← Chapters

အခန်း (၃၂၈)

Vol. 33 Ch. 328

အခန်း (၃၂၈)

Vol. 33 Ch. 328

အခန်း။ ၃၂၈

“တစ်ကမ္ဘာလုံးကို လှည့်လည်ကြည့်ရှုတာလည်း ဆိုးတော့မဆိုးပါဘူး။ တကယ်လို့ နတ်ဘုရားအနှစ်သာရတွေသာ ထပ်ရမယ်ဆိုရင် အမြတ်အစွန်းကြီးကြီး ရမှာပဲ”

ရွှီရန်၏ မျက်ဝန်းများမှာ တောက်ပနေပြီး သူ၏ရှေ့မှ လှပလွန်းသော ယဇ်ပူဇော်ခြင်း မြင်ကွင်းကို အားရပါးရ ကြည့်ရှုပြီးနောက် ရေမျက်နှာပြင်ပေါ်သို့ တက်လာခဲ့သည်။

သူသည် တံဆိပ်ကိုထုတ်ကာ ကျောင်းအုပ်ကြီးထံ ဆက်သွယ်လိုက်သည်။

“ကျောင်းအုပ်ကြီး... ရေအောက်ယဇ်ပလ္လင် တည်ဆောက်တာ ပြီးသွားပါပြီ။ ကျွန်တော် သမုဒ္ဒရာရဲ့ တခြားအပိုင်းတွေကိုလည်း ဆက်ပြီး စစ်ဆေးဖို့ လိုအပ်မယ်ထင်တယ်”

ကျောင်းအုပ်ကြီး “မင်း ထိခိုက်ဒဏ်ရာတော့ မရခဲ့ဘူးမလား”

“မရပါဘူး... ဟားဟားဟား...”

ကျောင်းအုပ်ကြီးမှာ ဇဝေဇဝါဖြစ်သွားကာ “မင်း ဘာလို့ ရယ်နေတာလဲ”

ရွှီရန် “ဟားဟား... ရယ်စရာကောင်းတဲ့ အကြောင်းအရာတစ်ခုကို သတိရသွားလို့ပါ”

ကျောင်းအုပ်ကြီးမှာ ပို၍ပင် နားမလည်နိုင်တော့ဘဲ “ဘာဖြစ်လို့လဲ ငါ့ကိုလည်း ပြောပြပါဦးလေ”

ရွှီရန် ခေတ္တစဉ်းစားလိုက်သော်လည်း မပြောရန်သာ ဆုံးဖြတ်လိုက်သည်။ ဤကဲ့သို့သော အကြောင်းအရာမျိုးမှာ ပြောပြရန် အလွန်ခက်ခဲလှပြီး နားထောင်သူအတွက်လည်း ဇာတ်ရှိန်

တက်နေတုန်း ဖြတ်ချလိုက်သကဲ့သို့ ခံစားရစေမည်ပင်။

“ကျွန်တော် အခု ပင်လယ်ပြင်ကို ကင်းလှည့်ဖို့ သွားတော့မယ်နော်”

ရွှီရန်သည် ဖုန်းချလိုက်သည်။

သို့သော် သူသည် ချက်ချင်း ထွက်ခွာသွားခြင်း မရှိဘဲ ရေအောက်ခြေသို့ နောက်တစ်ကြိမ် ပြန်ဆင်းသွားပြန်သည်။

သူ၏ ပြိုင်ဘက်ကင်း လက်ရာမွန်ကြီးကို ငေးမောကြည့်ရှုနေမိ၏။

ဧရာမ ယဇ်ပူဇော်ခြင်း ပြိုကွဲသန့်စင်မှု အစီအရင်ကြီးမှာ အဆုံးအစမရှိ ကျယ်ဝန်းလှပြီး ခရစ္စတယ်ကြယ်စုတန်းတစ်ခုအလား လည်ပတ်နေကာ ပတ်ဝန်းကျင်ရှိ ညစ်ညမ်းမှုအားလုံးကို ဆွဲငင်ယူနေတော့သည်။ အခြေအနေကို လာရောက်စုံစမ်းကြသော ကံဆိုးမိုးမှောင်ကျသည့် ရန်ငြိုးဖွဲ့သားရဲများမှာလည်း အစီအရင်မှ ဖြာထွက်လာသော အလင်းတန်းများအတွင်းသို့ ချက်ချင်းပင် ဝါးမြိုခံလိုက်ရသည်။ သူတို့သည် ဝဲဂယက်အတွင်းသို့ ဆွဲချခံလိုက်ရသည့် သစ်ရွက်ခြောက်ကလေးများအလား ဝိညာဉ်စွမ်းအင်များအဖြစ်သို့ မလွဲမသွေ ပြောင်းလဲသွားကြရတော့သည်။

