အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း (၁၅၅) ရေနက်ပိုင်း နဂါးမျိုးနွယ်.. ယုံကြည်မှုရှိတဲ့ မင်းသား
တစ်ချိန်တည်းမှာပင် နတ်ဘုရားတောင် ဧရိယာကို ဗဟိုပြု၍ တခြားတာအိုနယ်မြေများမှ မရေမတွက်နိုင်သော ပါရမီရှင်များနှင့် ကောင်းကင်ဘုံ တာအိုနယ်မြေမှ ဒေသခံ ကျင့်ကြံသူများသည် မိုင်အနည်းငယ် ပတ်လည်အတွင်း စုဝေးနေကြ၏။
နတ်ဘုရားသင်္ဘောများ ကောင်းကင်ယံအပြည့် ရှိနေပြီး လူအုပ်ကြီးသည် ပင်လယ်ပြင်ကြီးတစ်ခုအလားပင်။
"မင်း ကြားပြီးပြီလား... မေ့လျော့ခြင်းသူတော်စင်နန်းတော်ရဲ့ သူတော်စင်နန်းတော် သခင်က ဆန်းကြယ်မြူခိုး ဧရိယာထဲကို ဝင်သွားတာ ဆယ့်ငါးမိနစ်တောင် မပြည့်သေးဘဲနဲ့ သူ့ရဲ့အသက်တံဆိပ်ပြားက လုံးဝကျိုးပဲ့ပျက်စီးသွားတယ်... အဲ့ဒီနေရာမှာ သေချာပေါက် ကြီးမားတဲ့ အန္တရာယ်တစ်ခု ရှိနေတယ်..."
"လူအများနဲ့ အဆက်အသွယ်ဖြတ်ပြီး သီးခြားနေထိုင်တဲ့ ထန်မိသားစုလည်း ရောက်လာတယ်... သူတို့ဆီမှာ ခြေလှမ်းတစ်ဝက် သူတော်စင်သုံးယောက်ရှိပေမယ့် တစ်ယောက်မှ အသက်ရှင်ရက် မကျန်ရစ်ခဲ့ဘူး..."
"ဆန်းကြယ်မြူခိုးဧရိယာထဲမှာ ပုန်းနေတဲ့ အမည်မသိ မကောင်းဆိုးဝါးတွေက ရှေးဟောင်းသတ္တဝါတချို့လို့ ငါ ကြားထားတယ်... သူတို့က အပြင်လူတွေ အလွယ်တကူ မချဉ်းကပ်နိုင်အောင် တားဆီးနေတဲ့ နတ်ဘုရားတောင်ရဲ့ အစောင့်အရှောက်တွေ ဖြစ်ပုံရတယ်..."
"ဒီလူတွေက ငါတို့ရဲ့ ကောင်းကင်ဘုံ တာအိုနယ်မြေမှာ နာမည်ကြီးပေမယ့် တခြားတာအိုနယ်မြေတွေက ပါရမီရှင်တွေရဲ့ ရှေ့မှာတော့ မလုံလောက်သေးပါဘူး... အနိုင်ရမယ့်လူတွေက သေချာပေါက် သူတို့ မဖြစ်နိုင်ဘူး..."
တစ်စုံတစ်ယောက်က ကြားဖြတ်ပြောဆိုလိုက်၏။
ဝီ...
ဤကျင့်ကြံသူ၏စကားသံများ ကျဆင်းသွားသည့် အချိန်အခိုက်အတန့်မှာပင် မိုးကုတ်စက်ဝိုင်းမှ အဆုံးမဲ့ ဓားချီအလင်းတန်းများ ပျံ့နှံ့လာခဲ့သည်။
ကြီးမားသော ဓားစိတ်ဆန္ဒက လူများစွာကို ချက်ချင်းအသက်ရှူရခက်စေခဲ့သည်။
ထိုဓားစိတ်ဆန္ဒ လှိုင်းလုံးကြီးနှင့် ပို၍နီးကပ်စွာ ရှိနေသော ကျွမ်းကျင်သူအများအပြားသည် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုကို ခံစားလိုက်ရပုံ ရပေ၏။
ဖူးခနဲ အသံများနှင့်အတူ သူတို့သည် သွေးများ အန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။
"အဲ့ဒါက..."
ထိတ်လန့်တကြား အကြည့်များကြားတွင် ဓားပျံများကို စီးနင်းကာ လေထဲတွင် ပျံသန်းနေသော ပုံရိပ်အချို့သည် ဟင်းလင်းပြင်ကို ထိုးဖောက်လာခဲ့သည်။
အထူးသဖြင့် သူတို့ကို ဦးဆောင်နေသော စိမ်းပြာရောင်ဝတ်စုံဝတ် ဓားကျင့်ကြံသူပင်။
သူသည် ချောမောပြီး ကျော့ရှင်းကာ အရပ်ရှည်ပေ၏။ သူ့ထံ၌ သန်မာသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး သူ၏လှုပ်ရှားမှုတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းပြီး တောက်ပသည့် ဓားအရှိန်အဝါများကို ထုတ်လွှတ်နေသည်။
"အကြွင်းမဲ့ ကောင်းကင်ဓားဂိုဏ်းရဲ့ အပူအပင်မဲ့ဓားသခင်ပဲ..."
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဓားစိတ်ဆန္ဒလဲ... သူက ဓားနဲ့လူ တစ်သားတည်းဖြစ်တဲ့ နယ်ပယ်ကို ရောက်နေပြီ မဟုတ်လား..."
မရေမတွက်နိုင်သော ပါရမီရှင်များနှင့် ကျွမ်းကျင်သူများသည် ကြီးမားသော ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။
သူ၏အရှိန်အဝါကို တမင်သက်သက် မထုတ်လွှတ်ဘဲနှင့်ပင် သူသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒကို ထုတ်လွှတ်ထားနိုင်သည်။ သူ၏ ခွန်အားအပြည့်အဝကို ထုတ်လွှတ်လိုက်သောအခါ သူ မည်မျှထိ အားကောင်းမည်ကို စိတ်ကူးယဥ်ကြည့်ရန်ပင် ခက်ခဲလှသည်။
"အမှိုက်တွေ... ဒီမင်းသားရဲ့လမ်းကို မပိတ်နဲ့..."
