← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇) ခုံးဝူတောက်က အကြောင်းပြချက်ရှိတဲ့သူ တစ်ယောက်ပဲ...အရည်အချင်းပြည့်မီတဲ့ လမ်းပြကြွက်

ပတ်ဝန်းကျင်အခြေအနေသည် ချက်ချင်းပင် အေးခဲတောင့်တင်းသွားပေ၏။

သူတို့ထဲမှ အများအပြားမှာ နတ်ဘုရားတောင်သို့ သွားမည့် ဤခရီးစဉ်၏ ရလဒ်နှင့် ပတ်သက်ပြီး မသေချာမရေရာ ဖြစ်နေကြသည်။

ဆန်းကြယ်မြူခိုး ဧရိယာအတွင်းသို့ ဝင်ရောက်သွားသော နတ်ဘုရားဘုရင်နယ်ပယ် ကျွမ်းကျင်သူ အများအပြားသည် အမည်မသိ သတ္တဝါများ၏ ဆွဲဖြဲခြင်းကို ခံရကာ သေဆုံးသွားခဲ့ရခြင်းက လက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူများအား ပို၍ပင် ကြီးမားသော ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့သည်။

မင်းသားအောင်းခုံးက ဤအကြံပြုချက်ကို ပြောလိုက်မှသာ လူအုပ်ကြီး၏ လေးလံနေသော နှလုံးသားများ နောက်ဆုံးတွင် ငြိမ်သက်သွားပေ၏။

အကယ်၍ မကြာသေးမီက အထင်ရှားဆုံး နာမည်ဂုဏ်သတင်း ရှိခဲ့သော ခုံးဝူတောက်သာ ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်နိုင်မည်ဆိုပါက ဤအမည်မသိ ဆန်းကြယ်မြူခိုး ဧရိယာကို ဖြတ်သန်းသွားခြင်းက သေချာပေါက် ဘေးကင်းလုံခြုံပေမည်။

သို့သော် ဤှသို့ဖြစ်လာမည်ဟု သူတို့ လုံးဝမျှော်လင့်မထားခဲ့ချေ။

ခုံးဝူတောက်က မင်းသား အောင်းခုံး၏ အဆိုပြုချက်ကို တိုက်ရိုက်ငြင်းပယ်လိုက်ရုံသာမက သူတို့ကို အမှိုက်များအဖြစ်ပင် ဖော်ပြခဲ့သည်။

"ခုံးဝူတောက်... မင်းက ဒါကို ဘာအဓိပ္ပာယ်နဲ့ ပြောတာလဲ..."

မင်းသားအောင်းခုံး ပထမဆုံးအသိပြန်ဝင်လာရန်အတွက် အသက်ရှူကြိမ်ဆယ်ကြိမ်ကျော်ကြာ တိတ်ဆိတ်နေခဲ့သည်။

သူ၏မျက်နှာအမူအရာ ချက်ချင်းအေးစက်သွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုး စွမ်းအားများ သူ၏နံဘေးပတ်လည်တွင် လှည့်ပတ်နေပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို တုန်ခါသွားစေပေ၏။

"မင်း မပူးပေါင်းချင်ရင်လည်း ငါတို့က အတင်းအကြပ် မလုပ်ပါဘူး... ဒါပေမယ့် ဒီက လူတိုင်းကို အမှိုက်တွေလို့ ဖော်ပြတာက အရမ်း မောက်မာလွန်းနေပြီ..."

မင်းသား အောင်းခုံးတွင် ဦးနှောက်အနည်းငယ် ရှိနေပေ၏။

ခုံးဝူတောက်က သူ့ကို ပေးစွမ်းသော ခံစားချက်က သူ့အား အလွန်သတိထားမိစေသည်။

ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် အလုံခြုံဆုံး နည်းလမ်းမှာ ခုံးဝူတောက်နှင့် လက်ရှိနေရာတွင်ရှိနေသော လူတိုင်းကြားတွင် ပဋိပက္ခ ဖြစ်ပေါ်စေရန်အတွက် တစ်ဖက်လူ၏စကားကို အသုံးပြုခြင်းပင်။

သူသည် တစ်ဖက်လူကို လူတိုင်း၏ ဆန့်ကျင်ဘက်သို့ တွန်းပို့ပစ်ရန် ဖြစ်ပေ၏။

ခုံးဝူတောက် မည်မျှပင် အားကောင်းနေပါစေ...

သူ မည်မျှပင် ကောင်းကင်ဘုံကို အာခံနိုင်နေပါစေ...

သူသည် ဤနေရာရှိ လူတိုင်းကို အမှန်တကယ် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

မျှော်လင့်ထားသည့်အတိုင်းပင် မင်းသား အောင်းခုံး၏စကားများ ကျရောက်သွားသည်နှင့်....

သူတို့၏ တွေဝေမိန်းမောမှုမှ နိုးထလာသော လူအုပ်ကြီးသည် ချက်ချင်းသုန်မှုန်သွားပေ၏။

ခုံးဝူတောက်၏ ကိုယ်ပိုင်စွမ်းအားနှင့် နောက်ခံကြောင့် သူတို့က အလွန်အကျွံ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများကို မပြသခဲ့သော်လည်း....

ခုံးဝူတောက်၏ မောက်မာသော စကားများက သူတို့ကို ဒေါသထွက်စေဆဲပင်။

"ခုံးဝူတောက်... အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော်အရှင်တစ်ယောက်အနေနဲ့ မင်းရဲ့အမြင်က အရမ်းကို ကျဉ်းမြောင်းလွန်းတယ်..."

ဤအချိန်အခိုက်အတန့်တွင် တခြားတာအိုနယ်မြေမှ ပါရမီရှင်များကို အောက်ကျို့နေရသော ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ဒေသခံတချို့သည် သူတို့၏သခင်ရှိနေခြင်းကြောင့် ရဲတင်းလာကာ ပထမဆုံး စကားပြောဆိုရန် တိုက်ရိုက်ခုန်ထွက်လာကြ၏။

"အဖြူရောင်မြူခိုး ဧရိယာထဲမှာ ဘာတွေ ပုန်းကွယ်နေလဲဆိုတာ လူတိုင်း သိကြတယ်... မင်းရဲ့စွမ်းအားက ကြီးမားပေမယ့် ဒီအဖြူရောင် မြူခိုး ဧရိယာကို အထိအခိုက်မရှိဘဲ ဖြတ်သန်းသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..."

