← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

43

ဆဋ္ဌမထပ်ရှိ စားပွဲခုနစ်လုံးကို တစ်လုံးနှင့်တစ်လုံး ခပ်ကျဲကျဲ နေရာချထားသည်။ စုဟယ်သည် နောက်ဆုံးတန်းရှိ ခုံတွင် နေရာယူလိုက်၏။ အခုတလော သူမသည် ဖုန်းကြည့်ရန်ပင် အချိန်မရအောင် အလုပ်ရှုပ်နေသဖြင့် သူမ၏ အမြင်အာရုံမှာ သိသိသာသာ ပြန်လည်ကောင်းမွန်လာသော်လည်း နောက်ဆုံးတန်းတွင် ထိုင်နေရခြင်းက ရှေ့ဆုံးရှိ စင်ပေါ်မှ အကြောင်းအရာများကို မြင်နိုင်ရန် ခက်ခဲနေဆဲပင် ဖြစ်သည်။

ဆရာဝေဖုန်းယီ၏ စုတ်တံစာပေ သရုပ်ပြသမှုကို တိုက်ရိုက်ကြည့်ရှုရင်း သူ၏ ဟောပြောပို့ချချက်ကို နားထောင်နိုင်ရန်အတွက် သူမမှာ ဖုန်းကိုသာ အသုံးပြုနေရတော့သည်။ အနည်းငယ် နွမ်းလျနေဆဲဖြစ်သော ပတ်ဝန်းကျင် အခြေအနေကို ကြည့်ပြီး စုဟယ်သည် ပရိုဂျက်တာ တစ်လုံး အမြန်ဆုံး လာရောက်တပ်ဆင်ပေးရန်အတွက် ဒစ်ဂျစ်တယ် ကုမ္ပဏီတစ်ခုထံသို့ အရေးတကြီး ဆက်သွယ်လိုက်တော့၏။ ငွေအင်အားရှိလျှင် အလုပ်များစွာမှာ ပို၍ မြန်ဆန်ထိရောက်လာတတ်သည်။

စုဟယ်သည် ဈေးနှုန်းကိုလည်း မဆစ်တော့ဘဲ ချက်ချင်းပင် ငွေချေလိုက်သည်။ အွန်လိုင်းဈေးဝယ်စနစ် ခေတ်စားနေချိန်တွင် သူမကဲ့သို့ အရောင်းဆိုင်ကို တိုက်ရိုက်လာပြီး ဈေးမဆစ်ဘဲ အများအပြား ဝယ်ယူသည့် အသုံးအဖြန်းကြီးသော ဖောက်သည်မျိုးကို လက်လွတ်မခံချင်သဖြင့် ဒစ်ဂျစ်တယ် ကုမ္ပဏီသည် စုဟယ်၏ စိတ်ကူး ပြန်မပြောင်းခင်မှာပင် ပရိုဂျက်တာနှင့် ပိတ်ကားကို တပ်ဆင်ပေးရန် ကျွမ်းကျင်ပညာရှင်တစ်ဦးကို ချက်ချင်း လွှတ်လိုက်တော့၏။

အရောင်းဝန်ထမ်း၏ မြှောက်ပင့်ပြောဆိုမှုနှင့် ဦးနှောက်ဆေးမှုများအောက်တွင် စုဟယ်သည် ကင်မရာတစ်လုံးကိုပါ ထပ်မံဝယ်ယူလိုက်မိပြန်သည်။ အရောင်းဝန်ထမ်းက အလွန်အမင်း စိတ်အားထက်သန်စွာဖြင့် ရှင်းပြနေ၏။

"ညီမလည်း Live လွှင့်တာ ဝါသနာပါတာလား၊ ဒီကင်မရာက ကြည်လင်ပြတ်သားမှုမှာ အဆင့်မြင့်ဆုံးပဲ၊ အသုံးပြုရတာလည်း အရမ်းလွယ်တယ်။ ကျွန်တော်တို့ အကုန်တပ်ဆင်ပေးခဲ့မယ်၊ ညီမက ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းထဲကနေ Settings လေးတွေ ချိန်လိုက်ရုံပဲ၊ အရမ်းအဆင်ပြေတယ်လေ၊ Live လွှင့်တဲ့သူ တော်တော်များများလည်း ကျွန်တော်တို့ဆီက ဒီကင်မရာကိုပဲ ဝယ်ကြတာ၊ အော်၊ မီးအလင်းအမှောင်အတွက် ပင်မမီးဆိုင်းကော လိုဦးမလားခင်ဗျာ၊ အခုမှ ရောက်ထားတဲ့ မီးအသစ်တွေ ရှိတယ်၊ လိုက်ဖ်လွှင့်တဲ့သူကို ပိုပြီး ကြည့်ကောင်းအောင် လုပ်ပေးနိုင်တယ်"

စုဟယ်က အကြိမ်ကြိမ် ငြင်းဆန်ပြီးနောက်မှသာ ထိုအရောင်းဝန်ထမ်းသည် မချင့်မရဲဖြင့် ပြန်သွားတော့သည်။

အရောင်းဆိုင်များအတွက် စီးပွားရေးမှာ ခက်ခဲနေချိန်တွင် သူမကဲ့သို့ လက်ဖွာသည့် ဖောက်သည်ကြီးမျိုးမှာ ရှားပါးလှ၏။ အရောင်းဝန်ထမ်းသည် စုဟယ်ကို ဆက်သွယ်ရန် လိပ်စာကိုပါ တောင်းယူသွားပြီး သူမထံမှ နောက်ထပ် ဝယ်ယူနိုင်စွမ်းရှိသမျှကို ဖော်ထုတ်ရန် တိတ်တဆိတ် ဆုံးဖြတ်ထားလိုက်သည်။

ထိုအရောင်းဝန်ထမ်းက သူမထံမှ ငွေများကို ဆက်တိုက် ညှစ်ထုတ်ရန် ကြံစည်နေသည်ကို စုဟယ် မသိရှာပေ။

သူမသည် ကင်မရာကို စမ်းသုံးကြည့်ရာ ခလုတ်တစ်ချက် နှိပ်ရုံဖြင့် အနီးအဝေး ချဲ့ခြင်း နှင့် ကင်မရာထောင့်ကို လိုသလို ချိန်ညှိနိုင်သဖြင့် ယခင်က ဖုန်းဖြင့် ရိုက်ကူးခဲ့သည်ထက် များစွာ ပိုမိုကြည်လင်သည်ကို တွေ့ရသည်။