ထိုအချိန်မှာပင် ဒေါသတကြီး ဟိန်းဟောက်သံ တစ်သံက မိုးကုတ်စက်ဝိုင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဝုန်း...
ကောင်းကင်၏ တခြားတစ်ဖက်တွင် မတ်တတ်ရပ်နေသော ကျွမ်းကျင်သူတချို့သည် ဧရာမချောက်နက်ကြီးနှင့် တူညီသော နဂါးပါးစပ်ကြီးတစ်ခု၏ ရုတ်တရက် ဝါးမြိုခြင်းကို ခံလိုက်ရပြီး ကောင်းကင်ယံအပြည့် သွေးမြူများအဖြစ် အသွင်ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။
"အဲ့ဒါက... ရေနက်ပိုင်းနဂါးမျိုးနွယ်ရဲ့ မဟာ မင်းသား... မင်းသားအောင်းခုံး ပဲ..."
သူ့ကို မှတ်မိသွားသော ကျင့်ကြံသူတစ်ဦးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
ဟင်းလင်းပြင်သည် မှန်တစ်ချပ်အလား ပြိုလဲပျက်စီးသွားပေ၏။
ခေါင်းပေါ်တွင် နဂါးဦးချိုများ ရှိပြီး ကြောက်မက်ဖွယ်ကောင်းသော နဂါးအရှိန်အဝါများ ထုတ်လွှတ်နေသည့် ပုံရိပ်တချို့က ဟင်းလင်းပြင်တွင် မတ်တတ်ရပ်နေကြသည်။
ပင်လယ်ပြာရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော ဦးဆောင်နေသည့် လူငယ်လေး၏တစ်ကိုယ်လုံးမှ ယုံကြည်နိုင်စရာ မကောင်းလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီများ ဖြာထွက်နေသည်။ ထိုအရာက ဟင်းလင်းပြင်ကို အနည်းငယ် တွန့်လိမ်သွားစေခဲ့သည်။
ယောင်မျိုးနွယ်အင်အားစု အများအပြားသည် ကောင်းကင်ဘုံ တာအိုနယ်မြေသို့ ဝင်ရောက်လာကြ၏။
ထိုအဖွဲ့များအနက် အလုံးစုံစွမ်းအားအရ အားအကောင်းဆုံးနှစ်ခုမှာ ရွှေကျီးကန်း နတ်ဘုရားတောင်နှင့် ရေနက်ပိုင်း နဂါးမျိုးနွယ်တို့ပင်။
သို့သော် ရေနက်ပိုင်း နဂါးမျိုးနွယ်သည် ကောင်းကင်ဘုံ တာအိုနယ်မြေသို့ ဝင်ရောက်လာရာတွင် တခြားရည်ရွယ်ချက်များ ရှိနေပုံရသည်။
ထို့ကြောင့် သူတို့သည် ဤကာလအတွင်း လုံးလုံးလျားလျား တိတ်ဆိတ်နေခဲ့ကြပြီး လူအများအပြားက ရေနက်ပိုင်း နဂါးမျိုးနွယ် အကြောင်းကိုပင် မေ့လျော့သွားခဲ့ကြ၏။
"နတ်... နတ်ဘုရားဘုရင်..."
မင်းသားအောင်းခုံး၏ နတ်ဘုရားဘုရင်နယ်ပယ် အဆင့်တစ်ကျင့်ကြံခြင်းကို သူတို့ အာရုံခံမိလိုက်သောအခါ လူအများအပြား၏ မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားကြသည်။
"ရေနက်ပိုင်း နဂါးမျိုးနွယ်က တကယ့်ကို သိုသိုသိပ်သိပ်နေပြီး တိုးတက်လာခဲ့တာပဲ..."
မကြာသေးမီက ရေနက်ပိုင်း နဂါးမျိုးနွယ်၏ ပါရမီရှင်များ မည်သည်ကြောင့် တိတ်ဆိတ်နေခဲ့သနည်းဆိုသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ သူတို့သည် ကြီးမားသော လှုပ်ရှားမှုတစ်ခုအတွက် ပြင်ဆင်နေခဲ့ခြင်းပင်။
ဤသည်မှာ ဤနေရာသို့ ဆင်းသက်လာသော မရေမတွက်နိုင်သည့် ပါရမီရှင်များထဲတွင် တစ်ဦးတည်းသော နတ်ဘုရားဘုရင်ပင်။
ပတ်ဝန်းကျင်ရှိ လူများ၏ အံ့အားသင့်နေသော အကြည့်များကို ခံစားရင်း မင်းသားအောင်းခုံးသည် အလွန်စိတ်ကျေနပ်သွားပြီး ခေါင်းမော့ရင်ကော့ခြင်းမပြုဘဲ မနေနိုင်တော့ချေ။
သူသည် ရေနက်ပိုင်းနဂါးမျိုးနွယ်နှင့် ပါရမီရှင် အများအပြားကို ဤနေရာသို့ ဦးဆောင်လာကတည်းက သူအား ပထမဦးစွာ သိုသိုသိပ်သိပ်နေပြီး တိုးတက်အောင်လုပ်ရန်ဟူသည့် သူ့ဧကရာဇ်ဖခင်၏အမိန့်ကို အမြဲတစေ လိုက်နာခဲ့သည်။
နတ်ဘုရားသားတော်ယန်ရန်နှင့် ခုံးဝူတောက်တို့သည် ကောင်းကင်ဘုံ တာအိုနယ်မြေတစ်ခုလုံးတွင် နာမည်ကြီးနေစဉ် သူသည် ရူးသွပ်စွာ ကျင့်ကြံနေခဲ့ပေ၏။
နတ်ဘုရားဘုရင်နယ်ပယ်သို့ ရောက်ရှိပြီးနောက် သူသည် နတ်ဘုရားဘုရင် ဓမ္မပုံရိပ်ယောင်သုံးခုကိုပင် စုစည်းနိုင်ခဲ့သည်။
ယခုအချိန်၌ သူသည် တခြားတာအိုနယ်မြေများမှ ပါရမီရှင်အများအပြားထဲတွင် တစ်ဦးတည်းသော နတ်ဘုရားဘုရင် ဖြစ်လာပြီဖြစ်ရာ သူ၏ ဂုဏ်ကျက်သရေကို နောက်ဆုံးတွင် အပြည့်အဝ ပြသနိုင်လေပြီ။
"အခက်အခဲတွေကို ခံစားပြီး ဒီလောက်ကြာအောင် ကြိုးကြိုးစားစား ကျင့်ကြံခဲ့ရတာ... ဒီ ရှေးဟောင်းမဟာတာအို အမှတ်အသားက သေချာပေါက် ငါ့ရဲ့လက်ထဲကို ရောက်လာမှာပဲ..."
