အနည်းငယ် ကြာသောအခါ မိလျာယီသည် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ သူမသည် အဝတ်အစားများ အပြည့်အစုံ ဝတ်ဆင်ထားသော်လည်း ဆံပင်များမှာ စိုစွတ်နေဆဲ ဖြစ်သည်။ သူမသည် ဆံပင်များကို တဘက်ဖြင့် သုတ်နေစဉ် လုံချန်းကို မြင်လိုက်ရသဖြင့် မှင်တက်သွားတော့သည်။

"သား... သား ပြန်ရောက်ပြီလား"

လုံချန်းကို ပြန်မြင်လိုက်ရသဖြင့် သူမ၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသည့် အလှပဆုံး အပြုံးတစ်ခု ပေါ်လာသည်။ လုံချန်းနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် သူမမှာ လုံချန်း၏ ဘေးကင်းမှုအတွက် အလွန် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူမ၏ စိုးရိမ်ပူပန်မှုများမှာ ကွယ်ပျောက်သွားခဲ့လေပြီ။

"အမေ..." လုံချန်းက ထရပ်ရင်း ခေါ်လိုက်သည်။

မိလျာယီသည် လုံချန်းထံသို့ လျှောက်သွားကာ သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ "သားလေး ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာ ဝမ်းသာလိုက်တာကွယ်"

"ကျွန်တော် ဘာဖြစ်မှာလဲ အမေရယ်။ မကြာခင် ပြန်လာမယ်လို့ ကတိပေးခဲ့တာပဲ။ အကြောင်းအမျိုးမျိုးကြောင့် နည်းနည်း ကြန့်ကြာသွားတာပါ။ ဒါနဲ့... ဒီတစ်ခေါက်တော့ အမေ့ကို ကျွန်တော်နဲ့အတူ ခေါ်သွားဖို့ လာတာပါ" လုံချန်းက ဆိုသည်။

"အင်း... အင်း" မိလျာယီက ခေါင်းညိတ်ပြသည်။

"ဒါနဲ့... မြို့ထဲက အခြေအနေတွေ ဘယ်လိုလဲ။ ဆူပူမှုတွေ ဘာတွေ ရှိလား" လုံချန်းက ပြတင်းပေါက်နားသို့ လျှောက်သွားကာ အပြင်ဘက်ကို ကြည့်ရင်း မေးလိုက်သည်။ လမ်းပေါ်တွင် စောင့်ကြပ်နေသည့် စစ်သားများမှာ ပို၍ များပြားလာသည်ကို သူ တွေ့လိုက်ရ၏။

"ဆူပူမှုတွေကတော့ ရှိတာပေါ့ သားရယ်။ တော်ဝင်မြို့တော်မှာ နန်းတွင်းဆရာကြီး အသတ်ခံလိုက်ရတယ်လေ။ လူတွေ ပြောကြတာကတော့ အဲဒါ နဂါးတပ်ဖွဲ့ရဲ့ လက်ချက်တဲ့။ အဲဒါကြောင့် ဘုရင်ကြီးက အတော်လေး ဒေါသထွက်ပြီး စစ်ကြေညာလိုက်တာ။ တော်ဝင်မြို့တော်က စစ်တပ်တွေလည်း မနေ့ကပဲ ရောက်လာကြပြီး ဒီမှာ တည်းခိုနေကြတယ်။ ဆူနိုင်းနိုင်ငံက စစ်တောင် မစရသေးဘူး၊ သူတို့ကြောင့်ပဲ မြို့ထဲမှာ အုတ်အော်သောင်းနင်း ဖြစ်နေတာ" မိလျာယီက ရှင်းပြသည်။

"ဘာဖြစ်လို့လဲ။ ပထမ မင်းသားက ဘာမှ မလုပ်ဘူးလား" လုံချန်းက မျက်မှောင်ကြုတ်ရင်း မေးသည်။

"အရက်ဆိုင်တွေမှာ ရန်ဖြစ်ကြတာတို့၊ မြို့ခံတွေနဲ့ စကားများတာမျိုးတွေပေါ့။ ပထမ မင်းသားကတော့ တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစားနေတာပါပဲ" သူမက ဖြေသည်။

"စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ထားပါတော့လေ... ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ သွားကြရအောင်" လုံချန်းက ဆိုကာ သူ၏ ဟင်းလင်းပြင် နိယာမကို ထပ်မံ အသုံးပြုလိုက်ပြန်သည်။

