← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

🫧 Chapter 171

မြောက်ဘက်နယ်မြေ မြောက်ဘက် ငရဲမင်းနန်းဆောင် အထက်ကောင်းကင်ယံတွင် အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာရှိ ငရဲမင်းကြီးများ စုဝေးရောက်ရှိနေကြသည်။

တောင်ဘက်ငရဲမင်းက ပထမဆုံး ရောက်လာပြီးထို့နောက် အရှေ့ဘက်နှင့် အနောက်ဘက် ငရဲမင်းများက အတူတူ ရောက်လာဟန် ရှိ၏။

မြောက်ဘက် ငရဲမင်းကတော့ ဤနေရာတွင် အစကတည်းက ရှိနေခဲ့ခြင်းဖြစ်သည်။

ယန်လော်သည် အစက ပေ့ရွှယ်ကို ဖမ်းပြီး သေချာ ရိုက်နှက်ဆုံးမရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် အထဲရောက်သွားသည်နှင့် သူမ၏အာရုံများက အခြားအရာ တစ်ခုဆီသို့ ချက်ချင်းရောက်ရှိသွားတော့ သည်။

သူမ ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်ရာ ကောင်း ကင်ယံထက်သို့ အကြည့်များရောက်သွား၏။

ထိုနေရာတွင် အလွန်ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာ ရပ်တည်နေသည်။

သူ့အသွင်သဏ္ဍာန်မှာ အလွန်သေသပ်ပြီး နတ်ဘုရားတစ်ပါးကဲ့သို့ပင်ဖြစ်နေ၏။

ထိုအခါ ယန်လော် ကြောင်အသွားတော့သည်

"အရှင်... အရှင်သခင်ကြီး"

'ထို ရင်းနှီးကျွမ်းဝင်လှသော အငွေ့အသက်၊ ရင်းနှီးကျွမ်းဝင်လှသော မျက်နှာသွင်ပြင်မှာ ထိုပုဂ္ဂိုလ်ကြီးနှင့် အလွန်အမင်း တူညီနေပါ‌လား'

ငရဲပြည်၏အဆင့်သတ်မှတ်ချက်များမှာ ဝိညာဉ်ဘုရင် အထက်တွင် မရဏတမန်တော်၊ ဝိညာဉ်ဧကရာဇ် (တစ္ဆေဧကရာဇ်) ၊ မရဏမင်း(မြေအောက်အရှင်သခင်) ဟူ၍ အဆင့်ဆင့်ရှိသည်။

အဆင့်တစ်ဆင့် မြင့်တက်သွားတိုင်း ပါဝင်သော စွမ်းအားများမှာ ကောင်းကင်နှင့် မြေကြီးလောက်ကွာခြားလှ၏။

သို့သော် ထိုအဆင့်သတ်မှတ်ချက်များက တကယ်တမ်းတော့ မှားယွင်းနေသည်။

မှန်ကန်သော အဆင့်သတ်မှတ်ချက်မှာ ဝိညာဉ်ဘုရင်၊ မရဏတမန်တော်၊ ဝိညာဉ်/တစ္ဆေဧကရာဇ် ဟူ၍သာ ဖြစ်သင့်သည်။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ဧကရာဇ်အဆင့်၏ အထက်တွင် မရဏမင်းဆိုသည်မှာ တစ်ပါးတည်းသာ ရှိပြီး၊ တစ်ပါးတည်းသာ ရှိနိုင်သောကြောင့် ဖြစ်သည်။

ထိုအရှင်သခင်သည် ငရဲပြည်တစ်ခုလုံး၏ အုပ်စိုးသူပင် ဖြစ်၏။

ယခင်က ယန်လော်ကို ကောက်ယူမွေးစားခဲ့သော ထိုပုဂ္ဂိုလ်ကြီးမှာ တစ်ဦးတည်းသောမြေအောက်လောက၏အရှင် သခင်ပင်။

သို့သော် ယန်လော သူ့ကို မတွေ့ရသည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက ထိုပုဂ္ဂိုလ်ကြီးသည် ခဏလောက် အပြင်ထွက်သွားဦးမည်ဟု ရုတ်တရက် ပြောဆိုခဲ့သည်။

ထိုသို့ ထွက်သွားလိုက်သည်မှာ နှစ်သောင်းပေါင်းများစွာ ကြာမြင့်သွားခဲ့၏။

'ယခု 'သူ' နောက်ဆုံးတော့ ပြန်ရောက်လာပြီလား'

……

ထိုစဉ် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

ပရိသတ်များမှာ အလိုအလျောက် အသက်အောင့်ထားမိကြပြီး မျက်လုံးပြူးကာကြည့်နေကြ၏။

အမှန်တိုင်း ပြောရလျှင် ယန်လော ခေါ်ဆိုနေသော ပုဂ္ဂိုလ်ကြီး၏မျက်နှာကို သူတို့ သေချာမမြင်ရချေ။

သို့သော် ထိုကိုယ်ဟန်၊ ထိုအရှိန်အဝါကို ကြည့်ရုံဖြင့် အလွန် မြင့်မြတ်သော တည်ရှိမှုတစ်ခုဖြစ်ကြောင်း ခန့်မှန်းမိကြသည်။

ငရဲမင်းကြီးကပင် 'အရှင်သခင်ကြီး' ဟု ခေါ်ရသည်ဆိုလျှင်၊ ဘယ်လောက်တောင် ကြီးကျယ်သော တည်ရှိမှုမျိုး ဖြစ်နေမည်နည်း။

'ထို့ပြင် ဘေးတွင် ရှိနေသူများအားလုံးက ငရဲမင်းကြီးများလား'

ဤအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်များက တစ်ခါမှ မကြုံဖူးလောက်အောင် တိတ်ဆိတ်နေခဲ့သည်။

