ညစာစားပွဲမှ ပဋိပက္ခ
Vol. 27 Ch. 266
ဤညတွင် ယွင်လန်ဂိုဏ်းသည် အထူးတလည် စည်ကားနေသည်။ ယင်းခယ်တောင်ထွတ်ပေါ်တွင် မီးပုံးများ ချိတ်ဆွဲထားပြီး ဗုံများကို ကျယ်လောင်စွာ တီးခတ်နေကြ၏။
ဤခေတ်၏ ပြိုင်ဘက်ကင်း ပါရမီရှင် နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် ပြိုင်ဘက်ကင်းလက်သီးအရှင် ချောင်ရို့ချန်၏ ရောက်ရှိလာမှုကို ကြိုဆိုရန် ယွင်လန်ဂိုဏ်း အဆင့်မြင့် အဖွဲ့ဝင်များ အားလုံး ဤနေရာ၌ စုဝေးနေကြသည်။စားသောက်ပွဲက ထိုသူအပေါ် ကောင်းမွန်သော အထင်အမြင် တစ်ခု ချန်ရစ်ထားဖို့ ရည်ရွယ်ပါ၏။
အကြီးအကဲများ ခေါ်ဆောင်လာသော တပည့်များမှလွဲ၍ စစ်မှန်တပည့်များသာ ပွဲတော်သို့ တက်ရောက်ခွင့် ရှိသည်။
အကြီးအကဲချန် ဖုန်းမူ နှင့်အတူ ရောက်လာချိန်တွင် လူအများအပြားသည် ယင်းခယ်တောင်ထွတ် ပေါ်တွင် စုဝေးနေကြပြီ ဖြစ်သည်။
အကြီးအကဲချန် လူအုပ်ထဲမှ ဖြတ်သန်းရင်း ဂိုဏ်းတူ အဖွဲ့ဝင်များကို နွေးထွေးစွာ နှုတ်ဆက်သွားသည်။ တိတ်ဆိတ်သည့် နေရာတစ်ခုသို့ ရောက်သောအခါ သူ ဖုန်းမူ ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ရှောင်မု... အဲဒီ ပါရမီရှင်ချောင်ကို မင်း အားကျလား”
ဖုန်းမူ ခေါင်းအသာ ညိတ်လိုက်သည်။” နည်းနည်းပေါ့။ ဒါပေမဲ့ တစ်နေ့ကျရင် ကျွန်တော်လည်း စီနီယာအစ်ကိုချောင်လိုမျိုး နာမည် တစ်ခု ရလာမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ် “
“ကောင်းတယ်”
အကြီးအကဲချန် ဖုန်းမူ၏ အဖြေကြောင့် အလွန်ကျေနပ်သွားပြီး ပြုံးကာ ပြောလိုက်သည်။ “ မင်းမှာ အဲဒီလို စိတ်ဓာတ်မျိုး ရှိနေသရွေ့ ငါ စိတ်အေးရပါပြီ။ မိတ်ဆွေဟောင်း တချို့ကို ငါ သွားနှုတ်ဆက်လိုက်ဦးမယ်။ လောလောဆယ် ဒီမှာပဲ နေခဲ့။ နောက်မှ ငါတို့ အတူတူ ဝင်ကြတာပေါ့”
“ဟုတ်ကဲ့ပါ ဆရာ”
ယခုလို အဆင့်ရှိသည့် စားပွဲကို ဖုန်းမူ ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်း ဖြစ်သော်လည်း လုံးဝ စိတ်လှုပ်ရှားမနေပေ။ သူက ဟိုဟိုဒီဒီ လျှောက်မသွားပေ။
ဖုန်းလင်းလုံကို တွေ့မလားဆိုသည့် မျှော်လင့်ချက်ဖြင့် လူအုပ်ထဲကို တစ်ခါတစ်ရံ ကြည့်နေသည်။
“ဂျူနီယာမောင်လေးမူ နင်လည်း ဒီကို ရောက်နေတာလား”
ဝမ်းသာအားရ ဖြစ်နေသော အသံတစ်ခု အနောက်ဘက်မှ ထွက်ပေါ်လာသည်။ ဖုန်းမူ လှည့်ကြည့်လိုက်ရာ ရိုးရှင်းပြီး ကျက်သရေရှိစွာ ဝတ်ဆင်ထားကာ သူ့ကို ပြုံးပြနေသည့် ဖုန်းလင်းလုံကို တွေ့လိုက်ရသည်။ သူမ ဘေးတွင် ရပ်နေသူမှာ အရပ်ရှည်ပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီး တစ်ဦးဖြစ်ကာ မာနကြီးသော မျက်နှာထားက တခြားသူများကို အထင်အမြင်သေးကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။