"ပြီးတော့ လူသားမျိုးနွယ်က အဲ့ဒီခုံးဝူတောက်... ငါ သူနဲ့တွေ့ပြီး အပြင်ကမ္ဘာက ပြောနေသလိုမျိုး တကယ်ပဲ သူက နတ်ဘုရား တစ်ပါးလား ဆိုတာ ကြည့်ချင်သေးတယ်..."
နတ်ဘုရားဘုရင်နယ်ပယ်သို့ ရောက်ရှိသွားသော မင်းသားအောင်းခုံးသည် သူ၏ခွန်အားကို ပြသရန် သဘာဝကျကျ တောင့်တနေခဲ့သည်။
သူ၏အမြင်အရ ခုံးဝူတောက်သည် သူ၏ဂုဏ်သတင်းကို တည်ဆောက်ရန် ကောင်းမွန်သော ကိုယ်စားလှယ်လောင်းတစ်ဦးပင်။
...
"ရေနက်ပိုင်း နဂါးမျိုးနွယ်က တကယ်ကို နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေတာပဲ..."
အသိဝင်လာသူများသည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
"အပြင်ဘက် တာအိုနယ်မြေတွေက ပါရမီရှင်တွေက အရမ်းသန်မာအားကောင်းနေပြီ... ပြီးတော့ သူက ဒီလောက် ငယ်ငယ်လေးနဲ့ နတ်ဘုရားဘုရင်နယ်ပယ်ကို တကယ်ကြီး ရောက်သွားတာပဲ..."
"နတ်ဘုရားဘုရင်နယ်ပယ်ကို ရောက်နေတဲ့ ပါရမီရှင်တစ်ယောက်နဲ့ ဟင်းလင်းပြင်နတ်ဘုရားတစ်ယောက်က လုံးဝကို အစွန်းနှစ်ဖက်ပဲ..."
"မင်းသားအောင်းခုံးနဲ့ နတ်ဘုရားသားတော်အရှင်ဝူတောက်... ဘယ်သူက ပိုအားကောင်းလဲ မသိဘူး..."
လူတိုင်းသည် တိုင်ပင်ဆွေးနွေးပြီး သက်ပြင်းချနေကြ၏။
သူတို့၏အာရုံခံနိုင်စွမ်းအရ ဤတခြားတာအိုနယ်မြေများမှ ပါရမီရှင်များအားလုံးသည် ချိုးဖျက်မှုများ ပြုလုပ်ခဲ့ကြပြီး သူတို့၏ ခွန်အားသည် ယခင်ကဲ့သို့ မဟုတ်တော့ချေ။
ခုံးဝူတောက်သည် ယခင်ကဲ့သို့ လွှမ်းမိုးနိုင်သော ဟန်ပန်ဖြင့် အရာအားလုံးကို တံမြက်စည်းလှည်းသကဲ့သို့ ရှင်းလင်းပစ်နိုင်မည်လောဟု သူတို့ တွေးတောမိကြသည်။
ဝီ...
ထိုအချိန်မှာပင် အလင်းတန်းတချို့ မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာခဲ့သည်။
ရှဲ့လင်းယွင်သည် ဟုန်ချန်သီလရှင်ကျောင်းမှ ကောင်းကင်ဘုံအပျိုစင် သုံးဦးနှင့်အတူ ထောင်ပေါင်းများစွာသော နတ်ဘုရား အလင်းတန်းများ ဖြာထွက်လာပြီး ဤနေရာသို့ ရောက်ရှိလာခဲ့၏။
သူမတို့ကို ဦးဆောင်နေသော ရှဲ့လင်းယွင်သည် အလွန်လှပပြီး လောကီနှင့် ကင်းကွာကာ လှုပ်ရှားမှုတိုင်းတွင် သန့်ရှင်းပြီး ကျူးလွန်၍မရသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
ဤသည်က သူမ၏ အထူးရုပ်ခန္ဓာကိုယ်ကြောင့် ဖြစ်နိုင်သည်။ သူမ ရောက်လာသည့် အချိန်အခိုက်အတန့်တွင် ထူးဆန်းသော ရနံ့တစ်ခုက ဟင်းလင်းပြင်၏ ကျယ်ပြန့်သော ဧရိယာတစ်ခုကို လွှမ်းခြုံသွားတော့သည်။
ထိုရနံ့ကိုရှူရှိုက်မိသူများသည် လောကီနယ်ပယ်ကို မေ့ပျောက်တော့မည့်အလား ပုံရိပ်ယောင် အခြေအနေတစ်ခုသို့ ချက်ချင်းကျရောက်သွားကြ၏။
"ဟမ့်... ဒီသီလရှင်တွေရဲ့ အနံ့က တကယ်ကို မနှစ်မြို့စရာပဲ..."
မင်းသားအောင်းခုံးက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ တလိမ့်လိမ့်ထနေသော နတ်ဆိုးချီများ ပျံ့နှံ့သွားပြီး ထူးဆန်းသော ရနံ့ကို ဖယ်ရှားလိုက်သည်။
ထိုအချိန်မှသာ လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခုသို့ ကျရောက်နေသော ကျင့်ကြံသူများသည် တဖြည်းဖြည်း နိုးထလာကြတော့သည်။
မည်မျှထိ ကြောက်စရာကောင်းသော နည်းလမ်းများ ဖြစ်သနည်း...
