← Chapters

အခန်း (၁၆၂၃-၁၆၂၄)

Vol. 163 Ch. 1623-1624

အခန်း (၁၆၂၃-၁၆၂၄)

Vol. 163 Ch. 1623-1624

အခန်း (၁၆၂၃) - လက်တစ်ဖက် ချန်ရစ်ခဲ့စေခြင်း

​"ချုပ်ပြောရရင်တော့... ဒီကိစ္စဟာ ငါတို့ ရုလိုင်ဘုရားကျောင်းနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ ဒီနေ့တော့ အစွမ်းချင်း မဖလှယ်ဖြစ်တော့ဘူးဆိုတော့ နောက်ရက်မှပဲ လုပ်ကြတာပေါ့"

​ရှောက်ကွမ်းယင်သည် အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ သာယာစွာ ပြုံး၍ ရှစ်မိန်းကလေးကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

​"ရှစ်မိန်းကလေး... ဆင်းရဲသားရဟန်း အရင်ပဲ ခွင့်ပြုပါဦးမယ်"

​"ထွက်သွားဖို့က အဲဒီလောက် လွယ်မယ်လို့ ထင်နေတာလား"

​ရှဲ့အာမန်က ရုတ်တရက် အားရပါးရ ရယ်မောလိုက်ပြီး ရှောက်ကွမ်းယင်ကို လက်ညှိုးဖြင့် ကွေးကာ ခေါ်လိုက်သည်။

​"နင်က အစွမ်းချင်း ဖလှယ်ချင်တာမလား ငါကိုယ်တိုင် နင်နဲ့ အဖော်လုပ်ပေးမယ်၊ လာစမ်း"

​သူမသည် ဟင်းလင်းပြင်ကို ထိုးခွဲကာ ဝေါကနဲ မြည်ဟီးသံနှင့်အတူ ကောင်းကင်ယံထက်သို့ ပျံတက်သွားတော့သည်။

​ရှောက်ကွမ်းယင်သည် ခေတ္တမျှ စဥ်းစားပြီးနောက် အသာအယာ ပြုံးလိုက်ကာ သူမနောက်သို့ လိုက်ပါသွားခဲ့သည်။

​သူတို့နှစ်ဦးသည် အလွန်ဝေးကွာသော နေရာအထိ ပျံတက်သွားကြသည်။ အကြောင်းမှာ အဆင့် ၈ ရှေးဟောင်းမသေမျိုးနှစ်ဦး တိုက်ခိုက်သည့် နောက်ဆက်တွဲ တုန်ခါမှုများသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသောကြောင့် ဖြစ်သည်။ အဆင့် ၆ မသေမျိုးများပင် ထိုဒဏ်ကို တောင့်ခံနိုင်ရန် ခဲယဉ်းလှသည်။

​ထို့ကြောင့် ကျန်ရစ်သူအားလုံးမှာ သူတို့နှစ်ဦး အပြင်းအထန် တိုက်ခိုက်နေကြသည်ကိုသာ မှိန်ဖျဖျ အာရုံခံနိုင်ကြပြီး အသေးစိတ် အခြေအနေကိုမူ မမြင်တွေ့နိုင်ကြတော့ချေ။

​စစ်မှန်သောဘုရင်မျိုးနွယ်စုမှ ရှစ်မိန်းကလေး၏ အကြည့်မှာ ထို အဆင့် ၇ ဝိညာဥ်ခွဲမသေမျိုးထံသို့ ကျရောက်သွားပြီး အေးစက်စွာ ဆိုလိုက်သည်။

​"ဖုန်းစစ်... နင့်မှာ ဘာပြောစရာရှိလဲ အဆင့် ၇ ရှေးဟောင်းမသေမျိုး တစ်ယောက်ဖြစ်ပြီးတော့ ရှောက်ကွမ်းယင်ရဲ့ ရူးသွပ်မှုတွေမှာ လိုက်ပါနေရသလား"

​အမြဲတမ်း တည်ငြိမ်အေးစက်သော မျက်နှာထားရှိသည့် ဖုန်းစစ်က အသာအယာ ပြုံးလိုက်ပြီး

​"ကျုပ်နဲ့ အဲဒီ ဗုဒ္ဓသားတော်နဲ့က ခင်မင်မှု အနည်းငယ် ရှိပါတယ်။ သူက ကျွယ်မင်နန်းတော်က အမာခံတပည့်တွေရဲ့ အစွမ်းအစကို စမ်းသပ်ကြည့်ချင်လို့ ကူညီပေးပါဦးဆိုပြီး လာခေါ်တာနဲ့ ကျုပ်လည်း မငြင်းသာတာနဲ့ ကူညီပေးလိုက်ရုံပါပဲ"

​"ကူညီပေးရုံတင် ဟုတ်လို့လား"

​ချန်အင်းရွှယ်က အေးစက်စွာ သရော်လိုက်သည်

"ငါကြည့်ရသလောက်တော့ နင်နဲ့ ရှောက်ကွမ်းယင်က အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိတွေပဲ။ နင်တို့ ဘာတွေ ကြံစည်နေကြလဲဆိုတာကို ငါတို့ တစ်နေ့မှာ သိအောင် လုပ်မှာပါ"

​ပြောပြီးသည်နှင့် သူမက ရှစ်မိန်းကလေးကို လှည့်ကြည့်လိုက်သည်။

"ရှစ်အစ်မ... ဒီလူတွေကိုလည်း အပြစ်ပေးမှ ဖြစ်မယ်"

​"စစ်မှန်သောဘုရင်မျိုးနွယ်စုက နင်တို့ကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးပါ့မယ်"

​ရှစ်မိန်းကလေးက အသာအယာ ခေါင်းညိမ့်ပြလိုက်သည်။

​"ကျေးဇူးတင်ပါတယ် ရှစ်အစ်မ"

​ချန်အင်းရွှယ်က ဟဲဟဲဟု ရယ်မောလိုက်ပြီးနောက် သူမ၏ အကြည့်က ကျိရှန့်ထံသို့ ကျရောက်သွားသည်။