အခြား မျက်နှာပြင်များကိုကြည့်နေသော ပရိသတ်များလည်း တဖြည်းဖြည်း ဤဘက်သို့ ရောက်လာကြပြီး၊ ကီးဘုတ်ပေါ်တွင် စာရိုက်နေသော လက်များလည်း ရပ်တန့်သွားကြတော့သည်။

'သူတို့သည်... သမိုင်းဝင် မြင်ကွင်းကြီး တစ်ခုကို ကြည့်နေရခြင်းလား'

……

"ငါပါ"

ကောင်းကင်ယံထက်တွင် ထိုခမ်းနားထည်ဝါသော ပုံရိပ်ရှင် ဝိညာဉ်ဆိုင်ပိုင်ရှင်များက 'ငါတို့ရဲ့ ဘုရင်ကြီး' ဟု ခေါ်ဆိုကြသော ထိုသူက အောက်သို့ငုံ့ကြည့်လာသည်။

သူ့နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခုရှိနေပြီး နူးညံ့စွာ ပြောလိုက်၏။

"မတွေ့ရတာ ကြာပြီနော်၊ ယန်လော်လေး"

ထို့နောက် အခြားတစ်ဖက်ရှိ အနောက်ဘက် ငရဲမင်းကို လှည့်ကြည့်ကာ "မတွေ့ရတာ ကြာပြီနော်၊ ရှီးဟယ်"

"အားလုံး အတူတူမဆုံဖြစ်ကြတာ အတော်တောင် ကြာပြီပဲ"

"..."

ယန်လော် သူ့ကို တိတ်ဆိတ်စွာ ကြည့်နေ၏။

တစ်ဖက်လူက 'ယန်လော် လေး' ဟု ခေါ်လိုက်သည့် အခိုက် အတန့်တွင် ယန်လော်၏ မျက်ရည်များပင် ကျလာမတတ် ဖြစ်သွားရသည်။

သူတို့ မတွေ့ဖြစ်ကြသည်မှာ တကယ်ကို ကြာခဲ့ပြီပင်။

နှစ်သောင်းပေါင်းများစွာ အရင်က သူမ၏နာမည်ကိုပင် သူ ပေးခဲ့ခြင်းဖြစ်၏။

ဤမြေနေရာကို အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ ခွဲခြားထားသည်။

'ရှီးဟယ် (အနောက်)၊ နန်မင် (တောင်)၊ ပေ့ရွှယ် (မြောက်)... အရှေ့... အရှေ့က ဘာလဲ'

ထိုအချိန်က အခြားငရဲမင်းများက ရယ်မောပြီး "တုန်းဖန်း လို့ ပေးလိုက်ရင် မကောင်းဘူးလား" ဟု စနောက်ခဲ့ကြသည်။

ယန်လော် ဒေါသထွက်သွားပြီး ချက်ချင်းဝင်ချတော့မည် ပြုစဉ်

"ယန်လော်လို့ ပေးလိုက်ရင်ကော ချစ်စရာလေးပဲ"

ဟု မီးဖိုဘေးတွင် ထိုင်နေသော ထိုပုဂ္ဂိုလ်ကြီးက ရုတ်တရက် ပြောလာခဲ့သည်။

'ကောင်းပြီ'

ယန်လော ရပ်တန့်သွားပြီး မီးရောင်ကြောင့် လင်းထိန်နေသော ထိုပုံရိပ်ကို ကြည့်လိုက်သည်။

'ကောင်းပါပြီ'

ထို‌နောက်ပိုင်း သူမ နာမည်မှာ ယန်လော်ဖြစ်သွားခဲ့တော့ သည်။

…………

ယခုအချိန်တွင်၊ ယန်လော်သည် ငရဲမင်းနန်းဆောင် အထက်တွင် ရပ်ကာ အတိတ်အမှတ်ရစရာများထဲမှ ပြန်လည် သတိဝင်လာခဲ့သည်။

ထို့နောက်သူမ မျက်နှာကိုလက်ဖြင့် တစ်ချက် သုတ်လိုက်ပြီး ပေ့ရွှယ်ကို ဒေါသတကြီး ကြည့်လိုက်၏။

"နင် အရူးမ၊ ဘာတွေ ဖြစ်နေတာလဲ ပြဿနာတွေ ဒီလောက် အများကြီး ရှာထားတာ၊ ဘယ်သူက လိုက်ရှင်းပေးရမှာလဲ"

သူမက ကောင်းကင်ယံထက်ရှိ ထိုပုံရိပ်ဆီသို့ လက်ညှိုးထိုးလိုက်သော်လည်း၊ တကယ်တမ်းတော့ လက်ညှိုးမထိုးရဲဘဲ အကြမ်းဖျင်း အရပ်မျက်နှာကိုသာ ညွှန်ပြလိုက်ခြင်းဖြစ် သည်။

"ပြီးတော့ ဒီ... ဒါက ဘယ်လို ဖြစ်ရတာလဲ" ဟု ယန်လော်က မေးလိုက်သည်။

ပေ့ရွှယ်သည် လွင့်မျောလာပြီး အခြားငရဲမင်းသုံးပါး၏ မျက်နှာချင်းဆိုင်တွင် ရပ်လိုက်၏။

"ဒီပုဂ္ဂိုလ်က ထိုအရှင်သခင်ကြီးရဲ့ဝင်စားတဲ့ ဘဝပဲ"

"အရှင်သခင်ကြီး အချိန်အကြာကြီးပေါ်မလာခဲ့တာက သူ ဝင်စားသွားလို့လေ"

ပေ့ရွှယ်သည် လက်ကိုမြှောက်ကာ ပါးစပ်ကိုကွယ်ပြီး ကျက်သရေရှိစွာ ရယ်မောလိုက်သည်။

"နင်တို့ အကုန်လုံး ပုဂ္ဂိုလ်ကြီးပေးတဲ့ လက်ဆောင်တွေ ရပြီးကြပြီ မဟုတ်လား ဘာလို့ သံသယဖြစ်နေကြသေးတာလဲ"