သူမက လက်ဟန်အမူအရာလေး တစ်ခုတည်းဖြင့် လူများကို လောကီနယ်ပယ်အား မေ့ပျောက်သွားစေနိုင်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နိုင်ပေ၏။
အေးစက်သော ချွေးစေးများသည် လူတိုင်း၏နဖူးမှ ကျဆင်းလာခဲ့သည်။
အကယ်၍ ဤအရာက ဟုန်ချန်သီလရှင်ကျောင်း၏ ဟုန်ချန်ဖူတူနတ်ဘုရားစွမ်းရည်နှင့် ပေါင်းစပ်လိုက်မည်ဆိုပါက သူတို့၏ဆန္ဒများနှင့် ပျော်ရွှင်မှုများသည် လုံးလုံးလျားလျား သန့်စင်ခြင်း ခံရလောက်ပေ၏။
တခြားတစ်ဖက်တွင် ပုံရိပ်ယောင်ဖြင့် သူ၏ အသွင်အပြင်ကို ပြောင်းလဲထားသော တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူတော်စင်နန်းတော်သခင် အုပ်စုတစ်စုနှင့်အတူ လူအုပ်ထဲတွင် ပုန်းအောင်းနေသည်။
ရှဲ့လင်းယွင်ကို သူ မြင်လိုက်ရသောအခါ တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်လုံးများက လင်းလက်တောက်ပသွားသည်။
"ဒီအမျိုးသမီးက ဒဏ္ဍာရီလာ ဖန်သားနတ်ဘုရား ကျောက်စိမ်းရုပ်ခန္ဓာကိုယ်ကို တကယ်ကြီး ပိုင်ဆိုင်ထားတာလား..."
"ဒီလိုရုပ်ခန္ဓာကိုယ်မျိုးက လောကီနယ်ပယ်ရဲ့ အချုပ်အနှောင်တွေကို ဖြတ်တောက်ပြီးတာနဲ့ အကန့်အသတ်မရှိတဲ့ ပါရမီတွေနဲ့အတူ ဟုန်ချန် နတ်ဘုရားခန္ဓာကိုယ်အဖြစ် ထပ်ပြီးအသွင်ပြောင်းသွားနိုင်တယ်..."
"ဒါ့ပြင် တကယ်လို့ ကံစပ်တဲ့ အမျိုးသားတစ်ယောက်က လောကီနယ်ပယ်ရဲ့ အချုပ်အနှောင်တွေကို ဖျက်ဆီးဖို့ သူ့ကို ကူညီပေးမယ်ဆိုရင် ကိုယ်တိုင်အတွက်လည်း အကန့်အသတ်မရှိတဲ့ အကျိုးကျေးဇူးတွေကို ရနိုင်တယ်..."
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် အလွန်အမင်း သွေးဆောင်ခြင်း ခံလိုက်ရပေ၏။
ရှဲ့လင်းယွင်သည် သူ ယခင်က တွေ့ဖူးသမျှ အမျိုးသမီးတိုင်းထက် များစွာသာလွန်ထူးကဲသည်။
ထို့ပြင် သူမ၏အသွင်အပြင်က သူ၏အကြိုက်နှင့် အလွန်ကိုက်ညီသည်။
အကယ်၍ သူသာ သူမကို ဆွဲဆောင်နိုင်မည်ဆိုပါက ထိုအရာက သေချာပေါက် ကြီးမားသော ကံကောင်းမှုတစ်ခု ဖြစ်ပေလိမ့်မည်။
ရှဲ့လင်းယွင်ကို မည်သို့ ချဉ်းကပ်ရမည်ကို တုန်လှုပ်ချောက်ချား အင်မော်တယ် စဉ်းစားနေစဉ်မှာပင် မိုးကြိုးပစ်သကဲ့သို့ တုန်ခါသံတစ်သံက မိုးကုတ်စက်ဝိုင်းမှ ပဲ့တင်ထပ်လာသည်။ ထိုအသံနှင့်အတူ ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားသည့် မမြင်နိုင်သော ဖိအားတစ်ခုလည်း ပါဝင်လာခဲ့ပေ၏။
လူအများအပြားသည် သူတို့၏ နှလုံးသားများ တင်းကြပ်သွားသည်ကို ခံစားလိုက်ရပြီး အေးစက်သော ချွေးစေးများက သူတို့၏ နဖူးများမှ စိမ့်ထွက်လာခဲ့သည်။
"ဒါက..."
"အဲ့ဒီကို ကြည့်လိုက်စမ်း..."
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။
လူတိုင်းက မိုးကုတ်စက်ဝိုင်းဆီသို့ ကြည့်လိုက်ကြသည်။
မိုးကုတ်စက်ဝိုင်းပေါ်ရှိ တိမ်ပင်လယ်ကြီး ကျိုးပဲ့သွားပြီး အဆုံးမဲ့ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
ကြယ်ရောင်များ ဝန်းရံနေသော ဧရာမ အင်မော်တယ် သင်္ဘော တစ်စင်းသည် ဟင်းလင်းပြင်ကို ခြေမွှဖျက်ဆီးကာ အလျင်အမြန် ပျံသန်းလာပေ၏။
"အဲ့ဒါက နတ်ဘုရားသားတော်အရှင် ဝူတောက်ရဲ့အင်မော်တယ်သင်္ဘောပဲ..."
