← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

အခန်း (၂၄၁) - နယ်မြေချဲ့ထွင်ခြင်းနှင့် အသိုက်တည်ဆောက်ခြင်း (၁)

ဝံပုလွေအသိုက်အတွင်းတွင် ခမ်းနားလှသော စွမ်းအင်ဒီရေလှိုင်းများက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

သွေးထွက်သံယိုတိုက်ပွဲများ ဆက်တိုက်ကြုံတွေ့ခဲ့ရပြီးနောက် အဆင့်မြင့် စွမ်းအားမြှင့်တင်မှုများ ရရှိခဲ့သော နှင်းဝံပုလွေများသည် တိုတမ်မိခင်သစ်ပင်၏ အလင်းရောင်အောက်တွင် မှောက်အိပ်နေကြပြီး ယခင်ကထက် များစွာ သာလွန်သော ဝိညာဉ်စွမ်းအင်များကို ရှူသွင်းနေကြသည်။

သူတို့သည် ခန္ဓာကိုယ်အတွင်း လှိုင်းထနေသော စွမ်းအားအသစ်များနှင့် အသားကျစေရန် ကြိုးစားနေကြပြီး အောင်ပွဲ၏အသီးအပွင့်များကို သူတို့၏ ကိုယ်ပိုင်စွမ်းအင်အဖြစ်သို့ လုံးဝ ပြောင်းလဲပစ်နေကြသည်။

ဝံပုလွေအုပ်တစ်ခုလုံး၏ အရှိန်အဝါမှာ ကြီးမားသော တိုက်ပွဲကြီးအပြီး စိတ်လှုပ်ရှားမှုများနှင့် အဆင့်တက်ခြင်းများမှတစ်ဆင့် “အစိတ်အပိုင်းများကို တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်း” ဟူသော ပိုမိုနက်ရှိုင်းပြီး ခိုင်ခံ့သည့်အခြေအနေဆီသို့ ရောက်ရှိကာ တည်ငြိမ်သွားခဲ့သည်။

လင်းထျန်းလုံသည် မိခင်သစ်ပင်၏အောက်တွင် ရပ်နေပြီး သူ၏ငွေပြာဧကရာဇ်မျက်ဝန်းက အနားယူနေသော ဝံပုလွေအုပ်ကြီးအပေါ်သို့ ဝေ့ဝဲသွား၏။

နောက်ဆုံးတွင် ကျောက်ခဲချိုင့်ဝှမ်း၏ စမ်းသပ်မှုများတစ်လျှောက် သွေးမိစ္ဆာ၏နောက်သို့ လိုက်ပါခဲ့ပြီး မျက်လုံးများထဲတွင် တိုက်ပွဲဝင်လိုစိတ်များ တောက်လောင်နေဆဲဖြစ်သည့် အရွယ်မရောက်သေးသော နှင်းဝံပုလွေ ဆယ်ကောင်အပေါ်တွင် ရပ်တန့်သွားခဲ့သည်။

သူတို့သည် မျိုးဆက်သစ်များထဲမှ သူတို့၏တန်ဖိုးကို ပထမဆုံး သက်သေပြနိုင်ခဲ့သူများဖြစ်သည်။ ယခု သူတို့သည် သီးသန့်စွမ်းအားမြှင့်တင်မှုများကို ပထမဆုံး လက်ခံရရှိမည့် ရှေ့တန်းတပ်စု ဖြစ်လာပေတော့မည်။

“စနစ်၊ ရွေးချယ်ထားတဲ့အတိုင်း ပေါင်းစပ်မှုကို လုပ်ဆောင်လိုက်”

စိတ်ဆန္ဒတစ်ခုနှင့်အတူ ဝိသေသလက္ခဏာရပ် ဂိုဒေါင်ထဲရှိ များစွာသော အဆင့်နိမ့် ဝိသေသလက္ခဏာရပ်များက နောက်တစ်ကြိမ် လှိုင်းထလာခဲ့သည်။ ဤတစ်ကြိမ်တွင် ရည်မှန်းချက်က ရှင်းလင်း၏။

ဤသွေးဆာနေသော ချွန်ထက်သည့် ဓားသွားအတွက် အသင့်တော်ဆုံးစက်ပစ္စည်းကို ပုံသွင်းရန်ဖြစ်သည်။

[စနစ်အသိပေးချက်]။ ။သွေးစွမ်းအင်၊ သေမင်းတမန် အရှိန်အဝါတို့နှင့် သက်ဆိုင်သော အဆင့်နိမ့် ဝိသေသလက္ခဏာရပ် ၁,၂၀၀ ကို အသုံးပြု၍ ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် ‘သွေးတိုက်ပွဲ သဘာဝစိတ်ဝိညာဉ် (ခရမ်းရောင် အဆင့်မြင့်)’ ကို ပေါင်းစပ်လိုက်ပါသည်။

တိုက်ခိုက်ရေး အလိုအလျောက်သိမြင်နိုင်စွမ်းနှင့် သွေးဆာမှုကို ကြီးမားစွာ မြင့်တက်စေသည်၊ ဒဏ်ရာပိုမိုပြင်းထန်လေလေ တိုက်ခိုက်မှုနှင့် တုံ့ပြန်မှုအမြန်နှုန်းများ ပိုမိုမြန်ဆန်လေလေ ဖြစ်သည်။