"အဲဒီချိတ်ပိတ်ထားတဲ့ နေရာတချို့ဆိုရင် ငါတောင် မသိဘူး"

"ငါတို့အကြောင်းတွေကိုလည်း သူ အကုန်မှတ်မိနေတာပဲ၊ ဒါတောင် သက်သေမပြနိုင်သေးဘူးလား"

'လက်ဆောင်'

'ချိတ်ပိတ်ထားသည့် နေရာများ'

ယန်လော်နှင့် ရှီးဟယ် တို့သည် ကောင်းကင်ယံထက်ရှိ ထိုပုံရိပ်ဆီသို့ ရုတ်တရက် မော့ကြည့်လိုက်ကြသည်။

'အဲဒီ ဝိညာဉ်ဆိုင်ပိုင်ရှင် တွေ၊ ပြီးတော့ ချိတ်ပိတ်ထားတဲ့ နေရာတွေ ပွင့်သွားတာအကုန်လုံး သူ လုပ်ခဲ့တာပေါ့'

'ဟုတ်ပေစွ၊ သူ တစ်ယောက်တည်းပဲ အဲဒါတွေ အားလုံးကို သိနိုင်တာ...'

'ဒါပေမယ့်၊ ဘာလို့ သူ ဒီလို လုပ်ရတာလဲ'

ယန်လော် သည် ထိုရင်းနှီးကျွမ်းဝင်လှသော ပုံရိပ်ကိုငေးကြည့်နေမိသည်။

'ထိုမျက်နှာသွင်ပြင်၊ ထိုအငွေ့အသက်၊ ထိုလေသံ အရာ အားလုံးက အတူတူပင် ဖြစ်နေပါလျက်'

'ဝင်စားပြီးသွားရင် လူတစ်ယောက်ရဲ့စရိုက်လက္ခဏာတွေ၊ အပြုအမူတွေက အရင်တုန်းကနဲ့ လုံးဝ ကွဲပြားသွားနိုင်လို့လား'

'တခြားလူတွေဆိုရင် ဖြစ်နိုင်ပါလိမ့်မည်'

'ဒါပေမယ့် သူ့လို လူမျိုးက ပြောင်းလဲသွားနိုင်ပါ့မလား'

ခဏတာမျှ ယန်လော် တွေဝေသွားတော့သည်။

'ဒါပေမယ့် ဒါက ဘာဖြစ်လို့လဲ'

"ဘာဖြစ်လို့လဲ"

တွေးနေရင်းပင် သူမက မေးလိုက်၏။

အရင်က သူ ထွက်မသွားခင်က၊ ဤအရာများ အားလုံးကို သေချာ စောင့်ရှောက်ထားရန် သူတို့ သေချာမှာကြားခဲ့သည် မဟုတ်ပါလော။

ယခုကျတော့ အဘယ်ကြောင့် ဤလို ကိစ္စမျိုးကို လုပ်ရသနည်း။

"မင်း တွေဝေနေစရာ မလိုပါဘူး ယန်လော်လေး၊ ငါ ပြောင်း လဲသွားတာပါ"

ကောင်းကင်ယံထက်မှ 'ပုဂ္ဂိုလ်ကြီး' သည် ယန်လော်ကို နူးညံ့သော အကြည့်များဖြင့် ကြည့်လိုက်သည်။

"ငါ ဝင်စားတဲ့ ဘဝတွေအများကြီးကို ဖြတ်သန်းခဲ့ရပြီး၊ ကိစ္စတော်တော်များများကို သဘောပေါက်သွားခဲ့ပြီ အခုပြန်လာတာက ဒီလူ့ပြည်နဲ့ ငရဲပြည်ကို ပြောင်းလဲမှုတစ်ခုခု လုပ်ပေးသင့်ပြီလို့ ထင်လို့ပါ"

"ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်၊ ကိစ္စ အတော်များများက ပြောင်းလဲလို့ရမှာ မဟုတ်တော့ဘူး၊ ဥပမာ - ငရဲ ဆိုပါတော့"

"မင်း ငါ့နောက်ကို ဆက်မလိုက်ချင်တော့ဘူး ဆိုရင်လည်း ငါ မင်းကို အပြစ်မတင်ပါဘူး"

မရဏမင်းက ဖြည်းညင်းစွာပြောလိုက်ပြီး၊ သူ့ မျက်နှာထားမှာ အလွန်တည်ငြိမ်အေးချမ်းနေ၏။

ယနေ့သည် သူ ငရဲပြည်၏အုပ်စိုးသူ နေရာသို့ပြန်လည် ရောက်ရှိမည့်နေ့ ဖြစ်သည်။

အရပ်လေးမျက်နှာမှ ငရဲမင်းကြီးများကို ဤသို့ ခေါ်လာခြင်းကလည်း ဤကိစ္စများကို ကြေညာရန်အတွက်ပင်။

"..."

ယန်လော်သည် သူ့ကို ငေးကြည့်နေပြီး မည်သို့ ပြန်ဖြေရမည်ကို မသိတော့ချေ။

အရှေ့ဘက် နယ်မြေမှနေ၍ တစ်လျှောက်လုံး လာခဲ့သည့် လမ်းတွင် တွေ့ခဲ့ရသော လူ့ပြည်၏အခြေအနေများက သူမကိုပြန်မဖြေနိုင်အောင် လုပ်နေသည်။

အရင်က သူမကို ကောက်ယူခဲ့သည့် ပုံရိပ်၊ ဤမြေနေရာကို သေချာ စောင့်ရှောက်ရန် ပြောခဲ့သည့် အသံများက သူမကို ပြန်မဖြေနိုင်အောင် လုပ်နေသည်။

