← Chapters

အခန်း (၃၂၅)

Vol. 33 Ch. 325

အခန်း (၃၂၅)

Vol. 33 Ch. 325

အခန်း။ ၃၂၅

အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားသည် သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်မှု ရှိမနေသော်လည်း အရှင်သခင်၏ စီစဉ်ထားမှုများကို ပြန်လည်စဉ်းစားမိသည့်အခါ အနည်းငယ်မျှတော့ အားတက်သွားမိသည်။ သမုဒ္ဒရာအောက်ခြေတွင် သေချာပေါက် နောက်ဆုံးလက်နက်တစ်ခု ရှိနေရမည်ပင်။

ဒီလောက်နက်တဲ့ ပင်လယ်ရေအောက် အစွမ်းထက်တဲ့ သတ္တဝါတွေရဲ့ နယ်မြေထဲမှာ သူ့ကို ဘယ်သူက သတ်နိုင်မှာလဲ။

ဟက်….

၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အင်းကွက်များမှ အနက်ရောင်အလင်းတန်းများ ဖြာထွက်လာပြီး ကျောက်ရုပ်ကဲ့သို့ မာကျောသော ကိုယ်ထည်မှာ အမြောက်ဆန်တစ်ခုအလား ရှေ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားတော့သည်။

ရွှီရန်က မျက်မှောင်ကြုတ်လိုက်ရင်း “သူက တကယ်ပဲ ထွက်ပြေးနေတာလား... ဒီကောင်ကတော့ နတ်ဘုရားတစ်ပါးရဲ့ သိက္ခာ လုံးဝမရှိတာပဲ” ဟု ရေရွတ်လိုက်မိသည်။

“ငါက အစကတည်းက ကိုယ်ယောင်ဖျောက်ပြီး ချဉ်းကပ်နေတာကို ဒီကောင်က ငါ့ကို ဘယ်လိုများ သိသွားတာပါလိမ့်”

“သူ့ရဲ့ အသိစိတ်ကပဲ ကြိုသိနေတာလား”

“သူ အမြဲတမ်း ပုန်းလျှိုးကွယ်လျှိုး လုပ်နေနိုင်တာ မဆန်းတော့ပါဘူး”

ရွှီရန် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ ဤကဲ့သို့သော အကောင်မျိုးကို ထိပ်တိုက်တွေ့ပါက တစ်ချက်တည်းနှင့် အပြတ်ရှင်းပစ်နိုင်သော်လည်း ယခုကဲ့သို့ လိုက်တမ်းပြေးတမ်း ကစားနေရသည်မှာ အနည်းငယ် လက်ဝင်လှသည်။

“ဒါပေမဲ့ သူပြေးတဲ့နောက်ကို လိုက်သွားပြီး ပင်လယ်အောက်ခြေမှာ ဘာတွေရှိလဲဆိုတာ ကြည့်ရတာပေါ့”

“တကယ်လို့ သတ္တုတွင်းတွေ တူးလို့ရမယ်ဆိုရင် ပင်လယ်အောက်ကနေ သတ္တုတွေကို သယ်ယူပို့ဆောင်နိုင်မယ့် နေရာရွှေ့ပြောင်း အစီအရင်တစ်ခု တည်ဆောက်ရမယ်”

ဤမျှ ကျယ်ပြောလှသော သမုဒ္ဒရာကြီးအား အသုံးမချဘဲ ထားပစ်လိုက်လျှင် နှမြောစရာကောင်းလှပေမည်။

အခြားတစ်ဖက်တွင်လည်း အခွင့်သာပါက ပင်လယ်အောက်ခြေတွင် အစီအရင်တစ်ခု တည်ဆောက်ရမည် ဖြစ်သည်။ အကြောင်းမှာ လူသားများနှင့် သလင်းသားရဲတို့ စစ်ပွဲဖြစ်ပွားပြီးကတည်းက ထိုနေရာမှာ ညစ်ညမ်းမှုဒဏ်ကို အဆိုးရွားဆုံး ခံစားထားရသည့် နေရာဖြစ်သောကြောင့်ပင်။

ကုန်းမြေပေါ်တွင်မူ လူသားတို့သည် ဆုံးရှုံးခဲ့သော နယ်မြေအများစုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း သမုဒ္ဒရာကြီးကိုမူ နားလည်သဘောပေါက်နိုင်စွမ်း ယနေ့တိုင် မရှိကြသေးချေ။

ပင်လယ်ရေအောက် တိုင်းနိုင်ငံသည် မည်သို့သော ပုံသဏ္ဌာန်ရှိသည်ကို မည်သူမျှ မသိကြပေ။

ရွှီရန်အနေဖြင့် ဤအခွင့်အရေးကို အသုံးချကာ အခြေအနေကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူသည် စိတ်ရှည်သော မုဆိုးတစ်ဦးကဲ့သို့ အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားချန်ထားခဲ့သော ခြေရာများနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားတော့သည်။

