← Chapters

အခန်း (၁၆၂၁-၁၆၂၂)

Vol. 163 Ch. 1621-1622

အခန်း (၁၆၂၁-၁၆၂၂)

Vol. 163 Ch. 1621-1622

အခန်း (၁၆၂၁) - တာဝန်ယူမှု ရှိသင့်သည်

​အဘယ်ကြောင့် ချန်အင်းရွှယ် နှစ်ယောက် ဖြစ်နေရသနည်း။

​အကယ်၍ အပေါ်ဘက်ကလူက ချန်အင်းရွှယ် ဆိုလျှင် အောက်ကတစ်ယောက်ကရော မည်သူနည်း။

​အားလုံး၏ စိတ်ထဲတွင် ကြီးမားသော သံသယတစ်ခု မြင့်တက်လာသည်။

​ရှောက်ကွမ်းယင်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားပြီး ချက်ချင်းပင် မျက်ရိပ်ပြလိုက်သည်။ ဘေးနားရှိ ဝိညာဥ်ခွဲမသေမျိုးများသည် သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြပြီး နက်မှောင်သော မြူခိုးများကို ခန္ဓာကိုယ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်ကြသည်။ သို့သော် သူတို့၏ မျက်နှာများမှာ ဖြူလျော်နေပြီး ခုနက ဆုံးရှုံးသွားသော သက်တမ်း ကိုမူ ပြန်လည် ကုစား၍ မရတော့ချေ။

‌ေ

​သူတို့ကို အချိန်အနည်းငယ်မျှသာ ထပ်ပေးလိုက်လျှင် ထိုအသက်ကို လုံးလုံးလျားလျား ယဇ်ပူဇော်ပြီး ဖြစ်သွားပေလိမ့်မည်။

​အရိုးစုလှောင်အိမ်၏ အပေါ်ဘက်တွင် ယခုအခါ လူသုံးယောက် ရောက်ရှိနေသည်။ တစ်ယောက်မှာ ချန်အင်းရွှယ် ဖြစ်ပြီး နောက်တစ်ယောက်မှာ အားလုံး မြင်ဖူးထားသည့် ကောင်းကင်မသေမျိုးမျိုးနွယ် ၏ ဆဋ္ဌမမြောက် ကြယ်တာရာမသေမျိုး ပင် ဖြစ်သည်။

​ကျန်တစ်ယောက်ကိုမူ မည်သူမျှ မသိကြချေ။

သူမသည် အလွန်တင့်တယ် တည်ငြိမ်သော အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး တစ်ကိုယ်လုံးတွင် သူစိမ်းများ အနားမကပ်ဝံ့သည့် အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။

​ရှောက်ကွမ်းယင်သည် ထိုအမျိုးသမီးကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲသွားပြီးနောက် ရုတ်တရက် ပြုံး၍ ဗုဒ္ဓဂုဏ်တော်ကို ရွတ်ဆိုလိုက်သည်။

​"အာမိတ္တိုဗုဒ္ဓ... စစ်မှန်သောဘုရင်မျိုးနွယ်စုရဲ့ မျိုးဆက်သစ်တွေထဲမှာ နံပါတ်တစ်လို့ တင်စားကြတဲ့ ရှစ်မိန်းကလေးနဲ့ ဒီနေ့ ဆုံရလိမ့်မယ်လို့ ဆင်းရဲသားရဟန်း မမျှော်လင့်ထားခဲ့ပါဘူး"

​စစ်မှန်သောဘုရင် မျိုးနွယ်စု ဒါဆိုရင် ဒီအမျိုးသမီးက စစ်မှန်တဲ့ မသေမျိုး တစ်ပါးပေါ့။

​အားလုံးမှာ ထိတ်လန့်သွားကြပြီးနောက် အခြေအနေကို တဖြည်းဖြည်း နားလည်လာကြသည်။

​"အားလုံး... ကျွန်တော်တို့ ဒီတစ်ခေါက် မသေမျိုးလောကငယ်ကို လာတာက စီနီယာအစ်မသုံးရဲ့ မျက်လှည့်ပြကွက် တစ်ခုအနေနဲ့ အသုံးချခံလိုက်ရတာ ထင်တယ်..."

ကျွယ်မင်အမာခံတပည့်တစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။

​အားလုံးကလည်း ထောက်ခံကြသည်။ အစမှအဆုံးထိ ချန်အင်းရွှယ်တို့ အုပ်စုသည် ရှောက်ကွမ်းယင်တို့နှင့် ဗျူဟာချင်း ပြိုင်နေခဲ့ကြခြင်း ဖြစ်ကြောင်း သိသာလှသည်။ သူတို့ ရှိနေခြင်းမှာ ထိုဗျူဟာခင်းကျင်းမှုထဲတွင် ဝန်းရံပေးရသည့် သစ်ရွက်လေးများ၊ အခြံအရံများသာ ဖြစ်သည်။

​ယခု ကျန်းဝမ်မျိုးနွယ်စု ရောက်ရှိလာခြင်းက ဤဗျူဟာတိုက်ပွဲတွင် ကျွယ်မင်နန်းတော် အနိုင်ရသွားပြီဖြစ်ကြောင်း သက်သေပြနေသည်။

​ကျိရှန့်က ရုတ်တရက် ကျိထျန်းကျွင်းကို လှမ်းကြည့်လိုက်ရာ ထိုသူ၏ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူဆော့နေသည်ကို မြင်ရသဖြင့် သရော်လိုက်သည်။

"ဝမ်းကွဲအစ်ကို... မထင်ထားဘူး မဟုတ်လား "

​ကျိထျန်းကျွင်း၏ မျက်နှာထားမှာ တရစပ် ပြောင်းလဲနေသည်။ အခြေအနေက ဖုံးကွယ်၍ မရတော့သဖြင့် သူသည် ကျိရှန့်ကို မျက်နှာသာ ပေးမနေတော့ဘဲ မျက်နှာပုပ်သိုးသိုးဖြင့် တစ်ခွန်းမျှ ပြန်မပြောတော့ချေ။