မှန်ဘီလူးမှတစ်ဆင့် ကြည့်လျှင် ရွှေရန်စက္ကူပေါ်သို့ မင်ရည်များ စိမ့်ဝင်သွားပုံကို ပို၍ တွေ့မြင်နိုင်ပြီး စုတ်တံကို မည်မျှအထိ အားစိုက်ထုတ်ရသည်ကိုလည်း ပိုမို နားလည်စေနိုင်၏။

ညနေခင်း လိုက်ဖ်လွှင့်မှု မစတင်မီမှာပင် ဆံပင်နှစ်ဖက်စည်း ရှောင်လီ၊ တင်ပါးကြီး ရှောင်လင်းနှင့် ဗလတောင့်တောင့် ရှုံ့ဇီတို့မှာ နေရာယူထားကြပြီ ဖြစ်သည်။

ရှန့်ရှီ၊ ရှန့်ကျင်ကျောက်နှင့် ရှောင်လီတို့က ပထမဆုံး စားပွဲသုံးလုံးတွင် ထိုင်နေကြ၏။ အရင်ဆုံး အခန်းယူထားသည့် လူသန်ကြီး ရှုံ့ဇီသည် ရှေ့ဆုံးတန်း၏ နောက်ဆုံးခုံကို ရထားသော်လည်း ရှောင်လီ၏ အရပ်မှာ အတော်လေး ပုနေသည်။

အကယ်၍ ရှုံ့ဇီသာ ရှေ့ဆုံးမှာ ထိုင်လိုက်လျှင် ရှောင်လီ၏ အမြင်အာရုံကို လုံးဝ ပိတ်ဆို့သွားပေလိမ့်မည်။ အားလုံး၏ အကျိုးကို ငဲ့ညှာသောအားဖြင့် ရှုံ့ဇီမှာ မချင့်မရဲဖြင့် နောက်ဆုံးတန်းတွင်သာ သွားထိုင်လိုက်ရတော့သည်။

ဆရာဝေဖုန်းယီသည် ရေခွက်နှင့် သင်ခန်းစာ လက်ကမ်းစာစောင်ကို ကိုင်ကာ ဆဋ္ဌမထပ်သို့ ရောက်လာသည့်အခါ ရှေ့တွင် ထိုင်နေသော ထူးခြားသည့် လူငါးဦးအုပ်စုကို တွေ့လိုက်ရသည်။

သူသည် ရေတစ်ငုံ သောက်လိုက်ပြီး အောက်တွင် စူးစိုက်ကြည့်နေသည့် စိတ်အားထက်သန်သော မျက်လုံးငါးစုံကို လျစ်လျူရှုကာ ထုံးစံအတိုင်း Live လွှင့်မှုကို စတင်လိုက်သည်။

ဆရာဝေဖုန်းယီ၏ လိုက်ဖ်လွှင့်ချိန်မှာ အမြဲတမ်း ပုံမှန်ရှိလှ၏။ သူ စတင်လိုက်သည်နှင့် Live ကြည့်ရှုသူ အရေအတွက်မှာ (၁၀,၀၀၀) ဝန်းကျင်တွင် တည်ငြိမ်သွားတော့သည်။

"Marshmallow : ဝါး၊ ဆရာဝေက တကယ်ကို အချိန်တိကျတာပဲ ကျွန်မ မနေ့က ဆရာပေးလိုက်တဲ့ အိမ်စာတွေကို အချိန်မီ ပြီးအောင် လုပ်ထားတယ်"

"77564 : ဟားဟား၊ Live ကြည့်တဲ့သူတွေ တဖြည်းဖြည်း များလာပြီပဲ ဆရာဝေရဲ့ Live က တကယ့် ရတနာသိုက်ပဲဗျ၊ ပစ္စည်းတွေလည်း လိုက်မရောင်းဘူး၊ လက်ဆောင်တွေလည်း မတောင်းဘူး၊ သင်ပေးသမျှကလည်း တကယ်ကို ထိရောက်တဲ့ အနှစ်သာရတွေချည်းပဲ"

"စကားသွက်တဲ့ လောင်ဖုန်း : ဆရာဝေက တကယ့်ကို ပါရမီရှင်ပဲဗျာ "

"မိုမို : ဒီနေ့ လိုက်ဖ်က အရမ်းကြည်တာပဲ ဆရာဝေ စက်တွေ အသစ်လဲလိုက်တာလား၊ ဒီကင်မရာထောင့်က အရမ်းမိုက်တယ်၊ ဆရာဝေက ကျွန်မဘေးနားမှာ ကပ်ရေးနေသလိုမျိုး ခံစားရတယ် "

ဆရာဝေဖုန်းယီသည် Live စတင်ပြီးပြီးချင်း ကော်မန့်များစွာ တက်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူသည် ဖန်သားပြင်ပေါ်မှ မေးခွန်းအချို့ကို ရွေးချယ်ဖြေကြားပေးလိုက်သည်။

"ကျွန်တော် နေ့တိုင်း ကျွန်တော်တို့ရဲ့ Page မှာ Live လွှင့်မယ့် အချိန်ကို တင်ပေးလေ့ရှိပါတယ်၊ ကြေညာချက် မရှိရင်တော့ Live လွှင့်မှာ မဟုတ်ပါဘူး၊ ကြည်လင်ပြတ်သားတဲ့ Live ဗီဒီယိုတွေကို C-station မှာ ပြန်တင်ပေးထားသလို၊ ကျွန်တော့်ရဲ့ လက်ရာတွေကိုလည်း 'စာအုပ်စိမ်းလေး' မှာ အခါအားလျော်စွာ မျှဝေပေးပါတယ်၊ အကောင့်နှစ်ခုလုံးက ဝေဖုန်းယီ : လက်ရေးလှပညာ ပါပဲ၊ အားလုံးပဲ Follow လုပ်ထားနိုင်ပါတယ် "

Live ကြည့်နေသည့် ဧည့်သည်အသစ်များအတွက် အကျဉ်းချုပ် မိတ်ဆက်ပေးပြီးနောက် ဆရာဝေဖုန်းယီသည် သူ၏ သင်ကြားမှုကို စတင်လိုက်တော့သည်။

