← Chapters

အောက်ထပ်ကလူကို ရန်မစဘူး

Vol. 22 Ch. 308

အောက်ထပ်ကလူကို ရန်မစဘူး

Vol. 22 Ch. 308

အခန်း (၃၀၈) အောက်ထပ်ကလူကို ရန်မစဘူး

"အဋ္ဌမထပ် ပြိုကျသွားပြီ ၊ မကြာခင် သတ္တမထပ်လည်း ပြိုကျတော့မယ်"

"အထပ်တိုင်းကို ကျုပ်တို့ တွေ့မြင်ကြရမှာပဲ ။ ပဉ္စမထပ်ကိုရောက်ရင်တော့ အထဲမှာ ဘာဖြစ်နေလဲဆိုတာ သိရတော့မယ်"

"အထဲက ကျင့်ကြံသူတွေ အထပ်တိုင်းကို ချိုးဖျက်သွားကြလိမ့်မယ် ၊ အားလုံး အဆင်ပြေပြေဖြစ်သွားမယ်ဆိုရင် မနက်ဖန်လောက်ဆို ပဉ္စမထပ်ကို ရောက်လာကြလိမ့်မယ်"

ထိုစကားသံများက မဟူရာမှော်ရုံနယ်မြေကို ကြည့်ရှုနေကြသည့် တန်ခိုးစွမ်းအားရှင်များ၏ ဝေဖန်သံများ ဖြစ်သည်။

ထိုသူများအားလုံး မဟူရာမှော်ရုံနယ်မြေရှိရာသို့ စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။

အထပ်တိုင်း၏အရံအတားများ ပြိုကျပျက်စီးသွားသည်ကိုကြည့်နေရင်း အားလုံး၏ရင်ထဲတွင် မှန်းဆချက်များရှိနေသလို မျှော်လင့်ချက်များလည်း ရှိနေကြသည်။

သူတို့အားလုံး အတည်ပြုနိုင်သည့်အချက်တစ်ချက်မှာ အဋ္ဌမထပ်နှင့် နဝမထပ်များတွင် မည်သည့် သားရဲကြီးများနှင့် သတ္တဝါဆိုးကြီးများ ရှိမနေခြင်းပင် ဖြစ်၏။

ဤသည်က ပုံမှန်မဟုတ်သည့် အချက်တစ်ချက်ဖြစ်ပြီး ပြဿနာက ပဉ္စမထပ်တွင်ဖြစ်နေကြောင်း ပြောနေစရာပင် မလိုပေ။ ထိုအထပ်တွင် ဘာများ မှားယွင်းနေပါသနည်း။

အကြောင်းရင်းကို သူတို့အားလုံး အလွန်ပင် သိချင်နေကြသည်။ အဖြေက သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေမည်ဟုလည်း ရိပ်မိကြသည်။

တစ်ခါတစ်ရံ မမျှော်လင့်သည့် အပြောင်းအလဲများက ကြိုတင်စီစဉ်ထားသည်များထက် အံ့သြစရာကောင်းနေတတ်သည်။

အခြေအနေက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှ၏။

မဟူရာမှော်ရုံနယ်မြေထိပ်ဖျားတွင် ထွက်ပေါ်နေသည့်ရောင်ဝါသည်လည်း လျှင်မြန်စွာပင် များပြားလာသည်။

ထိုအချိန်...

ကောင်းကင်ထက်တွင် လင်းလက်နေသည့် အလင်းတန်း (၂)ခုမှာ အလင်းတန်း (၆)ခု ဖြစ်သွားခဲ့ပြီ ဖြစ်၏။

ချီလင်မျိုးနွယ်လူရွယ်နှင့် ကျိုးကျုန်းထျန်းသာမက နောက်ထပ် (၄)ယောက်သည်လည်း တိုက်ပွဲဆင်နွှဲနေကြသည်ဆိုသည့် အဓိပ္ပါယ်ပင်။

***

နံနက်ခင်းအချိန်ရောက်လာပြီ ဖြစ်သည်။

"တစ်ရက်တော့ကုန်သွားပြီ ၊ မင်း အနိုင်ရမယ်လို့ ထင်နေသေးသလား"

နဂါးဧကရီ "ရန်ကျင်း" က တောင်သခင်မ "မြောင်ယွဲ့" ကို လှမ်းကြည့်လိုက်ပြီး သိမ်မွေ့စွာ မေးသည်။