​"ဆယ်ယောက်မြောက်... နင့်ဘေးမှာ သစ္စာဖောက်တစ်ယောက် အမြဲကပ်နေတာကို နင် သတိမထားမိဘူးလား ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်၊ နယ်မြေချဲ့ထွင်ရေးအဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီးတော့ ရုလိုင်ဘုရားကျောင်းနဲ့ ပူးပေါင်းပြီး ကိုယ့်လူအချင်းချင်း ပြန်လုပ်တဲ့သူကို ဘယ်လို အပြစ်ပေးသင့်သလဲ "

​"စီနီယာအစ်မသုံး... သတ်ပစ်ဖို့ပဲ ရှိပါတယ်"

​ကျိရှန့်က တွေဝေခြင်းမရှိဘဲ ပြောလိုက်သည်။

​သူသည် ကျိထျန်းကျွင်းကို အေးစက်စွာ ကြည့်လိုက်ပြီး

"ဝမ်းကွဲအစ်ကို... အစ်ကိုကတော့ တကယ့်ကို မှားသွားပြီ။ အစ်ကို့မှာ တောက်ပတဲ့ အနာဂတ်တွေ ရှိနေပါလျက်နဲ့ အစ်ကို့လက်နဲ့ကိုယ် ဖျက်ဆီးပစ်လိုက်တာပဲ။ ကျွန်တော့်ကိုလည်း မစိုးရိမ်ပါနဲ့၊ ကျွယ်မင်နန်းတော်ကိုလည်း အပြစ်မတင်ပါနဲ့တော့"

​"အနိုင်ရတဲ့သူက မင်းသား၊ ရှုံးတဲ့သူက ဓားစာခံပဲ။ သေရမှာကတော့ ဘာမှ မဆန်းပါဘူး"

​ကျိထျန်းကျွင်းက ရုတ်တရက် အသာအယာ ပြုံးလိုက်ပြီး

"ဒါပေမဲ့ နောက်ကျရင်တော့ အားလုံးဟာ ကျုပ်တို့ရဲ့ စေတနာကို နားလည်လာကြမှာပါ။ အဲဒီအချိန်ကျရင်တော့ အခုလိုမျိုး ကျုပ်တို့ကို အမြင်စောင်းနေကြမှာ မဟုတ်တော့ဘူးလို့ ယုံကြည်ပါတယ်"

​စေတနာ

​အားလုံးကမူ ကျိထျန်းကျွင်းသည် သေခါနီးအချိန်အထိ စကားနာ ထိုးနေဆဲဟုသာ မှတ်ယူလိုက်ကြသည်။

​"နင့်ရဲ့ အဲဒီ မသေမျိုးသမိုင်းမှတ်တမ်းစာအုပ် ကို ဘယ်က ရခဲ့တာလဲ ကျိမျိုးနွယ်စုမှာ ဒီလို အရာမျိုး ရှိဖို့ မဖြစ်နိုင်ဘူး။ မသေမျိုးလောကငယ်မှာတောင် ဒါမျိုးက အတော်လေး ရှားတယ်"

​ချန်အင်းရွှယ်က ရုတ်တရက် မေးလိုက်သည်။

​"မှန်တယ်... မသေမျိုးသမိုင်းမှတ်တမ်းစာအုပ်... ဒီနာမည်ကို မကြားရတာ အတော်လေး ကြာပြီ"

​ရှစ်မိန်းကလေးက အသာအယာ ခေါင်းညိမ့်လိုက်ပြီး

"ဒီလိုအရာမျိုးနဲ့ လူကို လုပ်ကြံတာကတော့ တကယ့်ကို ဖြုန်းတီးရာ ရောက်တာပဲ။ တကယ်လို့ စစ်မှန်သောဘုရင်မျိုးနွယ်စုကိုသာ ရောင်းမယ်ဆိုရင် မသေမျိုးဆေးပင် တစ်ပင်၊ နှစ်ပင်နဲ့တောင် လဲနိုင်တယ်"

​"ဒါကို ကျုပ် နတ်ဘုရားလောက ကနေ ရခဲ့တာပါ။ အမာခံတပည့် ဖန့်ချန်က သာမန်လူ မဟုတ်တော့ သူ့ကို ဘာသံမှ မထွက်ဘဲ သတ်ချင်ရင် ဒီစာအုပ်က အသင့်တော်ဆုံးပဲ။ ဒါပေမဲ့ ကံဆိုးတာက ဒီလူက သံသယ သိပ်များလွန်းတယ်၊ စာအုပ်ကို မဖွင့်ကြည့်ဘဲ အောင့်အီးထားနိုင်ခဲ့တယ်"

​ကျိထျန်းကျွင်းက အသာအယာ ပြုံးလျက် ဖန့်ချန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

​"အခုထိ ဒီလို စကားမျိုး ပြောနေသေးတာလား အမာခံတပည့် ဖန့်ချန်က အစ်ကို့ကို ဘယ်နေရာမှာ စော်ကားမိလို့လဲ "

​ကျိရှန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤသည်မှာ သူ့အတွက် ရန်ငြိုးဖွဲ့ပေးနေခြင်း မဟုတ်ပါလား။

​"ဆယ်ယောက်မြောက်... စိတ်မဆိုးပါနဲ့တော့။ သူက မင်း အခုလို စိတ်တိုနေတာကို ကြည့်ပြီး ပျော်နေပုံပဲ။ ပြီးတော့ ဒီအရာက ငါ့ကိုလည်း ဒုက္ခမပေးနိုင်တဲ့အပြင် ငါ့အတွက် ရတနာတစ်ပါး အလကား ရလိုက်သလို ဖြစ်သွားတာပဲ"

​ဖန့်ချန်က ရယ်မောလျက် ဆိုလိုက်သည်။

​"အမာခံတပည့် ဖန့်ချန်... ဒီကိစ္စက ကျွန်တော့်အမှားပါ။ ကျွန်တော် လူအကဲခတ် မှားသွားခဲ့တာ"

​ကျိရှန့်က သက်ပြင်းချလိုက်သည်။

​"အဲဒီ မသေမျိုးသမိုင်းမှတ်တမ်းစာအုပ်ကို ငါ့ကို ရောင်းဖို့ ဆန္ဒရှိလား "

