အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
🫧 Chapter 165
[ဟယ်... ဟို အနက်ရောင် ဝိညာဉ်တမန်တော်ကြီးကို ငါ မြင်ဖူးသလိုပဲ]
[လခွမ်း... မင်းက လင်တန်ယုရဲ့ အကွက်ကို သုံးမလို့တော့ မဟုတ်ဘူးမလား]
[မဟုတ်ဘူး၊ ငါ တကယ် မြင်ဖူးတာ]
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာက ပြောင်းသွားပြီး အနက်ရောင် ဝိညာဉ်တမန်တော်တစ်ဦး၏ ပုံရိပ်ကို ပရိသတ်များ မြင်လိုက်ရသည်။
[ငါ မှတ်မိပြီ၊ အဲဒါ Streamer ရဲ့ သူငယ်ချင်းပဲ]
ရွှီရှို့စစ်သည် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါဝင်လေ့သိပ်မရှိသောကြောင့် ပရိသတ်အများစုက သူ့ကို မမြင်ဖူးကြချေ။
မြင်ဖူးသူများပင်လျှင် ခဏတဖြုတ်သာ မြင်ဖူးသဖြင့် မှတ်မိသူ အလွန် နည်းပါးသည်။
ယခုအချိန်တွင်ရွှီရှို့စစ်သည် အခြား အနက်ရောင် ဝိညာဉ်တမန်တော် တစ်ဦးနှင့် အဖွဲ့ဖွဲ့ကာ ခရိုင် (၁၈) အတွင်းသို့ တစ်ဟုန်ထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။
ခရိုင် (၁၈) တွင် ဝိညာဉ်တမန်တော် အနည်းငယ်သာ ရှိသဖြင့် အသက်ရှင်ကျန်ရစ်သော သရဲတစ္ဆေ အရေအတွက်မှာလည်း အခြားဒေသများထက် အများအပြားပိုများနေ၏။
ရုတ်တရက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် မှတ်ချက်တစ်ခု တက်လာသည်။
"ညီအစ်ကိုတို့၊ ကျွန်မတော့ သွားပြီ ထင်တယ်..."
ထိုပရိသတ်မှာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူ ဖြစ်ပြီး၊ ကောင်းကင်ကြီး ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်သောအခါ အိမ်သို့ အမြန်ပြေးပြန်လာခဲ့သည်။
သို့သော် အိမ်တံခါးဝရောက်မှသာ သော့မပါလာကြောင်း သိလိုက်ရသည်။
'သူမရဲ့ သော့လေး'
'ဘာလို့များ ဒီလိုအချိန်မှ ပျောက်နေရတာလဲ'
'ဒါက သူမကို သေခိုင်းနေတာပဲ မဟုတ်လား'
ကောင်မလေးသည် ကောင်းကင်ယံတွင် ပျံဝဲနေသော သရဲတစ္ဆေများကိုကြည့်ရင်း နံရံထောင့်တွင် တတ်နိုင်သမျှ ပုန်းခိုနေပြီး မျက်ရည်များပင် ကျလာတော့သည်။
"ငါ လေယာဉ် မစီးဖူးသေးဘူး၊ ယွမ်တစ်ရာကျော်တန် ချောကလက် မစားဖူးသေးဘူး၊ ဇိမ်ခံကားကြီးတွေလည်း မစီးဖူးသေးဘူး"
"သူငယ်ချင်းတို့ရေ၊ ငါက ဟုန်ရှစ် ပြည်နယ်၊ ကျင်းအန်း ခရိုင်၊ ယန်လင်း လမ်းမှာ ရှိနေတာပါ... ငါသာ သေသွားရင် အားလုံးပဲ ငါ့အစား သတင်းလေးပို့ပေးကြပါဦးနော်၊ ငါ Streamer ကြီးကို တွေ့ရဖို့ မတွေ့ရဖို့က နင်တို့အပေါ်မှာပဲ မူတည်တော့တယ်"
ကျိုးထန်ထန်သည် စာရိုက်နေရင်းနှင့် မျက်ရည်များဝဲလာ ၏။
စာရိုက်လေလေ ပိုဝမ်းနည်းလေလေ ဖြစ်လာသော်လည်း၊ Streamer ကို တွေ့ရနိုင်တယ်လို့ တွေးမိတော့ အနည်းငယ် နှစ်သိမ့်မှု ရသွားသလိုပင်ခံစားလိုက်ရ၏။
သို့သော် ကံကောင်းစွာပင် ဝမ်းနည်းနေစဉ်မှာရှေ့ဘက်မှ ကားဘရိတ်အုပ်သံ အကျယ်ကြီးကို ရုတ်တရက် ကြားလိုက်ရသည်။
"မြန်မြန် ကားပေါ်တက် မင်း ဒီမှာနေတာ မလုံခြုံဘူး"
ကားခေါင်းခန်းမှ သရဲယာဉ်မောင်းက ခေါင်းပြူကာ အော်လိုက်သည်။
