အခန်း (၂၄၃-၂၄၄)
Vol. 25 Ch. 243-244
အခန်း (၂၄၃) - နယ်မြေချဲ့ထွင်ခြင်းနှင့် အသိုက်တည်ဆောက်ခြင်း (၃)
[ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ်များ-]
[သွေးဆာရူးသွပ်မှု (ရွှေရောင် အဆင့်မြင့်)]- ပြေးဝင်တိုက်ခိုက်မှု အမြန်နှုန်းကို သိသိသာသာ တိုးမြင့်စေသည်၊ ပထမဆုံး တိုက်ခိုက်မှု၏စွမ်းအားမှာ ကြီးမားစွာ တိုးမြင့်လာသည်။
[သွေးဆုတ်ဖြဲလက်သည်း (ရွှေရောင် အဆင့်မြင့်)]- အရင်းအမြစ် စွမ်းအင်များကို စုပ်ယူပြီးနောက် မူလကျွမ်းကျင်မှုဖြစ်သော ‘သွေးလက်သည်း’ မှ အဆင့်တက်လာခြင်းဖြစ်သည်။
လက်သည်းတိုက်ခိုက်မှုတိုင်းတွင် အလွန်အမင်း စုစည်းနေသော သွေးစွမ်းအားများ ပါဝင်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဆုတ်ဖြဲဒဏ်ရာများနှင့် အဆက်မပြတ် သွေးလောင်ကျွမ်းခြင်း အာနိသင်များကို ဖြစ်ပေါ်စေသည်။
[သေမင်းတမန် ရောင်ဝါ ပေါက်ကွဲမှု (ခရမ်းရောင် အဆင့်မြင့်)] - မူလကျွမ်းကျင်မှုဖြစ်သော ‘သွေးဆာလိုက်လံသတ်ဖြတ်မှု’ မှ အဆင့်တက်လာခြင်းဖြစ်သည်။
ပတ်ဝန်းကျင်ရှိ သေမင်းတမန် ရောင်ဝါများကို ချက်ချင်း ဖောက်ခွဲလိုက်ပြီး အနီးအနားရှိ ရန်သူများကို ထိခိုက်မှုများ ဖြစ်ပေါ်စေကာ အချိန်တိုအတွင်း အမြန်နှုန်းနှင့် တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ တိုးမြင့်လာသည်။
[သွေးသတ်ဖြတ်ခြင်း နယ်ပယ် (ရွှေရောင် အဆင့်မြင့်)]- နယ်ပယ်တစ်ခုကို ဖြန့်ကြက်မည်၊ နယ်ပယ်အတွင်း မိမိ၏ ဒဏ်ရာပြန်လည်ကောင်းမွန်မှု အမြန်နှုန်းမှာ သိသိသာသာတိုးမြင့်လာပြီး ရန်သူများကို အဆက်မပြတ် သွေးနှင့် စွမ်းအင်တိုက်စားမှုများ ဖြစ်ပေါ်စေသည်။
[ဆူပွက်သွေးရူးသွပ်မှု (ခရမ်းရောင် အဆင့်မြင့်)]- တိုက်ခိုက်မှုအမြန်နှုန်းကို အချိန်တိုအတွင်း သိသိသာသာ တိုးမြင့်စေသော်လည်း သွေးနှင့် စွမ်းအင်ကို အဆက်မပြတ် ကုန်ဆုံးစေသည့် အသက်သွင်းရသော ကျွမ်းကျင်မှုတစ်ခု ဖြစ်သည်။
[ရူးသွပ်စစ်ဟိန်းသံ (ခရမ်းရောင် အဆင့်မြင့်)]- ရူးသွပ်သော တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်နေသည့် ဟိန်းဟောက်သံကို ထုတ်လွှတ်ပြီး ရန်သူများ၏စိတ်ကို ခြိမ်းခြောက်ကာ မိမိကိုယ်ကိုယ်နှင့် အနီးအနားရှိ မဟာမိတ်များ၏ တိုက်ခိုက်ရေးစွမ်းအားကို အနည်းငယ်တိုးမြင့်စေသည်။
[အခြေအနေ- ကြမ်းကြုတ်သော ရောင်ဝါများကို ထိန်းချုပ်ထားသည်၊ တိုက်ပွဲဝင်လိုစိတ်များ မြင့်မားနေပြီး ‘သွေးအစွယ်တော် အစောင့်အရှောက်’ နှင့်အတူ စစ်တိုက်ရန် ထွက်ခွာသွားပြီဖြစ်သည်။]
အဓိက စစ်သူကြီးလေးဦးကို ပြန်လည်သုံးသပ်ပြီးနောက် လင်းထျန်းလုံ၏အကြည့်များက မျိုးဗီဇအသွင်ပြောင်းလဲသွားသော အဆင့်မြင့် တပ်ဖွဲ့များအပေါ်သို့ ဆက်လက်ဝေ့ဝဲသွားခဲ့သည်။
မဟာနှင်းအစောင့်အရှောက် x၆ (အဆင့် ၂၅) - သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ‘မဟာနှင်းအကာအကွယ်’ မှာ နှစ်သောင်းချီ သက်တမ်းရှိသော ရေခဲပြင်များကဲ့သို့ ထူထဲနေသည်။