"တကယ်လို့ မင်းက ငါတို့နဲ့ မပူးပေါင်းဘဲ မင်းရဲ့ ကိုယ်ပိုင်သင်္ချိုင်းကို တူးချင်တယ်ဆိုရင် ငါတို့ကဘာမှပြောမှာ မဟုတ်ဘူး..."

"ငါတို့ကို အမှိုက်တွေနဲ့ နှိုင်းယှဉ်ရအောင် မင်းက အရမ်းကို မောက်မာလွန်းနေပြီ..."

မကြာမီပင် ဤလူ၏ စကားများ ကျရောက်သွားသည်နှင့်...

သူတို့၏သခင်များရှေ့တွင် စွမ်းဆောင်ရည် ပြသချင်သော ကျွမ်းကျင်သူဆယ်ယောက်ကျော်သည်လည်း တိုက်ရိုက်ခုန်ထွက်လာခဲ့ကြသည်။

သူတို့၏သခင် ဤနေရာတွင် ရှိနေသောကြောင့်သို့မဟုတ် ခုံးဝူတောက်၏ ယခင်စကားများက လက်ရှိနေရာတွင် ရှိနေသူများအားလုံးကို စော်ကားမိသွားသောကြောင့် ဖြစ်နိုင်ပေ၏။

ထိုအချက်က သူတို့ကို အလွန်လုံခြုံသည်ဟု ခံစားရစေပြီး ခုံးဝူတောက် တိုက်ခိုက်ရဲမည် မဟုတ်ဟု ယုံကြည်နေကြသည်။

သို့သော် သူတို့သည် အလွန်အမင်း တွေးတောနေခြင်းသာ ဖြစ်ကြောင်း အဖြစ်အပျက်များက သက်သေပြခဲ့သည်။

ခုံးဝူတောက်က ထိုလူများကို ဂရုမစိုက်သောအကြည့်ဖြင့် ကြည့်လိုက်ပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"ဒီပိုးကောင်တွေအားလုံးကို သတ်လိုက်စမ်း..."

ဝုန်း...

ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတချို့ ခုံးဝူတောက်၏နောက်ကွယ်မှ ပေါက်ကွဲထွက်လာခဲ့သည်။

ခုံးကျန်ယွဲ့နှင့်မုချင်းလီတို့ အပါအဝင် တခြားသူများက တိုက်ရိုက်တိုက်ခိုက်လိုက်ကြသည်။

နတ်ဘုရား အလင်းတန်းများ တုန်ခါသွားပြီး မီးပင်လယ်ကြီး တလိမ့်လိမ့်ထလာပေ၏။

"မင်းတို့က တကယ်ပဲ ရဲတင်းတာပဲ..."

ပထမဆုံးစကားပြောဆိုရန် ရွေးချယ်ခဲ့သော လူဆယ်ယောက်ကျော်၏ မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။ တစ်ဖက်လူက အမှန်တကယ် တိုက်ခိုက်ရဲလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ချေ။

ထိုလူဆယ်ယောက်ကျော်သည် သူတို့၏တာအိုလက်နက်များကို အလျင်အမြန် အသက်သွင်းလိုက်ကြ၏။

အဆုံးမဲ့ နတ်ဘုရားအလင်းတန်းများ စီးဆင်းလာပြီး သူတို့ကို ခိုင်မာစွာ ကာကွယ်ပေးမည့် ဖျက်ဆီး၍မရနိုင်သော အကာအကွယ်ဒိုင်းတစ်ခုအဖြစ် ဖန်တီးလိုက်သည်။

ဝုန်း...

ဥပဒေသ၏တုန်ခါသံများသည် စူးရှသော ညည်းတွားသံများနှင့်အတူ ပဲ့တင်ထပ်လာခဲ့သည်။

နတ်ဘုရား အလင်းတန်းများနှင့်အတူ သွေးရောင်အလင်းတန်းများ ဆယ်နှင့်ချီ၍ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံအပြည့် သွေးမြူများ လေနှင့်အတူ လွင့်စင်သွားတော့သည်။

လူတိုင်း၏မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားပြီး အေးစက်သော ချွေးစေးများက သူတို့၏နဖူးများမှ ကျဆင်းလာပေ၏။

ကျွမ်းကျင်သူဆယ့်ကိုးဦးသည် မျက်စိတစ်မှိတ်အတွင်း ဖိနှိပ်သတ်ဖြတ်ခြင်း ခံလိုက်ရသည်။

သူတို့အနက်မှတချို့သည် ကျင့်ကြံခြင်းတွင် နတ်ဘုရားဘုရင်နယ်ပယ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သော်လည်း ခြွင်းချက်မရှိဘဲ သူတို့အားလုံးသည် ခုံးဝူတောက်၏နောက်လိုက်များမှ လွယ်လင့်တကူ သတ်ဖြတ်ခြင်းကို ခံလိုက်ရပေ၏။

"ကျန်ယွဲ့... ဒီလူတွေရဲ့ ရုပ်ရည်တွေကို မင်း မှတ်ထားပြီးပြီလား..."

"ဟုတ်ကဲ့... ကျန်ယွဲ့က နောက်ပိုင်းကျရင် သူတို့ရဲ့ ရုပ်ရည်တွေအပေါ် အခြေခံပြီး သူတို့ရဲ့ မိသားစုတွေကို ရှာနိုင်ပါလိမ့်မယ်..."

ခုံးကျန်ယွဲ့က ရိုသေလေးစားစွာ လက်ပူးဆုပ်ပြီး ပြောဆိုလိုက်သည်။

"နတ်ဘုရားသားတော်အရှင်ကို စော်ကားတဲ့သူတွေက သူတို့ရဲ့ မျိုးဆက်ကိုးဆက်လုံး အမြစ်ပြတ်သတ်ဖြတ်ခံရပါလိမ့်မယ်..."

