← Chapters

အခန်း (၁၆၂၇-၁၆၂၈)

Vol. 163 Ch. 1627-1628

အခန်း (၁၆၂၇-၁၆၂၈)

Vol. 163 Ch. 1627-1628

အခန်း (၁၆၂၇) - ဟန်ရှန်းဘုရားကျောင်း နယ်မြေ

​ဖန့်ချန်သည် ယခင်က သူတို့စကားပြောဆိုစဉ် "ကျဆုံးမသေမျိုး" ဟူသော ဝေါဟာရကို ကြားဖူးခဲ့သော်လည်း ယခုအခါ ရှဲ့အာမန်က ထပ်မံရည်ညွှန်းပြောဆိုလာသဖြင့် ချက်ချင်းပင် မေးမြန်းလိုက်သည်။

​"စီနီယာအစ်မကြီး... ကျဆုံးမသေမျိုး ဆိုတာ ဘာကိုခေါ်တာလဲ"

​ရှေ့မှ လမ်းပြနေသော အဖွားအိုသည် စိတ်လှုပ်ရှားသွားဟန်ဖြင့် ဖန့်ချန်ကို တစ်ချက်လှည့်ကြည့်ပြီးနောက် ဆက်လက်လမ်းပြနေပြန်သည်။

​"နံပါတ်ကိုး... မင်း ကျွယ်မင်နန်းတော်ကို ရောက်တာ သိပ်မကြာသေးဘူးပဲ၊ နောင်ကျရင် အချိန်ပေးပြီး စာအုပ်စာပေတွေကို သေသေချာချာ ဖတ်ရှုလေ့လာသင့်တယ်"

​ချန်အင်းရွှယ်က မျက်လုံးလေး ကလယ်ကလယ် လုပ်ရင်း

"'နယ်မြေကိုးခု မသေမျိုးမှတ်တမ်း၊ ရှေးယခင် နတ်ဘုရားလောက ဆွေးနွေးချက် နဲ့ ယင်ယန်မပြတ်စဲခြင်း ဆိုတဲ့ ကျမ်းစာသုံးအုပ် ဂိုဏ်းရဲ့ စာကြည့်တိုက်မှာ ရှိတယ်။ ဒီစာအုပ်သုံးအုပ်က အစဉ်အဆက်အတိုင်း လူသားနယ်မြေကိုးခု၊ နတ်ဘုရားလောကနဲ့ ယင်လောကအကြောင်းတွေကို ရှင်းပြထားတာ။

ဂိုဏ်းက စီနီယာတွေ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းရင်း အသစ်အသစ်တွေကို ဖြည့်စွက်ရေးသားခဲ့ကြတာမလို့ ရှေးယခင်ကနေ အခုအထိ ဖြစ်ပျက်ခဲ့သမျှ ကိစ္စအဝဝရဲ့ ဆယ်ပုံကိုးပုံလောက်က အဲဒီထဲမှာ ပါပြီးသားပဲ"

​ဖန့်ချန်က ခေါင်းငြိမ့်ကာ တည်ကြည်စွာဖြင့်

"ကျွန်တော် ပြန်ရောက်တာနဲ့ ချက်ချင်း ဖတ်ပါ့မယ်" ဟု ဆိုသည်။

​သူ၏ တက်ကြွသော သဘောထားကို မြင်သဖြင့် ချန်အင်းရွှယ်လည်း ဘာမှ ထပ်မပြောတော့ဘဲ ရှဲ့အာမန်ကိုယ်စား ကျဆုံးမသေမျိုးများ၏ ဇစ်မြစ်ကို ရှင်းပြပေးတော့သည်။

​"ဒီကျဆုံးမသေမျိုးတွေဆိုတာက မသေမျိုးလမ်းစဉ်အတိုင်း မလျှောက်လှမ်းကြဘူး။ သူတို့က လမ်းစဉ်မှား၊ နည်းလမ်းဆိုးတွေကို သုံးကြတာ။ တခြားသူတွေရဲ့ မသေမျိုးစွမ်းအားကို ဆေးအဖြစ် သုံးတယ်၊ ဝိညာဥ်ကို အစာအဖြစ် စားတယ်၊ ခန္ဓာကိုယ်ကိုတော့ ဟင်းလျာအဖြစ် သုံးဆောင်ကြတာပေါ့"

​"အတိုချုပ်ပြောရရင်တော့ သူတို့က မသေမျိုးတွေကို စားသုံးရတာ ဝါသနာပါတဲ့သူတွေပဲ"

​ချန်အင်းရွှယ်၏ ရှင်းပြချက်ကို ကြားသော် ဖန့်ချန်သည် ဤကျဆုံးမသေမျိုးများမှာ ယင်လောကရှိ အသိဉာဏ်မဲ့သော ယင်မိစ္ဆာကြီးများနှင့် အလွန်ဆင်တူနေသည်ကို သတိပြုမိလိုက်သည်။ ယင်မိစ္ဆာကြီးများသည်လည်း ယင်သက်တမ်း ကို လုယူစားသုံးခြင်းဖြင့် ထာဝရအသက်ရှင်ရန် ကြိုးပမ်းကြသူများ မဟုတ်ပါလား။

​သို့သော် ထိုသို့ပြုလုပ်ခြင်းဖြင့် အသိဉာဏ်များ ပျောက်ဆုံးကုန်ကြပြီး အချို့မှာ အသိဉာဏ်အကြွင်းအကျန်လေး ရှိနေသေးလျှင်ပင် လူ့ဘဝတုန်းကနှင့် လုံးဝ ခြားနားသွားကြသည်။

​ထူးဆန်းသည်မှာ... ကျင့်ကြံသူများ မသေမျိုးအဆင့်သို့ ရောက်လျှင် မသေမျိုးလမ်းစဉ် ရှိမှသာ ဖြစ်သည်။ လမ်းစဉ်မရှိဘဲနှင့် အဆင့်တက်ရန် လုံးဝ မဖြစ်နိုင်ပေ။ သို့ဆိုလျှင် ဤကျဆုံးမသေမျိုးများထဲမှ အဆင့် ၉ အထိ မည်သို့ ထွက်ပေါ်လာသနည်း။

​"ကျဆုံးမသေမျိုးတွေဟာ သုံးလောကအုံကြွမှု ဖြစ်ပြီးတဲ့နောက်မှာ ပေါ်ပေါက်လာတာ"