ထိုစကားသံကိုကြားသဖြင့် ကျိုးထန်ထန်ခေါင်းမော့ကြည့်လိုက်ရာ ချက်ချင်းပင်လန့်ဖြတ်သွားတော့သည်။
ကားပြတင်းပေါက်များတွင် မျက်နှာပေါင်းများစွာကက ကပ်လျက်၊ သွေးကြောများ ယှက်နွှယ်နေသော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရသည်။
နည်းနည်းလေး၊ နောက်ထပ် နည်းနည်းလေးဆိုရင် ကျိုးထန်ထန် တစ်ယောက်နေရာမှာတင် သတိလစ်သွားလောက်သည်။
သူမသည် သတိလစ်ချင်စိတ်ကို အတင်းအကြိတ် ထိန်းချုပ်ကာ သရဲယာဉ်မောင်း၏မျက်နှာကို သေချာကြည့်လိုက်ပြီးနောက် ကားပေါ်သို့ အမြန်ပြေးတက်သွားတော့သည်။
"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်"
သူမသည် စိတ်လှုပ်ရှားလာသည်နှင့်အမျှ ပါးစပ်မှ 'ကျေးဇူး တင်ပါတယ်' ဆိုသည့်စကားကို အဆက်မပြတ် ရေရွတ်နေတော့သည်။
"သေချာ ကိုင်ထား"
သရဲယာဉ်မောင်းက ပြောရင်းနှင့် လီဗာကို နင်းလိုက်သည်။
ထိုခဏလေးရပ်လိုက်သည့် အချိန်အတွင်းမှာပင် သရဲတစ္ဆေ အချို့က အမီ လိုက်လာကြပြီ ဖြစ်သည်။
သရဲယာဉ်မောင်းသည် အခုလေးတင် တက်လာသော လူသားကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ်အံ့သြသွား၏။
'သူမ ကားပေါ်တက်အောင် ဝိညာဉ်ပညာ တစ်ခုခုသုံးရမယ်လို့ ထင်ထားတာ၊ ဒီလောက် မြန်မြန်ဆန်ဆန် တက်လာလိမ့်မယ်လို့ မထင်ထားဘူး'
'ဒါပေမဲ့ ဒီအချိန်က ဒါတွေကို စဉ်းစားနေရမည့်အချိန် မဟုတ်ဘူးဟ'
သရဲယာဉ်မောင်းသည် ကားဝိညာဉ်ကို မောင်းနှင်ကာ ရှေ့တွင် အရေးပေါ် ကွေ့လိုက်ပြီး ကားခေါင်မိုးပေါ်တွင် ကပ်နေသော သရဲနှစ်ကောင်ကို ခါချပစ်လိုက်သည်။
ကားပေါ်တွင် ဖုန်းကို ကိုင်ထားသော ကျိုးထန်ထန်သည် ပြတင်းပေါက်တွင်ကပ်ကာ အပြင်ကို စိုက်ကြည့်နေသော သရဲခရီးသည်များကိုကြည့်ရင်း အနည်းငယ်တော့ ကြောက် လန့်နေမိဆဲပင်။
သို့သော် သူတို့က Streamer ၏ လက်အောက်ငယ်သားများ ဖြစ်ကြောင်း တွေးမိသောအခါ စိတ်ထဲတွင် သိပ်မကြောက်တော့ချေ။
သို့သော် သရဲတွေနဲ့ အတူတူ ရှိနေရတယ်လို့ တွေးမိတိုင်း နှလုံးကတော့ ဒုန်းစိုင်းခုံနေဆဲဖြစ်၏။
မကြာမီမှာပင် ကျိုးထန်ထန်သည် ဤကားပေါ်တွင် သူမအပြင် အခြား လူသားမျက်နှာအချို့လည်း ရှိနေသေးကြောင်း သတိထားမိလိုက်သည်။
သူမသည် စိတ်လှုပ်ရှားမှုကို လျှော့ချချင်သဖြင့် အပြင်ဘက်ကအခြေအနေတွေကို စဉ်းစားမိပြီးတိုးတိုးလေး မေးလိုက်သည်။
"နင်တို့ 'မရဏလောကမှအံ့ဖွယ်နေ့ရက်များ' ကို ကြည့်ဖူးလား"
လူသားပုံစံ ရှိသူ ငါးဦးမှာ အစပိုင်းက ခေါင်းမော့နေသူက မော့နေပြီး၊ ခေါင်းငုံ့နေသူက ငုံ့နေကာ မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ ထိုင်းမှိုင်းနေကြသည်။
သို့သော်ထိုစကားကို ကြားလိုက်ရသောအခါ ဖုန်းကို ကိုင်ထားသော ကောင်လေးတစ်ယောက်က ရုတ်တရက် ခေါင်းမော့လာပြီး အလျင်စလို ပြန်ဖြေလိုက်၏။
"တကယ်ကို အံ့ဖွယ်နေ့ရက်တွေပါပဲ"
စကားသံဆုံးသည်နှင့် သူတို့နှစ်ယောက်စလုံး၏ မျက်လုံးများ အရောင်လင်းသွားကြ တော့သညါ။
'ကုဒ်နံပါတ် မှန်သွားပြီ၊ ပရိသတ်အချင်းချင်းပဲ သေချာသွားပြီ'