ဤအရာကို ကြားလိုက်ရသောအခါ လူတိုင်း ကြောက်လန့်သွားပုံရသည်။

သူတို့သည် နောက်သို့ ခြေလှမ်းအနည်းငယ် မဆုတ်ဘဲ မနေနိုင်တော့ဘဲ သူတို့၏ မျက်နှာများ ချက်ချင်းဖြူဖျော့သွားပေ၏။

ဤကိစ္စကို အကြောင်းပြချက်ပေး၍ ပြဿနာရှာချင်နေသော တခြားတာအိုနယ်မြေများမှ ပါရမီရှင် အများအပြားပင်လျှင် ယခုအချိန်၌ ထိတ်လန့်နေကြလေပြီ။

ဤသည်က အမှန်တကယ်ကို ရက်စက်လွန်းပေ၏။

ဘေးအန္တရာယ်သည် မိသားစုအထိ မပျံ့နှံ့တတ်ကြောင်း လူများက ပြောဆိုလေ့ရှိကြသည်။

သို့သော် ခုံးဝူတောက်ကမူ သူ့ကို စော်ကားသူများအတွက် သူတို့၏ မျိုးဆက်ကိုးဆက်လုံးကို ဖယ်ရှားပစ်ခြင်းဖြစ်သည်။

"အားလုံးပဲ... ခုဏက ငါပြောခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ ထင်မြင်ချက် ရှိသေးလဲ..."

ခုံးဝူတောက်က လက်ရှိနေရာတွင် ရှိနေသူများ အားလုံးကို အေးစက်တင်းမာသောအကြည့်ဖြင့် ဝေ့ဝိုက်၍ ကြည့်လိုက်၏။

"ထင်မြင်ချက်တစ်ခုခု ရှိရင် ထုတ်ပြောလို့ ရပါတယ်..."

ခုံးဝူတောက်၏ နှုတ်ခမ်းများက ကြင်နာတတ်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

"ဘာပဲဖြစ်ဖြစ် ငါကလည်း အကြောင်းပြချက် ပေးရတာကို ကြိုက်တဲ့လူတစ်ယောက်ပဲ..."

ဤစကားကို ကြားလိုက်ရသောအခါ လူတိုင်း မတုန်ယင်ဘဲ မနေနိုင်တော့ဘဲ သူတို့၏ ခန္ဓာကိုယ် တစ်လျှောက် အအေးလှိုင်းတစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။

သူတို့အားလုံး ထိတ်လန့်တကြားဖြင့် သဘောတူလိုက်ကြ၏။

အကြောင်းပြချက်ပေးရန် ကြိုးစားသူ အားလုံးကို တိုက်ရိုက်သတ်ပစ်ခြင်းက အမှန်တကယ်ကို အကောင်းဆုံး အကြောင်းပြချက်ပေးခြင်းပင်။

ပတ်ဝန်းကျင်ရှိလူများ၏ ထိတ်လန့်ကြောက်ရွံ့နေသော မျက်နှာအမူအရာများအတွက်မူ...

ခုံးဝူတောက်က လုံးဝဂရုမစိုက်ခဲ့ချေ။

ကျင့်ကြံခြင်းလောကသည် ကလေးကစားစရာ မဟုတ်ပေ။

သူ၏နည်းလမ်းများက အနည်းငယ် ရက်စက်သော်လည်း အကျိုးသက်ရောက်မှုသည် အလွန် သိသာထင်ရှားလှပေ၏။

.........

ဤဖြစ်ရပ်အပြီးတွင် လူတိုင်းသည် ခုံးဝူတောက်ကို ပို၍ပို၍ကြောက်ရွံ့လာကြသည်။

ဤ ပူးပေါင်းဆောင်ရွက်မှုဆိုသည့်အရာ အတွက်မူ မင်းသားအောင်းခုံးနှင့် အပူအပင်မဲ့ဓားသခင်တို့ကဲ့သို့ ထိပ်တန်ပါရမီရှင်များက ဦးဆောင်ကာ ဆန်းကြယ်မြူခိုးဧရိယာ၏ အနက်ရှိုင်းဆုံးသို့ အတူတကွ ဝင်ရောက်သွားမည့် ကျွမ်းကျင်သူ အုပ်စုကြီးတစ်စုကို ခေါ်ဆောင်သွားခဲ့ကြသည်။

"နတ်ဘုရားသားတော်အရှင်... ငါတို့ အခု ထွက်ခွာသင့်ပြီလား..."

"ငါတို့ရဲ့ရှေ့မှာ လမ်းရှင်းပေးဖို့ ဒီလောက်ထိ ကြီးမားတဲ့ လူအုပ်ကြီး ရှိနေတော့ ဆန်းကြယ်မြူခိုးဧရိယာကို ဖြတ်သွားရမယ့် ငါတို့ရဲ့ ခရီးစဉ်က အများကြီး ပိုပြီးလုံခြုံလိမ့်မယ်..."

မင်းသားအောင်းခုံးနှင့် တခြားသူများသည် သောင်းနှင့်ချီသော ကျွမ်းကျင်သူများကို ထိုအထဲသို့ ဦးဆောင်သွားခဲ့ကြသည်။

အကယ်၍ ထိုနေရာအတွင်း၌ ကြီးမားသော ထိတ်လန့်ဖွယ်ရာများ ရှိနေလျှင်ပင် ကျွမ်းကျင်သူများ သောင်းနှင့်ချီ၍ ရှိနေခြင်းက လွယ်လင့်တကူ ရင်ဆိုင်ဖြေရှင်းရန် လုံလောက်သင့်သည်။

သေချာသည်မှာ မင်းသားအောင်းခုံးသည်လည်း သတိထားနေခဲ့၏။

အကယ်၍ တစ်စုံတစ်ယောက်က အကျိုးအမြတ် ရရှိရန် အင်အားစုကြီး၏ အနောက်မှ လိုက်ပါသည်အထိ ရဲတင်းမည်ဆိုပါက သူတို့သည် အင်အားစုကြီးမှ ကျွမ်းကျင်သူများ၏ ဖိနှိပ်ခြင်းကို ခံရပေလိမ့်မည်။

သို့သော် ခုံးဝူတောက်တို့အုပ်စု၏ ခွန်အားသည်လည်း အားမနည်းချေ။

အကယ်၍ သူတို့က မင်းသားအောင်းခုံး ဦးဆောင်သော အင်အားစုကြီး၏အနောက်မှ ပွင့်ပွင့်လင်းလင်း လိုက်ပါမည်ဆိုလျှင်ပင် တစ်ဖက်လူက သူတို့ကို မည်သည့်အရာမျှ လုပ်နိုင်မည် မဟုတ်ချေ။

"ဘာလို့ သူတို့နောက်ကို လိုက်ရမှာလဲ..."

