← Chapters

ပင်လယ်နတ်ဆိုးနှင့် ပတ်သက်သော ကောလာဟလများ

Vol. 27 Ch. 268

ပင်လယ်နတ်ဆိုးနှင့် ပတ်သက်သော ကောလာဟလများ

Vol. 27 Ch. 268

သန်းခေါင်ယံအချိန်

ညစာစားပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။

တောင်ထွတ်၏ နောက်ဖေးခြံဝန်းအတွင်း၌

ချောင်ရို့ချန် ခန့်ညားထည်ဝါသော ထိုင်ခုံကြီးပေါ်တွင် ဓားကို ပေါင်ပေါ်တင်လျက် ထိုင်နေခဲ့၏။

ဖုန်းမူ သူ့ဘေးတွင် ထိုင်နေပြီး စုန့်ကျောက်ယီနှင့် ဖုန်းလင်းလုံတို့က သူတို့နောက်တွင် အသီးသီး ရပ်နေကြသည်။

စုန့်ကျောက်ယွမ်၊ စုန့်ကျောက်ရွှေ၊ အကြီးအကဲဖုန်းတို့မှာ သူတို့ရှေ့တွင် စိုးရိမ်တကြီးဖြင့် ဂနာမငြိမ်ဘဲ ရပ်နေကြရသည်။

ယွင်လန်ဂိုဏ်း၏ ညချမ်းသည် အေးစိမ့်ခြင်းမရှိသော်လည်း ယခုအချိန်တွင် ထိုလူအနည်းငယ်မှာ တစ်ကိုယ်လုံး တုန်ရီနေကြပြီး နဖူးမှ ချွေးစက်များမှာလည်း တလိမ့်လိမ့် စီးကျနေလေ၏။

ချောင်ရို့ချန်က ဖုန်းမူဘက်သို့ လှည့်ကာ ပြောသည်။ “ညီလေး... ဒီလူတွေက မင်းကို စော်ကားခဲ့တာဆိုတော့ မင်းစိတ်ကြိုက်ပဲ စီရင်ဖို့ ငါလွှဲပေးလိုက်မယ်”

ထိုစကားကို ကြားလိုက်ရသည်နှင့် စုန့်ကျောက်ယွမ်နှင့် အခြားသူများ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ ဒီတစ်ခါတော့ သူတို့ တကယ် ဒုက္ခရောက်ပေသည်။

အကြီးအကဲဖုန်းသည် ဝါရင့်ပြီး အလိုက်အထိုက် နေတတ်သူပီပီ ချက်ချင်း ရှေ့သို့တိုးကာ ပြောသည်။

“သခင်လေးမူ... ဒီအဘိုးကြီး ရှေ့နောက်မမြင်ဘဲ စော်ကားမိတာပါ။ ကျေးဇူးပြုပြီး သဘောထားကြီးပေးပါ။ တစ်ကြိမ်လောက်ပဲ ခွင့်လွှတ်ပေးပါ၊ လျှော်ကြေးပေးဖို့ အဆင်သင့်ပါပဲ”

ဖုန်းမူက မျက်မှောင်ကြုတ်ကာ တစ်ခဏ စဉ်းစားလိုက်သည်။“ကောင်းပြီလေ။ ခင်ဗျားကို ဒီတစ်ခါတော့ အခွင့်အရေး ပေးလိုက်မယ်”

၎င်းကို ကြားလိုက်ရတော့ စုန့်ကျောက်ယွမ်နှင့် စုန့်ကျောက်ရွှေတို့လည်း လုယက်ကာ ဆိုကြသည်။

“ကျွန်တော်တို့လည်း စီနီယာအစ်ကိုမူကို လျော်ကြေးပေးပါ့မယ်။ စီနီယာအစ်ကို ညှာတာပေးပါဦး”

“မလိုဘူး”

ဖုန်းမူက သူတို့စကားကို ဖြတ်ပြောလိုက်သည်။“တောင်းပန်စရာလည်း မလိုသလို လျော်ကြေးလည်း မလိုဘူး။ ခင်ဗျားတို့ ကျွန်တော်နဲ့ လောင်းထားတဲ့ ကတိကို တည်ဖို့ပဲ လိုတယ်”