ရွှီရန်မှာ အံ့ဩခြင်းများစွာဖြင့် လျှာတသပ်သပ် ဖြစ်နေမိသည်။

ညစ်ညမ်းမှုမှသည် ဝိညာဉ်စွမ်းအင်သို့ အပြစ်ဒုစရိုက်မှသည် သက်ရှိစွမ်းအားသို့ ဤအစီအရင်ကြီးမှာ ကြီးမြတ်မှုကို ပျိုးထောင်ပေးနေခြင်းပင်။

“ဒီအစီအရင်ကို ဘယ်လို နာမည်ပေးရမလဲ”

သူ့တွင် ဤအစီအရင်အား နာမည်ပေးပိုင်ခွင့်ရှိသည်ကို သူ ရုတ်တရက် သတိရသွားသည်။

"မဟာကရုဏာ အစီအရင်"

"ကောင်းပြီ... ဒီနာမည်ပဲ ပေးလိုက်မယ်"

ညစ်ညမ်းမှုတွေ၊ ရန်ငြိုးဖွဲ့သားရဲတွေ၊ ဝိညာဉ်သရဲတွေနဲ့ သလင်းသားရဲတွေကို ဝိညာဉ်

စွမ်းအင်အဖြစ် ပြောင်းလဲပြီး ကောင်းကင်နဲ့ မြေကြီးကို ပြန်လည်အာဟာရဖြစ်စေတာက ကရုဏာတရား မဟုတ်ဘူးလား။

ညစ်ညမ်းမိစ္ဆာတွေ မသေဆုံးခင်မှာ လိမ်ဖယ်တွန့်လိမ်ပြီး အော်ဟစ်နေရတာတွေကတော့ ငရဲပြည်ကြီး ဆိတ်သုဉ်းသွားဖို့အတွက် လှပတဲ့ မြင်ကွင်းတစ်ခုပေါ့။

သတ်ဖြတ်ခြင်းနဲ့ ကယ်တင်တာက စစ်မှန်တဲ့ မဟာကရုဏာပဲ။

ရွှီရန်သည် သူ၏ နာမည်ပေးစွမ်းရည်ကို အတော်လေး ကျေနပ်နေမိသည်။

ကျောင်းအုပ်ကြီး ပေးတဲ့နာမည်တွေထက် အဆပေါင်း ရာချီ သာလွန်လှသည်။

ပြီးပြည့်စုံသွားပြီ။

ရွှီရန်၏ နှုတ်ခမ်းများမှာ အထက်သို့ ကွေးညွတ်သွားပြီး သူ၏ အကြည့်တို့က အရှေ့ဘက်ဆီသို့ ဦးတည်သွားတော့သည်။

ထိုနေရာတွင် ရေအောက်တောင်တန်းကြီးတစ်ခု ရှိနေသည်။

ရေအောက်တွင်လည်း တောင်တန်းများ ရှိနေတတ်သည်။ ထိုတောင်တန်းများမှာ ကုန်းမြေပေါ်ရှိ တောင်တန်းများထက်ပင် ပိုမိုခမ်းနားပြီး အထူးသဖြင့် ပစိဖိတ်သမုဒ္ဒရာ၏ အနက်ဆုံးပိုင်းတွင် ကမ္ဘာ့အပေါ်ယံလွှာမှ ချော်ရည်များ အဆက်မပြတ် ပန်းထွက်ရာမှ ဖြစ်တည်လာသော ဧရာမ တောင်တန်းကြီးများပင်။