​ထို 'ရှစ်' ဟု ခေါ်သော အမျိုးသမီးက တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ရှောက်ကွမ်းယင်ကို တစ်ချက်ကြည့်လိုက်ပြီး၊ သူ၏ဘေးမှ ဝိညာဥ်ခွဲမသေမျိုးများအပေါ်သို့ အကြည့်ရောက်သွားချိန်တွင် မျက်ဝန်းများက ပိုမို စူးရှလာသည်။

​"နင်တို့ ဝိညာဥ်ခွဲမသေမျိုး မျိုးနွယ်စုက စိတ်ဝိညာဥ်နယ်မြေ ရဲ့ အငြင်းပွားမှုတွေထဲမှာ ဘယ်လိုတောင် ပါဝင်ရဲတာလဲ"

​ဦးဆောင်လာသည့် အဆင့် ၇ ဝိညာဥ်ခွဲမသေမျိုးမှာ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းငုံ့၍ တိတ်ဆိတ်သွားတော့သည်။ ယခုကဲ့သို့ အခြေအနေတွင် စကားများခြင်းက အမှားများစေနိုင်သဖြင့် တိတ်ဆိတ်နေခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

​"ရှဲ့အာမန်... နင်တို့ ဒီတစ်ခေါက် ဘာတွေ ဖြစ်နေတာလဲဆိုတာ ပြောပြဦးလေ"

ရှစ်မိန်းကလေး၏ အကြည့်က ချန်အင်းရွှယ် ထံသို့ ကျရောက်သွားသည်။

​ရှဲ့အာမန် စီနီယာအစ်မကြီး

​အားလုံးနှင့်အတူ နဂါးနက်လှေပေါ်တွင် ရှိနေသည့် ချန်အင်းရွှယ်က သာယာစွာ ရယ်မောလိုက်ပြီး သူမ၏ ရုပ်သွင်မှာ မူလအတိုင်း ချက်ချင်း ပြန်ပြောင်းသွားတော့သည်။ အားလုံးမှာ ထိုအခါမှသာ အံ့အားသင့်စွာ နားလည်သွားကြတော့သည် - အစမှအဆုံးထိ အစ်မကြီးက သူတို့နှင့်အတူ ရှိနေခဲ့ပြီး မသေမျိုးလောကငယ်သို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။

​"ဒါကြောင့်လည်း ကောင်းကင်မသေမျိုးမျိုးနွယ်က ဆဋ္ဌမမြောက် ကြယ်တာရာမသေမျိုးက ကျိမျိုးနွယ်စုမှာ စီနီယာအစ်မသုံး ကို မြင်တုန်းက မျက်နှာပျက်သွားတာကိုး"

ဖန့်ချန် သဘောပေါက်သွားသည်။

​အချက်အလက်များကို ပြန်ဆက်ကြည့်လျှင် ဤနှစ်ယောက်သည် အချင်းချင်း လူစားလဲထားခြင်း ဖြစ်သည်။ သူတို့နှင့်အတူ အမြဲရှိနေခဲ့သူမှာ ရှဲ့အာမန် ဖြစ်ပြီး၊ စစ်ကူသွားခေါ်ကာ ဆဋ္ဌမမြောက် ကြယ်တာရာမသေမျိုး နှင့် ဆက်သွယ်ပြီး အစစ်မှန်ဘုရင်မသေမျိုး မျိုးနွယ်စုကို ဖိတ်ခေါ်ခဲ့သူမှာ ချန်အင်းရွှယ် ဖြစ်သည်။

​အကယ်၍ အစစ်မှန်ဘုရင်မျိုးနွယ်စုမှ မသေမျိုး ရောက်လာတာ နောက်ကျလျှင်ပင် ကိစ္စမရှိပေ။ ရှဲ့အာမန်၏ အစွမ်းအစဖြင့် အချိန်အတော်ကြာအောင် ဆွဲထားနိုင်စွမ်း ရှိသည်။ ဆိုလိုသည်မှာ အစမှအဆုံးထိ သူတို့အားလုံးသည် အလွန်ဘေးကင်းသော အခြေအနေတွင် ရှိနေခဲ့ကြခြင်းပင်။

​"ရှစ်အစ်မ... ဒီကိစ္စကတော့ အားလုံး ရှင်းနေပါပြီ"

ရှဲ့အာမန်က ရှစ်မိန်းကလေးကို လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး

​"ရှောက်ကွမ်းယင်က အရင်က ကျွန်မကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ဖူးတယ်၊ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ အခုတော့ သူက ညီမလေးအင်းရွှယ်အပေါ်ကို ဦးတည်လာပြန်ပြီ။ မီးတောက်မသေမျိုးမျိုးနွယ်က ကျူးလင်ကို အသုံးချပြီး အင်းရွှယ်ကို မသေမျိုးလောကငယ်ထဲ ရောက်လာအောင် မျှားခေါ်တယ်၊ ပြီးတော့မှ ဒီမှာတင် လက်စဖျောက်ဖို့ ကြံစည်ကြတာ"

​"ဒီလိုဆိုရင်... ကျိမျိုးနွယ်စုကလည်း အသုံးချခံ နယ်ရုပ်လေး ဖြစ်ခဲ့တာပေါ့..."

ကျိရှန့်၏ မျက်နှာ ဖြူဖျော့သွားသည်။

တစ်စုံတစ်ယောက်က ချန်အင်းရွှယ်ကို မျှားထုတ်ရန် ကျိမျိုးနွယ်စုကို အသုံးချခဲ့သည်ဟု တွေးမိသည်နှင့် သူ စိုးရိမ်တုန်လှုပ်သွားသည်။

အကယ်၍ ချန်အင်းရွှယ်သာ မသေမျိုးလောကငယ်တွင် အန္တရာယ်တစ်ခုခု ကြုံခဲ့လျှင် ကျိမျိုးနွယ်စုမှာလည်း တရားခံအဖြစ် ပါဝင်ပတ်သက်သွားမည် မဟုတ်ပါလား။

​"ဒါဆိုရင် ရုလိုင်ဘုရားကျောင်းနဲ့ ဝိညာဥ်ခွဲမသေမျိုးမျိုးနွယ်ဟာ ဒီကိစ္စပြီးရင် အပြစ်အားလုံးကို ကောင်းကင်မသေမျိုးမျိုးနွယ်အပေါ် ပုံချဖို့ ကြံစည်ထားကြတာလား "