ဤစကားကြောင့် စုန့်ကျောက်ယွမ်နှင့် စုန့်ကျောက်ရွှေတို့၏ မျက်နှာများမှာ ချက်ချင်း မည်းသည်းသွားတော့၏။

ယခင်ကလိုဆိုလျှင် သူတို့ ထိုကောင်လေးကို ဆူပူကြိမ်းမောင်း ရိုက်နှက်မိပေလိမ့်မည်။ သို့သော် ယခုအခြေအနေက သူတို့ဘက်မှာ မရှိတော့ချေ။ သူတို့နှစ်ဦးစလုံး ရင်ထဲတွင် မခံချင်စိတ်များ ပြည့်နှက်နေသော်လည်း စကားတစ်လုံးမျှ မဟရဲကြပေ။

စားသောက်ပွဲ မပြီးဆုံးခင်မှာပင် စုန့်မိသားစုမှ အကြီးအကဲများက သူတို့ကို ဤနေရာတွင် နေခဲ့ပြီး တောင်းပန်ရန် အသေအချာ မှာကြားထားခဲ့၏။

သူတို့နောက်ဆုံးမျှော်လင့်ချက်မှာ အဝေးက ရပ်ကြည့်နေသော စုန့်ကျောက်ယီသာ။ သူတို့နှစ်ဦး သူမထံသို့ အကူအညီတောင်းသော အကြည့်များဖြင့် လှမ်းကြည့်သော်လည်း သူမက မမြင်ချင်ယောင်ဆောင်နေသည်။

“စီနီယာအစ်ကိုမူ.. တကယ်ပဲ ဒီလောက်အထိ အရှက်ခွဲဖို့ လိုလို့လား” စုန့်ကျောက်ယွမ် မအောင့်နိုင်ဘဲ ကန့်ကွက်လိုက်၏။

သူသည် စုန့်မိသားစု၏ တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး ယွင်လန်ဂိုဏ်းတွင်လည်း အဆင့်အတန်း တစ်ခုရှိသူ ဖြစ်ရာ အကယ်၍ သူသာ တောင်ထွတ်ပေါ်ကနေ တကယ်ကြီး တွားသွား လိမ့်ဆင်းသွားရမည်ဆိုလျှင် သူ့ဂုဏ်သိက္ခာမှာ မြေကြီးထဲရောက်သွားပေလိမ့်မည်။

“စောစောက ခင်ဗျားတို့ ရန်လိုနေတုန်းက ဒီလို မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ခုနက အာဏာပြနေတဲ့ ခင်ဗျားတို့ ပုံစံကို ပိုသဘောကျတယ်”

ဖုန်းမူ စုန့်ကျောက်ယွမ်ကို ကြည့်ကာ ခပ်နောက်နောက် ပြောလိုက်၏။

“ကောင်းပြီလေ”

စုန့်ကျောက်ယွမ်သည် အံကြိတ်ကာ လူအများရှေ့တွင် တောင်ထွတ် ပေါ်မှ လိမ့်ဆင်းသွားတော့သည်။ ၎င်းကို မြင်သောအခါ စုန့်ကျောက်ရွှေ ဖုန်းမူကို အဆိပ်ပြင်းသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ သူမ ဝမ်းကွဲအစ်ကိုနောက်မှ ထပ်တူလိုက်၍ တွားသွားကာ လိမ့်ဆင်းသွားသည်။

ဤမြင်ကွင်းကို စုန့်မိသားစု၏ အကြီးအကဲများ သတိမပြုမိဘဲ မနေပေ။ သို့သော် စုန့်မိသားစု ခေါင်းဆောင်က ချောင်ရို့ချန် သို့မဟုတ် ဖုန်းမူကို အပြစ်တင်ရန် အစီအစဉ် မရှိပေ။

သူ တီးတိုး ရေရွတ်လိုက်သည်။

“လွန်ခဲ့တဲ့ နှစ်တွေမှာ စုန့်မိသားစုတပည့်တွေက သက်သောင့်သက်သာ နေခဲ့ရလွန်းလို့ အရမ်း မောက်မာလာကြပြီ။ အခုလို အခက်အခဲလေး ကြုံတာက သူတို့အတွက် ကောင်းတဲ့အရာ ဖြစ်နိုင်ပါတယ်။ နောင်ကျမှ ဘေးဒုက္ခကြီးကြီးမားမား ကြုံရတာထက်စာရင် အခုလို ဖြစ်သွားတာက ပိုကောင်းပါတယ်”

