← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

🫧 Chapter 177

"ဝိညာဉ်တမန်တော်ကြီး ကျန်းလင်၊ ခဏလောက် နေပါဦး" ချန်စန်းဝေ အပြေးအလွှား လျှောက်လာ၏။

ကျန်းလင် : "ဘာကိစ္စ ရှိလို့လဲ"

သူ ချန်စန်းဝေ ကို မှတ်မိသလို၊ သူ့နာမည်ကြီး 'ချန်မိသားစု ဟင်းရည်' ကိုလည်း မှတ်မိ‌နေပါသည်။

"ဝိညာဉ်တမန်တော်ကြီး၊ ဒီလိုပါ..."

ချန်စန်းဝေ သူ လတ်တလော စိတ်ညစ်နေရသည့် ကိစ္စကို အစမှအဆုံး ရှင်းပြလိုက်သည်။

မကြာသေးမီက ဝိညာဉ်ဆိုင်ပိုင်ရှင်ကိစ္စက အတော်လေး ကြီးကျယ်သွားသဖြင့် သရဲဈေးတန်းတွင်လည်း ကင်းလှည့်မှုများ တိုးမြှင့်ထားခဲ့၏။

ထို့ကြောင့် ထိုအချိန်အတောအတွင်း ချန်စန်းဝေသည် ချန်ကျားမင်ထံသို့ မသွားဖြစ်ခဲ့ချေ။

ယခုတော့ ဝိညာဉ်ဆိုင်ပိုင်ရှင်ကိစ္စများ ပြီးဆုံးလုနီးပါး ဖြစ်သွားပြီ ဖြစ်ရာ၊ ချန်ကျားမင်၏ သင်ယူမှု အခြေအနေကို သွားရောက် စစ်ဆေးရန် သူ စဉ်းစားမိလိုက်ခြင်း ဖြစ်သည်။

'ဒါမှမဟုတ် သူ ဟင်းချက်တဲ့ အခါမှာ ဘာအခက်အခဲတွေများ ရှိနေလဲဆိုတာကို သွားကြည့်ဖို့ပေါ့'

သို့သော် သူ ချန်ကျားမင်၏ အိပ်မက်ထဲသို့ ဝင်သွားသော အခါ တစ်ဖက်လူက အိပ်မက်ထဲတွင် ဟင်းချက်နေသည်ကို တိုက်ဆိုင်စွာ တွေ့လိုက်ရ၏။

သူသည်အလွန် အလုပ်များနေပုံရသည်။

ထိုသို့ မြင်သောအခါ ချန်စန်းဝေသည် ချန်ကျားမင်၏အလို အလျောက် သိစိတ်ကို ချက်ချင်း နှိုးဆွခြင်း မပြုတော့ဘဲ၊ မှောင်ရိပ်ထဲမှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေလိုက်၏။

ထိုချက်ပြုတ်နေပုံကိုကြည့်ရင်းနှင့် သူ ကျေနပ်စွာခေါင်း ညိတ်လိုက်မိသည်။

'အိပ်မက်ထဲမှာတောင် လေ့ကျင့်နေတယ်၊ စဉ်းစားနေတယ်ဆိုတော့ နေ့ခင်းဘက်မှာလည်း အပျင်းမထူဘူးဆိုတာ သေချာတယ်'

'နေ့ဘက်မှာ စဉ်းစားတဲ့အရာ ညဘက်မှာ အိပ်မက်မက်တယ် ဆိုတာကလည်း လုံးဝ အခြေအမြစ် မရှိတာတော့ မဟုတ်ဘူးပဲ'

ချန်စန်းဝေ၏အမြင်တွင်တော့ ချန်ကျားမင်၌ ထူးချွန်သော ပါရမီမရှိသော်လည်း ကြိုးစားရမည်ကိုတော့ သိသေးသဖြင့် သင်ပေးရကျိုး နပ်သေးသည်ဟု ယူဆမိသည်။

သို့သော် ကြည့်နေရင်းနှင့် တစ်ခုခု လွဲနေကြောင်း ချန်စန်းဝေ ရုတ်တရက် သတိထားမိသွားသည်မှာ 'ဟင်းသီးဟင်းရွက် တွေ ဆေးတယ်၊ ရေနွေးဖျောတယ်၊ ဟင်းကြော်တယ်'

'ဒီ ဟင်းချက်တဲ့ အဆင့်တွေကတော့ ပြဿနာမရှိပါဘူး၊ ဒါပေမယ့် ပန်းကန်ထဲ ထည့်လိုက်တော့မှ ပန်းကန်ထဲက အရာတွေက ဘာလို့ ပုံစံပြောင်းသွားရတာလဲ'

'ဘာလို့ တစ်ဝက်လောက် ဖောက်ထွင်းမြင်ရတဲ့ အရာကြီး တစ်ခု ပါနေရတာလဲ'

'အဲဒါက ဘာကြီးလဲ'

'သူ ထည့်လိုက်တာ အသား မဟုတ်ဘူးလား'

ထိုအချိန်မှာပင်

အိပ်မက်ထဲရှိ ချန်ကျားမင်က သူ့လက်ကို ဘေးနားရှိ ရေစည်ထဲသို့နှိုက်လိုက်သည်ကို မြင်လိုက်ရသည်။

'ရွှမ်း'

'သူ ဆွဲထုတ်လာလိုက်တာက... ငါးတစ်ကောင်'

ထိုအရာကို သေချာမြင်လိုက်ရသောအခါ ချန်စန်းဝေ မှာ ကြောင်အသွားတော့သည်။

'အဲဒီအရာကြီးက...'