“စီနီယာအစ်မ... အစ်မလည်း ရောက်နေတာလား”
ဖုန်းမူ ထိုအမျိုးသမီးကို လျစ်လျူရှုကာ ဖုန်းလင်းလုံ ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ထိုအမျိုးသမီးက ဖုန်းမူကို ခဏတာ လေ့လာကြည့်ရှုပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ “ဂျူနီယာညီမလေးချင်းဟယ်... ဒါက ဘယ်သူလဲ”
ဖုန်းလင်းလုံ ချက်ချင်း ပြန်ဖြေသည်။ “စီနီယာအစ်မစုန့်... ဒါက ဖုန်းမူ၊ ဂျူနီယာမောင်လေးဖုန်းလေ။ ရှောင်မူ စီနီယာအစ်မစုန့်ကို နှုတ်ဆက်လိုက်။ သူက ယွင်လန်ဂိုဏ်း ရဲ့ စစ်မှန်တပည့် ဆယ်ယောက်ထဲက တစ်ယောက်ပဲ”
ဖုန်းမူ ဦးညွှတ်ရန် ပြင်လိုက်စဉ်မှာ စီနီယာအစ်မစုန့် အေးစက်စွာ ဖြတ်ပြောလိုက်သည်။ “မလိုပါဘူး။ ဂျူနီယာညီမလေးချင်းဟယ် ရဲ့ မျက်နှာကြောင့် ငါ နင့်ကို အကြံဉာဏ် တစ်ခု ပေးမယ်။ ဒါက နင့်လို အောက်ခြေသိမ်း အစေခံတွေ လာရမဲ့ နေရာ မဟုတ်ဘူး။ နင့်ကို ဘယ်သူပဲ ခေါ်လာခေါ်လာ၊ သူတို့ကို ဂိုဏ်းချုပ် က အပြစ်ပေးအောင် ငါ သေချာပေါက် လုပ်မယ်”
သူမ လေသံက ပြေပြစ်နေသော်လည်း လူတိုင်းကို အနေရခက်စေသော အထင်အမြင်သေးသည့် မာနတစ်ခု ပါဝင်သည်။
ဖုန်းလင်းလုံ ဖုန်းမူကို ကာကွယ်ရန် ချက်ချင်း ရှေ့ထွက်လာသည်။”စီနီယာအစ်မစုန့်... အစ်မက ဘယ်လိုလုပ် အဲဒီလို ပြောနိုင်ရတာလဲ။ ဂျူနီယာမောင်လေးမူက”
“တော်တော့”
စီနီယာအစ်မစုန့် သူမကို ဖြတ်ပြောလိုက်သည်။ “ချင်းဟယ်... နင့်ကိုယ်နင် ဘယ်သူလဲ ဆိုတာ မမေ့နဲ့။ ပြီးတော့ ငါ ပြောတာ မမှားဘူး။ ဒီကောင်လေးက အစေခံ တစ်ယောက် သက်သက်ပဲ။ သူ ဘယ်လောက်ပဲ ပါရမီ ပါပါ ဒီလို ပွဲမျိုးကို တက်ရောက်ဖို့ သူ့မှာ အခွင့်အရေး မရှိဘူး။ တကယ်လို့ နင်သူ့ကို အကာအကွယ် ပေးချင်နေသေးရင်လည်း သူနဲ့အတူ ထွက်သွားလိုက်”
ဖုန်းမူ သရော်လိုက်သည်။” ဟမ့်.. ဒါက ကြီးမြတ်တဲ့ ယွင်လန်ဂိုဏ်း ဆိုတာလား။ ဒီနေရာမှာ ဆက်နေချင်စိတ် မရှိတော့တာ ကြာပြီ။ ကျွန်တော့်ကို ကြိုမဆိုမှတော့ ကျွန်တော် ပြန်ပါတော့မယ်။ နှုတ်ဆက်ပါတယ် စီနီယာအစ်မချင်းဟယ်”
“ဂျူနီယာမောင်လေးမူ ငါ နင်နဲ့ အတူတူ လိုက်ခဲ့မယ်”
ဖုန်းလင်းလုံတွင် ခယတောင်းပန်ရန် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမည့် ရည်ရွယ်ချက် မရှိပေ။ ထို့အပြင် ဤည စုန့်ကျောက်ယွမ်သည် ချောင်ရို့ချန်၏ ဩဇာကို အသုံးပြုပြီး သူမကို အညံ့ခံလာစေရန် သေချာပေါက် ဖိအားပေးမည်ကို သိထားသည်။ ၎င်းကို တွေးမိပြီး သူမ ခပ်ဖွဖွပြုံးကာ ရှေ့သို့ တက်လာပါ၏။