​ရှစ်မိန်းကလေးက ဖန့်ချန်ကို ရုတ်တရက် မေးလိုက်သည်။

​"စီနီယာရှစ်... ဒီအရာက အတော်လေး ထူးခြားဆန်းပြားလွန်းလို့ ကျွန်တော်မျိုး သေသေချာချာ သုတေသန လုပ်ကြည့်ချင်ပါသေးတယ်"

​ဖန့်ချန်က ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။

​"အင်း... ဒါဆိုရင်လည်း သူတစ်ပါးရဲ့ အကြိုက်ကို ငါ အတင်းမယူပါဘူး"

​ရှစ်မိန်းကလေးက အသာအယာ ခေါင်းညိမ့်လိုက်သည်။

​အားလုံးသည် နာရီဝက်ခန့် ကြာအောင် စောင့်ဆိုင်းနေကြစဉ် ကောင်းကင်ယံမှ သွေးမိုးများ တဖွဲဖွဲ ကျဆင်းလာသည်။ ထိုသွေးစက်များသည် ရွှေရောင်ဖျော့ဖျော့ အလင်းတန်းများ တောက်ပနေသည်။

​အဆင့် ၇ ရှေးဟောင်းမသေမျိုးအဆင့်တွင် ရွှေရောင်ခန္ဓာ တည်ဆောက်ပြီးသူများ၏ သွေးသည်သာလျှင် ဤကဲ့သို့ ရွှေရောင်ဖျော့ဖျော့ သန်းနေတတ်သည်။ ဆိုလိုသည်မှာ ရှဲ့အာမန် သို့မဟုတ် ရှောက်ကွမ်းယင် တစ်ဦးဦး ဒဏ်ရာရသွားပြီ ဖြစ်သည်။

​စက္ကန့်ပိုင်းအကြာတွင် ရှဲ့အာမန်သည် လူတစ်ယောက်၏ လက်မောင်းတစ်ဖက်ကို ကိုင်ဆောင်ကာ နဂါးနက်လှေပေါ်သို့ ပြန်လည် ပျံသန်းရောက်ရှိလာပြီး အားလုံးကို ပြုံးပြလိုက်သည်။

​"ရှောက်ကွမ်းယင်တော့ ထွက်ပြေးသွားပြီ၊ သူ့ရဲ့ ညာဘက်လက်မောင်း တစ်ဖက်ကိုတော့ ချန်ရစ်ခဲ့တယ်။ ဒါဟာ ဒီနေ့ကိစ္စအတွက် သူပေးဆပ်လိုက်တဲ့ ရှင်းပြချက်ပဲ"

​အားလုံးမှာ အံ့အားသင့် မှင်တက်ကုန်ကြသည်။ ရှစ်မိန်းကလေးပင်လျှင် အံ့သြသွားဟန်ဖြင့် ထိုလက်မောင်းကို အကြိမ်ကြိမ် ကြည့်နေမိသည်။

​"ရှေးဟောင်းမသေမျိုး တစ်ယောက်အတွက် လက်မောင်းတစ်ဖက် ဆုံးရှုံးသွားတာက သူရဲ့ ရွှေရောင်ခန္ဓာ မပြည့်စုံတော့တာကို ဆိုလိုတယ်။ မပြည့်စုံတော့တဲ့ ရွှေရောင်ခန္ဓာက မူလအတိုင်း အင်အား အပြည့်အဝ မရှိတော့ဘူး။ အတော်ကြာတဲ့အထိ... ရှောက်ကွမ်းယင်ရဲ့ စွမ်းအားတွေ ပြန်ကောင်းလာမှာ မဟုတ်တော့ဘူး"

​နန်မင်ရုယွဲ့က တိုးတိုးလေး ရေရွတ်လိုက်သည်။

​"စီနီယာအစ်မကြီးက ပိုပိုပြီးတော့ အစွမ်းထက်လာတာပဲ။ အရင် တာ့လေယင် တိုက်ပွဲတုန်းက ရှောက်ကွမ်းယင်နဲ့ သရေပဲ ကျခဲ့တာ၊ ဒီနေ့တော့ သူ့လက်မောင်းကိုတောင် ဆွဲဖြုတ်ပစ်နိုင်ခဲ့ပြီ..."

​လီရှမ်းဇီက ရင်ထဲတွင် တုန်လှုပ်နေမိသည်။

​"ရှောက်ကွမ်းယင် လက်တစ်ဖက် ဆုံးရှုံးသွားပြီး ရွှေရောင်ခန္ဓာ ပျက်စီးသွားတာဆိုရင်တော့ ဒီသင်ခန်းစာက ကျွယ်မင်နန်းတော်ကို ကျေနပ်စေလိမ့်မယ်လို့ ထင်ပါတယ်"

​ရှစ်မိန်းကလေးက ပြုံးလိုက်ပြီး

"ရှဲ့အာမန်၊ ချန်အင်းရွှယ်... တခြားကိစ္စ မရှိတော့ဘူးဆိုရင် နင်တို့ မသေမျိုးလောကငယ်ကနေ စောစောစီးစီး ထွက်သွားကြတာ ပိုကောင်းမယ်"

​"ရောက်မှတော့ နတ်ဘုရားလောကဆီ တစ်ခေါက်လောက် သွားကြည့်ရမှာပေါ့"

​ရှဲ့အာမန်က ရယ်မောကာ ပြောလိုက်သည်

"ရှစ်အစ်မ... အစ်မမှာ တခြားကိစ္စ မရှိရင် ကျွန်မတို့နဲ့အတူ မလိုက်ချင်ဘူးလား ကျွန်မတို့ အဆင့် ၈ မသေမျိုးနှစ်ယောက် အတူတူဆိုရင်တော့ အန္တရာယ် ဆိုတာ ကြောက်နေစရာ မလိုတော့ဘူးပေါ့"