ရှေ့တွင်မူ အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရား၏ နှလုံးသားမှာ ပိုမိုပြင်းထန်စွာ တုန်လှုပ်လာနေသည်။

၎င်း၏ အဓိကအင်းကွက်မှာလည်း တဆတ်ဆတ်တုန်ရင်နေပြီး အန္တရာယ်ရှိကြောင်း သတိပေးချက်များကို အဆက်မပြတ် ထုတ်လွှတ်နေ၏။

“တောက် ဘာတွေဖြစ်နေတာလဲ ငါက တခြားနတ်ဘုရားတွေကို ယဇ်ပူဇော်ခဲ့တာကို အရှင်သခင် သိသွားလို့ ငါ့ကို အပြစ်ပေးတော့မှာလား”

“မဖြစ်နိုင်တာ...”

“ဘာပဲဖြစ်ဖြစ် ငါက အရှင်သခင်အတွက် အများကြီး အမှုထမ်းခဲ့တာပဲ။ ငါ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကြိုးစားအားထုတ်မှုတွေအရ ငါ့ကို အပြစ်မပေးသင့်ဘူး”

အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရား၏ စိုးရိမ်စိတ်မှာ တိုးသထက် တိုးလာခဲ့သည်။

၎င်းသည် အရှိန်ကို ထပ်မံမြှင့်တင်လိုက်ကာ သမုဒ္ဒရာ အနက်ဆုံးပိုင်းသို့ အသည်းအသန် ထိုးဆင်းသွားတော့သည်။

သူ့ နောက်တွင်မူ ရွှီရန်၏ မျက်နှာအမူအရာမှာ တည်ငြိမ်လျက်ရှိပြီး “အရှိန်မြှင့်လိုက်တာလား ရပါတယ်... မင်း ဘယ်အထိ ပြေးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့” ဟု ရေရွတ်လိုက်သည်။

ဤသို့ဖြင့် လိုက်လံဖမ်းဆီးခြင်းမှာ သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့သည်။

လမ်းခရီးတစ်လျှောက်တွင် တွေ့ရသည့် သတ္တဝါငယ်လေးများကို ရွှီရန် အာရုံမနောက်ချင်သဖြင့် အသာအယာပင် ရှောင်ကွင်းသွားခဲ့သည်။

သုံးရက်ကြာပြီးနောက်တွင်မူ အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားသည် ထွက်ပြေးနေခြင်းကို ရပ်တန့်လိုက်ပြီး အလုံခြုံဆုံးဟု ယူဆရသော ပုန်းခိုရာနေရာတစ်ခုကို ရှာတွေ့သွားပြီဖြစ်ကြောင်း သူ အာရုံခံမိလိုက်သည်။

အမှန်စင်စစ်တွင်မူ အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားသည် ရေအောက်မြို့တော်သို့ ရောက်ရှိသွားပြီး သမုဒ္ဒရာဘုရင်နှင့် တွေ့ဆုံနေခြင်းပင်။

ထိုသမုဒ္ဒရာဘုရင်မှာ လူမျက်နှာပေါက်နေသည့် ဧရာမ ငါးရှဉ့်ကြီးတစ်ကောင် ဖြစ်သည်။ ခန္ဓာကိုယ်မှာ နဂါးတစ်ကောင်ကဲ့သို့ ရှည်လျားပြီး ဖြူဖျော့ချောမွတ်သော အရေပြား ရှိသည်။ ၎င်း၏ လူမျက်နှာမှာမူ အလောင်းကောင်တစ်ခုကဲ့သို့ အမူအရာ ကင်းမဲ့နေပြီး ကျောက်ရုပ်တစ်ခုအလား တောင့်တင်းနေ၏။ ဦးခေါင်းခွံမှာ ဂြိုဟ်သားတစ်ဦးကဲ့သို့ မြင့်တက်ဖောင်းကြွနေသည်။

ပို၍ ထူးဆန်းသည်မှာ ၎င်း၏ ဦးခေါင်းခွံမှာ ဖန်သားပြင်တစ်ခုဖြင့် အုပ်ထားသကဲ့သို့ တစ်ပိုင်းတစ်စ ကြည်လင်နေခြင်းပင်။ ထိုမှန်သားခွံအတွင်းမှတစ်ဆင့် တောက်ပနေသော အပြာရောင် သွေးကြောများနှင့် ဦးနှောက်တစ်ရှူးများကို မြင်တွေ့နေရသည်။

