အကြီးအကဲချန် မှင်တက်သွားခြင်း
Vol. 27 Ch. 265
ယွင်လန်ဂိုဏ်း...
ယန်မင်၏ တင်ပြချက်ကို နားထောင်ပြီးနောက် စုန့်ကျောက်ယွမ် မျက်မှောက်ကြုတ်လိုက်သည်။
ယန်မင် လေးစားစွာ ပြန်ဖြေသည်။ “ကျွန်မ မဖုံးကွယ်ရဲပါဘူး။ ကံမကောင်းတာက ကျွန်မ နိုးလာတာ နောက်ကျသွားလို့ သူတို့ ဘာကို သဘောတူလိုက်လဲဆိုတာတော့ မသိလိုက်ပါဘူး”
“အပျက်အစီးထဲမှ ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ်က အစ အကုန်ပြောစမ်း”
စုန့်ကျောက်ယွမ် လေသံမှာ အေးစက်နေပြီး သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားသည်။ သူ ဖုန်းမူကို ယခင်က သတိပေးဖူးပါ၏။ သို့တိုင်အောင် ထိုကောင်စုတ်က သူမနှင့် သဘောတူညီချက်ပင် ပြုလုပ်လိုက်သေးသည်။
သူတို့၏ သဘောတူညီချက်ကို သူမသိသော်လည်း သေချာပေါက်တော့ သူ့ အနာဂတ် တာအိုလက်တွဲဖော်ကို သာမန်အစေခံတစ်ယောက်နှင့် နက်နက်ရှိုင်းရှိုင်းပတ်သက်မည်ကိုတော့ ခွင့်မပြုနိုင်ပေ။
“ဟုတ်ကဲ့”
ယန်မင် လေးနက်စွာ ပြန်ဖြေလိုက်ပြီး သူတို့ အပျက်အစီးထဲ၌ ကြုံတွေ့ခဲ့ရသည်များကို အသေးစိတ် ပြန်ပြောပြလိုက်၏။ လူတိုင်း သတိပြန်ရလာပြီးနောက် သူတို့ စီနီယာအစ်မချင်းဟယ်ကို သူတို့မည်သို့ လွတ်မြောက်ခဲ့ကြောင်း မေးတော့သည်။ သူမသည် ကမ္ဘာခြားနတ်ဆိုးကို တန်ပြန်တိုက်ခိုက်နိုင်မည့် စိတ်ဝိညာဉ်ရတနာတစ်ခု သူမ၌ ရှိနေကြောင်းနှင့် ထိုအချိန်၌ ရတနာက သူ့သခင်ကို ကာကွယ်ပေးရန် အလိုလို အသက်ဝင်လာကြောင်း ပြောသည်။
သို့သော် ယန်မင်က သံသယဝင်နေပါ၏။ အကယ်၍ စီနီယာအစ်မချင်းဟယ်တွင် ထိုရတနာမျိုး ရှိလျှင် အဘယ်ကြောင့် ထုတ်မသုံးရသနည်း။ အဘယ်ကြောင့် အစောကတည်းက ထုတ်မသုံးရသနည်း။
သူမက လူတိုင်းကို အန္တရာယ်တောထဲ ထားပစ်ခဲ့ပေသည်။ သို့သော် သူမ အဆင့်အတန်းကြောင့် ယန်မင် သူမကို မေးခွန်း မထုတ်ရဲပေ။
ယန်မင်သည် ဖုန်းလင်းလုံ ဘေးတွင် စုန့်ကျောက်ယွမ်ချပေးထားသည့် စစ်တုရင် အရုပ်တစ်ခုဖြစ်ပေသည်။
“ဂျူနီယာညီမလေး မင်း ဘာမှ မချန်လပ်ခဲ့ဘူးဆိုတာ သေချာတယ်နော်”
ယန်မင် ပြောကြားချက်ကို နားထောင်ပြီးနောက် စုန့်ကျောက်ယွမ် တစ်ခုခုတော့ လိုနေသေးသည်ဟု ခံစားရ၏။ ယန်မင် လေးစားစွာ ပြန်ဖြေပါသည်။ “ ကျွန်မ နိုးလာပြီးတဲ့နောက်မှာ မြင်ခဲ့ရသမျှကို ပြောပြပေးတာပါရှင်။ ဘာမှ မချန်ထားပါဘူး”
