အခန်း (၃၃၀)
Vol. 33 Ch. 330
အခန်း။ ၃၃၀
“ကျွန်တော် သတ္တုတွေသွားတူးပြီး ပြန်သယ်လာလို့ရတယ်။ ဒါမှ ပိုကြီးတဲ့ သန့်စင်ခြင်းအစီအရင်ကို တည်ဆောက်နိုင်မှာ”
ညစ်ညမ်းမှုများ ကျရောက်နေသော ဗဟိုချက်မဒေသတွင် အစီအရင်မှာ ပိုမိုကြီးမားလေလေ ပို၍ ပြည့်စုံလေလေ ဖြစ်သည်။ အကယ်၍ အစီအရင်မှာ သေးငယ်နေပါက ညစ်ညမ်းမှုများကို ချေဖျက်သည့်နှုန်းမှာ မမီတော့ဘဲ ဘေးသို့ လျှံထွက်ကုန်မည် ဖြစ်သဖြင့် ဤသည်မှာ မဖြစ်သင့်သော အရာပင်။
ရွှီရန်၏ စကားများကို နားထောင်ပြီး ယဲ့ဖျင်တစ်ယောက် ကြောင်အမ်းသွားကာ “မင်းကတော့ တကယ့်ကို အံ့မခန်းပဲ” ဟု ချီးကျူးလိုက်မိသည်။
ရွှီရန်က ပြုံးလျက် “ရပါတယ် ကျွန်တော် တစ်ချက်လောက် စမ်းကြည့်လိုက်ဦးမယ်” ဟု ပြောလိုက်သည်။
ပြောပြောဆိုဆိုနှင့်ပင် သူသည် နေရာရွှေ့ပြောင်းအစီအရင်ပေါ်၌ ရပ်လိုက်ပြီး အစီအရင်၏ တည်နေရာကို အာရုံစိုက်လိုက်သည်။
နေရာရွှေ့ပြောင်းအစီအရင် ရှိသည့်အတွက် သွေးစွမ်းအင်တန်ဖိုး ကုန်ဆုံးမှုမှာ ငါးသိန်းသာ ရှိတော့သည်။ သို့သော် ၎င်းမှာ ကီလိုမီတာ ငါးထောင် အကွာအဝေးကြီးပင်။
ဒုတိယအဆင့် ညစ်ညမ်းနယ်မြေကို ဖြတ်ကျော်ရန်မှာ ကီလိုမီတာ တစ်သိန်းခန့် ရှိသည်။ ပထမအဆင့် ညစ်ညမ်းနယ်မြေမှာမူ ပိုမိုကြီးမားပြီး ကီလိုမီတာ သုံးသိန်းအထိ ရှိခြင်းပင်။ ထို့ကြောင့် ဘေးကင်းဇုန်မှ ဒုတိယအဆင့်နှင့် ပထမအဆင့် ညစ်ညမ်းနယ်မြေများကို ဖြတ်ကျော်ကာ ကပ်ဘေးအဆင့် ညစ်ညမ်းနယ်မြေအထိ နေရာရွှေ့ပြောင်းရန်မှာ သီအိုရီအရ သွေးစွမ်းအင်တန်ဖိုး သန်း ၄၀ ခန့် ကုန်ဆုံးရန် လိုအပ်နေခြင်းပင်။
ရွှီရန်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။ နတ်ဘုရားအဆင့် သတ္တဝါများဆိုလျှင်ပင် ကုန်ဆုံးမှု သက်သာနိုင်သော်လည်း သွေးစွမ်းအင်တန်ဖိုး သန်း ၂၀ ခန့်မူ လိုအပ်ဦးမည် ဖြစ်သည်။
“ဒါက တကယ့်ကို အများကြီး ကုန်တာပဲ”
“ဒါပေမဲ့ ကီလိုမီတာ ငါးထောင်လောက်ကို နေရာရွှေ့ပြောင်းနိုင်တာကတော့ အတော်လေး ပြည့်စုံနေပါပြီ”