အခန်း (၁၅၆) ကံကြမ္မာ ကုန်သည်...အမှိုက်တွေနဲ့ ဘာလို့ ပူးပေါင်းရမှာလဲ
မရေမတွက်နိုင်သော အကြည့်များသည် အင်မော်တယ်သင်္ဘောပေါ်သို့ ချက်ချင်း ကျရောက်သွားပေ၏။
ခုံးဝူတောက်သည် လက်ရှိတွင် ပြင်ပတာအိုနယ်မြေ ပါရမီရှင်များအနက် အကျော်ကြားဆုံး ပါရမီရှင်ပင်။
သူသည် နတ်ဘုရားသားတော်ယန်ရန်ကို အားကောင်းသော ဟန်ပန်ဖြင့် ဖိနှိပ်ခဲ့ပြီး အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူများကို ဦးဆောင်ကာ ရွှေကျီးကန်းနတ်ဘုရားတောင်မှ လူများအားလုံးကို သတ်ဖြတ်ခဲ့သည်။
နောက်ဆုံးတွင် သိုင်းတာအို၌ အားအကောင်းဆုံးဟု ကျော်ကြားသော ကောင်းကင်ဘုံတာအိုနယ်မြေ၏ အင်အားစုကိုပင် သူ၏လူများကို ဦးဆောင်၍ အမြစ်ပြတ်သတ်ဖြတ်ခဲ့သည်။
အထူးသဖြင့် ခုံးဝူတောက်သည် နတ်ဘုရားသိုင်းမြို့တော်တွင် ထုတ်လွှတ်လိုက်သော ထိုဓားတစ်ချက်ပင်။ ထိုအရာက နတ်ဘုရားသိုင်းဂိုဏ်းမှ ဆယ်နှင့်ချီသော ကျွမ်းကျင်သူများကို သတ်ဖြတ်ခဲ့ရုံသာမက နတ်ဘုရားသိုင်းမြို့တော်တစ်ဝက်ကိုလည်း အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားစေပေ၏။
ထိုကဲ့သို့ လွှမ်းမိုးနိုင်သော တိုက်ခိုက်ရေး စွမ်းအားသည် မရေမတွက်နိုင်သော ပါရမီရှင်များ၏နှလုံးသားများအပေါ် ဖိနှိပ်ထားသည့် နတ်ဘုရားတောင်ကြီးတစ်လုံးနှင့် တူညီနေသည်။
ဝီ...
အလင်းတန်းတချို့သည် အင်မော်တယ် သင်္ဘောအတွင်းမှ ပျံသန်း၍ ထွက်ပေါ်လာခဲ့သည်။
ခုံးဝူတောက်၏ အဖြူရောင်ဝတ်ရုံများ လူးလွန့်နေကာ သူက လေထုထဲတွင် မတ်တတ်ရပ်နေသည်။
သူ၏လှုပ်ရှားမှုတိုင်းသည် ကြောက်ရွံ့ရိုသေဖွယ်ကောင်းသော ကြီးကျယ်ခမ်းနားမှုများကို ထုတ်လွှတ်ထားပြီး ကောင်းကင်နတ်ဘုရား တစ်ပါး ဆင်းသက်လာသည့်အလားပင်။
သူ၏နောက်တွင် ခုံးကျန်ယွဲ့နှင့် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ပါရမီရှင်အုပ်စုတစ်စုအပြင် မုချင်းလီကဲ့သို့ ရွေးချယ်ခံ အစေခံများလည်း မတ်တတ်ရပ်နေကြ၏။
ထို့ပြင် ဤလူများထဲတွင် အားအနည်းဆုံးသူသည်ပင် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်လေးသို့ ရောက်ရှိနေလေပြီ။
"ရှီး... ပါရမီရှင်ခုံးဝူတောက်တို့အုပ်စုရဲ့ ခွန်အားက အရမ်းကြီးမားလွန်းနေတာ မဟုတ်ဘူးလား... အနိမ့်ဆုံးကျင့်ကြံခြင်းက ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်လေးကို ရောက်နေပြီ... ပြီးတော့ သာမန် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်နဲ့လည်း မတူဘူး..."
"သူတို့ထဲက ဘယ်သူမဆို... ငါတို့ရဲ့ ကောင်းကင်ဘုံတာအိုနယ်မြေမှာ ထားလိုက်ရင်တောင် ကြီးမားတဲ့ နာမည်ဂုဏ်သတင်းရှိတဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်လာမှာပဲ..."
"နာလန်မိသားစုက နာလန်ချိုးရန်တောင်မှ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်လေးကို ရောက်နေပြီ..."
"လွန်ခဲ့တဲ့ အချိန်တိုလေးက သူ့ရဲ့ ကျင့်ကြံခြင်းက ငါ့ထက်တောင် နိမ့်သေးတယ်လေ... အခု သူက ငါ့ထက် အဆင့်ငယ်သုံးဆင့်တောင် ပိုမြင့်နေပြီ... ဒါက တကယ်ကို တရားလွန်လွန်းတယ်..."
"ဟုတ်တယ်...နတ်ဘုရားသားတော်ခုံးဝူတောက်ရဲ့ နောက်ကို လိုက်တာက အကန့်အသတ်မရှိတဲ့ အနာဂတ်တွေ ရှိလာမှာ သေချာတယ်... ကျွတ်... သီချင်းဆိုတာနဲ့ ကခုန်တာမှာ ကျွမ်းကျင်တဲ့ ဒီကိုယ်လုပ်တော်ကို နတ်ဘုရားသားတော်ခုံးဝူတောက်က သဘောမကျတာ နှမြောစရာပဲ..."
"........"
လူအုပ်ကြီးသည် အုတ်အော်သောင်းတင်း ဖြစ်သွားပြီး တက်ကြွစွာ ဆွေးနွေးနေကြ၏။
အပူအပင်မဲ့ဓားသခင် မင်းသား အောင်းခုံး ရှဲ့လင်းယွင်နှင့် တခြားသူများအားလုံး ခုံးဝူတောက်ထံသို့ ကြည့်လိုက်ကြသည်။
"သူ့အကြောင်းကြားရတာက သူ့ကို မြင်ရတာလောက် မကောင်းဘူး... ဒီခုံးဝူတောက်က တကယ့်ကို မရိုးရှင်းဘူး..."