ခုံးဝူတောက်က လှောင်ပြောင်လိုက်၏။

"ဒီမြူခိုးတွေက ဥပဒေသတွေကို ဝါးမြိုနိုင်တဲ့ စွမ်းရည် ရှိတယ်... တကယ်လို့ အဲ့ဒီထဲမှာ လမ်းပျောက်သွားရင် ဘယ်လောက်ပဲလူအများကြီး ဝင်သွားပါစေ... သူတို့ကိုယ်သူတို့ သေလမ်းကို ပို့နေတာနဲ့ အတူတူပဲ..."

"မင်းသား အောင်းခုံးလို လူမိုက် တစ်ယောက် ဦးဆောင်နေတာဆိုတော့ ဒီသောင်းနဲ့ချီတဲ့လူထဲက အနည်းဆုံး တစ်ဝက်လောက်က သေရလိမ့်မယ်..."

"ဒါ့ပြင်... ငါတို့အတွက် ကြိုတင်ပြီး လမ်းပြပေးမယ့် ကြင်နာတတ်တဲ့ လူတစ်ယောက် ရှိနေပြီပဲ..."

ခုံးဝူတောက်သည် နောက်ထပ်မရှင်းပြတော့ဘဲ သူ၏နောက်သို့ လိုက်ရန် လူတိုင်းကို အချက်ပြသည့်အနေဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ခုံးဝူတောက်၏ကျောပြင်ကို ကြည့်ရင်း ခုံးကျန်ယွဲ့နှင့် တခြားသူများအားလုံး အချင်းချင်း ကြည့်လိုက်ကြ၏။

သို့သော် မကြာမီတွင် သူတို့၏မျက်လုံးများ၌ အကန့်အသတ်မရှိသော လေးစားအားကျမှုများ ထင်ဟပ်လာခဲ့သည်။

နတ်ဘုရားသားတော်အရှင် ဖြစ်ရသည်နှင့် အမှန်တကယ်ကို ထိုက်တန်လှသည်။

အစမှအဆုံးတိုင်အောင် အရာအားလုံးသည် နတ်ဘုရားသားတော်အရှင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့ခြင်းပင်။

..........

ဆန်းကြယ်မြူခိုး ဧရိယာ၏ အနက်ရှိုင်းဆုံး နေရာတွင်...

အသေးစိတ် သတင်းအချက်အလက်များကို ရရှိထားသော တုန်လှုပ်ချောက်ချား အင်မော်တယ်သည် အတားအဆီးမရှိ ရှေ့ဆက်သွားနေခဲ့သည်။

မရေမတွက်နိုင်သော ပါရမီရှင်များကို ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားစေခဲ့သည့် အဖြူရောင်မြူခိုးများသည် သူ၏ရှေ့တွင် မည်သည့်အရာမျှ မဟုတ်သည့်အလားပင်။

သူ ဦးဆောင်သော အဖွဲ့သည် အမည်မသိ မကောင်းဆိုးဝါး တစ်ကောင်နှင့်ပင် မကြုံတွေ့ခဲ့ရချေ။

ထိုကဲ့သို့ အဆင်ပြေချောမွေ့သော ဖြစ်ရပ်များ၏တိုးတက်မှုက သဘာဝကျကျပင် သူတော်စင်နန်းတော်သခင် အများအပြား၏ လေးစားအားကျမှုကိုလည်း သူ ရရှိစေခဲ့သည်။

"ဒီဆန်းကြယ်မြူခိုးဧရိယာက ရှေးဟောင်းမဟာတာအိုအမှတ်အသားရဲ့ သက်ရောက်မှုကို ခံနေရတာပဲ... ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ယောက် ဒီနေရာကို ဝင်လာရင်တောင်မှ အထူးနည်းလမ်းတွေ မပါရင် ဒီနေရာမှာ သေချာပေါက် လမ်းပျောက်သွားလိမ့်မယ်..."

"အဲ့ဒီကောင်လေး ခုံးဝူတောက်ကတော့ တစ်နေရာရာမှာ လမ်းပျောက်နေလောက်ပြီ..."

"မင်းတို့အားလုံး ငါ့ရဲ့နောက်ကို လိုက်နိုင်တာက... ဘဝပေါင်းများစွာက မင်းတို့ ပြုစုပျိုးထောင်လာခဲ့တဲ့ ကံကောင်းမှုလို့ သတ်မှတ်လို့ ရတယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ကြွားဝါသော စကားများကို နားထောင်ရင်း သူ၏ နောက်ကွယ်ရှိ သူတော်စင်နန်းတော် သခင် အများအပြားက ရယ်မောကာ သူ့ကို သံယောင်လိုက်၍ ပြောဆိုလိုက်ကြ၏။

သူတို့သည် အတွင်းစိတ်ထဲတွင်ပင် မညည်းညူခဲ့ကြချေ။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူ ပြောခဲ့သည်မှာ အမှန်ပင်။

ဤမြူခိုးများမှာ အမှန်တကယ်ကို ထူးဆန်းလှသည်။

ခုံးဝူတောက်၏ ခွန်အားက ကြောက်မက်ဖွယ်ကောင်းသော်လည်း ဤဆန်းကြယ်မြူခိုး ဧရိယာကို အလွန်လွယ်လင့်တကူ ဖြတ်သန်းသွားရန် သူ့အတွက် မဖြစ်နိုင်ချေ။

သို့သော် သူတို့ မသိခဲ့သည့်အရာမှာ သူတို့ ဤဧရိယာမှ ထွက်ခွာပြီး မကြာမီမှာပင် ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူများနှင့်အတူ ပေါ်လာခဲ့ပြီး ထပ်ချပ်မကွာ လိုက်ပါလာခဲ့ခြင်းပင်။

တုန်လှုပ်ချောက်ချား အင်မော်တယ် ပျောက်ကွယ်သွားသည့် ဦးတည်ရာကို ကြည့်ရင်း ခုံးဝူတောက်၏နှုတ်ခမ်းများက ခပ်ဖျော့ဖျော့အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပေ၏။

"မဆိုးပါဘူး..."