တံခါးပုံစံ ဟင်းလင်းပြင် တံခါးပေါက်မှာ သူ၏ ရှေ့တွင် ထပ်မံ ပေါ်လာခဲ့သည်။

"ဒါ... ဒါက ဘာကြီးလဲ" မိလျာယီက ထိတ်လန့်သွားကာ နောက်သို့ ဆုတ်လိုက်သည်။ သူမ၏ ရှေ့တွင် ဤကဲ့သို့ အရာမျိုး ပေါ်လာသည်ကို သူမ နားမလည်နိုင်ပေ။ တံခါးပေါက်၏ တစ်ဖက်တွင် အခန်းနံရံအစား သဲပြင်နှင့် ကောင်းကင်ယံကို သူမ တွေ့နေရသဖြင့် အံ့အားသင့်နေမိသည်။

"ဒါက ကျွန်တော့်ရဲ့ စစ်ဝိညာဉ် အစွမ်းပါ အမေ။ ဒါက ကျွန်တော်တို့ကို မြို့ပြင်ကို ခေါ်သွားလိမ့်မယ်" လုံချန်းက ခပ်ပြုံးပြုံးဖြင့် ဆိုသည်။ သူသည် မိမိ၏ စွမ်းအားများကို စစ်ဝိညာဉ် အစွမ်းဟု အကြောင်းပြချက် ပေးလိုက်ရသည်ကို သဘောကျနေမိသည်။

"ဒါက စစ်ဝိညာဉ် အစွမ်းလား။ အံ့ဩစရာပဲနော်" မိလျာယီက မယုံကြည်နိုင်လောက်သည့် အမူအရာဖြင့် ရေရွတ်လိုက်သည်။

သူမသည် ဤကဲ့သို့သော အစွမ်းမျိုးကို တစ်ခါမျှ မကြားဖူးသော်လည်း လုံချန်း၏ စစ်ဝိညာဉ်မှာ မည်ကဲ့သို့ အမျိုးအစားဖြစ်သည်ကိုလည်း မသိသဖြင့် မည်သည်က ဟုတ်သည်၊ မဟုတ်သည်ကို မဆုံးဖြတ်နိုင်ပေ။

"လာပါ..." လုံချန်းက လက်ကို ဆန့်ထုတ်ပေးလိုက်သည်။ "အမေ စိုးရိမ်နေသေးရင် ကျွန်တော့်လက်ကို ကိုင်ထားပါ။ အတူတူ ဝင်ကြမယ်"

မိလျာယီသည် လုံချန်း၏ လက်ကို ခဏမျှ ကြည့်ပြီးနောက် သူ၏ လက်အား ကိုင်လိုက်သည်။

လုံချန်းသည် မိလျာယီ၏ လက်ကို ဆုပ်ကိုင်ကာ ဟင်းလင်းပြင် တံခါးပေါက်အတွင်းသို့ အတူတူ လှမ်းဝင်လိုက်ကြတော့သည်။

အခန်း (၇၄၄) ရွှင်းရဲ့ အကြံအစည်

လုံချန်းနှင့် မိလျာယီတို့သည် သဲကန္တာရထဲရှိ ဟင်းလင်းပြင် တံခါးပေါက်မှ ထွက်လာခဲ့ကြသည်။ ဝိညာဉ်လင်းယုန်မှာ အနီးအနားတွင် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ သူ နေရာပြောင်းလိုက်သော နေရာသည် လျာထားသည်ထက် အနည်းငယ် ဝေးသွားသဖြင့် လင်းယုန်ကြီးနှင့် ပေငါးဆယ်ခန့် အကွာတွင် ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ်လင်းယုန်မှာ အဝေးမှ လုံချန်းကို မြင်လိုက်သည်နှင့် ပလွေမှုတ်ခေါ်စရာပင် မလိုဘဲ သူ့ထံသို့ ပျံသန်းလာကာ ရှေ့တွင် ဆင်းသက်လိုက်သည်။

"သား... အခု အမေတို့ ဘယ်ရောက်နေတာလဲ" မိလျာယီက လုံချန်းနှင့်အတူ လင်းယုန်ကျောပေါ်သို့ တက်ရင်း မေးလိုက်သည်။

"ကျွန်တော်တို့ အခု ဆူနိုင်းနိုင်ငံရဲ့ တောင်ဘက်နယ်စပ်နားမှာ ရောက်နေတာ အမေ။ ဒီဘက်ကို ခဏလောက် ထပ်ပျံလိုက်ရင် ကျွန်တော်တို့ လာခဲ့တဲ့နေရာကို ပြန်ရောက်ပြီ" လုံချန်းက မြောက်ဘက်ကို လက်ညှိုးထိုးပြရင်း ဖြေသည်။