'ဘယ်လိုကြည့်ကြည့်... သရဲတစ်ကောင်နဲ့ အရမ်းတူနေသလိုပဲ'

သူ ချန်ကျားမင်ကို မော့ကြည့်လိုက်၊ ချန်ကျားမင်၏ လက်ထဲရှိ 'ငါး' ကို ပြန်ကြည့်လိုက် လုပ်နေမိ၏။

ထို့နောက် ချန်ကျားမင်ကို ထပ်ကြည့်လိုက်ပင်။

ထိုသို့ အကြိမ်ကြိမ်ကြည့်ပြီးနောက်။

ချန်စန်းဝေ စိတ်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်လာသည်။

' ငါများ... အိပ်မက် မှားဝင်လာခဲ့တာလား'

'ဒီလူက ငါ့ရဲ့မျိုးဆက်နဲ့ ရုပ်ချင်းတူပြီး၊ ဟင်းချက်ရတာ ဝါသနာပါတဲ့ သူတစ်ယောက်များ ဖြစ်နေမလား'

'မဟုတ်ရင် ငါ့မျိုးဆက်က ဘယ်လိုလုပ်ပြီး သရဲကို ဟင်းချက်ဖို့ စဉ်းစားမိမှာလဲ'

'ငါပဲ အမြင်မှားနေတာလား၊ ဒါမှမဟုတ် ချန်ကျားမင် ပဲ အိပ်မက်တွေ ယောင်နေတာလား'

……

အိပ်မက်ထဲရှိ ချန်ကျားမင်ကတော့ ဘိုးဘေးကြီး မှောင်ရိပ်ထဲတွင် ကြည့်နေသည်ကို လုံးဝမသိရှိပါချေ။

သူသည် ရေစည်ထဲမှ ဆွဲထုတ်လာသော သရဲတစ္ဆေကို ကြည့်ရင်း တဟီးဟီးရယ်မောလိုက်သည်။

"ဟီးဟီးဟီး... ဒီအကောင်က တော်တော် ဆူတာပဲ၊ နီရဲနေအောင် ချက်စားလို့ ရတယ်"

'ဘယ်လို ချက်ရမလဲ'

'အရင်ဆုံး ဒယ်အိုးထဲထည့်ပြီး ရေနွေးဖျောရမယ်၊ ပြီးရင် ဆော့စ်စပ်ရမယ်'

'အော် ဟုတ်သားပဲ'

ချန်ကျားမင်သည် တစ်ခုခုကို သတိရသွားပြီး ရေစည်ထဲမှ နောက်ထပ် သရဲနှစ်ကောင်ကို ထပ်မံဆယ်ယူလိုက်ပြန်သည်။

ထိုအခါ သူ့မျက်နှာပေါ်ရှိ အပြုံးများက ပိုမို တောက်ပလာ၏။

"ဟင်းရည်လေး တစ်ခွက်လောက်ထပ်လုပ်လိုက်ဦးမယ်၊ ဘိုးဘေးကြီး သင်ပေးထားတဲ့ နည်းလမ်းနဲ့ လေ့ကျင့်လို့ ရတာပေါ့."

"သရဲရဲ့အရသာက ဘယ်လိုနေမလဲ မသိဘူးနော်"

ချန်ကျားမင်သည် မိမိဘာသာ ရေရွတ်နေရင်း လှပသော စိတ်ကူးယဉ်မှုများ ပြည့်နှက်နေတော့သည်။

နောက်တစ်စက္ကန့်တွင်

အိပ်မက်ထဲ၌ စူပါ ဧရာမပန်းကန်လုံးကြီးတစ်လုံး ရုတ်တ ရက် ပေါ်လာပြီး အထဲတွင်ရေကြည်များကလည်း လှုပ်ခတ်နေ‌၏။

ချန်ကျားမင် လက်ထဲရှိ သရဲများကို ထိုပန်းကန်လုံးထဲသို့ လွယ်လွယ်ကူကူပင် ပစ်ထည့်လိုက်သည်။

"မီးဖွင့်ပြီ"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် ထိုဧရာမပန်းကန်လုံးကြီး ၏အတွင်းဘက်တွင် အပြာရောင် မီးတောက်များထွက်ပေါ်လာပြီး စတင်လောင်ကျွမ်းလာတော့သည်။

"ဟီးဟီးဟီး "

ချန်ကျားမင်သည် ပန်းကန်လုံးထဲရှိ သရဲများကို မျက်တောင်မခတ်တမ်းကြည့်နေပြီး ပါးစပ်မှ သွားရည်များကိုပင် သုတ်လိုက်သေးသည်။

ထို့ပြင် တပြွတ်ပြွတ်ဆိုသည့် အသံများပင် ထွက်လာသေးသည်။

"..."

မှောင်ရိပ်ထဲမှ ကြည့်နေသော ချန်စန်းဝေမှာ ရုတ်တရက် ချမ်းစိမ့်စိမ့် ဖြစ်သွားတော့သည်။

သူ့အမြင်တွင်တော့ ဤမျိုးဆက်၏အပြုံးများက အရမ်းကို ထူးဆန်းလွန်းနေ၏။

ချန်ကျားမင်က သူ့ နာမည်ကို တပ်ပြောလိုက်သောအခါ ချန်စန်းဝေမှာ ဝမ်းသာရမည့်အစား ကြက်သီးများပင် ထသွားတော့သည်။

'ဒီကောင်လေးက ဘာလို့ ဒီလောက်တောင်တည်တည်ငြိမ်ငြိမ်နဲ့၊ 'ပျော်ပျော်ရွှင်ရွှင်' ကြီး သရဲတွေကို ဟင်းချက်နေရတာလဲ'

'ဒါက အိပ်မက်ထဲမှာ ဆိုပေမယ့်၊ သာမန်အချိန်တွေမှာလည်း ဒီလို အတွေးမျိုး သေချာပေါက်ရှိခဲ့ဖူးလို့ပဲ ဖြစ်ရမယ်၊ မဟုတ်ရင် အိပ်မက်ထဲမှာ ဒီလောက်တောင် စိတ်လှုပ်ရှားနေမှာ မဟုတ်ဘူး'