"ဘယ်လောက်တောင် စေတနာပါတဲ့ ရတနာရှာဖွေရေးကြွက်လဲ..."

"လုပ်ငန်းစဉ်ကို မင်း လုပ်ပြီး ရလဒ်ကို ငါ ယူမယ်..."

အခန်း (၁၅၈) လက်စားချေလိုတဲ့ နတ်ဘုရားသားတော်အရှင်...အောင်းခုံးကို သတ်လိုက်

ထိုလမ်းပြကြွက် တုန်လှုပ်ချောက်ချား အင်မော်တယ်က လမ်းပြပေးနေသဖြင့် ခုံးဝူတောက်နှင့် သူ၏အုပ်စုသည်လည်း အတားအဆီးမရှိ ရှေ့ဆက်သွားနိုင်ခဲ့ကြ၏။

သို့သော် သူတို့ နတ်ဘုရားတောင်နှင့် ပို၍နီးကပ်လာလေလေ သူတို့ မြင်တွေ့ရသော မြင်ကွင်းများသည် ပို၍ထူးဆန်းပြီး နက်နဲလာလေလေပင်။

သူတို့သည် ပျောက်ဆုံးနေသော ကမ္ဘာတစ်ခုသို့ ဝင်ရောက်သွားသည့်အလား ဖြစ်နေသည်။

သူတို့ သိထားသမျှ အရာအားလုံးသည် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီး သူတို့၏ လောကအမြင်ပင် ပြောင်းပြန်ဖြစ်သွားခဲ့၏။

အချိန်တခဏအကြာတွင် သူတို့သည် ရှေးဟောင်း သစ်တောတစ်ခုထဲတွင် ရှင်းလင်းစွာ ရှိနေပြီး နောက်တခဏတွင် ခြောက်ကပ်သော လွင်ပြင်တစ်ခုသို့ ရောက်ရှိသွားကြသည်။

ခြောက်ကပ်သော လွင်ပြင်မှ ထွက်ပေါ်လာပြီးနောက် မကြာမီတွင် သူတို့သည် ထူးဆန်းပြီး ချွန်ထက်သော ကျောက်ဆောင်များ ရှိသည့် ကန္တာရမြေတစ်ခုသို့ ရောက်ရှိလာခဲ့ကြပြီး နှစ်သန်းပေါင်းများစွာ ကုန်ဆုံးသွားသည့်အလားပင်။

အဖြူရောင်မြူခိုးများသည် ထူထပ်သိပ်သည်းလာပြီး ပတ်ဝန်းကျင်လောကကြီးကို မှေးမှိန်ကာ မှုန်ဝါးသော အလင်းရောင်တစ်ခုဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။

သူတို့ ခရီးဆက်နေစဉ် ရှေးဟောင်းစစ်မြေပြင် တစ်ခုသို့ ရုတ်တရက် ရောက်ရှိလာခဲ့ကြသည်။

ဤနေရာတွင် ပြိုကျနေသော အပျက်အစီးများနှင့် ကျိုးပဲ့နေသော ကျောက်တုံးများ ပြန့်ကျဲနေပေ၏။

အပျက်အစီးများ အတွင်းတွင် အမည်မသိ သတ္တဝါများ၏ အရိုးစုများကို မရေမတွက်နိုင်အောင် စီတန်းထားပြီး စုပုံထားသည်။

မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက်တွင်ပင် အရိုးစုများထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ချီစွမ်းအင်သည် ကျောချမ်းဖွယ် ကြောက်ရွံ့မှုကိုဖြစ်ပေါ်စေဆဲပင်။

"ကြည့်ရတာတော့ ဒါက မူလဘူတခေတ်က စစ်မြေပြင် တစ်ခု ဖြစ်ဖို့ များတယ်..."

ခုံးဝူတောက်က အမည်မသိ သတ္တဝါ တစ်ကောင်၏ အရိုးစုအပိုင်းအစတစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်၏။

ပျက်စီးခြင်းခေတ်အတွင်းတွင် သူသည် ရှေးဟောင်း အပျက်အစီးနယ်မြေများစွာသို့လည်း ဝင်ရောက်ခဲ့ဖူးသည်။

ထိုကဲ့သို့ထူးဆန်းသည့် သတ္တဝါ၏အရိုးစုကိုမူ သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

ထိုအရာ၏ နောက်ဆုံးနတ်ဘုရားဆန်မှု အကြွင်းအကျန်များသည် လုံးလုံးလျားလျား တိုက်စားခံလိုက်ရပြီ ဖြစ်သော်လည်း ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်ကို ထုတ်လွှတ်နိုင်ဆဲပင်။

ထို့ပြင် ထိုအရာ၏ ယေဘုယျပုံစံအရ သူ၏ လက်ထဲရှိ ကျိုးပဲ့နေသော အရိုးစုသည် သတ္တဝါ တစ်ကောင်၏သွားတစ်ချောင်းသာ ဖြစ်ပုံရသည်။

"နတ်ဘုရားသားတော်အရှင်... ငါတို့ရဲ့နောက်မှာ လှုပ်ရှားမှု တစ်ခုခု ရှိနေပုံရတယ်..."