ရွှီရန် ပြုံးလိုက်မိသည်။ ကီလိုမီတာ ငါးထောင်အထိ နေရာရွှေ့ပြောင်းနိုင်သည့် အစီအရင်မှာ မည်ကဲ့သို့သော ရန်သူကိုမဆို လှည့်စားရန် လုံလောက်နေပြီဖြစ်သည်။ ဤသို့ တွေးတောပြီးနောက် သူသည် နေရာရွှေ့ပြောင်း၍ ထွက်ခွာသွားသည်။
မဟာကရုဏာ အစီအရင်၏ အစွန်းသို့ သူ ရောက်ရှိသွားသည်။ ဤအချိန်တွင် မဟာကရုဏာ အစီအရင်၏ အနား၌ ဝိညာဉ်စွမ်းအင်များ ပေါများနေသည်။ အသက်တစ်ချက် ရှူလိုက်ရုံမျှဖြင့် သက်သောင့်သက်သာ ဖြစ်စေကာ ဝိညာဉ်စွမ်းအင်များကို တိုက်ရိုက် စုပ်ယူ၍ မရလျှင်ပင် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသောကြောင့် လန်းဆန်းတက်ကြွမှုကို ခံစားရစေသည်။
“ဒီနေရာကတော့ တကယ့်ကို နတ်ဘုရားတွေ ပျော်စံရာ မြေထူးမြေမြတ်တစ်ခုလိုပဲ”
အစီအရင်မှာ ညစ်ညမ်းမှုများကိုသာ ဆုတ်ဖြဲဝါးမြိုခြင်း ဖြစ်ပြီး အခြားသက်ရှိများကိုမူ သက်ရောက်မှု မရှိပေ။ သို့သော် ပင်လယ်ကြမ်းပြင်တွင် သက်ရှိဟူသည်မှာ မရှိသလောက်ပင်။ ဤနေရာ၏ ရေဖိအားမှာ ကြောက်စရာကောင်းလှသလို အစားအစာလည်း ရှားပါးလှသည်။ ညဉ့်နက်သကဲ့သို့ မှောင်မည်းနေပြီး အစီအရင်ကျောက်တိုင်များပေါ်မှ အင်းကွက်များ၏ အလင်းရောင်သာ မရှိပါက မည်သည့်အလင်းမျှ ရှိမည်မဟုတ်ပေ။
သူသည် ခေါင်းခါယမ်းလိုက်ပြီး သတ္တုကြောများဆီသို့ ပြေးဝင်သွားသည်။ ထို့နောက် ဓားကို ဆွဲထုတ်ကာ လှီးဖြတ်လိုက်သည်။ အမြင့် မီတာ ၅၀၀ နှင့် အချင်း မီတာ ၅၀ ရှိသော အဆုံးစွန် သတ္တုကျောက်တိုင်ကြီးကို သူ လှီးဖြတ်လိုက်ခြင်းပင်။ စက္ကူရုပ်တပ်မဟာက ထိုကျောက်တိုင်ကြီးကို နေရာရွှေ့ပြောင်းအစီအရင်အတွင်းသို့ သယ်ဆောင်လာကြသည်။
“သွေးစွမ်းအင်တန်ဖိုး ၂ သန်းနဲ့ ဝိညာဉ်စွမ်းအား ၅ သိန်း ကုန်မှာလား... ရတယ် နေရာရွှေ့ပြောင်းလိုက်တော့”
နောက်တစ်ခဏတွင်မူ ရွှီရန်သည် စက္ကူရုပ်တပ်မဟာကို ဦးဆောင်ကာ စစ်မြေပြင်၏ အစွန်းဆီသို့ ပြန်လည်ရောက်ရှိလာသည်။ ဤမျှ ကြီးမားလှသော ကျောက်တိုင်ကြီးကို မြင်တွေ့လိုက်ရသောအခါ ယဲ့ဖျင်တစ်ယောက်မှာမူ ပါးစပ်အဟောင်းသားနှင့် အံ့ဩမှင်သက်သွားတော့သည်။
“ဟင်... ဒါက... ပင်လယ်ကြမ်းပြင်မှာ အရင်းအမြစ်တွေက ဒီလောက်တောင် ပေါများတာလား၊ ဒီလောက် အရည်အသွေးမြင့်တဲ့ ထူးကဲသတ္တုတွေ ရှိနေတာလား သန့်စင်ဖို့တောင် မလိုဘူးလား”