ရန်ကျင်းက နေရာတွင်ပင် ငြိမ်သက်စွာထိုင်နေပြီး သူမပုံစံက ကျက်သရေရှိစွာ တည်ငြိမ်လွန်းလှသည်။

မြောင်ယွဲ့က ရန်ကျင်းကို လှမ်းကြည့်လိုက်သည်။

အဖြူရောင်ပုဝါစအောက်မှ သူမ၏နှုတ်ခမ်းအစုံသည် ပြုံးလျှက်ရှိလေသည်။

"ရန်ကျင်းက ကျွန်မကို နိုင်စေချင်သလား ၊ ရှုံးစေချင်သလား"

ရန်ကျင်း တိတ်ဆိတ်နေ၏။

ထိုအချိန်မှာပင် သတ္တမထပ်မှ အရံအတား ကျိုးပျက်သွားခဲ့သည်။ မှော်ရုံနယ်မြေအတွင်းမှ အဖြစ်အပျက်များကို ထင်ရှားစွာ မြင်လာရသည်။

သတ္တမထပ် ကျိုးပျက်ခဲ့ပြီဖြစ်ရာ ဆဋ္ဌမထပ် ကျိုးပျက်ရန်လည်း နီးစပ်နေပြီ ဖြစ်သည်။ ဆဋ္ဌမထပ် ကျိုးပျက်သွားလျှင် ပဉ္စမထပ်တွင် ဖြစ်ပျက်နေသမျှကို သိမြင်နိုင်ပေတော့မည်။

မွန်းတည့်ပိုင်းလောက်တွင် ပဉ္စမထပ်ကို ရောက်ရှိနိုင်သည်ဖြစ်လေရာ လူပေါင်းများစွာမှာ စိတ်ဝင်စားစွာ စောင့်ကြည့်နေကြတော့သည်။

***

မဟူရာမှော်ရုံနယ်မြေ ၊ ဆဋ္ဌမထပ်။

"ဘုန်း"

ကျယ်လောင်သည့်အသံကြီး ထွက်ပေါ်လာသောကြောင့် လင်အန်း အပေါ်သို့ မော့ကြည့်လိုက်သည်။

အခြားသူများသည်လည်း အပေါ်သို့ မော့ကြည့်လိုက်ကြ၏။ သူတို့အပေါ်ဘက်မှ သတ္တမထပ်သည် အချိန်မရွေး ပြိုကျပျက်စီးသွားတော့မည်ဟု ခံစားလိုက်ကြရသည်။

လင်အန်းက မျက်မှောင်ကြုတ်လိုက်ရင်း…

"အပေါ်ထပ်ကလူတွေ သတ္တမထပ်ကို ချိုးဖျက်လိုက်ကြတာလား ၊ ဒါ နည်းနည်းတော့ ပုံမှန် မဟုတ်သလိုပဲနော်"

ပေဖန်းကလည်း မျက်မှောင်များ ကြုတ်ထားလေသည်။

သူက…

"ဟုတ်တယ် ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ထို့နောက် ပေဖန်းက ပဉ္စထပ်ကို ငုံ့ကြည့်လိုက်ရင်း…

"ဖြစ်နိုင်ခြေတစ်ခုတော့ရှိတယ် ၊ နဝမထပ်နဲ့ အဋ္ဌမထပ်က ကျင့်ကြံသူတွေ သတ္တမထပ်ကို ရောက်လာကြတာ ဖြစ်မယ် ၊ အခု သူတို့ သတ္တမထပ်ကို ချိုးဖျက်ပြီးရင် ကျုပ်တို့အထပ်ကို ရောက်လာကြလိမ့်မယ် ၊ ဒါပေမဲ့… ဘာဖြစ်လို့လဲ"

ပေဖန်း ပဉ္စမထပ်ကို ငုံ့ကြည့်နေဆဲ ဖြစ်သည်။

ပဉ္စမထပ်ရှိရာအောက်ဘက်မှ ထွက်ပေါ်နေသည့် ဖိအားကြီးကို သူတို့အားလုံး ခံစားနိုင်ကြသည်။ ထိုဖိအားကြီးက လုံး၀ အားနည်းခြင်း မရှိပေ။

