← Chapters

အခန်း (၁၆၁၉-၁၆၂၀)

Vol. 162 Ch. 1619-1620

အခန်း (၁၆၁၉-၁၆၂၀)

Vol. 162 Ch. 1619-1620

အခန်း (၁၆၁၉) - ဝိညာဥ်ခွဲမသေမျိုးမျိုးနွယ်

​ဖန့်ချန်သည် ကြာနီနတ်မိမယ်၏ သဘောထားကို အမြဲတမ်း တိတိကျကျ ခန့်မှန်းရခက်နေခဲ့သည်။

​တစ်ဖက်လူမှာ မိစ္ဆာမျိုးနွယ်စုဝင်ဖြစ်ပြီး မိစ္ဆာချောက်နက်မှ ဆင်းသက်လာသည့် အဆင့်အတန်း မြင့်မားသူတစ်ဦး ဖြစ်ကြောင်းကိုမူ အသေအချာ သိရှိထားပြီးဖြစ်သည်။

သို့သော် ကြာနီနတ်မိမယ်သည် အစမှအဆုံးထိ ဖန့်ချန်အား သူ၏ အတိတ်ဘဝမှတ်ဉာဏ်များ နိုးထလာစေမည့် ကိစ္စအပေါ် အလွန်အမင်း ခုခံတွန်းလှန်နေပုံရသည်။

​ဥပမာအားဖြင့် ယခုတစ်ခေါက်တွင်...

ကျွယ်မင်နန်းတော်မှာ ရှိနေစဉ်ကတည်းက ကြာနီနတ်မိမယ်သည် သူ မသေမျိုးလောကငယ်သို့ လာမည့်ခရီးကို တားဆီးရန် ကြိုးစားခဲ့ဖူးသည်။ ကျိမျိုးနွယ်စုသို့ ရောက်လာပြီးနောက်တွင်လည်း သူမသည် ဖန့်ချန်အား ဘေးအန္တရာယ်များကို ရှောင်ကွင်းစေရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်။

ခုနကပင် သူမ ကျိထျန်းကျွင်းထံသို့ သွားခဲ့ခြင်းမှာ အပြင်ပန်းအားဖြင့် ဒေါသထွက်နေပုံ ပြသခဲ့သော်လည်း အစစ်အမှန် ရည်ရွယ်ချက်မှာ စကားနှိုက်ရန်သာ ဖြစ်ပေသည်။

​ကျိထျန်းကျွင်းမှာလည်း တကယ်ပင် အကွက်ထဲသို့ သက်ဆင်းသွားခဲ့ပြီး အလွန်အမင်း ဒေါသထွက်နေသည့် အချိန်တွင် လျှို့ဝှက်ချက်ကို စကားကျွံပြီး ပြောမိသွားခဲ့ခြင်း ဖြစ်သည်။

​"ဟုန်မိတ်ဆွေ... ဒီခရီးစဉ်မှာ စီနီယာအစ်မသုံး ရှိနေတာပဲ၊ ကျွန်တော်တို့ရဲ့ ဘေးကင်းရေးအတွက်တော့ စိတ်ပူစရာ မရှိပါဘူး။ တကယ်လို့ မိတ်ဆွေက မသေမျိုးလောကငယ်ထဲမှာ လည်ပတ်ချင်တယ်ဆိုရင် နတ်ဘုရားလောကကနေ ပြန်လာတဲ့အခါ ကျွန်တော် မိတ်ဆွေနဲ့အတူ လိုက်ခဲ့ပေးပါ့မယ်"

ဖန့်ချန်က ရုတ်တရက် ပြုံး၍ ဆိုလိုက်သည်။

​ကြာနီနတ်မိမယ်သည် ရင်ထဲတွင် သက်ပြင်းချလိုက်မိသော်လည်း မျက်နှာတွင်မူ အပြုံးတစ်ခုကို ဖန်တီးကာ ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်သည်။

"ဒါလည်း ဖြစ်နိုင်တာပဲလေ"

​သူမက ခေတ္တမျှ ရပ်လိုက်ပြီး

"ကျိထျန်းကျွင်း ပေးခဲ့တဲ့ သမိုင်းဝင်မသေမျိုးကျမ်းစာ ကို ခဏတော့ မဖတ်ပါနဲ့ဦး။ ကျွန်မ ရှေးဟောင်းစာအုပ်တချို့မှာ အလားတူ မှတ်တမ်းတွေကို မြင်ဖူးတယ်။ သမိုင်းဝင်မသေမျိုးလမ်းစဉ်ကို လျှောက်လှမ်းတဲ့သူ မဟုတ်ရင် ဒါကို ဖတ်ရှုတာက အန္တရာယ်ရှိနိုင်တယ် "

​"ကျိထျန်းကျွင်းကတော့ အထဲက အကြောင်းအရာတွေကို သိမှာ မဟုတ်ပေမဲ့ ဒါကို ရှင့်ဆီ လက်ဆင့်ကမ်း ပေးလိုက်တာကတော့ တကယ့်ကို စိတ်ဓာတ်ယုတ်မာတာပဲ။ ဖန့်မိတ်ဆွေ... နောက်ဆိုရင် သူ့ကို သတိထားပါဦး"

​ဖန့်ချန်က အံ့အားသင့်ဟန်ဖြင့်

"ကျိထျန်းကျွင်းလား သူက ဘာလို့ ကျွန်တော့်ကို လုပ်ကြံချင်ရတာလဲ "

​"မသိဘူးလေ၊ ကျွယ်မင်နန်းတော်မှာရှိတုန်းက ရှင့် သူ့ကို မသိမသာ စော်ကားမိတာမျိုး ရှိခဲ့လို့ ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် သတိထားပါ။ ဘယ်သူမှ မသိလိုက်ဘဲ လုပ်ကြံ ခံရမှာ စိုးလို့ပါ"

ကြာနီနတ်မိမယ်သည် ပြောဆိုပြီးနောက် နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