ထိုအပြုံးသည် နေရောင်ခြည် အလင်းတစ်တန်းကဲ့သို့ပင် ဖုန်းမူ နှလုံးသားကို နွေးထွေးသွားစေသည်။
ဘယ်ကနေ သတ္တိ ရလာမှန်း မသိသည့် ဖုန်းမူ ဖုန်းလင်းလုံ လက်ကို ကိုင်ကာ ထွက်သွားရန် လှည့်လိုက်သည်။
“အဲဒီမှာ ရပ်လိုက်စမ်း”
ဒေါသတကြီး အော်ဟစ်လိုက်သော အသံတစ်သံက သူတို့ ခြေလှမ်းများကို ရပ်တန့်သွားစေသည်။
သူတို့နှစ်ယောက် လှည့်ကြည့်လိုက်ရာ သတ်ဖြတ်လိုစိတ်များဖြင့် သူတို့ကို စူးရဲစွာ ကြည့်နေသည့် စုန့်ကျောက်ယွမ်ကို တွေ့လိုက်ရပြီး သူ့မျက်လုံးများက ဒေါသကြောင့် ပေါက်ကွဲထွက်လုမတတ် ဖြစ်နေသည်။
ဖုန်းလင်းလုံနှင့် သူ့ညီမတို့ ပွဲတော်တွင် ပေါ်လာချိန်က စုန့်ကျောက်ယွမ် သူတို့ထံ သွားမလို့ပင်။ သူ့ဝမ်းကွဲညီမ ဖုန်းမူကို အရှက်ခွဲနေသည်ကို မြင်လိုက်ရခြင်းက အလွန် ကျေနပ်စရာ ကောင်းနေတော့သည်။
သို့သော် အခြေအနေများက ထိုသို့ ဖြစ်လာလိမ့်မည်ဟု သူ တစ်ခါမျှ မထင်ထားခဲ့ပေ။
ရုတ်ရုတ်သဲသဲဖြစ်မှုကြောင့် ပတ်ဝန်းကျင်ရှိ လူငယ်များ၏ အာရုံကို ဆွဲဆောင်သွားပြီး သူတို့မျက်လုံးများက နတ်သမီးချင်းဟယ်၏ နူးညံ့သည့်လက်ကို ကိုင်ထားသော ဖုန်းမူထံသို့ ရောက်ရှိသွားသည်။ လူများစွာသည် စုန့်ကျောက်ယွမ် ခေါင်းကို သတိမထားမိဘဲ လှမ်းကြည့်လိုက်မိကြသည်။
မီးရောင်အောက်တွင် သူ့ ဆံပင်က အထူးတလည် စိမ်းနေပုံရသည်။
ပြပွဲတစ်ခု ရောက်လာတော့မည်ပင်။
ထိုအခိုက်တွင် လူတိုင်း စိတ်ထဲ၌ တူညီသော အတွေးတစ်ခု လင်းလက်သွားသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ် အတွင်း စုန့်ကျောက်ယီသည် ချောင်ရို့ချန် တာအို လက်တွဲဖော် ဖြစ်လာကတည်းက စုန့်မိသားစု တပည့်များသည် ခေါင်းမော့ ဝင့်ကြွားစွာ လျှောက်လှမ်းကြသည်။ သူတို့ မာနကြီးမှုက တခြားသူများကို အသက်ရှူရ ခက်စေ၏။
ယခု စုန့်မျိုးနွယ်စုဝင် တစ်ယောက် အရှက်ခွဲခံရသည်ကို မြင်တွေ့ရခြင်းက တိတ်ဆိတ်စွာ အောင်ပွဲခံဖို့ အကြောင်းရင်း တစ်ခု ဖြစ်နေသည်။
ဖုန်းမူ ဒေါသထွက်နေသော စုန့်ကျောက်ယွမ်ကို တည်ငြိမ်စွာ ကြည့်ကာ မေးလိုက်သည်။ “စီနီယာအစ်ကိုစုန့်... ပြောစရာ တစ်ခုခု ရှိသေးလို့လား”
“ မင်း ဒီကနေ တွားသွားပြီး ထွက်သွားလို့ ရတယ်။ ဒါပေမဲ့ ချင်းဟယ်ကတော့ ကျန်ခဲ့ရမယ်။ ပြီးတော့ မမေ့နဲ့။ တွားသွား လို့ ပြောတာ”