"ခင်ဗျားက တကယ်ပဲ အဲဒီပုဂ္ဂိုလ်ကြီးရဲ့ဝင်စားတဲ့ ဘဝဆိုရင်တောင်မှ၊ ကျွန်တော် ခင်ဗျားနဲ့ ဆက်ပြီး ပူးပေါင်းနိုင်တော့မှာ မဟုတ်ဘူး"

အခြားတစ်ဖက်တွင် ရှီးဟယ် ခိုင်မာပြတ်သားစွာပြောလိုက်၏။

"ဒါက အရင်တုန်းက ကျုပ် ခင်ဗျားကိုပေးခဲ့တဲ့ ကတိက ဝတ်တွေနဲ့ ဆန့်ကျင်နေပြီ"

ဘေးတွင် ပေ့ရွှယ်ကတော့ အရာအားလုံးကိုအပြုံးလေးဖြင့်သာကြည့်နေ၏။

သူမအတွက်တော့ ဤပုဂ္ဂိုလ်ကြီးနောက်ကို လိုက်ခွင့်ရရန်ဆိုသည်က အရေးကြီးဆုံးပင်။

တခြား ဘယ်အရာကမှ ဤမျှအရေးမကြီးပေ။

လူ့ပြည်ကြီး ပျက်စီးသွားမည် ဆိုလျှင်တောင်မှ သူမသည် မရဏမင်းကိုပင် ရွေးချယ်မည်ဖြစ်သည်လေ။

လေထုက တစ်ခဏအတွင်းမှာပင် လေးလံတင်းမာသွားတော့သည်။

……

'ကမ္ဘာကြီး ပြောင်းလဲတော့မလို့လား ??'

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ပရိသတ်များ ရုတ်တရက် တွေဝေသွားကြသည်။

'ငရဲမင်းကြီးများ၏စကားများကို သူတို့ သိပ်နားမလည်သော်လည်း၊ ချိတ်ပိတ်ထားသော နေရာ များဆိုသည်ကိုတော့...'

သူတို့ တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်မှတစ်ဆင့် အခြေအနေအချို့ကို သိထားပြီးပြီဖြစ်၏။

'ထို ဝိညာဉ်ဆိုင်ပိုင်ရှင်များ၏ နောက်ဆုံး ရည်ရွယ်ချက်က မိစ္ဆာသရဲများ၏ ချိတ်ပိတ်မှုများကို ဖြေလျှော့ရန် ဖြစ်နေသည်ပေါ့'

ထို့ပြင် ဤ ချိတ်ပိတ်ထားသော နေရာများ အားလုံးက ဤ 'မြေအောက်အရှင်သခင်' ပေးသော လက်ဆောင်များလော။

ဤ ချိတ်ပိတ်မှုများ ပွင့်သွား၍ ကောင်းကင်ကြီးမှောင်မည်းသွားပြီး လမ်းပေါ်တွင်လည်း သရဲတစ္ဆေများ ပြည့်နှက်နေရခြင်းပင်။

ယခုလို အခြေအနေများဖြစ်လာအောင် ဖန်တီးခဲ့သော နောက်ကွယ်က ဘော့စ်ကြီးကို နောက်ဆုံးတော့ တွေ့သွားပြီ၊ သို့သော် သူက ငရဲမင်းကြီးများပင် နာခံရမည့် တည်ရှိမှုမျိုး ဖြစ်နေသည်။

တကယ်လို့ နောက်ပိုင်း ငရဲပြည်ကို ဤလို 'မြေအောက်အရှင်သခင်' မျိုးကသာ အုပ်ချုပ်မည် ဆိုလျှင်။

ဒါဆိုရင် သူတို့ ဘာဆက်လုပ်ရမည်နည်း။

ပရိသတ်များမှာ ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားကြတော့သည်။

……

ခရိုင် (၁၈)တွင်မူ

ကျန်းလင်သည် မြောက်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး လိုက်လံသတ်ဖြတ်မိန့်ကို ဆက်လက် အကောင်အထည် ဖော်နေလိုက်သည်။

……

မြောက်ဘက် ငရဲမင်းနန်းဆောင် တစ်ခုလုံး၏အထက် ကောင်းကင်ယံတွင် လေထုကပင် ခဲသွားတော့မည့်အလား တင်းမာနေ၏။

သို့သော် ရုတ်တရက် အေးစက်သော အလင်းတန်းတစ်ချက် လက်သွားသည်။

ကြည့်လိုက်သောအခါ နန်မင်သည် သူ့ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး လေထဲမှ သူ့ဓားမကြီးကို ဆွဲထုတ်လိုက်သည်ကို မြင်လိုက်ရ၏။

ပထမဆုံးပေါ်ထွက်လာသည်က အပြာရောင် ဓားရိုးဖြစ်ပြီး၊ ထို့နောက် အေးစက်စူးရှသော အလင်းရောင်များ တောက်ပနေသည့် ဓားသွားကြီး တစ်ခုကပေါ်လာသည်။

ဝှေ့ယမ်းလိုက်တိုင်း အလင်းရောင်များ လင်းလက်သွား၏။

"ဟေး ဟေး၊ မင်းတို့ အားလုံးက ဒါ အဲဒီပုဂ္ဂိုလ်ကြီးရဲ့ ဝင်စားတဲ့ ဘဝဆိုတာကို သေချာအတည်ပြုပြီးကြပြီလား"

နန်မင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုရှိနေကာ ခန္ဓာကိုယ်တွင်းရှိ တိုက်ခိုက်လိုစိတ်များက လှုပ်ရှားရုန်းကန်နေပြီ ဖြစ်သည်။

ထို့နောက်သူက မရဏမင်းကြီးကိုကြည့်ကာ စိန်ခေါ်လိုက်၏။

"ဒါဆိုရင်လည်း တိုက်ကြတာပေါ့"

နန်မင်သည် မြေအောက်လောက၏အရှင်သခင် အဆင့်ရှိသူနှင့်တိုက်ခိုက်ချင်နေသည်မှာ ကြာပြီ ဖြစ်သည်။