​'သူမကလည်း ဝမ်အိုကြီးလိုပဲ ဒီလောကထဲမှာ အကြိမ်ကြိမ် လူဝင်စားခဲ့တာလား... လူသားနယ်မြေကိုးခုက မှတ်ဉာဏ်တွေက မိစ္ဆာမျိုးနွယ်စု မှတ်ဉာဏ်တွေကို လွှမ်းမိုးသွားတာလား '

ဖန့်ချန်သည် တံခါးပြန်ပိတ်လိုက်ရင်း အတွေးနက်နေမိသည်။

​အကယ်၍ ထိုယူဆချက်သာ မှန်ကန်ပါက ကြာနီနတ်မိမယ်သည် လက်ရှိတွင် မသေမျိုး နှင့်မိစ္ဆာကြား၌ စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲဝင်နေခြင်း ဖြစ်နိုင်သည်။ လူသားဘဝ၏ မှတ်ဉာဏ်များက အသာစီးရနေသဖြင့် သူမသည် မပြတ်မသား ဖြစ်နေပြီး လူသားဘက်က ရပ်တည်ရမလား၊ မိစ္ဆာဘက်က ရပ်တည်ရမလား ဝေခွဲမရ ဖြစ်နေခြင်း ဖြစ်နိုင်ပေသည်။

​ရက်အနည်းငယ် ကြာပြီးနောက်...

အားလုံး အနားယူ ပြင်ဆင်မှုများ ပြီးဆုံးသွားသည့်အခါ ချန်အင်းရွှယ်၏ နဂါးနက်လှေ ပေါ်သို့ တက်ရောက်ကာ လောကနှစ်ခုကြားရှိ အတားအဆီး နယ်နိမိတ်ဘက်သို့ ဦးတည်၍ အရှိန်အဟုန်ဖြင့် ခရီးနှင်ကြတော့သည်။

​"စီနီယာအစ်မသုံး... ကျွန်တော် ကျိမျိုးနွယ်စုရဲ့ စာကြည့်တိုက်မှာ နှစ်ကာလမျက်လုံး လို့ ခေါ်တဲ့ ဝိညာဉ်ပစ္စည်း တစ်မျိုးအကြောင်း တွေ့ခဲ့တယ်။ အဲဒါကို ကြားဖူးလားဟင် "

ချန်အင်းရွှယ် မြေပုံကို စစ်ဆေးနေသည်ကို မြင်သောအခါ ဖန့်ချန်က အနားသို့သွား၍ စကားစလိုက်သည်။

​"နှစ်ကာလ မျက်လုံး လား အဆင့် ၈ တောက်ပသောလောက မသေမျိုး တွေ သေဆုံးပြီးနောက် ကျန်ရစ်ခဲ့တဲ့ မျက်သူငယ်ကနေ ဖြစ်လာတဲ့အရာပဲ။ ဒါကို ဘာလုပ်ဖို့ မေးတာလဲ အဲဒါက မသေမျိုးဆေးပင်မှ မဟုတ်တာ "

​ချန်အင်းရွှယ်က ဆက်ပြောသည်

"အခုအချိန်မှာ လူသားနယ်မြေကိုးခုရော မသေမျိုးလောကငယ်ထဲမှာပါ ဒီအရာကို မြင်တွေ့ရဖို့ မဖြစ်နိုင်သလောက်ပဲ။ အစကတည်းက တောက်ပသောလောက မသေမျိုး အရေအတွက်က နည်းသလို အဆင့် ၈ ဆိုတာက ပိုတောင် ရှားသေးတယ်။ ခြောက်ယောက်တောင် ပြည့်ရဲ့လားလို့ ငါသံသယရှိတယ်။ ဒါကို ရှာချင်တယ်ဆိုရင်တော့ နတ်ဘုရားလောက ထဲမှာပဲ အခွင့်အရေး ရှိနိုင်လိမ့်မယ်"

​နတ်ဘုရားလောက ထဲမှာလား

ဖန့်ချန် အတွေးနက်သွားသည်။

​"စီနီယာအစ်မသုံး... ရှေ့မှာ ရုလိုင်ဘုရားကျောင်းက မသေမျိုးလှေ တစ်စင်း ရှိနေတယ်"

နန်မင်ရုယွဲ့ ရုတ်တရက် လျှောက်လာပြီး လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

​"စောစောကတည်းက သတိထားမိပါတယ်။ ရုလိုင်ဘုရားကျောင်းတင် မကဘူး၊ ဝိညာဥ်ခွဲမသေမျိုးတွေရဲ့ အနံ့ကိုပါ ကျွန်မ ရနေတယ်။ အနံ့က တစ်မျိုးပဲ... ညှီစို့စို့နဲ့"

ချန်အင်းရွှယ်က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး နဂါးနက်လှေ၏ အရှိန်ကို တဖြည်းဖြည်း လျှော့ချလိုက်သည်။

​လှေပေါ်ရှိ အမာခံတပည့်များမှာလည်း တစ်ဦးပြီးတစ်ဦး စုရုံးရောက်ရှိလာကြသည်။

​"စီနီယာအစ်မသုံး...ဝိညာဥ်ခွဲမသေမျိုးတွေမှာ ဘယ်လို ထူးခြားတဲ့ စွမ်းအားတွေ ရှိတာလဲ "

ဖန့်ချန်က အခြေအနေကို စောင့်ကြည့်ရင်း တည်ငြိမ်စွာ မေးလိုက်သည်။

​ရုလိုင်ဘုရားကျောင်းက ဤနေရာတွင် ပေါ်လာခြင်းမှာ တိုက်ဆိုင်မှု ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။

ထို့ကြောင့် ယခုတစ်ခေါက်တွင် သူတို့အား မသေမျိုးလောကငယ်သို့ မျှားခေါ်ပြီး တိုက်ခိုက်မည့် အဓိကလက်သည်မှာ ရုလိုင်ဘုရားကျောင်းနှင့် မသေမျိုးမျိုးနွယ်စု လေးစုထဲမှ တစ်ခုဖြစ်သည့် ဝိညာဥ်ခွဲမသေမျိုး မျိုးနွယ်စု ဖြစ်နေမလား။