​ချန်အင်းရွှယ်က ဆက်လက်ရှင်းပြသည်

"အစပိုင်းမှာ ကျဆုံးမသေမျိုးဆိုတဲ့ အသုံးအနှုန်း မရှိသေးဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ အလွန်နာမည်ကြီးတဲ့ မသေမျိုးဂိုဏ်းတစ်ခုက ရုတ်တရက် ရူးသွပ်သွားခဲ့တယ်။ အဲဒီဂိုဏ်းက မသေမျိုးတွေဟာ တခြားမသေမျိုးတွေကို စားသုံးပြီး ကျင့်ကြံမှုအဆင့်တွေ အရှိန်အဟုန်နဲ့ တိုးတက်လာကြတာ။

အဆင့် ၈ ရှေးဟောင်းမသေမျိုးဖြစ်တဲ့ ဂိုဏ်းချုပ်ကြီးဆိုရင် သူ့ရဲ့ အဆင့်တူ ကျင့်ကြံသူ ဆယ်ဂဏန်းလောက်ကို စားပစ်ပြီးနောက်မှာ အဆင့် ၉ ကို အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်သွားနိုင်ခဲ့တယ်"

​"အဲဒီအချိန်ကစပြီး နတ်ဘုရားလောကမှာ နောက်ထပ် အုံကြွမှုတစ်ခု ထပ်ဖြစ်ခဲ့တယ်။ အရင်ကတည်းက အင်အားချည့်နဲ့နေတဲ့ နတ်ဘုရားလောကဟာ ဒီကိစ္စနဲ့ပါ ထပ်ကြုံရတော့ တကယ်ကို သနားစရာကောင်းလောက်အောင် ပျက်စီးသွားခဲ့ရတယ်"

​"စီနီယာအစ်မ သုံး... အစ်မပြောချင်တာက ကျဆုံးမသေမျိုးတွေဟာ မသေမျိုးလမ်းစဉ် မရှိဘဲနဲ့လည်း အဆင့် ၉ ကို တက်လှမ်းနိုင်တယ်လို့ ဆိုလိုတာလား"

​ဖန့်ချန်၏ မျက်နှာတွင် ထူးဆန်းသောအမူအရာ ပေါ်လာသည်။ ၎င်းမှာ စစ်မှန်သောမိစ္ဆာ များ၏ လမ်းစဉ်နှင့် မတူပေဘူးလား။ မိစ္ဆာများတွင်လည်း လမ်းစဉ်ကန့်သတ်ချက် မရှိပေ။ အဆင့် ၉ ရာထူးနေရာမှာလည်း အကန့်အသတ်မရှိ ရှိနိုင်ပေသည်။

​အကယ်၍ ထိုကျဆုံးမသေမျိုးများသည် သုံးလောကအုံကြွမှုနောက်ပိုင်းတွင် ပေါ်လာခြင်း ဖြစ်ပါက၊ သူတို့သည် နောင်တွင် သံသရာလည်ပြီး ရောက်ရှိလာမည့် နိုးထလာသော မိစ္ဆာမျိုးနွယ်များ ဖြစ်နိုင်ခြေ အလွန်များနေသည်။

သို့သော်လည်း မိစ္ဆာမျိုးနွယ်များက သူတို့၏ ကျင့်ကြံခြင်းနည်းလမ်းများကို မူလက ပုံမှန်မသေမျိုးလမ်းစဉ် လျှောက်လှမ်းနေသော မသေမျိုးများထံ လက်ဆင့်ကမ်း သင်ကြားပေးခဲ့ခြင်း ဖြစ်နိုင်ခြေကိုလည်း ဖယ်ထုတ်၍ မရပေ။

​"မှန်တယ်... အဲဒါကပဲ ကျဆုံးမသေမျိုးတွေရဲ့ အသာစီးရချက်ပဲ။ အဲဒီအတွက်ကြောင့်လည်း နတ်ဘုရားလောကကြီးဟာ နှစ်ခြမ်းကွဲသွားခဲ့ရတာ။ ကျဆုံးမသေမျိုးတွေရဲ့ စားသုံးခြင်းကို မခံရဖို့အတွက် မသေမျိုးဂိုဏ်းတချို့ဟာ ဒီဘက်ကို ထွက်ပြေးပုန်းရှောင်လာခဲ့ကြတယ်။

အရပ်မျက်နှာအသီးသီးက အဆင့် ၉ မသေမျိုးတွေရဲ့ အကူအညီနဲ့ မသေမျိုးလောက သွေးရောင်တံခါး ကို တည်ဆောက်ပြီး ကျဆုံးမသေမျိုးတွေ ကျူးကျော်မလာနိုင်အောင် တားဆီးထားခဲ့ကြတာ"

​ချန်အင်းရွှယ်က ပြုံးလျက် ဆက်ပြောသည်

"အဲဒီအချိန်ကစပြီး အရင်တုန်းက လူသားလောကနဲ့ အလွန်နီးကပ်ခဲ့တဲ့ နတ်ဘုရားလောကဟာ တဖြည်းဖြည်း အလှမ်းဝေးသွားခဲ့တာပဲ။ နေရာအနှံ့မှာ အစောပိုင်းကတည်းက တည်ဆောက်ထားခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားလမ်းတွေဟာလည်း သူတို့ရဲ့ မူလတာဝန်တွေကို လက်လွှတ်ခဲ့ရပြီး နတ်မျိုးစေ့တွေကို နတ်ဘုရားတံခါးဆီ ခေါ်ဆောင်မပေးနိုင်တော့ဘူး"

​"တကယ်တော့ ငါတို့ဟာ အဲဒီတုန်းက အဆင့် ၉ မသေမျိုးကြီးတွေကို ကျေးဇူးတင်ရမယ်။ သူတို့သာ မရှိခဲ့ရင် ဒီကျဆုံးမသေမျိုးတွေဟာ မသေမျိုးလောကငယ်ထဲကို ဝင်လာပြီး အဲဒီကနေတစ်ဆင့် လူသားနယ်မြေကိုးခုဆီ ရောက်လာလိမ့်မယ်။ အဲဒါဆိုရင် နောက်ထပ် အုံကြွမှုတစ်ခု ထပ်ဖြစ်ဦးမှာပဲ"