ဆဋ္ဌမထပ်ရှိ စာသင်ခန်းထဲတွင်မူ ဆရာဝေဖုန်းယီ၏ သင်ခန်းစာ စတင်သည်နှင့် တစ်ခန်းလုံး ပို၍ တိတ်ဆိတ်သွားတော့၏။

ဗလတောင့်တောင့် ရှုံ့ဇီမှာ သူ၏ အသက်ရှူသံက ဆရာဝေကို အနှောင့်အယှက် ဖြစ်သွားမည်စိုးသဖြင့် အသက်ရှူခြင်းကိုပင် ဖြည်းဖြည်းချင်း လုပ်နေရရှာသည်။

စာသင်ခန်းထဲတွင် ပရိုဂျက်တာ တပ်ဆင်ပြီးနောက်တွင် ထိုလူငါးဦးမှာ ဖုန်းထုတ်ကြည့်နေရန် မလိုတော့ပေ။ Live လွှင့်စက်များကို ပရိုဂျက်တာနှင့် ချိတ်ဆက်ထားသဖြင့် လိုက်ဖ်တစ်ခုလုံးကို ပိတ်ကားပေါ်တွင် တိုက်ရိုက် ပြသထားသည်။ အပြင်ဘက်တွင် မှောင်နေပြီး အလင်းနှောင့်ယှက်မှု မရှိသဖြင့် ပရိုဂျက်တာ၏ ပြသမှုမှာ အလွန်ပင် ကြည်လင်နေတော့သည်။

ရှန့်ရှီမှာ အသက်ကြီးပြီဖြစ်ရာ ဖုန်းကို စိုက်ကြည့်ရသည်မှာ အနည်းငယ် ပင်ပန်းလှသည်။ ယခုကဲ့သို့ မျက်နှာပြင်အကြီးကြီးဖြင့် ကြည့်ရသည်မှာ ပို၍ အဆင်ပြေလှ၏။

ရှေ့ဆုံးတန်းတွင် ထိုင်နေသ၍ ခေါင်းလေးကို အနည်းငယ် မော့ကြည့်လိုက်ရုံဖြင့် ဆရာဝေဖုန်းယီ၏ လက်တွေ့ ရေးသားပြသမှုကို အသေးစိတ် မြင်တွေ့နိုင်လေသည်။

ရှန့်ကျင်ကျောက်မှာလည်း သင်ခန်းစာထဲတွင် အာရုံအပြည့် ရောက်နေသဖြင့် Live ထဲတွင် လျှောက်သွားပြီး စနောက်ရန်ပင် မေ့နေတော့သည်။

သင်ကြားမှု တစ်နာရီ ကြာပြီးနောက် ဆရာဝေဖုန်းယီက ယနေ့ သင်ခန်းစာကို နိဂုံးချုပ်လိုက်သည်။

"ကဲ အခု မေးခွန်းနဲ့ အဖြေ ကဏ္ဍကို စပါမယ်၊ အွန်လိုင်းက သူငယ်ချင်းတွေအနေနဲ့ မေးချင်တာတွေကို ကော်မန့်မှာ တိုက်ရိုက် မေးနိုင်ပါတယ်၊ မဆိုင်တဲ့ ကော်မန့်တွေကိုတော့ ခဏလောက် မရေးကြပါပါနဲ့ဦး၊ ဒီစာသင်ခန်းထဲက သူငယ်ချင်းတွေလည်း လက်ထောင်ပြီး တိုက်ရိုက် မေးနိုင်ပါတယ်ဗျာ။"

လိုက်ဖ်ထဲတွင် "?" ပေါင်းများစွာ တက်လာသော်လည်း ဆရာဝေဖုန်းယီက မဆိုင်တာတွေ မရေးရန် တားမြစ်ထားသဖြင့် သူတို့၏ သိချင်စိတ်ကို အောင့်ထားကြရသည်။

ဆရာဝေဖုန်းယီသည် ကော်မန့်ထဲမှ မေးခွန်းအချို့ကို ဖြေကြားပေးပြီးနောက် စာသင်ခန်းထဲရှိ ကျောင်းသားများကို တစ်ဦးချင်း လိုက်လံ လမ်းညွှန်ပေးတော့၏။

ဆံပင်နှစ်ဖက်စည်း ရှောင်လီ၏ ပြဿနာမှာ သူမ၏ စုတ်တံအရေးအသားတွင် ခိုင်မာသော တည်ဆောက်ပုံ မရှိခြင်းပင်။ သူမ၏ စာလုံးများသည် သူမကဲ့သို့ပင် ချစ်စရာကောင်းနေသည်။ ရှောင်လီက စိတ်ညစ်ညစ်ဖြင့် မေးရှာသည်။

"ဆရာဝေ၊ ကျွန်မ ရေးတဲ့အခါ အားအများကြီး စိုက်ပြီး ရေးတာပဲ၊ ဒါပေမဲ့ စာလုံးတွေက ပျော့စိပျော့ဖတ် ဖြစ်နေတုန်းပဲ။ ဘယ်လိုလုပ်ရမလဲဟင်"

ရှောင်လီသည် အပျော်တမ်း စုတ်တံစာပေ ဝါသနာရှင်တစ်ဦး ဖြစ်သည်။

သူမသည် နေ့စဉ် လေ့ကျင့်မှုတွင် အတော်လေး ဝီရိယရှိပြီး စာသားအမျိုးမျိုးကို ကူးရေးခြင်း၊ အွန်လိုင်း သင်တန်းများ ရှာဖွေလေ့လာခြင်းတို့ကို လုပ်ဆောင်ခဲ့၏။

လွန်ခဲ့သည့် အချိန်အနည်းငယ်က ဆရာဝေဖုန်းယီ၏ Live ကို တိုက်ဆိုင်စွာ တွေ့ရှိသွားရာမှ လုံးဝ စွဲလမ်းသွားပြီး ဆရာဝေထံတွင် အခြေခံမှစ၍ စနစ်တကျ သင်ယူလိုစိတ် ပြင်းပြခဲ့ခြင်း ဖြစ်သည်။

ဆရာဝေဖုန်းယီသည် ရှောင်လီ၏ သပ်ရပ်သော လက်ရေးကို ကြည့်ပြီး သူမ၏ လက်ရာကို ကင်မရာအောက်သို့ တိုက်ရိုက် ယူလာလိုက်၏။