'ဟုတ်တယ်၊ စိတ်လှုပ်ရှားနေတာ'

ထိုအချက်ကို သတိပြုမိသွားသောအခါ။

ချန်စန်းဝေသည် ချန်ကျားမင်၏ အလိုအလျောက် သိစိတ်ကို မနှိုးဆွတော့ဘဲ၊ ခဏလောက် ဆက်ကြည့်ပြီးနောက် တိတ် တဆိတ် ထွက်လာခဲ့တော့သည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ ကိုယ်ထင်ပြလိုက်ပါက အနည်းငယ်အန္တရာယ် ရှိနိုင်သည်ဟု သူ သံသယ ဝင်မိသောကြောင့်ပင်။

သူက သရဲဖြစ်သော်လည်း၊ ချန်ကျားမင်က ဤအိပ်မက်၏ ပိုင်ရှင်ဖြစ်နေသေးသည်လေ။

' တကယ်လို့ ချန်ကျားမင်ရဲ့ဆန္ဒက အရမ်း ပြင်းထန်နေမယ် ဆိုရင်‌တော့'

……

သရဲဈေးတန်းသို့ ပြန်ရောက်ပြီးနောက် ချန်စန်းဝေသည် အိပ်မက်ထဲမှ မြင်ကွင်းကို အကြိမ်ကြိမ်ပြန်လည် စဉ်းစားနေမိသည်။

သူ အမွေပေးခဲ့သည့် အချိန်မှစ၍ ဖြစ်ပျက်ခဲ့သမျှကို ပြန် လည်စဉ်းစားကာ၊ ချန်ကျားမင်၏ ဤပြောင်းလဲမှုက ဘယ်အချိန်ကတည်းက စတင်ခဲ့သလဲ ဆိုတာကို သူ သိချင်နေမိ၏။

'ပြီးတော့ ဘာဖြစ်လို့လဲ'

ချန်စန်းဝေ ဘယ်လိုမှ စဉ်းစား၍မရသဖြင့် အလွန်စိတ်ရှုပ်နေတော့သည်။

ဤသည်မှာလည်း သူ ယခု ကျန်းလင်ကို လာရှာရခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။

"ဝိညာဉ်တမန်တော်ကြီး၊ ကျွန်တော်က သူ့အပေါ် အရမ်း တင်းကျပ်လွန်းလို့များလား ဒါမှမဟုတ် ကျွန်တော် သင်ပေးတဲ့ နည်းလမ်းကပဲ မှားနေလို့လား"

"သူက ကျွန်တော့်ကို ပြန်ဆန့်ကျင်ချင်နေတာများလား"

"ဒါမှမဟုတ် ကျွန်တော်က သရဲတစ်ကောင် အနေနဲ့ သူ့ကို စာသင်ပေးနေတာက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုများ ထိခိုက်စေလို့လား"

ချန်စန်းဝေ ကျန်းလင်ကို တိုင်ပင်လိုက်၏။

"ဒီလို အခြေအနေမျိုးမှာ ကျွန်တော် သင်ကြားမှုကို ရပ်ဆိုင်းလိုက်သင့်ပြီလား"

ကျန်းလင် ခဏလောက် နှုတ်ဆိတ်သွားပြီး မေးလိုက်သည်။

"သူက ဧရာမ ပန်းကန်လုံးကြီးနဲ့ သရဲတွေကို ပေါင်းနေတယ်လို့ ခင်ဗျား ပြောလိုက်တာလား"

ချန်စန်းဝေ : "ဟုတ်တယ်"

' ဒါပေမယ့် အဲဒါက အဓိက အချက် မဟုတ်ဘူးလေ'

ကျန်းလင် "သရဲရဲ့ အရသာက ဘယ်လိုနေမလဲ ဆိုတာကိုလည်း သူ့ဘာသာ သူ ပြောနေသေးတယ် ဟုတ်လား"

"ဟုတ်ပါတယ်"

ချန်စန်းဝေ ခေါင်းညိတ်လိုက်ပြီး ရင်ထဲ၌လည်း အနည်းငယ် စိုးရိမ်နေမိသည်။

"ဝိညာဉ်တမန်တော်ကြီး၊ ဒီအထဲမှာ တစ်ခုခုများ ပြဿနာရှိနေလို့လား"

'တကယ်လို့ ချန်ကျားမင်သာ ဒီကိစ္စကြောင့် ဦးနှောက် တစ်ခု ခုဖြစ်သွားမယ် ဆိုရင် သူက အပြစ်သား ဖြစ်သွားတော့မှာပဲ'

'လူကို ဒုက္ခပေးရုံတင် မကဘူး၊ ချန်မိသားစု ဟင်းရည်ရဲ့ အမွေအနှစ်ပါ ပြတ်တောက်သွားမှာလေ'

……

ကျန်းလင် အဖြေမပေးရသေးခင်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပရိသတ်များမှာ အစပိုင်းက ဝေခွဲမရဖြစ်နေရာမှ တဖြည်းဖြည်း သဘောပေါက်သွားကြတော့သည်။

အခုဆိုလျှင် သူတို့ ရယ်ရလွန်း၍ အူတောင်အောင့်နေကြပြီ ဖြစ်၏။

[ဒါက အရင်တုန်းက ဟင်းချက်နည်းအမွေပေးခဲ့တဲ့ ဘိုးဘေးကြီး မဟုတ်လား၊ ငါ မှတ်မိသေးတယ် ဟားဟားဟားဟား]

[ဒီပန်းကန်လုံးကို ကြည့်လိုက်၊ ကြီးလည်း ကြီးတယ်၊ ဝိုင်းလည်း ဝိုင်းတယ်၊ ထမင်းစားဖို့ အရမ်းသင့်တော်တယ် မဟုတ်လား]