အသစ်ထပ်မံပေါင်းထည့်ထားသော ‘ရေခဲပေါက်ကွဲမှု တုံ့ပြန်ခြင်း’ လက္ခဏာရပ်က သူတို့ကို အဆူးတွေဖုံးလွှမ်းနေသော ခံတပ်ကြီးတစ်ခုပမာ ဖြစ်စေပြီး အသစ်သင်ယူတတ်မြောက်ထားသော ‘ရေခဲဥက္ကာပျံ ကြွေကျခြင်း’ က အားကောင်းသော ဧရိယာထိန်းချုပ်မှုနှင့် သတ်ဖြတ်နိုင်စွမ်းကို ပေးစွမ်းသည်။
ရေပြာကြေးခွံအစောင့်အရှောက် x၄ (အဆင့် ၂၅)- ‘နက်နဲရေခဲချပ်ဝတ်’ က သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး အံ့မခန်း ခိုင်ခံ့သော ရုပ်ပိုင်းဆိုင်ရာခံစစ်ကို ပေးစွမ်းသည်။
‘အကြေးခွံချပ်ဝတ်’ နှင့် ‘ခံတပ်ဒိုင်းကာ ရောင်ဝါ’ တို့က သူတို့ကို ထိုးစစ်နှင့် ခံစစ် ပေါင်းစပ်ထားသူများအဖြစ် ဖြစ်လာစေပြီး တိုက်ပွဲလမ်းကြောင်းပေါ်ရှိ ခိုင်ခံ့သော အကာအကွယ်များ ဖြစ်လာစေသည်။
နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက် x၉ (အဆင့် ၂၅)- သူတို့၏ တည်ရှိမှုမှာ လုံး၀ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ပြီဖြစ်သည်။
အသစ်နိုးထလာသော ‘နိဗ္ဗာန်အေးခဲ တိုက်ခိုက်ခြင်း’ ပင်ကိုစွမ်းရည်က ပထမဆုံး တိုက်ကွက်၏ စွမ်းအားကို နှစ်ဆတိုးစေသည်။
‘အရိပ်ကိုယ်ပွား’၊ ‘အသံတိတ် ထိုးသွင်းခြင်း’ တို့နှင့် ပေါင်းစပ်လိုက်သောအခါ သူတို့သည် အစစ်အမှန် အသက်ရိတ်သိမ်းသူများ ဖြစ်လာကြသည်။
ရေပြာကြေးခွံအစောင့်အရှောက် x၅ (အဆင့် ၂၃)- ရန့်မြဲ့၏ ကွပ်ကဲမှုအောက်တွင် ‘မိုးပြာဝံပုလွေတိုက်ပွဲဝိညာဉ်’ က သူတို့ကို အချိန်ကြာမြင့်စွာ ခံနိုင်ရည်ရှိစေပြီး ‘မိုးပြာဝံပုလွေ အဆက်မပြတ်ခုတ်ပိုင်းခြင်း’ က တရက်ဆက်ထိုးစစ်ဆင်နိုင်စွမ်းကို ပေးစွမ်းသည်။
သူတို့သည် အစောင့်အရှောက်စနစ်အတွင်း တပ်ဖွဲ့အသစ်တစ်ခု ဖြစ်လာခဲ့သည်။
ထို့နောက် လင်းထျန်းလုံသည် ဝံပုလွေအုပ်စု အခြေခံတပ်ဖွဲ့များ၏ အချက်အလက်ပြ မျက်နှာပြင်များကို စစ်ဆေးလိုက်သည်။
[အစောင့်အရှောက် (ဒုတိယမျိုးဆက်)]
[အဆင့်- အဆင့် ၂၃ (ပါရမီရှင်အဆင့်)]
[ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ်များ-
[နှင်းခဲချပ်ဝတ် (အဖြူရောင်)]- ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် နှင်းခဲများစုစည်းသွားပြီး ရုပ်ပိုင်းဆိုင်ရာ ခံစစ်ကို သိသိသာသာ တိုးတက်စေသည်။]
[အခြေအနေ- ခံစစ်မှာ ကျောက်သားပမာ ခိုင်မာနေပြီး နှင်းခဲရောင်ဝါများက အပြန်အလှန် ချိတ်ဆက်နေသည်။]
[လုပ်ကြံသတ်ဖြတ်သူ (ဒုတိယမျိုးဆက်)]
[အဆင့်- အဆင့် ၂၃ (ပါရမီရှင်အဆင့်)]
[ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ်များ-
[ရူးသွပ်စွာ ပြေးဝင်တိုက်ခိုက်ခြင်း (အဖြူရောင်)]- အချိန်တိုအတွင်း တိုက်ခိုက်မှု အမြန်နှုန်းနှင့် ခွန်အားကို တိုးမြင့်စေသည်။]
[အခြေအနေ- လက်သည်းများနှင့် အစွယ်များမှာ အေးစက်သော အလင်းရောင်များကြောင့် တလက်လက် ဖြစ်နေပြီး ပြေးဝင်တိုက်ခိုက်ချိန်တွင် ငွေရောင် ရေစီးကြောင်းတစ်ခုပမာ ဖြစ်နေပေမည်။]
[ကင်းလှည့်အမဲလိုက်တပ်ရင်း (ဒုတိယမျိုးဆက်)]
[အဆင့်- အဆင့် ၂၃ (ပါရမီရှင်အဆင့်)]
[ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ်များ-