ဘာဖြစ်သည်ကို မသိကြသည့်တိုင် အနည်းငယ်တော့ နားလည်လာကြသည်။

ဟုန်လွမ်က…

"ဒါဖြင့် နဝမထပ်ကလူတွေက အဋ္ဌမထပ်နဲ့ သတ္တမထပ်ကို ဖြတ်ကျော်ပြီး ငါတို့အထပ်ကို ရောက်လာကြတာပေါ့ ၊ ဒီတော့ ငါတို့တွေက ဘာလုပ်ရမလဲ"

မှော်ရုံနယ်မြေအတွင်းမှ ခွန်လွန်တောင်မှ လူအချို့ ဖယ်ရှားခံခဲ့ရသော်လည်း အတော်များများကတော့ ကျန်ရှိနေခဲ့သေးသည်။

အချင်းချင်းတိုက်ခိုက်ကြရင်း မှော်ဝင်ပစ္စည်းများကိုလည်း သူတို့ ရရှိထားကြပြီ ဖြစ်သည်။

သို့သော် ဖြစ်ပေါ်နေသည့် အခြေအနေများက အကောင်းလား ၊ အဆိုးလား ဝေခွဲမရလေရာ ရရှိထားကြသည့် မှော်ဝင်ပစ္စည်းများကိုပင် စစ်ဆေးကြည့်ရှုနိုင်ခြင်း မရှိကြသေးပေ။

မှော်ရုံနယ်မြေထဲတွင် ရင်ဆိုင်ကြရသည့်တိုက်ပွဲများက သူတို့အတွက် များစွာ အတွေ့အကြုံရရှိစေပြီး ကျင့်ကြံခြင်းတွင် အထောက်အကူ ဖြစ်စေသည်။

ထို့ပြင် သူတို့၏ တန်ခိုးစွမ်းအား မည်မျှမြင့်မားကြောင်းကိုလည်း တိုင်းတာနိုင်သည်။

"ဘုန်း"

အပေါ်ထပ်ဆီမှ အက်ကွဲကြောင်းများ စတင်ထွက်ပေါ်လာသလို အောက်ထပ်မှ ဖိအားကြီးကလည်း သိသာထင်ရှားစွာ မြင့်တက်လာသည်။

အဋ္ဌမထပ်က သတ္တမထပ်ကို ချိုးဖျက်လာခဲ့ပြီဖြစ်ကြောင်းသူတို့ သိရှိသည်။

လင်အန်းက…

"အပေါ်ထပ်ကလူတွေ အောက်ရောက်တာနဲ့ ဂိုဏ်းတူအစ်ကိုလုကျန်းကို ချက်ချင်းရှာပါ ၊ ပဉ္စမထပ်မှာ ဖြစ်နေတဲ့အကြောင်းတွေကို သူသိအောင် ပြောပြရမယ်"

ဟုတ်ပေ၏။

အောက်ထပ်မှအခြေအနေက မည်မျှ အန္တရယ်များကြောင်း သူတို့သာလျှင် သိလေသည်။

အထူးသဖြင့် ပေဖန်း ၊ လင်အန်းနှင့် ဟုန်လွမ်တို့က အသိဆုံး ဖြစ်၏ အကြောင်းမှာ ယခင်တစ်ခေါက် ထိုလူထူးလူဆန်းဖြင့် သူတို့ ဆုံခဲ့ကြဖူးသည် မဟုတ်ပါလား။

"ဝှစ်"

အပေါ်ဘက်မှ ကြီးမားသည့် ဖိအားကြီးတစ်ခု ထွက်ပေါ်လာပြီး သတ္တမထပ်တစ်ခုလုံး ပြိုကျလာသည်။

ကြိုတင်ပြင်ဆင်ထားခြင်းမရှိသူများဆိုလျှင် တန်ခိုးစွမ်းအားလှိုင်းလုံးကြီးဖြင့် မျောပါသွားပြီး မှော်ရုံနယ်မြေအပြင်ဘက်သို့ ဖယ်ရှားခံလိုက်ကြရသည်။

သို့သော် လင်အန်းနှင့်အခြားသူများကတော့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြသဖြင့် အဆင်ပြေကြသည်။

သူတို့တစ်ဖွဲ့လုံးတွင် မည်သူမှ ဖယ်ရှားခြင်းမခံကြရသော်လည်း ကျိကျန်တစ်ယောက်ကတော့ အပြင်းအထန် ဒဏ်ရာရရှိသွား၏။

