← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

🫧 Chapter 155

"မင်းတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဘယ်ကနေ ရောက်လာကြတာလဲ"

ကျန်းလင်သည် မြေကြီးပေါ်ရှိ ဝိညာဉ်ဆိုင်ပိုင်ရှင်ကို ကြည့်လိုက်ပြီး သူ့ လက်ထဲမှ ဝိညာဉ်ခေါ်တံပိုးက တစ်ဖက်လူ၏ လည်ပင်းကို ထောက်ထားလေသည်။

ထိုပုံစံမှာ၎င်း၏အသက်ကို အချိန်မရွေး အဆုံးသတ်ပစ်နိုင်မည့်ပုံပင်။

ဤအချိန်မတိုင်ခင်က

ကျန်းလင်သည် အခြား ကိစ္စတစ်ခုကို ဖြေရှင်းရန် ပြင်ဆင်နေချိန် ဤနေရာမှ ဖြတ်သွားစဉ် သူ အမြဲတမ်း ဆောင်ထားလေ့ရှိသော ဝိညာဉ်နယ်မြေဘောလုံးလေးမှာ တုံ့ပြန်မှု ရှိလာခဲ့ခြင်းဖြစ်သည်။

သူသည် ဝိညာဉ်နယ်မြေဘောလုံးမှ ထွက်ပေါ်လာသော ချီအငွေ့အသက် လမ်းကြောင်းအတိုင်း လိုက်သွားခဲ့ရာ လမ်း သွယ်တစ်ခု၏အနောက်ဘက်တွင် ထိုသူကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အဘိုးအို တစ်ဦးကိုပါ တွေ့ခဲ့ရ၏။

ထိုအဘိုးအိုမှာ တိုက်ပွဲအတွင်း အထိနာသွားပြီးနောက် ယင်ချီများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့လေပြီ။

"မင်း ငါတို့ကို သတ်လို့ မရပါဘူး"

ထို့နောက်ဝိညာဉ်ဆိုင်ပိုင်ရှင်၏လည်ပင်းမှ မာနကြီးနေသောအသံကထွက်ပေါ်လာ၏။

"ငါတို့ သေသွားရင်တောင်၊ ငါတို့ရဲ့ ဘုရင်ကြီး ပြန်လည်ရောက်ရှိလာမယ့်နေ့ဟာ ငါတို့ ပြန်လည်မွေးဖွားမယ့်နေ့ပဲ"

"ဒီ လူ့ပြည်ကော၊ ငရဲပြည်ကော အားလုံးက သူ့ရဲ့ ပြန်လာတာကို ကြိုဆိုကြရလိမ့်မယ် ဟားဟားဟားဟား"

ကျန်းလင် တစ်ခုခုပြောရန် ပြင်လိုက်စဉ် ရုတ်တရက် မတ် တတ်ရပ်ကာ အနောက်သို့ ခုန်ဆုတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင်

မြေကြီးပေါ်တွင် လဲကျနေသော ဝိညာဉ်ဆိုင်ပိုင်ရှင်၏ ခန္ဓာကိုယ်မှာ အလျင်အမြန် ဖောင်းပွလာတော့သည်။

'ဝုန်း'

ထို့နောက်ပြင်းထန်သော သရဲချီအငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး လေဟာနယ် တစ်ခုလုံးပင် အနည်းငယ်တွန့် လိမ်သွားတော့သည်။

ထိုပေါက်ကွဲမှာကြောင့်မြေကြီးပေါ်တွင် နက်ရှိုင်းသော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားပြီး အနီးအနားရှိ ကွန်ကရစ်လမ်းများမှာလည်း ပေါက်ကွဲမှု၏ဂယက်ကြောင့် အပိုင်းပိုင်းကွဲကြေကာ အမှုန့်များအဖြစ် ပြောင်းလဲသွားလေသည်။

ဤသည်မှာ ဝိညာဉ်ဆိုင်ပိုင်ရှင်ပွဲစား က သူ့ကိုယ်။သူဖောက်ခွဲလိုက်ခြင်းပင်။

သို့သော်လေထဲရှိ မီးခိုးငွေ့များ မကွဲကွာသေးခင်မှာပင် ကျန်းလင် သည် လျှင်မြန်စွာပင်ထပ်မံ လိုက်သွားတော့သည်။

သူ့ခါးရှိ ဝိညာဉ်နယ်မြေဘောလုံးမှ ထွက်ပေါ်နေသော ယင်ချီ ညွှန်ပြရာ လမ်းကြောင်းမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်ဆိုင်ပိုင်ရှင်နှင့် ထိုအဘိုးအို မဟုတ်ဘဲနှင့်ထိုဆိုင်ခန်းကသာ သူ ပထမဆုံး တိုက်ခိုက်ရမည့် ပစ်မှတ်ဖြစ်ကြောင်း ကျန်းလင် သဘောပေါက်သွားလေပြီ။

ဆိုင်ခန်းက လမ်းကြောင်း ပြောင်းလဲသွားတိုင်း၊ ဝိညာဉ်နယ် မြေဘောလုံးမှ ထွက်ပေါ်လာသော ယင်ချီများကလည်း လိုက်လံ ပြောင်းလဲသွားသည်။

ကျန်းလင်၏ ပုံရိပ်မှာ အိမ်ခေါင်မိုးများကြားတွင် ခုန်ပျံကျော် လွှားနေ၏။

သူလိုက်လေလေ၊ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများက ပိုမြင့်မားလာလေလေဖြစ်သည်။

အနီးအနားရှိ လူအသွားအလာများကလည်း ပိုများပြားလာသည်။

ကျန်းလင် လိုက်လံဖမ်းဆီးရင်းနှင့် ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်နေ၏။

ထိုအရာ မြို့လယ်ခေါင်သို့ မဝင်ရောက်သွားခင် သူ မဖြစ်မနေ တားဆီးရမည်။

……

ရန်ကွမ်းအိမ်ရာ

'ချွင်'