“စီနီယာအစ်ကိုကျောက်ယွမ် စီနီယာအစ်ချင်းဟယ်က ယန်မင်တို့ကို တစ်ခုခုဖုံးကွယ်ထားတယ်လို့ထင်တယ်။ ပြီးတော့ အဲ့တာက အစေခံဖုန်းမူနဲ့ ဆိုင်လောက်မယ်”
ချောမောသည့် လူငယ်လေးက လေးစားစွာ ပြောလိုက်၏။
၎င်းကို ကြားသောအခါ စုန့်ကျောက်ယီ၏ သံသယများ ရှင်းလင်းသွားပြီး အသာအယာ ပြုံးလိုက်တော့သည်။ “ဂျူနီယာညီလေးခုံး မင်းပြောတာဖြစ်နိုင်တယ်။ ဖုန်းမူဆီမှာ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိလောက်မယ်။ တကယ်လို့ ဖော်ထုတ်နိုင်ရင် ငါတို့အားလုံးတောင် အဆင့်တက်သွားနိုင်လောက်တယ်”
ဂျူနီယာညီလေးခုံး ပြောလိုက်သည်။ “ဒါဆိုရင် အဲ့ကောင်ကို အခုခေါ်လိုက်ရမလား”
“အင်း”
စုန့်ကျောက်ယွမ် ခေါင်းညိတ်လိုက်သည်။ “အချိန်ဆွဲမနေနဲ့တော့။ အဲ့ကောင်စုတ်လေးကို အခုပဲခေါ်လိုက်”
စုန့်မိသားစုသည် ယွင်လန်ဂိုဏ်း၌ ထူးခြားသော အဆင့်အတန်းမျိုး ပိုင်ဆိုင်ထားသည်။ ကျောထောက်နောက်ခံမရှိသော လူတစ်ယောက်၏ ကံကြမ္မာကောင်းကို လုယူခြင်းက ပုံမှန်ပေ။
ဂျူနီယာညီလေးခုံး မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။ “ကျွန်တော် သွားခေါ်လိုက်မယ်”
“ကောင်းပြီ”
စုန့်ကျောက်ယွမ် ပြောပြီးသည်နှင့် အပြင်ဘက်မှ အသံကျယ်ကြီး ထွက်ပေါ်လာ၏။
“သတင်းပို့စရာ ရှိပါတယ်”
“ဝင်ခဲ့ပါ”
စုန့်ကျောက်ယွမ် တံခါးဘက်သို့လှည့်ကာ ခေါ်လိုက်၏။
တပည့်တစ်ယောက် အခန်းထဲသို့ ဝင်လာပြီး စုန့်ကျောက်ယီကို ဦးညွှတ်လိုက်သည်။ “သခင်လေးယွမ် အကြီးအကဲက သခင်လေးကို သခင်မလေးကျောက်ယီကို ကြိုဆိုဖို့ ဂိတ်တံခါးကို လာခိုင်းလိုက်ပါတယ်”
“နားလည်ပြီ”
စုန့်ကျောက်ယီ လက်ဝှေ့ယမ်းကာ ထိုတပည့်ကို ထွက်သွားရန် လက်ဟန်ပြလိုက်သည်။ ထိုတပည့်ထွက်သွားပြီးနောက် ဂျူနီယာညီလေးခုံး ရှေ့ထွက်လာပြီး မေးလိုက်၏။ “စီနီယာအစ်ကို ကျွန်တော် အဲဒီကောင်လေးကို သွားခေါ်ရဦးမလား”
စုန့်ကျောက်ယွမ် သူ့ကို လက်ကာပြလိုက်သည်။ “မလိုတော့ဘူး။ သူ့ကို အရင် စောင့်ကြည့်ထား။ ယွင်လန်ဂိုဏ်းက ထွက်သွားခွင့်မပေးနဲ့။ ငါ့ယောက်ဖနဲ့တွေ့ပြီးမှ သူ့ဆီက လျှို့ဝှက်ချက်ကို ကိုယ်တိုင်ထုတ်ယူမယ်”
“ဟုတ်ကဲ့ပါ”
ဆေးမီးလျှံတောင်ထွတ်တွင် ဖုန်းမူ သူ့ပစ္စည်းများကို သိမ်းဆည်းနေသည်။ ယွင်လန်ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် အကြီးအကဲချန်ကို နှုတ်ဆက်ပြီးမှ ဂိုဏ်းမှ ထွက်ခွာပြီး ဝမ်တောက်ကျောင်းတော်သို့ သွားမည်ဟု ဆုံးဖြတ်လိုက်သည်။