​အားလုံး စိတ်လှုပ်ရှားသွားကြသည်။ အကယ်၍ ချန်အင်းရွှယ်က သူတို့ကို နတ်ဘုရားလောကဆီ ခေါ်သွားမည်ဆိုလျှင် သူတို့ စိတ်မပါကြပေ။ သို့သော် ရှဲ့အာမန်ကမူ မတူချေ။ ဤအစ်မကြီးသည် အလွန်အစွမ်းထက်ပြီး အဆင့် ၉ မသေမျိုးနှင့် မဆုံသရွေ့ မည်သည့်အန္တရာယ်ကိုမျှ ကြောက်စရာ မလိုသဖြင့် သူတို့အတွက် ဘေးကင်းမှု အပြည့်အဝ ရှိသည်။ အကယ်၍ စစ်မှန်သောဘုရင်မျိုးနွယ်စုမှ ထိုမျိုးဆက်သစ် နံပါတ်တစ်သာ အတူလိုက်လာမည်ဆိုလျှင် ပို၍ပင် ဘေးကင်းပေလိမ့်မည်။

​"အဲဒီ နိမ့်ကျတဲ့အရပ် ကိုတော့ မသွားတာ အကောင်းဆုံးပဲ။ နင်တို့ကိုလည်း အဲဒီဘက်ကို ခြေမချဖို့ ငါ အကြံပေးချင်တယ်။ တကယ်လို့ ကျဆုံးမသေမျိုး တွေနဲ့ ဆုံရင် လွတ်ဖို့ ခက်လိမ့်မယ်"

​ရှစ်မိန်းကလေးက ခေါင်းခါ၍ ငြင်းပယ်လိုက်ပြီးနောက် ဝိညာဥ်ခွဲမသေမျိုး ဖုန်းစစ်ကို လှမ်းကြည့်လိုက်သည်။

​"နင်တို့ အုပ်စု... ငါနဲ့အတူ စစ်မှန်သောဘုရင်မျိုးနွယ်စုဆီ လိုက်ခဲ့။ ဒီကိစ္စကို ကိုယ်တိုင် ရှင်းပြရမယ်"

​ထိုဝိညာဥ်ခွဲမသေမျိုးများမှာ အနည်းငယ်မျှပင် ပြန်လည်ခုခံခြင်း မရှိဘဲ ရှစ်မိန်းကလေးနောက်သို့ လိမ်လိမ်မာမာဖြင့် လိုက်ပါသွားကြသည်။

​သူတို့ ထွက်သွားပြီးနောက် ဆဋ္ဌမမြောက် ကြယ်တာရာမသေမျိုးကလည်း နှုတ်ဆက်ကာ ထွက်ခွာသွားသည်။

​"နံပါတ် ခြောက်... နောက်မှ ပြန်ဆုံကြတာပေါ့"

​ချန်အင်းရွှယ်က ပြုံးလျက် လက်ပြလိုက်သည်။

​ဆဋ္ဌမမြောက် ကြယ်တာရာမသေမျိုးသည်လည်း လက်ပြနှုတ်ဆက်ရင်း အဖြူရောင် အလင်းတန်းများကြားတွင် ပျောက်ကွယ်သွားတော့သည်။

​ချန်အင်းရွှယ်သည် နဂါးနက်လှေပေါ်သို့ ပြန်လာပြီး အညောင်းအညာ ဆန့်လိုက်သည်။

​"ဒီတစ်ခေါက် ငါကတော့ နေရာအနှံ့ လျှောက်ပြေးနေရတာ၊ နင်ကတော့ ဇိမ်ကျနေတာပဲ"

​ရှဲ့အာမန်က အေးစက်စွာ ရယ်မောလိုက်သည်

"ဇိမ်ကျတယ် ငါသာ မရှိရင် ရှောက်ကွမ်းယင်က လက်တစ်ဖက် ချန်ထားခဲ့ပါ့မလား "

​"အစ်မကြီး... နောက်ကျရင် ကျွန်မ အဆင့် ၈ ရှေးဟောင်းမသေမျိုး ဖြစ်လာတဲ့အခါ ရှောက်ကွမ်းယင်ရဲ့ လက်တစ်ဖက်တင်မကဘဲ အကုန်လုံးကို ချန်ထားခဲ့ခိုင်းမှာပါ"

​ချန်အင်းရွှယ်က ပုံမှန်အတိုင်းပင် ဆိုလိုက်သည်

"အခုတော့ အစ်မကြီးက ကျင့်ကြံမှု မြင့်နေတာဆိုတော့ အစွမ်းရှိတဲ့သူက ပိုလုပ်ပေးရတာပေါ့"

​"စီနီယာအစ်မကြီးတို့... ကျွန်တော်တို့ နောက်ပိုင်းမှာ တကယ်ပဲ ဘာပြဿနာမှ မရှိတော့ဘူး မဟုတ်လား တခြား ကြံစည်ထားတာတွေ ရှိသေးရင်လည်း အားလုံးကို ပြောပြထားပါဦး၊ ဒါမှ ကျွန်တော်တို့လည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလို့ ရမှာ"

​အမာခံတပည့်တစ်ဦးက ညည်းတွားလိုက်သည်။

​"အင်း... နောက်ပိုင်းမှာတော့ ဘာမှ မရှိတော့ပါဘူး။ ဒီတစ်ခေါက် ရှောက်ကွမ်းယင် လက်တစ်ဖက် ဆုံးရှုံးသွားတာဆိုတော့ အတော်ကြာတဲ့အထိ သူ လှုပ်ရှားနိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ငါ တစ်ခုတော့ ကြေညာချင်တယ်"

​ရှဲ့အာမန်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး

"အောက်နယ်မြေခြောက်ခုက သတင်းတွေနဲ့ ငါ့လက်ထဲက သဲလွန်စတွေအရ... ရုလိုင်ဘုရားကျောင်းဟာ တကယ်ပဲ တစ်ခုခုကို ကြံစည်နေတာ အမှန်ပဲ။ ပြီးတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေသူတွေ အများကြီး ရှိနေတယ်။ စိတ်ဝိညာဥ်နယ်မြေက လူတွေတင် မကဘဲ တခြားနေရာတွေက လူတွေပါ ပါဝင်နေနိုင်တယ်"

​"ဒါကြောင့် ငါ အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်တယ်။ နာမည်ကတော့ ရှဲ့ကျစ် လို့ ပေးမယ်။ ဒီကိစ္စကို စုံစမ်းဖို့အတွက် သီးသန့် တာဝန်ယူရမယ်။ လိုအပ်လာရင် မသေမျိုးလှေအုပ်စု ကိုပါ အောက်နယ်မြေခြောက်ခုအထိ ယူဆောင်သွားခွင့် ပေးမယ်"