ဆဋ္ဌမမြောက် ကြယ်တာရာမသေမျိုးက ရုတ်တရက် စကားပြောလာသည်။ သူသည် ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိမ့်လိုက်သည်။

"မှန်တယ်၊ တကယ်လို့ သူတို့သာ ဒီမှာ တစ်ခုခု ဖြစ်သွားရင် ကောင်းကင်မသေမျိုးမျိုးနွယ်က ဒီအပြစ်ကို ခေါင်းခံရဖို့ များတယ်"

​"နံပါတ် ခြောက်... ငါ နင့်ကို မလိမ်ပါဘူးနော်၊ ဒီတစ်ခေါက် နင့်ကိုသာ မခေါ်ခဲ့ရင် နင်တို့ ကောင်းကင်မသေမျိုးတွေ အမှုပတ်လို့ ပတ်မှန်းတောင် သိမှာ မဟုတ်ဘူး"

အစစ်မှန် ချန်အင်းရွှယ်က ဆဋ္ဌမမြောက် ကြယ်တာရာမသေမျိုး ၏ ပုခုံးကို အားပါပါ ပုတ်လိုက်ရင်း ရယ်မောလိုက်သည်။

​ကလေးမျက်နှာနှင့် ဆဋ္ဌမမြောက် ကြယ်တာရာမသေမျိုးမှာ နာကျင်သွားဟန်ဖြင့် ပုခုံးကို ပွတ်သပ်ရင်း

"ဖြေးဖြေးလေး လုပ်ပါ"

​ထို့နောက် သူသည် ရှောက်ကွမ်းယင်တို့ထံသို့ တည်ကြည်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"မင်းတို့ ရုလိုင်ဘုရားကျောင်းနဲ့ ဝိညာဥ်ခွဲမသေမျိုးတွေက ငါတို့ကို ရှင်းပြချက်တစ်ခု ပေးရလိမ့်မယ်"

​ရှောက်ကွမ်းယင်သည် အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။

"ကျုပ်တို့က ဒီအတိုင်း လမ်းကြုံလို့ပါ၊ အားလုံးနဲ့ ဆုံမိသွားလို့ နောက်ပြောင်ချင်ရုံ သက်သက်ပါပဲ၊ ပြီးတော့ အားလုံးရဲ့ အစွမ်းအစတွေကိုလည်း အပြန်အလှန် ဖလှယ်ကြည့်ချင်ရုံပါ"

​"ဒီနောက်ပြောင်မှုက မရယ်ရဘူး၊ ဒီလို ရှင်းပြချက်မျိုးကလည်း ဘယ်သူ့ကိုမှ ကျေနပ်စေမှာ မဟုတ်ဘူး"

ရှစ်မိန်းကလေးက တည်ငြိမ်စွာ ဆိုသည်

"နင်က ရုလိုင်ဘုရားကျောင်းရဲ့ ဗုဒ္ဓသားတော် ဖြစ်တဲ့အတွက် တာဝန်ယူမှု ရှိသင့်တယ်။ အရင်တုန်းက နင်ဟာ ရွှမ်ခွန်းမသေမျိုး မျိုးနွယ်က မုန့်ထျန်းရှူးနဲ့ ပူးပေါင်းပြီး ရှဲ့အာမန်ကို တိုက်ခိုက်ခဲ့သလား ဆိုတာကို ငါ ဂရုမစိုက်ဘူး။

ဒါပေမဲ့ ဒီနေ့ နင်တို့ရဲ့ လုပ်ရပ်ကိုတော့ ငါကိုယ်တိုင် မြင်တွေ့ခဲ့ရပြီ။ တကယ်လို့ ဒါကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် စိတ်ဝိညာဥ်နယ်မြေနဲ့ မသေမျိုးလောကငယ်ကြားမှာ စစ်ပွဲတွေ ဖြစ်လာလိမ့်မယ်။

ကောင်းကင်မသေမျိုးမျိုးနွယ်တင် အပြစ်ခံရမှာ မဟုတ်ဘူး၊ အစစ်မှန်ဘုရင်မျိုးနွယ်စုကလည်း ဒီအတွက် တန်ဖိုးတစ်ခု ပေးဆပ်ရလိမ့်မယ်"

​"အဲဒီလောက် မကြီးမားပါဘူး"

ရှောက်ကွမ်းယင်က တည်ငြိမ်စွာ ဆိုသည်

"အခုလည်း ကျုပ်တို့ ဘာမှမလုပ်ရသေးဘူး၊ နှစ်ဖက်လုံးမှာ ဆုံးရှုံးမှု မရှိဘူး။ ရှစ်မိန်းကလေးက ဒီကိစ္စကို ဘယ်လို အဆုံးသတ်ချင်လဲဆိုတာ သိပါရစေ။ မရှိတဲ့အပြစ်ကို ပုံချတာမျိုးကိုတော့ ကျုပ်တို့ လက်မခံနိုင်ပါဘူး"

​"မရှိတဲ့အပြစ် ဟုတ်လား"

​ရှဲ့အာမန်က ရုတ်တရက် ရယ်မောလိုက်ပြီး ကျိထျန်းကျွင်းကို လက်ညှိုးထိုးပြလိုက်သည်။

"ခုနက ဒီလူက နင့်ကို ဗြောင်ကျကျ အရှင် လို့ ခေါ်လိုက်တာပဲ၊ ဒါဟာ သူက ကျွယ်မင်နန်းတော်မှာ နင်ထားခဲ့တဲ့ သူလျှိုဆိုတာ သက်သေပဲ။ ဒီတစ်ခေါက် အင်းရွှယ်ကို မျှားခေါ်ရာမှာလည်း သူက အဓိကနေရာက ပါဝင်ခဲ့တာ။

အစမှအဆုံးထိ နင်ပဲ နောက်ကွယ်က ကြိုးကိုင်ခဲ့တာ ဖြစ်လို့ အပြစ်ပုံချတယ်လို့ မပြောပါနဲ့တော့။ ဘယ်လို အပြစ်ပေးခံမလဲဆိုတာ တိုက်ရိုက်ပဲ ပြောလိုက်ပါ။ မဟုတ်ရင်... ငါ့ရဲ့ နောက်ကွယ်က အစီအစဉ်က အနိုင်ရမလား၊ နင့်ရဲ့ အစီအစဉ်က အနိုင်ရမလားဆိုတာ စမ်းကြည့်ချင်လား "