ရွှီရန်က နက်နဲသော အပြုံးတစ်ခု ပြုံးလိုက်ရင်း “ဦးလေးယဲ့... ပင်လယ်ကြမ်းပြင်မှာ ကမ္ဘာ့အမြင့်ဆုံး တောင်တန်းကြီးထက်တောင် ပိုကြီးတဲ့ သတ္တုကြောကြီး ရှိနေတာပါ။ အဲဒါတွေ အားလုံးက ဒီလို သတ္တုမျိုးတွေချည်းပဲ”
ယဲ့ဖျင်၏ မျက်ဝန်းများမှာ တုန်လှုပ်သွားပြီး အသံမှာလည်း စူးရှသွားသည်။
“ကမ္ဘာ့အမြင့်ဆုံး တောင်တန်းကြီးလောက် ရှိတာ ဟုတ်လား”
ရွှီရန်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်။ ကဲ... ဒီဧရာမ ကျောက်တိုင်ကြီးကိုတော့ စစ်မြေပြင်မှာ ထားခဲ့မယ်၊ ကျွန်တော်ကတော့ အလွန်ကြီးမားတဲ့ ပြိုကွဲသန့်စင်ခြင်း အစီအရင်ကို ထွင်းထုတော့မယ်”
“ နတ်ဘုရားအထွက်အထိပ်ဆောင်က ပေးတဲ့ ကျောက်တိုင်ကိုတော့ ကျွန်တော် စစ်တုရင်မြို့တော်ဆီ ပြန်သယ်သွားမယ်။ စစ်တုရင်မြို့တော်က ညစ်ညမ်းမှုဗဟိုချက်ရဲ့ အစွန်းမှာ ရှိနေတာဆိုတော့ သန့်စင်ခြင်းအစီအရင်ကို အရင်ဆုံး တည်ဆောက်ဖို့ လိုအပ်တယ်”
“ပြီးတော့ အမြင့် မီတာ ၅၀၀ ရှိတဲ့ ဒီသတ္တုတိုင်ကြီးတွေကိုလည်း ဒီနေ့ကစပြီး တစ်နေ့ကို လေးငါးတိုင်လောက် ကျွန်တော် ပြန်သယ်လာပေးမယ်”
ရွှီရန်၏ အစီအစဉ်မှာ ပြည့်စုံလွန်းလှသည်။
ထို့ကြောင့် စက္ကူရုပ်များမှာ အမြင့် မီတာ ၅၀ နှင့် အချင်း ၅ မီတာရှိသော ကျောက်တိုင် ၄၉ တိုင်ကို သယ်ဆောင်သွားပြီး မြို့စွန်အရပ်များတွင် ရိုက်သွင်းလိုက်ကြသည်။
ထို့နောက် ကျောက်တိုင်များပေါ်တွင် အင်းကွက်များကို စတင် ထွင်းထုတော့သည်။
ယဲ့ဖျင်မှာမူ ဘေးမှနေ၍ ငေးကြည့်နေမိ၏။
ရွှေရောင်အင်းကွက်လိပ်များမှာ ကျောက်တိုင်များအတွင်းသို့ ရိုက်နှိပ်ခံလိုက်ရပြီး ကျောက်သားမှ ရွှေအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။ ၎င်းက သတ္တုတိုင်များကို လျှို့ဝှက်ဆန်းပြားသော စွမ်းအားများ ပေးစွမ်းလိုက်သည်။ ၎င်းတို့မှာ ရွှေရောင်အလင်းတန်းများဖြင့် တဖျပ်ဖျပ် တောက်ပနေပြီး ညဘက်တွင် လရောင်နှင့် နေ့ဘက်တွင် နေရောင်ခြည်တို့ကို စုပ်ယူနေကြတော့သည်။
