← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

🫧 Chapter 157

'ဝုန်း'

ကြီးမားသော သရဲကြီးမှာ ဘေးဘက်ရှိ နံရံပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားပြီး နံရံတွင် တွင်းကြီးတစ်ခုဖြစ်သွားတော့ သည်။

အနီးအနားရှိ နံရံများတွင်လည်း ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ယှက်နွှယ်သွား၏။

ယခုအချိန်တွင်နျဲ့ကျို ၏အမြန်နှုန်းမှာ ယခင်ကထက် တစ်ဆပိုမို မြန်ဆန်လာသည်။

သူက ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်သောအခါ ကိုယ်ပေါ်တွင် တွယ်ကပ်နေသော သရဲချီအငွေ့အသက်များက ပြင်းထန်လှသော ရိုက်ခတ်မှုစွမ်းအားများကို ဖြစ်ပေါ်စေခဲ့သည်။

ထို့ကြောင့် သရဲကြီး ပြန်မထနိုင်ခင်မှာပင် နျဲ့ကျို သည် ၎င်းရှေ့တွင် ရောက်ရှိနေပြီ ဖြစ်သည်။

ပြီးနောက်သူသည် သရဲကြီး၏ခြေထောက်ကို တိုက်ရိုက် ဆွဲမလိုက်ပြီး နေရာမှာတင် သုံးပတ်လှည့်ကာ အဝေးသို့ ပစ်ပေါက်လိုက်တော့သည်။

အစိမ်းရောင် သရဲကြီးမှာ လွင့်ထွက်သွားပြီး မကြာမီ လေထဲတွင် တစ်ပတ်လည်ကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ရပ်တန့်လိုက်သည်။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ နျဲ့ကျို သည် ထိုကလောင်တံလေး၏ အရှေ့သို့ ရောက်ရှိသွားပြီး အနက်ရောင် အလင်းစက်ဝိုင်းပေါ်သို့ ဝိညာဉ်ခေါ်တံပိုးဖြင့် တစ်ချက် ရိုက်ချလိုက်တော့သည်။

ကံမကောင်းစွာပင် အနက်ရောင် အလင်းစက်ဝိုင်းမှာ တုန်ခါသွားသော်လည်း သိသာထင်ရှားသော ပျက်စီးမှုမျိုး မတွေ့ရချေ။

နျဲ့ကျို၏တတိယအကြိမ်မြောက် တိုက်ခိုက်မှု ကျဆင်းလာချိန်တွင် ဟိုဘက်မှ အစိမ်းရောင် သရဲကြီးမှာ ဝင်ရောက် တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း အခြား အဖြူရောင် အရိပ်နှစ်ခု၏တားဆီးခြင်းကို ခံလိုက်ရသည်။

၎င်းတို့မှာ လီရှောင်းနှင့် ချူဝမ်တို့ပင်။

သူတို့၏လက်ရှိအလုပ်များ ပြီးစီးသွားပြီးနောက် ကူညီစရာများ ရှိမရှိ ကြည့်ရှုရန် ဤနေရာသို့ အမြန်လာခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် လီရှောင်းကိုပါ လေ့ကျင့်ပေးရန် အခွင့်အရေး ယူလိုက်ခြင်း ဖြစ်သည်။

အဖွဲ့ (၁၈) တွင် စွမ်းဆောင်ရည် အမြင့်ဆုံးသော ဝိညာဉ်တမန်တော် တစ်ဦးအနေဖြင့် ချူဝမ်၏အဆင့်မှာ ဖူကျား ထက်ပင် အနည်းငယ် ပိုမြင့်မားသေးသည်။

"ဒီဘက်ကို ငါတို့ဆီ လွှဲထားလိုက်တော့" ဟု ချူဝမ် က ပြောလိုက်သည်။

ထို့နောက် သူသည် အနောက်သို့ လှည့်မကြည့်ဘဲ လီရှောင်း ကို ဆက်ပြောလိုက်၏။

"ငါက အဓိက တိုက်ခိုက်မယ်၊ မင်းက အခွင့်အရေးရှာပြီး ဝင်တိုက်"

"ကောင်းပြီ"

ထိုအခါလီရှောင်း ခေါင်းညိတ်လိုက်ပြီး သူ့ တစ်ကိုယ်လုံးတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်သွားကာ တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်၏။

"ကျေးဇူးပဲ"

နျဲ့ကျိုသည် ထိုဘက်သို့ တစ်ချက် ကြည့်လိုက်ပြီးနောက် ဆက်လက် ဂရုမစိုက်တော့ချေ။

ထို့နောက်သူသည် ကိုယ်ကိုမတ်ကာ ထိုအနက်ရောင် အလင်းစက်ဝိုင်းဆီသို့ တိုက်ခိုက်ရန် ထွက်သွားတော့သည်။

ထိုသရဲကြီးမှာတားဆီးခံလိုက်ရပြီးနောက် အခြား သရဲတစ္ဆေများက သူ့ဆီသို့ ပြေးဝင်လာကြသော်လည်း မည်သည့်သရဲကမျှ သရဲကြီးလောက် အစွမ်းမထက်ကြချေ။

နျဲ့ကျို အလွယ်တကူ တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုသရဲငယ်လေးများမှာ အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြတော့သည်။

သူ့ အမြန်နှုန်းမှာ အလွန်မြန်ဆန်လှသော်လည်း ဝိညာဉ်ခေါ်တံပိုးမှာ တစ်ကြိမ်တိုင်း တစ်ကြိမ်တိုင်း ထိုအနက်ရောင် အလင်းစက်ဝိုင်းပေါ်သို့သာ ကျရောက်နေသည်။

ရှေ့သို့ တစ်လှမ်းမျှ ဆက်တိုး၍မရနိုင်သေးချေ။

နျဲ့ကျို သည် ရပ်တန့်မသွားဘဲ သူ့ အမြန်နှုန်းကို အဆက် မပြတ် မြှင့်တင်ကာ အနက်ရောင်အလင်းစက်ဝိုင်းပေါ်သို့ ထပ်ခါတလဲလဲ ရိုက်ချနေတော့သည်။