​"ဝိညာဥ်ခွဲမသေမျိုးမျိုးနွယ်က တကယ့်ကို ရင်ဆိုင်ရ ခက်ခဲတယ်။ ဒီကောင်တွေက အဆင့် ၁ ကတည်းက သူတို့ရဲ့ ရုပ်ခန္ဓာကို စွန့်လွှတ်ခဲ့ကြတာ။ အဲဒီခန္ဓာကိုယ်ကို တစ်နေရာမှာ ဝှက်ထားပြီး နေ့ညမပြတ် ကျင့်ကြံပြုပြင် နေကြတာ "

​ချန်အင်းရွှယ်က ရှင်းပြသည်

"မင်း နေ့စဉ်တွေ့နေရတဲ့ ဝိညာဥ်ခွဲမသေမျိုးတွေက ကြည့်ရတာ လူရှင်နဲ့ မခြားပေမဲ့ တကယ်တော့ လူ့လောကမှာ လျှောက်သွားနေတဲ့ ဝိညာဉ်တွေပဲ။ ဒါပေမဲ့ ယင်လောက က ဝိညာဉ်တွေနဲ့တော့ မတူပြန်ဘူး "

​"သူတို့ကို ဂိုဏ်းကြီးတွေက ယင်မသေမျိုး လမ်းစဉ် လိုက်တဲ့သူတွေလို့ မှတ်ယူနိုင်တယ်။ ဒါပေမဲ့... သူတို့က ယင်မသေမျိုးတွေထက် အများကြီး ပိုပြီး ဒုက္ခပေးနိုင်တယ်။ တကယ်လို့ သူတို့ အသတ်ခံရရင်တောင် သူတို့ရဲ့ မူရင်းရုပ်ခန္ဓာထဲကနေ ဝိညာဉ်အသစ်ကို ပြန်ပြီး လည်ပတ်နိုးထစေနိုင်တယ်။ အဆင့် ၁ ဆိုရင် တစ်ကြိမ်၊ အဆင့် ၂ ဆိုရင် နှစ်ကြိမ်၊ အဆင့် ၃ ဆိုရင် သုံးကြိမ်..."

​"တကယ်လို့ အဆင့် ၉ ဝိညာဥ်ခွဲမသေမျိုးဆိုရင်တော့ ကိုးကြိမ်အထိ ပြန်ရှင်နိုင်တယ်။ အသက် ကိုးချောင်း ရှိတဲ့ သဘောပဲ။ သူတို့ကို အပြီးတိုင် သုတ်သင်ချင်တယ်ဆိုရင်တော့ သူတို့ ဝှက်ထားတဲ့ ရုပ်ခန္ဓာကို တိုက်ရိုက် ဖျက်ဆီးပစ်ရလိမ့်မယ် "

​ထိုသို့ပြောရင်း ချန်အင်းရွှယ်က ရုတ်တရက် ရယ်မောကာ

"လောကမှာ ဒီဝိညာဥ်ခွဲမသေမျိုးတွေကို အပြတ်အသတ် နှိမ်နင်းနိုင်တဲ့ မသေမျိုးအတတ် တစ်မျိုးလည်း ရှိသေးတယ်။ မင်း ကောင်းကင်မြားပစ်အတတ် အကြောင်း သိမှာပေါ့။ အဲဒီအတတ်က သူတို့ ဝှက်ထားတဲ့ ရုပ်ခန္ဓာကို ကံတရား ရဲ့ ဦးဆောင်မှုနဲ့ အလိုအလျောက် ရှာဖွေနိုင်တယ်။ ဒါပေမဲ့ အကွာအဝေး ကန့်သတ်ချက် ရှိတယ်။ တကယ်လို့ ဝေးလွန်းရင်တော့ အသုံးမဝင်ဘူး။ ကောင်းကင်မြားပစ်အတတ်နဲ့ ရုပ်ခန္ဓာကို မရှာတွေ့ခင်မှာတော့ မင်းရှေ့က ဝိညာဥ်ခွဲမသေမျိုးကိုလည်း ရင်ဆိုင်နေရဦးမှာပဲ"

​'ကောင်းကင်မြားပစ်အတတ်က ဝိညာဥ်ခွဲမသေမျိုးတွေကို အနိုင်ရနိုင်တာလား '

ဖန့်ချန် အနည်းငယ် အံ့အားသင့်သွားသော်လည်း ထိုအတတ်မှာ ကံတရား၏ အစွဲအလမ်းကို အခြေခံထားခြင်း ဖြစ်ရာ အဓိကအချက်ကို ခန့်မှန်းမိလိုက်သည်။

​သို့သော် သူ မမျှော်လင့်ထားသည်မှာ ဝိညာဥ်ခွဲမသေမျိုးများသည် သေပြီးမှ ပြန်လည် နိုးထနိုင်ခြင်းပင်။ ရုပ်ခန္ဓာထဲမှ ဝိညာဉ်အသစ်ကို ထပ်မံ ထွက်ပေါ်လာစေနိုင်သည်ဟု ဆိုပါလား။

​'အရင်က မိတ်ဆွေ ချင်းကျွဲ ဘေးမှာရှိတဲ့ ဌာနမှူးတန့် ကလည်း ဝိညာဥ်ခွဲမသေမျိုး မဟုတ်ဘူးလား ဒီလိုကြည့်ရင် သူ တကယ် သေသွားတာ မဟုတ်နိုင်သေးဘူး...'

​အတွေးများ လှည့်ပတ်နေစဉ်မှာပင် သူ၏ စိတ်ထဲမှ အကြောတစ်ခုကို တစ်စုံတစ်ယောက်က လာရောက် ပုတ်ခတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။

​'သေပြီးမှ ပြန်ရှင်ခြင်း... ရုပ်ခန္ဓာထဲကနေ အသစ်ပြန်ဖြစ်ပေါ်ခြင်း...'