နျဲ့ကျိုသည် သူ့ဝိညာဉ်ခေါ်တံပိုးကို ထုတ်ယူလိုက်ပြီး ထိုကြီးမားသော သရဲကြီးဆီသို့ ပြေးဝင်သွားကာ၊ လေထဲတွင် တစ်ဖက်လူ၏ ဓားမကြီးကို တားဆီးလိုက်သည်။

ပြင်းထန်လှသော ခွန်အားများအောက်တွင် သူ့ ခန္ဓာကိုယ်မှာ မားမားမတ်မတ် ရပ်တည်နေဆဲပင်။

ကြည့်ရသည်မှာ ထိုရိုက်ခတ်မှု အရှိန်အဟုန်များက သူ့အပေါ် သိပ်ပြီး ကြီးမားသော သက်ရောက်မှု မရှိပုံရသည်။

အချိန်တိုလေးအတွင်းမှာပင် သူတို့နှစ်ဦးမှာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးသွားပြီပင်။

၂၂ လွှာတွင်

ဟုန်ယာသည် တဖြည်းဖြည်း မတ်တတ်ရပ်လိုက်ပြီး ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ကာ၊ နံရံရှိ သရဲလေးကိုယ်ပေါ်တွင် စိုက်ဝင်နေသော ဝိညာဉ်ခေါ်တံပိုးကို ဆွဲနုတ်လိုက်သည်။

သူမဝိညာဉ်ခေါ်တံပိုးကို ဆွဲနုတ်လိုက်သည်နှင့် ထိုသရဲလေးမှာ သရဲချီအငွေ့အသက်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

ဟုန်ယာသည် လှည့်ကာ ထောင့်တွင်ရှိသော မိန်းကလေးကို ပွေ့ချီလိုက်ပြီး မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ အခြားလမ်း ကြောင်းတစ်ခုမှနေ၍ ၂၂ လွှာ၏အောက်ဘက်သို့ ခုန်ချလိုက်တော့သည်။

'ကျီ'

ထိုစဉ်ဝိညာဉ်ယာဉ်မှာ အရေးပေါ် ဘရိတ်အုပ်လိုက်သည်။

ထို့နောက် အလျင်အမြန်ကားနောက်ဆုတ်ကာ လမ်းထောင့်မှ ကွေ့၍ ဤဘက်သို့ မောင်းနှင်လာခဲ့‌တော့သည်။

ဤဝိညာဉ်တမန်တော်ကြီးကို သရဲယာဉ်မောင်း မှတ်ဉာဏ်မမှားဘူးဆိုလျှင် အဖွဲ့ (၁၈) မှ အဖွဲ့ဝင်ပင် ဖြစ်သင့်သည်။

ထို့နောက်သူသည် ဟုန်ယာရှေ့တွင် ရပ်တန့်လိုက်ပြီး ကားတံခါးကို ဖွင့်ပေးလိုက်သည်။

ဟုန်ယာ ကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကြည့်ကာ သရဲယာဉ် မောင်းက အမြန်ပြောလိုက်၏ "မြန်မြန် ကားပေါ်တက်"

ဟုန်ယာသည် မိန်းကလေးကို ပွေ့ချီလျက် ဝိညာဉ်ယာဉ်ပေါ်သို့ တက်လာကာ နောက်ဘက်ခုံတွင် သတိထား၍ ချပေး လိုက်သည်။

"သူမကို သေချာ ဂရုစိုက်ပေးကြ"

ထိုအခါကားပေါ်ရှိ ခရီးသည်များက အပြိုင်အဆိုင် ခေါင်းညိတ်ပြကြသည်။

"မင်း ဘယ်သွားမလို့လဲ..." သရဲယာဉ်မောင်းက အံ့သြစွာ မေးလိုက်သည်။

သူ စကားပြောလို့ပင် မဆုံးသေးခင် နောက်တစ်စက္ကန့်တွင် ဟုန်ယာ သည် မောင်းနှင်နေသော ဝိညာဉ်ယာဉ်၏ပြတင်း ပေါက်မှတစ်ဆင့် အပြင်သို့ ခုန်ထွက်သွားတော့သည်။

သရဲယာဉ်မောင်းမှာ ပြတင်းပေါက်မှ ခေါင်းပြူကာ အလျင် စလို အော်လိုက်၏ "မင်းမှာ ဒဏ်ရာတွေနဲ့လေ မင်းသွားလည်း ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး"

အမြောက်စာ တစ်ယောက်အနေဖြင့် သူသည် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အသိစိတ်ရှိသည်။

'လူတွေကို ကာကွယ်ပေးတာ၊ ကားမောင်းပေးတာလောက်တော့ ရသေးသည်လေ'

သခင်ကြီးက ဝိညာဉ်ယာဉ်ကို စွမ်းအားမြှင့်တင်ပေးထားသော်လည်း တိုက်ခိုက်ရေးအပိုင်းတွင်မူ ကားဝိညာဉ် ကိုယ်တိုင်က အသာစီး မရနိုင်ပါချေ။

ထိုစဉ်အဝေးဆီမှ ဟုန်ယာ၏အသံက ပြန်လည်ထွက်ပေါ် လာ၏။

"ငါ ခေါ်ဆောင်ရမယ့် ဝိညာဉ်ကျန်သေးတယ် မင်း အရင် ဒီကနေ ထွက်သွားလိုက်"

'ထိတ်လန့်ချောက်ချားဖွယ်ရာ' မန်ဂရေးဆရာမ၏ အခန်းသို့ မသွားခင်က သူမသည် ဝိညာဉ်ခေါ်ဆောင်ရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

ယခုလို အခြေအနေမျိုးတွင် သူမသာ အမြန်မသွားလျှင် သေဆုံးလုဆဲဆဲ လူအတွက် မတော်တဆမှုများဖြစ်လာနိုင်ချေ ရှိသည်။

သေဆုံးမည့်သူက သေရမည် မှန်သော်လည်း၊ အလုပ်မှတ်စု စာအုပ်တွင် ပြသထားသော အချိန်မတိုင်မီတော့ လုံးဝ မသေရပါချေ။

"မင်းကတော့လေ"