'ခရက်'

အလင်းစက်ဝိုင်းပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာ၏။

သို့သော် ချက်ချင်းပင် အခြားသရဲတစ္ဆေ မြောက်မြားစွာမှာ အနက်ရောင် အလင်းစက်ဝိုင်းထဲသို့ စုပ်ယူခံလိုက်ရပြန်သည်။

စိတ်မကောင်းစရာမှာအလင်းစက်ဝိုင်းပေါ်ရှိ အက်ကွဲကြောင်းများမှာ သရဲကြီးကိုယ်ပေါ်ရှိ ဒဏ်ရာများကဲ့သို့ လျင်မြန်စွာ ပြန်လည်သက်သာသွားသည်ကို မြင်လိုက်ရသည်။

နျဲ့ကျိုသွေးများ ပိုမို ဆူပွက်လာတော့သည်။

"မင်းရဲ့ ပြန်လည်ကောင်းမွန်တဲ့နှုန်းက ပိုမြန်မလား၊ ငါ့ရဲ့ တိုက်ခိုက်မှုက ပိုမြန်မလားဆိုတာ ကြည့်ကြသေးတာပေါ့"

သူ့မျက်နှာပေါ်တွင် သွေးများ ပေကျံနေသော်လည်း ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ရှိနေဆဲပင်။

သို့သော် ယခုအချိန်တွင် မည်သူကမျှ သူ့ကို အထင်မသေးရဲကြချေ။

သူက လမ်းမျက်စိလည်တတ်သူ ဖြစ်သည်မှာ မှန်သော်လည်း သူ၏စွမ်းရည်မှာမူ သံသယဝင်စရာ လုံးဝမရှိပါချေ။

သူသည် တိုက်ပွဲ၏ အလယ်ဗဟိုတွင် ရပ်နေပြီး သူ့ တစ်ကိုယ်လုံးကို သရဲချီအငွေ့အသက်များဖြင့် ဖုံးလွှမ်းထားကာ တောင်ပေါ်မှ ဆင်းလာသော ကျားရိုင်းတစ်ကောင်ကဲ့သို့ အဟန့်အတားမရှိ ရှေ့သို့ ချီတက်နေတော့သည်။

နျဲ့ကျို အမြန်နှုန်းမှာ အရိပ်အဖြစ်သာ ကျန်ရစ်နေသည်အထိ မြန်ဆန်လှသည်။

……

ကလောင်တံထဲတွင်

ရှုလျိုသည် သရဲတစ္ဆေများ၏ စွမ်းအားများကို စုပ်ယူရင်းနှင့် နျဲ့ကျို၏တိုက်ခိုက်မှုများကို ရှောင်တိမ်းနေရသည်။

သို့သော် နျဲ့ကျိုအမြန်နှုန်းနှင့် ပေါက်ကွဲအားမှာ အလွန်ပြင်း ထန်လွန်းသဖြင့် ဆယ်ကြိမ်တွင် အနည်းဆုံး ခြောက်ကြိမ်ခန့်က ၎င်းကို ထိမှန်နေလေသည်။

အစောပိုင်းက အန္တရာယ်ကို အာရုံခံမိပြီးနောက် ၎င်းသည် သရဲတစ္ဆေများ၏စွမ်းအားများကို ချက်ချင်း ပြန်လည် ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

လက်တွေ့သက်သေပြချက်များအရ ၎င်း၏အလိုအလျောက် သိစိတ်မှာ မှန်ကန်နေခဲ့သည်။

မူလက ၎င်းသည် အခွင့်ကောင်းယူကာ ဤဝိညာဉ်တမန်တော်များကို ရှင်းလင်းပစ်ပြီး ရှုအန်းဆိုသည့် ထိုငကြောက်ကို သေချာကြည့်ရှုစေချင်ခဲ့သည်။

သို့သော် တိုက်ခိုက်ရင်းနှင့်ပင် ရှုလျိုသည် အခြေအနေ အနည်းငယ် ထူးဆန်းနေသည်ကို ခံစားလိုက်ရသည်။

'ဒီ ဝိညာဉ်တမန်တော်က ဘာလို့ ဒီလောက်တောင် ကြမ်းရမ်းနေတာလဲ'

ထိုသို့ ကြမ်းရမ်းခြင်းမှာ ရိုင်းစိုင်းသော ခွန်အားများဖြင့် ရမ်းသန်း တိုက်ခိုက်နေခြင်း မဟုတ်ဘဲ နျဲ့ကျို ၏ တိုက်ခိုက်မှုတိုင်းက ခွန်အားနှင့် ဦးတည်ရာကို တိကျစွာ တွက်ချက်ထားခြင်း ဖြစ်သည်။

အချည်းနှီး အားကုန်စေမည့် တိုက်ခိုက်မှုမျိုးကို လုံးဝမလုပ်ဘဆောင်ပါချေ။

ထို့ပြင်သူနျဲ့ကျို ကိုယ်ပေါ်ရှိ သရဲချီအငွေ့အသက်များကို အာရုံခံကြည့်လိုက်ရာ'ဒီ ဝိညာဉ်တမန်တော်က အဆင့်တက်တော့မယ့်ပုံ ပေါက်နေသလားလို့'

"လခွမ်းတဲ့မှ၊ ဆိုတော့အခု ငါက မင်းကို အဆင့်တက်ဖို့ လာကူညီပေးနေရတာလား"

'တိုက်ခိုက်ရင်လည်း သာမန်ပဲ တိုက်ခိုက်လေ၊ အခုတော့ တိုက်ပွဲမြေပြင်မှာ တိုက်ရိုက်ကြီး အဆင့်တက်ပြနေတယ်'

'ဒါက စည်းကမ်းဖောက်တာ မဟုတ်ဘူးလား'