"ငါက ' နို့သကြားလုံး' ပါ! တွေ့ရတာ ဝမ်းသာပါတယ်"
"ငါက 'ဓားသမား' ပါ"
ထိုအချိန်မှာပင် ကားသည် ရုတ်တရက် အရေးပေါ် ဘရိတ် အုပ်လိုက်ပြီး ရပ်တန့်သွားတော့သည်။
ကားပေါ်ရှိ ခရီးသည်များမှာ အရှိန်ကြောင့် ရှေ့သို့ အကုန်လုံး လဲကျသွားကြ၏။
သူတို့ ခေါင်းမော့ကြည့်လိုက်သောအခါ ကားခေါင်းက နံရံတစ်ခုခုကို ဝင်တိုက်မိသွားသည်ကိုတွေ့လိုက်ရသည်။
'မဟုတ်ပါချေ'
ဧရာမသရဲကြီးတစ်ကောင်က ကားရှေ့၌ ပိတ်ရပ်နေခြင်းပင်။
သရဲယာဉ်မောင်းသည် ချက်ချင်းပင် ဝိညာဉ်ယာဉ်ကို နောက်ဆုတ်ရန် ကြိုးစားသော်လည်း ကားစရွေ့သည်နှင့် ဧရာမ သရဲကြီး၏လေထဲသို့ မတင်ခြင်းကို ခံလိုက်ရတော့ သည်။
ထိုအခါ ကားပေါ်ရှိ ခရီးသည်များအားလုံးမှာ အထိန်းအကွပ်မဲ့စွာ ကားနောက်ပိုင်းသို့ လိမ့်ကျသွားကြ၏။
ထို့ကြောင့်သရဲခရီးသည်များက အလိုအလျောက်လက်လှမ်း ကာ ဘာလုပ်ရမှန်းမသိဖြစ်နေသော လူသားများကို ကာကွယ်ပေးရန် ကြိုးစားကြသည်။
"ဝါး အား "
လူသားအချို့မှာ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။
ကျိုးထန်ထန် နှင့် အခြား ပရိသတ် တစ်ဦးတို့က အော်ဟစ်နေသောသူ၏ ပါးစပ်ကို အမြန် ပိတ်ထားလိုက်ပြီး သူ့ ရုန်းကန်မှုများကိုပါ ဖိထားလိုက်ကြ၏။
"ရှူးးးး"
'ဝိညာဉ်တမန်တော်တွေပဲဖြစ်ဖြစ်၊ Streamerရဲ့လက်အောက် ငယ်သားတွေပဲဖြစ်ဖြစ် သူတို့ကို အသက်စွန့်ပြီး ကာကွယ်ပေးနေတာလေ'
'ဒီလို အချိန်မျိုးမှာ သူတို့ကို ဒုက္ခသွားပေးလို့ ဘယ်ဖြစ်မလဲ'
တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြည့်ဖူးတဲ့သူတိုင်း သိကြသည်မှာ 'ဝိညာဉ်ယာဉ်ရဲ့ အားသာချက်က ခံနိုင်ရည်နဲ့ အမြန်နှုန်းပဲ'
'သူတို့သာ နည်းနည်း ထပ်တောင့်ခံထားနိုင်ရင် ပိုပြီးအချိန် ဆွဲထားနိုင်လောက်တယ်'
ကျိုးထန်ထန်သည် ဖုန်းကို တိတ်တဆိတ် ထုတ်ကြည့်လိုက်ရာ ရုတ်တရက် သူမမျက်နှာမှာဝင်းလက်သွားတော့သည်။
'သူတို့တော့ အသက်ရှင်ပြီ'
ပြောရလျှင်မြန်လွန်းသည်။
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်း တစ်ခုထဲတွင် ရွှီရှို့စစ် နှင့် အခြား အနက်ရောင် ဝိညာဉ်တမန်တော်တစ်ဦးက ဤဘက်ကို လာနေကြသည်ကို မြင်လိုက်ရသည်မဟုတ်လော။
ကားဝိညာဉ်က သူတို့ရဲ့ မြင်ကွင်းထဲကို ရောက်နေပြီပင်။
ဧရာမ သရဲကြီးရဲ့ ကြီးမားတဲ့ ပုံရိပ်ကလည်း တခြား ဝိညာဉ်တမန်တော် အများအပြားကို ဆွဲဆောင်နိုင်ခဲ့၏။
နောက်တစ်စက္ကန့်မှာပဲ အနက်ရောင် ပုံရိပ်တစ်ခုက ဧရာမ သရဲကြီးရဲ့လက်ကို ကန်ချလိုက်သည်။
ထိုအရှိန်ကြောင့် လေထဲ၌ တွဲလောင်းဖြစ်နေတဲ့ ဝိညာဉ်ယာဉ်က နှစ်ခါလောက် ယိမ်းထိုးသွားပြီး မြေကြီးပေါ်ကို 'ဒိုင်း' ခနဲ ပြုတ်ကျသွားကာ နှစ်ပတ်လောက်လိမ့်သွားပြီးမှ ရပ်တန့်သွားတော့သည်။
ရွှီရှို့စစ်သည် ဧရာမ သရဲကြီး၏ရှေ့တွင် ရပ်ကာ နောက်သို့ လှည့်မကြည့်ဘဲ မေးလိုက်၏။
"အဆင်ပြေရဲ့လား"
'အဲဒီ ကားပေါ်က အငွေ့အသက်က ကျန်းလင်ရဲ့ ဝိညာဉ်လက်နက်အငွေ့အသက်ပဲလေ'
သရဲယာဉ်မောင်းသည် ကားကို အလျင်အမြန် ပြန်မောင်းလိုက်ပြီး...