ထိုဦးနှောက်တစ်ရှူးများ၏ အနက်ဆုံးအပိုင်းတွင်မူ မျက်လုံးရှစ်လုံးပါသော ကလေးမျက်နှာတစ်ခု ရှိနေပြီး ထိုမျက်လုံးများက ပတ်ဝန်းကျင်ကို ထူးဆန်းစွာ ဝေ့ဝိုက်ကြည့်ရှုရင်း ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုကို ဖန်တီးထားသည်။

“မင်းကိုး... မင်း ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ ဒါကြောင့်လည်း ငါတို့တွေ အပြာရောင်ဂြိုဟ်ထဲကို ဝင်နိုင်ခဲ့တာပဲ”

သမုဒ္ဒရာဘုရင်၏ အသံမှာ အေးစက်နေသော်လည်း အသိအမှတ်ပြုသည့် အရိပ်အယောင်

အချို့ ပါဝင်နေကာ “အဆောင်နတ်ဘုရား... ငါ ခံစားမိပါတယ်။ မင်းက ကောင်းကင်ယံကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်။ ဒါက ငါ နှစ်ပေါင်း နှစ်ရာအတွင်းမှာတောင် မလုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုပဲ” ဟု ပြောလိုက်သည်။

အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားက “ကံမကောင်းတာက ကျွန်တော့်ရဲ့ အသက်ဘေးက နီးကပ်နေပြီလို့ ခံစားနေရတယ်။ ဒါကြောင့် ခိုလှုံခွင့် တောင်းဖို့အတွက် အထူးတလည် လာခဲ့ရတာပါ” ဟု ပြန်ပြောသည်။

သမုဒ္ဒရာဘုရင်ကမူ “ဟားဟားဟား... ငါရှိနေသရွေ့ မင်းကို ဒီမှာ ဘယ်သူမှ မသတ်နိုင်စေရဘူး၊ စိတ်အေးလက်အေးသာ နေပါ။ လူသားတွေအတွက် ရက်ပေါင်း တစ်ရာပဲ ကျန်တော့တယ်”

“နှစ်ပေါင်း နှစ်သိန်းကြာခဲ့တဲ့ ဒီစစ်ပွဲက ငါတို့လို့ ရန်ငြိုးဖွဲ့နတ်ဘုရားတွေရဲ့ လုံးဝဥဿုံ အောင်ပွဲနဲ့ အဆုံးသတ်တော့မယ်။ ငါတို့ဟာ အပြာရောင်ဂြိုဟ်ရဲ့ ကံတရားတွေကို သိမ်းပိုက်ပြီး သူတို့ကို ငါတို့ရဲ့ အစေခံတွေအဖြစ် မွေးမြူကြမယ်။ သူတို့ဆီမှာ ကံတရားတွေက အရမ်းကို ပေါများလွန်းနေတာပဲ။ မျိုးဆက်တိုင်းရဲ့ ပါရမီရှင်တွေက ငါတို့အတွက် ကပ်ပါးရပ်တည်ရာတွေ ဖြစ်လာလိမ့်မယ်”

“ငါတို့က စစ်မှန်တဲ့ တော်ဝင်မိသားစုတွေ ဖြစ်လာကြတော့မယ်”

အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားသည် တောက်ပသော အနာဂတ်ကို မြင်ယောင်နေသကဲ့သို့ တိုးညှင်းစွာ ရယ်မောလိုက်သည်။

“ကောင်းပြီ... သွားပြီး အနားယူလိုက်တော့။ ငါတို့ရဲ့ ဒီရေအောက်မြို့တော်ကြီးက ဘယ်လောက်အထိ ခမ်းနားထည်ဝါသလဲဆိုတာကိုလည်း လေ့လာကြည့်ဦးပေါ့”

“နောင်တစ်ချိန်မှာတော့ ကောင်းကင်မြို့တော်ကြီးတစ်ခု ရှိလာဦးမှာပါ”

အဆောင်သည် ပင်လယ်ရေအောက်ရှိ ဧရာမမြို့တော်ကြီးကို လှမ်းကြည့်လိုက်ရာ အမှန်တကယ်ပင် ခမ်းနားထည်ဝါလှသည်။ ပင်လယ်ခရုခွံများနှင့် ဆင်တူသော အဆောက်အအုံများမှာ စီစီရီရီ တည်ရှိနေပြီး အတွင်း၌ စစ်သည်တော်များ ကိန်းအောင်းနေကြသည်။

ရေထုညစ်ညမ်းမှုများမှ ဖြစ်တည်လာသော မရေမတွက်နိုင်သည့် အနက်ရောင်နဂါးများမှာလည်း ထိုမြို့တော်ကြီးတစ်ဝိုက်တွင် ကူးခတ်သွားလာနေကြ၏။