ခြံဝန်းအတွင်း၌အနှောင့်အယှက်ပေးမည့်သူများ ကုန်သွားပြီဖြစ်သဖြင့် ချောင်ရို့ချန် ဖုန်းမူဘက်သို့ လှည့်၍ ပြုံးလိုက်သည်။

“ညီလေးဖုန်း... အခုဆို မင်းရင်ထဲက မကျေနပ်ချက်တွေ ပြေပျောက်သွားပြီလား”

ဖုန်းမူ ထရပ်ကာ လက်သီးဆုပ်လျက် ပြောသည်။

“ကူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး”

ချောင်ရို့ချန်က လက်ကာပြသည်။

“ဒါက ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခုတော့ မှတ်ထားပါ။ဒီနေ့မှာတော့ မင်းက ငါ့ရဲ့ဂုဏ်သတင်းနဲ့ ဆရာ့ရဲ့ အရှိန်အဝါကို သုံးပြီး မင်းကို အထင်သေးတဲ့သူတွေကို ခေါင်းငုံ့ခိုင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ဆရာရော ငါရောက မင်းကို ထာဝရ ကာကွယ်ပေးထားနိုင်မှာ မဟုတ်ဘူး။ မင်းကိုယ်တိုင် အစွမ်းထက်လာမှသာ လောကကြီးရဲ့ လေးစားမှုကို ရနိုင်မှာ”

ဖုန်းမူက ရိုသေစွာ ပြောလိုက်၏။

“စီနီယာအစ်ကိုကြီးရဲ့ စကားကို ကျွန်တော် မှတ်ထားပါ့မယ်။ ကြိုးကြိုးစားစား ကျင့်ကြံပြီး သောင်းပြောင်းပညာရပ်ဌာန ရဲ့ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေရပါဘူး”

“ကောင်းတယ်”

ချောင်ရို့ချန် သူ့ကို လက်မထောင်ပြလိုက်သည်။

“ဆရာက မင်းကို ဘာလို့ တန်ဖိုးထားတယ်ဆိုတာ မဆန်းတော့ပါဘူး။ ဒီလို စိတ်ဓာတ်မျိုး ရှိနေတာတင် ချီးကျူးဖို့ ကောင်းတယ်။ ယွင်လန်ဂိုဏ်းမှာ မင်းရဲ့ ကိစ္စတွေကို အပြီးသတ်ဖို့ သုံးရက် အချိန်ပေးမယ်။ အဲဒီနောက်မှာ ငါတို့ ဝမ်တောက်ကျောင်းတော်ကို အတူတူ သွားကြမယ်”

“ဟုတ်ကဲ့ပါ”

ဝမ်ယုကျွန်း

၎င်းသည် အရှေ့ဘက်ပင်လယ်ပြင်ရှိ အဆုံးမဲ့ပင်လယ်၏ စခန်းတစ်ခု ဖြစ်သည်။

တောင်ဘက်ပင်လယ်မှ လာသော သင်္ဘောများသည် အနားယူရန်နှင့် ရိက္ခာဖြည့်တင်းရန် ဤကျွန်းတွင် အမြဲရပ်နားလေ့ရှိ၏။

ချူဖုန်းတို့လည်း သင်္ဘောသားများနှင့်အတူ ကမ်းပေါ်သို့ ဆင်းခဲ့ကြသည်။

အနားယူရန်နှင့် ရိက္ခာဖြည့်ရန် လာကြသော သင်္ဘောသားများနှင့် မတူဘဲ ချူဖုန်း၏ ရည်ရွယ်ချက်မှာ ဒေသန္တရ ဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှုများကို လေ့လာရန်သာ။

မွန်းတည့်ချိန်ခန့်တွင် သူတို့အဖွဲ့ အရက်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာပြီး ဝိုင်နှင့် မြည်းစရာ အနည်းငယ် မှာယူကာ ပြတင်းပေါက်အနီးတွင် ထိုင်ရင်း ဖြတ်သွားဖြတ်လာ ခရီးသွားများ၏ စကားဝိုင်းများကို နားထောင်နေကြသည်။