​နန်မင်ရုယွဲ့က ခပ်တိုးတိုး သက်ပြင်းချရင်း ဆိုလိုက်သည်။

​"စီနီယာအစ်မ သုံး... ကျွန်တော် တစ်ခု မသိတာရှိလို့ပါ။ အခုလက်ရှိ လူသားနယ်မြေကိုးခုနဲ့ မသေမျိုးလောကငယ်တို့ ပေါင်းထားတဲ့ အင်အားက ဒီကျဆုံးမသေမျိုးတွေကို အပြတ်အသတ် မသုတ်သင်နိုင်သေးဘူးလား"

​ဖန့်ချန်က စဥ်းစားရင်း မေးလိုက်သည်

"နတ်ဘုရားလောကဟာ အရင်းအမြစ်တွေ ဆုံးရှုံးသွားတယ်ဆိုဦးတော့ မသေမျိုးလောကငယ်ထက်စာရင်တော့ အများကြီး ပိုပြီး ကြွယ်ဝဦးမှာပဲ။ ဒီလို နယ်မြေကောင်းကြီးကို ကျဆုံးမသေမျိုးတွေ လက်ထဲ ပစ်ထားလိုက်တာက သိပ်ပြီး မတန်သလိုပဲ"

​လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။

​ကြာနီနတ်မိမယ်က ခပ်တိုးတိုး ပြောလိုက်သည်

"ကျဆုံးမသေမျိုးတွေရဲ့ အင်အားက ငါတို့ထက် အများကြီး ပိုတောင့်တင်းတယ်။ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့အတွက် သူတို့မှာ အဆင့် ၉ ကျဆုံးမသေမျိုး ဘယ်နှစ်ယောက်တောင် ရှိနေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ရန်သူ့ရဲ့ အင်အားကိုတောင် သေချာမသိရဘဲနဲ့ စစ်ပွဲတစ်ခုကို အလွယ်တကူ စတင်လိုက်ရင် ပြန်ပြင်လို့မရတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်"

​"ညီမလေး ကြာနီက တော်တော်လေး ဝီရိယရှိတာပဲ။ ရှေးယခင် နတ်ဘုရားလောက ဆွေးနွေးချက် ကို ဖတ်ပြီးသွားပြီ ထင်တယ်"

ချန်အင်းရွှယ်က ရယ်မောကာ ဆိုသည်။

​"ဒါဆိုရင် လူသားနယ်မြေကိုးခုနဲ့ မသေမျိုးလောကငယ်က နတ်ဘုရားလောကကို ပြန်မသိမ်းချင်တာ မဟုတ်ဘဲ၊ ဒီကျဆုံးမသေမျိုးတွေရဲ့ အင်အားကို သေချာမသိလို့ မလှုပ်ရဲကြတာပေါ့"

ဖန့်ချန် သဘောပေါက်သွားသည်။

​သူသာ ဆိုလျှင်လည်း ထိုနည်းတူပင်။ ရန်သူ၏ အစွမ်းအစအမှန်ကို မသိဘဲနှင့် အလွယ်တကူ တိုက်ခိုက်မည် မဟုတ်ပေ။

​"စီနီယာအစ်မ သုံး... တကယ်လို့ အခု နတ်ဘုရားလောကမှာ ကျဆုံးမသေမျိုးတွေပဲ ရှိနေတာဆိုရင် သူတို့ ဘာကို စားသုံးကြတာလဲ"

ဖန့်ချန်က ရုတ်တရက် ထိုအချက်ကို သတိရသွားသည်။

​ထိုစဉ် ရှေ့မှ လမ်းပြနေသော အဖွားအိုမှာလည်း စိတ်ဝင်စားသွားပုံရပြီး ဖန့်ချန်ကို တစ်ချက်ကြည့်ကာ အက်ကွဲသောအသံဖြင့် ဆိုလိုက်သည်။

​"သူငယ်... မင်းရဲ့ စိတ်ကူးထဲမှာ နတ်ဘုရားလောကဟာ လူသူကင်းမဲ့ပြီး ပျက်စီးယိုယွင်းနေတဲ့ အပျက်အစီးပုံကြီး ဖြစ်နေမယ်လို့ ထင်နေတာလား"

​"စီနီယာ အနေနဲ့ လမ်းညွှန်ပေးပါဦး" ဖန့်ချန်က လက်အုပ်ချီ၍ ဆိုလိုက်သည်။

​တစ်ဖက်လူက ဤသို့ပြောလျှင် အဓိပ္ပာယ်က ဆန့်ကျင်ဘက် ဖြစ်နေမည်မှာ သေချာသည်။

​"နတ်ဘုရားလောကက မင်းထင်တာထက် ပိုပြီး စည်ကားတယ်။ အရင်တုန်းက ဘယ်လိုလဲ၊ အခုလည်း အဲဒီလိုပဲ။ အောက်ခြေက မသေမျိုးတွေဆိုရင် ကျဆုံးမသေမျိုးတွေ ရှိနေတယ်ဆိုတာကိုတောင် လုံးဝ မသိကြဘူး"

​အဖွားအိုက အေးစက်စွာ ပြုံးလိုက်သည်

"သူတို့က မသေမျိုးလောကငယ် ရှိနေတာဟာ နတ်ဘုရားလောကကို သစ္စာဖောက်တာလို့ ထင်နေကြတာ။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ကတော့ တခြားသူတွေရဲ့ မျက်လုံးထဲမှာ အချိန်မရွေး သတ်ဖြတ်စားသုံးလို့ရတဲ့ ကျွဲနွားတိရစ္ဆာန်တွေ ဖြစ်နေမှန်း မသိကြဘူး"

​"ဟိုဘက်က သာမန်မသေမျိုးတွေက မသေမျိုးလောကငယ်ဟာ နတ်ဘုရားလောကကနေ ခွဲထွက်ချင်လို့ လူသားနယ်မြေကိုးခုနဲ့ ပူးပေါင်းပြီး နတ်ဘုရားလောကသစ်တစ်ခုကို ပြန်တည်ဆောက်ချင်နေတာလို့ ထင်နေကြတာ။ ငါတို့ကို အမြဲတမ်း ရန်သူလို့ပဲ သတ်မှတ်ထားကြတယ်။ တကယ်လို့ ငါတို့ဟာ မသေမျိုးလောကငယ် ဒါမှမဟုတ် လူသားနယ်မြေကိုးခုက လာတာမှန်း သိသွားရင် သူတို့က ကျဆုံးမသေမျိုးတွေထက်တောင် ပိုပြီး ရက်ရက်စက်စက် လက်ဦးမှု ယူကြဦးမှာ"