ရှုလျို မှာ မကျေမနပ် ဖြစ်သွားတော့သည်။

'ဒီကောင်က အခုတောင် ဒီလောက် ကြမ်းနေတာ၊ တကယ်သာ အဆင့်တက်သွားရင် ဒုက္ခရောက်မှာက ငါပဲ'

'ပြီးတော့ အချိန်ဆွဲထားရင် တခြား ဝိညာဉ်တမန်တော်တွေပါ ထပ်ရောက်လာနိုင်တယ်'

ရှုလျို သည် စဉ်းစားတွက်ချက်ကြည့်ပြီးနောက် ဤနေရာမှ အမြန်ဆုံး ထွက်ခွာရန် ဆုံးဖြတ်လိုက်တော့သည်။

'အစပိုင်းက ဒဏ်ရာရသွားတဲ့ ထို ဝိညာဉ်တမန်တော်ကို ခေါ်သွားနိုင်ရင် ဒီတစ်ခေါက် လာရတာ မရှုံးပါဘူး'

တစ်ဖက်လူက အနီးအနားတွင် ရှိနေဆဲဖြစ်ကြောင်း ၎င်း အာရုံခံမိနေသည်။

သို့သော် ၎င်းမတိုင်မီ 'ဘုန်း'ဟူ၍ဖမ်းဆီးခံရတော့မည့် သရဲတစ်ကောင်မှာ ပေါက်ကွဲသွားတော့သည်။

ဝိညာဉ်တမန်တော်များ၏တားဆီးခြင်းကို ခံထားရသော အခြား သရဲများစွာမှာလည်း ရုတ်တရက် အမြန်နှုန်း မြှင့်တင်လာကြပြီး မိမိကိုယ်ကို လောင်ကျွမ်းစေသည့် နည်းလမ်းဖြင့် ဝိညာဉ်တမန်တော်များ၏ အတားအဆီးများကို သေရမည်ကို မကြောက်ဘဲ ဝင်တိုက်လာကြတော့သည်။

ကျိယင် အပါအဝင် အခြား ဝိညာဉ်တမန်တော်များမှာ အသီးသီး ဖိအားများလာသည်ကို ခံစားလာရသည်။

'ဘုန်း' 'ဘုန်း'

သရဲများ ဆက်တိုက် ပေါက်ကွဲလာသဖြင့် ဝိညာဉ်တမန်တော်များမှာ ကြိုတင် မပြင်ဆင်ထားနိုင်ဘဲ ဖြစ်သွားရသည်။

အချို့သော သရဲများက အခွင့်ကောင်းယူကာ အထဲသို့ ဝင်ရောက်သွားကြပြီး သူတို့သည် ဝိညာဉ်တမန်တော်များဆီသို့သာမက လူနေအဆောက်အအုံများဆီသို့ပါ ပြေးဝင်သွားကြသည်။

မူလက ထိန်းချုပ်ထားနိုင်သော အခြေအနေမှာ တစ်ဖန် ကမောက်ကမ ဖြစ်သွားပြီး ဝိညာဉ်တမန်တော်များ၏ နေရာယူမှုများလည်း ကစဉ့်ကလျား ဖြစ်သွားရသည်။

ဤသည်မှာ ရှုလျို၏ ရည်ရွယ်ချက်ပင်။

ကမောက်ကမ ဖြစ်လာမှသာ ထွက်ခွာရန် ပိုမိုလွယ်ကူမည်လေ။

……

'ဝုန်း'

အနီးအနားရှိ လူနေအဆောက်အအုံများအတွင်းမှ လူအချို့က ဟိန်းထွက်လာသော အသံများကို မသဲမကွဲ ကြားလိုက်ရသည်။

သူတို့သည် 'တကယ်ကိုပဲ မိုးကြီးတော့မည်' ဟု တီးတိုးရေရွတ်နေကြ၏။

……

"..."

နျဲ့ကျို၏တိုက်ခိုက်မှုကို နောက်တစ်ကြိမ် ထပ်မံရှောင်တိမ်းလိုက်ရသဖြင့် ရှုလျို မှာအနည်းငယ် ခေါင်းကိုက်လာတော့ သည်။

'ဒီ ဝိညာဉ်တမန်တော်က ငါ့ကိုပဲ သီးသန့် အငြိုးထားနေသလိုပဲ'

အပြင်ဘက်တွင် မည်မျှပင် ကမောက်ကမ ဖြစ်နေပါစေ၊ ၎င်းတစ်ခုတည်းကိုသာ အာရုံစိုက် တိုက်ခိုက်နေပြီး အခြားအရာများကို လုံးဝ ဂရုမစိုက်ပါချေ။

ထို့ပြင် နျဲ့ကျို ၏ အရှိန်အဝါများက တိုက်ခိုက်မှုတိုင်းတွင် အဆက်မပြတ် မြင့်တက်လာနေသည်ကို မြင်တွေ့နေရ၏။

ခဏအကြာတွင် ကလောင်တံ ပတ်လည်ရှိ အနက်ရောင် အလင်းစက်ဝိုင်းမှာ လင်းလက်သွား‌တော့သည်။

ရှုလျို သည် နောက်ဆုံး ကမောက်ကမ အခြေအနေ တစ်ခုကို ဖန်တီးပြီးနောက် ဤနေရာမှ လွတ်မြောက်ရန် ဆုံးဖြတ်လိုက်တော့သည်။

ထိုအချိန်မှာပင် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော ရှုအန်း ထံမှ ရုတ်တရက် အသံထွက်ပေါ်လာသည်ကို ၎င်း ကြားလိုက်ရသည်။

'တော်လောက်ပြီ'

'တော်လောက်ပြီ'

'မင်း ဘာပြောလိုက်တယ်'

ရှုလျိုမှာ သတိမထားမိလိုက်ခင်မှာပင် ၎င်းသည် ကလောင် တံ၏ထိန်းချုပ်ခွင့်ကို လုယူခံလိုက်ရကြောင်း ရုတ်တရက် သိရှိလိုက်ရသည်။