​ကျိထျန်းကျွင်း၏ မျက်နှာမှာ ပိုမို ဖြူဖျော့လာပြီး ရှောက်ကွမ်းယင်ကို အားကိုးတကြီး လှမ်းကြည့်လိုက်သည်။

ရှောက်ကွမ်းယင်မှာမူ သူ့ကို ဂရုစိုက်ရန် အချိန်မရှိချေ။ သူသည် ရှဲ့အာမန် ပြောသွားသော စကား၏ နောက်ဆက်တွဲ အကျိုးအကြောင်းများကို တွေးတောနေသည်။

​"ထားပါတော့... တကယ်တော့လည်း အရင်က တာ့လေယင် တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကို ဆင်းရဲသားရဟန်းက မကျေနပ်လို့ အားလုံးကို ဒုက္ခပေးဖို့ ကြံစည်ခဲ့မိတာပါ"

ရှောက်ကွမ်းယင်က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။

"အားလုံး အခြေအနေတွေကို တင်ပြပါ၊ ကျုပ်တို့ ညှိနှိုင်းကြည့်ပါ့မယ်၊ အားလုံး ကျေနပ်လောက်တဲ့ ဖြေရှင်းချက်မျိုး ဖြစ်အောင် ကြိုးစားပေးပါ့မယ်"

​ရုလိုင်ဘုရားကျောင်း ဗုဒ္ဓသားတော် ရှောက်ကွမ်းယင်က ဝန်ခံလိုက်သည်ကို မြင်သောအခါ ကျွယ်မင်နန်းတော် အမာခံတပည့်များထံမှ လှောင်ပြုံးသံများ ထွက်ပေါ်လာသည်။

​"အခြေအနေတွေ မပြောခင်မှာ... ခုနက နက်မှောင်တဲ့ မြူခိုးတွေက ဘာလဲဆိုတာ ငါ့ကို အရင်ပြောပြပါ။ ငါတို့ကို ဘာလုပ်ဖို့ ကြံစည်ထားတာလဲ "

ရှဲ့အာမန်က ပြုံးလျက် မေးလိုက်သည်

"နင့်ရဲ့ အဖြေက ငါ့ကို ကျေနပ်စေတယ်ဆိုရင် ငါကလည်း နင့်ကို ကျေနပ်လောက်တဲ့ ရလဒ်တစ်ခု ပေးနိုင်တာပေါ့"

​ချက်ချင်းပင် အားလုံး၏ အကြည့်များသည် ရှောက်ကွမ်းယင်ထံသို့ ကျရောက်သွားသည်။

သူတို့သည်လည်း ခုနက ရှောက်ကွမ်းယင်၏ လုပ်ရပ်မှာ မည်သည့်အတွက်ကြောင့်လဲ ဆိုသည်ကို အလွန် သိချင်နေကြသည်။

​"ဒါနဲ့... အရင်က တာ့လေယင်မှာ နင်နဲ့ တိုက်ခိုက်တုန်းက နင့်ရဲ့ စွမ်းအင်တချို့ကို ငါ ခိုးယူပြီး သိမ်းထားခဲ့တယ်။ စမ်းသပ်မှု အမျိုးမျိုး လုပ်ကြည့်ပြီးတော့ အဖြေတစ်ခုတော့ ရထားပြီ။ ဒါကြောင့် နင် သေသေချာချာ ပြောပါ၊ ဖုံးကွယ်ဖို့တော့ မကြိုးစားနဲ့ဦး"

ရှဲ့အာမန်က ထပ်လောင်း ပြောကြားလိုက်သည်။

​ရှောက်ကွမ်းယင်၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။

​စွမ်းအင်တချို့ကို သိမ်းထားခဲ့တာလား။ ဖန့်ချန်သည် ရုတ်တရက် ထိုအနက်ရောင် ကျောက်လုံးလေးကို သတိရသွားသည်။

​မုန့်ဆွေ့ခုံး အဆင့် ၇ ရှေးဟောင်းမသေမျိုးအဖြစ် တက်လှမ်းချိန်တွင် ညစ်ညမ်းစေခဲ့သည့် ထိုအနက်ရောင် မှင်စက်များမှာ... ရှဲ့အာမန်က ရှောက်ကွမ်းယင်၏ စွမ်းအင်များကို အခြေခံပြီး အသစ်ပြန်လည် သန့်စင်ဖန်တီးထားသည့် အရာများ ဖြစ်နေမလား။

အခန်း (၁၆၂၂) - ဒါဟာ ဗြောင်ကျကျ စွပ်စွဲပုတ်ခတ်မှုပဲ

​စစ်မှန်သောဘုရင်မျိုးနွယ်စုမှ ရှစ်မိန်းကလေး၊ ကောင်းကင်မသေမျိုးမျိုးနွယ်၏ ဆဋ္ဌမမြောက် ကြယ်တာရာမသေမျိုး၊ ချန်အင်းရွှယ်၊ ရှဲ့အာမန်နှင့် ကျန်ရှိသူအားလုံးသည် ရှောက်ကွမ်းယင်ကိုသာ စိုက်ကြည့်နေကြသည်။

​သူတို့သည် လူအ များ မဟုတ်ကြပေ။ ယနေ့ ရှောက်ကွမ်းယင်၏ လုပ်ရပ်အမျိုးမျိုးမှာ အလွန်ပင် ထူးဆန်းလွန်းလှသည်။

​ခုနက ဝိညာဥ်ခွဲမသေမျိုးအုပ်စု၏ လှုပ်ရှားမှုများမှာလည်း အလွန်ပင် ထူးခြားနေသည်။

​အကယ်၍ တကယ်ပဲ တာ့လေယင်တိုက်ပွဲအတွက် ကလဲ့စားချေချင်ရုံသက်သက်ဆိုလျှင် တိုက်ရိုက်သာ လက်ဦးမှုယူ တိုက်ခိုက်လိုက်ရုံပင်။ ရှောက်ကွမ်းယင်၏ ကျင့်ကြံမှုအဆင့်အတန်းနှင့်ဆိုလျှင် ချန်အင်းရွှယ် ကို အဘယ်ကြောင့် ဝိညာဥ်ခွဲမသေမျိုးမျိုးနွယ်ကို အသုံးချကာ ကိုင်တွယ်ရန် ကြံစည်နေရသနည်း။