"စုတ်တံစာပေမှာ တည်ဆောက်ပုံ အားနည်းတဲ့ ပြဿနာက ကျောင်းသား တော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ အချက်ပဲ "

ဆရာဝေဖုန်းယီသည် စုတ်တံဖြင့် အချက်အချို့ကို ဝိုင်းပြလိုက်သည်။

"သေချာ ကြည့်ပါ၊ ဒီစာလုံးတွေရဲ့ တည်ဆောက်ပုံက ခိုင်ခံ့မှု ရှိနေတယ်၊ ဒါဆိုရင် ဘယ်မှာ ပြဿနာရှိနေတာလဲ"

ဆရာဝေဖုန်းယီ၏ မေးခွန်းကို နားထောင်ရင်း ရှောင်လီသည်လည်း ဘယ်နေရာမှာ မှားနေသလဲဆိုသည်ကို မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။

သူမသည်လည်း မိမိ၏ စာလုံးများကို အနီးကပ်ကြည့်လျှင် ကြည့်ကောင်းသည်ဟု ထင်ရသော်လည်း အလုံးစုံကို ခြုံကြည့်လိုက်လျှင်မူ တစ်ခုခု လိုအပ်နေသလို ခံစားနေရခြင်း ဖြစ်၏။

ဆရာဝေဖုန်းယီက သူတို့ကို အကြာကြီး စဉ်းစားမနေစေဘဲ အမြန်ပင် ရှင်းပြလိုက်သည်။

"အားလုံးပဲ ဒီ အစက် လေးကို ကြည့်ကြပါ၊ ဒီအစက်က တကယ့်ကို ဝိုင်းစက်ပြီး ဖောင်းကား နေတယ်၊ စုတ်တံစာပေမှာ အစက်ဆိုတာ တကယ်တော့ အဝိုင်းပုံစံ မဟုတ်ဘူး၊ ထောင့်ပေါင်းစုံပါတဲ့ ပုံသဏ္ဌာန်မျိုး ဖြစ်ရမယ်၊ အဝိုင်းနဲ့ နှိုင်းယှဉ်ရင် ထောင့်ပါတဲ့ ပုံသဏ္ဌာန်က ပိုပြီး အားမာန်ပါစေတယ်၊ မင်းတို့က အဝိုင်းတွေပဲ ဝိုင်းနေမယ်ဆိုရင် အားဘယ်လောက်စိုက်စိုက် စာလုံးက အားမပါသလိုပဲ မြင်နေရဦးမှာပဲ "

ဆရာဝေဖုန်းယီသည် စုတ်တံကို ကိုင်ကာ ကင်မရာအောက်တွင် လက်တွေ့ သရုပ်ပြလိုက်သည်။

"ရေးတဲ့အခါမှာ စုတ်တံရဲ့ ဘေးဘက်အဖျား ကို အသုံးပြုတာကို လျှော့ပြီး အလယ်ဗဟို ကိုပဲ သုံးပါ၊ စုတ်တံက စက္ကူနဲ့ တည့်တည့်မတ်မတ် သို့မဟုတ် အနည်းငယ် စောင်းနေရမယ် "

ဆရာဝေ၏ လက်တွေ့ သရုပ်ပြမှုကို ကြည့်ပြီး ရှောင်လီသည် ချက်ချင်းပင် နားလည်သွားတော့သည်။ ဝေဝါးနေသမျှ အရာအားလုံး ရုတ်ခြည်း ရှင်းလင်းသွားသည့် ထိုခံစားချက်မှာ တကယ့်ကို အံ့သြစရာ ကောင်းလှ၏။

ဆရာဝေဖုန်းယီမှာ အလွန် တာဝန်သိလှသည်။

ရှင်းပြရုံတင်မကဘဲ ရှောင်လီကို ယခုလေးတင် သင်ပေးလိုက်သည့်အတိုင်း ချက်ချင်း ပြန်ရေးခိုင်းတော့သည်။

သုံးလေးကြိမ်ခန့် ထပ်ခါတလဲလဲ ရေးခိုင်းပြီးနောက် ရှောင်လီ အမှန်တကယ် ကျွမ်းကျင်သွားမှသာ သူမကို နေရာသို့ ပြန်ခိုင်းလိုက်သည်။

လမ်းညွှန်မှု မပေးခင်နှင့် ပေးပြီးနောက် သိသိသာသာ ကွာခြားသွားမှုကို ကြည့်ပြီး Live ကြည့်နေသည့် ပရိသတ်များမှာလည်း အံ့အားသင့်သွားကြကာ ဝိုင်းဝန်း ဆွေးနွေးလာကြတော့သည်။

ဆရာဝေဖုန်းယီသည် ကော်မန့်များကို ဖတ်ရန် အချိန်မရှိဘဲ ရှုံ့ဇီနှင့် ရှောင်လင်းတို့ကို ဆက်လက် လမ်းညွှန်ပေးနေသည်။

"77564 : အို ဘုရားရေ၊ တိုက်ရိုက် သင်ပြပေးတာက အကျိုးကျေးဇူး အရမ်း သိသာတာပဲ ဆရာဝေက စုတ်တံစာပေ သင်တန်း ဖွင့်ထားတာလား၊ သူက အပြင်မှာပါ ဘယ်လိုလုပ်ပြီး ကျောင်းသားတွေ ရှိနေတာလဲ "

"မိုမို : စုတ်တံစာပေ ဝါသနာရှင်တွေတော့ ရူးသွားကြတော့မှာပဲ ကျွန်မက ဆရာဝေ ရှင်းပြတာကို နားထောင်ရုံနဲ့တင် အများကြီး သိလိုက်ရတယ်လို့ ထင်နေတာ၊ အပြင်မှာ တိုက်ရိုက် သင်ပြပေးတာကို မြင်တော့ တကယ်ကို သွားတက်ချင်စိတ် ပေါက်လာပြီ ဆရာဝေရဲ့ သင်တန်းကြေးက ဈေးကြီးမလားဟင်၊ ကျွန်မလည်း အပြင်မှာ လာတက်ချင်တယ်"