ရှုအန်း၏သေချင်နေသော ဆန္ဒကို ခံစားလိုက်ရသဖြင့် ရှုလျို မှာ အလန့်တကြား ဖြစ်သွားတော့သည်။

"မင်း စိတ်အေးအေးထားစမ်း၊ ဝိညာဉ်ဆိုင်ပိုင်ရှင်က မင်းကို အလုပ်လုပ်ခိုင်းရုံသက်သက်ပါ၊ နောက်ကျရင် မင်းကို ပြန်လွှတ်ပေးမှာပါ"

"မင်း ဝတ္ထုရေးချင်သေးတယ် မဟုတ်လား၊ စာ‌ပေရိပ်မြုံကနေ ဘာလို့ထွက်လာခဲ့တာလဲ ဆိုတာ မင်း မေ့သွားပြီလား ငါတို့ အခု လူ့ပြည်ကို ရောက်နေပြီလေ"

သို့သော် ရှုလျို မည်သို့ပင် ပြောစေကာမူ ရှုအန်းမှာအနည်း ငယ်မျှပင် တုန်လှုပ်မသွားပါချေ။

ခန္ဓာကိုယ်အတွင်းမှ ပိုမိုပြင်းထန်လာသော စုတ်ပြဲသွားမတတ် နာကျင်မှုများကို ခံစားနေရသော်လည်း ရှုအန်း၏ စိတ်နှလုံးမှာမူ ယခင်က တစ်ခါမှ မရှိခဲ့ဖူးလောက်အောင် တည်ငြိမ်နေလေသည်။

ထိုချိန်တွင်နျဲ့ကျို သည် ဝိညာဉ်ခေါ်တံပိုးကိုမြှောက်လိုက်ရာ သူ၏ ကိုယ်ပေါ်ရှိ သရဲချီအငွေ့အသက်များက မြင့်တက်လာပြီး ဤအခိုက်အတန့်တွင် အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသွားတော့သည်။

ထိုသည်မှာ သရဲများ သူတို့၏အမြင့်ဆုံး အတိုင်းအတာသို့ ရောက်ရှိသွားပြီးနောက် နောက်ဆုံးတွင် အဆင့်အတားအဆီးကို ဖြတ်ကျော်သွားသကဲ့သို့ပင်ဖြစ်၏။

မျက်တောင်တစ်ခတ်အတွင်း ဤနေရာရှိ ဝိညာဉ်တမန်တော်များနှင့် သရဲတစ္ဆေများအားလုံး ထိုအရာကို အာရုံခံမိသွားကြသည်။

ဤတိုက်ပွဲမြေပြင်ပေါ်တွင် တစ္ဆေစစ်သေနာပတိ တစ်ပါး မွေးဖွားလာခဲ့လေပြီ။

ထို့နောက်ချက်ချင်းပင် နျဲ့ကျို ၏ တစ်ကိုယ်လုံးရှိ သရဲချီအငွေ့အသက်များအားလုံး ဝိညာဉ်ခေါ်တံပိုးပေါ်တွင် စုစည်းသွားပြီး ကြီးမားလှသော အင်အားများနှင့်အတူ ရိုက်ချလာတော့သည်။

ရှုအန်းသည် ကလောင်တံကို ထိန်းချုပ်ကာ နေရာမှာတင် ရပ်တန့်နေလိုက်ပြီး မျက်နှာချင်းဆိုင်မှ ရိုက်ချလာသော ဝိညာဉ်ခေါ်တံပိုးကို ကြည့်ရင်း သူ့ကိုယ်ပတ်လည်ရှိ အနက်ရောင် ကာကွယ်ရေး အလင်းစက်ဝိုင်းကို ပြန်လည် ရုပ်သိမ်းလိုက်တော့သည်။

ဤအခိုက်အတန့်တွင် ရှုလျို မှာ ခန္ဓာကိုယ်ထဲတွင် အပြင်သို့ ထွက်ရန် အဆက်မပြတ် ရုန်းကန်နေတော့သည်။

"ရှုအန်း မင်း လူလိမ်ကောင်၊ မင်းက အမြဲတမ်းဝတ္ထုရေးချင်နေခဲ့တာ မဟုတ်ဘူးလား"

"မင်းသေချင်လည်း သေလေ ငါ့ကို ဆွဲမထည့်နဲ့"

ဤအခိုက်အတန့်တွင် ရှုအန်းသည် နျဲ့ကျို ကို တိတ်ဆိတ် စွာ ကြည့်ရင်း 'ကျေးဇူးပဲ' ဟု တိုးတိုးလေးပြောလိုက်သည်။

"မင်းတို့ ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ဘာလို့ ငါကမှ ဒီလိုဒုက္ခရောက်ရတာလဲ၊ ဝိညာဉ်တမန်တော်တွေက ဘာလို့ အခုထိ ငါ့ကိုလာမရှာကြသေးတာလဲ ဆိုပြီး သူ အရင်က နာကြည်းခဲ့ဖူးတယ်"

"ရှုလျိုရဲ့ လုပ်ရပ်တွေကြောင့်လည်း သူ ဒေါသထွက်ခဲ့ဖူးတယ်"

"ကိုယ်ပေါ်ကနေ အချိန်တိုင်း ထွက်ပေါ်လာတဲ့ စုတ်ပြဲမတတ် နာကျင်မှုတွေက သူ့ကို အရာအားလုံးကို စွန့်လွှတ်ပြီးအကူ အညီတောင်းချင်စိတ် ပေါ်လာစေသလို၊ အရာအားလုံးကိုလည်း မုန်းတီးမိစေခဲ့တယ်"

"ဒါပေမဲ့ အခုအချိန်၊ အခုအခါမှာတော့"

"ဒီကမောက်ကမ ဖြစ်နေတဲ့ တိုက်ပွဲကြီးကို ကြည့်ရင်း ငါက ရုတ်တရက် အဲဒီ နာကျင်မှုတွေ၊ စိတ်ညစ်စရာတွေက သိပ်ပြီး အရေးမကြီးတော့ဘူးလို့ ခံစားလိုက်ရတယ်"