​ရှဲ့ကျစ်

​ဖန့်ချန် ခေတ္တမျှ ကြောင်အသွားပြီးနောက် ရင်ထဲတွင် ရယ်ချင်သလို ငိုချင်သလို ခံစားလိုက်ရသည်။ သို့သော် ရှဲ့အာမန်က ဤကိစ္စကို အလေးအနက် ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်ခြင်းအတွက် သူ အလွန် ဝမ်းသာမိသည်။

​ထိုကိစ္စသည် နောက်ဆုံးတော့ ကောင်းမွန်သော အစပျိုးခြင်းတစ်ခုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အခန်း (၁၆၂၄) - ရှဲ့ကျစ်အဖွဲ့ကို တစ်ကျော့ပြန် တည်ထောင်ခြင်း

​ရှဲ့အာမန်၏ စကားများကြောင့် လူတိုင်းမှာ အံ့အားသင့်တုန်လှုပ်ကုန်ကြသည်။

​"မသေမျိုးလှေအုပ်စုကိုပါ အောက်နယ်မြေခြောက်ခုအထိ ယူဆောင်သွားခွင့်ပေးမယ် ဟုတ်လား"

​အကယ်၍ မသေမျိုးလှေအုပ်စုသာ အောက်နယ်မြေခြောက်ခုသို့ ရောက်ရှိသွားပါက စကားလုံးနှစ်လုံးတည်းဖြင့်သာ ဖော်ပြ၍ရမည် "အတားအဆီးမဲ့" ပင်။

​မျက်မှောက်ခေတ် အောက်နယ်မြေခြောက်ခုတွင် အမည်နာမကျော်ကြားသော အဆင့် ၈ ရှေးဟောင်းမသေမျိုး တစ်ဦးတစ်ယောက်မျှပင် ရှာမတွေ့နိုင်ချေ။ အင်အားအကြီးဆုံးဖြစ်သည့် အဆင့် ၇ ရှေးဟောင်းမသေမျိုးများကိုပင် နယ်မြေတစ်ခု၏ အစောင့်အရှောက် ဟု ခေါ်ဝေါ်နေကြရသည်။

​ထိုကိစ္စ၏ ပြင်းထန်မှုမှာ ဤအဆင့်အထိ ရောက်ရှိသွားပြီလော။

​နှစ်ပေါင်းများစွာတိုင်အောင် အထက်နယ်မြေသုံးခု သည် သုံးပွင့်ဆိုင်သဘောတူညီချက်ကို အမြဲလိုက်နာခဲ့ကြပြီး မသေမျိုးလှေအုပ်စုကို အောက်နယ်မြေခြောက်ခုအတွင်းသို့ မည်သည့်အခါမျှ ဝင်ရောက်ခွင့်မပြုခဲ့ဖူးချေ။

​ကျိထျန်းကျွင်း၏ မျက်နှာမှာ ဖြူလျော့သွားသော်လည်း အခြားသူများ သတိမထားမိစေရန် ချက်ချင်းပင် ဖုံးကွယ်လိုက်သည်။ သို့သော် သူ၏ရင်ထဲမှ တုန်လှုပ်ခြောက်ခြားမှုကိုမူ မည်သို့မျှ ဖိနှိပ်၍မရနိုင်တော့ပေ။

​အမှန်တရားကို မသိသေးသော ရှဲ့အာမန်သည် အဘယ်ကြောင့် ဤမျှ ပြတ်သားသော ဆုံးဖြတ်ချက်ကို ချနိုင်ရသနည်းဆိုသည်ကို သူ နားမလည်နိုင် ဖြစ်နေသည်။ ကျွယ်မင်နန်းတော်၏ အမာခံတပည့်အကြီးအကဲ တစ်ယောက်တည်းက တကယ်ပဲ ထိုမျှအာဏာမျိုး ရှိနေသလော။

​"နေဦး... ဒါဆို သူနဲ့ သူ့နောက်ကွယ်က အဲဒီပုဂ္ဂိုလ်ကများ..."

​ကျိထျန်းကျွင်း၏ ရင်ထဲတွင် အေးစိမ့်သော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။

​"အစ်မကြီး... နောက်နေတာ မဟုတ်ဘူးမလား။ မသေမျိုးလှေအုပ်စုက အောက်နယ်မြေခြောက်ခုထဲကို ဝင်မယ် နန်းတော်သခင်က ခွင့်ပြုပါ့မလား။ လောကမှာရှိတဲ့ အဆင့် ၉ မသေမျိုးတွေကရော သဘောတူပါ့မလား"

​ချန်အင်းရွှယ်က ထူးဆန်းသောအမူအရာဖြင့် မေးလိုက်သည်။

"ပြီးတော့ အစ်မပြောတဲ့ ရှဲ့ကျစ် ဆိုတဲ့ နာမည်ကလည်း ဘာလို့ ဒီလောက် နားယဉ်နေရတာလဲ။ ဝိညာဥ်သုတ်သင်ရေးဌာန ဘက်က အောက်နယ်မြေခြောက်ခုမှာ ရှဲ့ကျစ်ကျင့်ကြံသူ အုပ်စုတစ်စု ဖွဲ့ခဲ့ဖူးတယ်လို့ ကြားဖူးသလိုပဲ"

​"ဒီလို ပြောပြမယ်... ဒါဟာ ငါ စိတ်ကူးပေါက်လို့ လုပ်တာ မဟုတ်ဘူး"

​ရှဲ့အာမန်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး

"မကြာသေးခင်ကမှ တစ်စုံတစ်ယောက်ဟာ နတ်ဘုရားဘုရင်နယ်မြေ ရဲ့ ရှေးဦးနဂါးနတ်ဘုရားနန်းတော် ဆီကို တစ်ခေါက် သွားခဲ့တယ်"

​"ရှေးဦးနဂါးနတ်ဘုရားနန်းတော်နဲ့ပါ ပတ်သက်သွားပြန်ပြီလား" လူတိုင်း အံ့အားသင့်သွားကြသည်။

​ရှဲ့အာမန်က ဆက်ပြောသည်

"ဒီကိစ္စကို နင်တို့ နောက်ပိုင်းကျရင် သိလာကြမှာပါ။ ဒါပေမဲ့ ကြိုပြီးတော့ ပြောပြထားမယ်။ ငါတို့ရဲ့ ထိုက်ဟောက်မှန်ပြောင်း ကို မှတ်မိကြသေးတယ်မလား"

​"အဲဒါ ပျောက်သွားတာ ကြာလှပြီပဲ။ အားလုံးက အဲဒီ ဝမ်ချုံစန်းကြောင့် ဖြစ်ရတာ"

ချန်အင်းရွှယ်က နှာခေါင်းရှုံ့၍ အေးစက်စွာ ဆိုသည်။

​"ဝမ်ချုံစန်း..."