"အဆင်ပြေပါတယ်၊ ငါ့ကားက အကြမ်းခံပါတယ် လူကြီးမင်း သတိထားပါ"
စကားပြောနေရင်း ဝိညာဉ်ယာဉ်သည် နောက်သို့ အမြန်ဆုတ်ကာ အခြားတစ်ဖက်သို့ မောင်းထွက်သွားတော့သည်။
'သူက ကားပေါ်က လူသားတွေအတွက် လုံခြုံတဲ့ နေရာတစ်ခု ရှာပြီးမှ ကားရပ်ရမယ်လေ'
ကားဝိညာဉ်သည် ခရိုင် (၁၈) တွင် 'S' ပုံစံ ကွေ့ပတ်ကာ ရှေ့သို့ တစ်ဟုန်ထိုး မောင်းနှင်သွားတော့သည်။
'ဒါက ထွက်ပြေးနေတာလည်း ဟုတ်တယ်'
'အသက်ကယ်ဖို့ ပြေးနေတာလည်း ဟုတ်တယ်'
သရဲတစ္ဆေအများအပြားက အနီးအနားမှ ပျံသန်းလာကြသော်လည်း အများစုမှာ ဝိညာဉ်ယာဉ်၏အမြန်နှုန်းကို မမီကြသဖြင့် အနောက်တွင် အဝေးကြီးကျန်ရစ်ခဲ့ကြသည်။
အမီလိုက်လာနိုင်သော အချို့မှာလည်း သရဲယာဉ်မောင်း၏ ကွေ့ပတ် မောင်းနှင်မှုများကြောင့် ကားပေါ်မှ လွင့်ကျသွားကြ၏။
'ဂျိုင်း ဒိုင်း' မြည်သံများ အဆက်မပြတ် ထွက်ပေါ်နေကာ ကားအတွင်းရှိ လူသားများနှင့် သရဲခရီးသည်များမှာလည်း သရဲယာဉ်မောင်း၏ မောင်းနှင်မှုကြောင့် တစ်ခါတစ်ရံ ညာဘက်သို့ လျောကျသွားလိုက်၊ တစ်ခါတစ်ရံ ဘယ်ဘက်သို့ စုပုံသွားလိုက် ဖြစ်နေကြသည်။
ထိုခံစားချက်မှာကလေး ကစားကွင်းမှ လှုပ်ရှားနေတဲ့ ကားနဲ့ ရိုလာကိုစတာ ကို ပေါင်းစီးနေရသလိုပင်ဖြစ်၏။
ထိုအချိန်မှာပင် သရဲယာဉ်မောင်း၏ မျက်လုံး မှာအရောင်လင်းသွားတော့သည်။
သူ ရုတ်တရက် သတိရသွားသည်မှာ အရင်က ခရိုင် (၁၈) မှာ ပတ်မောင်းနေတုန်းက ဒီဘက်မှာ နေရာတစ်ခုရှိ၏။
သရဲတစ္ဆေ အများစုက ထိုနေရာကိုတောင် အနားပင်မကပ်ရဲပါချေ။
ထို့နောက် ဝိညာဉ်ယာဉ်သည် လမ်းပေါ်တွင် အရေးပေါ် ကွေ့လိုက်ပြီး ခြံဝင်းကြီး တစ်ခု၏ရှေ့တွင် ရုတ်တရက် ရပ်တန့်သွားတော့သည်။
"မြန်မြန် ဆင်းကြ"
ထိုစကားကို ကြားသောအခါ ကားပေါ်ရှိ ဝိညာဉ်ပညာ မိထားသော လူသားများက အလိုအလျောက်ထကာ ကားအောက်သို့ ဆင်းရန် ပြင်ကြ၏။
ကျိုးထန်ထန်နှင့် အခြားပရိသတ်တစ်ဦးတို့မှာ ဘာတွေ ဖြစ်နေမှန်း မသိကြသော်လည်း စကားနားထောင်ကာ အမြန် ဆင်းလိုက်ကြသည်။
သူတို့က အခြားသူ တစ်ယောက်လမ်းလျှောက်နှေးနေသည်ကို မြင်သောအခါ ထိုသူကိုပါတွဲကူပြီး ကားအောက်သို့ပြေးဆင်းကြတော့သည်။
'အခုက နှေးနှေးကွေးကွေးလုပ်နေရမယ့် အချိန်မှ မဟုတ်တာ၊ အသက်ရှင်ချင်ရင် အချိန်လုရမယ်လေ'
ထိုကောင်လေးနှင့် ကောင်မလေးနှစ်ယောက်က တစ်ယောက်ကိုတွဲပြီး ကားပေါ်မှ ဆင်းသွားသည်ကို ကြည့်ရင်း သရဲယာဉ်မောင်း၏ရင်ထဲတွင် အလွန်အံ့သြသွားတော့သည်။
'ဒီလူသား နှစ်ယောက်က တကယ်ကို သာမန်မဟုတ်ပါလား'
'စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်က အတော်လေး ကောင်းတာပဲ'
'သူ အရှေ့၊ အနောက်၊ လူ့ပြည်၊ ငရဲပြည် ကားမောင်းလာတဲ့ နှစ်တွေ တစ်လျှောက်လုံး ဒီလောက်တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်တဲ့သူ တွေ့ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ'
'သရဲယာဉ်မောင်းနဲ့ သရဲခရီးသည်တွေက သူတို့ကို ဒုက္ခမပေးဘူး ဆိုတာ သိနေသလိုမျိုးပဲ’
🫧 Chapter 166
"ခြံထဲကို တတ်နိုင်သမျှ တိုးဝင်ထားကြ၊ မိုးမလင်းမချင်း အပြင်ကို ထွက်မလာကြနဲ့နော်"
သရဲယာဉ်မောင်းက မှာကြားပြီးသည်နှင့် ကားလီဗာကို တစ်ချက်တည်း နင်းချလိုက်တော့သည်။
ထိုအခါကားတစ်စီးလုံး မြှားတစ်စင်းကဲ့သို့ ရှေ့သို့ ထိုးထွက်သွားတော့သည်။
ဤခြံဝင်းထဲတွင် ကုသိုလ်ကံ အလွန်ကြီးမားသော သူတစ်ဦး နေထိုင်လျက်ရှိ၏။
ဤသည်မှာ အရင်တုန်းက သူ ဒီဘက်ကို ပတ်မောင်းနေတုန်းက သတိထားမိခဲ့ခြင်းပင်။
သခင်ကြီးကလည်း အရေးပေါ် အခြေအနေမျိုး ကြုံလာရင် လူသားတွေကို ဤဘက်သို့ ပို့ပေးလို့ရသည်ဟူ၍ ပြောဖူး သည်မဟုတ်လော။
"......"