ငါးရက်ကြာပြီးနောက် အစီအရင်မှာ ပြီးဆုံးသွားခဲ့၏။
ဧရာမ ကျောက်တိုင်ကြီးတစ်ခုချင်းစီအကြား ဖော်ပြမတတ်သော ဆက်နွှယ်မှုတစ်ခု တည်ဆောက်လိုက်သည်ကို ယဲ့ဖျင် အထင်အရှား ခံစားလိုက်ရသည်။
“ထွင်းတာ ပြီးပြီလား”
ရွှီရန်က ခေါင်းညိတ်ပြသည်။
“ဟုတ်ကဲ့ ပြီးသွားပါပြီ။ ဒီနေ့ကစပြီး စစ်တုရင်မြို့တော်က စင်ကြယ်တဲ့ နိဗ္ဗာန်ဘုံတစ်ခု ဖြစ်လာတော့မှာပါ”
ထိုသို့ပြောပြီးသည်နှင့် သူသည် သန့်စင်ခြင်းအစီအရင်ကို စတင် နှိုးဆွလိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျောက်တိုင်ကြီးများမှာ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်လိုက်ပြီး ထိုအလင်းများမှာ ကောင်းကင်ယံသို့ ပျံ့နှံ့သွားကာ အခြားကျောက်တိုင်များမှ အလင်းများနှင့် ပေါင်းစပ်သွားကြသည်။ ကျောက်တိုင် ၄၉ တိုင်မှာ စစ်တုရင်မြို့တော်ကို ဝန်းရံထားပြီး မြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ပါးလွှာသော ရွှေရောင်အမိုးခုံး ကာကွယ်ရေးအကာအကွယ်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
ထိုအလင်းကာကွယ်ရေးအောက်တွင် မှုန်မှိုင်းနေသော ညစ်ညမ်းမှုများမှာ ကျောက်တိုင်များအတွင်းသို့ စုပ်ယူခံနေရသည်ကို မြင်တွေ့ရသည်။
မြို့သူမြို့သားများမှာလည်း ထူးခြားမှုကို သတိထားမိသွားကြသည်။
သူတို့သည် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိ ညစ်ညမ်းမှုများမှာ တဖြည်းဖြည်း ပေါင်းစည်းပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရ၏။
“ဘာတွေ ဖြစ်နေတာလဲ”
ယဲ့ဖျင်က အနားသို့ ရောက်လာပြီး စစ်သေနာပတိ တံဆိပ်ကို ရွှီရန်ထံ ကမ်းပေးလိုက်သည်။
“အထွေထွေရေးရာဌာနရဲ့ ရေဒီယိုလှိုင်းနဲ့ ချိတ်ထားပြီးပြီ။ မြို့သူမြို့သားတွေကို တစ်ခုခု ပြောလိုက်ဦး။ ဒီလို သမိုင်းဝင်အခိုက်အတန့်မှာ ပြည်သူတွေရဲ့ စိတ်နှလုံးကို နှစ်သိမ့်ပေးဖို့နဲ့ ဒီအရေးကြီးတဲ့ အချိန်မှတ်တိုင်ကို ကြေညာပေးဖို့က အရမ်း အရေးကြီးတယ်”
ရွှီရန်က မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း တံဆိပ်ကို လှမ်းယူလိုက်တော့သည်။