​ထိုအမည်ကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ အမူအရာမှာ သက်ပြင်းချသံများနှင့်အတူ ဝေဝေဝါးဝါး ဖြစ်သွားသည်။ ဖန့်ချန်သည် ကျိထျန်းကျွင်းနှင့် ကြာနီနတ်မိမယ်တို့၏ မျက်နှာတွင် သတိထားမိရန် ခက်ခဲသော အပြောင်းအလဲလေးတစ်ခု ဖြစ်သွားသည်ကို သတိပြုမိလိုက်သည်။ အကယ်၍ သူ၏ ရှေးဦးနတ်ဘုရားမျက်လုံး သာ အပြောင်းအလဲများအပေါ် အလွန်အမင်း အာရုံမခံနိုင်ပါက သတိထားမိရန် လွယ်ကူမည်မဟုတ်ပေ။

​"အထက်လူကြီးတွေက ထိုက်ဟောက်မှန်ပြောင်းကို သုံးပြီး စိတ်ဝင်စားစရာကောင်းတဲ့ အရာတချို့ကို မြင်ခဲ့ရတယ်။ ဒါကြောင့် ဒီကိစ္စကို ပူးပေါင်း စုံစမ်းဖို့ ဆုံးဖြတ်လိုက်ကြတာပဲ။ ရှဲ့ကျစ် ဆိုတဲ့ အမည်ကလည်း ဝိညာဥ်သုတ်သင်ရေးဌာနဘက်က အဆိုပြုလိုက်တာ။ ငါတို့ ကျွယ်မင်နန်းတော်က ကျင့်ကြံသူတွေတင်မကဘဲ ထိုက်ယီမသေမျိုးဂိုဏ်း၊ အသွေးသားနန်းတော်၊ ကြယ်တစ်သောင်းနန်းတော်၊ ဝိညာဥ်နတ်ဘုရားဂိုဏ်း၊ ဝိညာဥ်သုတ်သင်ရေးဌာန နဲ့ ရုလိုင်ဘုရားကျောင်းက လူတွေပါ ဒီအဖွဲ့ထဲမှာ ပါဝင်ကြလိမ့်မယ်"

​ရှဲ့အာမန်၏ စကားကြောင့် လူတိုင်းမှာ နောက်တစ်ကြိမ် အံ့အားသင့်သွားကြပြန်သည်။

​အခြားသူများနှင့် ပူးပေါင်းသည်မှာ ထားပါတော့။ ရုလိုင်ဘုရားကျောင်းနှင့်ပါ ပူးပေါင်းမည်ဟု ဆိုလိုသည်လော။ ထိုရှောက်ကွမ်းယင်သည် ပထမတန်းစား သံသယရှိသူ မဟုတ်ပါလား။

​"ဒါတင်မကသေးဘူး။ နတ်ဘုရားဘုရင်နယ်မြေက ထိပ်တန်းအင်အားစုတွေ၊ မသေမျိုးလောကငယ်က စစ်မှန်သောဘုရင်မျိုးနွယ်စုတွေ၊ ပြီးတော့ ထိုက်ချန်းနယ်မြေဘက်က လူတွေပါ ဒီကိစ္စကို အတူတူ စုံစမ်းဖို့ ပါဝင်ကြလိမ့်မယ်"

​"အင်အားစုအသီးသီးက ညှိနှိုင်းပြီးနောက်မှာ လိုအပ်လာရင် အောက်နယ်မြေခြောက်ခုအတွင်းကို မသေမျိုးလှေအုပ်စုတွေ ဝင်ရောက်ခွင့်ပေးဖို့ ခွင့်ပြုချက် ပေးလိုက်ကြပြီ"

ဟု ရှဲ့အာမန်က ဆိုသည်။

​ထိုက်ဟောက်မှန်ပြောင်းဆိုသည့် စကားလုံးကို ကြားလိုက်ရသည့် အချိန်တွင် ကျိထျန်းကျွင်းသည် သူတို့ကြောင့် အစီအစဉ်များ ပေါက်ကြားသွားခြင်း မဟုတ်ကြောင်း ရိပ်မိသွားသည်။ ဖြစ်နိုင်သည်မှာ ထိုကိစ္စမတိုင်မီကပင် လူသားနယ်မြေကိုးခု၏ အင်အားစုအသီးသီးသည် တစ်စုံတစ်ခုကို မရိပ်မယောင် သတိထားမိနေခြင်း ဖြစ်ပေလိမ့်မည်။

​"တော်သေးတာပေါ့... သူတို့ တစ်ခုခုကို သိသွားရင်တောင် အမှန်တရားကိုတော့ လုံးဝ သိနိုင်မှာ မဟုတ်ဘူး။ တားမြစ်အတတ် သာ ရှိနေသရွေ့ အမှန်တရားကို သိနိုင်တဲ့သူဟာ လက်ချိုးရေလို့ရပါတယ်။ အဆင့် ၉ မသေမျိုးတွေတောင် သိနိုင်မှာ မဟုတ်ဘူး"

​ဤသို့ တွေးမိသည်နှင့် ကျိထျန်းကျွင်း၏ ရင်ထဲတွင် သက်ပြင်းချနိုင်သွားသည်။ မိစ္ဆာမျိုးနွယ် တည်ရှိမှုကို သိသွားလျှင်ပင် ကိစ္စမရှိပေ။ ထို မှတ်ဥာဏ်အတားဆီး သာ ရှိနေသရွေ့ သူတို့သည် ဤစစ်ပွဲကို အနိုင်တိုက်နိုင်ဆဲ ဖြစ်သည်။