[အရိပ်ပုန်းကွယ်ခြင်း (အဖြူရောင်)]- လျှို့ဝှက် အာနိသင်များနှင့် ပုန်းကွယ်နိုင်စွမ်းကို အနည်းငယ် တိုးတက်စေသည်။]
[အခြေအနေ- လှုပ်ရှားမှုတိုင်းက အသံတိတ်နေပြီး ပတ်ဝန်းကျင်ရှိ အရိပ်များနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နေသည်။]
(ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ်များအားလုံးကို ‘နှင်းဝံပုလွေလက်သည်း (အဖြူရောင်)’ အဖြစ် ပေါင်းစည်းထားသည်)
ဝံပုလွေအသိုက်တစ်ခုလုံး၏ အဓိက တိုက်ခိုက်ရေးစွမ်းအားများ တိုးတက်ပြောင်းလဲသွားခြင်းက လင်းထျန်းလုံကို ပိုမို ယုံကြည်မှုရှိလာစေသည်။
သူသည် အနောက်မြောက်ဘက်ဆီသို့ မော့ကြည့်လိုက်ရာ ‘အဆင့်မြင့် စိတ်အာရုံဆက်သွယ်ခြင်း’ က ဓားအိမ်မှ ဆွဲထုတ်လိုက်သော သွေးစွန်းနေသည့် ဓားသွားတစ်လက်ပမာ ထက်မြက်နေသည့် သွေးမိစ္ဆာနှင့် သူ့တပ်ဖွဲ့များ၏ တိုက်ပွဲဝင်လိုစိတ်များကို ခပ်ရေးရေး ဖမ်းယူရရှိခဲ့သည်။
“ငါတို့ရဲ့ အိမ်လေးအတွက် အခြေခံအုတ်မြစ်အသစ်တစ်ခု ချရမယ့် အချိန်ရောက်ပြီ” လင်းထျန်းလုံ၏ ရည်မှန်းချက်က အသိုက်ကို ကာကွယ်ရုံသာမက နယ်မြေချဲ့ထွင်ရေးအထိပါ ရောက်ရှိနေပြီဖြစ်သည်။
လင်းထျန်းလုံသည် မိခင်သစ်ပင်ထံသို့ လျှောက်သွားပြီး သူ၏ ငွေဖြူရောင်လက်သည်းကို ပင်စည်ပေါ်သို့ ဖိတင်လိုက်သည်။
“ချဲ့ထွင်ဖို့အတွက် ရေခဲပင်မသလင်းကျောက်တွေ ပိုလိုတယ်၊ ဝံပုလွေအသိုက်မှာရှိတဲ့ ပမာဏက မလုံလောက်တော့ဘူး၊ ပိုရှာဖို့အတွက် လူလွှတ်ရမယ်”
သူသည် အနည်းငယ် စိတ်ပြောင်းသွားပြီး ရန့်မြဲ့၏ လမ်းညွှန်မှုအောက်တွင် ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်နေကြသော ရေပြာကြေးခွံအစောင့်အရှောက်များအပေါ်သို့ အကြည့်များ ဝေ့ဝဲသွားခဲ့သည်။
“ရန့်မြဲ့၊ မင်းရဲ့လူတွေကို အစစ်အမှန် တိုက်ပွဲကြုံတွေ့ဖို့ အခွင့်အရေးတစ်ခု ပေးလိုက်ပါ”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး” ရန့်မြဲ့က တည်ငြိမ်စွာ တုံ့ပြန်လိုက်ပြီး ရေပြာကြေးခွံအစောင့်အရှောက်များထံသို့ အမိန့်များကို ချက်ချင်း ထုတ်ပြန်လိုက်သည်။
သုံးရက်အကြာတွင် ဤအသစ်ဖွဲ့စည်းထားသော အဆင့်မြင့်တပ်ဖွဲ့က သတင်းများ ပို့ဆောင်လာခဲ့သည်။
ဝံပုလွေအသိုက်၏ အရှေ့မြောက်ဘက် မိုင်နှစ်ဆယ်ခန့်အကွာရှိ ရေခဲအက်ကွဲကြောင်း ချိုင့်ဝှမ်း၏ အစွန်းတွင် ရေခဲပင်မသလင်းကျောက် သတ္တုကြောငယ်တစ်ခု ထွက်ပေါ်နေသည်ကို တွေ့ရှိခဲ့ရသည်။
ပမာဏ နည်းပါးသော်လည်း အရည်အသွေးမှာ သန့်စင်သည်။
တစ်ခုတည်းသော ပြဿနာမှာ သတ္တုကြောကို နှင်းခဲလည်ဆံမွေးတောဝက်အုပ်စုတစ်စုက သိမ်းပိုက်ထားခြင်းဖြစ်ပြီး အရေအတွက်အားဖြင့် ဆယ့်ငါးကောင်ခန့်ရှိကာ အသန်မာဆုံး ခေါင်းဆောင်မှာ အဆင့် ၂၁ တွင် ရှိသည်။
တိုက်ပွဲမှာ အံ့အားသင့်စရာ မရှိခဲ့ပေ။ ‘မိုးပြာဝံပုလွေတိုက်ပွဲဝိညာဉ်’ မှ ပံ့ပိုးပေးထားသော ရေပြာကြေးခွံအစောင့်အရှောက် ငါးဦးသည် တိုက်ပွဲအတွင်း အချိန်ကြာမြင့်စွာ ခံနိုင်ရည်ရှိပြီး ခွန်အားနှင့် အမြန်နှုန်း မျှတမှုရှိကြသည်။
