← Chapters

အခန်း (၃၂၁)

Vol. 33 Ch. 321

အခန်း (၃၂၁)

Vol. 33 Ch. 321

အခန်း။ ၃၂၁

“ကျားမလေး... ဒီကိုလာခဲ့ဦး။”

ကျားမလေးမှာ အနည်းငယ် ကြောင်အမ်းအမ်းဖြင့် ရှေ့သို့ တိုးလာကာ “ဘာကိစ္စလဲ အစ်ကို”

“အခုနက ငါရှင်းပြခဲ့တဲ့ အလျင်အရှိန် အင်အားနဲ့ ခြေလှမ်းတွေကို အသုံးပြုပြီး ဆရာ့ရဲ့ဒိုင်းကို မင်းရဲ့ အားအပြင်းဆုံး လက်သီးချက်နဲ့ အစွမ်းကုန် တိုက်ခိုက်ကြည့်စမ်း။”

“ကောင်းပါပြီ။”

ကျားမလေးက နဂါးပြာလက်သည်းကိုယ်ဟန်ကို ပြင်လိုက်ပြီး သူမ၏ ခြေလှမ်းများမှာ ယင်

နှင့်ယန်သဘောတရားအတိုင်း ဟန်ချက်ညီနေသည်။ သူမ၏ ရဲရင့်ပြတ်သားသော အနေအထားကို မြင်လိုက်ရသည့်အခါ ရွှီရန်က မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ ထို့နောက် ကျားမလေး

မှာ မြေပြင်ကို အားယူကာ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီး ပြင်းထန်လှသော တံတောင်

ရိုက်ချက်ကို ဆရာ ဝမ်ကျင့်၏ အပြာရောင်ဒိုင်းဆီသို့ ပစ်သွင်းလိုက်သည်။

ဒိုင်းကြီးမှာ အနည်းငယ် တုန်ခါသွားသော်လည်း ကြေမွသွားခြင်း မရှိပေ။

ဆရာ ဝမ်ကျင့်က “ကောင်းတယ်” ဟု အားရပါးရ အော်ဟစ်ကာ ချီးကျူးလိုက်သည်။

ရွှီရန်၏ နည်းစနစ်များမှာ ဖမ်းဆုပ်ရခက်ပြီး မိုးကြိုးအလား မြန်ဆန်လွန်းလှသဖြင့် ဆရာကြီးအတွက် နားလည်ရခက်နေသော်လည်း ကျားမလေး၏ တံတောင်ရိုက်ချက်ကမူ သူသေသေချာချာ မြင်လိုက်ရသည်။ ထိုတိုက်ကွက်မှာ ကောင်းကင်ကြီး ကွဲအက်ပြီး မြေပြင်ကြီး အက်ကြောင်းထင်သွားမတတ် အင်အားပြင်းထန်လှ၏။

ထို့ပြင် ကျားမလေးက သူ၏ဒိုင်းကို မခွဲနိုင်ခဲ့သဖြင့် ဆရာကြီးမှာ အရှက်မရတော့ဘဲ စိတ်သက်သာရာရကာ ကျားမလေးကို ချီးမွမ်းထောပနာ ပြုလိုက်ခြင်းပင်။

ကျားမလေးက နှိမ့်ချသော အပြုံးဖြင့် ခေါင်းခါလိုက်ပြီး “ကျွန်မကတော့ အစ်ကို့ကို မမီသေးပါဘူး”

ရွှီရန်၏ မျက်ဝန်းများတွင် ချီးကျူးရိပ်များ ဖြတ်ပြေးသွားကာ “မင်းရဲ့ တိုက်ခိုက်ရေးပါရမီက တကယ်ကို ထူးခြားတယ်။ နောက်ထပ် နှစ်နှစ်လောက် ကြိုးကြိုးစားစား ကျင့်ကြံဦးမယ်ဆိုရင် နတ်ဘုရားအဆင့်ကို ရောက်လာလိမ့်မယ်။ အဲဒီအခါကျရင် လွန်ခဲ့တဲ့ တစ်နှစ်က ငါ့ရဲ့ တိုက်ခိုက်ရေးအဆင့်ကို မင်းမီလာမှာပါ။”