ခဏအကြာတွင် သတင်းတစ်ခုက သူတို့အာရုံကို ဖမ်းစားလိုက်သည်။

“ကြားပြီးပြီလား။ ပင်လယ်ပြင်မှာ ကြောက်စရာကောင်းတဲ့ ပင်လယ်နတ်ဆိုးတစ်ကောင် ပေါ်လာတယ်တဲ့။ အဲဒီကောင်နဲ့ တွေ့တဲ့ ဘယ်သင်္ဘောမဆို တစ်စင်းမှ မလွတ်ဘူး။ အခုဆို အရှေ့ဘက်ပင်လယ်ပြင်ရဲ့ နေရာတော်တော်များကလည်း တားမြစ်နယ်မြေ ဖြစ်သွားပြီ”

“ကြားရုံတင်မကဘူး၊ ငါကိုယ်တိုင် အဝေးကနေ အဲဒီနတ်ဆိုးကို မြင်လိုက်သေးတယ်။ တာအိုပေါင်းစည်းခြင်း ကျင့်ကြံသူတောင် သူ့ကို မယှဉ်နိုင်ဘူး”

ပတ်ဝန်းကျင်တစ်ခုလုံးတွင် အံ့သြတုန်လှုပ်သံများ ထွက်ပေါ်လာသည်။

“တကယ်လို့ အဲဒီလိုဆိုရင် ငါတို့ရဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေ အကြီးအကျယ် ထိခိုက်ကုန်မှာပေါ့”

“ကံစမ်းကြည့်ရမှာပဲ အဲဒီနတ်ဆိုးနဲ့ မဆုံအောင် ကြိုးစားကြည့်ပေါ့။ ကံကောင်းရင်တော့ မင်းရဲ့ ခရီးကို ဘေးကင်းကင်းနဲ့ ရောက်နိုင်ပါလိမ့်မယ်”

“‘ကျွန်းစုတစ်ထောင်က ဂိုဏ်းတွေ ဒါမှမဟုတ် ရွှမ်ကျိုးက ကျင့်ကြံသူတွေက အဲဒီနတ်ဆိုးကို ဘာမှ မလုပ်ကြဘူးလား”

“မလုပ်တာ မဟုတ်ဘူး၊ မလုပ်နိုင်တာ။ ကျွန်းစုတစ်ထောင်ပင်လယ်ရော ရွှမ်ကျိုးကပါ နီဗားနားရှင်သန်ခြင်းအဆင့် ကျွမ်းကျင်သူတွေ ထွက်ပြီး နှိမ်နင်းကြသေးတယ်။ ဒါပေမဲ့ ပင်လယ်နတ်ဆိုးက ပေါ်ချင်သလိုပေါ် ပျောက်ချင်သလို ပျောက်နေတာ။ ကျွမ်းကျင်သူတွေက ဘာမှ မတတ်နိုင်ကြဘူး။ နောက်ဆုံးတော့ နတ်ဆိုးနှိမ်နင်းရေး အမိန့်တော် ထုတ်လိုက်ရတယ်။ ဘယ်သူမဆို ပင်လယ်နတ်ဆိုးကို နှိမ်နင်းနိုင်ရင် ကြီးမားတဲ့ ဆုလာဘ်ကို ရလိမ့်မယ်တဲ့”

ဤစကားကို ကြားသောအခါ သူတော်စင်ရွှေတောင်ပံက ချူဖုန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

“အစ်ကိုကြီး... အဲဒီပင်လယ်နတ်ဆိုးကို သွားရှာကြည့်ကြမလား ဆုလာဘ်အတွက် မဟုတ်ပါဘူး ဗဟုသုတ တိုးရုံပေါ့”

“ပြဿနာမရှိဘူး”

ချူဖုန်း တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။

နောက်တစ်နေ့တွင် သူတို့အဖွဲ့သည် သင်္ဘောတစ်စင်းပေါ် တက်ခဲ့ပြီး အရှေ့ဘက်ပင်လယ်ကို ဖြတ်၍ မြောက်ဘက်သို့ ခရီးဆက်ခဲ့ကြ၏။

အစပိုင်းတွင် သင်္ဘောကပ္ပတိန်က ငြင်းဆန်သော်လည်း အကြီးအကဲပင်း သူမ နီဗားနားရှင်သန်ခြင်းအဆင့်ဖိအားကို ထုတ်ပြလိုက်သည်နှင့် ကပ္ပတိန်မှာ ချက်ချင်း လက်ကာပြကာ သင်္ဘောကို ခုတ်မောင်းရန် အမိန့်ပေးတော့သည်။