ပြီးခဲ့သည့်အကြိမ် လမ်းခွဲခဲ့ပြီးကတည်းက သူနှင့် ထိုက်တန် သော ပြိုင်ဘက်မျိုး မတွေ့ရသည်မှာ အတော်ကြာနေပြီမဟုတ်ပါလော။

🫧 Chapter 172

နန်မင်သည် သူ၏ ဓားမကြီးကို ကိုင်ဆောင်ကာ ထိုမရဏမင်းကြီးကို ကြည့်လိုက်၏။

"ဒါဆိုရင်လည်း တိုက်ကြတာပေါ့"

နန်မင်၏နာမည်ကို သူကိုယ်တိုင်ပေးခဲ့ခြင်း ဖြစ်သည်။

'နန်မင်...နန်မင်'

သူ့ ရည်မှန်းချက်က အမြဲတမ်း မရဏမင်းအဆင့်ပင်ဖြစ်၏။

"နင် ဘာလုပ်မလို့လဲ"

ဤအရာအားလုံးကို အပြုံးလေးဖြင့်ကြည့်နေခဲ့သော ပေ့ရွှယ်မှာ ရုတ်တရက် ပြာယာခတ်သွားတော့သည်။

"အရှင်သခင်ကြီးက အခုမှ ဝင်စားပြီး ပြန်ရောက်လာတာ၊ စွမ်းအားတွေက ပြန်လည်နာလန်ထူနေဆဲပဲ ရှိသေးတာ"

"ငါကတော့ အဲဒါတွေ ဂရုမစိုက်ဘူး အရင်ဆုံး ချကြည့်ပြီးမှ ပြောကြတာပေါ့"

ပေ့ရွှယ်စကားပင် မဆုံးသေးခင်မှာ နန်မင် ဓားကိုကိုင်ကာ ပြေးဝင်သွားခဲ့ပြီဖြစ်၏။

"ငါ့ကို နိုင်ရင် သူ့ကို ငါ အသိအမှတ်ပြုမယ်၊ မနိုင်ရင်တော့နေရာဖယ်ပေးလိုက်တော့"

နန်မင်အတွက်တော့ စွမ်းအားကသာလျှင် အဆုံးအဖြတ်ပေးသည့် အရာဖြစ်သည်။

"ပေ့ရွှယ်၊ ကိစ္စမရှိဘူး"

ကောင်းကင်ယံထက်တွင် ထိုပုဂ္ဂိုလ်ကြီးသည် မျက်နှာပေါ်၌ အပြုံးလေးတစ်ခုရှိနေ၏။

သူ ယခုပြန်လည်ရရှိထားသော စွမ်းအားများနှင့်တင် လုံလောက်နေပြီ ဖြစ်သည်။

ထို့နောက်သူက လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်၏။

'ဒေါင်'

ထို့ကြောင့်နန်မင်၏ဓားမှာ ပုဂ္ဂိုလ်ကြီးရှေ့သို့ ရောက်သည်နှင့် မလွှဲမရှောင်သာ ရပ်တန့်သွားရတော့သည်။

"မဆိုးဘူး မဆိုးဘူး၊ ဒါက စွမ်းအားတွေ ရှိနေတာပဲ မဟုတ်လား"

နန်မင် တစ်ချက် တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်းအနောက်သို့ ဆုတ်ကာ ခပ်ခွာခွာနေလိုက်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်၏။

"နောက်တစ်ကွက်ကျရင် ငါ တိုက်ရိုက် ဝင်ချတော့မှာနော်၊ သေချာလေး ထိန်းထားပါဦး"

နောက်တစ်စက္ကန့်တွင် နန်မင်၏ကိုယ်ပေါ်ရှိ အရှိန်အဝါများက တစ်ဟုန်ထိုး တက်လာတော့သည်။

သူ၏ဓားပေါ်တွင် ဖုံးလွှမ်းနေသော သရဲချီအငွေ့အသက်များကလည်း အပြာရင့်ရောင်အဖြစ်သို့ ပြောင်းလဲသွား၏။

ထို့နောက်သူသည် လက်ကိုဖြန့်လိုက်ရာ ဓားကြီးမှာ လေထဲတွင် လွင့်မျောနေတော့သည်။

ဓားကလည်း တဝီဝီပင်မြည်ဟည်းသွားပြီး ချက်ချင်းပင် ဓားပေါင်း ဆယ်ဂဏန်းခန့် အဖြစ်ပြောင်းလဲသွားကာ ပုဂ္ဂိုလ်ကြီး ဆီသို့ ပြိုင်တူ တိုက်ခိုက်သွားကြသည်။

"ဝိညာဉ်ဧကရာဇ် အလယ်အဆင့်... မဟုတ်ဘူး၊ ဝိညာဉ်ဧကရာဇ် နောက်ဆုံးအဆင့်"

မရဏမင်းက နန်မင်၏တိုက်ခိုက်မှုများကို ကာကွယ်နေရင်းနှင့် အံ့သြတကြီးပြောလိုက်၏။

ဤအဆင့်က မနိမ့်ပါချေ။

ပေ့ရွှယ်ပင်လျှင် ဝိညာဉ်ဧကရာဇ် အစောပိုင်းအဆင့်သာ ရှိသေးသည်။

ကြည့်ရသည်မှာ သူသည် ဤအရပ်လေးမျက်နှာရှိ ငရဲမင်းများထဲတွင် အစွမ်းဆုံးဖြစ်သူကို အထင်သေးမိသွားပုံရ၏။

"ဝိညာဉ်ဧကရာဇ် နောက်ဆုံးအဆင့်" နန်မင် ခပ်ဟဟရယ် မောလိုက်သည်။

သူ၏ ကိုယ်ဟန်က တစ်ဖန်အရှိန်တင်လိုက်ပြီး ပြေးဝင်တိုက်ခိုက်သွားပြန်၏။

"မင်း ထပ်ပြီး ခန့်မှန်းကြည့်ပါလား"