သူတို့သည် ချောမွေ့သော အမြန်နှုန်းဖြင့် ‘မိုးပြာဝံပုလွေ အဆက်မပြတ်ခုတ်ပိုင်းခြင်း’ စွမ်းရည်၏ အဆက်မပြတ်တိုက်ခိုက်မှုများကို အသုံးပြုခဲ့ကြရာ တိုက်ခိုက်မှုတိုင်းက ပိုမိုအားကောင်းလာနေပြီး လှိုင်းလုံးများပမာ တောဝက်များ၏ အကာအကွယါကို လုံးဝ ဖျက်ဆီးပစ်လိုက်ကြသည်။
တောဝက်ခေါင်းဆောင်၏ သေခါနီး ပြေးဝင်တိုက်ခိုက်မှုကိုလည်း သူတို့၏ တိုးတက်လာသော ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများဖြင့် အလွယ်တကူ ချေဖျက်နိုင်ခဲ့သည်။
သတ္တုများကို ထုပ်ပိုးပြီး ဝံပုလွေအသိုက်သို့ ပြန်လည်သယ်ဆောင်လာခဲ့ပြီဖြစ်သည်။
ရေပြာကြေးခွံအစောင့်အရှောက်များက ပထမဆုံး ရေခဲပင်မသလင်းကျောက် အသုတ်နှင့်အတူ ပြန်လာချိန်တွင် လင်းထျန်းလုံသည် ‘အဆင့်မြင့် စိတ်အာရုံဆက်သွယ်ခြင်း’ မှတစ်ဆင့် အနောက်မြောက်ဘက်မှ သွေးမိစ္ဆာနှင့် သူ့တပ်ဖွဲ့များ၏ ပြင်းထန်သော စိတ်ခံစားမှုလှိုင်းများကို တစ်ပြိုင်နက်တည်း ဖမ်းယူရရှိခဲ့သည်။
၎င်းမှာ ထက်မြက်သော သတ်ဖြတ်လိုစိတ်၊ ပြိုင်ဘက်ကို ချေမှုန်းရသည့် သာယာမှုနှင့် တိုက်ပွဲဆာလောင်မှုတို့ ရောယှက်နေသော သန့်စင်သည့် တိုက်ပွဲဝင်လိုစိတ်တစ်ခုဖြစ်သည်။
၎င်းအတွင်းတွင် ရှင်းလင်းသော သတင်းစကားတစ်ခု ပါဝင်နေသည်။
ရှင်းလင်းရေးမစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီဖြစ်သည်။
ဝိညာဉ်နက်တောင်ကြော၏ အစွန်းတွင်ရှိသော စစ်မြေပြင်တွင်။
သွေးမိစ္ဆာက မီးကျွမ်းနေသော ဧရာမ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ရပ်နေပြီး သူ၏ အနီနှင့် အဖြူရောင်စပ်နေသော အမွေးအမျှင်များက လေထဲတွင် အနည်းငယ်လှုပ်ခတ်နေကာ သူ့ပတ်လည်တွင် လည်ပတ်နေသော သွေးစွမ်းအင် ရောင်ဝါများက ဖြည်းညင်းစွာ ပြန်လည်ဝင်ရောက်သွားခဲ့သည်။
အောက်ဘက်တွင် ‘သွေးအစွယ်တော် အစောင့်အရှောက်’ ဆယ်ဦးက လေးနက်စွာ ရပ်နေကြသည်။
သူတို့၏ အမွေးအမျှင်များအောက်တွင် အနီရောင်ရင့်ရင့် ပုံစံများက ခပ်ရေးရေးလင်းလက်နေပြီး သူတို့၏မျက်လုံးများမှာ ကြမ်းကြုတ်နေသော်လည်း ဖရိုဖရဲ ဟိန်းဟောက်ခြင်းမျိုး တစ်ချက်မျှမရှိဘဲ တင်းကြပ်သော စည်းကမ်းများအတိုင်း ရပ်တန့်နေကြသည်။
ပိုမိုဝေးကွာသော နေရာတွင်…..
စစ်ချီရာတွင် လိုက်ပါလာခဲ့သော လုပ်ကြံသတ်ဖြတ်သူ တပ်စုနှင့် နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက် နှစ်ဦးတို့က စစ်မြေပြင် ရှင်းလင်းရေးများကို လုပ်ဆောင်နေကြသည်။
“ဘုရင်ကြီး၊ ဝိညာဉ်နက်တောင်ကြောရဲ့ အရှေ့တောင်ဘက် တောင်ခြေကို ရှင်းလင်းပြီးပါပြီ”
သွေးမိစ္ဆာ၏ အတွေးက အေးစက်ပြီး ရှင်းလင်းနေသည်။
“အကြွင်းအကျန် မိစ္ဆာသားရဲကောင် စုစုပေါင်း ခုနစ်ဆယ့်သုံးကောင်ကို တွေ့ရှိခဲ့ပါတယ်၊ ငါးဆယ့်ကိုးကောင်က ခုခံတဲ့အတွက် အားလုံးကို ရှင်းလင်းပစ်ခဲ့ပါတယ်၊ ကျန်တဲ့ ‘အရိပ်လက်သည်းကျားသစ်’ နဲ့ ‘ကျောက်သားအကြေးခွံ အိမ်မြှောင်’ ဆယ့်လေးကောင်ကတော့ အရှုံးပေးဖို့ ရွေးချယ်ခဲ့ကြပါတယ်၊ သူတို့ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ လမ်းညွှန်ပေးပါ ဘုရင်ကြီး”