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ လွယ်ကူပြီး အန္တရာယ်ကင်းသည့် အလုပ်မျိုးကို မည်သူမဆို ကြိုဆိုကြမည်သာ။

ရက်အနည်းငယ် ခရီးနှင်ပြီးနောက်

သင်္ဘောဦးတွင် ငါးမျှားနေသော ချူဖုန်းထံသို့ ကပ္ပတိန် ချဉ်းကပ်လာ၏။

“သခင်လေးချူ... ရှေ့မှာ ပင်လယ်နတ်ဆိုး သောင်းကျန်းနေတဲ့ ပင်လယ်ပြင် ရောက်တော့မယ်။ အရှိန်မြှင့်လိုက်ရမလား”

“မလိုဘူး။ ပုံမှန်အတိုင်းပဲ သွားပါ”

ချူဖုန်း အေးအေးလူလူပင် ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါခင်ဗျာ”

ကပ္ပတိန်က ပြန်ဖြေပြီး သင်္ဘောခန်းထဲသို့ ပြန်လှည့်သွား၏။

ထိုစဉ် ပင်လယ်ပြင်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ ယခင်က တည်ငြိမ်နေသော ရေပြင်ထက်တွင် မည်သည့်နေရာမှန်းမသိသော လှိုင်းလုံးကြီးများ ရုတ်တရက် ထကြွလာ၏။

တောင်ကဲ့သို့ မြင့်မားသော လှိုင်းလုံးကြီးများရှေ့တွင် ရတနာသင်္ဘောကြီးမှာ သစ်ရွက်ခြောက်ကလေး တစ်ရွက်ကဲ့သို့ ပင်လယ်၏ ကံကြမ္မာအတိုင်းသာ လွင့်မျောနေရသည်။

၎င်းမြင်လျှင် ချူဖုန်းက လက်ကို ဝေ့ယမ်းလိုက်သည်။ တစ်ခဏချင်းမှာပင် လေနှင့် လှိုင်းလုံးများ ငြိမ်ကျသွားပြီး ဘာမျှ မဖြစ်ခဲ့သကဲ့သို့ ပြန်လည် တည်ငြိမ်သွားတော့၏။

ကာကွယ်ရေး အစီအရင်ကို စတင် အသက်သွင်းရန် ပြင်ဆင်နေသော ကပ္ပတိန်မှာ ဝမ်းသာအားရ ဖြစ်သွားသည်။ ဝိညာဉ်ကျောက်တုံး တစ်သုတ် ထပ်ပြီး သက်သာသွားတော့ပြန်၏။

ဤမျှ အစွမ်းထက်သော လူများ အဘယ်ကြောင့် သင်္ဘောနှင့် ခရီးသွားနေကြသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေမိသည်။

သူတော်စင်ရွှေတောင်ပံ ကုန်းပတ်ပေါ်သို့ တက်လာပြီး ချူဖုန်းကို ပြောလိုက်သည်။

“အစ်ကိုကြီး... မိုင်တစ်ရာလောက် အကွာမှာ ကောင်လေး နှစ်ယောက် တိုက်ခိုက်နေတာကို ကျွန်တော် အာရုံခံမိတယ်။ အဲဒီထဲက အရှိန်အဝါ တစ်ခုက မြောက်ဘက်က ပင်လယ်နတ်ဆိုး ဖြစ်ဖို့ တော်တော်လေး သေချာတယ်”

ချူဖုန်း ပြောလိုက်သည်။

“ကပ္ပတိန်ကို သွားပြောလိုက်၊ အဲဒီဘက်ကို ဦးတည်ပြီး အရှိန်မြှင့်ခိုင်းလိုက်။ ငါတို့ သွားကြည့်ကြတာပေါ့”

“နားလည်ပါပြီ”

ရွှေရောင်အလင်းတန်း တစ်ခုနှင့်အတူ သူတော်စင်ရွှေတောင်ပံ ပျောက်ကွယ်သွားတော့၏။ မကြာမီမှာပင် ရတနာသင်္ဘောကြီးသည် အရှိန်ပြင်းစွာ ခုတ်မောင်းသွားတော့သည်။

All Chapters