စုန့်ကျောက်ယွမ် စကားလုံးတိုင်းက ဒေါသများဖြင့် ဆူပွက်နေသည်။ အကယ်၍ အကြည့်ကသာ လူသတ်နိုင်မည် ဆိုပါက ဖုန်းမူ အကြိမ်တစ်ထောင်မက အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရပြီး ဖြစ်လိမ့်မည်။
“တကယ်လို့ စီနီယာအစ်မချင်းဟယ် ကို ကျွန်တော်နဲ့ အတူတူ ခေါ်သွားဖို့ အတင်းအကြပ် လုပ်မယ်ဆိုရင်ရော”
“တောင်းပန်ပါတယ်၊ ဒါပေမဲ့ ငါ ဂျူနီယာမောင်လေးမု နဲ့ လိုက်သွားမှာ”
ဖုန်းမူနှင့် ဖုန်းလင်းလုံတို့ တစ်ပြိုင်နက်တည်းနီးပါး စကားပြောလိုက်ကြပြီး စကားသံ ဆုံးသွားသည့် အခိုက်တွင် သူတို့ နှစ်ယောက် ပြုံးလိုက်မိသည်။
စောင့်ကြည့်နေသူအားလုံးအတွက် ဆိုလိုရင်းက ရှင်းလင်းနေသည်။ ထိုနှစ်ယောက်က အချင်းချင်း ခံစားချက်တွေ ရှိနေကြပြီပင်။ ယခု ပြဇာတ်က တကယ်ကို စတင်နေပြီ ဖြစ်သည်။
လူအုပ်ကြီးစ အမူအရာများမှာ စိတ်ဝင်စားမှု နှင့် သနားဂရုဏာ သက်မှုတို့ ရောနှောနေသည်။
“ကောင်းတယ်၊ ကောင်းတယ်... အရမ်း ကောင်းတယ်”
စုန့်ကျောက်ယွမ် ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။ “ဒီည ဒီနေရာကနေ မင်းတို့ ဘယ်လို ထွက်သွားမလဲ ဆိုတာကို ငါ ကြည့်ချင်သေးတယ်”
သူ စကားပြောနေစဉ် စစ်မှန်ကံကြမ္မာအဆင့် ဖိအား လှိုင်းလုံးတစ်ခု ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ ထိုအင်အားက ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသူများကို အလိုအလျောက် နောက်ဆုတ်သွားစေပြီး ဇာတ်ခုံ တစ်ခုကဲ့သို့ သူတို့ ပတ်လည်တွင် နေရာလွတ် အကြီးကြီး တစ်ခု ပွင့်သွားစေသည်။
ဖုန်းမူနှင့် ဖုန်းလင်းလုံတို့ ကြောက်ရွံ့ခြင်း မရှိဘဲ သူတို့ ကိုယ်ပိုင် စိတ်ဝိညာဉ် ဖိအားကို ထုတ်လွှတ်လိုက်ကြ၏။ ဖုန်းမူ နှလုံးသားထဲတွင် သူက တိတ်ဆိတ်စွာ ဆုံးဖြတ်လိုက်သည်။ အကယ်၍ အခြေအနေများက နောက်ကြောင်းပြန်လှည့်လို့ မရသည့် အမှတ်ကို ရောက်သွားလျှင် ဆရာ ပေးထားသည့် ဓားကျောက်စိမ်းကို သုံးပြီး လမ်းဖောက်ထွက်ရပေမည်။
“တော်ကြတော့”
အသံတစ်သံက တင်းမာနေသော အခြေအနေကို ရုတ်တရက် ဖြတ်တောက်လိုက်သည်။ လူတိုင်း အသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြရာ အကြီးအကဲချန် နှင့် အကြီးအကဲအချို့ အလျင်အမြန် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့ကို ဦးဆောင်လာသူမှာ ဖုန်း မျိုးနွယ်စုမှ အကြီးအကဲ တစ်ဦး ဖြစ်သည်။ ဖုန်းလင်းလုံ ဦးလေးပင်။
အကြီးအကဲများ ရောက်လာသောအခါ တပည့်များ အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။ “အကြီးအကဲတို့ကို ဂါရဝပြုပါတယ်”