[ဘိုးဘေးကြီး: ဒီကလေးတော့ တစ်ခုခု မှားနေပြီ ထင်တယ်]

[ဒါက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ သူ တကယ်လည်း တွေးရဲတယ်၊ ပြီးတော့ အဲဒါကို ဘိုးဘေးကြီးက တိုက်တိုက်ဆိုင်ဆိုင် သွားတွေ့လိုက်သေးတယ်]

ပရိသတ်များသည် ယခင်က ကျန်းအန်းမင်း၏ ဧရာမပန်း ကန်လုံး ဝိညာဉ်လက်နက်ကြီးကို မြင်တွေ့ခဲ့ဖူးကြသည်။

ထို့ကြောင့် ဘာတွေဖြစ်နေလဲ ဆိုတာကို ချက်ချင်းသဘော ပေါက်သွားကြခြင်း ဖြစ်၏။

တစ်ယောက်ချင်းစီတိုင်းက ရယ်ရလွန်း၍ ဗိုက်တောင် နာနေကြပြီပင်။

[အို... ငါ့ဗိုက်တွေ၊ ငါ့ကို အကိုက်အခဲ ပျောက်ဆေးလေး တိုက်ကြပါဦး]

[အပေါ်ကလူ ဒီကိုလာခဲ့၊ ငါ မင်းကို တစ်ချက်လောက် ထိုးပေးမယ်]

[လခွမ်း နာလိုက်တာ]

[ဟားဟားဟား... နင်တို့တွေ လူရွှင်တော် လာလုပ်နေကြတာလား၊ ချန်ကျားမင်ကို သွားပြောပြသင့်လား လို့ ငါ စဉ်းစားနေတယ်]

[ချန်ကျားမင် : ငါ ဘယ်သူလဲ၊ ငါ ဘယ်ရောက်နေတာလဲ]

……

ချန်စန်းဝေ၏ အဖြေကို ကြားပြီးနောက် ကျန်းလင် အနည်း ငယ် စဉ်းစားကာပြောလိုက်၏။

"ဘာမှတော့ မဖြစ်လောက်ပါဘူး၊ သူ အားနေလို့ ဖြစ်မှာပါ"

အဖြေကြားပြီးနောက် ချန်စန်းဝေမှာ ကြောင်အသွား၏။

"အဲလိုလား"

'ဒီပြဿနာကို သူ တကယ် မစဉ်းစားမိခဲ့ဘူး'

သို့သော် ပြန်တွေးကြည့်မည် ဆိုလျှင်၊ မကြာသေးမီက သရဲဈေးတန်းတွင် ကင်းလှည့်မှုများ တိုးမြှင့်ထားသဖြင့် သူ စာသွားမသင်ဖြစ်ခဲ့ချေ။

ပြီးတော့ အရင်ကလည်း ချန်ကျားမင်မှာ ဒီလို အခြေအနေမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးချေမဟုတ်ပါလော။

'ငါ သွားမကြည့်ဖြစ်တဲ့ ဒီအချိန်လေး အတွင်းမှာမှ ရုတ်တ ရက်ဖြစ်လာတာပဲ'

ချန်စန်းဝေ တွေးလေလေ၊ ဖြစ်နိုင်ချေ ရှိလေလေဟု ခံစားလာရ၏။

"ဝိညာဉ်တမန်တော်ကြီး ကျန်းလင်၊ တခြား ဘိုးဘေးကြီးတွေဆီမှာရော ဒီလိုအခြေအနေမျိုး ဖြစ်ဖူးလား"

ကျန်းလင် စဉ်းစားကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဆင်တူတဲ့ အခြေအနေတွေတော့ ရှိဖူးတယ်"

"ဥပမာ - အက အမွေပေးတဲ့ သူတွေဆီမှာဆိုရင်၊ လူသားတွေက ဘိုးဘေးကြီးတွေ၊ သရဲတစ္ဆေတွေနဲ့ အတူတူ ကနေတယ်လို့ အိပ်မက်မက်တတ်ကြတယ်"

"သိုင်းပညာ အမွေပေးတဲ့ သူတွေဆီမှာဆိုရင်လည်း၊ ဘိုးဘေးကြီးရဲ့ ရိုက်နှက်ဆုံးမတာကို ခံရတယ်လို့ အိပ်မက်မက်တတ်ကြတယ်"

ကျန်းလင်၏ရင်ထဲတွင်‌မူ

'ဒါပေမယ့်'

'ဘိုးဘေးကြီးကို စားမယ်၊ ဒါမှမဟုတ် သရဲကို ဟင်းချက်စားမယ်လို့ အိပ်မက်မက်တဲ့ သူမျိုးတော့ မကြားဖူးသေးဘူး...'

"ဒါဆိုရင်လည်း တော်ပါသေးရဲ့ကျေးဇူးတင်ပါတယ် ဝိညာဉ်တမန်တော်ကြီး"

အခုမှ ချန်စန်းဝေ သက်ပြင်းချနိုင်သွားတော့သည်။

ကြည့်ရသည်မှာ ဤသည်က ရုတ်တရက် ဖြစ်ပေါ်လာသော ရောဂါဆိုး တစ်ခုမဟုတ်ပါချေ။

သူ မျက်နှာထားကတင်းမာသွားပြီး "နောက်တစ်ခေါက် ကျွန်တော် သွားရင် သူ့ကို အိမ်စာတွေ အများကြီးထပ်ပေးရမယ်"

ကျန်းလင် "အင်း"

ချန်စန်းဝေ ထွက်ခွာသွားသည်ကို ကြည့်ရင်း ပရိသတ်များ အားလုံး အံ့သြသွားကြတော့သည်။

[ဒီ စကားပြောပုံလေးတွေက ဘာလို့ ဒီလောက်တောင်ရင်းနှီးနေရတာလဲ]