"Marshmallow : မသက်သာလောက်ဘူး ထင်တယ်နော်၊ ကျွန်မ အရင်က လူကြီးတွေအတွက် စုတ်တံစာပေသင်တန်း တက်ဖူးတယ်၊ တစ်နာရီကို ယွမ် (၃၀၀) ပေးရတယ်၊ အဲ့ဒီဆရာက ဆရာဝေထက် အများကြီး ညံ့တယ်၊ ဆရာဝေကတော့ ထိပ်တန်းဆရာ ဖြစ်မှာ သေချာတယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က ဆရာဝေပြောတာ သူက ဝူမြစ် နားမှာတဲ့၊ အဲ့ဒီမှာ သင်တန်းကြေးတွေက မနည်းဘူး၊ တစ်နာရီကို ယွမ် (၁၀၀၀) တောင် ဖြစ်နိုင်တယ် "

"ဂရုမစိုက်တတ်တဲ့ ရှောင်ဝမ် : အံကြိတ်ပြီး သင်တန်းအချို့လောက် တက်ရတာကတော့ မဆိုးပါဘူး ဘယ်သူ လိပ်စာသိလဲဗျ၊ ကျွန်တော့်လက်ရေးက တကယ်ကို ကြည့်မကောင်းလို့ပါ "

ရှန့်ကျင်ကျောက်သည် Live ထဲက လှုပ်ရှားမှုများကို တိတ်တဆိတ် ကြည့်နေရင်း ဂုဏ်ယူစွာဖြင့် ကော်မန့်တစ်ခု ရေးလိုက်သည်။

"ဆရာဝေက သင်တန်းကြေး မယူဘူးဗျ ဟဲယဲ့တည်းခိုခန်း မှာပဲ၊ ခင်ဗျားတို့ အဲ့ဒီတည်းခိုခန်းမှာ လာတည်းရင် ဆရာဝေရဲ့ လမ်းညွှန်မှုကို အခမဲ့ ရနိုင်တယ် "

"77564 : ?"

"Marshmallow : ?"

"မိုမို : အား၊ ကျွန်မ ကုတင်နှစ်လုံးပါတဲ့ ဆက်ထားတဲ့အခန်း ကို သုံးရက်စာ ဘိုကင် လုပ်လိုက်ပြီ အခန်းခ မျှပေးမယ့် အဖော်တစ်ယောက် ရှာနေပါတယ် တစ်ယောက်ကို (၂၀၀) စီပဲ "

အောက်ထပ် ဧည့်ကြိုကောင်တာတွင် တာဝန်ကျနေသော စုဟယ်သည် သမ်းဝေလိုက်မိသည်။ ထိုအချိန်မှာပင် ဧည့်ကြိုကောင်တာရှိ ဘိုကင်ဖုန်းမှာ မနားတမ်းတောက်လျှောက် မြည်လာပါတော့၏။

44

ယနေ့တွင် ဝေဖုန်းယီသည် အချိန်ပိုဆင်းလိုက်ရသည်။ အကြောင်းမှာ ကျောင်းသားအသစ်များတွင် မေးခွန်းများစွာ ရှိနေသောကြောင့် ၎င်းတို့ကို ရှင်းပြပေးရန် အချိန်အနည်းငယ် ပိုပေးလိုက်ရခြင်းဖြစ်၏။ သူ အောက်ထပ်သို့ ဆင်းလာပြီး အနားယူရန်အတွက် မိမိအခန်းသို့ ပြန်ရန်ပြင်စဉ်မှာပင် ဝိညာဉ်လွင့်ထွက်သွားသလို ငေးငိုင်နေသော စုဟယ်ကို တွေ့လိုက်ရသည်။

ဝေဖုန်းယီက အနားသို့ လျှောက်သွားပြီး မေးလိုက်၏။

"ဘာဖြစ်လို့လဲ"

စုဟယ်သည် သူမ၏ ဝိညာဉ်ကို ပြန်လည်ခေါ်ယူလိုက်သလိုမျိုး သတိဝင်လာပြီး ခြောက်ကပ်ကပ် အသံဖြင့် မေးလေသည်။

"ဆရာဝေ၊ ဆရာ ဒီနေ့ Live လွှင့်ရင်းနဲ့ ဟဲယဲ့တည်းခိုခန်းကို ကြော်ငြာလိုက်သေးလားဟင်"

ဝေဖုန်းယီက ခေါင်းခါပြလိုက်သည်။ သူသည် ယနေ့ အတန်း၏ နောက်ဆုံးအချိန်ပိုင်းတစ်ခုလုံးကို မေးခွန်းများ ဖြေကြားပေးခြင်းဖြင့်သာ ကုန်လွန်ခဲ့သဖြင့် ဟဲယဲ့တည်းခိုခန်းအကြောင်း ကြော်ငြာရန် အချိန်မရခဲ့ပေ။

"အာ ဒါဆို ဘာလို့ပါလိမ့်၊ ကျွန်မဆီကို ဖုန်းတွေ တစ်ဆက်တည်း အကြိမ် (၂၀) လောက် ဝင်လာတယ်၊ အကုန်လုံးက အခန်းဘိုကင်တင်ဖို့ချည်းပဲ၊ အခန်းငှားရင် ဆရာ့ရဲ့ စုတ်တံစာပေအတန်းကို တက်ခွင့်ရမလားဆိုတာကိုပဲ ဝိုင်းမေးနေကြတာ"

စုဟယ်က ဖုန်းဖြေလွန်း၍ အသံများပင် ဝင်နေသော လေသံဖြင့် ပြောရှာသည်။

ဝေဖုန်းယီက တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် စုဟယ်က မတ်တတ်ရပ်လိုက်ပြီး သူ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ ဆိုလိုက်၏။

"ဆရာဝေ၊။နောက်ဆို ဧည့်ကြိုအလုပ်ကို လုပ်ဖို့ တခြားလူတစ်ယောက်ကို ကျွန်မ ရှာပေးပါ့မယ်၊ ဆရာက ဆရာ့ရဲ့ အတန်းတွေကိုပဲ အာရုံစိုက်ပါတော့"