​"ငါကတော့ ဒါတွေကို ဘာမှ မသိရပါလား။ အစ်မကြီး... ငါတို့ကို လိမ်နေတာတော့ မဟုတ်ဘူးမလား"

ချန်အင်းရွှယ်က ထူးဆန်းသောအမူအရာဖြင့် မေးလိုက်သည်။

​"ဟုတ်တယ် ဖြစ်နိုင်တာက သူမက တမင်သက်သက် လိမ်ညာနေတာများလား"

ကျိထျန်းကျွင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

​"နင်သာ နောက်ကျရင် အမာခံတပည့်အကြီးအကဲ ဖြစ်လာရင် ဒီကိစ္စကို သိပိုင်ခွင့်ရှိလာလိမ့်မယ်။ ကဲ... သွားကြမယ်။ ဒီကိစ္စတွေ ပြီးသွားပြီဆိုတော့ ငါတို့ နတ်ဘုရားလောက ကို သွားကြစို့"

​ရှဲ့အာမန်သည် သူမ၏ နဂါးနက်လှေကို ထုတ်လိုက်ပြီး လူတိုင်း တက်ပြီးသည်နှင့် မသေမျိုးလှေကို အလွန်လျင်မြန်သော အရှိန်ဖြင့် နယ်မြေနှစ်ခုကြားရှိ တံတိုင်းဆီသို့ မောင်းနှင်သွားတော့သည်။

​ကျိထျန်းကျွင်းမှာ သစ္စာဖောက်တစ်ဦး ဖြစ်သွားပြီဖြစ်သောကြောင့် ရှဲ့အာမန်က မသေမျိုးစွမ်းအားဖြင့် သူ၏ အာရုံခြောက်ပါးကို ပိတ်ဆို့ကာ ရေခဲခေါင်းတလားတစ်ခုအတွင်း ထည့်၍ ပစ်ထားလိုက်သည်။

ထိုနည်းလမ်းမှာ သူမ ယခင်က သေချင်ယောင်ဆောင်ခဲ့စဉ်က နည်းလမ်းနှင့် အလွန်တူသော်လည်း ယခုတစ်ကြိမ်တွင်မူ ကျိထျန်းကျွင်းမှာ မိမိဘာသာ ပြန်နိုးလာရန် လုံးဝ မဖြစ်နိုင်တော့ချေ။

​ဖန့်ချန်သည် ဘေးဘက်ရှိ ရှုခင်းများ အရှိန်အဟုန်ဖြင့် ကျန်ရစ်ခဲ့သည်ကို ခံစားရင်း ရှဲ့အာမန် ပြောခဲ့သော အချက်အလက်များကို ရင်ထဲတွင် ပြန်လည်သုံးသပ်နေမိသည်။

​'တကယ်လို့ လူသားနယ်မြေကိုးခုနဲ့ မသေမျိုးလောကငယ်က ထိပ်တန်းအင်အားစုတွေက ရှဲ့ကျစ်အဖွဲ့ကို တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ကြတာဆိုရင်... သူတို့ဟာ မိစ္ဆာမျိုးနွယ်တွေရဲ့ လှုပ်ရှားမှုကို သတိထားမိနေကြပြီလို့ ဆိုလိုတာပဲ'

​'ဒါပေမဲ့... သူတို့တွေဟာ အနှစ်သာရကိုတော့ မြင်နိုင်ဦးမှာ မဟုတ်သေးဘူး။ လူအနည်းငယ်... ဥပမာ အဘိုးကြီးတို့၊ ဝမ်အိုကြီးတို့လို လူမျိုးတွေပဲ ဒီစစ်ပွဲကို အနိုင်တိုက်ဖို့ ဘယ်အရာက အဓိကကျလဲဆိုတာကို သိနိုင်ကြမှာ...'

​'ဘာပဲဖြစ်ဖြစ်... ဒါဟာ ကောင်းမွန်တဲ့ အစပျိုးခြင်းပါပဲ။ မိုးပြိုရင်တောင် မြင့်တဲ့လူက ခံမှာပဲလေ'

​ဤသို့ တွေးမိသည့်အခါ ဖန့်ချန်၏ စိတ်ထဲတွင် တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

​ထိုအချိန်တွင် အမာခံတပည့်အချို့မှာ ရှဲ့အာမန်ထံသို့ သွားရောက်ကာ ရှဲ့ကျစ်အဖွဲ့ဝင် ဖြစ်ခွင့်ရှိမရှိ၊ ပါဝင်လိုကြောင်း မေးမြန်းနေကြသည်။ ရှဲ့အာမန်က လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်များက ဖန့်ချန်ထံတွင် ရပ်တန့်သွားကာ ပြုံးလျက် ဆိုလိုက်သည်။

​"ရှဲ့ကျစ်ထဲကို ဝင်ဖို့ဆိုတာ သတ်မှတ်ထားတဲ့ အဆင့်အတန်းရှိဖို့တင်မကဘဲ အထက်လူကြီးတွေရဲ့ ထောက်ခံချက်လည်း လိုတယ်။ အဲဒီ စံနှုန်းနှစ်ခုနဲ့ ကိုက်ညီပြီးရင်တောင်မှ လုံလောက်တဲ့ ကြည်လင်ပြတ်သားမှုနဲ့ သံသယပွားတတ်တဲ့ ဉာဏ်ရည်လည်း ရှိရဦးမယ်"

​"ဒါကြောင့် ငါက နံပါတ်ငါးနဲ့ နံပါတ်ကိုးကို ရှဲ့ကျစ်ထဲဝင်ဖို့ ထောက်ခံပေးမယ်။ ငါ့ရဲ့ လက်ရုံးတွေအဖြစ် ထားမှာပေါ့"