[သတင်းစာ မျက်နှာဖုံး - အင်တာနက်ဆိုင်မှာ မိဘတွေ ဖမ်းမိသွားတဲ့ကလေး : ကြည့်ရတာ အိမ်စာတွေ နည်းလွန်းလို့ဖြစ်မယ်]

[Streamer - ငါကတော့ အပြစ်တင် မခံနိုင်ဘူးနော်]

[Streamer က 666666 ပဲ ကောင်းလိုက်တဲ့ အကွက်]

🫧 Chapter 178

[Streamer က 666666 ပဲ]

(T/N : 66666 = အရမ်းမိုက်)

[ဘိုးဘေးကြီး သတိထားပါဦး သူ မသင်ချင်ရင် ကျွန်တော့်ကို ထည့်စဉ်းစားပေးလို့ ရမလား]

[ဘယ်သူ့ကို သနားရမှန်း ရုတ်တရက် မသိတော့ဘူး ဟားဟားဟားဟား ဒါကြောင့် ကိုယ့်ဘာသာကိုယ်ပဲ ရယ်နေလိုက်တော့မယ်]

ပရိသတ်များက ချန်စန်းဝေ နှင့် Streamer တို့၏စကားပြောဆိုမှုကို ပြန်လည် စဉ်းစားရင်း ရယ်မောနေကြချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် Streamer က ရုတ်တရက် ခေါင်းမော့လာပြီး ကင်မရာကို ကြည့်လိုက်သည်ကို တွေ့လိုက်ရ၏။

ပရိသတ်များမှာ ချက်ချင်းပင် အသက်ရှူ ရပ်တန့်သွားကြတော့သည်။

[ငါ ဘာမှ မကြားလိုက်ရဘူး၊ ပါးစပ်ကို ဇစ်ဆွဲပိတ်ထားလိုက်ပြီ ]

[ဒါက Streamer နဲ့ ဘာမှ မဆိုင်ဘူးဆိုတာ ငါ သက်သေပြနိုင်ပါတယ်]

[Streamer ကြီး အစွမ်းထက်လှပါပေတယ်]

[...]

ထိုအခါ တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်များ၏ပုံစံက ပြိုင်တူ ပြောင်းလဲသွားတော့သည်။

တစ်ခဏတာ တိတ်ဆိတ်သွားပြီးနောက် မှတ်ချက်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

[Streamer ကြီး၊ ကျွန်တော် မှားသွားပါပြီ၊ အသက်ချမ်းသာ ပေးပါ]

[လခွမ်း အပေါ်ကလူ မင်းရဲ့ အသက်ရှင်ချင်စိတ်တွေ ဘယ်ရောက်သွားပြီလဲ မရှင်ချင်တော့ဘူးလား]

[မလုပ်နဲ့ ခုနကဟာက ချန်ကျားမင် ကိုယ်တိုင်များ ဖြစ်နေမလား]

[ဖြစ်နိုင်ချေ ရှိတယ်]

မှတ်ချက်များမှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြန်၏။

သို့သော် ဤတိတ်ဆိတ်မှု၏ နောက်ကွယ်၊ မျက်နှာပြင် အသီး သီး၏ ရှေ့တွင်တော့ ပရိသတ်များမှာ ကုတင်စောင်းကိုပုတ်ကာ ရယ်မောနေကြလေပြီ။

'ဟားဟားဟားဟား.'

တွေးကြည့်ရုံနှင့်ပင် သူတို့ တစ်ညလုံး ရယ်မောနေရန် လုံလောက်နေပြီ ဖြစ်သည်။

'သွားပါပြီ သွားပါပြီ'

ဒီညတော့ အိပ်ပျော်တော့မည် မဟုတ်တော့ချေ။

……

အခြား မျက်နှာပြင်တစ်ခုရှေ့တွင်မူ သန်းခေါင်ယံ အချိန်ကြီး သူငယ်ချင်း၏ဖုန်းခေါ်ဆိုမှုကြောင့် နိုးလာခဲ့ရသော ချန်ကျားမင်မှာ မျက်နှာပျက်နေတော့၏။

ယခု သူ ကော်ဖီအထုပ်အချို့ သွားဝယ်ပြီး မအိပ်ဘဲ နေမည်ဆိုလျှင် ဤဘေးအန္တရာယ်မှ လွတ်ကင်းနိုင်မည်လော။

'သူက တကယ်ကို စိတ်ကူးကြည့်ရုံ သက်သက်ပါ၊ တွေးကြည့်ရုံလေးပါ'

သရဲကို တကယ်စားဖို့၊ ဒါမှမဟုတ် ဘိုးဘေးကြီးကို စားဖို့ မရည်ရွယ်ခဲ့ပါချေ။

ရုတ်တရက် ချန်ကျားမင်သည် ထရပ်လိုက်ပြီး သူ အရင်က လျှောက်တွေးပြီး ရေးမှတ်ထားခဲ့သော မှတ်စုစာအုပ်ကို အမြန်သွားပစ်လိုက်တော့သည်။

စဉ်းစားကြည့်ပြီးနောက် ပစ်လိုက်ရုံဖြင့် စိတ်မချရသေးသဖြင့် ပြန်ကောက်ယူကာ မီးရှို့ပစ်လိုက်၏။

မီးရှို့၍တစ်ဝက်ခန့် အရောက်တွင် တစ်ခုခုလွဲနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

'ဤသို့ မီးရှို့လိုက်ခြင်းက ဘိုးဘေးကြီးဆီသို့ တိုက်ရိုက် ပို့ပေးလိုက်သလို ဖြစ်မသွားဘူးလား'

'လခွမ်း'

'Streamer‌ ကြီးရေ ကယ်ပါဦး'