[စနစ်အသိပေးချက်]။ ။ပြေးဝင်တိုက်ခိုက်ခြင်း၊ လက်သည်းတိုက်ခိုက်ခြင်းတို့နှင့် သက်ဆိုင်သော အဆင့်နိမ့် ဝိသေသလက္ခဏာရပ် ၈၀၀ ကို အသုံးပြု၍ ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် ‘လျင်မြန် ဆုတ်ဖြဲသွေးလက်သည်း (ခရမ်းရောင် အဆင့်မြင့်)’ ကို ပေါင်းစပ်လိုက်ပါသည်။

လောင်ကျွမ်းနေသော သွေးအာနိသင် အနည်းငယ်ပါဝင်ပြီး အမြန်နှုန်းမြင့်မားစွာဖြင့် ဆုတ်ဖြဲရန် သွေးမိစ္ဆာ၏စွမ်းအားကို လက်သည်းများထဲသို့ ထည့်သွင်းထားလိုက်သည်။

[စနစ်အသိပေးချက်]။ ။ဟိန်းဟောက်သံများ၊ တိုက်ပွဲဝင်လိုစိတ်တို့နှင့် သက်ဆိုင်သော အဆင့်နိမ့် ဝိသေသလက္ခဏာရပ် ၈၀၀ ကို အသုံးပြု၍ ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် ‘စစ်မြည်ကြွေးသံ ပဲ့တင်ထပ်ခြင်း (ခရမ်းရောင် အဆင့်မြင့်)’ ကို ပေါင်းစပ်လိုက်ပါသည်။

တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်နေသော ဟိန်းဟောက်သံကို ထုတ်လွှတ်ပြီး သေးငယ်သော နယ်ပယ်တစ်ခုအတွင်းရှိ မိမိကိုယ်ကိုယ်နှင့် မဟာမိတ်များ၏ တိုက်ခိုက်ရေးစွမ်းအားများ၊ အမြန်နှုန်းများကို အနည်းငယ် တိုးမြင့်စေကာ သူတို့၏ကြမ်းကြုတ်မှုကို အနည်းငယ် လှုံ့ဆော်ပေးသည်။

လင်းထျန်းလုံ၏ လက်သည်းများရှေ့တွင် အနီရောင်ရင့်ရင့် တလက်လက် တောက်ပနေသော ပါရမီရှင်အဆင့် သလင်းကျောက်အမြုတေ ဆယ်ခု ပုံပေါ်လာခဲ့ပြီး တစ်ခုစီတိုင်းတွင် ‘သွေးတိုက်ပွဲသဘာဝစိတ်၀ိညာဥ်’ ပင်ကိုစွမ်းရည်နှင့် ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် နှစ်ခုစီပါဝင်လေသည်။

တစ်ချိန်တည်းမှာပင် သန့်စင်သောစွမ်းအင်များကို ၎င်းတို့အတွင်းသို့ ထည့်သွင်းပေးလိုက်ပြီး ဤအဖွဲ့ဝင် ဆယ်ဦး၏ အဆင့်အတားအဆီးများကို ဖြိုခွဲပေးလိုက်သည်။

“အာ၀ူးး“

အနီရောင်ရင့်ရင့် အလင်းတိုင်ကြီးဆယ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီးနောက် အလျင်အမြန် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

နှင်းဝံပုလွေဆယ်ကောင်၏ အရွယ်အစားမှာ သိသိသာသာကြီးမားလာပြီး သူတို့၏အရပ်မှာ အဓိက တပ်ဖွဲ့၀င်များနှင့် တန်းတူနီးပါး ဖြစ်လာခဲ့သည်။

သွေးမိစ္ဆာနှင့် အရင်းအမြစ် တူညီသော်လည်း အနည်းငယ် ဖျော့တော့နေ့သော အနီရောင်ရင့်ရင့် ပုံစံများက သူတို့၏ ဖြူဖျော့ဖျော့ အမွေးအမျှင်များ၏ အရင်းတွင် ပေါ်လာခဲ့သည်။

သူတို့၏ မျက်လုံးများထဲရှိ ကြမ်းကြုတ်မှုများနှင့် ထက်ရှမှုများက ဒြပ်ရှိသော အရာတစ်ခုအဖြစ် ပြောင်းလဲလုနီးပါး ဖြစ်နေပြီး ဖျော့တော့သော သွေးရောင် သေမင်းတမန် ရောင်ဝါလေးတစ်ခုက သူတို့၏ ပတ်လည်တွင် စတင်လည်ပတ်လာခဲ့သည်။

သူတို့၏ အဆင့်များ အားလုံး အဆင့် ၂၅ (ပါရမီရှင်အဆင့်) တွင် တည်ငြိမ်သွားခဲ့၏။

သူတို့၏ခေါင်းဆောင်နှင့် အရင်းအမြစ် တူညီသော ခန္ဓာကိုယ်အတွင်း လှိုင်းထနေသည့် စွမ်းအားများကို ခံစားရပြီးနောက် သွေးဝံပုလွေဆယ်ကောင်မှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားခဲ့သည်။

သို့သော်လည်း သူတို့သည် ဟိန်းဟောက်ခြင်း မပြုလုပ်ဘဲ ထိန်းချုပ်ထားလိုက်ပြီး သူတို့၏ ရှေ့တွင်ရှိနေသော သွေးမိစ္ဆာနှင့် ဤအရာအားလုံးကို ပေးသနားခဲ့သော ဝံပုလွေဘုရင်ကြီးထံသို့ ပိုမိုရူးသွပ်ပြီး သစ္စာရှိသော အကြည့်များကို ပို့လွှတ်လိုက်ကြသည်။