သရဲယာဉ်မောင်းမှာ သွားရောက် ကူညီချင်စိတ်ရှိနေပြီး၊ 'မင်းက ဝိညာဉ်တမန်တော်ဆိုပေမယ့် ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားတာကို ခေါင်းမာမနေပါနဲ့တော့' ဟု စိတ်ထဲမှ ပြောလိုက်မိသည်။

သို့သော် သူသည် ကားထဲရှိ ထိုမိန်းကလေးကိုကြည့်လိုက်ကာ ထိုအတွေးကိုဖျောက်ပစ်လိုက်၏။

ဟုန်ယာ ထွက်သွားပြီးနောက် ကားထဲရှိ ခရီးသည်များအားလုံးက အနားသို့ကပ်သွားကြသည်။

သရဲယာဉ်မောင်းသည် သွားကို တင်းတင်းကြိတ်ကာ လီဗာကို တစ်ချက်တည်း နင်းချလိုက်တော့သည်။

'ဒါကမှ သူ ကူညီပေးနိုင်တဲ့ အရာပဲ'

သူ သွားလျှင်တောင် ကားနှင့် အရမ်းဝေးဝေးထွက်သွား၍ မရနိုင်ပေ။

ထို့ပြင် ကားပေါ်မှပင် ဆင်း၍မရသော ဤခရီးသည်များအတွက်ဆိုလျှင် ပိုလို့ ဆိုဖွယ်ရာမရှိတော့။

ယခုအချိန်တွင် သူ လုပ်နိုင်သည်မှာ ကားမောင်းရန်သာ ရှိတော့သည်။

'ဒီ ရှုပ်ထွေးနေပြီဖြစ်တဲ့ နေရာကနေ မောင်းထွက်သွားဖို့ပဲ'

……

လမ်းမထက်တွင် လူသားများ၏သာမန်မျက်စိဖြင့် မမြင်နိုင်သော ဝိညာဉ်ယာဉ်တစ်စီးမှာ လေဆင်နှာမောင်းတစ်ခုကဲ့သို့ တရကြမ်း မောင်းနှင်သွားကာ ကျားတစ်ကောင်ကဲ့သို့ ကြမ်းတမ်းစွာ လှုပ်ရှားနေတော့သည်။

ဤသို့မောင်းနှင်မူကြောင့် ကားပေါ်သို့ တက်ခါစ သရဲအချို့မှာ ချက်ချင်းလွင့်စင်ကျကုန်တော့သည်။

……

ရန်ကွမ်းအိမ်ရာ ရှိ နေထိုင်သူများမှာ မူလက အိမ်တွင် ကောင်းကောင်းမွန်မွန် ရှိနေကြသော်လည်း ရုတ်တရက် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရသည်။

ထိုစဉ် သူတို့ထွက်ကြည့်လိုက်သောအခါ နံရံတစ်ဖက်တွင် ကြီးမားလှသော အပေါက်ကြီးတစ်ခု ဖြစ်နေသည်ကို အံ့သြဖွယ် တွေ့လိုက်ရ၏။

သို့သော် သူတို့သည် အိမ်ရာစီမံခန့်ခွဲရေးရုံးသို့ ဖုန်းဆက်ရန် ပြင်လိုက်စဉ် ဖုန်းထုတ်မည့် လှုပ်ရှားမှုမှာ ရုတ်တရက် ရပ်တန့်သွားပြီး အသီးသီး ကိုယ့်အိမ်ကိုယ် ပြန်ဝင်သွားကြတော့သည်။

'ခုနက မြင်ခဲ့ ကြားခဲ့ရသမျှကို မေ့သွားသည့်အလား၊ ဖုန်းဆက်ရမည့် ကိစ္စကိုလည်း မေ့သွားကြသည့်အလားပင်'ဖြစ်သွားကာ အိမ်ရာဝင်းထဲမှ မည်သူမျှ ဤဘက်သို့ လာရောက်ခြင်း မရှိတော့ချေ။

ကျိယင်သည် လေထဲတွင် လွင့်မျောကာ ထွက်ခွာသွားသော ထိုလူအုပ်ကြီးကို တိတ်ဆိတ်စွာစောင့်ကြည့်နေ၏။

သူက ထိုလူများကို ဤကိစ္စထဲသို့ အတတ်နိုင်ဆုံး မပါဝင်ပတ်သက်စေရန် ကြိုးစားနေခြင်းဖြစ်သည်။

သူနှင့်အတူ လိုက်ပါလာသူမှာ စီနီယာ ဖူကျားပင်။

ဤအချိန်တွင် တစ်ဖက်လူမှာ တိုက်ပွဲအတွင်းသို့ ပါဝင်နေလေပြီ။

အရပ်မျက်နှာ အသီးသီးမှဆင့်ခေါ်ခံရ၍ ရောက်လာသော ရာဂဏန်းချီသည့် သရဲများကို ရင်ဆိုင်ရာတွင် ဖူကျား သည် လေထဲတွင် ရပ်နေပြီး သူမလက်ထဲရှိ တောင်ဝှေးကို လှုပ်ရှားလိုက်သည်။

ထို့နောက်သူမသည် လေးနက်တည်ကြည်သော မျက်နှာထားဖြင့် "အကျဉ်းထောင်" ဟု ရေရွတ်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအရောင်ဖျော့သော တောင်ဝှေးမှာ ထိပ်ပိုင်းမှစ၍ အောက်ဘက်သို့ ပျံ့နှံ့သွားကာ အလျင်အမြန် အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထိုစဉ် ဖူကျား နှင့် မသက်ဆိုင်သော စွမ်းအားတစ်ခုက အနက်ရောင် တောင်ဝှေးထဲမှ ထွက်ပေါ်လာပြီး တောင်ဝှေးတစ်ခုလုံးကို ဖုံးအုပ်သွားကာ ဖူကျား၏ အမိန့်ပေးသံနှင့်အတူ ယင်ချီများစွာက မြွေငယ်လေးများကဲ့သို့ တောင်ဝှေးအောက်ခြေမှနေ၍ အပြင်သို့ ပျံထွက်သွားကြသည်။