သူ၏ အစီရင်ခံမှုမှာ တိုတောင်းပြီး ထိရောက်ကာ စစ်ရေးစွမ်းဆောင်မှုများအတွက် ဝါကြွားခြင်းမရှိဘဲ သံမဏိနှင့် သွေးများ၏ ရလဒ်များကိုသာ ပြသနေသည်။
အခန်း (၂၄၄) - ထူးဆန်းသော ဝိညာဉ်ခန္ဓာဆီသို့ နောက်တစ်ကြိမ်သွားရောက်ခြင်း၊ လူသားများ၏ အကြံအစည် (၁)
“အရှုံးပေးတာကို လက်ခံလိုက်၊ ပြီးတော့ ရန့်မြဲ့က ထိန်းချုပ်ပြီး ပြန်လည်ဖွဲ့စည်းနိုင်ဖို့ သူတို့ကို ဝံပုလွေအသိုက်ဆီကို ခေါ်လာခဲ့” လင်းထျန်းလုံ၏ အတွေးက ချက်ချင်းရောက်ရှိလာခဲ့သည်။
“ဟုတ်ကဲ့ပါ”
သွေးမိစ္ဆာက လှည့်လိုက်ပြီး မြေပြင်ပေါ်တွင် ဝပ်တွားကာ တုန်ယင်နေကြသော မိစ္ဆာသားရဲကောင်များအပေါ် သူ၏ ကြမ်းကြုတ်သော မျက်လုံးများဖြင့် ဝေ့ဝဲကြည့်လိုက်သည်။
“လိုက်ခဲ့၊ နောက်ကကျန်ခဲ့တဲ့သူ သေရမယ်”
‘သွေးအစွယ်တော် အစောင့်အရှောက်’ များက သူတို့၏နေရာယူမှုကို တိတ်တဆိတ် ပြောင်းလဲလိုက်ပြီး သုံ့ပန်းအသစ်များကို ဝိုင်းရံကာ သိုးအုပ်တစ်အုပ်ကျောင်းနေသည့်ပမာ ဝံပုလွေအသိုက်ဆီသို့ မောင်းနှင်သွားကြသည်။
သစ်ပင်အိမ်လေးအတွင်းတွင် ရှောင်လန်နှင့် ရှောင်ယင်းတို့ကလည်း အနောက်မြောက်ဘက်ရှိ တိုက်ပွဲ ငြိမ်သက်သွားသည်ကို ခံစားမိခဲ့ကြသည်။
“သွေးမိစ္ဆာ ပြန်လာပြီ” ရှောင်လန်က ပြောလိုက်သည်။
“အရမ်းမြန်တာပဲ” ရှောင်ယင်းက ထပ်လောင်းပြောလိုက်သည်။
“ဒီ ‘သွေးအစွယ်တော် အစောင့်အရှောက်’ တွေက သူတို့ရဲ့ ပထမဆုံးတိုက်ပွဲမှာ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပုံရတယ်၊ သူတို့ရဲ့ သေမင်းတမန် ရောင်ဝါတွေကို ထိန်းချုပ်ထားနိုင်ပြီ၊ သူတို့က သတ်ဖို့ပဲသိတဲ့ သားရဲတွေ မဟုတ်တော့ဘူး”
“အင်း၊ သွေးမိစ္ဆာက လွှမ်းမိုးနိုင်စွမ်းကို စတင်ပြသလာပြီ၊ ဝံပုလွေဖေဖေရဲ့ ကွပ်ကဲမှုအောက်မှာ ညွှန်ပြတဲ့နေရာတိုင်းကို ရှင်းလင်းနိုင်တဲ့ ထက်ရှတဲ့ ဓားသွားနောက်တစ်လက် ရှိလာပြီပဲ”
ဝံပုလွေအသိုက်အတွင်းတွင် လင်းထျန်းလုံသည် သူ၏အကြည့်များကို အနောက်မြောက်ဘက်မှ ရုပ်သိမ်းလိုက်သည်။
သွေးမိစ္ဆာ၏အောင်ပွဲမှာ သူ မျှော်လင့်ထားသည့်အတိုင်းပင်။
သူက ရေပြာကြေးခွံအစောင့်အရှောက်များ ပြန်လည်သယ်ဆောင်လာသော အကန့်အသတ်ရှိသည့် အရည်အသွေးမြင့် ရေခဲပင်မသလင်းကျောက်များကို ကြည့်လိုက်ရာ သူ၏နှလုံးသားထဲတွင် ဆုံးဖြတ်ချက်တစ်ခု ပုံပေါ်လာခဲ့သည်။
အပြင်ဘက်တွင် ပြန့်ကျဲနေသော သတ္တုကြောငယ်လေးများက သူ ရည်ရွယ်ထားသော ခမ်းနားသည့် ပုံစံကြမ်းကြီးကို ထောက်ပံ့ပေးရန် လုံလောက်မည်မဟုတ်ပေ။
“အဲဒီ နေရာဟောင်းဆီကို ပြန်သွားပြီး ‘ကုန်ပစ္စည်းတွေ ပြန်ဖြည့်ရဦးမယ်ထင်တယ်”
အရင်းအမြစ်များ အဆုံးအစမဲ့လုနီးပါး ရှိနေသော ဝိညာဉ်နယ်မြေ၊ သူနှင့် ဆက်နွယ်မှုရှိသော ရှေးဟောင်းအစောင့်အရှောက်ကို သူ သတိရသွားခဲ့သည်။
စိတ်အနည်းငယ် ပြောင်းလဲသွားပြီးနောက် သူသည် ‘အဆင့်မြင့် စိတ်အာရုံဆက်သွယ်ခြင်း’ မှတစ်ဆင့် ဝံပုလွေအုပ်ကြီးထံသို့ ရန့်မြဲ့က ယာယီ ကွပ်ကဲမည်ဖြစ်ကြောင်းနှင့် ခံစစ်များကို ဆက်လက်ခိုင်မာအောင် လုပ်ဆောင်ကာ စွမ်းအားများကို စုပ်ယူထားရန် အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။