စုဟယ်သည် သူမ မှတ်သားထားသည့် အမှာစာ အချက်အလက်များပါသော မှတ်စုစာအုပ်ကို

ဝေဖုန်းယီအား ပြသလိုက်သည်။

ထိုအချက်အလက်များအရ မနက်ဖြန်အတွက် အခန်းလေးခန်း ဘိုကင်ရထားပြီး အားလုံးမှာ ကုတင်နှစ်လုံးပါ အခန်းများနှင့် စံနှုန်းမီအခန်း များ ဖြစ်ကြသည်။ ဆိုလိုသည်မှာ မနက်ဖြန်တွင် ဆရာဝေ၏ အတန်းသို့ လူရှစ်ဦး တက်ရောက်မည် ဖြစ်သည်။

ဝေဖုန်းယီက မငြင်းဆန်ခဲ့ပေ။

Live အတန်းတစ်ခုကို သင်ကြားပေးခြင်းသည် ကင်မရာရှေ့တွင် ထိုင်ကာ စကားပြောရုံမျှဖြင့် မရိုးရှင်းလှပေ။ ဝေဖုန်းယီကဲ့သို့ အတွေ့အကြုံရင့်ကျက်ပြီး စကားပြောကောင်းသူတစ်ဦးပင်လျှင် Live မှရရှိသော တုံ့ပြန်ချက်များအပေါ် မူတည်၍ သူ၏ ဟောပြောချက်များကို ဂရုတစိုက် ပြန်လည်ညှိနှိုင်းရသလို လူတိုင်း၏ မေးခွန်းများကိုလည်း တစ်ခုချင်းစီ ရှင်းလင်းပေးရန် လိုအပ်သည်။

သူ ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။

"ဒီနေ့ မေးခွန်းနဲ့အဖြေ ကဏ္ဍက အချိန်အတော်ယူလိုက်ရတယ်၊ ဒါကြောင့် အပြင်မှာ တိုက်ရိုက်လာတက်မယ့် ဧည့်သည်တွေအတွက် မေးခွန်းဖြေပေးမယ့်အချိန်ကို မွန်းလွဲပိုင်းမှာ စီစဉ်ပေးပါ့မယ်၊ ညဘက်မှာ‌တော့ ကော်မန့်တွေထဲက မေးခွန်းတွေကိုပဲ ဆက်ပြီး ဖြေပေးမယ်"

စုဟယ်ကလည်း သဘာဝကျကျပင် သဘောတူလိုက်သည်။

သူမက ခေါင်းညိတ်ရင်း ဆို၏။

"ဆရာဝေ၊ ဆရာ မွန်းလွဲပိုင်း မေးခွန်းဖြေတဲ့အချိန်မှာလည်း Live လွှင့်ထားလို့ ရပါတယ်၊ ကျွန်မကလည်း ဆရာ ရှင်းပြနေတာတွေကို ဗီဒီယိုရိုက်ထားပြီး ပြန်တည်းဖြတ်ပေးမယ်လေ"

နောက်တစ်နေ့ နံနက် (၅) နာရီတွင် စုဟယ်သည် ကုန်စုံဆိုင်ရှေ့ရှိ အတားအဆီးများကို အချိန်မတိုင်မီ ဖယ်ရှားလိုက်သည်။ သူမသည် အတားအဆီးခလုတ်များကို နောက်တစ်ကြိမ် မှင်စာ အင်ဂျင်နီယာထံ ပြန်ပေးရန် အဆင်ပြေစေရန်အတွက် သေသေချာချာ သိမ်းဆည်းလိုက်သည်။

အလိုအလျောက် ရောင်းချသည့်စက် များမှာလည်း ရောက်ရှိလာပြီဖြစ်ကာ အားလုံးကို လျှပ်စစ်ပလပ် ထိုးထားပြီး ဖြစ်၏။

စုဟယ်သည် ဖောက်သည်များအတွက် တံခါးကို ကိုယ်တိုင်ဖွင့်ပြီး ပစ္စည်းယူနိုင်သည့် အလိုအလျောက်စက် အမျိုးအစားကို ရွေးချယ်ခဲ့သည်။ စုဟယ်သည် ဖောက်သည်များက တံခါးကို ကိုယ်တိုင်ဖွင့်ပြီး မိမိတို့လိုချင်သော မုန့်များကို ယူနိုင်သည့် စက်အမျိုးအစားကို ရွေးချယ်ခဲ့၏။ ထိုအခါ စနစ်က ငွေပေးချေမှုကို အလိုအလျောက် နှုတ်ယူသွားမည်ဖြစ်သည်။

စုဟယ်သည် အစပိုင်းတွင် စက်ကိုးလုံး ဝယ်ယူခဲ့ပြီး နံရံသုံးဖက်တွင် စီတန်းချထားလိုက်သည်။ နံရံသုံးဖက်လုံးရှိ စက်များထဲတွင် တူညီသော ကုန်ပစ္စည်းများကို ထည့်သွင်းထား၏။

ဤနည်းဖြင့် ဆိုင်အတွင်း၌ လူတန်းသုံးတန်း တစ်ပြိုင်နက်တည်း တန်းစီနိုင်မည် ဖြစ်သည်။ ဘယ်ဘက်၊ ညာဘက် နှင့် အလယ်တွင် တစ်တန်းစီ တန်းစီနိုင်သဖြင့် စုဟယ် တစ်ယောက်တည်း ငွေရှင်းပေးပြီး ပစ္စည်းထုတ်ပေးနေရသည်ထက် များစွာ ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။

ဟုန်လျန်သည်လည်း မုန့်စိမ်းနယ်ခြင်းနှင့် အချဉ်ဖောက်ခြင်းများကို စောစောစီးစီး စတင်နေပြီဖြစ်သည်။ နံနက်ခင်း၏ အလင်းရောင်သည် ကြည်လင်သော မှန်ချပ်များမှတစ်ဆင့် အသစ်တည်ဆောက်ထားသော မီးဖိုချောင်ထဲသို့

ကျရောက်နေသဖြင့် အလွန်ပင် လင်းထိန်နေတော့၏။

ယခုအခါ ဆိုင်အပြင်ဘက်မှ ရပ်ကြည့်ရုံဖြင့်

ဟုန်လျန် မုန့်လုပ်နေသည်ကို မြင်တွေ့နိုင်ပြီဖြစ်ရာ ဟဲယဲ့တည်းခိုခန်းအတွင်းသို့ ဝင်ပြီးမှ နောက်ဖေးမီးဖိုချောင်သို့ သွားကြည့်နေရန် မလိုတော့ပေ။ ဟုန်လျန်၏ လှုပ်ရှားမှုများမှာ စီးဆင်းနေသော ရေလှိုင်းပမာ ထူးခြားသည့် ရသတစ်ခု ရှိနေပြီး လမ်းမပေါ်ရှိ ရှုခင်းတစ်ခုသဖွယ် ဖြစ်လာတော့သည်။