ချန်အင်းရွှယ်က အေးအေးဆေးဆေး ပြုံးကာ ပြောလိုက်သည်။

​ဖန့်ချန်သည် လက်ရှိ နတ်ဘုရားလောက၏ အခြေအနေကို တဖြည်းဖြည်း နားလည်လာသည်။

​ကျဆုံးမသေမျိုးများက အာဏာကို ချုပ်ကိုင်ထားသော်လည်း အမှန်တရားအားလုံးကို ဖုံးကွယ်ထားနိုင်ကြသည်။ အောက်ခြေလူတန်းစားများမှာ အမှန်တရားကို လုံးဝ မသိကြချေ။

​မသေမျိုးလောကငယ်သည် လူသားနယ်မြေကိုးခုနှင့် ပူးပေါင်းကာ နတ်ဘုရားလောကသစ်တစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းနေသည်ဟုသာ သူတို့ ထင်မှတ်နေကြခြင်း ဖြစ်သည်။

​"ဒါဆိုရင် နတ်ဘုရားလောကက နတ်ဆိုးတွေ၊ သားရဲတွေကရော..." ဖန့်ချန်က ချန်အင်းရွှယ်ကို ကြည့်လိုက်သည်။

​"ဪ... အဲဒီအရာတွေကလည်း ဟိုဘက်က မသေမျိုးတွေကို ခေါင်းကိုက်စေတာပဲ။ ကျဆုံးမသေမျိုးတွေကလည်း အဲဒီအရာတွေကို နှိမ်နင်းဖို့ အားသွန်ခွန်စိုက် ကြိုးစားနေကြတာ"

ချန်အင်းရွှယ်က ရယ်မောကာ ပြောသည်။

​"ကျဆုံးမသေမျိုးတွေကလည်း အဲဒီ နတ်ဆိုးတွေနဲ့ သားရဲတွေကို နှိမ်နင်းနေကြတာလား"

​'အကယ်၍ သူတို့အားလုံးဟာ ဇစ်မြစ်တစ်ခုတည်းက လာတာ၊ မိစ္ဆာမျိုးနွယ်တွေရဲ့ လက်ချက်သာ မှန်ရင် ဘာဖြစ်လို့ အချင်းချင်း ပြန်သတ်နေကြတာလဲ'

​ဖန့်ချန် စဉ်းစားနေမိသော်လည်း တစ်ခုခုကို သူ သေသေချာချာ သဘောမပေါက်သေးသလို ခံစားနေရသည်။

​ဆယ်စက္ကန့်ကျော်ကြာပြီးနောက် မသေမျိုးလှေ နှစ်စင်းစလုံးသည် သွေးရောင်တံခါး ရှေ့တွင် ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။

​အဖွားအိုက ရှဲ့အာမန်ကို လှည့်ကြည့်ကာ

​"ဒီနေ့ရဲ့ အချိန်အရဆိုရင် အခုလက်ရှိ သွေးရောင်တံခါးဟာ နတ်ဘုရားလောကရဲ့ ဟန်ရှန်းဘုရားကျောင်း နယ်မြေ နဲ့ တည့်တည့် ဆုံနေတယ်"

​ဖန့်ချန်သည် သွေးရောင်ကောင်းကင်ယံ တံတိုင်းကြီးကို ဖြတ်ကျော်ကြည့်လိုက်ရာ အတွင်းဘက်ရှိ မြင်ကွင်းများမှာ အရှိန်အဟုန်ဖြင့် ရွေ့လျားနေသည်ကို ဝေဝေဝါးဝါး မြင်လိုက်ရသည်။

​"ဒီတံခါးက ငြိမ်နေတာ မဟုတ်ဘဲ အမြဲတမ်း ရွေ့လျားနေတာလား"

​"အစ်မကြီး... ကျမတို့ ဒီတစ်ခေါက် ဘယ်နယ်မြေကို သွားမှာလဲ"

ချန်အင်းရွှယ်က ရှဲ့အာမန်ကို ကြည့်လိုက်သည်။

​"သွားမှာက ဟန်ရှန်းဘုရားကျောင်း နယ်မြေပဲ"

​ရှဲ့အာမန်က အသာအယာ ပြုံးလိုက်ပြီး အဖွားအိုကို ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် မသေမျိုးစွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာပြီး နဂါးနက်လှေကို မောင်းနှင်ကာ သွေးရောင်ကောင်းကင်ယံထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားတော့သည်။

​ဖန့်ချန်သည် မိမိ၏ ခန္ဓာကိုယ်ပေါ်တွင် ရေစီးကြောင်းတစ်ခု စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

​သူ နောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ သွေးရောင်ကောင်းကင်ယံ တံတိုင်းကြီးမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

​"မိတ်ဆွေ ကြာနီ... မင်း ရှေးဟောင်းကျမ်းစာတွေ အများကြီး ဖတ်ဖူးတယ်ဆိုတော့ ငါတို့ မသေမျိုးလောကငယ်ဆီ ဘယ်လို ပြန်ရမလဲဆိုတာ သိမှာပေါ့နော်"

​ဖန့်ချန်က စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။

အခန်း (၁၆၂၈) - နတ်ဘုရားရင်းမြစ်ကျောက်တည်ရာအရပ်မှ တိုက်ဆိုင်သောဆုံတွေ့မှု

​"သွေးရောင်တံခါးဟာ တစ်စုံတစ်ရာသော နိယာမတရားတွေအတိုင်း အမြဲတမ်း လည်ပတ်နေတာ။ အဲဒါကြောင့်လည်း နတ်ဘုရားလောကက ကျဆုံးမသေမျိုးတွေဟာ လက်လှမ်းမမီနိုင်ဘဲ မသေမျိုးလောကငယ်ထဲကို ကျူးကျော်ဝင်ရောက်နိုင်စွမ်း မရှိကြတာပဲ။"