ထို့နောက် ယခင် ဝိညာဉ်နယ်မြေဝင်ပေါက်ဆီသို့ ဦးတည်သွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် လေနှင့် နှင်းများ ဘယ်သောအခါမှ မရပ်တန့်သော သူရင်းနှီးနေသည့် ဝိညာဉ်နယ်မြေအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
ထိုးဖောက်ဝင်ရောက်လာသော အအေးဓာတ်နှင့် အပြင်ကမ္ဘာထက် များစွာ ပိုမိုထူထပ်သော ဝိညာဉ်ရေးရာစွမ်းအင်များက သူ့ထံသို့ ပြေးဝင်လာခဲ့သည်။
မည်သည့် နှောင့်နှေးမှုမျှမရှိဘဲ သူ၏မှတ်ဉာဏ်နှင့် အာရုံများကို အားကိုး၍ ဧရာမ ရေခဲပင်မသလင်းကျောက် သတ္တုကြောကြီး ပုန်းကွယ်နေသော ရေခဲချိုင့်ဝှမ်းဆီသို့ တည့်တည့်မတ်မတ် သွားရောက်ခဲ့သည်။
ထိုမြင့်မားသော ရေခဲတောင်ကြောကို ဖြတ်ကျော်သွားသောအခါ နီလာတစ်လုံးပမာ နက်ရှိုင်းသော ဧရာမသတ္တုကြောကြီးမှာ နောက်တစ်ကြိမ် မြင်ကွင်းထဲသို့ ရောက်ရှိလာပြီး သန့်စင်သော ရေခဲစွမ်းအင်အရင်းအမြစ်များ ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။
သူ ရောက်ရှိလာသည့် အခိုက်အတန့်မှာပင် သတ္တုကြော၏ ဗဟိုချက်တွင် သန့်စင်သော လေအေးများနှင့် တစ္ဆေပြာရောင် အလင်းတန်းများ ဖွဲ့စည်းထားပုံရသည့် မှုန်ဝါးဝါးဝိညာဉ်ခန္ဓာကိုယ်တစ်ခုက အိပ်စက်ခြင်းမှ နိုးထလာသည့်အလား ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့သည်။
သူ၏မျက်လုံးထဲရှိ မီးတောက်များပမာ မျက်လုံးနှစ်လုံးက လင်းထျန်းလုံထံသို့ နောက်တစ်ကြိမ် ကြည့်ရှုလာခဲ့သည်။
“...မင်း... နောက်တစ်ကြိမ်... ရောက်လာပြန်ပြီပဲ...” အေးစက်သော အတွေးက လင်းထျန်းလုံ၏ စိတ်ကို တိုက်ရိုက် သက်ရောက်လာခဲ့သော်လည်း သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က သတိပေးချက်၊ သတ်ဖြတ်လိုစိတ်များနှင့် မတူဘဲ ဤတစ်ကြိမ်တွင် ပိုမိုတည်ငြိမ်နေခဲ့သည်။
“ငါ ရေခဲပင်မသလင်းကျောက်တွေ ပိုလိုတယ်”
လင်းထျန်းလုံက လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ ‘မိုးပြာနက်နဲရေခဲ ဝံပုလွေသွေးမျိုးဆက်’ ကို တမင်တကာ လှည့်ပတ်လိုက်ကာ ရွှေအိုရောင် အလင်းများနှင့် ရှေးဟောင်းဆန်သော ကြီးကျယ်ခမ်းနားသည့်စွမ်းအင်များ သဘာဝအတိုင်း စီးဆင်းလာလေသည်။
“ငါတို့ အရင်က သဘောတူထားတဲ့အတိုင်းပဲ”
ဝိညာဉ်ခန္ဓာကိုယ်၏ တစ္ဆေပြာရောင်အလင်းတန်းက အနည်းငယ်ပြောင်းလဲသွားပြီး ယခင်ကထက် ပိုမိုသန်စွမ်းပြီး သန့်စင်သော သူ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးမျိုးဆက်ရောင်ဝါကို ခံစားလိုက်မိသည့်အလား ဖြစ်သွားခဲ့သည်။
“...မိုးပြာနက်နဲစွမ်းအားတွေက... တကယ်ကို တိုးတက်လာတာပဲ...”
သူ၏ စိတ်ထဲတွင် တုန်ခါမှုလေးတစ်ခု ပါဝင်နေခဲ့သည်။
“သဘောတူညီချက်က... အကျုံးဝင်နေဆဲပဲ၊ ဒါပေမဲ့... ဝိညာဉ်နယ်မြေရဲ့ စည်းမျဉ်းတွေကိုတော့... ဖယ်ရှားပစ်လို့ မရဘူး၊ သတ္တုတွေကိုယူဖို့ဆိုရင်... ဒီနေရာက... စွမ်းအင်မျှတမှုကို... ထိန်းသိမ်းထားရမယ်...”