"ဘာလို့များ အဲဒီလောက် ခံစားနေခဲ့ရတာလဲ"

"ဘာလို့များ သွားပြီး အပြိုင်အဆိုင်လုပ်နေရမှာလဲ၊ ဘာလို့များ ဒေါသထွက်နေရမှာလဲ၊ ဘာလို့များ ဝမ်းနည်းနေရမှာလဲ"

"ငါလိုချင်ခဲ့တာက တကယ်တော့ အရမ်းကို ရိုးရှင်းပါတယ်"

'ဝုန်း’

🫧 Chapter 158

ရှုအန်းသည် သူ ပထမဆုံး ဝတ္ထုဖတ်ခဲ့ရသည့်အချိန်က ခံစားချက်ကို မှတ်မိနေဆဲဖြစ်၏။

ယခုခံစားချက်မှာအမြဲတမ်း ထောင့်တစ်နေရာတွင် ပုန်းကွယ်နေတတ်သော လူငယ်လေးတစ်ယောက်က နောက်ဆုံးတော့ သူ့အကြိုက်နဲ့ ထပ်တူကျမယ့် သူငယ်ချင်းကောင်းကို ရှာတွေ့သွားသကဲ့သို့ပင်။

ထိုဝမ်းသာမှု၊ ပီတိဖြစ်မှုက စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်ချေ။

သူ သတိပြန်ဝင်လာချိန်တွင် မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျနေခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်လေးမှာပဲ သူက အထီးကျန်ခြင်းကို ထပ်ပြီး ခံစားနေစရာ မလိုတော့ဘူးဆိုတာကို သိလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ယခု သူ့ကို အဖော်ပြုပေးမယ့် ပိုပြီး အံ့သြစရာကောင်းတဲ့ အရာတွေရှိလာပြီလေ။

ထိုနေ့က သူဟာ စာအုပ်လေးကိုပိုက်ပြီး လှေကားထစ်လေးပေါ်မှာ အကြာကြီး ထိုင်ဖတ်နေခဲ့သည်။

လက်တွေ့ကမ္ဘာကြီးကို မေ့လျော့ပြီး ဇာတ်ကောင်ရဲ့ဇာတ် လမ်းထဲကို အပြည့်အဝ စီးမျောသွားခဲ့သည်လေ။

ထိုကမ္ဘာက လက်တွေ့နဲ့ နည်းနည်းဆင်တူပေမယ့် လုံးဝတော့ မတူညီပါချေ။

ထိုအထဲတွင် သူ ပိုပြီးများပြားတဲ့နေရာတွေ၊ ပိုပြီးကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို မြင်တွေ့ခဲ့ရသလို၊ ပိုပြီး ကိုယ်ပိုင်ဟန်ရှိတဲ့ 'လူ' တွေကိုလည်း သိကျွမ်းခဲ့ရသည်မဟုတ်ပါလော။

တချို့လူတွေက ယုံကြည်ချက်တစ်ခုအတွက် ဓားတောင်ကို ကျော်၊ မီးပင်လယ်ကိုဖြတ်ပြီး အန္တရာယ်ကြားထဲကို ဝင်ပြီး လူကယ်နိုင်ကြသည်။

တချို့လူတွေကတော့ လှပဆန်းကြယ်တဲ့ မှော်ပညာတွေကို ပိုင်ဆိုင်ထားပြီး ကမ္ဘာအနှံ့ခရီးသွားရင်း စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဘဝကိုဖြတ်သန်းကြ၏။

ထိုအရာတွေ အားလုံးက သူ့ရဲ့ ဘဝနဲ့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေပေမယ့် သူ့ကို အရမ်းကို မျှော်လင့်တောင့်တစေခဲ့သည်လေ။

နောက်ပိုင်းမှာတော့ ရှုအန်းလည်း ကလောင်တံကို ကိုင်လာခဲ့ပြီး ဇာတ်ကောင် တစ်ကောင်ပြီး တစ်ကောင်ကို သူ ဖန်တီးခဲ့သည်မဟုတ်ပေလော။

သူ အိပ်ပျော်သွားသည့်အခါတိုင်း အိပ်မက်ထဲတွင်ထိုဇာတ် ကောင်တွေချည်းသာ ရှိနေခဲ့၏။

ယခုမူ သူတို့တွေက အမှန်ပင် အသက်ဝင်လာပြီး ထိုကမ္ဘာထဲမှာ အစစ်အမှန်ပင် အသက်ရှင်နေကြသကဲ့သို့ပင်ခံစားနေရလေသည်။

'သိပ်ကို ကောင်းတာပဲ'

'သိပ်ကို ကောင်းတဲ့ ကမ္ဘာကြီးပါလား'

'ဒီလိုကမ္ဘာကြီးမျိုးကို ဘယ်လိုလုပ်ပြီး ဖျက်ဆီးပစ်လို့ ရမှာလဲ၊ သူက ပိုပြီးတော့ ဖြစ်နိုင်ခြေတွေ၊ ပိုပြီးတော့ အံ့သြစရာတွေ ရှိနေသေးတာကို'

……

'တစ်ချို့လူတွေက တစ်ဘဝလုံး အချိန်ယူပြီး ခံစားပျော်ရွှင်ကြတယ်'

'တစ်ချို့လူတွေကတော့ တစ်ဘဝလုံး အချိန်ယူပြီး ရူးသွပ်မြတ်နိုးကြတယ်'

'ဝတ္ထုနဲ့ စတင်တွေ့ဆုံခဲ့တဲ့ အချိန်ကစပြီး သူက သူ့ရဲ့ ရှေ့ဆက်ရမယ့် လမ်းကို သိသွားခဲ့တယ်'

'အဲဒါက သေချာပေါက်၊ တစ်ဘဝလုံးစာ.....'