​ကြာနီနတ်မိမယ်က စိတ်ချင်းဆက်သွယ်ကာ ရှင်းပြနေသည်။

"ဒါပေမဲ့ နဂါးနက်လှေကို မောင်းနှင်ပြီး အရှိန်ကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်လိုက်မယ်ဆိုရင်တော့ မသေမျိုးလောကငယ်ဆီကို အလိုအလျောက် ပြန်လည်ခေါ်ဆောင်သွားခြင်း ခံရလိမ့်မယ်။ ဒါဟာ သွေးရောင်တံခါးကို တည်ဆောက်တုန်းက သုံးခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ သက်ဆိုင်သလို အစီရင်ဗဟိုချက်ကို ထည့်သွင်းအသုံးပြုထားလို့လည်း ပါတာပေါ့။"

​ဖန့်ချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

​ကြာနီနတ်မိမယ်၏ ပြောစကားအရဆိုလျှင် အင်အားကြီးအဖွဲ့အစည်းအသီးသီးမှ အမာခံတပည့်များမှာ နတ်ဘုရားလောကနှင့် မသေမျိုးလောကငယ်ကြားတွင် အပြန်အလှန် ကူးသန်းသွားလာနိုင်စွမ်း ရှိနေကြသည်မဟုတ်ပါလား။

​အကယ်၍ ရှောက်ကွမ်းယင်သည်လည်း ထိုလောကနှစ်ခုကြား လွတ်လပ်စွာ သွားလာနိုင်သည်ဆိုလျှင်... သူက ကျဆုံးမသေမျိုးတစ်ယောက်ကိုဖြစ်စေ၊ ဒါမှမဟုတ် မိစ္ဆာမျိုးနွယ်တစ်ယောက်ကိုဖြစ်စေ ခေါ်ဆောင်လာခဲ့ရင်...

​"သွေးရောင်တံခါးမှာ စောင့်ကြပ်နေတဲ့ စစ်မှန်သောဘုရင်မျိုးနွယ်စုဝင်တွေက ကျဆုံးမသေမျိုးတွေရဲ့ အမှတ်အသားကို ခွဲခြားနိုင်စွမ်း ရှိကောင်းရှိနိုင်ပါတယ်။"

​"ဒါပေမဲ့ မိစ္ဆာမျိုးနွယ်တွေသာဆိုရင်တော့ လွတ်လပ်စွာ ကူးသန်းသွားလာနိုင်မှာပဲ။ တကယ်ကို ကာကွယ်ရခက်တဲ့ အခြေအနေပဲ။"

​ထိုသို့တွေးတောရင်း ဖန့်ချန်သည် ဤနေရာနှင့် ပြင်ပလောကတို့၏ ကွဲပြားခြားနားမှုကို ငြိမ်သက်စွာ ခံစားကြည့်မိသည်။

​လေထုထဲတွင် မသေမျိုးစွမ်းအား စိုးစဥ်းမျှပင် မရှိချေ။ သတင်းစကားများမှာ မှန်ကန်ပေသည်။ မသေမျိုးလောကငယ်ဖြစ်စေ၊ နတ်ဘုရားလောကဖြစ်စေ မသေမျိုးစွမ်းအားများ ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဤနေရာရှိ မသေမျိုးများမှာလည်း ကျင့်ကြံရန်နှင့် သက်တမ်းတိုးရန်အတွက် မသေမျိုးကျောက်တုံး များကိုသာ အဓိကအားထားနေကြရသည်။

​"မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်သေးဘူး။ အစာရှာထွက်လာတဲ့ ကျဆုံးမသေမျိုးတွေ၊ ပြီးတော့ နတ်ဆိုးနဲ့ သားရဲတွေနဲ့သာ မဆုံရင် ဒီနေရာမှာ ကြီးကြီးမားမား အန္တရာယ်မရှိပါဘူး။"

​"ဒီကျောက်စိမ်းပြားကို ယူထားကြ။ ဒါကို နတ်ဘုရားခရီးနှင်ခြင်း အဆောင် လို့ ခေါ်တယ်။ အဲဒီထဲမှာ ငါ့ရဲ့ အငွေ့အသက်အချို့ ထည့်ထားပေးတယ်။ အကယ်၍ မင်းတို့ ကိုယ့်ဘာကိုယ် ဖြေရှင်းလို့မရတဲ့ ဘေးအန္တရာယ်နဲ့ ကြုံလာရင် ဒါကို ချေဖျက်လိုက်၊ ငါ့ဆီကို ရောက်လာလိမ့်မယ်။"

​"စီနီယာအစ်မကြီးက မင်းတို့ကို ကာကွယ်ပေးမယ်။"

​ရှဲ့အာမန်က ပြုံးရွှင်စွာဖြင့် လူတိုင်းကို ကျောက်စိမ်းပြား တစ်ခုစီ ဝေငှပေးလိုက်သည်။

​လီရှမ်းဇီက အံ့အားသင့်သွားကာ "စီနီယာအစ်မကြီး... ကျွန်တော်တို့ အတူတူ လှုပ်ရှားကြမှာ မဟုတ်ဘူးလား" ဟု မေးသည်။

​"သေချာပေါက် မဟုတ်ဘူးပေါ့။ လူစုကြီးနေရင် ရန်သူ့မျက်စိကျလွယ်တယ်။ ငါ့မှာ လုပ်စရာကိစ္စတွေ ရှိသေးတယ်၊ မင်းတို့ဘာသာ မင်းတို့ လျှောက်သွားကြ။ အလွန်ဆုံးရှိမှ နှစ်ဝက်လောက်ဆိုရင် ငါတို့ ပြန်လို့ရပြီ။"

ရှဲ့အာမန်က အေးဆေးစွာ ပြုံး၍ ဆိုသည်။

​ခဏအကြာတွင် သူမက ထပ်မံသတိပေးလိုက်သည်။

​"မင်းတို့ရဲ့ နဂါးနက်လှေကို အကြောင်းမရှိဘဲ ထုတ်ပြီး မကြွားကြနဲ့။ ကျဆုံးမသေမျိုးတွေ သတိထားမိသွားရင် မင်းတို့ကို သေချာပေါက် လိုက်သတ်လိမ့်မယ်။ ပြီးတော့ မင်းတို့ရဲ့ အင်အားက မလုံလောက်သေးဘူး၊ မသေမျိုးလောကငယ်ဆီ ပြန်ချင်ရင် ငါ့ရဲ့ နဂါးနက်လှေကိုပဲ စီးရမယ်။ နားလည်ကြလား "