ခုံးဝူတောက်ကို ကြည့်နေသော အပူအပင်မဲ့ဓားသခင်၏အကြည့်များ အနည်းငယ် တည်ကြည်လေးနက်နေသည်။
ဓားတာအိုကို အလွန်အမင်း စွဲလမ်းနေသော ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် သူ့ထံတွင် ဓားတာအို၏အရှိန်အဝါကို အလွန်အကဲဆတ်သော အာရုံခံနိုင်စွမ်းရှိသည်။
ခုံးဝူတောက်က ထိုအရာကို အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားသော်လည်း သူ၏ခန္ဓာကိုယ်အတွင်းရှိ ဓားတာအိုအရှိန်အဝါက အပူအပင်မဲ့ဓားသခင်ကို စိုးရိမ်မှုနှင့် ကြောက်ရွံ့မှုတို့အား ခံစားရစေဆဲပင်။
သူ များစွာစဉ်းစားနေရန် မလိုအပ်ချေ။ ခုံးဝူတောက်သည်လည်း ဓားတာအိုတွင် ကျွမ်းကျင်ပြီး အလွန်မြင့်မားသော အောင်မြင်မှုများ ရရှိထားမည်မှာ သေချာပေါက်ပင်။
သို့သော် ဤအချက်နှင့် ပတ်သက်၍ သူ မှားယွင်းနေခဲ့သည်။
ခုံးဝူတောက် အနှစ်သက်ဆုံးအရာမှာ ရန်သူများကို သူ၏လက်ဝါးများဖြင့် သွေးမြူများအဖြစ် ခြေမွှဖျက်ဆီးပစ်ရန်သာ ဖြစ်ပေ၏။
ဓားတာအိုအတွက်မူ သူ့ထံတွင် အပေါ်ယံ နားလည်မှုသာရှိသည်။
မင်းသားအောင်းခုံးသည် အပေါ်ယံတွင် ဂရုမစိုက်သော မျက်နှာအမူအရာကို ထိန်းသိမ်းထားသော်လည်း ဧရာမလှိုင်းလုံးကြီးတစ်ခုက သူ၏ နှလုံးသားထဲတွင် ဆူပွက်နေလေပြီ။
ဘာတွေ ဖြစ်နေတာလဲ...
ငါက နတ်ဘုရားဘုရင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားပြီဆိုပေမဲ့ ဘာလို့ ခုံးဝူတောက်ရဲ့ တိကျတဲ့ ကျင့်ကြံခြင်းကို မမြင်နိုင်ရတာလဲ...
မင်းသား အောင်းခုံးကို ပို၍ပင် စိုးရိမ်ပြီး ကြောက်ရွံ့သွားစေခဲ့သည့်အရာမှာ...
ခုံးဝူတောက်သည် သူ့ကို ခေါင်းမှ ခြေဖျားအထိ အလွန်အန္တရာယ်များသော ခံစားချက်တစ်ခုကို ပေးစွမ်းနေခြင်းပင်။
အကယ်၍ သူသာ ကြိုတင်ပြင်ဆင်မှု မရှိဘဲ ခုံးဝူတောက်နှင့် တိုက်ပွဲဝင်မည်ဆိုပါက သူ မည်သို့ သေဆုံးသွားမည်ကိုပင် သိလိမ့်မည် မဟုတ်ချေ။
ဖြစ်နိုင်သည်မှာ...
ခုံးဝူတောက်ကလည်း နတ်ဘုရားဘုရင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားသလော...
ထို့ပြင် နတ်ဘုရားဘုရင် ဓမ္မရုပ်ပုံရိပ်ယောင် လေးခုခန့် စုစည်းနိုင်ခဲ့သလော..
ထိုအတွက်ကြောင့် ခုံးဝူတောက် ထုတ်လွှတ်လိုက်သော အရှိန်အဝါက သူ့ကို မသိစိတ်အရ သတိထားနေမိစေသလော...
"အချိန်လေဟာနယ် နတ်ဘုရားသားတော်... ခုံးဝူတောက်..."
ရှဲ့လင်းယွင်၏ လှပသောမျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပေ၏။
ခုံးဝူတောက်ထံမှ ထွက်ပေါ်လာသော အန္တရာယ်ရှိသည့် အရှိန်အဝါနှင့် နှိုင်းယှဉ်ပါက...
သူက သူမကို ရင်းနှီးသလိုရှိပြီး စိမ်းသက်နေသော ခံစားချက်တစ်ခုကိုလည်း ပေးစွမ်းနေသည်။
"ဒီနတ်ဘုရားသားတော်ခုံးဝူတောက်က... ဘာလို့ သူ့ကို တစ်နေရာရာမှာ မြင်ဖူးသလို ငါ အမြဲတမ်း ခံစားနေရတာလဲ..."