ဤရေအောက်မြို့တော်ကြီး၏ ပတ်ပတ်လည်တွင် မြင့်မားလှသော ကျောက်တိုင်ကြီးများမှာ ယဇ်ပလ္လင်တစ်ခုအလား တန်းစီလျက် တည်ရှိနေသည်။

အဆောင်က မျက်မှောင်ကြုတ်လျက် “ဒီကျောက်တိုင်တွေကို ဘာအတွက် အသုံးပြုတာလဲ” ဟု မေးလိုက်သည်။

“ဒါကိုတော့ လောလောဆယ် ငါ မင်းကို မပြောနိုင်သေးဘူး”

အဆောင်၏ မျက်ဝန်းများတွင် စဉ်းစားခန်းဝင်သွားဟန် ပေါ်လွင်နေသည်။ သူ ခန့်မှန်းကြည့်ရုံနှင့် သိနိုင်ကာ တစ်နေ့တွင် အရှင်သခင် ဆင်းသက်လာသည်နှင့် ပထမဆုံးလုပ်မည့်အရာမှာ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန်ဖြစ်ပြီး ဤမြင့်မားသော ကျောက်တိုင်များကို အသုံးပြု၍ မြို့တစ်မြို့လုံးကို ဝါးမြိုပစ်နိုင်မည် ဖြစ်သည်။

သူသည် မျက်လွှာကို အသာချလိုက်ရင်း “ငါ သေမင်းတမန် နယ်မြေထဲကို ခြေစုံပစ်ဝင်မိသွားတာလား ငါကိုယ်တိုင်လည်း ဒီနေရာမှာ ယဇ်ပူဇော်ခံလိုက်ရရင် ဘယ်လိုလုပ်မလဲ”

“စောင့်ကြည့်ရဦးမှာပဲ... ငါ့ရဲ့ အသက်ဘေးကိစ္စ စိုးရိမ်စိတ်က အခုထိ မပျောက်သေးဘူး။ ဘာပဲဖြစ်ဖြစ် သမုဒ္ဒရာဘုရင်ကိုပဲ အရှေ့ကနေ အကာအကွယ်အဖြစ် အသုံးချရမှာပဲ”

အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားသည် မည်သည့်အခါမျှ စေတနာကောင်းရှိသူ မဟုတ်ပေ။

သူသည် သမုဒ္ဒရာဘုရင်နောက်သို့လိုက်ကာ မြို့တော်အတွင်းရှိ နေအိမ်တစ်ခုတွင် အခြေချလိုက်သည်။ သုံးရက်တိုင်တိုင် အသည်းအသန် ပြေးလွှားခဲ့ရသဖြင့် သူသည် အလျင်အမြန်ပင် အနားယူလိုက်တော့သည်။

ထိုစဉ် အဝေးတစ်နေရာတွင် ရွှီရန်သည် လေအဟုန်ဖြင့် ပြေးလွှားနေခဲ့သည်။

တစ်ရက်အကြာတွင်မူ သူသည် ရေအောက်မြို့တော်ကြီး၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိလာပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ ပထမဆုံး မြင်လိုက်ရသည်မှာ မြင့်မားလှသော ကျောက်တိုင်ကြီး ၁၀၈ တိုင်ပင်။

“ဝါး ဒီကျောက်တိုင်တွေကို အစီအရင် ရေးထိုးဖို့အတွက် အသုံးပြုလို့ရတာပဲ... တကယ့်ကို ပြည့်စုံလွန်းတယ်”

ရွှီရန်၏ မျက်ဝန်းများမှာ တောက်ပသွားတော့သည်။

အကယ်၍ သူသည် သမုဒ္ဒရာ အောက်ခြေတွင် ပြိုကွဲသန့်စင်ခြင်း အစီအရင်တစ်ခုကို ဖန်တီးနိုင်ခဲ့မည်ဆိုပါက အချိန်ကြာလာသည်နှင့်အမျှ ပင်လယ်ပြင်တစ်ခုလုံး သန့်စင်သွားမည်မှာ မလွဲဧကန်ပင်။

“ဩော်... အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားရေ... မင်း နောက်ဆုံးတော့လည်း ကောင်းကွက်လေးတစ်ခု လုပ်ပြသွားနိုင်တာပဲ”

ရွှီရန်က ခပ်ဖွဖွ ပြုံးလိုက်သည်။ အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားသည် သူ အိပ်ချင်နေသည့်အချိန်တွင် ခေါင်းအုံး လာပေးသူနှင့်ပင် တူနေတော့သည်။

ရွှီရန် အဆောင်စာရွက်များ ရေးဆွဲရမည်ကို မသိရှိသေးချိန်ကလည်း အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားကပင် သူ့အား တစ်ဆင့်ချင်း သင်ကြားပေးခဲ့ဖူးသည်။

All Chapters