​ရှောက်ကွမ်းယင်သည် အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ဖြည်းညှင်းစွာ ဆိုလိုက်သည်။

​"ရှဲ့မိတ်ဆွေ ဘာတွေကို ပြောနေတာလဲဆိုတာ ဆင်းရဲသားရဟန်း နားမလည်ပါဘူး"

​"နင်ကတော့ ငြင်းနေတုန်းပဲပေါ့"

​ဖန့်ချန်သည် စိတ်ကူးတစ်ခု ရသွားပြီး ချက်ချင်းပင် ရှဲ့အာမန်ထံသို့ အသံလွှင့်ကာ ပြောလိုက်သည်။

​"စီနီယာအစ်မကြီး... အောက်နယ်မြေခြောက်ခု မှာ ဖြစ်ပွားခဲ့တဲ့ မိစ္ဆာကပ်ဘေးဟာ သူနဲ့ ပတ်သက်နေနိုင်ပါတယ်။ အရင်က တာ့လေယင် တိုက်ပွဲတုန်းကလည်း ဒီလူဟာ မိစ္ဆာအသွင်ပြောင်းတဲ့ နည်းလမ်းမျိုးကို အသုံးပြုခဲ့ဖူးတယ်"

​"ဖြစ်နိုင်တာက ဒီနည်းလမ်းဟာ သူတစ်ပါးရဲ့ စိတ်အာရုံကို အတင်းအဓမ္မ ထိန်းချုပ်နိုင်တာမျိုး ဖြစ်ပါလိမ့်မယ်"

​"သူက အရင်က စီနီယာအစ်မကြီးကို ချောင်းမြောင်းခဲ့တယ်၊ အခုတော့ စီနီယာအစ်မသုံးကို ချောင်းမြောင်းပြန်ပြီ။ သူ့ရဲ့ တကယ့်ရည်ရွယ်ချက်က အစ်မတို့ကို မိစ္ဆာဖြစ်အောင်လုပ်ပြီး လက်နက်မပါဘဲ ကျွယ်မင်နန်းတော်ကို သွယ်ဝိုက်ပြီး ထိန်းချုပ်ဖို့ ဖြစ်နိုင်ပါတယ်"

​ဖန့်ချန်သည် မိမိ၏ ကျင့်ကြံမှုအဆင့်ဖြင့် အသံလွှင့်ခြင်းမှာ ဤနေရာရှိ အစွမ်းထက်သူများ ကြားသွားနိုင်သည်ကို သိထားသည်။

​မှန်ပေသည်။ သူပြောပြီးသည်နှင့် စစ်မှန်သောဘုရင်မျိုးနွယ်စုမှ ရှစ်မိန်းကလေး၊ ချန်အင်းရွှယ်၊ ဆဋ္ဌမမြောက် ကြယ်တာရာမသေမျိုးနှင့် ရှောက်ကွမ်းယင်တို့သည် တစ်ပြိုင်နက်တည်း သူ့ထံသို့ အကြည့်များ ပို့လွှတ်လိုက်ကြသည်။

​ဖန့်ချန်ကမူ ဂရုမစိုက်ပေ။ ယနေ့ကဲ့သို့ အခြေအနေမျိုးမှာ ရခဲလှသော အခွင့်အရေးပင်။ အကယ်၍ အင်အားစုအသီးသီးက ဤကိစ္စကို သတိထားမိသွားအောင် လုပ်နိုင်မည်ဆိုလျှင် ရှောက်ကွမ်းယင်တို့၏ အငြိုးထားခြင်းကို ခံရလျှင်ပင် တန်ပါသေးသည်။

​"ရှောက်ကွမ်းယင်... နင် ကြားတယ်မလား ငါ့ရဲ့ ကိုးယောက်မြောက် မောင်လေးရဲ့ အတွေးက ငါနဲ့ ထပ်တူကျနေတာပဲ။ အောက်နယ်မြေခြောက်ခုမှာ ဘယ်လိုမျိုး ပုဂ္ဂိုလ်ကြီး ပေါ်လာလို့ နယ်မြေတစ်ခုလုံးက သက်ရှိမှန်သမျှကို တစ်ပြိုင်နက်တည်း မိစ္ဆာကပ်ဘေး သင့်အောင် လုပ်နိုင်ရတာလဲလို့ ငါ တွေးနေတာ"

​ရှဲ့အာမန်က အေးစက်စွာ ရယ်မောလိုက်ပြီး

"တကယ်လို့ ဒါဟာ နင် ကြံစည်ထားတာဆိုရင်တော့ အဖြေက ရှင်းသွားပြီပေါ့"

​ရှောက်ကွမ်းယင်က ဖန့်ချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ဆိုသည်။

​"ပေါက်ကရတွေ ပြောနေတာပဲ"

​ကျိထျန်းကျွင်းသည် ဖန့်ချန်၏ အသံလွှင့်စကားကို မကြားရသော်လည်း ရှဲ့အာမန်၏ နှုတ်မှ မိစ္ဆာကပ်ဘေး ဆိုသည့် စကားလုံး ထွက်လာသည်နှင့် သူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

​'မိစ္ဆာကပ်ဘေး အောက်နယ်မြေခြောက်ခုလား'

​ရှစ်မိန်းကလေး၏ မျက်နှာထား လှုပ်ရှားသွားပြီး ဖန့်ချန်ကို အထက်အောက် သေချာစွာ ကြည့်လိုက်သည်။

​"ရှဲ့အာမန်... ဒါက နင်တို့ ကျွယ်မင်နန်းတော်က အသစ်တက်လာတဲ့ ကိုးယောက်မြောက် အမာခံတပည့်လား "