အစွမ်းထက် လက်အောက်ငယ်သားများအဖြစ် အသိအမှတ်ပြုခံလိုသည့် သူတို့၏ရည်မှန်းချက်များက မျက်ဝန်းများထဲတွင် ထင်ဟပ်နေခဲ့သည်။

“သွေးမိစ္ဆာ” လင်းထျန်းလုံက အနီနှင့် အဖြူရောင် ရောယှက်နေသော ပုံရိပ်လေးကို ကြည့်လိုက်သည်။

“ဒီနေ့ကစပြီး သူတို့က မင်းရဲ့ တိုက်ရိုက်အစောင့်အရှောက် ဖြစ်လာလိမ့်မယ်၊ သူတို့ရဲ့ နာမည် ‘သွေးအစွယ်တော် အစောင့်အရှောက်’ ပဲ”

သွေးမိစ္ဆာက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သူနှင့် ပဲ့တင်ထပ်နေသော အရှိန်အဝါများရှိပြီး အသွင်ပြောင်းလဲမှု ပြီးစီးသွားသော ဤလက်အောက်ငယ်သားဆယ်ဦးကို ကြည့်လိုက်သည်။

၎င်း၏ ကြမ်းကြုတ်သော မျက်လုံးများထဲတွင် ခိုင်မာသော အသိအမှတ်ပြုမှုတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

၎င်းက တိုးညှင်းစွာ ဟိန်းဟောက်လိုက်၏။ ဤသည်မှာ ဘုရင်ကြီး၏ ခန့်အပ်မှုကို တုံ့ပြန်ခြင်းဖြစ်သလို အသစ်မွေးဖွားလာသော သူ၏တပ်ဖွဲ့ကို အတည်ပြုခြင်းလည်း ဖြစ်လေသည်။

“သွေးအစွယ်တော် အစောင့်အရှောက်”

သွေးမိစ္ဆာ တစ်ဦးတည်းသာ ပိုင်ဆိုင်ပြီး ၎င်း၏ တိုက်ခိုက်ရေးပုံစံကို ထည့်သွင်းတည်ဆောက်ထားသော အဆင့်မြင့်တပ်ဖွဲ့အား ဤနေရာတွင် တရားဝင် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

“အခု မင်းတို့ရဲ့အစွယ်တွေကို ထက်ရှအောင် သွေးပြီးသွားပြီဆိုတော့ သွားပြီး ဝံပုလွေအသိုက်အတွက် နယ်မြေအသစ်တွေကို ဆုတ်ဖြဲဖွင့်လှစ်လိုက်တော့”

လင်းထျန်းလုံ၏ အကြည့်များက ဝိညာဉ်နက်တောင်ကြောမှ အကြွင်းအကျန်တပ်ဖွဲ့များ ခြေကုပ်ယူထားသော အနောက်မြောက်ဘက်ဆီသို့ ဦးတည်သွားခဲ့သည်။

“သွေးမိစ္ဆာ၊ မင်း ‘သွေးအစွယ်တော် အစောင့်အရှောက်’ ကို ဦးဆောင်ရမယ်၊ ပြီးတော့ ငါက လုပ်ကြံသတ်ဖြတ်သူ တပ်စုတစ်စုနဲ့ နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက် နှစ်ဦးကိုလည်း ကူညီဖို့စေလွှတ်လိုက်မယ်၊ ပစ်မှတ်က ဝိညာဉ်နက်တောင်ကြောရဲ့ ကျန်ရှိနေတဲ့ နယ်မြေပဲ၊ သံမဏိစည်းမျဉ်းက အရှုံးပေးမလား၊ ဒါမှမဟုတ် သေမလားပဲ”

“အရှင်မင်းကြီး အမိန့်ပေးတဲ့အတိုင်းပါ၊”

သွေးမိစ္ဆာ၏ အသံထဲတွင် ဖိနှိပ်၍မရနိုင်သော စိတ်လှုပ်ရှားမှုများနှင့် သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။ သူက ရုတ်တရက် လှည့်လိုက်ပြီး မတ်မတ်ရပ်နေကြသော ‘သွေးအစွယ်တော် အစောင့်အရှောက်' ဆယ်ဦးကို မျက်နှာမူလိုက်သည်။

“ငါ့နောက်ကိုလိုက်ခဲ့၊ စစ်တိုက်ဖို့သွားမယ်” မိမိကိုယ်ကို သက်သေပြလိုသော ရည်မှန်းချက်က သူ၏အသံထဲတွင် အပြည့်အဝ ပါဝင်နေသည်။

အနီနှင့် အဖြူရောင် ရောယှက်နေသော ပုံရိပ်လေးက လေးကြိုးမှ လွတ်ထွက်သွားသော မြားတစ်စင်းပမာဖြစ်ပြီး အနီရောင်ရင့်ရင့် ဝံပုလွေအရိပ်ဆယ်ခုက သွေးရောင်လျှပ်စီးကြောင်းများပမာ အနောက်မှ ကပ်လျက်လိုက်ပါသွားခဲ့သည်။

လုပ်ကြံသတ်ဖြတ်သူ တပ်စုတစ်စုနှင့် အရိပ်နှစ်ခုတို့ ပူးပေါင်းကာ အနောက်မြောက်ဘက်ဆီသို့ တိတ်ဆိတ် လျင်မြန်စွာ ပြေးလွှားသွားကြသည်။

စုစည်းနေသော သေမင်းတမန် ရောင်ဝါလေးများက အချိန်တိုလေးအတွင်း လေထုထဲတွင် ဖျော့တော့သော သွေးရောင်လမ်းကြောင်းလေးတစ်ခုကိုပင် ချန်ရစ်ထားခဲ့သည်။