လင်အန်းက ကျိကျန်ကို ကြည့်လိုက်ပြီး…

"ဂိုဏ်းတူညီလေး… မင်း ကိုယ့်ဖာသာ ဒဏ်ရာရအောင်တော့ လုပ်လိုက်တာ မဟုတ်ပါဘူးနော်"

ကျိကျန်က တိုက်ပွဲများတွင် ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင်ပြုလုပ်ပြီး တစ်ဖက်လူက တိုက်ခိုက်သောကြောင့် ဒဏ်ရာရသယောင် ဟန်ဆောင်လေ့ရှိသည် မဟုတ်ပါလား။

မြေပြင်ထက်လဲကျနေသည့် ကျိကျန်မှာ လင်အန်းကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။

"ဂိုဏ်းတူအစ်ကို ၊ ဒီတစ်ခါတော့ တကယ်ကြီးပါဗျာ"

ဟုန်လွမ်က…

"ဂိုဏ်းတူအစ်ကိုလုကျန်းနဲ့ တခြားသူတွေကို အရင် ရှာကြရအောင်"

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် သူတို့ အပေါ်သို့ မော့ကြည့်လိုက်ကြလေရာ အင်မော်တယ်များစွာ ပျံသန်းဆင်းသက်လာကြသည်ကို တွေ့လိုက်ကြရ၏။

ဂိုဏ်းတူအစ်ကိုလုကျန်းကို အလျှင်အမြန် ရှာဖွေတွေ့ရှိရန် မျှော်လင့်ထားကြသည်။

မဟုတ်ပါက အခြားအင်အားကြီးများမှ အဆင့်မြင့်ကျင့်ကြံသူများက သူတို့အုပ်စုကို တိုက်ခိုက်မည်ဆိုလျှင် လွယ်လွယ်နှင့် ရှင်းပစ်ခံကြရမည် ဖြစ်သည်။

အပေါ်ထပ်မှ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်က သူတို့ထက် ကျင့်ကြံခြင်းအဆင့်မြင့်မားကြသည် မဟုတ်ပါလား။

ထိုစဉ်…

"ဘုန်း"

ဓားတစ်လက် သူတို့အားလုံးရှေ့သို့ ကျရောက်လာပြီး တားဆီးထားလိုက်သည်။

တိုက်ခိုက်ခံရသည်ဟု ထင်မှတ်လိုက်ပြီး လင်အန်းနှင့် အခြားသူများ ချက်ချင်းပင် သတိထားလိုက်ကြ၏။ သူတို့ မယှဉ်နိုင်သည့် ရန်သူများက တိုက်ခိုက်လာလျှင် လူစုခွဲပြီး ထွက်ပြေးရပေလိမ့်မည်။

လူစုခွဲပြီး ထွက်ပြေးလျှင် အားလုံး မလွတ်မြောက်နိုင်သူလည်း အများစုတော့ လွတ်မြောက်သွားမည် ဖြစ်သည်။

"မင်းတို့တွေ လူစုမိနေတာပဲ ၊ ဘာလို့ ပေဖန်းက ဒီအထပ်ရောက်နေရတာလဲ"

အသံနှင့်အတူ လုကျန်းက လေထဲမှပျံသန်းဆင်းသက်လာ၏။

သူက စောစောက ကျရောက်လာသည့် ဓားရှေ့တွင် မတ်တတ်ရပ်လိုက်သည်။

"ဂိုဏ်းတူအစ်ကိုလုကျန်း"

လင်အန်းနှင့်အခြားသူများ ယခုမှ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်ကြပြီး လုကျန်းကို နှုတ်ဆက်စကားဆိုလိုက်ကြသည်။

လုကျန်းက မြေပြင်ထက်စိုက်ဝင်နေသည့် သူ့ဓားကို ပြန်လည်နှုတ်ယူလိုက်ရင်း…

"ပဉ္စမထပ်မှာ ပြဿနာတစ်ခုခု ရှိနေပုံရတယ် ၊ မင်းတို့တွေ နောက်ဆုတ်နေကြ ၊ ဒီ အင်မော်တယ်အုပ်စုက ပဉ္စမထပ်မှာ ဘာဖြစ်နေလဲဆိုတာ သိချင်နေလို့ အရမ်းကို သွားကြည့်ချင်နေကြပြီ"

လုကျန်းက အပေါ်ထပ်မှ ဆင်းလာသည်နှင့် လင်အန်းကို ရှာဖွေရန် စီစဉ်ထားခဲ့သည်။

ယခုတော့ လင်အန်းနှင့် အခြားသူများကို ယခုကဲ့သို့ အမြန်ဆုံး ရှာတွေ့နိုင်သည်မှာ ကံကောင်းသည်ဟု ဆိုရမည်။

ပေဖန်းက...