ရှဲ့လင်းယွင်က သူမ၏စိတ်နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်၏။
အလားတူပင် ခုံးဝူတောက်သည်လည်း အောက်ဘက်ရှိ ရှဲ့လင်းယွင်ကို သတိပြုမိခဲ့သည်။
ထူးဆန်းသော ခံစားချက် တစ်ခုက သူ၏စိတ်နှလုံးသားထဲတွင်လည်း ထွက်ပေါ်လာခဲ့သည်။
သူမကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ကြောင်း သူ ရှင်းလင်းစွာ သိထားသည်။
သို့သော် အကြောင်းပြချက် တစ်ခုခုကြောင့် ရှဲ့လင်းယွင်က သူ့ကို ထူးဆန်းသော ရင်းနှီးမှု ခံစားချက်တစ်ခုကို ပေးစွမ်းနေပေ၏။
ဤသည်မှာ သူသည် သူမကို တစ်နေရာရာတွင် မြင်ဖူးခဲ့သည့်အလားပင်။
သူ၏မှတ်ဉာဏ်ထဲတွင် ပျက်စီးခြင်းခေတ် အတွင်းရှိ ဟုန်ချန်သီလရှင်ကျောင်းသည် နာမည်ကြီးရုံသာမက ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများရှိ မရေမတွက်နိုင်သော သက်ရှိများ၏ လေးစားမှုကိုလည်း ခံခဲ့ရသည်။
အကြောင်းပြချက်မှာ အခြားမဟုတ်ဘဲ ဟုန်ချန် သီလရှင်ကျောင်း မှ တစ်ချိန်က သန့်စင်သောကမ္ဘာဟု ဧကရာဇ်ဘွဲ့အမည်ရှိသည့် ကံကြမ္မာ မဟာတာအို ဧကရီတစ်ပါး ထွက်ပေါ်ခဲ့ဖူးသောကြောင့်ပင်။
ပျက်စီးခြင်းခေတ်အတွင်းတွင် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများသည် ကျဆင်းလာခဲ့ပြီး ပြင်ပနယ်မြေသည် ဂဏမငြိမ် ဖြစ်လာကာ ကမ္ဘာ့ပင်လယ်၏အစွန်းတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ကမ္ဘာ့ပင်လယ်၏ အစွန်းအနီးရှိ မရေမတွက်နိုင်သော သက်ရှိများသည် ထူးဆန်းသော ပြင်ပနယ်မြေစွမ်းအားများ၏ တိုက်စားခြင်းကို မကြာခဏ ခံခဲ့ရသည်။
ထိုအချိန်က သန့်စင်သောကမ္ဘာဧကရီသည် ရှေ့ထွက်လာခဲ့ပြီး ထူးဆန်းသော စွမ်းအားများကြောင့် ဒုက္ခရောက်နေသော ထိုသက်ရှိများကို အထူးသန့်စင်ပေးခဲ့သဖြင့် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများရှိ မရေမတွက်နိုင်သော သက်ရှိများ၏ လေးစားမှုကို ရရှိခဲ့သည်။
ဟုန်ချန် သီလရှင်ကျောင်းသည်လည်း ပျက်စီးခြင်းခေတ်တွင် ကြီးမားသော အောင်မြင်ကြီးပွားမှုကို ရရှိခဲ့ပေ၏။
သို့သော် နောက်ပိုင်းတွင် သန့်စင်သောကမ္ဘာဧကရီ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားပြီးနောက် ဟုန်ချန်သီလရှင်ကျောင်းသည် တဖြည်းဖြည်း နိမ့်ပါးလာခဲ့သည်။
သူသည်ကမ္ဘာ့ပင်လယ်၏ နယ်စပ်တွင် သူ၏ စစ်တပ်ကို ဦးဆောင်ကာ လေ့ကျင့်ရေးနှင့် တိုက်ပွဲများ ဆင်နွှဲနေစဉ် သန့်စင်သောကမ္ဘာဧကရီနှင့် အကြိမ်အနည်းငယ် တွေ့ဆုံခဲ့ဖူးသည်။
ယခုချိန်၌ ရှဲ့လင်းယွင်ကို ကြည့်ရင်း သူမတွင် သန့်စင်သောကမ္ဘာဧကရီနှင့် တူညီသော အချက်တချို့ကို သူ အမှန်တကယ် မြင်တွေ့ခဲ့ရသည်။
[သခင်... ဒီအမျိုးသမီးက နည်းနည်းထူးဆန်းတယ်...]
ထိုအချိန်မှာပင် စနစ်၏ အသံ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။
"နည်းနည်း ထူးဆန်းတာလား..."
ခုံးဝူတောက် အနည်းငယ် မှင်သက်သွားပြီး စိတ်ဝင်စားသွားတော့သည်။
"ဘယ်လိုမျိုးလဲ..."
[ဒီအမျိုးသမီးက ကံကြမ္မာ မဟာတာအို ရဲ့ မျက်နှာသာပေးတာကို မခံရတာ ရှင်းနေတယ်...]
[ဒါပေမယ့် စနစ်က သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ကံကြမ္မာ မဟာတာအိုနဲ့ ထူးခြားတဲ့ ဆက်သွယ်မှု တစ်ခုကို အာရုံခံမိတယ်...]
[တကယ်လို့ သခင်က ကံကြမ္မာမဟာတာအိုရဲ့ မုဆိုးတစ်ယောက်ဆိုရင်... သူက ကုန်သည် တစ်ယောက်လိုပဲ... ကံကြမ္မာ မဟာတာအိုနဲ့ တစ်စိတ်တစ်ပိုင်း ဆက်သွယ်မှုရဖို့အတွက် သူက တစ်ခုခုနဲ့ လဲလှယ်ထားပုံ ရတယ်...]
[ပြီးတော့ အခု သူက မပြည့်စုံတဲ့ပုံ ပေါ်နေတယ်...]
ခုံးဝူတောက်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး လျင်မြန်စွာ တွေးတောလိုက်၏။
စနစ်၏စကားအနည်းငယ်က မေးခွန်းများစွာကို ဆက်တိုက်ပေါ်ထွက်လာစေခဲ့သည်။
ပထမဦးစွာ ကံကြမ္မာမဟာတာအိုဟူသည့် ကိစ္စပင်။
မဟာတာအိုသုံးထောင်အနက် ဤသည်မှာ ကံကြမ္မာ မဟာတာအိုအကြောင်း သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ပြီးတော့ ကုန်သည် ဆိုတာ ဘာလဲ...
ရှဲ့လင်းယွင်က မပြည့်စုံဘူး... ဖြစ်နိုင်တာက သူမ နတ်ဘုရားစိတ်ဝိညာဉ်ရဲ့ အစိတ်အပိုင်း တစ်ခုက ချိတ်ပိတ်ခံထားရတုန်းပဲလား...
လက်ရှိ သူမက အစစ်အမှန် သူမ မဟုတ်ဘူးလား...
ခုံးဝူတောက်က သူ၏စိတ်နှလုံးသားထဲတွင် တွေးတောနေစဉ်မှာပင်....
"အားလုံး ရောက်လာကြပြီ ဆိုတော့... အရင်ဆုံး ငါတို့ အချင်းချင်း သတင်းအချက်အလက်တွေ မျှဝေကြရင် မကောင်းဘူးလား..."
မင်းသားအောင်းခုံးက ရုတ်တရက် ပြောဆိုလိုက်၏။
"ဆန်းကြယ်မြူခိုး ဧရိယာက ထူးကဲတယ်... အဲ့ဒီအထဲမှာ အမည်မသိ ရှေးဟောင်းသတ္တဝါတွေ ပုန်းကွယ်နေနိုင်ပြီးတော့ အရမ်းအန္တရာယ်များတယ်..."