'ဒေါင်'

'ဒေါင်'

ပုံရိပ်နှစ်ခုမှာ အပြန်အလှန် တိုက်ခိုက်နေကြပြီး အမြန်နှုန်းက လွန်ကဲလွန်းလှသဖြင့် အလင်းတန်း တစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။

ဘေးဘက်တွင် အရှေ့၊ အနောက်နှင့် မြောက်ဘက်မှ ငရဲမင်း သုံးပါးသည် ထိုအလင်းတန်းနှစ်ခုကို မျက်တောင်မခတ်တမ်း ကြည့်နေကြ၏။

သူတို့ထဲတွင် နန်မင်၏အဆင့်က အမြင့်ဆုံး ဖြစ်မည်မှာ သေချာလှသည်။

ဤတိုက်ပွဲတွင် နန်မင်နှင့် ထိုပုဂ္ဂိုလ်ကြီး၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန်ပင် သူတို့ အတော်လေးအား စိုက်ထုတ်နေရသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိပရိသတ်များကတော့ လေဟာနယ်ကိုသာ တိုက်ရိုက်ကြည့်နေကြရတော့၏။

[ခုနက ဘာတွေ ဖြစ်သွားတာလဲ]

[အဲဒီ အရှင်သခင်ကြီးက လက်နက် ထုတ်လိုက်သလိုပဲ၊ ပြီးတော့...]

[....]

ပရိသတ်များသည် အစပိုင်းက သူတို့နှစ်ယောက် စတင် တိုက်ခိုက်သည့် မြင်ကွင်း တစ်ခုကိုသာ မြင်လိုက်ရသည်။

ထို့နောက် ထိုပုဂ္ဂိုလ်နှစ်ဦးလုံး တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲမှ ပျောက်ကွယ်သွားကြတော့သည်။

ပိုတိကျစွာပြောရလျှင် ၎င်းတို့၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ထို ငရဲမင်းကြီး သုံးပါး၏အကြည့်များက သိသိသာသာ ရွေ့လျားနေသောကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် ဧရိယာမှာ တိုက်ရိုက်ထုတ်လွှင့်မှုမြင်ကွင်းထဲတွင် ရှိနေသေးကြောင်း သေချာလှသည်။

သို့သော် သူတို့ မမြင်ရခြင်းသာ ဖြစ်၏။

သူတို့၏အဆင့်များက အရမ်း နိမ့်လွန်းနေသောကြောင့်ပင်။

[ငါ စိန်အဆင့် အသင်းဝင်ဖြည့်လိုက်ရင်ရော မြင်ရနိုင်မလား]

[မရလောက်ဘူး၊ ရမယ်ဆိုရင် ငါ စောစောကတည်းက အမြင့်ဆုံး အသင်းဝင်အဆင့်ရ‌အောင်‌ငွေဖြည့်ပြီးနေပြီ]

[ဒီလေဟာနယ်ကြီးက တကယ်ကို ကြည့်ကောင်းတာပဲ]

[အပေါ်ကလူ ပြောတာ မှန်တယ်၊ ဒီ လေဟာနယ်ကြီးအတွက် လက်ဆောင် တစ်ခုလောက် ပေးလိုက်ဦးမယ် 'Like']

ပရိသတ်များမှာ လေဟာနယ်ကို တိတ်တဆိတ် ကြည့်နေရင်း အချိန်များပင် ရပ်တန့်သွားသကဲ့သို့ ခံစားနေကြရသည်။

ဤခံစားချက်က အလွန်ထူးဆန်းလှ၏။

ထိုနေရာတွင် တိုက်ပွဲတစ်ခု ရှိနေသည်က သေချာသော်လည်း သူတို့ကတော့ လေဟာနယ်ကိုသာ ကြည့်နေရသည်။

'ဝုန်း'

'ဒိုင်း'

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် အသံများကလည်းအမျိုးမျိုး ထွက်ပေါ်လာသည်။

အသံများကြားရ၍ပရိသတ်များ၏အကြည့်များမှာလည်း ရွေ့လျားသွားကြ၏။

ထိုအခါ ငရဲမင်းနန်းဆောင်နှင့် မြေကြီးပေါ်တွင် တိုက်ခိုက်ထားသော အရာများစွာ ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုအရာများမှာ ရှည်လျားပြီး နက်ရှိုင်းလှကာ ငရဲမင်းနန်း ဆောင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော အတားအဆီးမှာလည်း ကွဲအက်သွားလိုက်၊ ပြန်လည် ပြုပြင်သွားလိုက်ဖြစ်နေသည်။

တစ်ခါတစ်ရံ ပြုပြင်ပြီးခါစမှာပင် အက်ကွဲကြောင်း အသစ်များ ထပ်မံပေါ်လာတတ်၏။

[ဒီ တိုက်ခိုက်ထားတဲ့ အရာတွေကို လာပြီး သုံးသပ်ပေးမယ့် ပညာရှင်တစ်ယောက်လောက် မရှိဘူးလား]

[ပညာရှင်တစ်ယောက်အနေနဲ့ ပြောရရင် ဒါက ကိုယ့်ရဲ့ ပညာရပ် နယ်ပယ်ထဲမှာ မပါဘူးလို့ပဲ ပြောရပါမယ်]

[ဒီပျက်စီးမှု အတိုင်းအတာကို ကြည့်ရရင်၊ တိုက်ပွဲက ပြင်းထန်ပြီး အန္တရာယ်များပုံရတယ်]

[အပေါ်ကလူ မင်းပြောတာက ရိုးရှင်းပြီး နားလည်ရလွယ်ပါတယ်၊ ဒါပေမယ့် ဘာအသုံးမှတော့ မဝင်ဘူး]