သစ်ပင်အိမ်လေးအတွင်းတွင် ရှောင်လန်နှင့် ရှောင်ယင်းတို့သာ ရှိနေလေသည်။

“သွေးမိစ္ဆာရဲ့ တပ်ဖွဲ့က အရမ်းမြန်တာပဲ” ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ရင်း ရှောင်လန်က ပြောလိုက်သည်။

“ဟုတ်တယ်၊ အဲဒီ အနီနဲ့ အမည်းရောင်ပုံစံတွေက သွေးမိစ္ဆာကိုယ်ပေါ်က ဟာတွေနဲ့ အရမ်းတူတယ်”

ရှောင်ယင်းက ခေါင်းငြိမ့်လိုက်သည်။

“ဒီ ‘သွေးအစွယ်တော် အစောင့်အရှောက်’ တပ်ဖွဲ့က ပုံပေါ်လာပြီ၊ သူတို့ရဲ့ သေမင်းတမန် ရောင်ဝါတွေကို ထိန်းချုပ်ထားနိုင်ပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေက စည်းလုံးညီညွတ်တယ်၊ ဝံပုလွေဖေဖေရဲ့ ဉာဏ်အလင်းပွင့်မှုက ဒီတစ်ကြိမ်မှာ တကယ့်ကို ထူးခြားတဲ့ အာနိသင်ရှိခဲ့တယ် ထင်တယ်”

“အနောက်မြောက်ဘက်က အကြွင်းအကျန်တွေက သူတို့ လေ့ကျင့်ဖို့အတွက် ကွက်တိပဲ၊ သွေးမိစ္ဆာက စတုတ္ထမြောက်စစ်သူကြီးနေရာ ခိုင်မာဖို့အတွက် ကောင်းမွန်တဲ့ အောင်ပွဲတစ်ခုလိုအပ်တယ်၊ ပြီးတော့ ဒီတပ်ဖွဲ့အသစ်ကလည်း သူတို့ရဲ့ တိုက်ပွဲဝိညာဉ်ကို စုစည်းဖို့အတွက် အစစ်အမှန်သွေးတွေကို မြင်တွေ့ဖို့ လိုအပ်တယ်”

သူတို့၏ အကြည့်များ ဆုံသွားကြပြီး နောက်ထပ်စကားလုံးများ ပြောရန် မလိုအပ်တော့ပေ။

သူတို့သည် အကြည့်များကို အောက်ဘက်သို့ တိတ်တဆိတ် ရွှေ့လိုက်ကြရာ ထိုနေရာတွင် လင်းထျန်းလုံ၏ ခမ်းနားလှသော ငွေဖြူရောင်ပုံရိပ်ကြီးသည် မိခင်သစ်ပင်အောက်တွင် ရပ်နေပြီး စွမ်းအားမြှင့်တင်မှုများ ပြုလုပ်ပြီးနောက် လုံးဝ ကွဲပြားသွားပြီဖြစ်သော ဝံပုလွေအုပ်၏ အဓိကအဖွဲ့ဝင်များကို တစ်ဦးချင်းစီ စတင်စစ်ဆေးနေပြီဖြစ်သည်။

လင်းထျန်းလုံသည် မိခင်သစ်ပင်၏အောက်တွင် ရပ်နေပြီး သူ၏ ‘ငွေပြာဧကရာဇ်မျက်ဝန်း’ ထဲရှိ ထူးဆန်းသော အလင်းရောင်များက တိကျသော စကင်ဖတ်စက်ကြီးတစ်ခုပမာ စီးဆင်းနေကာ သူ၏ အဓိကစစ်သူကြီးများကို တစ်ဦးချင်းစီ ဝေ့ဝဲကြည့်ရှုနေခဲ့သည်။

လင်းထျန်းလုံက ရန့်မြဲ့ထံတွင် ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်သည့်အလား ထာဝရအေးခဲနေသော မြေဝါရောင် အရှိန်အဝါများကို ကြည့်ပြီး စိတ်ထဲမှခေါင်းငြိမ့်လိုက်သည်။

“ဒီခံစစ်က အခုဆိုရင် လုံးဝ အတည်တကျဖြစ်သွားပြီ”

သူက စနစ်မျက်နှာပြင်ကို ဆွဲတင်လိုက်ရာ အသေးစိတ် အချက်အလက်များက သူ၏ အသိစိတ်ထဲတွင် ပေါ်လာခဲ့သည်-

[လက်အောက်ငယ်သား စနစ်မျက်နှာပြင်- ရန့်မြဲ့]

[မျိုးနွယ်- နှင်းဝံပုလွေပြာ (အစောင့်အရှောက်)]

[အဆင့်- ၃၅ (ပထမ ဘုရင်အဆင့် အလယ်အလတ်)]

[ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ်များ]

[ထာဝရရေခဲအကာအကွယ် (ရွှေရောင် အဆင့်မြင့်)]- ကာကွယ်လိုသည့် စိတ်ဆန္ဒကို အစွန်းရောက်အအေးဓာတ် စွမ်းအားများနှင့် ပေါင်းစပ်နိုင်သည်။

ခံစစ်မှာ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲသွားပြီး လက်ခံရရှိသော တိုက်ခိုက်မှုများ၏ တစ်စိတ်တစ်ပိုင်းကို မိမိကိုယ်ကိုယ်နှင့် မိမိနောက်ကွယ်ရှိ ရဲဘော်များကို ကုသပေးနိုင်သော ကာကွယ်ရေးစွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သည်။