​လူတိုင်းက တိတ်ဆိတ်စွာ ခေါင်းညိမ့်လိုက်ကြသည်။

​'ကြည့်ရတာ အမာခံတပည့်တိုင်း လောကနှစ်ခုကြား အလွယ်တကူ ကူးသန်းနိုင်တာမျိုးတော့ မဟုတ်ဘူးပဲ' ဟု ဖန့်ချန်က စိတ်ထဲမှ တွေးလိုက်သည်။

​"နတ်ဘုရားလောကဘက်မှာ မသေမျိုးဆေးဖက်ဝင်အပင်တွေ အများကြီး ရှိသေးတယ်။ မင်းတို့လည်း ဟိုဟိုဒီဒီ လိုက်ရှာကြ၊ တွေ့ရင် လုယူလိုက်။ သူတို့လက်ထဲမှာ ထားခဲ့တာက ဝက်ကို အစာကျွေးသလိုပဲ ဖြစ်နေမှာ၊ စိတ်မပျော့ကြနဲ့။"

​ရှဲ့အာမန်က ထပ်လောင်းမှာကြားပြီးနောက် နဂါးနက်လှေကို သိမ်းဆည်းကာ တစ်စုံတစ်ခုသော အရပ်ဆီသို့ ဟင်းလင်းပြင်ကို ဖြတ်ကျော် ပျံသန်းသွားတော့ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်း၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။

​"ကဲ... ဒါဆိုလည်း ငါတို့ လျှောက်သွားကြတာပေါ့။"

လီရှမ်းဇီက သက်ပြင်းချရင်း ဆိုလိုက်သည်။

​နောက်ဆုံးတွင် သူက နန်မင်ရုယွဲ့နှင့်အတူ ထွက်ခွာသွားသည်။ ချန်အင်းရွှယ်ကမူ ကျိရှန့်နှင့် ရွှီခွန်းတို့ကို ခေါ်ဆောင်သွားတော့သည်။ ကျန်ရှိသောသူများသည်လည်း အနည်းဆုံး နှစ်ယောက်တစ်တွဲဖြင့်သာ သွားကြပြီး တစ်ဦးတည်း သွားရန် မရွေးချယ်ကြချေ။

​အဆုံးတွင် ဖန့်ချန်နှင့် ကြာနီနတ်မိမယ် နှစ်ဦးသာ ကျန်ရစ်တော့သည်။ ထိုအမာခံတပည့်များက သူတို့နှစ်ဦးကို အချစ်နယ်ကျွံနေသူများ ဟု ထင်မှတ်ထားကြသဖြင့် အဖွဲ့ဖွဲ့ရန် လာရောက် မဖိတ်ခေါ်ဘဲ အလိုက်တသိ ရှောင်ပေးသွားကြခြင်း ဖြစ်သည်။

​"မိတ်ဆွေ ဖန့်... ရှင်သွားချင်တဲ့နေရာ ရှိလား"

ကြာနီနတ်မိမယ်က ပတ်ဝန်းကျင်ကို စူးစမ်းရင်း မေးလိုက်သည်။

​"ငါက နတ်ဘုရားလောကအကြောင်း ဘာမှမသိဘူးလေ။ မင်းပဲ ရှေးယခင် နတ်ဘုရားလောက ဆွေးနွေးချက် ကို ဖတ်ထားတာ မဟုတ်လား။ ဒီ ဟန်ရှန်းဘုရားကျောင်း နယ်မြေမှာ သွားစရာ ဘယ်နေရာတွေ ရှိလဲ"

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

​"သွားစရာ နေရာလား..."

​ကြာနီနတ်မိမယ်က ခဏမျှ စဥ်းစားလိုက်ပြီးနောက် မျက်လုံးများ ရုတ်တရက် ဝင်းလက်သွားကာ

​"စာအုပ်ထဲမှာ ငါဖတ်ဖူးတာတော့ ဟန်ရှန်းဘုရားကျောင်း နယ်မြေမှာ အရမ်းနာမည်ကြီးတဲ့ နတ်ဘုရားရင်းမြစ်ကျောက်တည်ရာအရပ် တစ်ခု ရှိတယ်။ နတ်ဘုရားလောကက သမိုင်းကြောင်း အရမ်းရှည်လျားသလို တစ်ချိန်တုန်းက မသေမျိုးစွမ်းအား အရှိန်အဝါ အတောင့်တင်းဆုံး နေရာလည်း ဖြစ်ခဲ့တာမလို့ တန်ဖိုးရှိတဲ့ ပစ္စည်းကောင်းအချို့ကို ရှာဖွေတွေ့ရှိနိုင်ကောင်းရဲ့ "

​ကြာနီနတ်မိမယ်က ပြုံးလျက် "မိတ်ဆွေ ဖန့်... စိတ်ဝင်စားလား" ဟု မေးသည်။

​"နတ်ဘုရားရင်းမြစ်ကျောက်တည်ရာအရပ် ဟုတ်လား"

​ဖန့်ချန်သည် မချင့်မရဲ သက်ပြင်းချရင်း

"အရင်တုန်းက ငါ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးစဉ်တုန်းကတော့ နတ်ဘုရားရင်းမြစ်ကျောက်တွေကို ရွေးချယ်ကစားခဲ့ဖူးတာပေါ့။ မိတ်ဆွေ ကြာနီက လမ်းသိတယ်ဆိုရင် ငါတို့ အတူတူ သွားကြည့်ကြတာပေါ့ "

​အရင်က သူသည် တာ့ချန်းနိုင်ငံတွင် နတ်ဘုရားရင်းမြစ်ကျောက်များကို ကစားခဲ့သော်လည်း အရည်အသွေးမှာ မမြင့်မားလှချေ။ နောက်ပိုင်းတွင် နန်ချင်ကြယ်တာရာ၏ တန်တိုင်တောင်နယ်မြေတွင် နတ်ဘုရားရင်းမြစ်ကျောက်တည်ရာအရပ်တစ်ခုနှင့် ကြုံတွေ့ခဲ့ပြီး ရှေးဟောင်းဝိညာဥ်စွမ်းအား ဖြစ်သည့် နေလောင်မီးလျှံ ကို ရှာဖွေတွေ့ရှိခဲ့ဖူးသည်။

အကယ်၍ နတ်ဘုရားလောကဘက်တွင်လည်း ထိုသို့သော နေရာမျိုးရှိလျှင် အမှန်တကယ်ပင် ပစ္စည်းကောင်းများကို ရရှိနိုင်ပေလိမ့်မည်။

​"ဒါဆိုလည်း နတ်ဘုရားရင်းမြစ်ကျောက်တည်ရာအရပ်ကို သွားကြည့်ကြတာပေါ့။ရှင် အရင်က အထွတ်ထိပ်ဝိညာဥ်ကျောက်တုံးတွေကို ကစားရတာ ဝါသနာပါမှန်း သိကတည်းက ရှင် ဒါကို စိတ်ဝင်စားမယ်ဆိုတာ ငါ သိပြီးသားပါ"

ကြာနီနတ်မိမယ်က အသာအယာ ပြုံးလိုက်သည်။

​ရက်အနည်းငယ် ကြာပြီးနောက်...