​ဖန့်ချန် ရုတ်တရက် ခေါင်းမော့လိုက်သည်။

မိစ္ဆာမျိုးနွယ်စုဝင်များသည် မိစ္ဆာကပ်ဘေးအတတ်ကို အသုံးပြုရန်အတွက် မိမိကိုယ်ကိုယ် ယဇ်ပူဇော်ရသည်။ အကယ်၍... သူတို့က ယခုဘဝမှာ ဝ်ညာဥ်ခွဲမသေမျိုးလမ်းစဉ်ကို လျှောက်လှမ်းထားကြမည်ဆိုလျှင် မိမိတို့၏ အသက်ကို လုံးလုံးလျားလျား စွန့်လွှတ်စရာ မလိုဘဲ မိစ္ဆာကပ်ဘေးကို ဖန်တီးနိုင်မည် မဟုတ်ပါလား။

​'အဆင့် ၂ ဝိညာဥ်ခွဲမသေမျိုး တစ်ယောက်က မိစ္ဆာကပ်ဘေးကို တစ်ကြိမ် ဖန်တီးနိုင်မယ်၊ သူ အဆင့် ၃ ရောက်ရင် နောက်တစ်ကြိမ် ထပ်လုပ်နိုင်မယ်...'

​ဖန့်ချန် နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ။

ယခုတစ်ခေါက် မိစ္ဆာမျိုးနွယ်စုက သူတို့ကို ကြံစည်ခြင်းမှာ အသစ်ဖန်တီးထားသည့် မှတ်ဉာဏ်နိုးထနည်း တစ်ခုခုကြောင့် မဟုတ်ပေ။ ဝိညာဥ်ခွဲမသေမျိုးများကို အသုံးချရန် ကြံစည်ထားခြင်းသာ ဖြစ်သည်။

​မသေမျိုးလောကငယ်၏ မသေမျိုးမျိုးနွယ်စု လေးစုထဲတွင် ဝိညာဥ်ခွဲမသေမျိုးများမှာ ထိပ်ဆုံးမှ ပါဝင်ပြီး အဆင့် ၉ မသေမျိုးကြီးများပင် ရှိနေသည်။ အကယ်၍ အဆင့် ၈ ဝိညာဥ်ခွဲမသေမျိုး တစ်ဦးသာ ထွက်ပေါ်လာမည်ဆိုလျှင် လက်ရှိ ရောက်ရှိနေသည့် အမာခံတပည့် အားလုံးကို မိစ္ဆာကပ်ဘေးထဲသို့ ဆွဲသွင်းရန် လုံလောက်ပေသည်။

​"စီနီယာအစ်မသုံး... စီနီယာအစ်မကြီးရော သူမ ဒီမှာ ရှိနေလား "

ဖန့်ချန်သည် လေးနက်သော မျက်နှာထားဖြင့် အသံလွှင့်ကာ မေးလိုက်သည်။

​"မင်း ထင်တာက... ရှေ့မှာရှိနေတဲ့ ဟိုလူအုပ်ကြီးရဲ့ ရည်ရွယ်ချက်က ငါတို့လို့ ထင်နေတာလား "

ချန်အင်းရွှယ်၏ မျက်ဝန်းထဲတွင် သာမန်ကာလျှံကာ အပြုံးတစ်ခု ပေါ်လာသည်။

​"ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ရုလိုင်ဘုရားကျောင်းက ဒါမျိုးကို ပထမဆုံးအကြိမ် လုပ်တာမှ မဟုတ်တာ"

ဖန့်ချန်က ပြန်ပြောလိုက်သည်။

​"ဒါဆိုရင်လည်း သူတို့ ဒီတစ်ခေါက် ဘယ်သူတွေကို လွှတ်လိုက်လဲဆိုတာ ကြည့်ရတာပေါ့။ ငါ ချန်အင်းရွှယ်ကို ရင်ဆိုင်ဖို့ဆိုရင် အနည်းဆုံးတော့ အဆင့် ၇ ရှေးဟောင်းမသေမျိုး တစ်ပါးတော့ ပါလာရမှာ မဟုတ်ဘူးလား "

ချန်အင်းရွှယ်က သာယာစွာ ရယ်မောလိုက်ပြီးနောက် သူမ၏ နဂါးနက်လှေ မှာ အရှိန်ကို ရုတ်တရက် မြှင့်တင်လိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရုလိုင်ဘုရားကျောင်း၏ မသေမျိုးသလှေ ရှေ့မှောက်သို့ ရောက်ရှိသွားတော့သည်။

​"ရှောက်ကွမ်းယင်"

နန်မင်ရုယွဲ့နှင့် လီရှမ်းဇီတို့မှာ ထိတ်လန့်သွားကြသည်။ ဤသည်မှာ တိုက်ဆိုင်မှု မဟုတ်ကြောင်း သူတို့ ခံစားမိလိုက်ပြီဖြစ်သည်။

​ကျယ်ပြောလှသော မသေမျိုးလောကငယ် ထဲတွင် ဒီအတိုင်း အပြင်ထွက်လာရုံမျှဖြင့် ရုလိုင်ဘုရားကျောင်း၏ ဗုဒ္ဓသားတော်နှင့် ဆုံတွေ့ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

​'ရှောက်ကွမ်းယင်... သူ လျှောက်လှမ်းထားတဲ့ လမ်းစဉ်က ဝိညာဥ်ခွဲမသေမျိုး လမ်းစဉ်လား '

ဖန့်ချန်၏ မျက်နှာမှာ လေးနက်နေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက တာ့လေယင်တွင် ရှောက်ကွမ်းယင်နှင့် ရှဲ့အာမန်တို့ တိုက်ခိုက်ခဲ့သည့် ပုံရိပ်မှာ မျက်စိထဲ၌ ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေဆဲ ဖြစ်သည်။ အလွန်အမင်း အစွမ်းထက်လှသော ရှဲ့အာမန်ပင်လျှင် ရှောက်ကွမ်းယင် မိစ္ဆာဝင်သွားပြီးနောက်တွင် အနိုင်မရဘဲ သရေသာ ကျခဲ့ဖူးသည်။