အခန်း (၂၄၂) - နယ်မြေချဲ့ထွင်ခြင်းနှင့် အသိုက်တည်ဆောက်ခြင်း (၂)

[ရေခဲကောင်းကင်နှင်းမြှုပ်နှံခြင်း (ရွှေရောင် အဆင့်မြင့်)]- နှင်းခဲနယ်ပယ်တစ်ခုကို ဖြန့်ကြက်နိုင်မည်။ နယ်ပယ်အတွင်းရှိ အရာအားလုံး အေးခဲသွားမည်။ ကိုယ်တွင်းစွမ်းအင်များ ပျက်စီးသွားမည်ဖြစ်ပြီး အဆက်မပြတ် ထိခိုက်မှု၊ ထိန်းချုပ်မှုနှင့် နယ်ပယ်ဖိနှိပ်မှု ဟူသော အာနိသင်များ ပေါင်းစပ်ပါဝင်သည်။

[အကြွင်းမဲ့ရေခဲဝိညာဉ် (ရွှေရောင် အလယ်အလတ်)]- ကြီးထွားနိုင်စွမ်းရှိသော အထူးသွေးမျိုးဆက် ပင်ကိုစွမ်းရည်။

ဖွင့်လစ်ထားသော လက္ခဏာရပ်များ-

· ‘အကြွင်းမဲ့ခန္ဓာကိုယ်’- ခန္ဓာကိုယ် ခံနိုင်ရည် တိုးမြင့်လာသည်၊ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများတွင် နှင်းခဲခြင်း အာနိသင် အနည်းငယ် ပါဝင်လာသည်။

· ‘ရေခဲမီးလျှံ’- အပူချိန်နိမ့်ကျပြီး လောင်ကျွမ်းစေသော ဂုဏ်သတ္တိနှစ်မျိုးစလုံး ပါဝင်သည့် ထူးခြားသော ဖြူဖျော့ဖျော့ မီးလျှံတစ်ခုကို ထိန်းချုပ်နိုင်ပြီး အဆက်မပြတ် ရောနှောထိခိုက်မှုကို ဖြစ်ပေါ်စေသည်။

· ‘ဝိညာဉ်အေးခဲခြင်း’- တိုက်ခိုက်မှုများတွင် ပါဝင်သော ဝိညာဉ်အေးခဲစေသည့် အာနိသင်ကို အခြေခံကျကျ အားကောင်းစေပြီး ရန်သူများကို ‘အတွေးအခေါ် အေးခဲခြင်း’ အခြေအနေသို့ ကျရောက်စေရန် မြင့်မားသော အခွင့်အရေးရှိကာ သူတို့၏ တုံ့ပြန်မှု၊ အမြန်နှုန်း၊ ကျွမ်းကျင်မှုစွမ်းရည်နှင့် စွမ်းအင်လှည့်ပတ်မှု စွမ်းဆောင်ရည်တို့ကိုပင် များစွာ နှောင့်နှေးစေသည်။

[ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ်များ-]

[မိစ္ဆာဝိညာဉ်ခွဲလက်သည်း (ခရမ်းရောင် အဆင့်မြင့်)]- တိုက်ခိုက်မှုများက ရန်သူ၏ဝိညာဉ်ကို တိုက်စားမည်ဖြစ်ပြီး အဆက်မပြတ်နာကျင်စေကာ သူတို့၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို အားနည်းစေသည်။

[အစွန်းရောက်အေးခဲခြင်းတံဆိပ် (ခရမ်းရောင် အဆင့်မြင့်)]- ပစ်မှတ်တစ်ခု၏ လုပ်ဆောင်ချက်များ သို့မဟုတ် စွမ်းအင်လှည့်ပတ်မှုကို ယာယီချိတ်ပိတ်ရန် အစွန်းရောက်အေးခဲခြင်း စွမ်းအားများကို အသုံးပြုသည်။

[ရေခဲမြစ်ခံတပ် (ခရမ်းရောင် အဆင့်မြင့်)]- ဧရာမ ရေခဲတံတိုင်းကြီးတစ်ခုကို ချက်ချင်း ဖန်တီးပြီး စွမ်းအားကြီးမားသော အကာအကွယ်တစ်ခုကို ဖန်တီးနိုင်သည်။

[အခြေအနေ- တည်ငြိမ်သည်၊ ရှေးဟောင်း ရေခဲပြင်ကြီးတစ်ခုပမာ စိတ်ဆန္ဒရှိသည်၊ ကာကွယ်လိုသည့် ယုံကြည်ချက်နှင့် အစွန်းရောက်အအေးဓာတ် စွမ်းအားများက ပြီးပြည့်စုံစွာ ပေါင်းစပ်နေသည်။]

သူ၏အကြည့်များက လျှပ်စီးများ ခပ်ရေးရေးလင်းလက်နေပြီး တိုးညှင်းစွာ ဟိန်းဟောက်လိုက်သော ထျန်းပင်းထံသို့ ရောက်ရှိသွားခဲ့သည်။

“ကြွားလုံးထုတ်မနေနဲ့၊ မင်း လက်ယားနေတယ်ဆိုတာ ငါ သိတယ်” လင်းထျန်းလုံ၏ စိတ်က ထျန်းပင်း၏ စနစ်မျက်နှာပြင်ပေါ်သို့ ဝေ့ဝဲသွားခဲ့သည်။

[လက်အောက်ငယ်သား စနစ်မျက်နှာပြင်- ထျန်းပင်း]