ထို့နောက်ပစ်မှတ်ထားသော သရဲတစ္ဆေများနှင့် တွေ့ဆုံပြီးနောက် ထို 'မြွေငယ်လေးများ' မှာ မိမိကိုယ်ကို ဗဟိုပြုကာ ချက်ချင်းပင် ဖုံးအုပ်သွားတော့သည်။

ခဏချင်းမှာပင် အကျဉ်းထောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုသရဲများအတွက် တုံ့ပြန်ရန် အခွင့်အရေး လုံးဝမပေးခဲ့ချေ။

"စီရင်ချက်ချလိုက်" ဖူကျား က ပြတ်သားစွာ ပြောလိုက်သည်။

နောက်တစ်စက္ကန့်တွင် အကျဉ်းထောင်ထဲ၌ ပိတ်မိနေသော သရဲများအားလုံး အပြိုင်အဆိုင် ရုန်းကန်လာကြတော့သည်။

သေသေချာချာ ကြည့်လိုက်မည်ဆိုလျှင် ၎င်းတို့၏ ကိုယ်ပေါ်ရှိ နေရာအနှံ့အပြားမှာ ပုပ်သိုး‌ဆွေးမြေ့ကာတိုက်စားခံရသကဲ့သို့ တဖြည်းဖြည်း အရည်ပျော်ကာ ပျောက်ကွယ်သွားသည်ကို တွေ့ရမည် ဖြစ်သည်။

အနောက်ဘက်တွင်မူ ကျိယင် သည် လူနေအိမ်များအနီးသို့ လွတ်ထွက်လာသော သရဲများကို ရှင်းလင်းနေရင်းနှင့် မတော်တဆ လှမ်းကြည့်လိုက်မိ၏။

ထိုအခါ အကျဉ်းထောင်ထဲရှိ သရဲများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အကျဉ်းထောင်အောက်ခြေတွင် အမည်းရောင် ရေကွက်များသာ ကျန်ရစ်နေခဲ့သည်ကို သူ မြင်လိုက်ရ၏။

သို့သော် စီနီယာ ဖူကျားက အကျဉ်းထောင်များကို ပြန်လည် ရုပ်သိမ်းလိုက်သည်နှင့် ထိုအမည်းရောင် ရေများလည်း အသီးသီး ပျောက်ကွယ်သွားကြတော့သည်။

'သြော်... ဒါက စီနီယာ ဖူကျားရဲ့ အစစ်အမှန် စွမ်းအားပဲကိုး'

'ခေါင်းဆောင်ကြီးဆီမှာ ပိုခက်ခဲတဲ့ တာဝန်တွေကို ဘာလို့ သွားတောင်းဆိုခဲ့တာလဲ ဆိုတာ မဆန်းတော့ဘူး'

'သူမမှာ တကယ်ကို ဒီလိုစွမ်းရည်မျိုး ရှိနေတာပဲ'

ထို့နောက်ကျိယင် ၏ ကိုယ်ပေါ်ရှိ ယင်ချီများမှာ ချက်ချင်းပင် တစ်ဆင့် ထပ်မံ မြင့်တက်သွားပြီး အနားသို့ ကပ်လာသော သရဲတစ်ကောင်ကို လက်သီးဖြင့် ထိုးထုတ်လိုက်တော့သည်။

'စီနီယာကိုအမှီလိုက်ရန် သူလည်း ကြိုးစားရတော့မည်လေ'

……

ရန်ကွမ်းအိမ်ရာ အနီးရှိ လူနေအဆောက်အအုံများအတွင်းမှ လူအများအပြားမှာ ပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ ကြည့်လိုက်ကြသည်။

သို့သော်အပေါ်ဘက်တွင် မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး ယင်လေပြင်းများ တိုက်ခတ်ကာ ဝူးဝူး မြည်သံများ ဆက်တိုက်ထွက်ပေါ်နေသည်ကိုသာ တွေ့လိုက်ရ၏။

လမ်းဘေးရှိ သစ်ပင်များမှာ အပြိုင်အဆိုင် ယိမ်းနွဲ့နေကြပြီး မြေကြီးပေါ်ရှိ ပလတ်စတစ်အိတ်များနှင့် သစ်ရွက်များမှာလည်း လေထဲသို့ လွင့်စင်သွားကြသည်။

မထင်မရှား လေဆင်နှာမောင်းငယ်လေး တစ်ခုပင် ဖြစ်ပေါ်နေလေပြီ။

'ဂျက်'

တစ်စုံတစ်ယောက်က ပြတင်းပေါက်ကို ပိတ်လိုက်သည်။

"အပြင်မှာ ဘာဖြစ်နေတာလဲ"

ထိုအခါ မီးဖိုချောင်ထဲမှ တစ်ယောက်က မေးလိုက်၏။

"ဘာမှမဖြစ်ပါဘူး၊ မိုးအကြီးအကျယ်ရွာတော့မယ့်ပုံပဲ" ဟု ပြတင်းပေါက် ပိတ်လိုက်သူက ပြန်ဖြေလိုက်ပြန်သည်။

"ဒုက္ခပဲ၊ ဒါဆို အပေါ်ထပ်မှာ လှန်းထားတဲ့ စောင်တွေကို မြန်မြန် သွားသိမ်းရမယ်"

"ဘယ်အချိန်က လှန်းထားတာလဲ နေပါဦး မလောပါနဲ့၊ ငါ အခုပဲ သွားသိမ်းလိုက်မယ်"

ထိုသူသည် အပြင်ဘက်မှ ကောင်းကင်အခြေအနေကို ကြည့်လိုက်ပြီး စောင်များ မသိမ်းခင် မိုးမရွာချလာဖို့ မျှော်လင့်နေမိတော့သည်။

🫧 Chapter 156

အခြားတစ်ဖက်တွင် ကျန်းလင်သည် လေထဲ၌ ထိုဆိုင်ခန်း၏ ကိုအဆက်မပြတ် လိုက်လံ ဖမ်းဆီးနေ၏။

ထိုဆိုင်ခန်းကမြို့လယ်ခေါင်သို့ ဝင်ရောက်တော့မည့် အခြေ အနေကို မြင်လိုက်ရသောအခါ သူ့ မျက်လုံးများက စူးရှသွားပြီး သူ့ ကိုယ်ပေါ်ရှိ သရဲချီအငွေ့အသက်များက သူ့ကို ဗဟိုပြုကာ ရုတ်တရက် ပြန့်ထွက်သွားတော့သည်။