“ဒါပေမဲ့ အခု... ငါက မင်းရဲ့လက်သီးကို ဒိုင်းနဲ့ လက်သီးနှစ်လုံးစာအကွာအဝေးမှာပဲ ထားခိုင်းမယ်ဆိုရင် မင်း အင်အားကို ဘယ်လို ထုတ်လွှတ်မလဲ”

ရွှီရန်က ကျားမလေး၏ လက်သီးကို ဆရာကြီး၏ဒိုင်းရှေ့တွင် ဆုပ်ကိုင်ထားလိုက်သည်။

လက်သီးနှင့် ဒိုင်းကြားတွင် လက်သီးနှစ်လုံးစာ အကွာအဝေးသာ ရှိတော့သည်။

ထို့နောက် သူသည် လူတိုင်းကို လှည့်ကြည့်လိုက်သည်။

“လက်တွေ့ တိုက်ပွဲတွေထဲမှာ ငါတို့က ဒီလို အခြေအနေမျိုးတွေနဲ့ ခဏခဏ ကြုံရလိမ့်မယ်။ ရန်သူ့ရဲ့ အားနည်းချက်ဆိုတာ မျက်စိတစ်မှိတ်စာ အချိန်လေးပဲ ရှိတာ။ ဒါပေမဲ့ ငါတို့မှာ အင်အားအပြည့် ထုတ်နိုင်ဖို့အတွက် အချိန်အလုံအလောက် မရှိဘူး။ အဲဒီအခါကျရင် ငါတို့ ဘာလုပ်ကြမလဲ”

“ငါတို့က အင်အားကို အပြည့်အဝ စုစည်းလိုက်တဲ့ အချိန်မှာ ရန်သူ့ရဲ့ အားနည်းချက်က ပျောက်ကွယ်သွားပြီ တိုက်ပွဲတိုင်းမှာ ဒီလို အခွင့်အရေးတွေကို တစ်ခါလွဲ၊ နှစ်ခါလွဲ ဖြစ်နေမယ်ဆိုရင်တော့ အဲဒီအမှားတွေက ကိုယ့်ရဲ့ အသက်နဲ့တောင် ရင်းရတဲ့အထိ ဖြစ်သွားနိုင်တယ်။”

လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

တိုက်ခိုက်ရေးကို အမြဲတစေ လေ့ကျင့်နေသူများအဖို့ ဤပြဿနာမှာ အလွန်နက်နက်ရှိုင်းရှိုင်း ခံစားရသော ကိစ္စတစ်ခုပင်။ ၎င်းမှာ ဖြေရှင်းရန် အလွန်ခက်ခဲလှသော ပုစ္ဆာတစ်ပုဒ်ပင်။

ထိုကဲ့သို့ စက္ကန့်ပိုင်းမျှသာ လိုအပ်သည့် အချိန်အတွင်းမှာ ပိုကောင်းသည့် အဖြေဆိုတာ မရှိနိုင်တော့သလိုပင်။

“စဉ်းစားလို့ မရကြဘူးလား အဲဒီလို အချိန်မျိုးမှာ မင်းတို့က တုန်လှုပ်မှု အင်အားကို သုံးရမယ် တုန်လှုပ်မှု အင်အားဆိုတာ ဘာလဲ အဲဒါက လူတစ်ယောက်က တစ်ခုခုကြောင့် လန့်ဖျပ်သွားတဲ့ အချိန်မှာ တုံ့ပြန်မှုအနေနဲ့ အလိုအလျောက် ပေါက်ကွဲထွက်လာတဲ့ အင်အားမျိုးပဲ။ ဒီအင်အားက သတိမမူမိဘဲ ထွက်လာတာမျိုး ဖြစ်ပေမဲ့ မိုးကြိုးသွားလိုမျိုး အရမ်းမြန်တယ်။”