"ဆူနိုင်းနိုင်ငံထဲမှာပဲ နေမှာလား။ ဘာတွေ စိတ်ကူးထားလို့လဲ သားရယ်။ ဒါက ရန်သူ့နိုင်ငံလေ၊ တစ်ယောက်ယောက်က အမေတို့ သားအမိကို မှတ်မိသွားရင် ဒုက္ခရောက်ကုန်မှာပေါ့။ ဒီမှာ ဘေးကင်းတဲ့နေရာ ရှာထားလို့လား" မိလျာယီက စိုးရိမ်တကြီး မေးလိုက်သည်။ သို့သော် လုံချန်း ဤနိုင်ငံတွင် တစ်လကျော်ကြာ နေထိုင်ခဲ့သော်လည်း အဆင်ပြေနေသည်ကို သတိရသွားသဖြင့် သူ ဘေးကင်းရာ နေရာတစ်ခု ရှာထားပြီးဖြစ်လိမ့်မည်ဟု သူမ တွေးလိုက်မိသည်။

"ဒီမှာ ဘေးကင်းတဲ့နေရာ ရှိပါတယ်၊ ဒါပေမဲ့ အမေ့ကို အဲဒီကို မခေါ်သွားချင်ဘူး။ အရှုပ်အထွေးတွေ သိပ်များလွန်းလို့။ ကျွန်တော်တို့ ဒီနိုင်ငံက ထွက်သွားကြမယ်။ အမေ့အတွက် တခြားနေရာတစ်ခုမှာ ဘေးကင်းတဲ့ နေရာ ရှာပေးပါ့မယ်။ အဲဒီမှာဆိုရင် စစ်ပွဲတွေ ဘာတွေ စိုးရိမ်စရာမလိုဘဲ အေးအေးဆေးဆေး နေလို့ရမှာပါ" လုံချန်းက မိလျာယီကို ကလေးမလေးတစ်ယောက်လို ချော့မော့ရင်း ပြောလိုက်သည်။

မိလျာယီမှာ ကြောင်သွားရသည်။ သူမက မိခင်ဖြစ်သော်လည်း လုံချန်းက သူမကို ကလေးတစ်ယောက်လို ပုတ်ခတ်ချော့မော့နေသည်မှာ ထူးဆန်းနေသလိုပင်။ သို့သော် သူမ မငြင်းဆန်မိဘဲ ထိုအထိအတွေ့ကို စိတ်ထဲတွင် နွေးထွေးနေမိသည်။

ခဏအကြာတွင် လုံချန်းက လက်ကို ဖယ်ကာ ထိုင်လိုက်သည်။ ဝိညာဉ်လင်းယုန်မှာ ကောင်းကင်သို့ ပျံတက်သွားပြီး အရှေ့မြောက်ဘက်သို့ ဦးတည်ပျံသန်းတော့သည်။

ရီရန်တိုနိုင်ငံသည် ဆူနိုင်းနိုင်ငံနှင့် အက်ရှာနိုင်ငံ နှစ်နိုင်ငံစလုံးနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံဖြစ်သည်။ ၎င်းမှာ အက်ရှာ၏ အရှေ့ဘက်နှင့် ဆူနိုင်း၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ လုံချန်း၏ ခရီးစဉ်မှာ ထိုနေရာမှ စတင်မည် ဖြစ်သည်။

ထိုနိုင်ငံငယ်လေးများသည် ဆူနိုင်း သို့မဟုတ် အက်ရှာတို့လောက် မကြီးမားလှသဖြင့် သူသည် အက်ရှာမြောက်ဘက်သို့ ရောက်ရန် နိုင်ငံငယ်လေး လေးနိုင်ငံကို ဖြတ်ကျော်ရမည် ဖြစ်သည်။

ထို့ကြောင့် သူ၏ လမ်းကြောင်းပေါ်တွင် နိုင်ငံ လေးနိုင်ငံ ရှိနေပြီး ရီရန်တိုမှာ ပထမဆုံး နိုင်ငံဖြစ်သည်။ တတိယမြောက် နိုင်ငံမှာတော့ စတုတ္ထနိုင်ငံသို့ မကူးမီ လုံချန်း အချိန်ဓား ရှာဖွေချင်သည့် မြို့ရှိရာ နိုင်ငံပင် ဖြစ်သည်။