ရွှီရန် မြင်လိုက်ရသော တောင်တန်းကြီးမှာ ကမ္ဘာ့အမြင့်ဆုံးတောင်ထက်ပင် အဆပေါင်းများစွာ ပိုမိုကြီးမားခမ်းနားလှသည်။

ပြင်းထန်လှသော ဘူမိဗေဒ လှုပ်ရှားမှုများကြောင့် ကမ္ဘာ့အတွင်းပိုင်းရှိ ဒြပ်စင်များက တောင်တန်းများအတွင်းသို့ ရောက်ရှိသွားကာ အပြာရောင်ဂြိုဟ်ပေါ်ရှိ အကောင်းဆုံးသော သတ္တုကြောများကို ဖြစ်တည်စေခဲ့သည်။

တိတိကျကျ ပြောရလျှင် သူ မြင်နေရသော ရေအောက်တောင်တန်းမှာ တောင်တန်းတစ်ခုထက် ဧရာမ သတ္တုသိုက်ကြီးတစ်ခုနှင့် ပိုတူနေတော့သည်။

သတ္တုသိပ်သည်းဆမှာ အလွန်မြင့်မားလှသဖြင့် အရည်ကျိုရန်ပင် မလိုဘဲ တိုက်ရိုက်အသုံးပြုနိုင်လောက်သည့် အဆင့်တွင် ရှိသည်။

ပုံမှန်အားဖြင့်မူ လူသားများအနေဖြင့် ဤသတ္တုကြောများကို အကုန်အစင် တူးဖော်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ခွန်အားအရသော်လည်းကောင်း၊ သိပ္ပံနည်းပညာအရသော်လည်းကောင်း ခွင့်မပြုထားပေ။

အဆင့်အမြင့်ဆုံး နတ်ဘုရားသတ်အဖွဲ့ပင်လျှင် ရေအောက်ထဲ၌ နတ်ဘုရားအဆင့် မိစ္ဆာများနှင့် တိုက်ခိုက်ပြီး အနိုင်ယူနိုင်စွမ်း မရှိကြချေ။

နက်ရှိုင်းသော ပင်လယ်အောက်ခြေတွင် ကြောက်မက်ဖွယ်ကောင်းသော ရေဖိအား ရှိနေသဖြင့် နတ်ဘုရားအဆင့် စစ်သည်တော်များ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အနည်းဆုံး တစ်ဝက်ခန့် လျော့ကျသွားမည် ဖြစ်သည်။

ရေနတ်ဘုရား၏ ကောင်းချီးကို ရရှိထားသော ရွှီရန် တစ်ဦးတည်းသာလျှင် ရေအောက်၌ ကုန်းပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ဘေးကင်းစွာ သွားလာနိုင်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားကိုလည်း အပြည့်အဝ ထုတ်ဖော်နိုင်ခြင်းပင်။

အဝေးမှ တောင်တန်းကြီးကို လှမ်းကြည့်ရင်း ရွှီရန် စိတ်ပိုင်းဖြတ်လိုက်သည်။

သူသည် နေရာရွှေ့ပြောင်း အစီအရင်တစ်ခုကို မဖြစ်မနေ တည်ဆောက်ရမည်။ သို့မဟုတ်ပါက ဤနေရာသို့ လာတိုင်း လေးရက်ခန့် အချိန်ပေးနေရမည်ဖြစ်ရာ လူပင်ပန်းရလိမ့်မည်ပင်။

ထိုသို့ စဉ်းစားနေစဉ်အတွင်း သူ၏ ပုံရိပ်မှာ ရက်ကန်းလွန်းအိမ်တစ်ခုအလား လျှပ်ခနဲ လှုပ်ရှားသွားပြီး၊ ရေကူးနေသော ငါးတစ်ကောင်ကဲ့သို့ သတ္တုတွင်းဧရိယာဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

တောင်တန်း၏ အစွန်အဖျားသို့ ရောက်ရှိသောအခါ ရွှီရန်သည် ရန်ငြိုးဖွဲ့သားရဲ တပ်ဖွဲ့တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းတို့သည် ရေအောက်မြို့တော်ရှိ လှုပ်ရှားမှုများနှင့် ပန်းထွက်လာသော ပေါများလှသည့် ဝိညာဉ်စွမ်းအင်များကို သတိထားမိသွားကြသည်။ ထိုစွမ်းအင်များမှာ ၎င်းတို့အား ပျို့အန်ချင်သကဲ့သို့ ခံစားရစေပြီး အလွန်ပင် နေရထိုင်ရ ခက်ခဲစေသည်။