​ရှဲ့အာမန်က နန်မင်ရုယွဲ့နှင့် ဖန့်ချန်ကို ရွေးချယ်လိုက်သည်ကို မြင်သောအခါ လူတိုင်းမှာ စိတ်ပျက်သွားကြသည်။ လီရှမ်းဇီက အသာအယာ သက်ပြင်းချလိုက်ပြီး ကျိရှန့်ကမူ မိမိ အရွေးခံရလိမ့်မည်ဟု လုံးဝ မတွေးထားပေ။ သူသည် မိမိဘေးနားရှိလူက သစ္စာဖောက်နေသည်ကိုပင် မသိလိုက်ရသည့် သူ၏ အသိဉာဏ်မဲ့မှုအတွက် ရှက်ရွံ့နေဆဲ ဖြစ်သည်။

​ချန်အင်းရွှယ်ကမူ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားပြီး တရှူးရှူး တရှဲရှဲနှင့် သရော်လိုက်သည်။

​"ငါတောင် အရည်အချင်းမပြည့်ဘူးလား။ ဉာဏ်ရည်အကြောင်း ပြောမယ်ဆိုရင် ငါက နံပါတ်ငါးနဲ့ နံပါတ်ကိုးတို့ထက် ညံ့လို့လား။ ဒီတစ်ခေါက် အခြေအနေ မမှန်တာကို ငါသာ သတိမထားမိရင် နင် ဒီကို လိုက်လာနိုင်ပါ့မလား"

​"နင်က ဝင်ပြီး ဘာလုပ်မလို့လဲ။ ရှဲ့ကျစ်ထဲမှာ အမှုထမ်းရင် ရှေးဟောင်းမသေမျိုးစာရင်းဝင်ခွင့် ရနိုင်တယ်။ ဒါပေမဲ့ နင်က ကျွယ်မင်နန်းတော်မှာ တန်းစီနေတာ မကြာခင် နင့်အလှည့် ရတော့မှာပဲလေ။ ကလေးတွေရဲ့ ကုသိုလ်ကို ဝင်လုမလို့လား"

​ရှဲ့အာမန်က လှောင်ပြောင်လိုက်ပြီး

"နောက်ပြီး နင့်ရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် ဝင်သွားပြီး လူတကာကို လျှောက်ဆဲနေမှာ ငါစိုးရိမ်ရတယ်။ ငါတို့မှာ ရုလိုင်ဘုရားကျောင်းဆိုတဲ့ ရန်သူတစ်ယောက် ရှိနေပြီပဲ၊ နောက်ထပ် အများကြီး ထပ်မတိုးချင်တော့ဘူး။ မဟုတ်ရင် ကျွယ်မင်နန်းတော်လည်း တောင့်ခံနိုင်မှာ မဟုတ်ဘူး"

​သူမက ခေတ္တရပ်ပြီး ဆက်ပြောသည်

"ဒီတစ်ခေါက် စစ်မှန်သောဘုရင်မျိုးနွယ်စုကို စည်းရုံးနိုင်ခဲ့တာ၊ မသေမျိုးလှေအုပ်စုကို အောက်နယ်မြေခြောက်ခုအတွင်း ဝင်ခွင့်ရခဲ့တာတွေဟာ နံပါတ်ကိုး ရခဲ့တဲ့ အဲဒီ မသေမျိုးလမ်းစဥ် နဲ့လည်း ပတ်သက်နေတယ်။

ဒါကြောင့် နံပါတ်ကိုးက အဲဒီထဲမှာ နာမည်ကောင်းယူဖို့ဆိုတာ ကြိုတင်သတ်မှတ်ထားပြီးသားပဲ။ နံပါတ်ငါးကတော့... သူက နဂါးစစ်စစ် သွေးမျိုးဆက်လေ၊ ဖြစ်နိုင်တာက ရှေးဦးနဂါးနတ်ဘုရားနန်းတော်က ကောင်မလေးတွေကို မြှူဆွယ်နိုင်လိမ့်မယ်။ သူ မသွားရင် ဘယ်သူ သွားမလဲ"

​နန်မင်ရုယွဲ့မှာ ခါးသက်သက် ပြုံးလိုက်မိသည်။ လူတိုင်းမှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အမူအရာများ ထူးဆန်းကုန်ကြသည်။

သို့သော် နန်မင်ရုယွဲ့ကို ရွေးချယ်ခြင်းမှာ ဤမျှ မရိုးရှင်းကြောင်း၊ သူသည် စိတ်ဓာတ်တည်ငြိမ်ပြီး အလုပ်လုပ်ရာတွင် အမှားအယွင်းမရှိသူ ဖြစ်ကြောင်း သူတို့ သိကြသည်။

​ထိုနေရာတွင် အမှုထမ်းခြင်းဖြင့် ရှေးဟောင်းမသေမျိုးစာရင်းဝင်ခွင့် ရနိုင်သည်ဟု ကြားလိုက်ရသည့်အခါ သူတို့၏ မျက်ဝန်းထဲတွင် အားကျစိတ်များ အထင်းသား ပေါ်လာကြသည်။

အကြောင်းမှာ ထိုအမာခံတပည့်များသည်ပင် အဆင့် ၆ မသေမျိုး အထွတ်အထိပ်သို့ ရောက်သည့်အခါ ရှေးဟောင်းမသေမျိုးစာရင်းဝင်ခွင့် ကို ချက်ချင်း ရရှိရန် ဆယ်ပုံဆယ်ပုံ အာမခံချက် မရှိကြသောကြောင့် ဖြစ်သည်။

​"ငါ ဂရုမစိုက်ဘူး။ နောက်ပိုင်းမှာ နေရာလွတ်တွေ ထပ်ရှိလာရင် ငါ့အတွက် တစ်နေရာ ချန်ထားပေးရမယ်"

ချန်အင်းရွှယ်က မျက်စောင်းထိုးလိုက်ပြီး ဘေးသို့ထွက်ကာ ရှုခင်းကြည့်နေတော့သည်။

​ရှဲ့အာမန်က သူမကို ဂရုမစိုက်တော့ဘဲ ဖန့်ချန်ကို လက်လှမ်းပြလိုက်သည်။

​"နင့်ရဲ့ မသေမျိုးသမိုင်းမှတ်တမ်းစာအုပ် ကို ငါ့ကို ထပ်ပြဦး"

All Chapters