ခရီးနှင်နေစဉ် လုံချန်းက မိလျာယီကို သူသည် စတုတ္ထနိုင်ငံသို့ တာဝန်တစ်ခုဖြင့် သွားရမည်ဖြစ်သဖြင့် သူမအား လိုက်ခွင့်မပြုနိုင်ကြောင်း ရှင်းပြခဲ့သည်။ သူမကို ဘေးကင်းသော နေရာတစ်ခုတွင် ထားခဲ့မည်ဖြစ်ပြီး တာဝန်ပြီးဆုံးသည်အထိ ခဏတာ ခွဲခွာနေရဦးမည် ဖြစ်ကြောင်း၊ သို့သော် အရာအားလုံး ပြီးဆုံးသွားသည့်အခါ ထာဝရ အေးချမ်းသော ဘဝကို ရရှိမည်ဖြစ်ကြောင်း သူမကို အားပေးစကား ဆိုခဲ့သည်။

၁၂ နာရီကြာ ခရီးနှင်ပြီးနောက် လုံချန်းသည် အနီးဆုံးမြို့လေး တစ်မြို့တွင် နားရန် ဆုံးဖြတ်လိုက်သည်။ သူက ကျင့်ကြံသူဖြစ်သဖြင့် ရက်ပေါင်းများစွာ အစားမစားဘဲ နေနိုင်သော်လည်း မိလျာယီမှာ သာမန်လူဖြစ်သဖြင့် အစားအသောက် လိုအပ်သည်။

ကံကောင်းထောက်မစွာပင် ဆူနိုင်းနန်းတော်မှ ထွက်လာစဉ်က ဖြတ်သန်းရမည့် နိုင်ငံတိုင်း၏ ငွေကြေးများကို အဆင်သင့် ပေးအပ်ခြင်း ခံထားရသည်။

သူသည် မိလျာယီနှင့်အတူ မြို့ထဲသို့ ခြေကျင် ဝင်လာခဲ့သည်။ အနီးဆုံး စားသောက်ဆိုင်သို့ ဦးတည်လျှောက်လှမ်းစဉ် သူသည် တစ်ခုခုကို သတိပြုမိသွား၏။ မြို့လေးမှာ အထောက်အပံ့ပစ္စည်း အပြည့်အစုံ ရှိပုံရသော်လည်း လူသူကင်းမဲ့နေသလိုပင်။ လမ်းပေါ်တွင် တွေ့ရခဲသော လူအနည်းငယ်မှာလည်း လုံချန်းနှင့် မိလျာယီကို အထူးအဆန်းလို စိုက်ကြည့်နေကြသည်။

လုံချန်း ခြေလှမ်း ရပ်လိုက်သည်။ ထိုလူများ၏ အကြည့်များမှာ ထူးဆန်းနေသည်။ သူက သူစိမ်းဖြစ်သော်လည်း ဤမျှအထိ အာရုံစိုက်ခံရစရာ မလိုပေ။ ဧည့်သည် လာခဲလွန်း၍လား။ လူများ မြို့မှ ထွက်သွားကြသဖြင့် မြို့ကြီးက ဟာလာဟင်းလင်း ဖြစ်နေသည်လား။ ထိုသို့ဆိုလျှင် လူများက သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေခြင်းက အဓိပ္ပာယ် ရှိနိုင်သည်။

သို့သော် သူသည် သံသယကို လက်မလွှတ်ဘဲ ဆိုင်အတွင်းသို့ ဝင်ခဲ့သည်။

"အမေ ဒီမှာ ထိုင်နေနော်၊ ကျွန်တော် သွားမှာလိုက်မယ်" လုံချန်းက မိလျာယီကို ပြောပြီးနောက် ကောင်တာရှိ အဘွားအိုတစ်ဦးထံ လျှောက်သွားသည်။ ထိုအဘွားအိုမှာ ကြင်နာတတ်သော အပြုံးဖြင့် ဆီးကြိုနေ၏။

"ဟို... စားစရာ ဘာရမလဲဗျ။ အခု အဆင်သင့် ရှိတာလေးတွေ ပြောပြပါလား"

"အို... ကြိုဆိုပါတယ်ကွယ်။ အကုန်ရတယ်... ဘာမဆို ပြောသာပြော။ ဧည့်သည် မလာတာ ကြာပြီဆိုတော့ အဘွားတို့က အကောင်းဆုံး ပြင်ဆင်ပေးမှာပေါ့" အဘွားအိုက လောကဝတ်ပြုရင်း ပြုံးကာ ဆိုသည်။