​"ရုလိုင်ဘုရားကျောင်းရဲ့ ဗုဒ္ဓသားတော်... ရှင်တို့ ဒီလမ်းမှာ လာပိတ်နေတာက ကျွန်မတို့ကို နှုတ်ဆက်ရုံသက်သက်ပဲတော့ မဟုတ်လောက်ဘူးနော် "

ချန်အင်းရွှယ်က ပြုံးလျက် ဆိုလိုက်သည်။

​မသေမျိုးလှေပေါ်တွင် လူတစ်ဒါဇင်ခန့် ရပ်နေကြသည်။ ရှောက်ကွမ်းယင် တစ်ဦးတည်းသာ ရုလိုင်ဘုရားကျောင်း၏ တပည့်ဖြစ်ပြီး ကျန်ရှိသော သူများမှာမူ ဝိညာဥ်ခွဲမသေမျိုး မျိုးနွယ်စုမှ ဆင်းသက်လာသူများဖြစ်ရာ အလားတူ အရှိန်အဝါများ ထွက်ပေါ်နေကြသည်။

​"အာမိတ္တိုဗုဒ္ဓ "

ရှောက်ကွမ်းယင်က အေးဆေးစွာ ပြုံးလိုက်ပြီး အကြည့်တစ်ချက် ဝေ့ဝဲလိုက်သည်။

ဖန့်ချန်ကို ထိုနေရာတွင် မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းထဲမှ အပြုံးရိပ်မှာ ပိုမို နက်ရှိုင်းသွားသကဲ့သို့ ရှိတော့သည်။

အခန်း (၁၆၂၀) - အမြင့်မြတ်ဆုံးသော စစ်ဗျူဟာ

​"ဖန့်မိတ်ဆွေ... တစ်ဖက်လူတွေက ရည်ရွယ်ချက်ကောင်းပုံမရဘူး"

​ကြာနီနတ်မိမယ်သည် ဖန့်ချန်၏ဘေးတွင် ရပ်တန့်လိုက်ပြီး ရှောက်ကွမ်းယင်နှင့် လူအုပ်ကို ကြည့်ကာ သူမ၏မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုရိပ်များ ဖြတ်ပြေးသွားသည်။

​"ကိစ္စမရှိပါဘူး၊ အရင်က တာ့လေယင်မှာ သူတို့ ရှုံးနိမ့်ခဲ့လို့ဆိုပြီး ဒီမှာတင် ကျွန်တော်တို့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့အထိတော့ မဖြစ်နိုင်ပါဘူး"

​"တကယ်လို့သာ အဲဒီလိုလုပ်ခဲ့ရင် ဒီသတင်း ပျံ့သွားတာနဲ့ ကျွယ်မင်နန်းတော်နဲ့ ရုလိုင်ဘုရားကျောင်းကြားမှာ တကယ့်စစ်ပွဲကြီး ဖြစ်သွားနိုင်တယ်လေ"

​ဖန့်ချန်က ပြုံးလျက် နှစ်သိမ့်စကား ဆိုလိုက်သည်။

​ကြာနီနတ်မိမယ်မှာမူ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ သူမ စိုးရိမ်နေသည်မှာ သတင်းက လုံးဝ ပြန်မရောက်နိုင်တော့မှာကိုပင်။

​"ဘုရားစာတွေ ရွတ်မနေပါနဲ့တော့၊ ကျွန်မတို့ ကျွယ်မင်နန်းတော်က ဒါတွေကို မယုံဘူး။ ပြောစမ်းပါဦး... ဒီမှာ လာစောင့်နေတာ ဘာကိစ္စရှိလို့လဲ "

​ချန်အင်းရွှယ်က စိတ်မရှည်စွာဖြင့် ပြောဆိုလိုက်သည်။

​"ဆင်းရဲသားရဟန်းက ဒီအတိုင်း လမ်းကြုံလို့ပါ၊ အထူးတလည် စောင့်နေတာ မဟုတ်ပါဘူး"

​ရှောက်ကွမ်းယင်က ခေါင်းကို အသာအယာခါယမ်းလိုက်ပြီး လက်ဟန်ဖြင့် လမ်းဖယ်ပေးကာ

​"ချန်အမာခံတပည့်က အလုပ်ကိစ္စ အလျင်လိုနေတယ်ဆိုရင် အရင်ဆုံး ကြွပါ"

​"တကယ်ပဲ လမ်းကြုံတာလား ဒါဆိုရင်တော့ ကျွန်မ လှည့်ပြန်တော့မယ်နော်"

​ချန်အင်းရွှယ်က ပြုံးလျက်

"နောင်တမရနဲ့ဦးလေ ဟားဟား"

​စကားပြောနေစဉ်မှာပင် နဂါးနက်လှေကြီးသည် ချက်ချင်း နောက်ကြောင်းပြန်လှည့်လိုက်သည်။

​လှေပေါ်ရှိ အမာခံတပည့်များသည်လည်း နားလည်မှုရှိစွာဖြင့် လှေထဲသို့ မသေမျိုးစွမ်းအင် များ ဝိုင်းဝန်းဖြည့်တင်းပေးလိုက်ကြပြီး လောလောဆယ်တွင် နယ်မြေချဲ့ထွင်ရေးအဖွဲ့ဝင်များကဲ့သို့ တာဝန်ယူပေးလိုက်ကြသည်။

​နောက်တစ်စက္ကန့်တွင် ဟောင်းနွမ်းခြောက်ကပ်နေသော အရိုးစုများစွာသည် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး ခဏချင်းမှာပင် ဤကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ၎င်းသည် ကြီးမားလှသော ငှက်လှောင်အိမ်ကြီးတစ်ခုကဲ့သို့ နဂါးနက်လှေနှင့် ရှောက်ကွမ်းယင်တို့ လူအုပ်ကိုပါ အတွင်း၌ ပိတ်လှောင်လိုက်လေသည်။