​ကြာနီနတ်မိမယ်သည် လမ်းသွားလမ်းလာအချို့ကို မေးမြန်းရင်း၊ စာအုပ်ထဲတွင် ဖတ်ခဲ့ရသော သဲလွန်စအချို့ကို အခြေခံရင်း နောက်ဆုံးတွင် ဖန့်ချန်ကို ခေါ်ဆောင်ကာ ဟန်ရှန်းဘုရားကျောင်း နယ်မြေ၏ အကြီးဆုံး နတ်ဘုရားရင်းမြစ်ကျောက်တည်ရာအရပ်သို့ ရောက်ရှိလာတော့သည်။

​ဤနေရာတွင် လူသံများဖြင့် ဆူညံပွက်လောရိုက်နေပြီး ကျင့်ကြံသူများနှင့် မသေမျိုးများ ရောနှောကာ အလွန်စည်ကားလှသည်။

​အပေါ်စီးမှ ကြည့်လျှင် နတ်ဘုရားရင်းမြစ်ကျောက်တည်ရာအရပ်တစ်ခုလုံးမှာ ရှစ်ခွင်အစီရင် ပုံစံမျိုး ဖြစ်သည်။ အပြင်ဘက်ဆုံး အဝိုင်းမှာ အခြေခံအဆင့် ကျင့်ကြံသူများ ရှိရာနေရာ ဖြစ်ပြီး၊ အတွင်းဘက်သို့ နည်းနည်းဝင်လျှင် အလယ်အလတ်အဆင့် ကျင့်ကြံသူများ၊ နောက်ထပ် အတွင်းဘက်တွင်မူ အဆင့်မြင့်ကျင့်ကြံသူများ ရှိကြသည်။

​စတုတ္ထမြောက် ဇုန်သို့ ရောက်သောအခါ အဆင့် ၁ မသေမျိုးများကို အတွေ့ရများလာပြီး ရောင်းချသော နတ်ဘုရားရင်းမြစ်ကျောက်များ၏ အရည်အသွေးမှာလည်း ပိုမိုမြင့်မားကာ မသေမျိုးကျောက်တုံးများဖြင့်သာ အရောင်းအဝယ် ပြုလုပ်ကြသည်။

​"ဟန်ရှန်းဘုရားကျောင်း နယ်မြေရဲ့ အကြီးဆုံး ကျောက်တည်ရာအရပ်ဆိုတော့လည်း မတူဘူးပဲ။ အောက်ခြေကျင့်ကြံသူကနေ မသေမျိုးတွေအထိ ဒီမှာ နတ်ဘုရားရင်းမြစ်ကျောက်တွေကို ဝယ်ယူနိုင်ကြတာပဲ။"

ကြာနီနတ်မိမယ်က ရေရွတ်လိုက်သည်။

​ဖန့်ချန်သည် သူမ ထိုနေရာသို့ ရောက်လာပြီးနောက်တွင် မျက်နှာပေါ်ရှိ အပြုံးများမှာ ပုံမှန်ထက် ပိုမိုများပြားလာပြီး စိတ်ကြည်လင်နေသည်ကို သတိပြုမိလိုက်သည်။

​"မိတ်ဆွေ ကြာနီ... မင်းက နတ်ဘုရားရင်းမြစ်ကျောက်တွေကို အရမ်းစိတ်ဝင်စားတာလား"

ဖန့်ချန်က စူးစမ်းစွာ မေးလိုက်သည်။

​ကြာနီနတ်မိမယ်၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး ခပ်ဖွဖွ ခေါင်းညိမ့်ပြသည်။

"နတ်ဘုရားရင်းမြစ်ကျောက်တွေကို ရွေးချယ်ကစားရတာ တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းတယ်လို့ ထင်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရမယ်၊ အဲဒီထဲမှာ စိတ်အာရုံနစ်မွန်းသွားလို့ မဖြစ်ဘူး၊ မဟုတ်ရင် ကိုယ့်ရဲ့ အခြေခံကို ထိခိုက်စေနိုင်တယ် "

​စကားပြောနေစဉ်မှာပင် အဝေးမှ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာပြီး ဒေါသကြောင့် သွေးတက်ကာ ထိုနေရာမှာပင် မေ့လဲမတတ် ဖြစ်သွားတော့သည်။

​သူ့ရှေ့တွင် နတ်ဘုရားရင်းမြစ်ကျောက်တစ်ခုကို ခွဲလိုက်ပြီး ဖြစ်သော်လည်း အတွင်း၌ ဘာမှ မရှိချေ။ ထိုကျောက်အတွက် သူ၏ ဝိညာဥ်ကျောက်တုံး အမြောက်အမြား အသုံးပြုခဲ့ရဟန် တူသည်။ ကြာနီနတ်မိမယ်က မနေနိုင်ဘဲ ပြုံးလိုက်ပြီး ဖန့်ချန်ကို ဆွဲကာ နတ်ဘုရားရင်းမြစ်ကျောက်တည်ရာအရပ်အတွင်းသို့ တစ်လျှောက်လုံး လိုက်လံကြည့်ရှုတော့သည်။

​သူမ၏ အိတ်ကပ်ထဲတွင် အနိမ့်စား၊ အလယ်အလတ်စားနှင့် အဆင့်မြင့် ဝိညာဥ်ကျောက်တုံးများကို အသင့်ပြင်ဆင်လာခဲ့ပုံရသည်။

​လမ်းတစ်လျှောက်တွင် မုန့်ဈေးတန်း လျှောက်ကြည့်သကဲ့သို့ပင် စိတ်ပါရာ ကျောက်အချို့ကို ဝယ်ယူပြီး ခွဲကြည့်လိုက်သည်။ အားလုံးနီးပါးမှာ အရှုံးပေါ်ခဲ့သော်လည်း သူမကမူ ထိုသို့ ကစားရသည်ကို ပျော်ရွှင်နေပုံရသည်။