ကားပေါ်မှ ဆင်းလာသော သူအချို့မှာ ဘာတွေဖြစ်နေမှန်းမသိဘဲ တစ်ယောက်ကို တစ်ယောက်ကြောင်တောင်တောင် ကြည့်နေကြသည်။
ထိုအချိန်တွင် ခြံဝင်းထဲမှ အရပ်ရှည်ရှည်၊ ကိုယ်ဟန်မတ်မတ်နှင့် ဖြောင့်မတ်သော အရှိန်အဝါများ ပြည့်နှက်နေသည့် အမျိုးသား နှစ်ဦးထွက်လာ၏။
ထိုနှစ်ယောက်မှာ ကြည့်ရုံနှင့်တင် သာမန်လူမဟုတ်ကြောင်း သိသာလှသည်။
"ခင်ဗျားတို့က ဘယ်သူတွေလဲ"
ထိုအမျိုးသား နှစ်ဦးထဲမှ တစ်ယောက်က မေးလိုက်သည်။
ကျိုးထန်ထန်က စိုးရိမ်တကြီးဖြင့် ပြန်ဖြေလိုက်၏။
"ဟိုလေ... ကျွန်မတို့ အထဲဝင်ပြီး ခဏလောက် ပုန်းနေလို့ ရမလားဟင် အပြင်မှာ... ဟို..."
အခု အခြေအနေကို ဘယ်လို ရှင်းပြရမှန်း သူမ ရုတ်တရက် မသိတော့ချေ။
ခြံဝင်းထဲမှ အမျိုးသားနှစ်ဦး စကားမပြန်ရသေးခင် အိမ်ထဲမှ အခြား အသံတစ်ခုထွက်ပေါ်လာသည်။
"သူတို့ကို အထဲပေးဝင်လိုက်ပါ"
"ဟုတ်ကဲ့"
စကားဆုံးသည်နှင့် အမျိုးသားတစ်ဦးက ရှေ့သို့ တိုးလာပြီး ခြံတံခါးကို ဖွင့်ပေးလိုက်သည်။
"ဝင်ခဲ့ကြပါ"
"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်..."
ထိုသို့မြင်သောအခါ ကျိုးထန်ထန် သက်ပြင်းချနိုင်သွားတော့ သည်။
'အဲဒီ သရဲယာဉ်မောင်းက ဒီနေရာမှာနေရင် ပိုလုံခြုံမယ်လို့ ထင်လို့ ငါတို့ကို ကားပေါ်က ဆင်းခိုင်းတာဖြစ်ရမယ်'
'ဒီနေရာက ရဲစခန်းတို့ ဘာတို့လိုမျိုး အကာအကွယ်ပေးနိုင်တဲ့ နေရာတစ်ခုဖြစ်မယ် ထင်တယ်'
လုံခြုံသွားပြီဟု သေချာသွားသောအခါ ကျိုးထန်ထန်သည် ဖုန်းကို ဖွင့်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်များကို ဖွင့်လိုက်ကာ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် စာရိုက်လိုက်သည်။
[သူငယ်ချင်းတို့ရေ၊ ငါ့အတွက် သတင်းပို့ပေးဖို့ မလိုတော့ဘူးနော်၊ Streamer ကို သွားတွေ့ရမယ့်အချိန် မရောက်သေးဘူး ထင်တယ် ငါ ပြောတာကို နင်တို့ ယုံချင်မှ ယုံမှာ၊ ဒါပေမယ့် ငါ ခုနက ကားဝိညာဉ်ကိုတွေ့ခဲ့တယ်]
'ကားပေါ်တက်ကတည်းက ကားပေါ်က ဆင်းတဲ့အချိန်အထိ၊ ဒီခရီးစဉ်လေးက တကယ်ကိုရင်တမမနဲ့ စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်'
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ပရိသတ်များက အံ့သြတကြီး ဖြစ်ကုန်ကြ၏။
[ခုနက နင် အဲဒီကားပေါ်မှာ ပါသွားတာလား]
[ငါ ရုတ်တရက် မနာလိုဖြစ်သွားတယ်၊ အဲဒါ ဘယ်လို ခံစားချက်မျိုးလဲ]
[အသက်ရှင်နေရင် တော်ပြီပေါ့၊ ဂုဏ်ပြုပါတယ် ဟေ့...]
……
အချိန်အတော်ကြာပြီးနောက်တွင် ကျိုးထန်ထန်၏ မောင်လေးက သူမကို မေးလာခဲ့သည်။
"မမ၊ မမ ဘဝမှာ အမိုက်ဆုံးလုပ်ဖူးတဲ့ ကိစ္စက ဘာလို့ထင်လဲ"
ကျိုးထန်ထန် သေချာစဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။
"အမိုက်ဆုံး လုပ်ဖူးတဲ့ ကိစ္စလား... ကားဝိညာဉ်ပေါ် တက်စီးဖူးတာ ပါမလား"
"ပြီးတော့ အဲဒါက Streamer ရဲ့လက်အောက်က ကားဝိညာဉ်နော်"
"အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းပြီး အသက်အန္တရာယ်များလွန်းပေမယ့်၊ ကြောက်စရာလည်း ကောင်း၊ ခေါင်းတွေလည်း မူးသွားပေမယ့်"
"ဒါပေမယ့် ဘယ်လိုပဲ တွေးတွေး၊ ဒီကိစ္စက အရမ်းကိုမိုက်တာပဲ"
"ဒီကမ္ဘာပေါ်မှာ အဲဒီဝိညာဉ်ယာဉ်ကို တက်စီးဖို့ အခွင့်အရေး ရတဲ့ သူ ဘယ်နှစ်ယောက် ရှိမှာလဲ"
"ကားဝိညာဉ် ဟုတ်လား"
မောင်လေး ဖြစ်သူက မျက်မှောင်ကြုတ်ကာ အတော်ကြာ စဉ်းစားနေပြီးမှ ဖြေလိုက်၏