​'တကယ်ပဲ ဒီအခြေအနေအထိ ရောက်လာပြီပေါ့'

​ဖန့်ချန်သည် ရင်ထဲတွင် သက်ပြင်းတစ်ချက်ကို ခိုး၍ ချလိုက်မိသည်။

​သူသည် ရှန့်ကျုံးထံမှ သင်ယူခဲ့သော မိစ္ဆာစကားများကို စိတ်ထဲမှ တစ်ခေါက် ပြန်နွှေးလိုက်သည်။ လေယူလေသိမ်းက အနည်းငယ် ထူးဆန်းနေနိုင်သော်လည်း စကားနည်းသော ပုံစံမျိုး ဖန်တီးထားမည်ဆိုလျှင်တော့ အရောဝင်သွားနိုင်လိမ့်မည်ဟု ယူဆသည်။

​ဤသည်မှာ ဖန့်ချန်အတွက် ယခုခရီးစဉ်၏ အဆိုးဝါးဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုပင်။ အကယ်၍ တားဆီး၍ မရတော့ပါက မိစ္ဆာများထဲသို့ ရောနှောဝင်ရောက်ကာ ဂုဏ်သိက္ခာရှိသော သူလျှိုတစ်ယောက်အဖြစ် နေထိုင်သွားရန် ဖြစ်သည်။

​လှောင်အိမ်သဖွယ် ကောင်းကင်တစ်ခုလုံးကို ပိတ်ဆို့ထားသည့် အရိုးစုများကို ကြည့်ရင်း နန်မင်ရုယွဲ့၊ လီရှမ်းဇီနှင့် အခြားအမာခံတပည့်များ၏ မျက်နှာတွင် ထိတ်လန့်ဒေါသထွက်မှုများ ပေါ်ပေါက်လာသည်။

​"အရိုးစုဝင်္ကပါလား ရှောက်ကွမ်းယင်... နင် ဒီဝိညာဥ်ခွဲမသေမျိုးတွေကို ခေါ်ပြီး ဘာလုပ်ဖို့ ကြံနေတာလဲ"

​ချန်အင်းရွှယ်က တည်ငြိမ်စွာဖြင့်

"အရင်က ရုလိုင်ဘုရားကျောင်းက စကားကောင်းတွေ ပြောပြီး တောင်းပန်ခဲ့လို့သာ ကျွယ်မင်နန်းတော်နဲ့ စစ်ပွဲမဖြစ်ခဲ့တာ။ အခု ဒါက ဘာသဘောလဲ "

​ရှောက်ကွမ်းယင်က တစ်ခွန်းမျှ ပြန်မပြောဘဲ သူ၏ဘေးမှ ဝိညာဥ်ခွဲမသေမျိုး တစ်ဦးကိုသာ လှမ်းကြည့်လိုက်သည်။

​ထိုသူသည် ကိုယ်လုံးကိုယ်ပေါက် ရှည်လျားပြီး အစိမ်းရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထားကာ မျက်နှာထားမှာ အနည်းငယ် ပုပ်သိုးနေသည်။ သူသည် စကားပြောရန် စိတ်ကူးမရှိပုံရဘဲ ချန်အင်းရွှယ်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ကိုယ်တွင်းမှ မသေမျိုးစွမ်းအင်များ ရုတ်တရက် စုစည်းလာပြီး နက်မှောင်သော မြူခိုးများ ထွက်ပေါ်လာတော့သည်။

​ဘေးပတ်ဝန်းကျင်ရှိ ဝိညာဥ်ခွဲမသေမျိုးများမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် မည်းမှောင်သော မြူခိုးလုံးကြီးများကို ထုတ်လွှတ်လိုက်ကြသည်။

​ထိုမြူခိုးများ ထွက်ပေါ်လာချိန်တွင် ဝိညာဥ်ခွဲမသေမျိုးများ၏ အရှိန်အဝါများမှာ သိသိသာသာ ကျဆင်းသွားသည်ကို နန်မင်ရုယွဲ့တို့ အဖွဲ့က သိသိသာသာ ခံစားလိုက်ရသည်။

​"ချန်အမာခံတပည့်... ကိစ္စ တစ်ခုလုံးက အရမ်းမြန်ပါတယ်။ မကြာခင်မှာပဲ ကျုပ်ရဲ့ ဒီနေ့ စေတနာကို ခင်ဗျား နားလည်သွားပါလိမ့်မယ်"

​ရှောက်ကွမ်းယင်က ပြုံးလျက် ဆိုလိုက်သည်။

​"လျှို့ဝှက်ချက်တွေ လုပ်ပြနေတာလား "

​ချန်အင်းရွှယ်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

​"အရှင် "

​ကျိထျန်းကျွင်းသည် ရုတ်တရက် ရှေ့သို့ တစ်လှမ်းတက်လာပြီး ရှောက်ကွမ်းယင်ကို လက်အုပ်ချီကာ

​"ကျွယ်မင်နန်းတော်က ဖန့်အမာခံတပည့်ဟာ တာ့လေယင် တိုက်ပွဲတုန်းက ကျွန်တော်တို့လူတွေကို သတ်ခဲ့ဖူးပါတယ်။ သူဟာ ဒီကိစ္စမှာ ပါဝင်ခွင့်ရဖို့ အရည်အချင်း မရှိဘူးလို့ ကျွန်တော် ယူဆပါတယ် "

​အနားရှိ အမာခံတပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ရိပ်ယောင်သွားကြသည်။

​ကျိရှန့်သည် ကျိထျန်းကျွင်းကို မယုံနိုင်စဖွယ် ကြည့်ရင်း

"မင်း ဘာတွေ ပြောနေတာလဲ "