​" စစ်မှန်သောဘုရင်မျိုးနွယ်စုက စီနီယာရှစ်ကို နှုတ်ဆက်လိုက်ဦးလေ။ သူမက စစ်မှန်သောဘုရင်မျိုးနွယ်ရဲ့ မျိုးဆက်သစ်တွေထဲမှာ တကယ့်ကို နံပါတ်တစ်ပဲ။ ငါကိုယ်တိုင်တောင် တစ်ယောက်ချင်း တိုက်မယ်ဆိုရင် သူမကို နိုင်ဖို့ အာမခံချက် မရှိဘူး"

​ရှဲ့အာမန်က ပြုံးစစဖြင့် ပြောလိုက်သည်။

​'ဒီအမျိုးသမီးက ကျင့်ကြံမှုရော အသက်အရွယ်ရော စီနီယာအစ်မကြီးထက် တစ်ပန်း သာနေပုံပဲ။ အဆင့် ၈ စစ်မှန်သော မသေမျိုး... လောကမှာ တကယ်ကို တွေ့ရခဲပါတယ်။ မသေမျိုးလောကငယ်မှာပဲ ဒီလိုလူမျိုး ရှိနိုင်တာ'

​ဖန့်ချန်က တွေးတောရင်း ရှစ်မိန်းကလေးကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

​"ကျွန်တော်မျိုး စီနီယာရှစ်ကို ဂါရဝပြုပါတယ်"

​"မျိုးဆက်အရဆိုရင် မင်းနဲ့ ငါက တစ်တန်းတည်းပဲ။ ဒါပေမဲ့ မင်းက အဆင့် ၃ မသေမျိုး ဖြစ်ပြီး ငါက အဆင့် ၈ ဖြစ်နေတော့ ငါ့ကို စီနီယာလို့ ခေါ်တာလည်း ယုတ္တိရှိပါတယ်"

​ရှစ်မိန်းကလေးက အသာအယာ ခေါင်းညိမ့်ပြလိုက်ပြီး

"ခုနက မင်း ရှဲ့အာမန်ကို အသံလွှင့်ပြောတဲ့အထဲက အသေးစိတ်ကို ထပ်ပြောပြစမ်းပါဦး။ ဒီနေ့ ဖြစ်ပျက်နေတာတွေနဲ့ ဘယ်လို ပတ်သက်နေမလဲဆိုတာ ကြည့်ရအောင်"

​"ဟုတ်တယ်... ပြောပြစမ်းပါဦး၊ မိစ္ဆာကပ်ဘေးဆိုတာ ဘာလဲ ငါ နည်းနည်း စိတ်ဝင်စားသွားပြီ"

​ဆဋ္ဌမမြောက် ကြယ်တာရာမသေမျိုးကလည်း တိုက်တွန်းလာသည်။

​"မိစ္ဆာကပ်ဘေးလား ဒါဆိုရင်..."

​နန်မင်ရုယွဲ့တို့ အုပ်စုမှာလည်း စိတ်လှုပ်ရှားသွားကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ကျွယ်မင်နန်းတော်တွင် တရားဆွေးနွေးစဉ်က နင်မျိုးနွယ်စုမှ အမာခံတပည့်တစ်ဦး ဤအကြောင်းကို ပြောခဲ့ဖူးသည်ကို သူတို့ မှတ်မိသွားကြသည်။

​ဤကိစ္စက ယနေ့တွင်၊ ထိုကဲ့သို့သော နေရာမျိုး၌ တစ်ကျော့ပြန် ထွက်ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။ ဤမိစ္ဆာကပ်ဘေးများက တကယ်ပဲ ရုလိုင်ဘုရားကျောင်းနှင့် ပတ်သက်နေသလော။ ဤကတုံးရဟန်းအုပ်စုက ဘာတွေ လုပ်ချင်နေကြတာလဲ။

​"စီနီယာရှစ်... လွန်ခဲ့တဲ့ နှစ်အတော်ကြာက အောက်နယ်မြေခြောက်ခုက နေရာတချို့မှာ သက်ရှိအားလုံး တစ်ရက်အတွင်းမှာတင် မိစ္ဆာကပ်ဘေး သင့်ခဲ့ရတဲ့ ဘေးဒုက္ခတစ်ခု ပေါ်ခဲ့ပါတယ်"

​ဖန့်ချန်က လေးနက်သော လေသံဖြင့် ဆိုသည်

"မိစ္ဆာကပ်ဘေး သင့်တဲ့သူတွေ ပြန်နိုးလာတဲ့အခါ ဆယ်ပုံနှစ်ပုံလောက်က သူတို့ကိုယ်သူတို့ မိစ္ဆာမျိုးနွယ်လို့ ကြွေးကြော်ပြီး ဘေးနားက ကျင့်ကြံသူတွေကို အတုံးအရုံး သတ်ဖြတ်ကြပါတယ်။ လူသားနယ်မြေကိုးခုကို သူတို့ စိုးမိုးအုပ်ချုပ်မယ်၊ တားတဲ့သူမှန်သမျှ သတ်မယ်လို့လည်း အော်ဟစ်ခဲ့ကြတယ် "

​ကျိထျန်းကျွင်းမှာ ကြောင်အသွားပြီးနောက် ရင်ထဲမှနေ၍ ပေါက်ကရတွေ ဟု ကျိန်ဆဲလိုက်မိသည်။ သူတို့ နိုးထလာပြီးနောက်ပိုင်းတွင် လူတိုင်းမှာ ခပ်အေးအေးနှင့် သတိထား နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ တစ်ဖက်လူ ပြောသကဲ့သို့ မည်သည့်အချိန်မှာ ထိုမျှအထိ နာမည်ကြီးအောင် လုပ်ခဲ့ဖူးသနည်း။

​ဒါဟာ ဗြောင်ကျကျ စွပ်စွဲပုတ်ခတ်မှုပဲ

​"ကျွန်တော် သံသယရှိတာက အဲဒီ မိစ္ဆာဖြစ်သွားတဲ့ ကျင့်ကြံသူတွေဟာ တစ်စုံတစ်ယောက်ရဲ့ ထိန်းချုပ်မှုကို ခံထားရပြီး မူလကျင့်ကြံသူတွေ မဟုတ်တော့ဘဲ မိစ္ဆာတွေ ဖြစ်သွားကြတာပါ"