ထိုချီအငွေ့အသက်များသည် ပတ်ဝန်းကျင်ရှိ လေဟာနယ် တစ်ခုလုံးကို ဖုံးအုပ်ပစ်လိုက်သည်။

ဆိုင်ခန်း၏ နေရာဖြတ်သန်းသွားလာနိုင်စွမ်းအရ သူ့ ဤလုပ်ရပ်က အောင်မြင်နိုင်မည်လား ဆိုတာကိုတော့ သူ မသိပေ။

သရဲချီအငွေ့အသက်များ ပြန့်ထွက်သွားသည့် အခိုက်အတန့်မှာပင် ခါးရှိ ဝိညာဉ်နယ်မြေဘောလုံးကိုလည်း သူက လေထဲသို့ ပစ်တင်လိုက်သည်။

ဆိုင်ခန်းက အနီးအနားတွင် ရှိနေသောကြောင့် ဝိညာဉ်နယ်မြေဘောလုံးသည် အလိုအလျောက်ပင် ထိုဘက်သို့ ကပ်သွားပြီး ၎င်းအထဲတွင် သိုလှောင်ထားသော ယင်ချီများကလည်း ထိုဘက်သို့ အတားအဆီးမဲ့ ပျံသန်းသွားကြသည်။

၎င်းမှာ ယခင်က ဝိညာဉ်ဆိုင်ပိုင်ရှင်မှ အရောင်းအဝယ်အတွက် အခကြေးငွေများ အကြိမ်ကြိမ် လာရောက်ကောက် ခံသည့်ပုံစံနှင့် တူညီနေသည်။

ကျန်းလင်၏အကြည့်က နေရာတစ်ခုကို အလျင်အမြန် ပစ်မှတ်ထားလိုက်ပြီး ထိုနေရာတွင် လူသားများ၏အငွေ့ အသက် မရှိကြောင်း သေချာသွားပြီးနောက် သူ့ လက်ထဲရှိ ဝိညာဉ်ခေါ်တံပိုးကို လေထဲသို့ ပစ်ပေါက်လိုက်ရာ အဖြူရောင်အရိပ်တစ်ခု လျှင်မြန်စွာ ထွက်ပေါ်သွားတော့သည်။

ထိုအဖြူရောင်အရိပ်မှာ လမ်းတစ်ဝက်တွင် ရုတ်တရက် အရိပ်သုံးခု၊ အရိပ်ဆယ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ လေထဲတွင် အဖြူရောင် ဝိညာဉ်ခေါ်တံပိုး အရိပ်ပေါင်း ဆယ်ဂဏန်းမက ထွက်ပေါ်လာပြီး တံပိုးမိုးများ ရွာချနေသကဲ့သို့ပင်ဖြစ်သွားလေ၏။

ထို့ ယနောက်တံပိုးမိုးများက လေထုကို ခွင်းသည့် အသံများနှင့်အတူ မြေပြင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလာတော့သည်။

စွမ်းအားမြှင့်ကတ်ကို အသုံးပြုထားသော ဝိညာဉ်ခေါ်တံပိုးသည် ယင်ချီ အလုံအလောက် ပေးလိုက်ရုံဖြင့် ကျန်းလင် အတွက် အကောင်းဆုံးသော ဝိညာဉ်လက်နက် ဖြစ်လာတော့သည်!

'ဝုန်း'

ထိုပြင်းထန်သောအင်အားများကြောင့် များမကြာမီ မြေကြီးပေါ်တွင် ပုန်းအောင်းနေသော ဆိုင်ခန်းမှာ ပေါ်ထွက်လာတော့သည်။

၎င်း၏ပုံစံမှာ ဝိညာဉ်ခေါ်တံပိုး တစ်ချောင်းက အလယ်တည့်တည့်မှ စိုက်ဝင်သွားပြီး ဆိုင်ခန်းကို ထက်ပိုင်း ပိုင်းဖြတ်လိုက်သကဲ့သို့ပင်။

အတွင်းရှိ ကုန်ပစ္စည်းစင်များနှင့် ပစ္စည်းများမှာ ရိုက်ခတ်မှုကြောင့် မြေကြီးပေါ်တွင် ပြန့်ကျဲနေသည်ကို မပီပြင်စွာ မြင်တွေ့ရ၏။

၎င်း၏ကွဲအက်နေသော နေရာမှ ယင်ချီအမြောက်အမြား ယိုစိမ့်ထွက်လာသော်လည်း ကျန်းလင် ထိန်းချုပ်ထားလိုက်သည်။

ထို့နောက်ဝိညာဉ်နယ်မြေဘောလုံးထဲမှ လွင့်မျောထွက်လာသော ယင်ချီများမှာလည်း နောက်ဆုံးတွင် ရပ်တန့်သွားပြီး လေထဲတွင် တိတ်ဆိတ်စွာရပ်တန့်နေတော့သည်။

ထိုအခါ ကျန်းလင်သည် ဝိညာဉ်နယ်မြေဘောလုံးကို ပြန်သိမ်းလိုက်ပြီး မြေကြီးပေါ်သို့ ဆင်းသက်လိုက်၏။

သို့သော်သူသည် ဝိညာဉ်ခေါ်တံပိုးကို အထဲသို့ အရင်ဝင်ကာ တစ်ပတ်လှည့်စစ်‌ဆေးခိုင်းပြီးမှသာ ဆိုင်ခန်းထဲသို့ ခြေချလိုက်၏။

ကျန်းလင် အထဲတွင် တစ်ပတ် လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း လောလောဆယ်တွင် အခြား သဲလွန်စများကို မတွေ့ရချေ။

ကံကောင်းစွာပင် မြေကြီးပေါ်တွင် ပြန့်ကျဲနေသော အသက် ဝင်နေသည့် ဝိညာဉ်လက်နက်များမှာ ဆိုင်ခန်းပျက်စီးသွားပြီးနောက် ပြန်လည် 'နိုးထ' လာကြသည်။