[မျိုးနွယ်- နှင်းဝံပုလွေပြာ (လုပ်ကြံသတ်ဖြတ်သူ)]

[အဆင့်- ၃၃ (ပထမ ဘုရင်အဆင့် ကနဦး)]

[ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ်များ-]

[ထာ၀ရဗာဂျရာခန္ဓာ (ရွှေရောင် အဆင့်မြင့်)]- ရုပ်ပိုင်းဆိုင်ရာ ခံစစ် အလွန်အမင်းအားကောင်းပြီး ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခံနိုင်ရည် အလွန်မြင့်မားသည်။

လက္ခဏာရပ် ‘ပြောင်းပြန်အကြေးခွံ’- ခံစစ်ကို ကျိုးပေါက်စေနိုင်လောက်အောင် စွမ်းအားကြီးမားသော တိုက်ခိုက်မှုကို လက်ခံရရှိသည့်အခါ ‘ပြောင်းပြန်အကြေးခွံ’ အာနိသင်ကို အလိုအလျောက် အသက်သွင်းရန် အခွင့်အရေးရှိသည်။

အချိန်တိုအတွင်း မိမိ၏ခံစစ်ကို အလွန်အမင်းတိုးမြင့်စေကာ လက်ခံရရှိသော ထိခိုက်မှု၏တစ်စိတ်တစ်ပိုင်းကို သန့်စင်သော စွမ်းအင်လှိုင်းပုံစံဖြင့် တိုက်ခိုက်သူထံသို့ ပြန်လည်ထင်ဟပ်စေသည်။

[နှင်းမုန်တိုင်းတိုက်ပွဲဝိညာဉ် (ခရမ်းရောင် အဆင့်မြင့်)]- တိုက်ပွဲ ကြာမြင့်လေလေ ပိုမိုရဲရင့်လာလေလေဖြစ်သည်။ ဒဏ်ရာရရှိပြီးနောက် တိုက်ခိုက်မှု အမြန်နှုန်းနှင့် ခွန်အားများ တိုးမြင့်လာသည်။

လက္ခဏာရပ် ‘တိုက်ပွဲရူးသွပ်ခြင်း’- အသက်စွမ်းအင် ၁၀ ရာခိုင်နှုန်း ဆုံးရှုံးသွားတိုင်း မိမိ၏တိုက်ခိုက်ရေးစွမ်းအား၊ ခံစစ်နှင့် တိုက်ပွဲဝင်လိုစိတ်များ ၁၅ ရာခိုင်နှုန်း တိုးမြင့်လာသည်။

[မိုးကြိုးတိုက်ပွဲဝင်ခန္ဓာ (ရွှေရောင် အဆင့်မြင့်)]- ကောင်းကင်မိုးကြိုးများကို ဆွဲယူကာ ခန္ဓာကိုယ်ကို သန့်စင်စေပြီး စွမ်းရည်များနှင့် စွမ်းအင်ခံနိုင်ရည်များကို သိသိသာသာ တိုးတက်စေသည်၊ တိုက်ခိုက်မှုတိုင်းတွင် ထုံကျင်စေသော အာနိသင်များ ပါဝင်လာမည်။

[ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ်များ-]

[ရူးသွပ်အားလှိုင်း (ခရမ်းရောင် အလယ်အလတ်)]- ပြေးဝင်တိုက်ခိုက်မှုမှာ အလွန်တရာအားကောင်းပြီး ချပ်ဝတ်ဖောက်ထွင်းခြင်း အာနိသင် ပါဝင်သည်။

[ပြင်းထန်ရေခဲဝါးမြိုခြင်း (ခရမ်းရောင် အဆင့်မြင့်)]- ကိုက်ခဲတိုက်ခိုက်မှုများတွင် စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှု ပါဝင်ပြီး ရန်သူများကို အချိန်တိုအတွင်း ကြောက်ရွံ့သွားစေရန် အခွင့်အရေးအချို့ရှိသည်။

[မိုးကြိုးအလင်းလက်သီး (ရွှေရောင် အဆင့်မြင့်)]- မိုးကြိုးစွမ်းအားများကို လက်သည်းထဲသို့ ဖိသိပ်ကာ ချက်ချင်းပေါက်ကွဲထွက်စေပြီး အဖျက်စွမ်းအားကြီးမားသော တိုက်ခိုက်မှုကို ဖြစ်ပေါ်စေသည်။

[လျှပ်စီးကွင်းဆက် (ခရမ်းရောင် အဆင့်မြင့်)]- ပစ်မှတ်အများအပြားကို တိုက်ခိုက်ရန် ကူးလူးခုန်ပျံနေသော လျှပ်စီးများကို ထုတ်လွှတ်နိုင်သည်။

[မိုးကြိုးအကျဉ်းထောင် (ရွှေရောင် အဆင့်မြင့်)]- နယ်ပယ်အတွင်းရှိ ရန်သူများကို အဆက်မပြတ် တိုက်ခိုက်ပြီး ထုံကျင်စေသော အာနိသင်ပါဝင်သည့် လျှပ်စီးနယ်ပယ်တစ်ခုကို ဆင့်ခေါ်နိုင်သည်။

[မိုးကြိုးခြေနင်းတိုက်ကွက် (ခရမ်းရောင် အဆင့်မြင့်)]- အပေါ်သို့ ခုန်တက်ပြီးနောက် မြေပြင်ကို အပြင်းအထန် နင်းချလိုက်ကာ စက်ဝိုင်းပုံစံ လျှပ်စီးတုန်ခါမှုလှိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။