"သြော် ကျွန်တော် နားလည်ပြီ"
"နေဦး"
မောင်လေးဖြစ်သူ စာကြည့်ခန်းထဲသို့ ပြေးဝင်သွားသည်ကို ကြည့်ရင်း ကျိုးထန်ထန် ရုတ်တရက် သတိဝင်လာသည်။
"ဒါကို ဘာလုပ်ဖို့ မေးတာလဲ"
"ဒီအပတ် ကျွန်တော်တို့ စာစီစာကုံး ရေးရမှာလေ၊ ခေါင်းစဉ်က 'ကျွန်တော့်ရဲ့ __' တဲ့၊ ကျွန်တော်က မမအကြောင်းရေးမလို့"
"သြော်၊ စာစီစာကုံးထဲ ရေးမလို့... စာစီစာကုံးထဲ ရေးမလို့"
ကျိုးထန်ထန် အံ့သြသွားသလို၊ လန့်လည်း လန့်သွားတော့ သည်။
'ဒီကိစ္စကို သူမကိုယ်တိုင်က အရမ်းမိုက်တယ်လို့ ထင်ပေမယ့်၊ နားမလည်တဲ့ တခြားလူတွေ သိသွားရင် ဘယ်လိုတွေ တွေးကုန်ကြမလဲ'
"နေဦး နင် ငါ ခုနက ပြောတာကို သွားမရေးနဲ့နော်၊ တခြားဟာ ပြောင်းမယ်၊ ငါ နောက်တစ်ခု ပြန်စဉ်းစားပေးမယ်"
"မမ၊ ကျွန်တော် နားလည်ပါတယ်၊ ဒါက မမရဲ့ကိုယ်ရေး ကိုယ်တာ လျှို့ဝှက်ချက်ဆိုတော့ နည်းနည်းသွယ်ဝိုက်ပြီး ရေးလိုက်ပါ့မယ်"
ရလဒ်အနေဖြင့် သုံးရက်အကြာတွင် ဆရာမက ကျိုးထန်ထန် ထံသို့ရောက်ရှိလာတော့သည်။
"ထုံထုံရဲ့ အစ်မ ဟုတ်ပါသလားရှင်၊ ကျွန်မက ထုံထုံ့ကျောင်း ကဆရာမပါ၊ ဒီကိစ္စကို အစ်မကို အသိပေးသင့်တယ်လို့ ထင်လို့ပါ"
"ဆရာမ၊ ပြောပါရှင်"
ဆရာမက စာစီစာကုံး စာအုပ်ကို ကမ်းပေးလိုက်သည်။
"ဒါလေး တစ်ချက်လောက် ဖတ်ကြည့်ပါဦး"
{စာစီစာကုံး - ကျွန်တော့်ရဲ့ အစ်မ
ကျွန်တော့်ရဲ့ အစ်မက တခြားသူတွေရဲ့ အစ်မတွေနဲ့ မတူပါဘူး။ တခြားသူတွေရဲ့အစ်မတွေက ကြိုးခုန်တယ်၊ ဂိမ်းကစားတယ်၊ ခြင်းခတ်တယ် ဒါပေမယ့် ကျွန်တော့်ရဲ့ အစ်မကတော့ ငရဲပြည် ကားတွေကို စီးရတာ သဘောကျတယ်၊ အပြင်ပန်းကြည့်ရင်တော့ သူမက သာမန် လူသားတစ်ယောက်နဲ့ အတူတူပါပဲ၊ ဒါပေမယ့် ဒီ သာမန် အပြင်ပန်းရဲ့ နောက်ကွယ်မှာ နောက်ထပ် လျှို့ဝှက်ချက်တစ်ခု ရှိနေတယ် ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါက အာထရာမန်း မဟုတ်ဘူး၊ စူပါမန်းလည်း မဟုတ်ဘူး... ပိုပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ငရဲပြည်က လူတစ်ယောက်ပါ။
အသေးစိတ်ကိုတော့ ကျွန်တော် သိပ်မပြောပြနိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော်နဲ့ အစ်မကြားက လျှို့ဝှက်ချက်ဖြစ်နေလို့ပါ။
အစ်မရဲ့နောက်ထပ်လျှို့ဝှက်ချက်ကို နည်းနည်း ကြောက်မိပေမယ့်၊ ပိုပြီးတော့ ဂုဏ်ယူမိပါတယ်။
အစ်မ ကြိုးစားပါ၊ ကျွန်တော် ကြီးလာရင် အစ်မကို လာကူညီမယ်နော်။}
……
(နောက်ဆုံးတော့ ဆရာမက၊ ဆရာမအနေနဲ့ အမှတ်ပေးတဲ့ အခါမှာ သေချာ စဉ်းစားပေးပါလား၊ နောက်ပိုင်း ဆရာမ အကူအညီလိုလာရင်လည်း အစ်မကို အကူအညီ တောင်းလို့ ရနိုင်ပါတယ်)
-
ကျိုးထန်ထန် စာစီစာကုံး တစ်အုပ်လုံးကို အမြန်ဖတ်ပြီးသွားသောအခါ လူကပါ ထုံသွားတော့သည်။
သူမက ဆရာမကိုတစ်လှည့်၊ လက်ထဲက စာစီစာကုံး စာရွက်ကို တစ်လှည့် ကြည့်ကာ ပြောလိုက်၏
"ဟိုလေ ဆရာမ၊ ကျွန်မ မဟုတ်ဘူးနော်၊ ကျွန်မမှာ အဲလိုမျိုး မရှိဘူး! ဒီကောင်စုတ်လေးကို ကျွန်မ အခု သွားရိုက်လိုက်ဦးမယ်"
'ဘာ ငရဲပြည်က လျှို့ဝှက်ချက်လဲ ဒီကောင်လေးက ဘာတွေ လျှောက်တွေးနေတာလဲ'
'ပြီးတော့ ငရဲပြည်ကား ဆိုတာကကော ဘာကြီးလဲ၊ အဲဒါက နင်ပြောတဲ့ သွယ်ဝိုက်ပြီးရေးတယ်ဆိုတာလား'
ကျိုးထန်ထန် တစ်ယောက်နေရာမှာတင် ပျောက်ကွယ်သွားချင်စိတ် ပေါက်သွားတော့သည်။
-
လက်ရှိ အချိန်သို့ ပြန်သွားကြပါစို့။