“ငါ လူတိုင်းကို သရုပ်ပြမယ်။”

ရွှီရန်က စကားပြောနေရင်း သူ၏ သွေးစွမ်းအင်ကို အပ်တစ်ချောင်းအဖြစ် ပြောင်းလဲလိုက်ပြီး ကျားမလေး၏ နောက်ကျောကို အသာအယာ တို့လိုက်သည်။ ကျားမလေးမှာ လန့်သွားသည့် အခိုက်အတန့်မှာပင် အင်အားများ အလိုအလျောက် စုစည်းသွားပြီး အလွန်နီးကပ်သော အကွာအဝေးမှနေ၍ ဆရာကြီး၏ ဒိုင်းဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ချက်ချင်းပင် လက်သီးမှာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်သွားကာ မြန်ဆန်ပြီး ပြင်းထန်လှသော ထိုအင်အားမှာ ကြောက်မက်ဖွယ် ကောင်းလှ၏

ရုတ်တရက် ကျရောက်လာသော ထိုတိုက်ခိုက်မှုကြောင့် ဆရာကြီးမှာပင် ခြေလှမ်းအနည်းငယ် ချော်ထွက်သွားရသည်။

ဆရာကြီးမှာ အံ့အားသင့်သွားပြီး “ဒီအင်အား ထုတ်လုပ်ပုံက တကယ်ကို ဆန်းကြယ်တာပဲ”

ကျားမလေးမှာလည်း မှင်သက်သွားကာ “တကယ်ကို ထူးဆန်းတဲ့ ခံစားချက်ပဲ။ အဲဒီအချိန်မှာ ကျွန်မရဲ့ တစ်ကိုယ်လုံးက အင်အားတွေက ဒီလက်သီးတစ်ချက်ထဲမှာ ဟန်ချက်ညီညီ စုစည်းသွားသလိုမျိုး ခံစားလိုက်ရတယ်။”

သူမသည် ထိုလက်သီးချက်မျိုး ထပ်မံထိုးနိုင်ရန် ကြိုးစားကြည့်သော်လည်း ထိုလျှို့ဝှက်ချက်ကို ရှာမတွေ့နိုင်သေးပေ။

စင်မြင့်အောက်တွင်မူ အားလုံးမှာ ထိုဆန်းကြယ်လှသော ပညာရပ်ကို အမီလိုက်နိုင်ရန် အသည်းအသန် အာရုံစိုက်နေကြတော့သည်။

နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းမှ ကျောင်းသားများအားလုံးသည် ထိုလက်သီးချက်၏ ထူးကဲဆန်းပြားမှုကို အထင်အရှား မြင်တွေ့လိုက်ရသည်။

၎င်းသည် အမှန်တကယ်ပင် အနှိုင်းမဲ့စွမ်းရည်ပင်။

အလွန်ကျဉ်းမြောင်းသော နေရာလွတ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုအားဖြင့် ပေါက်ကွဲထွက်လာခြင်းပင်။ ထိပ်တိုက်ရင်ဆိုင်မှုများတွင် ဤကဲ့သို့သော အင်အားထုတ်လွှတ်ပုံမျိုးက အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှသည်။ အကြောင်းမှာ မျက်စိတစ်မှိတ်အတွင်း မိမိ၏ပြိုင်ဘက်က ဤဆန်းကြယ်သော နည်းစနစ်ကို အသုံးပြုလာနိုင်သောကြောင့် မိမိဘက်မှ အစွမ်းကုန် အာရုံစိုက်ထားရန် လိုအပ်ကြောင်း ဖော်ပြနေခြင်းပင်။ ပြိုင်ဘက်၏ တိုက်ကွက်သည် မိမိအား ထိခိုက်မှုမရှိနိုင်ဟု ထင်မှတ်ထားချိန်တွင် သူတို့က ကျဉ်းမြောင်းသော အကွာအဝေးအတွင်းမှ အင်အားထုတ်လွှတ်ကာ တစ်ချက်တည်းဖြင့် အသက်ပျောက်အောင် လုပ်ဆောင်သွားနိုင်သည်။