……

ငရဲပြည်တွင်

ကျန်းလင်သည် စားသောက်ဆိုင်သို့ အရင်သွားကာ နေရာ ကြိုတင်မှာယူလိုက်ပြီးနောက်၊ ပရိသတ်များကို ခေါ်ဆောင်ကာ သရဲဈေးတန်းတွင် တစ်ပတ် ပတ်ပြပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်တော့သည်။

"ဒီနေ့တော့ ဒီလောက်ပါပဲ၊ နောက်တစ်ခေါက်မှ ပြန်တွေ့ကြတာပေါ့" ဟု ကျန်းလင်က ပြောလိုက်၏။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပရိသတ်များမှာ အလွန် အံ့အားသင့်သွားကြတော့သည်။

[အိုး အိုး အိုး Streamer ကြီးက နောက်တစ်ခေါက်မှ ပြန်တွေ့ကြမယ်လို့တောင် ပြောတတ်နေပြီ]

[နောက်မှ တွေ့မယ်၊ မနက်ဖြန်မှ တွေ့မယ်၊ Streamer ကြီးသေချာပေါက် ပြန်လာဖို့ မမေ့နဲ့နော်]

[နောက်တစ်ခေါက် သေချာပေါက်လား လခွမ်း ငါတော့ ရူးတော့မယ်]

[နောက်တစ်ခေါက်ကျရင် ငရဲပြည်ရဲ့ နှစ်သစ်ကူးကို မြင်ရဖို့ မျှော်လင့်ပါတယ် ဟီးဟီးဟီး ငါ တစ်ခါမှ မမြင်ဖူးသေးလို့ပါ]

[အပေါ်ကလူ မင်းရဲ့ စိတ်ကူးက နည်းနည်းတော့ ရဲတင်းလွန်းတယ်၊ ဒါပေမယ့် ငါ့ကိုလည်း တစ်ယောက်လောက် ခေါ်သွားပါဦး]

……

ကျန်းလင်သည် တစ္ဆေဈေးမှ တိုက်ရိုက်ထွက်ခွာလာပြီး အဖွဲ့ (၁၈) ၏နန်းဆောင်သို့ မပြန်ဘဲ၊ ငရဲပြည်၏ကျင့်ကြံရေး အခန်းဆီသို့ လမ်းကြောင်း ပြောင်းသွားလိုက်သည်။

ဤ ဝိညာဉ်ဆိုင်ပိုင်ရှင်ကိစ္စတွင် သူလည်း အကျိုးအမြတ် အများအပြားရရှိခဲ့၏။

ထို့ပြင်ကျန်းလင်သည် ဤအခွင့်အရေးတွင် ဝိညာဉ်ဘုရင် အစောပိုင်း အဆင့်မှ အလယ်အဆင့်သို့ တစ်ဟုန်ထိုးတက်လှမ်းနိုင်မလား ဆိုသည်ကို စမ်းကြည့်ရန်ပြင်ဆင်လိုက်သည်။

ကျင့်ကြံရေး အခန်းတံခါးဝသို့ ရောက်သောအခါ ကျန်းလင် သည် သိမ်းဆည်းရေး အိတ်ကိုမွှေနှောက် ရှာဖွေလိုက်သည်။

စဉ်းစားကြည့်ပြီးနောက် အလယ်အလတ်အဆင့် ကျင့်ကြံရေးကတ်ပြား တစ်ကတ်ကို ထုတ်ယူလိုက်၏။

အကယ်၍ ကျင့်ကြံရေးအခန်းကို ထပ်ပြီးပျက်စီးသွားအောင် လုပ်မိလျှင် ထပ်ပြီး လျော်ကြေးပေးရဦးမည်ဖြစ်သည်။

ထိုသို့ တွေးနေရင်း ကျန်းလင်ခေါင်းမော့ကြည့်လိုက်ရာ ရင်းနှီးနေသော ပုံရိပ်တစ်ခုကို အံ့သြဖွယ် တွေ့လိုက်ရတော့သည်။

ဤသူက အရင်က သူ ဝိညာဉ်ဘုရင်အဆင့်သို့ တက်လှမ်းစဉ်က သူ့အပေါ်ထပ်တွင် ကျင့်ကြံနေခဲ့သော ဝိညာဉ်တမန်တော် မဟုတ်ပါလော။

သူ တစ္ဆေစစ်သူကြီး အဆင့်သို့တက်လှမ်းနိုင်ခဲ့သဖြင့် အောင်ပွဲခံသည့်အနေဖြင့် ထမင်းတစ်ဝိုင်း ကျွေးမည်ဟု တစ်ဖက်လူ ပြောခဲ့သည်ကို ကျန်းလင် မှတ်မိနေသေးသည်။

သို့သော် နောက်ပိုင်းတွင် ကျန်းလင်ကို ငရဲမင်းကြီးက ခေါ်သွားသဖြင့် ထမင်းမစားဖြစ်ခဲ့တော့ချေ။

"မတွေ့ရတာ ကြာပြီနော်..."

ကျန်းလင် နှုတ်ဆက်ရန်ပြင်လိုက်သောအခါ မျက်နှာချင်း ဆိုင်ရှိကင်းလှည့် ဝိညာဉ်တမန်တော် ၁၃ သည် ခေါင်းလှည့်ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ကျောက် ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သွားတော့၏။

သူသည် ကျန်းလင် ထပ်ပြီး တစ်ခုခုပြောရန်ပင် မစောင့်တော့ဘဲ ၁၃ သည် လှည့်ထွက်ကာ အပြင်သို့ပြေးထွက်သွားတော့ သည်။

ကျင့်ကြံရေး အခန်းထဲသို့ပင် မဝင်ခဲ့တော့ချေ။

ကျန်းလင် : "..."