"ဂိုဏ်းတူအစ်ကိုလုကျန်းရော ဒီကိစ္စထဲ ဝင်ပါမလို့လား"

လုကျန်းက...

"အင်းလေ... ဘာပြဿနာများရှိလို့လဲ"

ဤသည်က ပုံမှန်ပဲ မဟုတ်ဘူးလား။

စုဝေးပွဲရှိ လူအားလုံးက အောက်ထပ်မှထွက်ပေါ်နေသည့် ဖိအားကြီးအကြောင်း သိချင်နေကြပြီ ဖြစ်သည်။

စုဝေးပွဲကိုစီစဉ်ပေးသောသူများက သူတို့အားလုံးအတွက် ယခုကဲ့သို့ ပြင်ဆင်ပေးထားသည်မှာ အံ့သြစရာပင်။

ဤအချက်တစ်ချက်တည်းဖြင့်ပင်  စုဝေးပွဲက စိတ်ဝင်စားစရာကောင်းနေပြီ ဖြစ်သည်။

ပေဖန်းက...

"ဂိုဏ်းတူအစ်ကိုတော့ သိမှာ မဟုတ်ပေမယ့် လွန်ခဲ့တဲ့နှစ်ရက်က ပဉ္စမထပ်မှာ ရှိတဲ့သူတွေကို လူတစ်ယောက်က ရှင်းပစ်လိုက်တယ် ၊ ကျုပ်တို့လည်း အဲဒါကြောင့် ဆဌမထပ်ကို တက်လာခဲ့တာ ၊ ပြီးတော့... အဲဒီလူဘယ်သူလဲဆိုတာ ဂိုဏ်းတူအစ်ကိုလုကျန်းလည်း ကောင်းကောင်း သိမှာပဲ ၊ အဲဒီလူက ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲမှာ တစ္ဆေကျင့်ကြံသူတွေအကုန်လုံးကို တစ်ယောက်တည်းနဲ့ ရှင်းပစ်လိုက်တဲ့သူလေ"

သူ ဤကိစ္စကို ရှင်းပြမှ ဖြစ်ပေမည်။ ဤသည်က အဓိပ္ပါယ်တစ်ခုခု ရှိသည်။

ပဉ္စမအဆင့် မူမမှန်ရခြင်း အကြောင်းရင်းမှာ ထိုပုဂ္ဂိုလ်ကြောင့် ဖြစ်လေသည်။

သူတို့သာ ဤကိစ္စထဲ ပါဝင်ပတ်သက်မည်ဆိုလျှင် အကျိုးဆက်ကတော့ မှန်းဆမရနိုင်ပေ။

ထို့ပြင် ထိုလူထူးလူဆန်းက ခွန်လွန်တောင်မှ တစ်စုံတစ်ယောက် ဖြစ်နိုင်သည်။

ထိုသူမည်သူဖြစ်ကြောင်းကိုတော့ ပေဖန်း မသိရှိပေ။ စုံစမ်းကြည့်ရန်လည်း ရည်ရွယ်ချက် မရှိပေ။

အဘယ်ကြောင့်ဆိုသော် ထိုသူက ခွန်လွန်တောင်အပေါ်တွင် မကောင်းသည့် ရည်ရွယ်ချက် မရှိပေ။

ထိုသူက သိုသိုသိပ်သိပ်နေထိုင်သည့် တပည့်ရင်းတစ်ယောက် ဖြစ်နိုင်သည်။

ဆိုတော့...

ထိုသူ မည်သူဖြစ်ကြောင်းသိရှိအောင် ဖော်ထုတ်ရန် မလိုအပ်ပေ။

ဆရာဖြစ်သူကလည်း သူ့ကို ထိုသို့ပင် ပြောခဲ့လေသည်။

ပေဖန်းပြောသည့်စကားကို ကြားသည့်အခါ လုကျန်း မှင်တက်သွားသည်။

"မင်းပြောတာ အတည်ကြီးလား"

သို့ဆိုလျှင် သူတို့အားလုံး သေဖို့အတွက် အောက်ထပ်သို့ ဆင်းလာရသည်လား။ သို့သော် ဤသည်က အမှန်တကယ် စိတ်လှုပ်ရှားစရာပင်။