စိတ်မကောင်းစရာပင်ရှုအန်းသည်အဆုံးသတ်ထိစိတ်ကူးမယဉ်နိုင်ခဲ့ပါချေ။

……

'ဝုန်း'

ဝိညာဉ်ခေါ်တံပိုးက ကျဆင်းလာ‌ကာ အလင်းစက်ဝိုင်းအကာ အကွယ် မရှိတော့သဖြင့် ကလောင်တံမှာ မြေကြီးပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားတော့သည်။

ထို့နောက်ကလောင်တံကိုယ်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး လျင်မြန်စွာပြန့်နှံ့သွားသည်။

ထို့ပြင်'ဝုန်း' ဟူသော အသံနှင့်အတူ မြေကြီးပေါ်တွင် တွင်းကြီးတစ်ခု ဖြစ်သွား၏။

တစ်စုံတစ်ခု ပေါက်ကွဲသွားသကဲ့သို့ပင်ပတ်ဝန်းကျင်ရှိ အပင်များအားလုံးမှာ ရိုက်ခတ်မှုကြောင့် တစ်ဖက်သို့ ယိမ်းယိုင်သွားကြသည်။

ထို့နောက်တိုးညင်းသော ကွဲအက်သံ နှစ်သံ ထွက်ပေါ်လာကာ ကလောင်တံနှင့်အတူ ၂၂ လွှာရှိ ပုံဆွဲတက်ဘလက်ပါတစ် ပြိုင်နက်တည်း ကွဲကြေသွားတော့သည်။

မကြာမီပင်အတွင်းရှိ သရဲချီအငွေ့အသက်များက ပြန့်ကျဲထွက်လာကာ လွင့်ပျံသွားကြ၏။

ဤအခိုက်အတန့်တွင် 'ဉာဏ်အလင်း' ဟု အမည်ရသော အသက်ဝင်နေသည့် ဝိညာဉ်လက်နက်မှာပျောက်ကွယ်သွားလေပြီ။

……

ပတ်ဝန်းကျင်တွင်သဲနှင့် ကျောက်ခဲများ လွင့်စင်ကာ ဖုန်မှုန့်များလည်း တထောင်းထောင်းထနေလေတော့သည်။

လေဟာနယ် တစ်ခုလုံးမှာလည်း ခဏမျှ တိတ်ဆိတ်သွား၏။

ဆင့်ခေါ်ခံရ၍ ရောက်လာပြီး အစွမ်းကုန် ကမောက်ကမဖြစ်အောင် လုပ်နေကြသော သရဲများမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချက်ချင်းလှည့်၍ထွက်ပြေးကြတော့သည်။

ထိုအရာကို တားဆီးရန်တာဝန်ယူထားသော ဝိညာဉ်တမန်တော်များမြင်သောအခါ အသီးသီးလိုက်လံ ဖမ်းဆီးကြသည်။

"အကျဉ်းထောင်"

ထိုစဉ်ဖူကျားတိုက်ခိုက်လိုက်ရာ အနက်ရောင်အကျဉ်းထောင်များက လေထဲတွင် ပေါ်လာ၏။

နောက်ထပ် စွမ်းအားများ မရရှိတော့သဖြင့် သရဲကြီးမှာ ချူဝမ်၏လက်ထဲတွင် အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

လီရှောင်းသည် သရဲများ၏နှလုံးသားကို လက်ဖြင့် ညှစ်ခွဲရာတွင် ကျွမ်းကျင်ပြီး တစ်ကောင်ကို သတ်ပြီးသည်နှင့် နောက်တစ်ကောင်ကို ချက်ချင်းကြည့်ကာ သတ်နေသောလှုပ်ရှားမှုမှာ အလွန်သွက်လက်လှသည်။

သို့သော် ချူဝမ်က လူနေအဆောက်အအုံများဆီသို့ ထွက် ပြေးသွားသော သရဲများကို အရင်ရှင်းလင်းရမည်ဟု ပြောသောအခါ သူသည် ချက်ချင်းရပ်တန့်လိုက်ပြီး အပြင်ဘက်သို့ ဆက်လက် လိုက်လံဖမ်းဆီးခြင်း မပြုတော့ချေ။

ယခုလို အချိန်အတန်ကြာပြီးနောက်တွင် သူသည် မိစ္ဆာသရဲများကို မြင်သည့်အခါ အရင်ကလောက် စိတ်မြန်လက်မြန် မဖြစ်တော့ကြောင်း သိသာလှသည်။

'ကာကွယ်ရမယ်'

'အဖွဲ့ခေါင်းဆောင်ကတစ်ခါ ပြောဖူးတယ်၊ အရင်ဆုံး ကာကွယ်တတ်အောင် သင်ယူရမယ်လို့'

စီနီယာချူဝမ်လည်း ပြောဖူးသည်။

အဖြူရောင် ဝိညာဉ်တမန်တော်၏ပထမဆုံး တာဝန်က မိစ္ဆာသရဲများကို လိုက်လံဖမ်းဆီးရန် မဟုတ်ဘဲ ဝိညာဉ်များကို သေချာ စောင့်ရှောက်ရန်ဖြစ်သည်။

ဤအနီးအနားမှာ ဝိညာဉ်တွေ မရှိသော်လည်း လူသားတွေ အများကြီး ရှိနေသည်လေ။

……

အသက်ဝင်နေသည့် ဝိညာဉ်လက်နက်ကို ရှင်းလင်းလိုက်ပြီးနောက် ကျန်ရှိနေသော သရဲများကိုလည်း ဝိညာဉ်တမန်တော်များက အမြန်ရှင်းလင်းလိုက်ကြသည်။

"ငါ ဒီဘက်မှာ လွတ်နေတဲ့ကောင်တွေ ရှိ၊ မရှိ သွားကြည့်လိုက်ဦးမယ်" ဟု နျဲ့ကျို ပြောလိုက်သည်။

"ဒါဆို ငါ ဒီဘက်ကို သွားမယ်"

"ငါ တောင်ဘက်ကို သွားမယ်"

ဝိညာဉ်တမန်တော်များမှာ ချက်ချင်း ပြန်မသွားကြသေးဘဲ အရပ်မျက်နှာ အသီးသီးသို့ လူခွဲကာ ပတ်ဝန်းကျင်ကို ရှာဖွေကြသည်။