နံနက် (၈) နာရီပင် မထိုးသေးမီမှာပင် ဖောက်သည်များ စတင်တန်းစီနေကြပြီ ဖြစ်သည်။

လူငယ်စုံတွဲတစ်တွဲသည် လင်းထိန်နေသော ဟဲယဲ့တည်းခိုခန်း၏ အဝင်ဝကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေကြသည်။

မိန်းကလေးဖြစ်သူက လိပ်စာကို အတည်ပြုရန် ဖုန်းကို အကြိမ်ကြိမ် ထုတ်ကြည့်ရင်း ဆိုသည်။

"ဟုတ်ပါတယ် ဒီလိပ်စာပဲ၊ စန်းကျုံးဘုရားကျောင်းနဲ့လည်း မျက်နှာချင်းဆိုင်ပဲ၊ ဒါပေမဲ့ ဆိုင်မျက်နှာစာက အွန်လိုင်းမှာတွေ့တဲ့ ပုံနဲ့ ဘာလို့ မတူတာလဲမသိဘူး"

သို့သော် ယောင်္ကျားလေးဖြစ်သူမှာမူ အနီးရှိ ဖောက်ထွင်းမြင်ရသော မီးဖိုချောင်ထဲတွင် မုန့်လုပ်နေသည့် ဟုန်လျန်ထံသို့ အကြည့်ရောက်နေပြီဖြစ်သည်။

"အဆင်ပြေမှာပါ၊ ဟိုမှာကြည့် မီးဖိုချောင်ထဲမှာ မုန့်စိမ်းနယ်နေတဲ့ အမျိုးသမီးက အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ လက်လုပ်မုန့်ဆရာမလေး မဟုတ်လား"

မိန်းကလေးဖြစ်သူက ဟုန်းလျန်၏ ကျွမ်းကျင်လှသော လှုပ်ရှားမှုများကို ကြည့်လိုက်သည်။ သူမသည် 'စာအုပ်စိမ်းလေး' ကို ဖွင့်ကာ နှိုင်းယှဉ်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"သူနဲ့ တူတယ် ဒီမုန့်လုပ်တဲ့ အမျိုးသမီးလေးအကြောင်း တင်ထားတဲ့ ဘလော့ဂါတစ်ယောက်ရဲ့ ပို့စ်ကို ငါတွေ့ဖူးတယ်။"

ဟုန်းလျန်၏ မျက်နှာမှာ အွန်လိုင်းမှ ဓာတ်ပုံများနှင့် တူနေသည်ကို မြင်မှသာ သူမ၏ သံသယများ ပြေပျောက်သွားတော့သည်။

"ဒါဆိုရင် ဆိုင်ကို ပြုပြင်မွမ်းမံလိုက်တာ ဖြစ်မှာပေါ့"

မိန်းကလေးက ပြောလိုက်သည်။

"ကြည့်ဦး၊ ပုံနဲ့ နှိုင်းယှဉ်ကြည့်ရင် သူတို့က ဗီဒိုတွေကို ဖယ်လိုက်တယ်၊ နံရံကို ဆေးသုတ်တယ်၊ ပြီးတော့ အလိုအလျောက်ရောင်းတဲ့စက်တွေ ထည့်လိုက်တာပဲ၊ ပြုပြင်မွမ်းမံတာက အရမ်းရိုးရှင်းပုံရပါတယ်"

ယောင်္ကျားလေးဖြစ်သူကလည်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြရင်း ဆိုသည်။

"တစ်ခါတလေ ဗီဒီယိုတွေကြည့်ရင် အိမ်ပြင်တဲ့ ဘလော့ဂါတွေက နံရံတစ်ခုလုံးကို တစ်ရက်တည်းနဲ့ အပြီး သုတ်နိုင်ကြတာပဲလေ"

၎င်းတို့နှစ်ဦးသည် အလိုအလျောက်ရောင်းချသည့်စက်များထံ အာရုံရောက်သွားကြပြီး ပစ္စည်းရွေးရန် ဘယ်ဘက်အစွန်ဆုံးစက်ကို ရွေးချယ်လိုက်ကြသည်။

ထိုစုံတွဲသည် စက်တံခါးဖွင့်သည်မှ ဆိုင်ပြင်သို့ ထွက်လာသည်အထိ တစ်မိနစ်ပင် မပြည့်သော အချိန်အတွင်း အကုန်ပြီးစီးသွားခဲ့သည်။

မိန်းကလေးက အလွန်ကျေနပ်သွားကာ ဆိုလေသည်။

"ဒါက တကယ့်ကို အဆင်ပြေတာပဲ ငါကအကြာကြီး တန်းစီရမယ် ထင်နေတာ၊ အသစ်ပြင်ထားတဲ့ ဆိုင်ပုံတွေကို အွန်လိုင်းမှာ တင်လိုက်ဦးမယ်"

သူမဘေးမှ ယောင်္ကျားလေးက အချိန်ကို ကြည့်လိုက်ပြီး "ဝါး၊ ငါတို့ စန်းကျုံးဘုရားကျောင်းမှာ ပုတီးတန်းစီဖို့ အချိန်မီသေးတာပဲ မြန်မြန် သွားကြစို့ "

အံ့အားသင့်ရသည်မှာ ထိုလူငယ်စုံတွဲတင် မဟုတ်ပေ။

ဖောက်သည်ဟောင်းအချို့မှာ အဝေးမှ လမ်းလျှောက်လာစဉ် ဟဲယဲ့တည်းခိုခန်းရှေ့တွင် တန်းစီနေသူ သိပ်မများဘဲ ဆိုင်အပြင်ဘက်တွင် လူနှစ်ဦး သုံးဦးသာ ရှိနေသည်ကို မြင်သောအခါ ယနေ့ စောစောရောက်သည်ဟု ထင်မှတ်ကာ ဝမ်းသာသွားကြသည်။