​ဖန့်ချန်က ဆက်ပြောသည်

"အရင်က တာ့လေယင် တိုက်ပွဲမှာလည်း ရုလိုင်ဘုရားကျောင်းရဲ့ ဗုဒ္ဓသားတော်ဟာ မိစ္ဆာအသွင်ပြောင်းတဲ့ နည်းလမ်းကို သုံးခဲ့လို့ တိုက်ပွဲစွမ်းရည်တွေ အဆမတန် မြင့်တက်လာပြီး အစ်မကြီးနဲ့တောင် သရေကျလုနီးပါး ဖြစ်ခဲ့ဖူးတယ်"

​"အဲဒီမတိုင်ခင်မှာလည်း အစ်မကြီးဟာ ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရပြီး နောက်ဆုံး လက်ချက်ကတော့ မသေမျိုးလောကငယ်၊ ရွှမ်ခွန်းမသေမျိုးမျိုးနွယ်က မုန့်ထျန်းရှူး ဖြစ်ပါတယ်။ သူက သူ့ကို ခိုင်းတဲ့သူဟာ ရုလိုင်ဘုရားကျောင်းက ရှောက်ကွမ်းယင်ပါလို့ ပြောခဲ့တယ် "

​"ဒီသဲလွန်စတွေကို ပေါင်းစပ်ကြည့်ရင်... ရုလိုင်ဘုရားကျောင်းဟာ မိစ္ဆာဘုန်းကြီးကျောင်း ဖြစ်နေနိုင်တယ်လို့ သံသယရှိစရာ အကြောင်းရှိပါတယ်။ သူတို့က အသစ်တီထွင်ထားတဲ့ ဒီမိစ္ဆာအတတ်နဲ့ သူတစ်ပါးရဲ့ စိတ်အာရုံကို ထိန်းချုပ်ဖို့ ကြံစည်နေတာပါ။ အစ်မကြီးဟာ ကျွယ်မင်နန်းတော်ရဲ့ အကြီးအကဲဖြစ်ပြီး အကြီးအကဲများအဖွဲ့ ကတောင် လေးစားရသူ ဖြစ်တဲ့အတွက် ကျွယ်မင်နန်းတော်မှာ အလွန် အရေးပါတဲ့သူ ဖြစ်တယ်"

​"အကယ်၍ အစ်မကြီးရဲ့ စိတ်အာရုံသာ ထိန်းချုပ်ခံလိုက်ရမယ်ဆိုရင် ကျွယ်မင်နန်းတော်ရဲ့ တစ်ဝက်လောက်ကို သွယ်ဝိုက်ပြီး ထိန်းချုပ်လိုက်နိုင်တာနဲ့ အတူတူပါပဲ"

​ကျိထျန်းကျွင်းသည် သူ၏ မျက်နှာထားကို မပျက်အောင် အတတ်နိုင်ဆုံး ဖုံးကွယ်ထားသော်လည်း သူ၏ ရင်ထဲတွင်မူ ပင်လယ်လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ မတည်မငြိမ် ဖြစ်နေတော့သည်။

​ရှစ်မိန်းကလေးသည် ဤအချက်ကို ကြားသောအခါ စဥ်းစားနေဟန် ရှိသည်။ ဆဋ္ဌမမြောက် ကြယ်တာရာမသေမျိုးကမူ ရှောက်ကွမ်းယင်ကို စပ်စုသော အကြည့်ဖြင့် ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် လေးနက်သော အရိပ်အယောင်များ ပိုမို ထင်ဟပ်လာသည်။

​"သူတစ်ပါးရဲ့ စိတ်အာရုံကို ထိန်းချုပ်တယ်ဆိုတဲ့ ဒီလို မိစ္ဆာနည်းလမ်းမျိုးကို လျစ်လျူရှုထားလို့ မရဘူး။ မဟုတ်ရင် လူသားနယ်မြေကိုးခုတင်မကဘဲ မသေမျိုးလောကငယ်ပါ ရှုပ်ထွေးပျက်စီးသွားနိုင်တယ်"

​ရှစ်မိန်းကလေးက တိုးတိုးလေး ရေရွတ်လိုက်သည်။

​ရှောက်ကွမ်းယင်သည် ဖန့်ချန်၏ ပြောကြားချက်များကို အစအဆုံး နားထောင်ပြီးနောက် ရှစ်မိန်းကလေး၏ စကားကို ကြားသောအခါ ရုတ်တရက် ရယ်မောလိုက်သည်။

​"ဒီလို အခြေအမြစ်မရှိတဲ့ စကားတွေကို အားလုံးက ယုံကြည်နေကြတာလား "

​"ရုလိုင်ဘုရားကျောင်းရဲ့ နည်းလမ်းတွေက ဘယ်လောက်ပဲ ထူးခြားပါစေ၊ အဆင့် ၈ မသေမျိုးတစ်ပါးရဲ့ စိတ်အာရုံကို ထိန်းချုပ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါ။ အဆင့် ၈ မဟုတ်ဘဲ အဆင့် ၁ မသေမျိုးကိုတောင် ကျုပ်ကိုယ်တိုင် တရားပြပေးခဲ့ရင်တောင် သူတို့ရဲ့ စိတ်အာရုံကို ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး"

​ရှောက်ကွမ်းယင်က ပြုံးလျက် ဆိုသည်

"တချို့သော ကျင့်ကြံမှုလမ်းစဥ်တွေမှာ ဒီလို တန်ခိုးမျိုး ရှိနိုင်ကောင်း ရှိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ခြွင်းချက်အနေနဲ့ပဲ ရှိနိုင်တာပါ။ အောက်နယ်မြေခြောက်ခုက သက်ရှိအားလုံး မိစ္ဆာကပ်ဘေး သင့်ကုန်တယ်ဆိုတာမျိုးကတော့ ရုလိုင်ဘုရားကျောင်းမှာတောင် အဲဒီလို အစွမ်းအစ မရှိပါဘူး"

​"ကပ်ဘေးသုံးပါးနဲ့ ဘေးဒုက္ခကိုးပါး ဆိုတာ ကောင်းကင်ဘုံရဲ့ နိယာမတွေပဲ။ ကျုပ်တို့လို ကျင့်ကြံသူတွေက ဒါတွေကို ဘယ်လိုလုပ်ပြီး ထိတွေ့နိုင်မှာလဲ "