သူ၏ အတွေးအပြီးတွင် သတ္တုကြောက နက်ရှိုင်းသော အပြာရောင်အလင်းတန်းများ နောက်တစ်ကြိမ် လင်းလက်လာခဲ့သည်။
သို့သော်လည်း ပြီးခဲ့သည့် အကြိမ်က ပေးအပ်ခဲ့ခြင်းနှင့် မတူဘဲ ပိုမိုကြီးမားကာ ပိုမိုရှုပ်ထွေးပြီး အဆင့် ၄၇ (ဒုတိယ ဘုရင်အဆင့် အဆင့်မြင့်) သို့ ရောက်ရှိနေသော စွမ်းအင်လှိုင်းများရှိသည့် ရေခဲပင်မသလင်းကျောက် ကျောက်ရုပ်ကြီး ငါးခုက သတ္တုကြောဘေးတွင် ပေါ်လာခဲ့သည်။
သူတို့၏ မျက်လုံးများထဲတွင် လင်းလက်နေသော ဝိညာဉ်မီးတောက်များမှာ ပိုမိုပြင်းထန်နေပြီး အေးစက်စက် တိုက်ပွဲဝင်လိုစိတ်များ ဖြာထွက်နေခဲ့သည်။
“သူတို့ကို... အနိုင်ယူနိုင်ရင်... မင်း... ဆယ်ပုံတစ်ပုံကို... ယူသွားနိုင်တယ်...”
လင်းထျန်းလုံက ဤမိစ္ဆာဘုရင်အဆင့် ကျောက်ရုပ်ကြီးငါးခုကို ကြည့်လိုက်သည်။ သူ၏ ရေခဲပြာရောင်မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုမရှိသည့်အပြင် တိုက်ပွဲဝင်လိုစိတ်များပင် တောက်လောင်လာခဲ့သည်။
‘ကွက်တိပဲ၊ ငါ အသစ်ရထားတဲ့ စွမ်းအားတွေကို စမ်းသပ်ကြည့်လို့ရပြီ’
လင်းထျန်းလုံသည်။ အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်းမရှိဘဲ ‘ငွေပြာဧကရာဇ်မျက်ဝန်း’ ဖြင့် ကျောက်ရုပ်ကြီး ငါးခု၏ စွမ်းအင်အရင်းအမြစ်များနှင့် လှုပ်ရှားမှုလမ်းကြောင်းများကို ချက်ချင်း လိုက်သည်။
“လာစမ်း၊”
……
ဝိညာဉ်နယ်မြေ ရေခဲချိုင့်ဝှမ်းအတွင်းတွင် သန့်စင်သော ရေခဲပင်မသလင်းကျောက်များဖြင့် လုံးဝ တည်ဆောက်ထားပြီး မျက်လုံးများထဲတွင် တစ္ဆေပြာရောင် ဝိညာဉ်မီးတောက်များ လောင်ကျွမ်းနေကာ ငါးမီတာခန့် မြင့်မားသော ကျောက်ရုပ်ကြီး ငါးခုသည် အသက်ဝင်နေသော စစ်ပွဲစက်ရုပ်များပမာ လင်းထျန်းလုံထံသို့ လျှောက်လှမ်းလာကြသည်။
သူတို့ ခြေလှမ်း လှမ်းလိုက်တိုင်း ရေခဲပြင်ပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ပြန့်နှံ့သွားခဲ့သည်။ ပထမ ဘုရင်အဆင့် အဆင့်မြင့်၏ ခမ်းနားသော ဖိအားနှင့် အစွန်းရောက်အေးခဲနေသော စွမ်းအင်များ ရောနှောနေမှုကြောင့် လေထုကပင် အေးခဲသွားလေသည်။
“အဆင့် ၄၈ ငါးခု... သူက ငါ့ကို တော်တော်အထင်ကြီးတာပဲ”
ကြောက်ရွံ့ခြင်းအစား လင်းထျန်းလုံ၏ ရေခဲပြာရောင် မျက်ဝန်းများထဲတွင် တောက်လောင်နေသော တိုက်ပွဲဝင်လိုစိတ်များသာ ရှိနေခဲ့သည်။
“ကွက်တိပဲ၊ မင်းတို့ကို ငါ အသစ်ရထားတဲ့စွမ်းအားတွေ စမ်းသပ်ဖို့သုံးရမယ်”
ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်သော သူ၏ရှေ့ရှိ ကျောက်ရုပ်ကြီးမှ ပစ်သွင်းလိုက်သည့် ဧရာမ ရေခဲသလင်းကျောက် လက်သီးကြီးကို ရင်ဆိုင်ရာတွင် သူက ထိပ်တိုက်ရင်ဆိုင်ရန် မရွေးချယ်ခဲ့ပေ။
လင်းထျန်းလုံက ‘ဗလာဟင်းလင်းပြင် ဝံပုလွေခြေလှမ်း’ ကို အသက်သွင်းလိုက်သည်။
သူ၏ ငွေဖြူရောင်ပုံရိပ်က ချက်ချင်း မှုန်ဝါးသွားပြီး မူလအရှိန်အဝါ၏ ၃၀ ရာခိုင်နှုန်းကို ထုတ်လွှတ်နေသည့် အလွန်တရာ ကျစ်လျစ်သော ဟင်းလင်းပြင် ပုံရိပ်ယောင်တစ်ခုကို နောက်တွင် ချန်ထားခဲ့သည်။
“ဘုန်း”
ဧရာမ ရေခဲသလင်းကျောက် လက်သီးကြီးက ပုံရိပ်ယောင်ကို ပြင်းထန်စွာ တုန်ခါသွားစေသော်လည်း မည်သည့်အရာကိုမျှ မထိမှန်ခဲ့ပေ။ ထိုအချိန်တွင် လင်းထျန်းလုံ၏ အစစ်အမှန် ခန္ဓာကိုယ်က ကျောက်ရုပ်ကြီး၏ ဘေးဘက်တွင် တစ္ဆေတစ်ကောင်ပမာ ပေါ်လာခဲ့သည်။