ဝိညာဉ်တမန်တော်၏အငွေ့အသက်ကို အာရုံခံမိသည်နှင့် ထိုဝိညာဉ်လက်နက်များမှာ ချက်ချင်းလှုပ်ရှား ခုန်ပေါက်လာကြ၏။

အချို့က ဆိုင်အပြင်သို့ ပြေးထွက်သွားကြပြီး အချို့ကမူ ရင်းနှီးမှုကို ခံစားရသဖြင့် ကျန်းလင်၏ခြေထောက်နားသို့ တဖြည်းဖြည်းချင်း တိုးကပ်လာကြသည်။

သို့သော်လည်း ကျန်းလင်နှင့် တစ်မီတာခန့် အကွာသို့ ရောက်သောအခါ ထိုဝိညာဉ်လက်နက်များမှာ ရှေ့သို့ ဆက်မတိုးရဲကြတော့ချေ။

သူတို့ဘာသာ ဤမျှ အနီးကပ်လာရဲခြင်းကပင် သူတို့အတွက် ကြီးမားသော သတ္တိများကိုမွေးမြူလိုက်ရခြင်း ဖြစ်သည်။

ဆိုင်အပြင်သို့ ပျံသန်းသွားသော ဝိညာဉ်လက်နက်များမှာမူ သူတို့ ဆိုင်ခန်းအပြင်သို့ ထွက်၍မရကြောင်း အလျင်အမြန်ပင် သိရှိသွားကြသည်။

ဆိုင်ခန်း၏အက်ကွဲကြောင်းနေရာတွင် မြင်ကွင်း၌ မတွေ့ရသော အတားအဆီးတစ်ခုက သူတို့ကို အပြင်ဘက်နှင့် ခြားနားထားသကဲ့သို့ပင်။

ထွက်ပြေးချင်သော ဝိညာဉ်လက်နက်များက အကြိမ်ကြိမ် ကြိုးစားကြည့်ပြီး ထွက်ပြေး၍မရကြောင်း သေချာသွားသောအခါ နောက်သို့ ပြန်ဆုတ်လာကြသည်။

နောက်ဆုတ်လာကြသော်လည်း ကျန်းလင်အနားသို့လည်း မကပ်ရဲကြသဖြင့် ဆိုင်ခန်းထောင့် တစ်နေရာတွင်သာ စုပုံပုန်းအောင်းနေကြတော့သည်။

ကျန်းလင်ကမူဝိညာဉ်ခေါ်တံပိုးကို ပြန်လည်သိမ်းဆည်းထားပြီး ဖြစ်ကာ သူသည် ဆိုင်ခန်းထဲတွင် ရပ်ကာ မျက်စိရှေ့ရှိ အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေ၏။

ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့ပွဲစားသေဆုံးသွားပြီး ဆိုင်ခန်း ပျက်စီးသွားပြီ ဖြစ်သော်လည်း ကျန်းလင်စိတ်ထဲတွင် ပြီးပြတ်သွားပြီဟု မခံစားရဘဲ မုန်တိုင်းမလာခင် ငြိမ်သက်နေမှုမျိုးလို စိုးရိမ်ပူပန်မှုမျိုးကို ခံစားနေရသည်။

သေချာသည်ကတော့ ဝိညာဉ်ဆိုင်ပိုင်ရှင်မှာ တစ်ယောက် တည်း ရှိနေခြင်းမဟုတ်ချေ။

ကျန်းလင် ယခု စိုးရိမ်နေသည်မှာ ၎င်းပြောသွားသော 'ငါတို့ရဲ့ ဘုရင်ကြီး' ဆိုသည်က မည်သူ့ကို ရည်ညွှန်းသနည်း။

'ဘယ်သူက ပြန်လည်ရောက်ရှိလာမှာလဲ ဘယ်ကနေ ပြန်လာမှာလဲ'

'သူတို့က လူ့ပြည်နှင့် ငရဲပြည် နှစ်ခုလုံး၏ စည်းမျဉ်းများကို ကမောက်ကမ ဖြစ်အောင် လုပ်နေခြင်းက ဘုရင်ကြီး ပြန်လာမည်ကို ကြိုဆိုရန်အတွက် သက်သက်သာလား'

'ဒါက သူတို့ ကျင်းပမယ့် 'ပွဲတော်ကြီး' လား'

ထို့နောက်ကျန်းလင်သည် ခေါင်းမော့ကာ အစောပိုင်းက အနီရောင် အလင်းတန်းညွှန်ပြခဲ့သော အရပ်ဆီသို့ ကြည့်လိုက်သည်။

ရန်ကွမ်းအိမ်ရာ

ကောင်းကင်ထက်တွင် မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး ယင်ချီများက အပေါ်သို့ တက်နေ၏။

မထင်မရှား သရဲချီအငွေ့အသက်များကလည်း လေဆင်နှာ မောင်းတစ်ခုပင် ဖြစ်ပေါ်နေလေပြီ။

ကံကောင်းသည်မှာ ပထမဆုံး အနီရောင် အလင်းတန်း ထွက်ပေါ်ပြီးနောက်တွင် နောက်ထပ် အနီရောင်အလင်းတန်း အသစ် မပေါ်လာတော့ချေ။

ဆိုလိုသည်မှာ သွားရောက်ကူညီနေကြသော အဖွဲ့ဝင်များက အကူအညီတောင်းခံသည့် အချက်ပြသင်္ကေတ ထပ်မံမထုတ်လွှတ်တော့သဖြင့် အခြားအဖွဲ့ဝင်များ ထပ်မံသွားရောက်ရန် မလိုအပ်တော့ချေ။

……

ရန်ကွမ်းအိမ်ရာ အထက်ကောင်းကင်ယံတွင် မည်းမှောင်အုံ့ဆိုင်းနေ၏။

အနီးအနားရှိ နေထိုင်သူများအားလုံး တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထားကြပြီး မိုးသက်မုန်တိုင်းကို ကြိုဆိုရန် အသင့်ပြင်ထားကြသည်။

လမ်းမပေါ်တွင် လျှောက်သွားနေကြသော လူသားများမှာလည်း အလျင်စလို အိမ်ပြန်ပြေးနေကြပြီး ပြေးရင်းနှင့် တီးတိုးရေရွတ်နေကြ၏။

"မနက်က အပြင်ထွက်တုန်းက မိုးလေဝသ သတင်းမှာ ဒီနေ့ သာယာမယ်လို့ သေချာပေါက် ပြောထားတာကို..."