​"မိတ်ဆွေ ဖန့်... ရှင် ဘာလို့ တစ်ခုမှ မဝယ်တာလဲ"

ကြာနီနတ်မိမယ်က နောက်ထပ် ကျောက်တစ်ခုကို ခွဲလိုက်ပြန်သော်လည်း ဘာမှ မတွေ့ရသဖြင့် ဖန့်ချန်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

​ဖန့်ချန်က ရယ်မောလျက်

"ဒါတွေကို မဝယ်ချင်သေးပါဘူး။ ခဏနေရင် အတွင်းဘက်ရောက်မှ တစ်လုံးနှစ်လုံးလောက် ဝယ်ပြီး ကစားကြည့်တာပေါ့။"

​"အပျော်သဘောပဲ ကစားတာပါ၊ ဒီကျောက်တွေက အရည်အသွေးမကောင်းဘူးလို့ မထင်ပါနဲ့။ အဓိကကတော့ ရှုံးသွားရင်တောင် ဘာမှမဖြစ်ဘူးလေ "

ကြာနီနတ်မိမယ်က ရယ်ရင်း ပြောသည်။

​မသိလိုက်မသိဘာသာဖြင့် သူတို့နှစ်ဦးမှာ စတုတ္ထမြောက်ဇုန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထိုနေရာတွင် မသေမျိုးအောက်အဆင့် ကျင့်ကြံသူများကို မြင်ရခဲသော်လည်း လုံးဝမရှိသည်တော့ မဟုတ်ချေ။ အဆင့်မြင့်ကျင့်ကြံသူ အတော်များများမှာ ဤနေရာတွင် လာရောက် ဝေ့ဝဲနေကြပြီး ဗဟုသုတအဖြစ် လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။

​သူတို့မှာ မသေမျိုးကျောက်တုံး တစ်ဝက်မျှပင် မထုတ်နိုင်ကြသော်လည်း သူတို့၏ အမြင်အာရုံကို မြှင့်တင်ရန်အတွက် လာရောက်ကြည့်ရှုခြင်းကိုတော့ မတားဆီးနိုင်ချေ။

​"ထပ်ပြီး ရှုံးပြန်ပြီ မင်းတို့ဆိုင်က တကယ်ကို ယုတ်မာလွန်းတာပဲ။ ငါ ကျောက် ၁၀ လုံး ဆက်တိုက်ခွဲတာ၊ မသေမျိုးကျောက်တုံး ၅၀ တောင် ပုံအောထားရတာ။ ဘာရေလှိုင်းလေး တစ်ခုတောင် မမြင်ရဘူးလား။ ဒါက နည်းနည်းတော့ လွန်လွန်းမနေဘူးလား "

​မလှမ်းမကမ်းမှ သူတို့နှစ်ဦး အတော်လေး ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။

​ကြည့်လိုက်ရာ ထိုသူမှာ ရွှီခွန်း နှင့် ကျွယ်မင်နန်းတော်မှ အခြားအမာခံတပည့် နှစ်ဦး ဖြစ်နေသည်။ ကျန်နှစ်ဦးမှာ စိတ်ပျက်လက်ပျက် အမူအရာများ ရှိနေကြသည်။

​ရွှီခွန်းမှာမူ ယခုအချိန်တွင် ဒေါသတကြီးဖြင့် ဆိုင်ရှင်ကို အော်ဟစ်ဆဲဆိုနေတော့သည်။ ရွှီခွန်းမှာ အဆင့် ၃ မသေမျိုးဖြစ်ပြီး ဆိုင်ရှင်မှာမူ အဆင့် ၁ မသေမျိုးသာ ဖြစ်သဖြင့် ပြန်မပြောရဲဘဲ ခါးသက်သက် ပြုံးကာ ချော့မော့နေရသည်။ အဆုံးတွင် နတ်ဘုရားရင်းမြစ်ကျောက်တစ်လုံးကို လက်ဆောင်ပေးလိုက်မှသာ ရွှီခွန်း၏ ဒေါသမှာ ပြေလျော့သွားတော့သည်။

​"ကြည့်ရတာ ကျွယ်မင်နန်းတော်မှာ နတ်ဘုရားရင်းမြစ်ကျောက် ကစားရတာ ဝါသနာပါတဲ့သူတွေ မနည်းဘူးပဲ "

ကြာနီနတ်မိမယ်က ပြုံးလိုက်ပြီး ဖန့်ချန်ကိုဆွဲကာ ရွှီခွန်းတို့ သုံးယောက်ဆီသို့ လျှောက်သွားလိုက်သည်။

​သို့သော် ခြေလှမ်းအနည်းငယ်မျှ လျှောက်ပြီးသောအခါ ရွှီခွန်း လက်ထဲရှိ ကျောက်မှာ ထပ်မံ၍ အရှုံးပေါ်သွားပြန်သည်။ သူက မကျေမနပ်ဖြစ်ကာ ဆက်လက်ဝယ်ယူရန် ပြင်ဆင်နေပြီး ကျန်အမာခံတပည့်နှစ်ဦး၏ တားမြစ်ချက်ကိုလည်း နားမထောင်ချေ။

​"ခဏနေဦး"

​ဖန့်ချန်က ရုတ်တရက် ခြေလှမ်းကို တန့်လိုက်ပြီး ကြာနီနတ်မိမယ်ကို ဆွဲကာ အခြားသော ဆိုင်ခန်းတစ်ခုရှေ့သို့ ခေါ်ဆောင်သွားသည်။

​"ဘာဖြစ်လို့လဲ" ကြာနီနတ်မိမယ်က ဇဝေဇဝါဖြစ်လျက် မေးလိုက်သည်။

​"တစ်စုံတစ်ယောက်က ရွှီခွန်းတို့ သုံးယောက်ကို စောင့်ကြည့်နေသလိုပဲ။ အဲဒါ ကျဆုံးမသေမျိုး ဖြစ်နိုင်ခြေ ရှိတယ် "

ဖန့်ချန်က လေသံတိုးတိုးဖြင့် စိတ်ချင်းဆက်သွယ်ကာ သတိပေးလိုက်သည်။

All Chapters