ခုံးရွှမ်ယန်က ခုံးဝူတောက်ထံ ချဉ်းကပ်လာပြီး ရိုသေလေးစားစွာ ပြောလိုက်၏။

"လှုပ်ရှားမှုအပေါ် အခြေခံပြီး ခန့်မှန်းရရင်... အဲ့ဒါက မင်းသားအောင်းခုံးနဲ့ သူ့ရဲ့လူတွေ ဦးဆောင်တဲ့ အဓိကအင်အားစု ဖြစ်လိမ့်မယ်..."

"ဟဲ ဟဲ... ဒီကောင်တွေက တော်တော်လေး ကံကောင်းတာပဲ... တိုက်ဆိုင်စွာနဲ့ပဲ သူတို့က မှန်ကန်တဲ့လမ်းကို တကယ်ကြီး ရှာတွေ့သွားတယ်..."

ခုံးဝူတောက်က ခပ်ဖျော့ဖျော့ ရယ်မောလိုက်သည်။

သူက ဟင်းလင်းပြင်မှ တိမ်တိုက်များဖြင့် ဖန်တီးထားသော ဖရိုဖရဲရုပ်သေးရုပ်ကို တိုက်ရိုက်ဆင့်ခေါ်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူသည် အမြဲတစေ ရန်ငြိုးဖွဲ့တတ်သူဖြစ်သည်။

မင်းသား အောင်းခုံးသည် အစောပိုင်းက သူ့ကို စကားလုံးများဖြင့် တမင်သက်သက် ရန်စခဲ့ပြီး အခြားသူများအားလုံးနှင့် ရန်သူဖြစ်အောင် လုပ်ခဲ့သည်။

အမှိုက်တစ်စု၏ ပူးပေါင်းအားထုတ်မှုများကို သူ ဂရုမစိုက်သော်လည်း ထိုအချက်က မည်သူမဆို သူ့ကို ကြံစည်နိုင်သည်ဟု မဆိုလိုချေ။

ထို့ပြင် သူတို့၏ခွေးများကို စေလွှတ်ကာ သူ့ကို ရန်စရန် ရဲတင်းသော တခြားတာအိုနယ်မြေများမှ ပါရမီရှင်ဆယ်ယောက်ကျော်လည်း ရှိသေးပေ၏။

ခွေးတစ်ကောင်က အမှားလုပ်သောအခါ သူ၏ ပိုင်ရှင်က သဘာဝကျကျပင် တန်ဖိုးပေးဆပ်ရပေလိမ့်မည်။

ခုံးဝူတောက်က ကောင်းကင်ဝါးမြို နတ်မိစ္ဆာသွေးကို အသက်သွင်းပြီး အသင်္ချေနတ်ဆိုးနတ်ဘုရားအသွင်များကို ထုတ်လွှတ်လိုက်သည်နှင့်....

ငရဲ၏ အနက်ရှိုင်းဆုံးနေရာမှ လာသည့်အလား ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီများ ပေါက်ကွဲထွက်လာပြီး မဟာတာအို ရုပ်သေးရုပ် ပေါ်သို့ ချက်ချင်းတွယ်ကပ်သွားတော့သည်။

ဝုန်း...

မဟာတာအို ရုပ်သေးရုပ်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်နှင့် ကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော နတ်ဆိုးချီများသည် ထိုရုပ်သေးရုပ်၏ခန္ဓာကိုယ်မှ ရူးသွပ်စွာ တလိမ့်လိမ့်ထလာသည်။ ရုပ်သေးရုပ်တစ်ခုလုံးသည် ချောက်နက်ကြီး သို့မဟုတ် အကျဉ်းထောင် တစ်ခုအလား ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုး စွမ်းအားများကို ထုတ်လွှတ်နေပေ၏။

နတ်ဘုရားစိတ်ဝိညာဉ်တစ်ခုကို မဟာတာအို ရုပ်သေးရုပ်ထဲသို့ ပေါင်းစပ်လိုက်ပြီးနောက် ခုံးဝူတောက်သည် အချိန်မဆွဲတော့ဘဲ သူတို့၏ ခရီးစဉ်ကို ဆက်လက်သွားရန် အဖွဲ့ကို ဦးဆောင်လိုက်သည်။

ဤလုပ်ငန်းစဉ်အတွင်းတွင် မုချင်းလီနှင့်တခြား အစေခံများအပါအဝင် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ပုံမှန်မဟုတ်သည့် မျက်နှာအမူအရာများ မပြသခဲ့ကြချေ။

သူတို့၏နတ်ဘုရားသားတော်အရှင်သည် မည်ကဲ့သို့စွမ်းအားမျိုး ပိုင်ဆိုင်ထားကြောင်းကို သူတို့ သိနှင့်ပြီးဖြစ်ပေ၏။

ဤစွမ်းအားသည် ပြင်ပနယ်မြေမှ ထူးဆန်းသော စွမ်းအားများနှင့် ဆက်စပ်နေလျှင်ပင် ထိုအရာက သူတို့၏သစ္စာရှိမှုကို မထိခိုက်စေချေ။

ကောင်းကင်ဘုံများအားလုံးနှင့် ရန်သူဖြစ်ရမည်ဆိုလျှင်ပင် မည်သည့်အရာကို ကြောက်ရွံရန် လိုမည်နည်း။

.........