ခုနက သရဲတစ္ဆေတွေ အများကြီးဖြစ်သည်ကြောင့် ရုတ်ရုတ်သဲသဲနဲ့ ပုန်းနေတဲ့ ကောင်တွေ ရှိနေနိုင်ပါ၏။

အကြီးမားဆုံး ခြိမ်းခြောက်မှုကို ဖြေရှင်းပြီးပြီဖြစ်သဖြင့် ကျန်တာကတော့ နောက်ဆုံး ရှင်းလင်းရေးအပိုင်းသာ ဖြစ်သည်။

မထွက်ခွာခင်မှာ နျဲ့ကျိုသည် ငရဲပြည် လမ်းကြောင်းကို ဖွင့်ကာ ထောက်ပံ့ရေးတပ်ဖွဲ့ကို ဤနေရာသို့ လာရောက် ပြုပြင်ပေးရန် ဆက်သွယ်လိုက်သည်။

ခုနက တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဤအနီးအနားတွင် သရဲချီအငွေ့အသက် အတားအဆီးကိုဖွင့်ထားပြီး ဖြစ်သည်။

ဤအတားအဆီးမျိုးက ကျန်းလင်နှင့် ရှုလျိုတို့ အသုံးပြုခဲ့သည်များနှင့် မတူညီချေ။

ဤအတားအဆီးမျိုးကို သရဲတစ္ဆေတိုင်းလိုလို အသုံးပြုနိုင်သည်။

ရည်ရွယ်ချက်ကတော့ လူသားတွေရဲ့ မျက်စိကို လှည့်စားဖို့ သက်သက်သာဖြစ်ပြီး၊ သရဲ မျက်စိလှည့်စားခြင်း(သရဲတံတိုင်း) နဲ့ နည်းနည်း ဆင်တူသည်။

လူသားတွေရဲ့ အမြင်မှာတော့ အပြင်ဘက်မှာ မည်းမှောင်တဲ့ တိမ်တိုက်တွေ လိမ့်တက်နေပြီး၊ မိုးခြိမ်းသံတွေ ဆူညံနေကာ ကြောက်စရာကောင်းနေ၏။

မြေကြီးပေါ်က အပင်တွေတောင် လေတိုက်လို့ ယိမ်းယိုင်နေကြသည်မဟုတ်လော။

မိုးကြီးရွာတော့မယ်လို့ စောင့်နေကြတုန်းမှာပဲ အပြင်ဘက်က ကောင်းကင်ကြီးက ပြန်လင်းလာသည်ကို တွေ့လိုက်ရပြီး မည်းမှောင်တဲ့ တိမ်တိုက်တွေ ပျောက်ကွယ်သွားပြီး လင်းလက်တဲ့ နေရောင်ခြည်က မှန်ပြတင်းပေါက်ကနေတစ်ဆင့် ဖြာကျလာတော့သည်။

နေဝင်ဆည်းဆာရဲ့ အလင်းရောင်တွေကလည်း အဝေးမှာ တဖြည်းဖြည်း ပေါ်ထွက်လာ‌၍ သူတို့ မြေကြီးကို ပြန်ကြည့်လိုက်သော်

"ထူးဆန်းတယ်၊ မိုးရေ တစ်စက်မှတောင် မရှိပါလား"

'စကားပုံတစ်ခု ရှိတယ်လေ၊ 'မိုးခြိမ်းသံသာ ကြီးပြီး မိုးရေမပါဘူး' တဲ့'

'အခုလည်း မိုးခြိမ်းသံကတော့ ကြီးပါရဲ့၊ ဒါပေမယ့် မိုးရေ တစ်စက်မှကို မရှိတာ'

"မေမေ၊ ဘာလို့ မိုးကြီး မရွာတာလဲ"

ကလေးလေးက မိခင်၏ အနားသို့ ကပ်ကာ မေးလိုက်သည်။

"ရှူး... နတ်ဘုရားတွေက မိစ္ဆာတွေကို တိုက်နေကြလို့လေ" ဟု မိခင်က နူးညံ့စွာ ပြောလိုက်သည်။

"ဒါဆို ဘယ်သူ နိုင်သွားလဲဟင်"

"နတ်ဘုရားတွေ ဖြစ်မှာပေါ့၊ မဟုတ်ရင် ကောင်းကင်ကြီးက ငိုနေတော့မှာပေါ့"

……

ထိုမြင်ကွင်းများကို အဝေးတွင် အဖြူရောင်ပုံရိပ်တစ်ခုက ဤဘက်သို့ တိတ်ဆိတ်စွာ ကြည့်နေ၏။

ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့ပွဲစားဘက်က ကိစ္စများကို ရှင်းလင်းပြီးနောက် ကျန်းလင်သည် ဤဘက်သို့ လာကြည့်ရန် စဉ်းစားမိခဲ့သည်။

ဤသည်က တပ်ဖွဲ့ဝင်များ၏ပထမဆုံး အစုအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှု ဖြစ်သကဲ့သို့ အဖွဲ့ (၁၈) မှာ ပထမဆုံး အကြိမ် အနီရောင် သတိပေးချက်လင်းလာခြင်းလည်းမဟုတ်ပါလော။

ကျန်းလင်ရောက်လာချိန်တွင် တပ်ဖွဲ့ဝင်များက ထွက်ပြေးနေသော သရဲများကို ညီညီညွတ်ညွတ် လိုက်လံဖမ်းဆီးနေကြသည်ကို အဝေးမှနေ၍မြင်လိုက်ရသည်။

ထို့နောက် နောက်ဆုံး ရှင်းလင်းရေးအလုပ်များကို အလိုအ လျောက် စတင်ကြပြီး ငရဲပြည်ထောက်ပံ့ရေးတပ်ဖွဲ့ကို ခေါ်ကာ လွတ်နေသော သရဲများကိုရှာဖွေကြသည်။