​"ဝမ်းကွဲညီ... ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး။ ခဏနေရင် ငါ ဘာလို့ ဒီလိုလုပ်ရလဲဆိုတာ မင်း သိလာလိမ့်မယ်"

​ကျိထျန်းကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ မိမိကိုယ်ကိုယ် ဖော်ထုတ်လိုက်ရခြင်းကို သူ စိုးရိမ်ပုံမရပေ။ အကြောင်းမှာ မကြာမီတွင် အားလုံးမှာ မိမိလူများ ဖြစ်သွားကြတော့မည်ဖြစ်ရာ ဖုံးကွယ်ထားစရာ မလိုတော့သောကြောင့် ဖြစ်သည်။

​"ငါနဲ့ မဆိုင်ဘူးလား မင်း ဘယ်တုန်းက ရုလိုင်ဘုရားကျောင်းက ရှောက်ကွမ်းယင်နဲ့ ပေါင်းသွားတာလဲ ဒါ ငါနဲ့ မဆိုင်ဘူးလို့ ဘယ်လိုပြောနိုင်ရတာလဲ မင်း ငါ့ကို ဒုက္ခပေးချင်တာလား၊ ကျိမျိုးနွယ်စု တစ်ခုလုံးကို ဒုက္ခပေးချင်တာလား "

​ကျိရှန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

​"ညီလေး... ငါ မင်းကို ဒုက္ခမပေးပါဘူး။ ဒုက္ခပေးချင်ရင် မင်းကို အစီရင်မသေမျိုးအတတ် တွေ အမြန်ဆုံး တတ်မြောက်အောင် ဘယ်လိုလုပ်ပြီး လျှို့ဝှက်နည်းတွေ သင်ပေးခဲ့မလဲ "

​ကျိထျန်းကျွင်းက ပြုံးလျက် ဆိုသည်။

​လီရှမ်းဇီမှာ ကြောင်အသွားမိသည်

"မင်းက သူ့ကို နည်းလမ်းတွေ သင်ပေးခဲ့တာလား အစီရင်မသေမျိုးအတတ်ကို အမြန်ဆုံး တတ်မြောက်အောင်လို့လား "

​ရောက်ရှိနေသော အမာခံတပည့်များမှာ မယုံနိုင်သကဲ့သို့ ဖြစ်နေကြသည်။ အစီရင်မသေမျိုးအတတ်ကို နားလည်သဘောပေါက်ရန်မှာ မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှုအပေါ်သာ မူတည်သည်။ ကျွယ်မင်နန်းတော်တွင်ပင် မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့သော်လည်း အခြားသူတစ်ဦးကို အမြန်ဆုံး တတ်မြောက်အောင် သင်ပေးနိုင်သည်ဟု မည်သူမျှ မပြောဝံ့ကြချေ။

​ကျိထျန်းကျွင်းသည် လီရှမ်းဇီကို ဂရုမစိုက်ဘဲ ရှောက်ကွမ်းယင်ကိုသာ စိုက်ကြည့်နေသည်။

​ရှောက်ကွမ်းယင်က ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်သည်။

​"မင်း ပြောတာ ယုတ္တိရှိပါတယ်။ သူက တကယ်ပဲ ငါတို့လူတွေကို သတ်ခဲ့ဖူးတယ်။ ဒီနေ့ကိစ္စမှာတော့ သူ ပါဝင်စရာ မလိုတော့ဘူး"

​ကျိထျန်းကျွင်း၏ နှုတ်ခမ်းထောင့်များ အသာအယာ ကွေးညွှတ်သွားပြီး ကြာနီနတ်မိမယ်ကို စိန်ခေါ်သည့် အကြည့်မျိုးဖြင့် ခိုးကြည့်လိုက်သည်။ ကြာနီနတ်မိမယ်၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းနေတော့သည်။

​ဖန့်ချန်သည်လည်း ယခုအချိန်တွင် နားလည်သွားခဲ့ပြီ။ တစ်ဖက်လူမှာ သူ့ကို မှတ်ဉာဏ်နိုးထခွင့် ပေးရန် စိတ်ကူးမရှိပေ။ သူသည် သူလျှိုအဖြစ် ဝင်ရောက်ရန်ပင် အခွင့်အရေး မရှိတော့ဟု ဆိုလိုခြင်းလော။

​ထိုစဉ်မှာပင် ရှောက်ကွမ်းယင်ရှိရာ မသေမျိုးလှေသည် နက်မှောင်သော မြူခိုးများဖြင့် လုံးလုံးလျားလျား ဖုံးလွှမ်းသွားတော့သည်။ သူတို့၏ မျက်နှာများကို မြူခိုးများကြားတွင် ရိပ်ခနဲသာ မြင်တွေ့ရပြီး သေချာစွာ မမြင်ရတော့ချေ။

​"အားလုံး စိတ်အေးအေးထားပါ၊ မကြာခင်မှာပဲ အရာအားလုံးကို သိရပါလိမ့်မယ်"

​ကျိထျန်းကျွင်းက ပြုံးလျက် ဆိုလိုက်သည်။ ကျိရှန့်မှာမူ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး ကျိထျန်းကျွင်းကို ချက်ချင်း သတ်ပစ်ချင်စိတ် ပေါက်နေသည်။ သို့သော် သူ လက်မလှုပ်နိုင်သေးပေ၊ ကျိထျန်းကျွင်းထံမှ အဖြေအချို့ကို မေးမြန်းရန် ကျန်ရှိနေသေးသည်။

​ဖန့်ချန်သည် ထိုမြူခိုးများကို စိုက်ကြည့်နေမိသည်။

အကယ်၍ မမှားနိုင်လျှင် ဤသည်မှာ တစ်ဖက်လူက မိစ္ဆာကပ်ဘေး ကို ကျရောက်စေမည့် နည်းလမ်းပင် ဖြစ်လိမ့်မည်။