"ကျုပ် ဂိုဏ်းတူအစ်ကိုလန်ဝူကို ဒီအကြောင်း သွားပြောလိုက်ဦးမယ် ၊ ဘာပဲဖြစ်ဖြစ် အဲဒီ လူထူးလူဆန်းကို ကျုပ်တို့ ရှောင်သင့်တယ်မဟုတ်လား"

ပြောပြီးသည်နှင့် လုကျန်းက လေထဲသို့ ပျံသန်းထွက်ခွာသွားသည်။

လင်အန်းနှင့်အခြားသူများမှာလည်း နေရာတွင် ဆက်နေရန် ရည်ရွယ်ချက်မရှိသဖြင့် လုကျန်းနောက်သို့ လိုက်ပါသွားကြသည်။

***

လန်ဝူက အခြားအဖွဲ့များမှ အင်မော်တယ်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ထို့နောက် တည်ငြိမ်သည့် လေသံဖြင့်…

"အခု လုပ်မယ့်ကိစ္စတွေကို မင်းတို့သဘောနဲ့ မင်းတို့ ဆက်လုပ်လို့ရတယ် ၊ ကျုပ်တို့ ခွန်လွန်တောင်က ဝင်မပါတော့ဘူး ၊ ဒါပေမဲ့ မင်းတို့တွေကို ကျုပ် တစ်ခုသတိပေးမယ်"

သူက ဆက်ပြောသည်။

"ပဉ္စမထပ်မှာ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ရှိနေတယ်လို့ ကျုပ် သတင်းရထားတယ် ၊ ဒီတော့ အဲဒီအထပ်ကို ဖြတ်ကျော်မယ်ဆိုရင် မင်းတို့အားလုံး သေချာပေါက် ဘေးအန္တရယ်ဆိုးကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်"

သူ့စကားက ရှင်းလင်းသည်။

ပဉ္စမထပ်တွင်ရှိနေသည့် တန်ခိုးစွမ်းအားမြင့်မားသူကို ခွန်လွန်တောင်က သွားရောက် ရန်စမည် မဟုတ်ပေ။ ထို တန်ခိုးစွမ်းအာမြင့်မားသူကို ရန်စလိုသူရှိပါက ကိုယ့်ဘာသာ ရန်သွားစနိုင်သည်။

ခွန်လွန်တောင်ကတော့ ထိုကိစ္စတွင် လုံး၀ ပါဝင်ပတ်သက်မည် မဟုတ်ပေ။

လုကျန်းနှင့် အခြားဂိုဏ်းတူမောင်နှမများထံမှ သိရှိရသည့် စကားများအရ လန်ဝူက ထိုသို့ ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်သည်။

သူကတော့ ထိုလူထူးလူဆန်းကို အရင်က တစ်ခါမှ မတွေ့ဆုံဘူးခဲ့ပေ။ ထိုသူက ခွန်လွန်တောင်တွင် ကျော်ကြားသူတစ်ယောက် မဖြစ်နိုင်ပေ။

အနည်းဆုံးတော့ ထိုသူမည်သူဖြစ်ကြောင်း သူ သိရှိခြင်း မရှိပေ။

လုကျန်းနှင့် အခြားသူများကတော့ ထိုသူနှင့်တွေ့ဆုံဖူးပြီး စကားပြောခွင့်ရခဲ့သည်မှာ ကံကောင်းသည်ဟုဆိုရမည်။

အခြားသူများအတွက်ကတော့ ထိုသို့သောအခွင့်အရေးမျိုး ရရှိခဲ့ကြဟန် မတူပေ။

အင်မော်တယ်များက လန်ဝူ၏စကားကိုနားထောင်ပြီး ခွန်လွန်တောင်မှ လူများကို တစ်ချက် အကဲခတ်လိုက်သည်။ ထို့နောက် အရေးမစိုက်ဘဲ အောက်ထပ်သို့ ဆက်လက်သွားရောက်ရန် ပြင်ဆင်ကြသည်။

အင်မော်တယ်တန်ခိုးစွမ်းအားများကြောင့် ဆဋ္ဌမထပ်၏ အရံအတားပျက်စီးသွားလေသည်။

မကြာမီ ပဉ္စမထပ်သို့ သူတို့ရောက်ရှိကြတော့မည် ဖြစ်ပေ၏။

All Chapters