"ဒါပေမဲ့ စရိတ်စကကော..." လုံချန်းက မျက်မှောင်ကြုတ်ရင်း မေးသည်။

"မပူပါနဲ့ကွယ်၊ ပထမဆုံး ဧည့်သည်မို့လို့ ကြေးဒင်္ဂါး တစ်ပြားတည်းနဲ့ အဝစား။ ကဲ... လာလာ၊ ဟိုမှာ သွားထိုင်" အဘွားအိုက လုံချန်း၏ လက်ကို ဆွဲကာ မိလျာယီ ရှိရာ ဝိုင်းသို့ ခေါ်သွားပြီး ထိုင်ခိုင်းလိုက်သည်။

"ခဏစောင့်နော်၊ အဘွား စားဖိုမှူးကို သွားပြောလိုက်ဦးမယ်" ထိုသို့ ဆိုကာ အဘွားအိုမှာ နောက်ဖေးတံခါးထဲသို့ ဝင်သွားတော့သည်။

"အဘွားကြီးက တော်တော် သဘောကောင်းတာပဲနော်" မိလျာယီက ပြုံးရင်း ဆိုသည်။

"ဟုတ်တယ်... သဘော ကောင်းလွန်းနေတာကပဲ ထူးဆန်းနေတာ" လုံချန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။

'ရွှင်း... မင်းရော ထူးဆန်းတယ်လို့ မထင်ဘူးလား' သူက စိတ်ထဲကနေ ရွှမ်းကို လှမ်းမေးလိုက်သည်။

သို့သော် ထူးဆန်းသည်မှာ ရွှင်းက ဘာမှ ပြန်မဖြေခြင်းပင်။

ဆူနိုင်းနန်းတော်က ထွက်လာကတည်းက ရွှင်း၏ အသံကို သူ တစ်ခါမျှ မကြားရတော့ပေ။ အကြိမ်ကြိမ် ခေါ်သော်လည်း သူမ ပေါ်မလာခဲ့။

'ဒီကောင်မလေး ဘာဖြစ်နေတာလဲ၊ စိတ်ကောက်နေတာလား ဒါမှမဟုတ် တစ်ခုခုနဲ့ အလုပ်ရှုပ်နေတာလား' လုံချန်းက တွေးရင်း ခေါင်းခါလိုက်ကာ ရှေ့မှ အခြေအနေကိုသာ အာရုံစိုက်လိုက်သည်။

"အမေ... သူ ဘာပေးပေး မသောက်နဲ့ဦးနော်။ ဗိုက်မဆာသေးဘူးလို့ပဲ ဟန်ဆောင်ထား။ ကျွန်တော် အဆင်ပြေပြီလို့ ပြောမှပဲ စား" လုံချန်းက အသံကို တိုးတိုးလေး နှိမ့်ကာ သတိပေးလိုက်သည်။

"ဟင်" မိလျာယီက ဇဝေဇဝါဖြင့် ကြည့်လိုက်သော်လည်း လုံချန်း၏ တည်ကြည်သော မျက်နှာကြောင့် နောက်ထပ် ထပ်မမေးတော့ပေ။ သူမ သိထားသော ကလေးလေး လုံချန်းမှာ ယခုတော့ အားကိုးထိုက်သော လူကြီးတစ်ယောက်လို ဖြစ်နေသည်မှာ သူမအတွက် အံ့ဩစရာပင်။

သွေးမျိုးဆက် ကျောင်းတော်အတွင်းမှာတော့ ရွှင်းသည် မှန်ချပ်ရှေ့တွင် ထိုင်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေဆဲ ဖြစ်သည်။

"မစိုးရိမ်ပါနဲ့... မကြာခင် သူ အဆင်သင့် ဖြစ်တော့မှာပါ။ နင် ပြန်လာနိုင်ဖို့ ငါ လုပ်ပေးပါ့မယ်။ ငါ့ရဲ့ ဝိညာဉ်ကို မိစ္ဆာဆီ ရောင်းချပြီး အရာအားလုံးကို ဖျက်ဆီးပစ်ရမယ်ဆိုရင်တောင် နင့်ကို ငါ ပြန်ခေါ်လာခဲ့မယ်။ လုံချန်း... ဆိုတဲ့ လူသားကတော့ ကြာကြာ တည်ရှိနေတော့မှာ မဟုတ်ဘူး..." ရွှင်းက သူမ၏ မျက်နှာကို တည်ကြည်စွာ ပြင်လိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်တော့သည်။

All Chapters