​"ဟုတ်သားပဲ... ကပ်ဘေးသုံးပါးနဲ့ ဘေးဒုက္ခကိုးပါးဆိုတာ ကောင်းကင်ဘုံရဲ့ နိယာမတွေပဲလေ။ အဆင့် ၉ မသေမျိုးတွေတောင် ဒါတွေကို ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိဘူး မဟုတ်လား "

​အားလုံး၏ စိတ်ထဲတွင် သံသယများ မြင့်တက်လာသည်။

​ရှစ်မိန်းကလေးသည်လည်း ဤအချက်ကို တွေးမိပုံရပြီး အသာအယာ ခေါင်းညိမ့်ပြလိုက်သော်လည်း သူမ၏ မျက်ဝန်းထဲတွင်မူ စဥ်းစားစရာများ ကျန်ရှိနေသေးသည်။

​ရှောက်ကွမ်းယင်၏ နှုတ်ခမ်းထောင့်များ အသာအယာ ကွေးညွှတ်သွားပြီး ဖန့်ချန်ကို တစ်ချက်ကြည့်ကာ တိုးတိုးလေး ဆိုလိုက်သည်။

​"မင်းက ငယ်လွန်းသေးတယ်။ တစ်ခုကို မြင်တာနဲ့ နောက်တစ်ခုက အလိုလို ဖြစ်လာမယ်လို့ ထင်နေတာပဲ။ မိစ္ဆာကပ်ဘေး ကိစ္စဆိုတာ အခြေအမြစ်မရှိတဲ့ စကားတွေပါ။ ရုလိုင်ဘုရားကျောင်းမှာ ဒီလို စွမ်းရည် မရှိသလို၊ စစ်မှန်သောဘုရင်မျိုးနွယ်စုမှာတောင် ဒီလို စွမ်းရည် မရှိပါဘူး"

​ဖန့်ချန်က ပြုံးလိုက်ပြီး တစ်ခွန်းမျှ ပြန်မပြောတော့ချေ။ ရှောက်ကွမ်းယင် ဝန်ခံခြင်း၊ မဝန်ခံခြင်းကို သူ ဂရုမစိုက်ပေ။ ကျွယ်မင်နန်းတော်၊ ကောင်းကင်မသေမျိုးမျိုးနွယ်နှင့် စစ်မှန်သောဘုရင်မျိုးနွယ်စုမှ လူအချို့ ဤကိစ္စကို သိရှိသွားရန်သာ အရေးကြီးသည်။ သို့မှသာ တစ်ဖက်လူသည် နောက်ပိုင်းတွင် ပိုမို သတိထား လုပ်ဆောင်ရမည် ဖြစ်သည်။

​သိသာထင်ရှားစွာပင် ၎င်းသည် တစ်ဖက်လူ၏ လုပ်ငန်းစဥ်များကို နှောင့်နှေးသွားစေမည် ဖြစ်သည်။ ဤမျှနှင့်တင် လုံလောက်လှပြီ။ တစ်ကြိမ်တည်းနှင့် အနိုင်ရမှ အောင်ပွဲဟု မခေါ်ပေ။ အနည်းဆုံးတော့ ယနေ့ကိစ္စတွင် မိစ္ဆာမျိုးနွယ်စုမှာ အထိနာသွားခဲ့ပြီ ဖြစ်သည်။

​"ပြောလို့တော့ မရဘူးလေ... အရင်က ငါ သိမ်းထားခဲ့တဲ့ နင့်ရဲ့ အငွေ့အသက်တွေဟာ ရှေးဟောင်းမသေမျိုး ကိုတောင် သက်ရောက်မှု ရှိနိုင်တာပဲ"

​ရှဲ့အာမန်က ပြုံးလျက် ဆိုသည်

"ရှေးဟောင်းမသေမျိုး စာရင်းဝင်ခွင့်ဆိုတာလည်း ကောင်းကင်ဘုံရဲ့ နိယာမတစ်ခုပဲလေ။ ဒါကိုတောင် သက်ရောက်မှု ရှိနိုင်တယ်ဆိုမှတော့ နင်တို့ မိစ္ဆာကပ်ဘေးကို မထိန်းချုပ်နိုင်ဘူးလို့ မပြောနိုင်ဘူးလေ"

​ရှောက်ကွမ်းယင်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားပြီး တည်ငြိမ်စွာဖြင့် ပြန်လည် ချေပလိုက်သည်။

​"ဒါဆိုရင် သက်သေ..."

​"သက်သေလား ရှိတာပေါ့။ ငါ ရွှမ်ခွန်းမသေမျိုးဌာနက မုန့်ဆွေ့ခုံးတို့ အုပ်စုနဲ့ စမ်းသပ်မှုတွေ လုပ်ခဲ့ပြီးပြီ။ စစ်မှန်သောဘုရင်မျိုးနွယ်စုကလည်း အချိန်မရွေး သွားရောက် စစ်ဆေးနိုင်ပါတယ်။"

​ရှဲ့အာမန်က ပြုံးရွှင်စွာဖြင့် ပြောလိုက်ပြီး အနက်ရောင် ကျောက်လုံးလေး အချို့ကို ထုတ်ပြလိုက်သည်။

​"ငါ့ဆီမှာ သက်သေ အထောက်အထားတချို့ ကျန်သေးတယ်။ အဲဒီတော့... ရုလိုင်ဘုရားကျောင်းက အဆင့် ၇ ရှေးဟောင်းမသေမျိုး တချို့ကို ဖမ်းပြီး စမ်းသပ်ကြည့်ကြမလား "

​ရှောက်ကွမ်းယင်သည် ဆက်၍ စကားမပြောတော့ချေ။ သူ၏ မျက်ဝန်းများမှာ အလွန်ပင် မှောင်မှိုင်းနေတော့သည်။ ယနေ့ကိစ္စမှာ ထိုအခြေအနေအထိ ရောက်ရှိလာလိမ့်မည်ဟု သူကိုယ်တိုင်ပင် မထင်မှတ်ထားခဲ့ပေ။

All Chapters