အချိန်တခဏအကြာတွင် ခုံးဝူတောက်တို့အုပ်စု၏အရှိန်အဝါသည် ဤဧရိယာမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီးနောက် မင်းသား အောင်းခုံးနှင့် တခြားထိပ်တန်းပါရမီရှင် အများအပြားသည် လူအုပ်စုကြီးတစ်စုနှင့်အတူ ထွက်ပေါ်လာခဲ့ကြ၏။

သို့သော် သူ၏ ကဏဦး ခမ်းနားကြီးကျယ်သော အသွင်အပြင်နှင့် နှိုင်းယှဉ်ပါက မင်းသား အောင်းခုံးသည် ယခုအချိန်၌ အလွန်အမင်း ဖရိုဖရဲဖြစ်နေသည်။

မူလက လူသောင်းနှင့်ချီ၍ သူ၏နောက်သို့ လိုက်ပါလာခဲ့သော်လည်း ယခုအချိန်၌ ရာဂဏန်းအနည်းငယ်သာ ကျန်ရှိတော့သည်။

ဆန်းကြယ်မြူခိုးဧရိယာအတွင်းသို့ သူတို့ ဝင်ရောက်လာပြီး မကြာမီမှာပင် အမည်မသိ ထူးဆန်းသော သတ္တဝါများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလေ၏။

သူတို့၏အရေအတွက် ကြီးမားစွာ လျော့ကျသွားရုံသာမက ကျွမ်းကျင်သူအများအပြားသည်လည်း အရပ်မျက်နှာအဘက်ဘက်မှ တိုက်ခိုက်လာသော မကောင်းဆိုးဝါးများကြောင့် လုံးလုံးလျားလျား လူစုကွဲသွားခဲ့သည်။

မင်းသားအောင်းခုံးသည် သူ၏ အားကောင်းသော ခွန်အားကို အားကိုး၍ ကျန်ရှိနေသော ရေနက်ပိုင်းနဂါးမျိုးနွယ်၏ ပါရမီရှင်များနှင့် ကျွမ်းကျင်သူတဲချို့ကို ဝိုင်းရံထားမှုမှ ဖောက်ထွက်ရန် ဦးဆောင်ခဲ့ပြီး တိုက်ဆိုင်စွာဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေ၏။

"ဒီအမည်မသိသတ္တဝါတွေက အရမ်းကြောက်စရာကောင်းလွန်းတယ်..."

"သောင်းနဲ့ချီပြီးရှိတဲ့ ငါတို့ရဲ့လူတွေက တကယ်ကြီး လူစုကွဲသွားတာပဲ... သောက်ချေးပဲ..."

မင်းသားအောင်းခုံးသည် ကျိန်ဆဲနေစဉ်မှာပင် ခုံးဝူတောက်ကို သူ ရုတ်တရက် ပြန်တွေးမိသွားပြီး လှောင်ပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်တွင် အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။

"ဒီနေရာက အရမ်းအန္တရာယ်များတယ်... အဲ့ဒီ မောက်မာတဲ့ကောင် ခုံးဝူတောက်က ဝင်လာပြီးတော့ မကြာခင်မှာပဲ မရေမတွက်နိုင်တဲ့ မကောင်းဆိုးရွားတွေနဲ့ တိုက်ခိုက်တာကို ခံရပြီးတော့ သူ့ရဲ့ နောက်လိုက်အများစုကိုတောင် ဆုံးရှုံးသွားလောက်ပြီလို့ ငါ ထင်တယ်... ဟုတ်တယ်မလား..."

"ဟမ့်... အလွန်အကျွံမောက်မာတာက ပေးဆပ်ရမယ့် တန်ဖိုးပဲ..."

မင်းသားအောင်းခုံးက သူ၏စိတ်ထဲမှ လှောင်ပြောင်လိုက်၏။

သူ တစ်ယောက်တည်းသာမက တခြားပါရမီရှင် အများအပြားတွင်လည်း အလားတူအတွေးမျိုး ရှိနေကြသည်။

သူတို့သည် လူသောင်းနှင့်ချီ၍ ဤနေရာသို့ ဝင်ရောက်လာခဲ့သော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးများ၏ ချေမှုန်းခြင်းကို ခံခဲ့ရသည်။

ခုံးဝူတောက်၏နောက်ကွယ်တွင် လူဆယ်ဂဏန်းအနည်းငယ်သာ ရှိပေ၏။

သူတို့နှင့် မပူးပေါင်းဘဲ ဤဆန်းကြယ်မြူခိုး ဧရိယာထဲသို့ သူတစ်ယောက်တည်းဝင်ရန် ရွေးချယ်ခြင်းက ပြဿနာရှာနေခြင်း သက်သက်ပင်။

"ရှေ့မှာ ရှေးဟောင်းစစ်မြေပြင်တစ်ခု ရှိနေပုံရတယ်... အရင်ဆုံး အဲ့ဒီနေရာမှာ သွားပြီးအနားယူကြစို့..."

မင်းသား အောင်းခုံး စကားပြောဆိုပြီးသည်နှင့် သူ နောက်ထပ်မလှုပ်ရှားရသေးမီမှာပင်...

ဝုန်း...

ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီများ ပြည့်နှက်နေသည့် ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုသည် မြူခိုးများကို ရုတ်တရက် ဆုတ်ဖြဲလိုက်ပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းကာ မင်းသားအောင်းခုံးထံသို့ ရိုက်ချလိုက်၏။

"သေစမ်း... သိုင်းတာအိုကျင့်ဝတ်မရှိဘဲ တစ်ယောက်ယောက်က ခြုံခိုတိုက်ခိုက်နေတယ်..."

မင်းသားအောင်းခုံး၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။

နတ်ဘုရားဘုရင်နယ်ပယ်၏ ထိပ်တန်းပါရမီရှင် တစ်ဦးအနေဖြင့် သူ၏တုံ့ပြန်မှုအရှိန်မှာလည်း အလွန်မြန်ဆန်လှ၏။

သူ ခုခံရန် ဟန်ပြင်နေစဥ်မှာပင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးရှိ နဂါးချီစွမ်းအားများကို လှုံ့ဆော်နေစဉ် သူသည် ဤရုတ်တရက် တိုက်ခိုက်မှုကိုလည်း ရှောင်တိမ်းချင်ခဲ့သည်။

သို့သော် ဤတိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူ များစွာ အထင်သေးနေခဲ့သည်။

ဝုန်း..