“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”
ဦးဆောင်လာသော အကြီးအကဲဖုန်းသည် မည်းသည်းနေသော အမူအရာဖြင့် ဖုန်းလင်းလုံ ဆီသို တန်းတန်းမတ်မတ် လျှောက်လာသည်။ ဖုန်းမူ သူမ လက်ကို ကိုင်ထားဆဲ ဖြစ်သည်ကို မြင်သောအခါ သူက အော်ဟစ်လိုက်သည်။” အဓိပ္ပာယ် မရှိတာတွေ။ ချင်းဟယ်... ဒီကိစ္စက လွန်လွန်းတယ်။ တူလေးစုန့်ကို အခုချက်ချင်း တောင်းပန်လိုက်စမ်း။ ပြီးတော့ မင်း ဖုန်းမူ ထွက်သွားစမ်း။ ယွင်လန်ဂိုဏ်း ရော၊ ဖုန်းမျိုးနွယ်စုကပါ ကိုယ့်နေရာကိုယ် မသိတဲ့ တပည့် တစ်ယောက်ကို မလိုအပ်ဘူး”
“အကြီးအကဲဖုန်း... ခင်ဗျား စကားတွေက တော်တော်လေး မတရားပါဘူး” “
အကြီးအကဲချန် ဖုန်းမူ ကို ကာကွယ်ရန် ချက်ချင်း ရှေ့ထွက်လာသည်။”ဘယ်သူ မှားတယ်၊ ဘယ်သူ မှန်တယ် ဆိုတာကို ခင်ဗျား မမေးကြည့်ရသေးဘဲနဲ့ ဘယ်လိုလုပ် အဲဒီလို ဆုံးဖြတ်ချက်မျိုး ချနိုင်ရတာလဲ”
“ဟမ့်”
အကြီးအကဲဖုန်း မျက်မှောင်ကြုတ်လိုက်သည်.” အကြီးအကဲချန်... ဖုန်းမျိုးနွယ်စုရဲ့ ကိစ္စတွေမှာ ဝင်ပါဖို့ လိုအပ်တယ်လို့ ခံစားရလောက်အောင် ခင်ဗျားရဲ့ လက်က ဘယ်တုန်းကများ အဲဒီလောက် ရှည်သွားရတာလဲ”
အကြီးအကဲချန် ပြုံးလိုက်သည်။”အစ်ကိုဖုန်း ခင်ဗျား မျိုးနွယ်စုရဲ့ အတွင်းရေး ကိစ္စတွေကို ကျွန်တော် စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ဖုန်းမူ က ယွင်လန်ဂိုဏ်း မှာ ရှိနေသရွေ့ သူက ကျွန်တော့်ရဲ့ အမည်ခံတပည့်ပါ။ ကျွန်တော်က သူ့ကို အထွတ်အထိပ်နည်းစနစ်တွေ မသင်ပေးနိုင်ရင်တောင် သူ အနိုင်ကျင့် မခံရဖို့တော့ သေချာပေါက် အာမခံနိုင်တယ်”
“ဟက်”
စုန့်ကျောက်ယွမ် အေးစက်စွာ ရယ်မောလိုက်သည်။”အကြီးအကဲချန်... ခင်ဗျား ကိုယ်ခင်ဗျား တကယ်ပဲ အရေးပါတဲ့ လူတစ်ယောက်လို့ ထင်နေတာလား။ ကျွန်တော့်ရဲ့ ယောက်ဖ က အချိန်မရွေး ဒီကို ရောက်လာတော့မှာ။ တကယ်လို့ သူ ဝင်ပါလာရင် ဒီအဆင့်နိမ့် အစေခံကို ခင်ဗျား ဆက်ပြီး ကာကွယ်နိုင်မယ်လို့ သေချာရဲ့လား”
“တကယ်လို့ ဒီည သခင်လေးချောင်သာ မလာခဲ့ဘူးဆိုရင် ဒီစကားကို ပြောဖို့ ငါ တုံ့ဆိုင်းနေမိမှာပဲ”
အကြီးအကဲချန် သူ့ မုတ်ဆိတ်မွေးကို ပွတ်သပ်ပြီး တည်ငြိမ်စွာ ဆက်ပြောသည်။ “ ဒါပေမဲ့ သူ လာမှာမလို့ကိုပဲ ပြောရဲတယ်။ ဒီနေ့ မင်းတို့ထဲက ဘယ်သူမှ ဖုန်းမူ ကို ထိလို့ မရဘူး”
သူ တစ်ခဏတာ ရပ်တန့်လိုက်ပြီးနောက် ကြေညာလိုက်သည်။ “အခြေအနေတွေက ဒီအထိ ရောက်လာမှတော့ ငါ ထပ်ပြီး မဖုံးကွယ်ထားတော့ဘူး။ ဖုန်းမူက ဝမ်တောက်ကျောင်းတော်က သူတော်စင်တစ်ပိုင်းချူ ရဲ့ တပည့် တစ်ယောက်ပဲ”