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။

ရုတ်တရက် အသံကျယ်ကြီး တစ်ခုထွက်ပေါ်လာ၏။

ထိုအခါ ပရိသတ်များမှာ အလိုအလျောက်နားကို ပိတ်ထားလိုက်ကြသည်။

သို့သော် အသံလာရာကို သိရှိရန် မျက်နှာပြင်ဆီသို့ချက်ချင်း လှမ်းကြည့်လိုက်ကြ၏။

[အိုး ငရဲမင်းနန်းဆောင် ပြိုကျသွားတာပဲ]

[ဟင် အထဲမှာ လူတစ်ယောက် ရှိနေသေးသလား]

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြိုကျသွားသော ငရဲမင်းနန်းဆောင်ပေါ်တွင် နောက်ထပ် ပုံရိပ်တစ်ခုပေါ်လာတော့ သည်။

သို့သော် ထိုနေရာတွင် ဖုန်မှုန့်များထူထပ်နေသဖြင့် မည်သူမည်ဝါမှန်း လုံးဝမမြင်ရချေ။

"မင်း..."

"ဟေး၊ ငါက ဝိညာဉ်ဧကရာဇ် အထွတ်အထိပ်အဆင့်မှာ ရှိနေတာ၊ အဲဒီကောင်ကြီး ပြန်မလာသေးလို့သာ၊ မဟုတ်ရင် ငါ မရဏမင်းအဆင့်ကို စမ်းပြီး တက်ကြည့်နေတာကြာပြီ"

ဖုန်မှုန့်များ ကင်းစင်သွားပြီးနောက် ထိုအပျက်အစီးများပေါ်တွင် မာနကြီးပြီး ရိုင်းစိုင်းသော ပုံရိပ်တစ်ခုရပ်နေကာ ဓားမကြီးကို ပခုံးပေါ်တွင် ထမ်းထားသည်ကို မြင်လိုက်ရသည်။

သူ၏မျက်နှာပေါ်တွင် ဒဏ်ရာများရရှိထားပြီး သွေးများ ထွက်နေသော်လည်း သူ့ မျက်နှာထားနှင့် အပြုံးများက အနိုင်ရရှိပြီးနောက် ပေါ်လာသော ပုံစံမျိုးပင်ဖြစ်နေသည်။

ယုံကြည်မှုရှိပြီး ထောင်လွှားနေ၏။

သို့သော် သူက ထိုသို့ဖြစ်လောက်အောင်ပင် အမှန်တကယ် စွမ်းအားရှိနေပေသည်။

"မင်း ရူးနေပြီလား"

ပေ့ရွှယ်မှာ ပြေးလာပြီး သူမ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများနှင့်အတူထိတ်လန့်မှုများပါ ပြည့်နှက်နေတော့ သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူမ ကြောင်အသွားတော့ ၏။

ထို 'ပုဂ္ဂိုလ်ကြီး' မှာ သရဲချီအငွေ့အသက် တစ်စုအဖြစ် ပြောင်းလဲကာ ပြန့်ကျဲသွားပြီဖြစ်သည်။

သို့သော် ထိုအငွေ့အသက်က... အရင်ကနဲ့ မတူတော့ပါချေ။

နန်မင် နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်သည်။

"ဒီကောင်က အဲဒီအရှင်သခင်ကြီး လုံးဝမဟုတ်ဘူး"

ယန်လော်လည်း ပျံသန်းလာပြီး သံသယများ ပြည့်နှက်နေသော မျက်နှာထားဖြင့် မေးလိုက်၏။

"နင် ဘယ်လို သိတာလဲ"

ရှီးဟယ်လည်း ထိုဘက်သို့ လှည့်ကြည့်လာပြီး သူလည်း ဤမေးခွန်းကို မေးချင်နေပုံရသည်။

'ပုဂ္ဂိုလ်ကြီး' ၏ မှတ်ဉာဏ်နှင့် အငွေ့အသက်များက လုံးဝ အမှားအယွင်းမရှိပေ။

ထိုအရှင်သခင်ကြီး တစ်ဦးတည်းကသာ သူတို့အကြောင်း များကို ဤမျှများပြားစွာ သိရှိနိုင်မည် ဖြစ်သည်။

နန်မင် ဓားမကြီးကို ပြန်သိမ်းလိုက်ပြီး သူတို့ကို တစ်ချက် ကြည့်လိုက်သည်။

"မသိဘူးလေ၊ တစ်ပွဲလောက် ချကြည့်လိုက်တော့ သိသွားတာပေါ့"

"ဒီကောင်က ငါ့ကိုတောင် မနိုင်တာ၊ ဘယ်လိုလုပ်ပြီး အဲဒီ အရှင်သခင်ကြီး ဖြစ်နိုင်မှာလဲ" ဟု နန်မင်က ရိုးရှင်းစွာပင် ပြန်ဖြေလိုက်၏။

'သို့သော် ဤတစ်ပွဲကတော့ ဒီအချိန်အတောအတွင်း အားအပါဆုံး တိုက်ခိုက်လိုက်ရခြင်းပင်'

'ဒါပေမယ့်၊ သူက အဲဒီ ပုဂ္ဂိုလ်ကြီးနဲ့ တစ်ပွဲလောက်တိုက်ချင်သေးတယ်၊ မဟုတ်ရင် အမြဲတမ်း တစ်ခုခုလိုနေသလို ခံစားရတယ်'

"နင် ရူးနေပြီလား"

ယန်လော်နှင့် ပေ့ရွှယ်တို့ ပြိုင်တူ တိုးလာကြပြီး ကိုယ်ပေါ်ရှိ သရဲချီအငွေ့အသက်များက တဟုန်းဟုန်း တောက်လောင်လာကြသည်။

သူတို့က နန်မင်ကို အံကြိတ်ကာ ကြည့်ရင်း "တကယ်လို့ သူက အစစ်ကြီးဖြစ်နေရင်ရော နင် ခုတ်သတ်လိုက်လို့ သေသွားပြီ မဟုတ်လား" ဟု ပြောလိုက်ကြသည်။

"..."