ခဏအကြာတွင် ပစ္စည်းများ သိမ်းဆည်း၍ ပြီးသွားတော့သည်။ ယွင်လန်ဂိုဏ်းတွင် သူပိုင်သော ပစ္စည်းများများစားစား မရှိသဖြင့် သိမ်းဆည်းရသည်မှာ လွယ်ကူလျင်မြန်လှ၏။
ဖုန်းမူ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး အကြီးအကဲချန် နေအိမ်သို့ သွားလိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် သူ့ကို တစ်ယောက်ယောက် ထောက်လှမ်းနေကြောင်း ဖုန်းမူ အာရုံခံမိသည်။ အသေးစားကံကြမ္မာကျမ်းကို နားလည်ပြီးနောက် ဖုန်းမူ နတ်ဘုရားအာရုံမှာ ပို၍ ထက်မြက်လာတော့သည်။ ပတ်ဝန်းကျင်မှ လှုပ်ရှားမှုအသေးလေးတောင် သူ့အမြင်မှ မလွတ်မြောက်ပေ။
သို့သော် သူ သွားနေခြင်းကို မရပ်လိုက်ပေ။ အချိန်တချို့ကြာပြီးနောက် အကြီးအကဲချန်နေအိမ်သို့ ရောက်တော့သည်။ တံခါးကို စောင့်ကြပ်နေသော တပည့်သည် သူ့ထံ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။ “စီနီယာအစ်ကိုဖုန်း”
အကြီးအကဲချန် စီနီယာအစ်ကိုဖုန်းကို တပည့်အဖြစ် လက်ခံရန် ရည်ရွယ်ထားကြောင်း ဆေးမီးလျှံတောင်ထွတ်၌ သတင်းများ ပျံ့နေတော့သည်။ အကယ်၍ ထိုသို့သာဖြစ်လာပါက ဖုန်းမူ၏ အဆင့်အတန်းသည် ဆေးမီးလျှံတောင်ထွတ်၌ မြင့်တက်လာပေလိမ့်မည်။
“အကြီးအကဲချန်ကို ဂါဝရပြုဖို့ လာတဲ့အကြောင်း သတင်းပို့ပေးပါဦး” ဖုန်းမူ သူအဆင့်အတန်းမြင့်တက်လာသော်ငြား မာနကြီးမနေဘဲ တည်ငြိမ်စွာ ပြောသည်။
ထို့တပည့်က ပြန်ဖြေသည်။ “စီနီယာအစ်ကိုဖုန်း တကယ်လို့ စီနီယာလာခဲ့ရင် သတင်းပို့စရာမလိုဘူး။ တိုက်ရိုက်သွားလို့ရပါတယ်တဲ့”
ဖုန်းမူ ခေါင်းအသာညိတ်လိုက်ပြီး ခြံဝင်းထဲသို့ တည့်တည့်မတ်မတ် ဝင်သွားတော့သည်။ “တပည့်ဖုန်းမူ အကြီးအကဲချန်နဲ့ တွေ့ဆုံခွင့်တောင်းပါတယ်”
“ရှောင်မူ မင်းရောက်လာပြီပဲ”
အကြီးအကဲချန် ရင်းနှီးနေသော အသံသည် အခန်းထဲမှ ထွက်လာတော့၏။ “ဝင်ခဲ့ပါ”
ဖုန်းမူ အထဲသို့ ဝင်သွားသည့်အခါ အကြီးအကဲချန်သည် စန္ဒကူးသားကုလားထိုင်ပေါ်တွင် ထိုင်နေလေသည်။ သူက လက်ထဲရှိ ကျောက်စိမ်းတုံးကိုချပြီး နွေးထွေးစွာ ပြုံးပြလိုက်သည်။
“တပည့်ဖုန်းမူ ဆရာ့ကို ဂါဝရပြုပါတယ်”
“နေ...နေ...အဲဒါတွေ လုပ်မနေနဲ့”
“ရှောင်မူ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ”