နေရာအနှံ့တွင် ချိတ်ပိတ်ထားမှုများ ပွင့်သွားခြင်း၊အထူး တန်းစား ဝိညာဉ်တမန်တော်များ ထွက်ခွာခြင်း၊ ပထမတန်းစား ဝိညာဉ်တမန်တော်များ ထွက်ခွာလာခြင်း။
အနက်ရောင်နှင့် အဖြူရောင်ဝိညာဉ်တမန်တော်များ၊ နွားခေါင်းနှင့် မြင်းခေါင်း ဝိညာဉ်တမန်တော်များ ပူးပေါင်းခြင်း။
ခရိုင် (၁၈) သို့ သွားရောက် ကူညီခြင်း။
ဤအရာများ အားလုံးက ကျန်းလင် ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့ပွဲစားကို လိုက်လံဖမ်းဆီးနေချိန်အတွင်း တစ်ပြိုင်နက်တည်း ဖြစ်ပျက်နေခဲ့ခြင်း ဖြစ်သည်။
နေရာအနှံ့ရှိ ချိတ်ပိတ်ထားမှုများ တစ်ခုပြီးတစ်ခု ပွင့်လာသည်နှင့်အမျှ ထို ဝိညာဉ်ဆိုင်ပိုင်ရှင်မှာ အနည်းငယ် စိတ်လှုပ်ရှားလာပုံရသည်။
ထိုသို့အာရုံလွင့်သွားသည့် အခိုက်အတန့်လေးမှာပင် ကျန်းလင် ဟာကွက်ကို ရှာတွေ့သွားတော့သည်။
သရဲချီအငွေ့အသက်များဖြင့် ဖန်တီးထားသော ဓားသွားတစ်ခုက တည့်တည့်မတ်မတ် ခုတ်ချလာကာ ဆိုင်ခန်းကို ကြီးမား သော အက်ကွဲကြောင်းတစ်ခု ဖြစ်သွားစေသည်။
ထိုအခါ ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့ပွဲစား၏ လက်မောင်းလည်း ဒဏ်ရာရသွားတော့သည်။
နောက်မှပြေးလိုက်လာသော ကျန်းလင်ကို မြင်သောအခါ ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့ပွဲစား က ရယ်မောလိုက်၏။
"နောက်ကျသွားပြီ၊ မင်းတို့ နောက်ကျသွားပြီ! ဟားဟားဟား..."
ရယ်မောနေရင်းနှင့် ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့ပွဲစား ကိုယ်ပေါ်ရှိ သရဲချီအငွေ့အသက်များက မီးတောက်များအဖြစ်လောင် ကျွမ်းလာတော့သည်။
ထို့နောက်ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းစေသည့် နည်းလမ်းဖြင့် အခြား လမ်းကြောင်းတစ်ခုဆီသို့ အလျင်အမြန်ပြေးထွက်သွားကာ ၎င်းမှာအလင်းတန်း တစ်ခုကဲ့သို့ မြန်ဆန်လှ၏။
'ဝုန်း'
ထို့နောက် ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့ပွဲစားမှာ ပင်လယ်ထဲသို့ ခုန်ချသွားတော့သည်။
ကျန်းလင် ပင်လယ်ကမ်းစပ်တွင် ရပ်လိုက်ချိန်၌ ဤနေရာရှိ ချိတ်ပိတ်ထားသော အငွေ့အသက်များကို အာရုံခံမိလိုက်သည်။
ဝိညာဉ်ခေါ်တံပိုးကို မြှောက်ကာ တိုက်ခိုက်ရန် ပြင်လိုက်စဉ် တစ်စုံတစ်ခု လွဲမှားနေသည်ကို ခံစားလိုက်ရ၏။
ထို့ကြောင့်သူ ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ အခြား တပ်မှူးကြီးသုံးဦးလည်း ပင်လယ်ကမ်းစပ်ဆီသို့ အပြေး အလွှား လာနေကြသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။
ထိုအထဲတွင် ကျန့်အန်းမင်းသား ( အဖွဲ့ ၉ တပ်မှူးကြီး) သည် သူ၏ဝိညာဉ်လက်နက်ကို ထုတ်ဖော်ပြသထား၏။
ထိုဝိညာဉ်လက်နက်မှာ အဆက်မပြတ် ကြီးမားလာပြီးဆန်ပြုတ် ထည့်သည့် ဧရာမပန်းကန်လုံးကြီး တစ်လုံးဖြစ် လာတော့သည်။
ကျန့်အန်းမင်းသား၏လက်ထဲတွင်လည်း ဇွန်းတစ်ချောင်းကို ကိုင်ထားသေးသည်။
"......"
ကျန်းလင်သည် ကျန်းအန်းမင်း၏ ဝိညာဉ်လက်နက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ အနည်းငယ်ကြောင်အ သွားတော့သည်။
သို့သော် သူ့လက်ထဲရှိ လှုပ်ရှားမှုများကတော့ ရပ်တန့်မသွားခဲ့ချေ။
ဝိညာဉ်ခေါ်တံပိုးက လေထဲသို့ ပျံတက်သွားပြီးစက္ကန့်အနည်း ငယ်အတွင်းမှာပင် တံပိုးမိုးများရွာချသကဲ့သို့ ဖြစ်လာကာ ပင်လယ်ထဲသို့ ရိုက်ချရန် ပြင်နေပြီ ဖြစ်သည်။
"..."