မင်းသား အောင်းခုံးသည် သူ၏နဂါးချီစွမ်းအားများကို လှုံ့ဆော်ကာ ညာဘက်လက်တွင် စုစည်းလိုက်ရုံသာ ရှိသေးသည်။ သူ ထိုအရာကို မထုတ်လွှတ်နိုင်မီမှာပင် ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးပုံရိပ်ယောင်ကြီးက ရိုက်ချလိုက်လေပြီ။

သူ၏ နဂါးချီစွမ်းအား အကာအကွယ်ကို ခြေမွှဖျက်ဆီးလိုက်စဉ်မှာပင် မင်းသားအောင်းခုံးက တိုက်ခိုက်မှုပင် မလုပ်နိုင်ခဲ့သေးသည့် ညာဘက်လက်သည် ချက်ချင်းဆိုသလိုပင် သွေးမြူများအဖြစ် ကြေမွှသွားတော့သည်။

မင်းသားအောင်းခုံးက အော်ဟစ်လိုက်ပြီး သွေးများအန်ထုတ်လိုက်ကာ နောက်သို့လွင့်စင်သွားပြီး အဝေးရှိ တောင်ကြီးတစ်လုံးနှင့် ပြင်းထန်စွာ ဝင်တိုက်မိတော့၏။

"ဒါက..."

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မင်းသား အောင်းခုံး၏နောက်မှ လိုက်ပါလာသူများ လုံးလုံးလျားလျား ဆွံ့အသွားကြတော့သည်။

မင်းသားအောင်းခုံးသည် နတ်ဘုရားဘုရင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့သော ထိပ်တန်းပါရမီရှင်တစ်ဦးပင်။

ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို ဖိနှိပ်ခြင်းသည် သူ့အတွက် လွယ်ကူလှ၏။

သို့သော် ယခုအချိန်၌ မည်သူ လှုပ်ရှားလိုက်သည်ကိုပင် မမြင်ရဘဲ မင်းသားအောင်းခုံးသည် တိုက်ရိုက်မသန်မစွမ်း ဖြစ်သွားခဲ့လေပြီ။

ဤအချိန်အခိုက်အတန့်တွင် တစ်ရှပ်ရှပ်ခြေသံများသည် ရှေးဟောင်းစစ်မြေပြင်၏ အနက်ရှိုင်းဆုံးနေရာမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

လူတိုင်းက ကြောက်လန့်တကြား လှမ်းကြည့်လိုက်ကြ၏။

ချောက်နက်ကြီးထဲမှ နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီများ ထုတ်လွှတ်နေသည့် လူငယ်တစ်ယောက်က သူတို့ထံသို့ အေးစက်စက်အမူအယာဖြင့် လျှောက်လှမ်းလာသည်ကို သူတို့ မြင်လိုက်ရသည်။

"ပြင်ပနယ်မြေ... ပြင်ပနယ်မြေက နတ်ဆိုးနတ်ဘုရား..."

လူတိုင်း၏ဦးရေပြားများ ချက်ချင်းထုံကျင်သွားပြီး သူတို့၏ခန္ဓာကိုယ်များ အထိန်းအကွပ်မဲ့စွာ တုန်ယင်သွားသည်။

သူတို့သည် ဝံပုလွေတွင်းထဲမှ လွတ်မြောက်လာပြီးမှ ကျားဂူထဲသို့ ဝင်ရောက်လာခဲ့ခြင်းပင်။

လွန်ခဲ့သော အချိန်တိုလေးက ပြင်ပနယ်မြေမှ နတ်ဆိုးနတ်ဘုရားများ၏ဖြစ်ရပ်သည် ကောင်းကင်ဘုံ တာအိုနယ်မြေတစ်ခုလုံးမှ လူများ၏ ကျောရိုးတလျှောက် ကြက်သီးထသွားစေခဲ့သည်။

သူတို့အထဲတွင် ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျင့်ကြံများ ရှိသော်လည်း ဤပြင်ပနယ်မြေမှ နတ်ဆိုးနတ်ဘုရား၏ ကျင့်ကြံခြင်းသည်လည်း ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။

"မင်းတို့က ဘာရပ်ကြည့်နေကြတာလဲ..."

အပျက်အစီးများကြားမှ ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ထရပ်လာသော မင်းသားအောင်းခုံးက သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ နာကျင်မှုကို အံကြိတ်ခံကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"မင်းတို့ မသေချင်ရင် အတူတူ တိုက်ခိုက်ကြစမ်း..."

လူတိုင်း ရုတ်တရက် အသိပြန်ဝင်လာပြီး ဖရိုဖရဲရုပ်သေးရုပ်ကို ဖိနှိပ်ရန်အတွက် ပူးပေါင်းရန် ဟန်ပြင်လိုက်စဉ်မှာပင်...

ဝုန်း...

ထူထပ်သိပ်သည်းသော ကမ္ဘာဦးအရှိန်အဝါနှင့် ရောယှက်နေသည့် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီများ တလိမ့်လိမ့်ထွက်ပေါ်လာပေ၏။

ဝုန်း... ဝုန်း... ဝုန်း...

မျက်စိတစ်မှိတ်အတွင်း လူဆယ်ယောက်ကျော်သည် သွေးမြူများအဖြစ် တိုက်ရိုက် ပြောင်းလဲသွားတော့သည်။

"ဖရိုဖရဲရုပ်ခန္ဓာကိုယ်..."

"အဲ့ဒါက တကယ်ကြီး အသေးစား အောင်မြင်မှုအဆင့် ဖရိုဖရဲရုပ်ခန္ဓာကိုယ်ပဲ..."

"သေစမ်း... မင်းက အသေးစား အောင်မြင်မှုအဆင့် ဖရိုဖရဲရုပ်ခန္ဓာကိုယ်အနေနဲ့ ပြင်ပနယ်မြေက နတ်ဆိုးနတ်ဘုရားတစ်ပါးရဲ့ ကျွန်အဖြစ် တကယ်ကြီး ကျဆင်းသွားတာလား..."

လူတိုင်းက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြ၏။

သို့သော် ဖရိုဖရဲရုပ်သေးရုပ်တွင် စိတ်ခံစားမှု မရှိချေ။

ခုံးဝူတောက်က အမိန့်တစ်ခုတည်းသာ ပေးထားခဲ့သည်။

ဤသည်မှာ သူ့အားစော်ကားခဲ့သော မင်းသား အောင်းခုံးနှင့် တခြားသူများအားလုံးကို လုံးလုံးလျားလျား အမြစ်ပြတ်သတ်ဖြတ်ရန်ပင်။

All Chapters