"ဒီရာသီဥတုက ဘယ်နေရာကများ သာယာမယ့်ပုံ ပေါက်နေလို့လဲ"

……

ထို့ပြင် သရဲတစ္ဆေ အမြောက်အမြားကလည်း ဤဘက်သို့ အပြေးအလွှား လာနေကြသည်။

ယခုကဲ့သို့ ဆင့်ခေါ်ခြင်း မရှိပါက 'ဉာဏ်အလင်း' က ဤမျှများပြားသော သရဲတစ္ဆေများကို ဖန်တီးထားနိုင်မည်ဟု လုံးဝ စိတ်ကူးယဉ်၍ပင် မရနိုင်ချေ။

ဤသည်ကို ကြည့်ခြင်းအားဖြင့် 'ထိတ်လန့်ချောက်ချားဖွယ်ရာ' မန်ဂ၏ လူကြိုက်များမှုက မည်မျှ မြင့်မားကြောင်း လုံလောက်စွာ သိမြင်နိုင်သည်။

ယခုအချိန်တွင်မူ ဤသရဲတစ္ဆေများအားလုံးက စွမ်းအားများကို သယ်ဆောင်ကာ ပြန်လာကြလေပြီ။

ရန်ကွမ်းအိမ်ရာ၏ အပေါ်ဘက်တွင် ထိုမည်းမှောင်နေသော တိမ်တိုက်များကြားတွင် အဖြူရောင် အရိပ်များက အချိန်နှင့်အမျှ တဖျတ်ဖျတ်ဖြင့်ဖြတ်သန်းသွားလာနေကြ၏။

ဟုန်ယာ၊ နျဲ့ကျို၊ ဖူကျား၊ ကျိယင်တို့အပြင် အခြားသော ဝိညာဉ်တမန်တော် အချို့လည်း ကူညီရန်ရောက်ရှိလာကြပြီ ဖြစ်သည်။

အလုပ်သင် ဝိညာဉ်တမန်တော်အချို့လည်း အနီးအနားတွင် ပေါ်လာကြ၏။

'သူတို့က ဝိညာဉ်တမန်တော်ဖြစ်လာတာ ထွက်ပြေးဖို့မှ မဟုတ်တာ'

မိမိတို့၏ကိုယ်ပိုင် စွမ်းအားကို ထည့်သွင်းစဉ်းစားပြီးနောက် သူတို့သည် ရှေ့တန်းသို့ မသွားဘဲ ဘေးပတ်လည် ဧရိယာတွင်သာ နေခဲ့ကြသည်။

နှစ်ယောက်တစ်တွဲ အဖွဲ့ဖွဲ့ကာ အဖော်ကွဲနေသော သရဲများကို တွေ့သည်နှင့် အမှောင်ထဲမှနေ၍ ခုန်အုပ်တိုက်ခိုက်ကြတော့ သည်။

သတိလစ်အောင် ရိုက်၊ ကြိုးတုပ်၊ အိတ်ကြီးထဲသို့ ပစ်ထည့် ၍ကြိုးချည်လိုက်လျှင် အလုပ်ပြီးပြီပင်။

ထို့နောက် နောက်ထပ်သင်းကွဲလာမည့် သရဲကို ဆက်စောင့်နေလိုက်သည်။

လေထဲတွင် နျဲ့ကျို ၏မျက်နှာချင်းဆိုင်ရှိ ကြီးမားသော သရဲကြီးမှာ ဒဏ်ရာဗရပွဖြင့် အသာစီး မရတော့ချေ။

ဖူကျားရှေ့တွင်လည်း အနက်ရောင် အကျဉ်းထောင်များက သရဲများကို တစ်ကောင်ချင်းစီ ဖုံးအုပ်ထားသည်။

မျက်တောင်တစ်ခတ်အတွင်း အထဲရှိသရဲများမှာ အမည်းရောင်ရေအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။

သရဲများကို အကျဉ်းထောင်များက စုပ်ယူသွားခြင်းလည်း ဖြစ်နိုင်ပေသည်။

ကျိယင်သည် ဖူကျားနောက်တွင် နေ၍ သရဲများ လူနေအိမ်များဆီသို့ ဝင်ရောက်မသွားစေရန် ကာကွယ်ပေးနေ၏။

အခြားသော ဝိညာဉ်တမန်တော်များကလည်း အရပ်မျက်နှာ အသီးသီးမှ တားဆီးနေကြသည်။

သို့သော် ဤသို့ တားဆီးနေသည့်တိုင်အောင် အချို့သော သရဲများမှာ ဟာကွက်များမှတစ်ဆင့် အခွင့်ကောင်းယူကာ အထဲသို့ ခိုးဝင်သွားပြီး ကလောင်တံလေးထဲသို့ ဝင်ရောက်သွားကြသည်။

အသစ်ဝင်ရောက်လာသော စွမ်းအားများ ပိုမိုများပြားလာသည်နှင့်အမျှ နျဲ့ကျို နှင့် တိုက်ခိုက်နေသော သရဲကြီးမှာ ပြန်လည် မတ်တတ်ရပ်လာပြန်သည်။

ဓားမကြီးကိုဆွဲကာ နျဲ့ကျို ဆီသို့ ခုတ်ချလာပြီး ၎င်း၏ ကိုယ်ပေါ်ရှိ ဒဏ်ရာအသီးသီးမှာလည်း လျင်မြန်စွာ ပြန်လည် သက်သာလာကြသည်။