ထိုအချက်သည် တိုက်ခိုက်ရေးကျွမ်းကျင်သူများကိုပင် တုန်လှုပ်ခြောက်ခြားသွားစေနိုင်လောက်အောင် ကြောက်စရာကောင်းလှသည်။

တိုက်ခိုက်ရေးပညာကို ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြသော ကျောင်းသားများ၊ နတ်ဘုရားအဆင့် အရိုးအဆစ် ပိုင်ရှင်များနှင့် ထိပ်သီးတစ်ရာဝင် ပါရမီရှင်များသည် ထိုလက်သီးချက်၏ အရှိန်အဟုန်ကို မြင်တွေ့လိုက်ရသည်နှင့် ကြက်သီးမွေးညင်းများ ထသွားကြတော့သည်။

သူတို့သည် မျက်မှောင်ကြုတ်လျက် အံ့ဩမှင်သက်စွာဖြင့် ထိုလက်သီးချက်၏ အနက်အဓိပ္ပာယ်ကို ပြန်လည်သုံးသပ်နေကြသည်။

ရွှီရန်က နွေးထွေးစွာ ပြုံးပြလိုက်ရင်း

“ဒီတုန်လှုပ်မှု အင်အားရဲ့ ကြောက်စရာကောင်းပုံကို လူတိုင်း ခံစားမိကြလိမ့်မယ်လို့ ငါယုံကြည်ပါတယ်။ တကယ်လို့ မင်းတို့က လက်တွေ့တိုက်ပွဲတွေထဲမှာ ဒီအင်အားကို အလိုရှိသလို ထုတ်ဖော်နိုင်ပြီး ရုပ်သိမ်းနိုင်မယ်ဆိုရင်တော့ မင်းတို့ကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်တော့ဘူး။ ခဏတာ ပေါ်ပေါက်လာတဲ့ အားနည်းချက်တွေကို ချက်ချင်းဖမ်းဆုပ်ပြီး သေစေနိုင်တဲ့ တိုက်ကွက်တွေအဖြစ် ပြောင်းလဲပြီး တိုက်ခိုက်နိုင်ပါလိမ့်မယ်” ဟု ပြောလိုက်သည်။

စကားပြောနေစဉ်အတွင်းမှာပင် ရွှီရန်၏ လက်သီးသည် ဆရာကြီး၏ ဒိုင်းပေါ်တွင် တင်လျက်သား ရှိနေဆဲပင်။

ရုတ်တရက် သူသည် လက်ကို လိမ်လှည့်လိုက်သည်။

သူ၏ လက်မောင်းကြွက်သားများသည် လှိုင်းလုံးများ လိပ်တက်လာသကဲ့သို့ တစ်ခုပြီးတစ်ခု အဆက်မပြတ် လှုပ်ရှားသွားကြသည်။

ဒီရေများ တိုးဝင်လာသကဲ့သို့ပင် သူ၏ သွေးစွမ်းအင်များသည် ရဲရဲနီသော မီးလျှံများအဖြစ် ပြောင်းလဲသွားပြီး လက်မောင်းအရိုးများတစ်လျှောက် ရှေ့သို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော ထိုအရှိန်အဟုန်သည် ပတ်ဝန်းကျင်ရှိ လေထုကို ပြင်းထန်သော ဖိအားပေးလိုက်သဖြင့် လေထုမှာ တစ်လွှာပြီးတစ်လွှာ ဖိသိပ်သွားသည်။ ထိုလေထုသည် ရွှီရန်၏ လက်သီးနှင့်အတူ သိသိသာသာ စုစည်းသွားပြီး လေအမြောက်တစ်ခုအသွင်ဖြင့် အပြာရောင်ဒိုင်းကြီးကို ပြင်းထန်စွာ ထိမှန်သွားတော့သည်။