​'ခုနက ဝိညာဥ်ခွဲမသေမျိုးဟာ အဆင့် ၇ ရှေးဟောင်းမသေမျိုး ဖြစ်ဖို့ များတယ်။ ကျန်တဲ့ ဝိညာဥ်ခွဲမသေမျိုးတွေရဲ့ ကျင့်ကြံမှုကလည်း မနိမ့်ဘူး'

​'သူတို့ရဲ့ မိစ္ဆာကပ်ဘေး ဧရိယာက ဒီလောက် အတိုင်းအတာအတွင်းမှာပဲဆိုရင် မှတ်ဉာဏ်နိုးထနှုန်းက ပိုပြီး မြင့်မားသွားနိုင်မလား '

​ဤအချက်ကို တွေးမိသောအခါ ဖန့်ချန်သည် ထိုနည်းလမ်း၏ အားသာချက်နှင့် အားနည်းချက်ကို နားလည်လာသည်။

​'သူတို့မှာ နယ်မြေအကျယ်ကြီးကို မိစ္ဆာကပ်ဘေး ချနိုင်ဖို့ လူအင်အား မလုံလောက်ပေမဲ့၊ အတိုင်းအတာတစ်ခုအတွင်းမှာတော့ အတိတ်ဘဝမှတ်ဉာဏ်တွေကို နိုးထစေပြီး မိစ္ဆာမျိုးနွယ်အဖြစ် အသွင်ပြောင်းဖို့ လုပ်နိုင်တယ်'

​'အကယ်၍ ဒီလူတွေအားလုံးက ထိပ်တန်း အမာခံတပည့်တွေ ဖြစ်နေမယ်ဆိုရင်... နှစ်ပေါင်းရာနဲ့ ချီ၊ ထောင်နဲ့ ချီ ကြာတဲ့အခါ မိစ္ဆာမျိုးနွယ်စုဟာ လက်နက်မပါဘဲ လူသားနယ်မြေကိုးခုရဲ့ အတော်ဆုံး ကျင့်ကြံသူတွေကို အပိုင်ရသွားပြီး လူသားလောကကြီးတစ်ခုလုံးကို သွယ်ဝိုက်ပြီး ထိန်းချုပ်သွားနိုင်မှာပဲ'

​'တကယ်ပဲ... သူတို့လည်း စစ်မတိုက်ချင်ကြဘူး၊ ဒါဟာ အမြင့်မြတ်ဆုံးသော စစ်ဗျူဟာ ပဲ '

​ဤသည်မှာ ဖန့်ချန်ကို အချိန်အတော်ကြာအောင် ဒုက္ခပေးခဲ့သည့် မေးခွန်းပင်။

အကယ်၍ မိစ္ဆာမျိုးနွယ်စုသည်လည်း စစ်မတိုက်ချင်ဘူးဆိုလျှင် လူသားမျိုးနွယ်အတွက်တော့ သတင်းကောင်းပင် ဖြစ်သည်။ အနည်းဆုံးတော့ လူသားနယ်မြေကိုးခုမှာ ယခင်ကကဲ့သို့ ပျက်စီးခြင်းမျိုး ထပ်မံ မကြုံတွေ့ရတော့ပေ။ မိစ္ဆာမျိုးနွယ်စုဘက်ကလည်း ပျက်စီးနေသော နယ်မြေတစ်ခုကို သိမ်းပိုက်လိုမည် မဟုတ်ပေ။

​"ဖန့်မိတ်ဆွေ... ကျွန်မ ရှင့်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့... ကျွန်မ ရှင့်ကို အမြဲတမ်း လိမ်ညာနေခဲ့တယ်လို့တော့ မထင်စေချင်ဘူး"

​ကြာနီနတ်မိမယ်၏ အသံသည် ဖန့်ချန်၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ သူမ စကားစရန် ပြင်လိုက်စဉ်မှာပင် ဖန့်ချန်က အသံလွှင့်ကာ တားဆီးလိုက်သည်။

​"နေဦး... မလောပါနဲ့၊ စီနီယာအစ်မကြီးလည်း မသေမျိုးလောကငယ်ထဲမှာ ရှိနေတယ်"

​စီနီယာအစ်မကြီးလည်း ရှိနေတာလား

​ကြာနီနတ်မိမယ်မှာ ခေတ္တမျှ ကြောင်အသွားသည်။

ဖန့်ချန်သည် ချန်အင်းရွှယ်၏ အမူအရာကို သတိပြုမိသည်။ သူမသည် အစမှအဆုံးထိ အေးဆေးတည်ငြိမ်နေခဲ့သည်။ ထိုအမူအရာက သူ့ကို ရှဲ့အာမန်အား သတိရစေပြီး တစ်စုံတစ်ခုကို နားလည်သွားစေသည်။

​"ဘယ်သူရှိလဲ ဘယ်သူမှ မရှိရင်တော့ ကျွန်မတို့ဘာသာ တံခါးဖွင့်ဝင်လာခဲ့တော့မယ်နော်"

​အားလုံး၏ ခေါင်းပေါ်မှ ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ကျယ်လောင်သော အသံကြီးနှင့်အတူ အရိုးစုများဖြင့် တည်ဆောက်ထားသော ငှက်လှောင်အိမ်ကြီး၏ အပေါ်ဘက်တွင် အပေါက်ကြီးတစ်ခု ချက်ချင်း ပွင့်ထွက်သွားတော့သည်။

​ထိုအပေါက်မှနေ၍ လူအချို့ ခေါင်းပြူ၍ ငုံ့ကြည့်နေကြသည်။ ထိုအထဲမှ တစ်ယောက်မှာ ချန်အင်းရွှယ် ဖြစ်နေတော့သည်။

​"စီနီယာအစ်မသုံး သူမက ဘာလို့ အဲဒီမှာ ရောက်နေတာလဲ ဒါဆိုရင် ဒီက တစ်ယောက်က..."

​ကျွယ်မင်နန်းတော်မှ အမာခံတပည့်များမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး အနားရှိ ချန်အင်းရွှယ် ကို အမှတ်မထင် လှမ်းကြည့်လိုက်ကြတော့သည်။

All Chapters