ထို့ပြင် ၎င်း၏ခွန်အားနှင့် အမြန်နှုန်းမှာလည်း ယခင်ကထက် ပိုမိုသာလွန်လာ၏။

'ချွင်'

'ချွင်'

မကြာမီပင် ဓားမကြီးက ကျဆင်းလာပြီး ဝိညာဉ်ခေါ်တံပိုးနှင့် ရိုက်ခတ်သွား၏။

နျဲ့ကျိုလည်း သရဲကြီး ကိုယ်ပေါ်ရှိ ထူးခြားမှုကို သတိထားမိလိုက်သည်။

သူသည် သရဲကြီး၏တိုက်ခိုက်မှုကို ခုခံရင်းနှင့် တိုက်ပွဲမြေပြင် တစ်ခုလုံးကိုလှည့်ပတ်ကြည့်ရှုလိုက်သည်။

သရဲတစ္ဆေများ၏ ယင်ချီများက လေထုထဲတွင် ယှက်နွှယ်နေကြသည်။

ထို့ပြင် ဝိညာဉ်တမန်တော်များ၏အဖြူရောင် တိုက်ပွဲဝင်ဝတ်စုံများက ထိုအထဲတွင် ရောနှောနေပြီး တိုက်ပွဲမှာအလွန် သိသာ ထင်ရှားနေ၏။

ဤကစဉ့်ကလျား ဖြစ်နေသော တိုက်ပွဲမြေပြင်ကြားတွင် ကလောင်တံနှင့် တူသော အရာတစ်ခုက ပုန်းကွယ်နေလေသည်။

သရဲတစ္ဆေများက ထိုကလောင်တံထဲသို့ အဆက်မပြတ် ဝင်ရောက်နေကြသည်။

'ဒီနေရာမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို မသိပေမယ့်...'

သို့သော် ထိုကလောင်တံကို ဖြေရှင်းလိုက်နိုင်လျှင် မျက်စိရှေ့ရှိ သရဲကြီးမှာ နောက်ထပ် စွမ်းအားများ ရရှိနိုင်တော့မည် မဟုတ်ကြောင်း နျဲ့ကျို၏အလိုအလျောက် သိစိတ်က ပြောနေသည်။

သရဲကြီး ခုတ်ချလာသော ဓားမကြီးကို ရင်ဆိုင်ရင်း နျဲ့ကျို သည် အခွင့်အရေးကို သေချာရှာဖွေကာ အားကုန်သုံး၍ ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်ရာ သရဲကြီးမှာ အနောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားရသည်။

ထို့နောက် သူ့ ခန္ဓာကိုယ်ကို လှည့်ကာ သရဲများ၏ စွမ်းအားကို အဆက်မပြတ်စုပ်ယူနေသော ထိုကလောင်တံဆီသို့ ပြေးဝင်သွားတော့သည်။

'ဝီ'

ဝိညာဉ်ခေါ်တံပိုးက ကလောင်တံပေါ်သို့ ကျရောက်တော့မည့် အချိန်တွင် အနက်ရောင် အလင်းစက်ဝိုင်းတစ်ခုက ကလောင်တံကိုယ်ပေါ်မှ ပြန့်ထွက်လာပြီး ဝိညာဉ်ခေါ်တံပိုးကို အပြင်ဘက်တွင် တားဆီးလိုက်သည်။

ထိုအလင်းစက်ဝိုင်းမှာ ဘတ်စကက်ဘော တစ်လုံးစာအရွယ် အစားသာ ရှိသော်လည်း ခုခံနိုင်စွမ်းမှာမူ အလွန်ပြင်းထန်လှသည်။

'ဝီ' ဟူသော အသံနှင့်အတူ ထိုအနက်ရောင် အလင်းစက်ဝိုင်းက လင်းလက်သွားပြီး အပေါ်မှ ဖိချလာသော ဝိညာဉ်ခေါ်တံပိုးကို တိုက်ရိုက်ပင်ခါထုတ်လိုက်တော့သည်။

အနောက်ဘက်တွင် အစိမ်းရောင် သရဲကြီးက ဓားမကြီးကို ဆွဲကာ အနီးကပ် လိုက်ပါလာလေပြီ။

ထို့ကြောင့်နျဲ့ကျိုသည် ကိုယ်ကို ဘေးသို့ ရှောင်ကာ ဓားမကြီးကို တိမ်းရှောင်လိုက်သည်။

နောက်တစ်ခေါက် ကြည့်လိုက်သောအခါ သရဲကြီးမှာ ထိုအနက်ရောင် အလင်းစက်ဝိုင်း၏ရှေ့တွင် ကာကွယ်ရန် ရောက်ရှိနေပြီ ဖြစ်သည်။

"နည်းနည်းတော့ စွမ်းသားပဲ"

ထိုအခါနျဲ့ကျို သည် ပါးစပ်ကိုတွန့်၍ ပြုံးလိုက်ပြီး သူ၏ ကိုယ်ပေါ်ရှိ သရဲချီအငွေ့အသက်များက တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များကဲ့သို့ ရုတ်တရက် မြင့်တက်လာတော့သည်။

ထိုသရဲချီအငွေ့အသက်များကလည်း သူ့ ခန္ဓာကိုယ်အပြင်ဘက်ကို သံချပ်ကာအင်္ကျီတစ်ထည်ကဲ့သို့ အလျင်အမြန် ဖုံးအုပ်သွားတော့သည်။

ဤသည်မှာ ဝိညာဉ်ဗိုလ်ချုပ်နှင့် အထက် အဆင့်ရှိသူများသာ လုပ်ဆောင်နိုင်သည့် အရာပင်။

မူလ ဇာစ်မြစ်ကို တွေ့ရှိသွားပြီဖြစ်သဖြင့် တစ်ဟုန်ထိုး အပြတ်ရှင်းရတော့မည်ဖြစ်သည်လေ။

ထိုသို့တွေးပြီးနောက်တစ်စက္ကန့်တွင် နျဲ့ကျို တိုက်ခိုက်လိုစိတ်များ ပြင်းထန်တက်ကြွလာကာ ရှေ့သို့ တဟုန်ထိုးပြေးဝင်သွားတော့သည်။

All Chapters