ထို့ကြောင့် ရန်ငြိုးဖွဲ့သားရဲ အုပ်စုတစ်စုသည် ဧရာမ ပြည်ကြီးငါး ခေါင်းဆောင်ကြီးတစ်

ကောင်၏ နောက်တွင် စုရုံးလျက် ငါးအုပ်ကြီးတစ်ခုအလား ရေအောက်မြို့တော်ဆီသို့ ဦးတည်၍ ကူးခတ်လာကြသည်။

ရေထဲတွင် ထွက်ပေါ်လာသော ပူဖောင်းတန်းများမှာ ပွက်ပွက်ဆူနေသော ရေနွေးအိုးတစ်လုံးနှင်ပင် တူနေတော့သည်။

"ကိုယ့်အတိုင်းအတာကိုတောင် ကိုယ်မသိဘဲ ဟိတ်ဟန်ထုတ်နေကြတာပဲ။ ငါ့ကိုတောင် လှည့်မကြည့်ကြဘူးပေါ့"

ရွှီရန်သည် တည့်တည့်မတ်မတ်ပင် ရှေ့သို့ တိုးဝင်သွားလိုက်သည်။

သူ၏ သွေးစွမ်းအင်များ ဆူပွက်လာပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတို့က ပင်လယ်လှိုင်းတံပိုးများကို အလွှာလိုက် အလွှာလိုက် ပန်းထွက်သွားစေသည်။

ရန်ငြိုးဖွဲ့သားရဲများမှာ ဘေးသို့ လွင့်စင်သွားကြပြီး ပင်လယ်ထဲတွင် ဟန်ချက်ပျက်ကာ လည်ပတ်နေကြတော့သည်။

ထိုသားရဲများမှာ ထိတ်လန့်သွားကြပြီး လှိုင်းများကြားတွင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်

ထိန်းကျောင်းရင်း အဝေးမှ ရွှီရန်ကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေကြသည်။

လူသားတစ်ယောက်လား။

လူသားတစ်ယောက်က ပင်လယ်ကြမ်းပြင်အထိ ရောက်လာတာလား။

ဒါက သေတွင်းထဲ ဆင်းလာတာ မဟုတ်ဘူးလား။

ပြည်ကြီးငါး ခေါင်းဆောင်ကြီးက စူးရှစွာ အော်ဟစ်လိုက်သည်။

ထိုစဉ် စူးရှလှသော မြှားတစ်စင်းသည် ရေထုကို ဖြတ်ခွဲကာ ၎င်းတို့၏ ဧရာမ စစ်တပ်ကြီးဆီသို့ ဦးတည်လာကြသည်။

သို့သော်လည်း ၎င်း၏ အော်ဟစ်သံမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။

ရေအောက်မြို့တော်ကြီးထံမှ မည်သည့် စစ်ကူမျှ ရောက်ရှိမလာခဲ့ချေ။

ပြည်ကြီးငါး ခေါင်းဆောင်ကြီးမှာ ခေါင်းမော့ကာ နောက်တစ်ကြိမ် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။

တုံ့ပြန်မှုကတော့ ဆိတ်ငြိမ်နေဆဲပင်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ပြည်ကြီးငါး ခေါင်းဆောင်ကြီးမှာ ဇဝေဇဝါဖြင့် ခေါင်းစောင်းကြည့်လိုက်စဉ်မှာပင် ရုတ်တရက် ၎င်း၏ ဦးခေါင်းမှာ ခန္ဓာကိုယ်မှ ပြတ်ထွက်လွင့်စင်သွားတော့သည်။ ပြင်းထန်လှသော ရေအောက်ဖိအားကြောင့် အတွင်းကလီစာများအားလုံး ပန်းထွက်လာပြီး ရေအောက်တွင် စွန်ကြိုးတစ်ချောင်း ဆွဲထုတ်ခံလိုက်ရသကဲ့သို့ တရမ်းရမ်း ဖြစ်နေတော့သည်။