သို့သော် ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ဟဲယဲ့တည်းခိုခန်း ကုန်စုံဆိုင်၏ အဝင်ဝမှာ ပုံစံသစ်ဖြင့် ဖြစ်နေသည်ကို မြင်လိုက်ရပြီး တန်းစီနေသူများမှာ ဆိုင်အတွင်း၌သာ စုဝေးနေကြကာ တန်းစီဇယား သုံးခုလုံးမှာ လူပြည့်နေသည်ကို တွေ့လိုက်ရ၏။

သူတို့မှာ အထဲမှနေ၍ အံ့သြတုန်လှုပ်သွားကြပြီး လူအနည်းဆုံး တန်းစီဇယားတစ်ခုသို့ အမြန်ဝင်လိုက်ကြတော့သည်။

မုန့်လာဝယ်နေကျ ဖောက်သည်အချို့မှာ ဆိုင်ရှေ့ရှိ ကြီးမားသော ပြောင်းလဲမှုများအကြောင်း ဆွေးနွေးချင်ကြသော်လည်း ချက်ချင်းပင် အနှောင့်အယှက် ပေးခြင်းခံလိုက်ရသည်။

"ဟေး၊ မနေ့က ငါ မုန့်လာတန်းစီတုန်းက ဒီလို မဟုတ်ပါဘူး၊ ပြောင်းလဲမှုက အရမ်းကြီးလွန်းတယ် မဟုတ်လား"

ဖောက်သည်ဟောင်းတစ်ဦးက မေးခွန်းပေါင်းများစွာဖြင့် ပြောလိုက်သည်။

တန်းစီနေသည့် နောက်ထပ် ဖောက်သည်ဟောင်းတစ်ဦးက ချက်ချင်း ကြားဖြတ်ပြောလိုက်သည်။

"ဒါက ဘာဆန်းလို့လဲ အခုခေတ်မှာ ပြုပြင်မွမ်းမံတာက အရမ်းမြန်တယ်၊ ပြီးခဲ့တဲ့ရက်ကတောင် တရုတ်ပြည်ရဲ့ အရှိန်အဟုန် ဆိုပြီး Hot Search မှာ တက်နေသေးတာပဲ၊ ဒါက သိပ်ခက်ခဲတဲ့ ပြုပြင်မွမ်းမံမှုမှ မဟုတ်တာ၊ ငါပြောပြမယ် ဆိုင်မှာ မုန့်အသစ် ထွက်နေတယ်ဟ "

"ဘာ၊ အမျိုးအစား အသစ်လား"

မေးခွန်းများနေသည့် ဖောက်သည်မှာ သူ၏ သံသယများကို ချက်ချင်း ဘေးဖယ်လိုက်တော့သည်။

ဤသစ္စာရှိ ဖောက်သည်ဟောင်းများအတွက်မူ သူတို့ ဂရုစိုက်သည့် တစ်ခုတည်းသော အရာမှာ မုန့်အရသာ ကောင်းမွန်ခြင်း ရှိ၊ မရှိပင် ဖြစ်သည်။ ဘယ်သူက ပြုပြင်မွမ်းမံတာကို ဂရုစိုက်နေမှာလဲ။

"သူတို့က ထင်းရှူးစေ့ မုန့်လိပ် အသစ် ထွက်ထားတာ၊ အချိုအရသာ အနည်းငယ်ပါတဲ့ အငန်အရသာမျိုးပဲ၊ ခုနက ဖောက်သည်တစ်ယောက် မြည်းကြည့်ပြီးတော့ အရမ်းစားကောင်းတယ်ဆိုပြီး နောက်ထပ် ဒီမုန့်ဘူးတွေ အများကြီး ထပ်ဝယ်ဖို့ ချက်ချင်း ပြန်တန်းစီသွားသေးတယ်"

ဟု နောက်ထပ် ဖောက်သည်တစ်ဦးက ဆက်ပြောသည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ သူပြောတာ ကြားလိုက်တယ်၊ အရမ်းမွှေးတာတဲ့၊ အထပ်ထပ်လေးတွေ ဖြစ်နေပြီး ကိုက်လိုက်ရင် အကြေလေးတွေတောင် ထွက်လာတယ်လို့ ပြောတယ်၊ အငန်အရသာက အတော်ပဲဖြစ်ပြီး နို့နံ့လေးလည်း မွှေးနေတာ၊ သူ အဲ့ဒီမုန့်လိပ်ကို ကိုက်လိုက်တဲ့အချိန်မှာ ဆိုင်တစ်ဆိုင်လုံး သူ့မုန့်နံ့တွေနဲ့ ပြည့်သွားတာပဲ"

အနီးရှိ ဖောက်သည်တစ်ဦးကလည်း ဝင်ရောက်ထောက်ခံသည်။

မေးခွန်းများနေခဲ့သော ဖောက်သည်မှာမူ သူ၏ သံသယအားလုံးကို မုန့်အသစ်အပေါ် သိချင်စိတ်အဖြစ်သို့ ပြောင်းလဲလိုက်ပြီ ဖြစ်၏။

ဝင်ပြောသော ဖောက်သည်က ဆက်လက်၍ ဆိုလေသည်။

"တန်းစီနေတဲ့သူတိုင်းက အနည်းဆုံး ဒီမုန့်နှစ်ဘူးစီတော့ ယူကြတာပဲ။ အို ငါတော့ စိတ်ပူလိုက်တာ၊ ငါ့အလှည့်ရောက်ရင် ကျန်ပါဦးမလား မသိဘူး"

မေးခွန်းများနေသော ဖောက်သည်သည်လည်း သူ၏လည်ပင်းကို ဆန့်ကာ ရှေ့က တန်းစီဇယားကို ကြည့်ရင်း သူ၏အလှည့်တွင် မုန့်ကျန်ရှိပါစေကြောင်း ဆုတောင်းနေမိတော့သည်။

ထိုစကားများကို ကြားရသောအခါ ဖောက်သည်များသည် ပြုပြင်မွမ်းမံမှုအကြောင်းကို ဂရုမစိုက်ကြတော့ဘဲ အသီးသီး လည်ပင်းဆန့်ကာ စိုးရိမ်စိတ်များ ဖြစ်နေကြတော့၏။

ထင်းရှူးစေ့ မုန့်လိပ် အရသာက ဘယ်လိုများနေမလဲ။ ငါလည်း မြန်မြန် မြည်းကြည့်ချင်ပြီ။

All Chapters