“ဝုန်း”

ဒိုင်းကြီးသည် အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးသွားတော့သည်။

ဆရာ ဝမ်ကျင့်သည် ထိုကြီးမားလှသော အင်အားရိုက်ခတ်မှုကို လျှော့ချရန် နောက်သို့ ခြေလှမ်းတစ်ဆယ်ကျော်ခန့် ဆုတ်ခွာလိုက်ရသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့သည်။

ဆရာများပင်လျှင် မှင်သက်အံ့ဩလျက် ရှိနေကြပြီး အရာအားလုံးမှာ ရပ်တန့်သွားသကဲ့သို့ပင်။

ဤလက်သီးချက်သည် ကျားမလေး၏ ရှေ့တွင် ထိုးခဲ့သော လက်သီးချက်ထက်ပင် ပိုမိုကြောက်စရာကောင်းလှသည်။

ကျားမလေးမှာ အနည်းဆုံး လက်သီးနှစ်လုံးစာ အကွာအဝေးရှိခဲ့သေးသည်။

သူမ၏လက်သီးမှာ အရှိန်ယူရန် နေရာလွတ် အနည်းငယ်ရရှိခဲ့သည်။

သို့သော် ရွှီရန်၏ သရုပ်ပြမှုမှာမူ ဒိုင်းနှင့် တိုက်ရိုက်ထိကပ်လျက် ရှိနေပြီး အကွာအဝေး လုံးဝမရှိသော နေရာမှနေ၍ ပေါက်ကွဲထွက်လာသော လက်သီးချက် ဖြစ်သည်။

ယခုလေးတင် မြင်တွေ့လိုက်ရသော တိုက်ကွက်မှာ အမှန်တကယ်ပင် နတ်ဘုရားအဆင့်ဖြစ်ပြီး နတ်ဘုရားတို့၏ စွမ်းရည်ကို ဖော်ပြနေသကဲ့သို့ပင်။

ရန်သူသည် တစ်ဖက်လူ၏လက်သီးကို ခုခံနိုင်ပြီဟု ထင်မှတ်ကာ စိတ်လျော့လိုက်သည့် အချိန်၌ပင် တစ်ဖက်လူက တုန်လှုပ်မှု အင်အားကို အသုံးပြု၍ ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းပင်။

သို့မဟုတ် ဤအင်အားကို ကျွမ်းကျင်သွားပါက လျင်မြန်သော တိုက်ပွဲများအတွင်း ရန်သူ သတိမထားမိနိုင်သော အသေသတ်နိုင်သည့် တိုက်ကွက်အဖြစ်သို့ လုံးဝပြောင်းလဲပစ်နိုင်သည်။

ရန်သူများအတွက်မူ ၎င်းက အိပ်မက်ဆိုးတစ်ခုပင်။

“ကြောက်စရာကောင်းလိုက်တာ”

ရောက်ရှိနေသော ဆရာများအားလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြရသည်။

သူတို့မှာ လေးစားကြည်ညိုစိတ်များဖြင့် မတ်တပ်ရပ်နေမိကြတော့သည်။

ဤလူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ နတ်ဘုရားအဆင့်ဟူသော ဘွဲ့ထူးနှင့် အမှန်တကယ် ထိုက်တန်သည်။

လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ဤမျှအထိ ကြောက်စရာမကောင်းခဲ့သော်လည်း ယခုအခါတွင်မူ သူသည် နတ်ဘုရားအဆင့်သို့ လုံးဝရောက်ရှိသွားခဲ့သည်။

တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ လူတိုင်း၏ မျက်ဝန်းများတွင် တုန်လှုပ်ခြောက်ခြားမှုများ ပြည့်နှက်လျက် ရွှီရန်ကို ငေးကြည့်နေကြတော့သည်။

All Chapters