သူ၏ ညာဘက်ရှေ့လက်သည်းပေါ်တွင် မည်းမှောင်နေသော အေးစက်စက် အလင်းရောင်နှင့် လင်းလက်နေသော ရွှေရောင်လျှပ်စီးများ ရောယှက်နေခဲ့သည်။
‘ငွေပြာမိုးကြိုးလက်သည်း’ ဝိသေသလက္ခဏာရပ်ပင်။
ချလွတ်…၊
ထုံကျင်ခြင်း၊ အေးခဲခြင်းနှင့် ဆုတ်ဖြဲခြင်းအာနိသင်များ ပါဝင်သော ထိုတိုက်ခိုက်မှုက ကျောက်ရုပ်ကြီး၏ ခန္ဓာကိုယ်ရှိ ခံစစ်အားနည်းသော ဒူးဆစ်နေရာကို ရက်စက်စွာ ဆုတ်ဖြဲသွားခဲ့သည်။
ရေခဲစများနှင့် ပေါက်ကွဲနေသော လျှပ်စီးများက အရပ်မျက်နှာအနှံ့ ပွင့်ထွက်သွားပြီး ကျောက်ရုပ်ကြီး၏ ဧရာမခန္ဓာကိုယ်ကြီးကို ယိုင်လဲသွားစေခဲ့သည်။
ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် အခြား ကျောက်ရုပ်ကြီးနှစ်ခု၏ တိုက်ခိုက်မှုများ ရောက်ရှိလာခဲ့သည်။
တစ်ခုက ဝိညာဉ်စွမ်းအင်များကို အေးခဲသွားစေနိုင်သော ရေခဲလေပြင်းတစ်ခုကို မှုတ်ထုတ်ရန် ပါးစပ်ကို ဟလိုက်ပြီး အခြားတစ်ခုကမူ ၎င်း၏ လက်မောင်းများကို မြေပြင်သို့ အပြင်းအထန် ရိုက်ချလိုက်ရာ ထက်ရှသည့် ရေခဲဆူးချွန်များ ပေါ်ထွက်လာပြီး သူ၏ ရှောင်တိမ်းနိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်သည်။
လင်းထျန်းလုံ၏ စိတ်က အရှိန်အဟုန်ပြင်းပြင်းဖြင့် အလုပ်လုပ်နေပြီး သူ၏ ငွေပြာဧကရာဇ်မျက်ဝန်းဖြင့် စွမ်းအင်လမ်းကြောင်းများကို ကြိုသိပြီးသား ဖြစ်နေသည်။
နောက်ဆုတ်မည့်အစား သူက ရှေ့သို့တိုးသွားပြီး ရေခဲလေပြင်းကို ရင်ဆိုင်ရန် ‘ဗလာဟင်းလင်းပြင် ဝံပုလွေခြေလှမ်း’ ကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ပြန်သည်။
သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကမူ နှင်းခဲများ မှုတ်ထုတ်နေသော ကျောက်ရုပ်ကြီး၏ ခေါင်းပေါ်ရှိ ဟင်းလင်းပြင်ဆီသို့ ဖြတ်သန်းသွားကာ မြေပြင်ပေါ်ရှိ ရေခဲဆူးချွန်များကို ကပ်သီးလေး ရှောင်တိမ်းသွားခဲ့သည်။
ဟင်းလင်းပြင် ပုံရိပ်ယောင်မှာမူ လေပြင်းကြောင့် ချက်ချင်းအေးခဲသွားပြီး ဆူးချွန်များ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရကာ ပျက်စီးပျောက်ကွယ်သွားခဲ့သည်။
“အာ၀ူး“
လင်းထျန်းလုံသည် လေထဲတွင် တွဲလောင်းဖြစ်နေပြီး အားယူစရာ နေရာမရှိတော့ဟု ထင်ရသည့် အခိုက်အတန့်တွင် ရှေးဟောင်း မူလခေတ်မှ မြစ်ဖျားခံလာသည်ဟု ထင်ရသော ဝံပုလွေဟိန်းသံကြီးက သူ၏ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာခဲ့သည်။
‘ငွေပြာနက်နဲ ဝံပုလွေဝိညာဉ်’
ခမ်းနားကြီးကျယ်မှုများနှင့် အဆုံးအစမဲ့ ကျယ်ပြန့်မှုများ ထုတ်လွှတ်နေသော ဧရာမ ငွေဖြူရောင် ဝံပုလွေဝိညာဉ်ပုံရိပ်ယောင်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း လင်းထျန်းလုံသည် သူ၏ စွမ်းရည်များအားလုံး မီးတောင်ပေါက်ကွဲသည့်နှယ် သိသိသာသာ မြင့်တက်သွားသည်ကို ခံစားလိုက်ရသည်။
သူ တစ်ချက်တွေးလိုက်သည်နှင့် ဝံပုလွေဝိညာဉ်ပုံရိပ်ယောင်ကြီး လှုပ်ရှားသွားပြီး ဝိညာဉ်ဆုတ်ဖြဲခြင်း အာနိသင်များ ပါဝင်သော ဧရာမ ဝံပုလွေလက်သည်းကြီးများက အောက်ဘက်တွင် နှင်းခဲများ မှုတ်ထုတ်နေသော ကျောက်ရုပ်ကြီး၏ ခေါင်းပေါ်သို့ အရှိန်ပြင်းစွာ ကျဆင်းလာခဲ့သည်။