ယခုအခြေနေမှာ စနစ်တကျရှိလှပြီး ခုနက ကမောက်ကမ အခြေအနေတွေကြောင့် လုံးဝအထိတ်တလန့် ဖြစ်မသွားခဲ့ကြပါချေ။

အဖွဲ့ (၁၈) ၏ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုဆိုသော် လည်း လက်ရှိ အခြေအနေအရတော့ အတော်လေးကောင်း မွန်စွာ ပြီးမြောက်ခဲ့တယ်လို့ဆိုရမည်။

ထိုစဥ် ကျန်းလင်၏အကြည့်က ရွေ့သွားပြီး ရန်ကွမ်းအိမ်ရာ အစွန်အဖျားတွင် အိတ်များကိုစွပ်ကာ ကူညီနေကြသော အလုပ်သင် ဝိညာဉ်တမန်တော်များကို သတိထားမိလိုက်သည်။

ထို့ပြင် လမ်းနှစ်ဘလောက်အကွာတွင် တိတ်ဆိတ်စွာရပ်တန့် နေသော ကားဝိညာဉ်ကိုပါ မြင်လိုက်ရသည်။

ကားပေါ်ရှိ ယာဉ်မောင်းနှင့် ခရီးသည်များအားလုံးပြတင်း ပေါက်မှ ခေါင်းပြူကာ ထိုဘက်သို့ လှမ်းကြည့်နေကြပြီး ယခုအချိန် သွားရန် သင့်တော်မည်၊ မသင့်တော်မည်ကို စဉ်းစားနေကြပုံရ၏။

အမှန်တကယ်တော့ သရဲယာဉ်မောင်းမှာ အတော်လေးခေါင်းစားနေခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူတို့ကားပေါ်မှာ ဝိညာဉ်တမန်တော်ကြီး ခေါ်လာသည့် လူသားတစ်ယောက် ရှိနေသေးတယ်လေ။

'ဟိုဘက်က ကိစ္စတွေ ဘယ်လိုနေပြီလဲ'

'ဒီလူသားကို ဘယ်လို လုပ်ရမလဲ၊ ကြည့်ရတာ နိုးတော့မယ့်ပုံပဲ'

'ဝိညာဉ်တမန်တော်ကြီး ဘယ်တော့ ပြန်လာမှာလဲ'

'ဒါနဲ့နေပါဦး ဝိညာဉ်တမန်တော်ကြီးက ဒဏ်ရာတွေ ဗရပွနဲ့ ထွက်သွားတာ၊ ပြန်ရော ပြန်လာနိုင်ပါ့မလား'

သရဲယာဉ်မောင်းသည် အဝေးရှိ အိမ်ရာကို ကြည့်ကာ သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်မိသည်။

သရဲယာဉ်မောင်းနှင့် ခရီးသည်များ အားလုံး အပြင်ဘက်သို့ ခေါင်းပြူကြည့်နေချိန်တွင် ကားပေါ်ရှိ ထိုလူသားမိန်းက လေး'ထိတ်လန့်ချောက်ချားဖွယ်ရာ' မန်ဂရေးဆရာမ၏ မျက်ခွံအောက်ရှိ မျက်လုံးများ လှုပ်ရှားလာခဲ့သည်။

ထိုမျက်လုံးများက တိတ်တဆိတ် အနည်းငယ် ပွင့်လာ၏။

သို့သော် သရဲယာဉ်မောင်း လှည့်ကြည့်လိုက်ချိန်တွင်မူ လျင်မြန်စွာ ပြန်ပိတ်သွားတော့သည်။

ထို့နောက်သူမသည် တစ်ကိုယ်လုံး ကြက်သီးတွေပင် ထလာတော့၏။

သူမက ထိတ်လန့်စရာ မန်ဂတွေ ရေးဆွဲလာတာ နှစ်တွေ အတော်ကြာခဲ့ပြီ၊ ပရိသတ်ပေါင်း သောင်းနဲ့ချီပြီးခြောက် လှန့်နိုင်ခဲ့ပေမယ့် သူမကိုယ်တိုင် ရေးဆွဲနေချိန်မှာတော့ ဘယ်တုန်းကမှ ကြောက်လန့်တာမျိုး မခံစားခဲ့ရဖူးပါချေ။

သို့သော်ယခု ဤမိန်းကလေးမှာ စိုးရိမ်ထိတ်လန့်မှုတွေကို ခံစားနေရပြီ။

'ဘာလို့များ ဒီကားပေါ်က 'လူ' တွေ အားလုံးက ငရဲပြည်က ရုပ်ရည်မျိုး ဖြစ်နေကြတာလဲ'

'ဒါက ဒဏ္ဍာရီထဲက လူ့ပြည်နဲ့ ငရဲပြည်ကို သွားလာနိုင်တဲ့၊ ငရဲပြည် အချိန်မှာပဲ ပေါ်လာတတ်တဲ့ သရဲကားများလား'

'နေပါဦး'

ထိုစဉ်မိန်းကလေး၏မျက်ခွံများ လှုပ်ရှားသွားကာတစ်စုံတစ် ခုကိုတွေးမိသွား၏။

'မိုးလင်းနေပြီပဲ'

'ငရဲပြည် အချိန်မှ မဟုတ်တာဒါဆို ဒါက ဘာကားကြီးလဲ'

'သူမ အခု ထပြီးနှုတ်ဆက်ပြီး ကားပေါ်က ဆင်းသင့်သလား'

'ဒါမှမဟုတ် သူမကို သူတို့ ဘေးလွှင့်ပစ်မယ့် အချိန်အထိ ဆက်ပြီး အသေကောင်လို ဟန်ဆောင်နေသင့်သလား'

ကားပေါ်တွင် လူတစ်ယောက်နှင့် သရဲတစ်‌ကောင်တို့ တစ်ပြိုင်နက်တည်း ခေါင်းစားနေကြတော့သည်။

'အင်း အတော်ကို ခေါင်းကိုက်စရာပဲ...'

All Chapters