ဖုန်းမူ အခန်းကို တစ်ချက် ဝေ့ကြည့်လိုက်၏။ အကြီးအကဲချန် လက်ဝှေ့ယမ်းကာ ပြောသည်။ “ကောင်းပြီ။ အခု ငါတို့ စကားပြောတာ ဘယ်သူမှ ခိုးနားထောင်လို့ မရတော့ဘူး”
ဒုတ်
ဖုန်းမူ ဒူးထောက်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ခေါင်းကို သုံးကြိမ်ဆောင့်၍ အရိုအသေပေးလိုက်သည်။ ထိုလုပ်ရပ်ကြောင့် အကြီးအကဲချန် ကြောင်အသွားသည်။
သူ နားမလည်နိုင်စွာ မေးလိုက်သည်။ “ရှောင်မူ ဒါဘာသဘောလဲ”
ဖုန်းမူ ပြောလိုက်သည်။ “ဒီကျေးဇူးကန်းတဲ့ တပည့်က ဆရာ့ လမ်းညွှန်မှုအောက်မှာ မကျင့်ကြံနိုင်တော့ပါဘူး”
အကြီးအကဲချန် ပို၍ ကြောင်အသွားသည်။ သူ မေးလိုက်မိ၏။ “မင်း ဂိုဏ်းစည်းမျဉ်းတစ်ခုခုကို ချိုးဖောက်ခဲ့တာ မဟုတ်ပါဘူးနော်”
ဖုန်းမူ ခေါင်းယမ်းလိုက်သည်။ “မဟုတ်ဘူး ဆရာ။ ကျွန်တော် ယွင်လန်ဂိုဏ်းကနေ ထွက်ပြီး ဝမ်တောက်ကျောင်းတော်ကို သွားတော့မယ်”
“ဟမ်”
အကြီးအကဲချန် နားမလည်နိုင်ဖြစ်သွားတော့သည်။ “ရှောင်မူ မင်းသေချာ ရှင်းပြလို့ရမလား။ ငါ ခေါင်းရှုပ်လာပြီ”
ဖုန်းမူ ဘာမှ ဖုံးကွယ်မထားပေ။ အကြီးအကဲချန်သည် ဤနှစ်များတစ်လျှောက် သူ့အပေါ် ကြင်နာစွာ ဆက်ဆံခဲ့သည်။ သူ အမည်ခံတပည့်တစ်ယောက်သာဖြစ်သော်လည်း လက်ရင်းတပည့်များထက်ပင် မနည်းသည့် စောင့်ရှောက်မှုများ ရရှိခဲ့၏၊
“ဒါ သတင်းကောင်းပဲ”
အကြီးအကဲချန် ဝမ်းသာအားရ ဖြစ်သွားသည်။ “သူတော်စင်တစ်ပိုင်းချူ ရဲ့တပည့်နဲ့ ငါက ကံကြမ္မာဆက်နွယ်မှုမျိုး ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါ့ဆုံးဖြတ်နိုင်စွမ်းက ယွင်လန်ဂိုဏ်းမှာ အကောင်းဆုံးဆိုတာ သေချာသွားပြီ”
ဖုန်းမူ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။ “ဆရာ ကျွန်တော့်ကို စိတ်မဆိုးဘူးလား”
အကြီးအကဲချန် ရယ်မောလိုက်သည်။ “ ငါ ဘာလို့ စိတ်ဆိုးရမှာလဲ။ မင်း အရင်က ယွင်လန်ဂိုဏ်းမှာ ကျင့်ကြံခဲ့တယ်ဆိုတာသာ မှတ်ထားပေးပါ။ တကယ်လို့ တစ်နေ့နေ့ကျရင် ဂိုဏ်းက ပြဿနာနဲ့ကြုံလာခဲ့သည်ရှိသော် မင်း တတ်နိုင်သလောက် ကူညီပေးပါ”
၎င်းကို ကြားသောအခါ ဖုန်းမူ အကြီးအကဲချန်ကို အရိုအသေပေးလိုက်သည်။ “ဆရာ့အဆုံးအမကို မှတ်ထားပါ့မယ်”
အကြီးအကဲချန် အရိုအသေပေးမှုကို လက်ခံလိုက်ပြီး သူ့ကို မတ်တပ်ရပ်ပေးရန် ကူညီပေးလိုက်သည်။ “ရှောင်မူ ဒီညပွဲကို ငါနဲ့လိုက်ခဲ့။ မင်းနဲ့ အရေးကြီးတဲ့ ဧည့်သည်တစ်ယောက်ကို ပေးတွေ့မယ်”