"ဆန်းကြယ်မြူခိုး ဧရိယာကို ဖြတ်ကျော်ဖို့ ငါတို့ အရင်ဆုံး ပူးပေါင်းပြီးတော့ နတ်ဘုရားတောင်ကို ရောက်တဲ့အချိန်မှာ ရှေးဟောင်းမဟာတာအို အမှတ်အသားကို ရှာဖွေဖို့ ကိုယ့်စွမ်းရည်နဲ့ကိုယ် ယှဉ်ပြိုင်ကြရင် ဘယ်လိုလဲ..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် လူအများအပြား၏ ထောက်ခံမှုကို ချက်ချင်းရရှိခဲ့သည်။
ဆန်းကြယ်မြူခိုး ဧရိယာ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူတို့ အားလုံး မျက်မြင်တွေ့ရှိခဲ့ကြပြီးဖြစ်ပေ၏။
နတ်ဘုရားဘုရင်နယ်ပယ်မှ ကျွမ်းကျင်သူအများအပြားသည် ထိုနေရာအတွင်းသို့ ဝင်ရောက်သွားခဲ့သော်လည်း အခိုက်အတန့်လေး အတွင်းမှာပင် လုံးလုံးလျားလျား သေဆုံးသွားခဲ့ကြသည်။
ဤဆန်းကြယ်မြူခိုးဧရိယာ၏ အတိုင်းအတာသည် ကျယ်ဝန်းလွန်းလှခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ....
အကောင်းဆုံး ဖြေရှင်းချက်မှာ အရင်ဆုံး ပူးပေါင်းပြီးနောက် နတ်ဘုရားတောင်သို့ ရောက်ရှိပြီးနောက် သူတို့၏ ကိုယ်ပိုင်စွမ်းရည်များအတိုင်း လှုပ်ရှားရန်ပင်။
သို့သော် ကောင်းကင်ပြာကို အားကိုးခြင်းဖြင့် ဆန်းကြယ်မြူခိုး ဧရိယာ ၏ လျှို့ဝှက်ချက်များကို လုံးလုံးလျားလျား ဆုပ်ကိုင်ထားပြီးဖြစ်သော တုန်လှုပ်ချောက်ချား အင်မော်တယ်ကဲ့သို့သော တည်ရှိမှုများသည် အခြားသူများနှင့် ပူးပေါင်းခြင်းကို မထီမဲ့မြင်ပြုကြ၏။
သူက အရင်ဆုံး ခိုးဝင်သွားတာ ပိုကောင်းမှာ မဟုတ်ဘူးလား...
တုန်လှုပ်ချောက်ချား အင်မော်တယ် က အမိန့်ပေးလိုက်ပြီး သူ၏ 'ပင်လယ်ဓားပြ သင်္ဘော' ပေါ်သို့ အတင်းအကျပ် အခေါ်ခံခဲ့ရသော သူတော်စင်နန်းတော် သခင် အုပ်စုတစ်စုကို လူအုပ်၏အနောက်ဘက်သို့ ဦးဆောင်သွားကာ ဆန်းကြယ်မြူခိုး ဧရိယာ အတွင်းသို့ တိတ်တဆိတ် ခိုးဝင်သွားတော့သည်။
သို့သော် သူ မသိခဲ့သည့်အရာမှာ...
သူ၏ လုပ်ရပ်များအားလုံးကို ခုံးဝူတောက်က စောင့်ကြည့်နေခဲ့ခြင်းပင်။
ယခုအချိန်၌ သူသည် ရတနာရှာဖွေရေး ကြွက် တစ်ကောင်သာမက ခုံးဝူတောက်၏ လမ်းပြကြွက် တစ်ကောင်လည်း ဖြစ်နေသည်။
လူအုပ်ကြီးသည် သတိထားမိရန် ခက်ခဲသော တုန်လှုပ်ချောက်ချား အင်မော်တယ် ကို သဘာဝကျကျ သတိမပြုမိခဲ့ကြချေ။
သူတို့အားလုံးသည် အကျော်ကြားဆုံး ခုံးဝူတောက်ထံသို့ သူတို့၏ အကြည့်များကို ပို့လွှတ်လိုက်ကြ၏။
"တကယ်လို့ နတ်ဘုရားသားတော် ခုံးဝူတောက်က ငါတို့နဲ့ ပူးပေါင်းနိုင်မယ်ဆိုရင် ဒီကိစ္စရဲ့ အောင်မြင်မှုနှုန်းက သေချာပေါက် အများကြီး တိုးလာလိမ့်မယ်..."
မင်းသား အောင်းခုံးက အပြုံးဖြင့် ပြောဆိုလိုက်သည်။
တခြားသူများ၏ လုံခြုံရေးအတွက် ဤကဲ့သို့သော အစီအစဉ်တစ်ခုကို သူ အဆိုပြုခဲ့ခြင်း မဟုတ်ချေ။
ဤသည်က သူ၏ကိုယ်ပိုင်အကျိုးအတွက် ပို၍အရေးပ်ပြီး အကြောင်းစပ်၍ ခုံးဝူတောက်၏ အစစ်အမှန် ခွန်အားကို စမ်းသပ်ရန်ပင်။
နောက်ပိုင်း နတ်ဘုရားတောင်သို့ သူတို့ ရောက်ရှိသောအခါ သူ ပြင်ဆင်မှုများ ပြုလုပ်ရန် ဖြစ်သည်။
ဤအရာကို ကြားလိုက်ရသောအခါ ခုံးဝူတောက်က သူ၏ နှုတ်ခမ်းများကို လှောင်ပြောင်လိုသော အပြုံးတစ်ခုအဖြစ် ကွေးလိုက်ရုံသာ ဖြစ်ပြီး ဂရုမစိုက်စွာ ပြောဆိုလိုက်သည်။
"ပူးပေါင်းမယ်..."
"ဒီပါရမီရှင်က အမှိုက်တွေနဲ့ ဘာလို့ ပူးပေါင်းရမှာလဲ..."
"ငါ လွယ်လွယ်ကူကူ ရနိုင်တဲ့ အရာတစ်ခုကို မျှဝေဖို့လား..."