[အခြေအနေ- တိုက်ပွဲဝင်လိုစိတ်များ ဆူပွက်နေသည်၊ လျှပ်စီးများ ခပ်ရေးရေးပေါ်ထွက်နေပြီး ခွန်အားနှင့် ကြမ်းကြုတ်မှု နှစ်မျိုးလုံး ပါဝင်ကာ တိုက်ပွဲကို ဆာလောင်နေသည်။]

သူ၏ အကြည့်များအောက်တွင် ယင်းဖုန်း၏ပုံရိပ်က ခပ်ရေးရေး ပေါ်ထွက်လာခဲ့သည်။

“မင်းရဲ့ စွမ်းရည်အသစ်တွေက ကင်းထောက်တာနဲ့ လုပ်ကြံသတ်ဖြတ်တာတွေအတွက် အရမ်းသင့်တော်တယ်၊ လင်းထျန်းလုံက သူ၏အခြေအနေကို စစ်ဆေးလိုက်သည်။

[လက်အောက်ငယ်သား စနစ်မျက်နှာပြင်- ယင်းဖုန်း]

[မျိုးနွယ်- နှင်းဝံပုလွေပြာ (အမဲလိုက်သမား)]

[အဆင့်- ၃၃ (ပထမ ဘုရင်အဆင့် ကနဦး)]

[ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ်များ-]

[အမှောင်ထုကြီးစိုးခြင်း (ရွှေရောင် အဆင့်မြင့်)]- အမှောင်ဓာတ်ကို ထိန်းချုပ်နိုင်ပြီး အရိပ်များအတွင်းတွင် ရေထဲမှ ငါးတစ်ကောင်ပမာ လွတ်လပ်စွာ သွားလာနိုင်ကာ အရိပ်အမျိုးအစား ကျွမ်းကျင်မှုများ၏ အာနိသင်ကို ကြီးမားစွာ မြှင့်တင်ပေးသည်။

[အရိပ်ဝိညာဉ် (ရွှေရောင် အဆင့်မြင့်)]- ‘အရိပ်ခန္ဓာ’၊ ‘အရိပ်ဝိညာဉ်’ နှင့် ‘အရိပ်ကပ်ဘေး’ ဟူသော လက္ခဏာရပ်သုံးခုကို ပိုင်ဆိုင်ထားပြီး သူ၏ ပုန်းကွယ်နိုင်စွမ်း၊ အသက်ရှင်သန်နိုင်စွမ်းနှင့် လှည့်စားတိုက်ခိုက်နိုင်စွမ်းတို့ကို ကြီးမားစွာ မြှင့်တင်ပေးသည်။

· ‘အရိပ်ခန္ဓာ’- ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိသော အခြေအနေသို့ အချိန်တိုအတွင်း ဝင်ရောက်နိုင်သည်။

· ‘အရိပ်ဝိညာဉ်’- အရိပ်စွမ်းအား ထိန်းချုပ်နိုင်စွမ်းကို ကြီးမားစွာ မြှင့်တင်ပေးသည်။

· ‘အရိပ်ကပ်ဘေး’- တိုက်ခိုက်မှုတိုင်းတွင် အရိပ်တိုက်စားခြင်း အာနိသင် ပါဝင်လာမည်။

[တစ္ဆေရေခဲအရိပ်ထွက်ပြေးခြင်း (ရွှေရောင် အလယ်အလတ်)]- အစွန်းရောက်အရိပ်နှင့် နှင်းနဂါးရေခဲစွမ်းအားတို့ကို ပေါင်းစပ်ထားသော အစွမ်းထက်သည့် လှုပ်ရှားမှုနှင့် ပုန်းကွယ်မှု ပင်ကိုစွမ်းရည်ဖြစ်သည်။

အရိပ်များနှင့် လေအေးစီးကြောင်းများအတွင်းတွင် လွတ်လပ်စွာ သွားလာနိုင်ပြီး အမြန်နှုန်းနှင့် သွက်လက်မှုတို့မှာ အရည်အသွေးပိုင်းဆိုင်ရာအရ ခုန်ပျံကျော်လွှားနိုင်ကာ အလွန်အမင်း အားကောင်းသော ပုန်းကွယ်နိုင်စွမ်းဖြင့် မည်သည့် အေးစက်သော ပတ်ဝန်းကျင်နှင့်မဆို ပြီးပြည့်စုံစွာ ပေါင်းစပ်သွားနိုင်သည်။

လက္ခဏာရပ် ‘ရေခဲခြေရာ’- သွားလာနေစဉ်အတွင်း ချန်ရစ်ခဲ့သော ခြေရာများ (အနံ့၊ စွမ်းအင် အကြွင်းအကျန် အစရှိသည်တို့ အပါအဝင်) တွင် အေးခဲခြင်း ရောင်ဝါလေးတစ်ခု သဘာဝအတိုင်း ပါဝင်နေသည်။

ခြေရာခံနည်းလမ်း အများစုကို ထိရောက်စွာ နှောင့်ယှက်ကာ ဦးနှောက် ထုံကျင်သွားစေနိုင်ပြီး လိုအပ်သည့်အခါတွင် အသေးစား ရေခဲပေါက်ကွဲမှုနှင့် နယ်ပယ်နှောင့်ယှက်မှုတို့ကို ဖြစ်ပေါ်စေရန် ဖောက်ပစ်ခွဲနိုင်သည်။

[ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ်များ-]