ထို့ကြောင့်နန်မင်သည် ခေါင်းကို အခြားတစ်ဖက်သို့ လှည့်ကာ ဟိုကြည့်ဒီကြည့် လုပ်နေလိုက်သည်။

'သူ ဂရုမစိုက်ဘူး၊ ဘာပဲဖြစ်ဖြစ် အဲဒီပုဂ္ဂိုလ်ထွက်သွားတုန်းက ပြန်လာရင် သူနဲ့ တစ်ပွဲချပေးမယ်လို့ ပြောခဲ့တာပဲ'

'တကယ်လို့ ဒါက အစစ်ကြီး ဖြစ်နေခဲ့ရင်တောင်... သူ လက်လွန်သွားတာလေ'

'ဒီလိုမျိုး မတိုက်ရတာ အရမ်းကြာနေပြီကိုး'

'ကျုံးခွေ့တို့ ကောင်တွေက သူနဲ့ တိုက်ဖို့ လုံးဝမလောက်ဘူးလေ'

'ပြီးတော့၊ သူ့ရဲ့ အလိုအလျောက် သိစိတ်က ခုနကကောင်မှာ တစ်ခုခု လွဲနေတယ်လို့ ပြောနေတယ်'

"အား... နင် တကယ်ပဲ"

ပေ့ရွှယ်နှင့် ယန်လော် တို့မှာ ထိုနေရာတွင်ပင် ပေါက်ကွဲနေကြပြီး သူတို့၏ပုံရိပ်ကိုပင် အနည်းငယ်မျှ ဂရုမစိုက်နိုင်တော့ချေ။

"ဘယ်လိုလုပ်ပြီး နင့်လိုကောင်မျိုး ရှိနေရတာလဲ၊ ဘယ်လိုလုပ်ပြီး နင့်လို ကောင်မျိုး ရှိနေရတာလဲ..."

သူတို့ ပြောရင်းဆိုရင်းနှင့် မျက်ဝန်းများပင် နီရဲလာကြတော့သည်။

'တကယ်လို့၊ တကယ်လို့များ အဲဒါက အရှင်သခင်ကြီး အစစ် ဖြစ်နေရင်ရော'

'သူမတို့က အဲဒီအရှင်သခင်ကြီး တကယ်ပြန်လာဖို့ကို ဘယ် လောက်တောင် မျှော်လင့်တောင့်တနေခဲ့ကြရတာလဲ'

ကောင်းကင်ယံထက်တွင်မူ

တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာဘောလုံးလေးမှာ ကင်မရာကို ကောင်းကင်ယံဆီသို့ တိတ်တဆိတ် လှည့်သွားခဲ့လေပြီ။

ထို့ကြောင့် ဤမြင်ကွင်းကိုတော့ တိုက်ရိုက် လွှင့်မသွားခဲ့ချေ။

အဝေးတစ်နေရာမှ ကျန်းလင်

"..."

……

[ဒါနဲ့ ခုနက ဘာတွေ ဖြစ်သွားတာလဲ]

[အနိုင်အရှုံး ပေါ်သွားပြီလား]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပရိသတ်များမှာ အနည်း ငယ် ကြောင်တောင်တောင်ဖြစ်နေကြ၏။

'သူတို့က လေဟာနယ်ကို ခဏလောက်ကြည့်လိုက်ရုံပဲ ရှိသေးတယ်၊ ပြီးတော့ တိုက်ပွဲက ပြီးသွားပြီပေါ့'

'သုံးရက် သုံးညတိုင်တိုင် တိုက်ခိုက်တာမျိုးလည်း မရှိဘူး၊ ကောင်းကင်နဲ့ မြေကြီး ကမောက်ကမဖြစ်သွားအောင် တိုက်တာမျိုးလည်း မရှိဘူး...'

[ အေးဟုတ်သားဟ ငရဲပြည်မှာ မူလကတည်းက နေရောင်မှ မရှိတာ]

[ဒါပေမယ့် ဒီအမြန်နှုန်းက]

[အစွမ်းထက်တဲ့ သူတွေကြားက တိုက်ပွဲက စက္ကန့်ပိုင်းအတွင်းမှာပဲ ဆုံးဖြတ်သွားတာ ဖြစ်နိုင်ပါတယ်]

[တစ်ကွက်တည်းနဲ့ အနိုင်အရှုံး ဆုံးဖြတ်လိုက်တာလား]

[ငါကတော့ အလကား ကြည့်လိုက်ရသလိုပဲ]

[လေဟာနယ်: ငါက အလကား မဟုတ်ပါဘူးနော်]

[အဲဒါကြောင့်၊ အချုပ်ပြောရရင် အဲဒီ 'မရဏမင်း' က ငရဲပြည်ကို အုပ်ချုပ်တော့မှာ မဟုတ်ဘူးပေါ့]

ပရိသတ်များမှာ နားလည်သလိုလို၊ နားမလည်သလိုလို ဖြစ်နေကြ၏။

သို့သော် ထို ငရဲမင်းကြီးများ၏စကားများအရ သူတို့ အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

'ဒါကြောင့်၊ အဲဒီ 'မရဏမင်း' က အတုကြီးပေါ့'

'ဒါဆိုရင်၊ သူတို့က စဉ်းတီတုံးပေါ်က ငါးတွေလိုအသတ်ခံရမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့'

ထိုအခါမှသာ ပရိသတ်များအားလုံး သက်ပြင်းချနိုင်သွားကြပြီး ရုတ်တရက် ကမ္ဘာကြီးက အင်မတန် သာယာလှပနေ သည်ဟု ခံစားလိုက်ကြရ၏။

ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးကြားရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်များမှာ ရုတ်တရက် အဆမတန် တိုးပွားလာတော့သည်။

All Chapters