ဘေးဘက်ရှိ နွားခေါင်းနှင့် မြင်းခေါင်း တပ်မှူးကြီးနှစ်ဦးမှာလည်း သူတို့၏ဝိညာဉ်လက်နက်များကို ထုတ်ယူနေကြဆဲ ဖြစ်သည်။
၎င်းတို့မှာ ခက်ရင်းခွ တစ်ချောင်းနှင့် တူငယ် နှစ်လက် ဖြစ်သည်။
သို့သော် သူတို့ ခေါင်းမော့ကြည့်လိုက်ချိန်တွင် အနည်းငယ် ကြောင်အသွားကြ၏။
နွားခေါင်းနှင့် မြင်းခေါင်း တပ်မှူးကြီးတို့သည် ကျန်းအန်းမင်း ၏ပန်းကန်လုံးကြီးကို တစ်လှည့်၊ ကျန်းလင်၏ တံပိုးမိုးများကိုတစ်လှည့် ကြည့်လိုက်ကြပြီးထို့နောက် သူတို့လက်ထဲရှိ ခက်ရင်းခွနှင့် တူများကို ပြန်ကြည့်လိုက်ကြသည်။
ထိုသို့ကြည့်နေကြရင်းရုတ်တရက် သူတို့ခေါင်းထဲတွင် ထူးဆန်းသော အတွေးတစ်ခု ပေါ်လာတော့သည်။
"ပွဲတော် တည်တော့မလို့လား (အလှူစားတော့မလို့လား)"
"ပြီးတော့ ဟိုတစ်ယောက်က အဖွဲ့ (၁၈) ရဲ့ တပ်မှူးကြီး မဟုတ်လား၊ တပ်မှူးကြီး ဖြစ်ခါစပဲ ရှိသေးတာ၊ ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ"
"မဟုတ်ဘူး မဟုတ်ဘူး၊ အခုက တိုက်ပွဲဝင်နေတာလေ အလေးအနက်ထားစမ်း"
တပ်မှူးကြီးနှစ်ဦးသည် ခေါင်းကို ခါယမ်းလိုက်ကြကာ အကြည့်များကို ပင်လယ်ပြင်ဆီသို့ ပြန်လည် ပို့လွှတ်လိုက်ပြီး အခွင့်အရေးကိုစောင့်ကြည့်ကာ အချိန်မရွေးဝင်ရောက် တိုက်ခိုက်ရန် ပြင်ဆင်နေကြတော့သည်။
……
[ဝါး ဝါး ဝါး၊ အစစ်အမှန် နွားခေါင်းနဲ့ မြင်းခေါင်းကို ပထမဆုံးအကြိမ် မြင်ဖူးတာ၊ မိုက်တယ်ဟေ့]
[နေပါဦး ... အကြီးကြီးပဲ၊ ပန်းကန်လုံး အကြီးကြီး၊ ဇွန်း အကြီးကြီး]
[ငါ အရေးကြီးတဲ့စကား တစ်ခုခု ကြားလိုက်သလိုပဲ]
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းကို မျက်နှာပြင် အများအပြားခွဲခြားထားသည်။
သို့သော် ပရိသတ်များ အများဆုံးအာရုံစိုက်နေကြသည်မှာ ကျန်းလင်ပါဝင်သော မျက်နှာပြင်ပင် ဖြစ်သည်။
မူလက အားလုံးက Streamer ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့ပွဲစားကို လိုက်လံ ဖမ်းဆီးနေသည်ကို တိတ်တဆိတ်ကြည့်ရှုကာ အားပေးနေခဲ့ကြသည်။
သို့သော် ကြည့်ရင်း ကြည့်ရင်းနှင့် ဧရာမပန်းကန်လုံးကြီး တစ်လုံးကို ရုတ်တရက် မြင်လိုက်ရ၏။
[အဲဒီ ပန်းကန်လုံးကြီးက ဘယ်လောက်တောင်ကြီးသလဲ ဆိုရင်... အနည်းဆုံး ငါတို့ အခန်းထက်တောင် ကြီးသေးတယ်၊ လူ ဆယ်ဂဏန်းလောက် အေးဆေးထည့်လို့ရတယ်]
[တိုက်ခိုက်တော့မှာ မဟုတ်ဘူးလား ပန်းကန်လုံးက ဘာလုပ်ဖို့လဲ]
ပရိသတ်များ ခေါင်းထဲတွင် မေးခွန်းထုတ်နေစဉ်မှာပင် 'ပွဲတော် တည်တော့မလို့လား (အလှူစားတော့မလို့လား)' ဆိုသည့် စကားကို ရုတ်တရက်ကြားလိုက်ရသည်။
ထိုအခါ ချက်ချင်းပင် မျက်လုံးများအရောင်လင်းသွားကြတော့သည်။
[အလှူစားတာလား ဒါဆိုရင် သူတို့ နားလည်တာပေါ့]
[ယူနန်ရဲ့ "ဟင်း ရှစ်ခွက်" ဟင်းလျာတို့ ဘာတို့စီစဉ်ပေးပါဦး]
[ဖူးး ဟားဟား၊ အလှူစားရတော့မှာလား]
[နွားခေါင်းနဲ့ မြင်းခေါင်း: ဒီအခြေအနေက တစ်ခုခုတော့ လွဲနေသလိုပဲ]
[ဝိညာဉ်တမန်တော်ကြီးတွေ ကြိုးစားကြပါ၊ ရှေ့ကို ချီတက်၊ စားချင်စား၊ လွှင့်ပစ်ချင် လွှင့်ပစ်လို့ရပါတယ်]
[ငါ ပိုက်ဆံချမ်းသာလာရင် အရသာမတူတဲ့သကြားချောင်း နှစ်ချောင်း ဝယ်မယ်၊ တစ်ဝက်စီ စားပြီး တစ်ဝက်ကို လွှင့်ပစ်မယ်]