[အရိပ်တိုက်စားခြင်း ရွှေရောင် အဆင့်မြင့်)]- တိုက်ခိုက်မှုတိုင်းတွင် အမှောင်ထုတိုက်စားခြင်းအစွမ်းများ ပါဝင်ပြီး ပစ်မှတ်၏ ခံစစ်နှင့် အခြေအနေကို အဆက်မပြတ် အားနည်းသွားစေသည်။

[အရိပ်ကူးပြောင်းခြင်း (ရွှေရောင် အဆင့်မြင့်)]- အရိပ်များနှင့် ဗလာဟင်းလင်းပြင်၏ အက်ကွဲကြောင်းများကြားတွင် လွတ်လပ်စွာသွားလာနိုင်သည်။ လှုပ်ရှားမှု လမ်းကြောင်းများကို ဖမ်းဆုပ်ရန်ခက်ခဲပြီး ကူးသန်းသွားလာနေစဉ်အတွင်း ရုပ်ပိုင်းဆိုင်ရာနှင့် စွမ်းအင်တိုက်ခိုက်မှု အများစုကို ခုခံကာကွယ်နိုင်သည်။

[အရိပ်ဖန်တီးခြင်း (ခရမ်းရောင် အဆင့်မြင့်)]- ရန်သူများကို လှည့်စားရန်အတွက် ခေတ္တမျှ ပုံရိပ်ယောင်များ သို့မဟုတ် ထောင်ချောက်များကို ဖန်တီးရန် အရိပ်များကို အသုံးပြုနိုင်သည်။

[အခြေအနေ- အရိပ်များအတွင်းသို့ လုံးဝ ပေါင်းစပ်သွားပြီး တည်ရှိမှုမှာ ဖျော့တော့နေကာ အချိန်မရွေး သေစေနိုင်သော တိုက်ခိုက်မှုတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည့်အလား ဖြစ်နေသည်။]

နောက်ဆုံးကတော့ စစ်ထွက်သွားပြီဖြစ်သော သွေးမိစ္ဆာ၏ မျက်နှာပြင်ဖြစ်သည်။

[လက်အောက်ငယ်သား စနစ်မျက်နှာပြင်- သွေးမိစ္ဆာ]

[မျိုးနွယ်- နှင်းဝံပုလွေပြာ (လုပ်ကြံသတ်ဖြတ်သူ/စတုတ္ထမြောက် စစ်သူကြီး)]

[အဆင့်- ၂၉ (မိစ္ဆာဘုရင်အတန်းအစား)]

[ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ်များ-]

[ကောင်းကင်သတ်ဖြတ်ခြင်းစစ်သူရဲသွေး (ရွှေ · ကမ္ဘာကျော်)]- မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ အရင်းအမြစ် တစ်စိတ်တစ်ပိုင်းကို ဝါးမြိုပြီးနောက် ‘သွေးမိစ္ဆာတိုက်ပွဲဝင်ခန္ဓာ’ မှ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်သည်။ ဒဏ်ရာပိုမိုပြင်းထန်လေလေ ရန်လိုမှု၊ အမြန်နှုန်းနှင့် သက်စောင့်စွမ်းအင် ပြန်လည်ပြည့်ဖြိုးမှုနှုန်းတို့ ပိုမိုအားကောင်းလေလေဖြစ်သည်။

· လက္ခဏာရပ် သွေးသတ်ဖြတ်ခြင်း- သွေးမိစ္ဆာ အရောင်အဝါများမှ မွေးဖွားလာပြီး ဒဏ်ရာများကို ကုသရန်နှင့် စွမ်းအင်များကို အလွန်လျင်မြန်စွာ ပြန်လည်ဖြည့်တင်းရန်အတွက် ဝိညာဉ်ရေးရာ စွမ်းအင်များအစား စစ်တလင်းပေါ်ရှိ သေမင်းတမန် အရောင်အဝါများကို စုပ်ယူနိုင်သည်။

· လက္ခဏာရပ် တိုက်ပွဲဝင်လိုစိတ်- ကောင်းကင်သတ်ဖြတ်ခြင်း ဝိညာဉ်၊ တိုက်ပွဲပိုမိုကြာမြင့်လေလေ ပိုမိုရူးသွပ်လာလေလေဖြစ်သည်။

စိတ်ပိုင်းဆိုင်ရာ စွမ်းအားများနှင့် တိုက်ပွဲဝင်လိုစိတ်ကို ၈၀ ရာခိုင်နှုန်း အလိုအလျောက် တိုးမြင့်စေသည်။ ရန်သူများအပေါ် တိုက်ခိုက်မှုတိုင်းတွင် ‘စစ်သွေးတိုက်စားခြင်း’ အာနိသင် ပါဝင်ပြီး ရန်သူ၏ ပြန်လည်ကုသနိုင်စွမ်း စွမ်းရည်များနှင့် စိတ်ဓာတ်ကို သိသိသာသာ လျော့ကျစေသည်။

· လက္ခဏာရပ် သေဆုံးခြင်းမရှိ- ဤပင်ကိုစွမ်းရည်ရှိသော သားရဲများသည် ဒဏ်ရာများကို အလျင်အမြန် ပြုပြင်ရန် သေမင်းတမန် ရောင်ဝါများကို ထုတ်လွှတ်နိုင်သည်။

သေမင်းတမန် ရောင်ဝါများ ရှိနေသရွေ့ တိုက်ပွဲက ဘယ်သောအခါမှ ပြီးဆုံးမည်မဟုတ်ပေ။ အလိုအလျောက် အာနိသင်- အသက်စွမ်းအင်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု ၈၀ ရာခိုင်နှုန်း တိုးမြင့်လာသည်။

All Chapters