'ဘာ အခြေအနေလဲ'

'ဘာလို့ ဒီလောက် မြန်မြန် ပြေးသွားရတာလဲ'

'ကျင့်ကြံတော့မလို့ မဟုတ်ဘူးလား'

'အရင်တစ်ခေါက်က အထင်လွဲမှုလေးကြောင့်များလား'

ကျင့်ကြံရေးအခန်းကို ပြင်ဆင်ရန် ပိုက်ဆံပေးခဲ့ရသည်က သူကိုယ်တိုင် ဖြစ်ရာ၊ ၁၃ အနေဖြင့် သူ့ကို မြင်သည်နှင့် ပြေးစရာအကြောင်းမရှိဟု ကျန်းလင် တွေးလိုက်မိသည်။

ထိုသို့တွေးကြည့်ပြီးနောက် တစ်ဖက်လူတွင် အရေးတကြီး ကိစ္စ တစ်ခုခု ရှိနေမည်ဟု ကျန်းလင် ယူဆလိုက်တော့၏။

……

အလယ်အလတ်အဆင့် ကျင့်ကြံရေးအခန်းထဲသို့ ဝင်ပြီးနောက်၊ ကျန်းလင်သည် မကြာသေးမီက ရရှိထားသော အမှတ်များ အားလုံးကိုအသုံးပြု၍ သရဲချီဆေးလုံးများ လဲလှယ်ရန် ပြင်လိုက်သည်။

သို့သော် စနစ်ဈေးဆိုင်ကို ဖွင့်လိုက်ပြီးနောက် သူ တစ်ခုခုကို ရုတ်တရက် သတိရသွားကာ ဈေးဆိုင်၏အခြား စာမျက်နှာများဆီသို့ လှန်ကြည့်လိုက်၏။

မကြာခင် နှစ်သစ်ကူးတော့မည်ဖြစ်သည်။

သူ မှတ်မိခြင်းက မမှားဘူးဆိုလျှင် ရွှီရှို့စစ်အိမ်က ကလေးသည် ဒီနှစ်ကုန်လျှင် အလုပ်သင်ကာလ ပြီးဆုံးတော့မည် မဟုတ်လော။

အလုပ်သင်ကာလ ပြီးဆုံးသွားပါက သီးခြားရပ်တည်နိုင်သော ဝိညာဉ်တမန်တော်တစ်ပါး ဖြစ်လာမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်ဖြစ် သူ လက်ဆောင် တစ်ခုခုတော့ ပေးသင့်ပေသည်လေ။

'အင်း နှစ်သစ်ကူးမှာလည်း အဲဒီကလေးကို အန်ပေါင်းတစ်ခု ပေးရဦးမယ်'

'အရင်တုန်းက ပိုက်ဆံသိပ်မရှိခဲ့ပေမယ့် အခု ပိုက်ဆံရှိနေပြီ ဆိုတော့ နည်းနည်းပိုပြီး ပေးလို့ရပြီ'

စနစ်ဈေးဆိုင်ထဲရှိ ပစ္စည်းများမှာ မျိုးစုံလင်လှသည်။

ဝိညာဉ်လက်နက်များ၊ အင်းသူငယ်များ၊ မန္တန်အစီအရင်များ အစရှိသဖြင့် များပြားလှ၏။

ကျန်းလင်သည် ထိုအရာများကို အခြေခံအားဖြင့် တစ်ခါမှ ဝင်မကြည့်ဖူးခဲ့ချေ။

သူ၏အမှတ်အများစုကို သရဲချီဆေးလုံးများ ဝယ်ယူရန်သာ အသုံးပြုခဲ့သည်။

ဤအရာများက မကောင်း၍တော့ မဟုတ်ပါ၊ သူ၏ အလိုအ လျောက် သိစိတ်အရ ခံစားမိသည်ကတော့

'ဒီပစ္စည်းတွေ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ကိုယ့်လက် သီး ကိုယ်ကြီးတာကမှ တကယ့် အစစ်အမှန် စွမ်းအားပဲ' လို့ တွေးမိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူ ဈေးဆိုင်သို့လာတိုင်း စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် သရဲချီဆေးလုံးများကိုသာ အခြေခံအားဖြင့် အာရုံစိုက်လေ့ ရှိ၏။

'ဘာလက်ဆောင် ပေးရင် ကောင်းမလဲ'

ကျန်းလင်၏ ပထမဆုံး အတွေးက အသက်ကိုကာကွယ်ပေးနိုင်သည့် အရာတစ်ခုခု ပေးရန်ပင်။

အသက်ရှင်နေမှသာ နောက်ပိုင်း ကိစ္စတွေကို ဆက်ပြောလို့ ရမည် မဟုတ်လော။

:အသက်မရှိတော့ဘူးဆိုရင် ဘာမှလည်း ရှိတော့မှာ မဟုတ်ဘူး'

သရဲချီဆေးလုံးများနှင့် ပတ်သက်၍တော့ ကျန်းလင် သိပ်မစဉ်းစားမိပါချေ။

သရဲချီဆေးလုံးက ကောင်းသော်လည်း၊ တစ်လုံးက စွမ်းအား အစိတ်အပိုင်း တစ်ခုကိုသာ မြှင့်တင်ပေးနိုင်သည်။

သူ့လိုမျိုး ရေရှည်ရရှိနိုင်မယ့် နည်းလမ်းမျိုး ရှိနေမှသာ အဆင်ပြေမည် ဖြစ်သည်။

……

'သံချပ်ကာ'

'အကာအကွယ် အစီအရင်'

'ရွှေခေါင်းလောင်း'

' အင်းကွက်များ'

ကျန်းလင်၏ အကြည့်များက ဈေးဆိုင် စာမျက်နှာပေါ်တွင် လျင်မြန်စွာ ဖြတ်သန်းသွား၏။

ရုတ်တရက် သူ့ အကြည့်များက ရပ်တန့်သွားပြီး ကုန်ပစ္စည်း နှစ်မျိုးကို ရှာဖွေတွေ့ရှိသွားတော့သည်။