ကျန်ရှိနေသော ရန်ငြိုးဖွဲ့သားရဲများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး လှည့်၍ ထွက်ပြေးရန် ပြင်ကြတော့သည်။

သို့သော် ရွှီရန်က သူ၏လက်မောင်းကို အသာဝှေ့ယမ်းလိုက်ရာ စက္ကူရုပ်တပ်မဟာပေါ်ထွက်လာပြီး ထိုသားရဲတပ်ဖွဲ့တစ်ခုလုံးကို အပြတ်အသတ် သုတ်သင်ပစ်လိုက်တော့သည်။

“ဟက်...”

ရွှီရန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း သတ္တုတွင်းဧရိယာအတွင်းသို့ တိုးဝင်သွားသည်။

တောင်တန်းများမှာ အစုလိုက်အပြုံလိုက် တည်ရှိနေပြီး မီတာတစ်သောင်းကျော် မြင့်သော တောင်ပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေသည်။ ၎င်းတို့အားလုံးမှာ သတ္တုကြောများဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကြယ်တာရာများအလား တဖျပ်ဖျပ် တောက်ပနေသည်မှာ အံ့မခန်းဖွယ်ပင်။

အနားသို့ တိုးကပ်သွားပြီး သတ္တုကြောများကို သေချာစွာ စစ်ဆေးကြည့်ရှုပြီးနောက် ရွှီရန်မှာ အလွန်တရာ အံ့ဩကာ ဝမ်းသာသွားရသည်။

“ဘုရားရေ... တကယ့်ကို ဧရာမ ရတနာသိုက်ကြီးပါလား။ ဒါတွေကိုသာ ကုန်းမြေပေါ် သယ်သွားနိုင်မယ်ဆိုရင် မြို့တိုင်းမှာ ညစ်ညမ်းမှုပြိုကွဲစေတဲ့ ယဇ်ပလ္လင်ကြီးတွေ တည်ဆောက်နိုင်မှာပဲ”

“ဒါဆိုရင် ဂုဏ်ပြုထိုက်တဲ့ ဟွာရှမြေကြီးက ညစ်ညမ်းမှုတွေရဲ့ ဝါးမြိုခြင်းကို ခံရတော့မှာ မဟုတ်ဘူး။ စင်ကြယ်တဲ့ နိဗ္ဗာန်ဘုံတစ်ခု ဖြစ်လာတော့မှာ”

အရှင်သခင် နတ်ဘုရား ဆင်းသက်လာမှာလား။

မဟုတ်ဘူး... ဒါက ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာခြင်းပဲ။

ရွှီရန်က တိုးညှင်းစွာ ရယ်မောလိုက်သည်။

ရန်ငြိုးဖွဲ့သားရဲတို့၏ သတ္တုတွင်းဧရိယာအတွင်းသို့ ဝင်ရောက်လိုက်ပြီး သူသည် ရှည်လျားသော ဓားတစ်လက်ကို ထုတ်ကာ တောင်ကို စတင်၍ လှီးဖြတ်တော့သည်။

သတ္တုတွေက ပေါများလွန်းနေတာကြောင့် သူသည် ပိုမိုကြီးမားသော နေရာရွှေ့ပြောင်း အစီအရင်တစ်ခုကို တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် အမြင့် မီတာ ၃၀ နှင့် အချင်း ၂ မီတာရှိသော ကျောက်တိုင် ၁၂ တိုင်ကို သူ ကိုယ်တိုင် ထွင်းထုလိုက်သည်။

စက္ကူရုပ်တပ်မဟာသည် ထိုကျောက်တိုင်များကို ရေအောက်မြို့တော်၏ အစွန်အဖျားသို့ သယ်ဆောင်သွားကြသည်။

ရေအောက်မြို့တော်မှာ သတ္တုကြောများရှိရာမှ မီတာကိုးထောင်ခန့် ကွာဝေးသဖြင့် ပြင်းထန်လှသော ဘူမိဗေဒလှုပ်ရှားမှုများ၏ သက်ရောက်မှုကို မခံရနိုင်သော ဘေးကင်းသည့် အကွာအဝေးတွင် ရှိနေ၏။

All Chapters