"ဝိညာဉ်ကာကွယ်ရေး သံချပ်ကာ၊ အမှတ် နှစ်ထောင်၊ တိုက် ခိုက်မှုများကို ကာကွယ်ရန် သရဲချီအငွေ့အသက်များကို သိုလှောင်ထားနိုင်သည်။

အမြင့်ဆုံး အနေဖြင့် တစ္ဆေစစ်သူကြီး တစ်ပါး၏အပြင်းထန်ဆုံး တိုက်ခိုက်မှုကိုကာကွယ်နိုင်ပြီး စွမ်းအား ၂% ကိုပြန် လည်ရိုက်ခတ်စေနိုင်၏။

မှတ်ချက် - သရဲချီအငွေ့အသက်များကို အချိန်မီ ဖြည့်တင်းပေးရန်လိုအပ်ပြီး၊ ကာကွယ်နိုင်စွမ်းမှာ သိုလှောင်ထားသော သရဲချီအငွေ့အသက် ပမာဏအပေါ် မူတည်နေသည်။"

……

"ဝိညာဉ်စုစည်းရေး ပုလဲလုံး၊ အမှတ် သုံးထောင်၊ ပုံမှန် အချိန်တွင် ဝတ်ဆင်ထားပါက ဝိညာဉ်၏ခိုင်မာမှုကို မြှင့်တင်ပေးနိုင်ပြီး၊ အသက်အန္တရာယ် ကြုံတွေ့ရချိန်တွင် ပြန့်ကျဲသွားသော ဝိညာဉ်ကို ပြန်လည် စုစည်းပေးနိုင်သည်။

အသုံးပြုနိုင်သော အခြေအနေ - တစ္ဆေစစ်သူကြီး အဆင့်နှင့် အောက်။

မှတ်ချက် - ၎င်းမှာ တစ်ခါသုံး ဝိညာဉ်လက်နက်ဖြစ်သည်"

……

ကျန်းလင် ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် နှစ်ခုလုံးကို ဝယ်ယူရန် ဆုံးဖြတ်လိုက်တော့သည်။

ဤနှစ်မျိုးစလုံးက ရွှီရှို့စစ်အိမ်မှ ကလေး လတ်တလော အသုံးပြုရန် အလွန်သင့်တော်လှ၏။

အလုပ်သင်ကာလ ပြီးဆုံးသွားပြီးနောက် မည်သည့် အလုပ်ကိုလုပ်သည်ဖြစ်စေ၊ အသုံးဝင်မည်မှာ သေချာသည်မဟုတ်လော။

[ဒင် လျှော့ဈေးကတ်ပြား အသုံးပြုခြင်း အောင်မြင်ပါသည်၊ မူလတန်ဖိုး စုစုပေါင်း အမှတ် ၅၀၀၀၊ အမှန်တကယ် ပေးချေရမည့် အမှတ် ၄၀၀၀]

[ဒင်~ (ဝိညာဉ်ကာကွယ်ရေး သံချပ်ကာ) ဝယ်ယူခြင်း အောင်မြင်ပါသည်]

[ဒင် (ဝိညာဉ်စုစည်းရေး ပုလဲလုံး) ဝယ်ယူခြင်း အောင်မြင်ပါသည်]

ကျန်းလင်သည် လက်ထဲတွင် ပေါ်လာသော ဝိညာဉ်လက်နက် နှစ်ခုကို ကြည့်ရင်း၊ စနစ်ကအမှတ်များကို တွက်ချက်တာ မှားယွင်းမှု ရှိ၊ မရှိ စိတ်ထဲမှ အလိုအလျောက်တွက်ချက်ကြည့်လိုက်မိ၏။

သို့သော် သူ ပုံမှန်အချိန်များတွင် ပိုက်ဆံ စုဆောင်းတတ်သော်လည်း၊ သုံးသင့်သုံးထိုက်သည့် နေရာများတွင်တော့ လုံးဝ ဝန်လေးခြင်း မရှိပါချေ။

သူတွင် သူငယ်ချင်းက မများလှပေ။

ထို့ပြင် ရွှီရှို့စစ်၏ အိမ်တွင် ဤကလေး တစ်ယောက်တည်းသာရှိခြင်း ဖြစ်သည်။

အရင်နှစ်များက ရွှီရှို့စစ်မိသားစုက ကျန်းလင်ကို ဂရုစိုက်ပေးခဲ့ကြသည်။

ပုံမှန်အချိန်များတွင် အိမ်၌ အစားအသောက်ကောင်းများ ချက်ပြုတ်ပါက ကျန်းလင်ကို ခေါ်ကျွေးရန် အမြဲသတိရတတ်ပြီး သို့မဟုတ် သူ့အတွက် တစ်ပွဲချန်ထားပေးလေ့ ရှိ၏။

ဤနှစ်များအတွင်း ကျန်းလင်မှာ တစ်ကိုယ်တည်း သွားလာနေထိုင်ရသည်ကို အကျင့်ပါနေခဲ့ပြီဖြစ်သည်။

'ရွှီရှို့စစ် မိသားစုက သူ့ကို အကူအညီတွေ အများကြီးပေးခဲ့လို့၊ ဒါမှမဟုတ် ထမင်းတွေ အများကြီးကျွေးခဲ့လို့တော့ မဟုတ်ပါဘူး'

ဤစေတနာနှင့် ဤညီအစ်ကိုသံယောဇဉ်ကို ကျန်းလင် အမှန်တကယ် တန်ဖိုးထား မြတ်နိုးမိသောကြောင့်ဖြစ်၏။

ထို့ကြောင့် ဤအမှတ်များကို သုံးစွဲရခြင်းအပေါ် ကျန်းလင်မှာလုံးဝနှမြောတွန့်တိုနေခြင်း လုံးဝမရှိပါချေ။

All Chapters