အခန်း (၆၁၉-၆၂၀)
Vol. 62 Ch. 619-620
အခန်း (၆၁၉) - မြေခွေးဖြူ ဝိညာဉ်ပုံရိပ် ၊ တန်ခိုးပြိုင်ခြင်း
“အရူးပဲ... မင်းက သိုင်းနတ်ဘုရား လမ်းစဉ်ကို လျှောက်နေတာပဲ၊ စောစောစီးစီး ကောင်းကင်ရဲ့ ပြစ်ဒဏ်ခတ်တာကို ခံရလိမ့်မယ် ”
အလှပဂေးအမျိုးသမီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမသည် ထွက်ပြေးခြင်းအတတ်ကို အသုံးပြုကာ နတ်မီးလျှံများ၏ ဝိုင်းရံမှုကို ဖောက်ထွက်ပြီး တိမ်ပင်လယ်ထက်သို့ ရောက်ရှိသွား၏ သူမသည် လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ အဆုံးမရှိသော အစိမ်းရောင်အလင်းတန်းများမှာ လီယန်ချူးထံသို့ တိုးဝင်တိုက်ခိုက်သွားတော့သည်။
ဝုန်းးး ဝုန်းးး
ကောင်းကင်ယံထက်တွင် ထိုအစိမ်းရောင်အလင်းများနှင့် လီယန်ချူး၏ နတ်မီးလျှံများမှာ အပြင်းအထန် ရိုက်ခတ်မိကြသည် ကောင်းကင်ပေါ်တွင် ရေနှင့်မီးအလား တစ်ဖက်တစ်ချက်စီ ကွဲပြားနေပြီး အပြန်အလှန် ချေမှုန်းရင်း ပြင်းထန်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်နေတော့သည်။
ယခုအခါ ကောင်းလင်ခရိုင်ရှိ လူသူအပေါင်းမှာ အိမ်ပြင်သို့ ပြေးထွက်လာကြပြီး ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ရာ နိမိတ်များကို မော့ကြည့်နေကြသည်။ ၎င်းမှာ ကောင်းကင်နှင့် မြေကြီး ပြိုကျပျက်စီးတော့မည့်အလား။
လီယန်ချူးသည် သူ၏ စိတ်ကြည်လင် ကျောက်စိမ်းပြား ကို နှိုးဆွလိုက်သည်။ ကုသိုလ်မှတ် တစ်သိန်းအဆင့်ရှိသော ထိုရတနာသည် သူ၏ မှော်အတတ်နှင့် သဘာဝလွန်စွမ်းအားများကို အဆပေါင်းများစွာ တိုးမြင့်ပေးနိုင်ပေသည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း တစ်ခဏချင်းအတွင်း ထပ်မံ မြင့်တက်သွားရသည်။
ကောင်းကင်ပြည့် နတ်မီးလျှံများမှာ ရေလျှံသကဲ့သို့ ဖြစ်သွားပြီး ထိုအမျိုးသမီးထံသို့ လွှမ်းခြုံတိုက်ခိုက်သွားတော့သည်။ အမျိုးသမီးမှာလည်း အဆုံးမဲ့သော အစိမ်းရောင်အလင်းများကို ထိန်းချုပ်ကာ လီယန်ချူးနှင့် အပြန်အလှန် တိုက်စစ်ဆင်နေသည်။
ဒုန်းးး
အလှပဂေးအမျိုးသမီးမှာ အနည်းငယ် အံ့ဩသွားရသည်။ သူမ၏ သတ်ဖြတ်ခြင်းအတတ်မှာ တတိယအဆင့် ယန်ဝိညာဉ် ပင် မရောက်သေးသော ထိုလူငယ်တာအိုဆရာကို မယှဉ်နိုင်ဖြစ်နေသည် မဟုတ်ပါလား သို့သော်လည်း သူမ၏ ကျင့်ကြံမှုမှာ ကျင်ယွီ ကဲ့သို့ပင် တတိယအဆင့် အလယ်လတ်ပိုင်းတွင် ရှိနေသူဖြစ်သည်။
သူမသည် ခန္ဓာကိုယ်အတွင်းရှိ သမုဒ္ဒရာအလား ကျယ်ပြောလှသော မိစ္ဆာစွမ်းအားများကို နှိုးဆွလိုက်၏။ လီယန်ချူး ထုတ်လွှတ်ထားသော နတ်မီးလျှံများ၊ မီးကျီးကန်းများ၊ မီးနဂါးများနှင့် မီးမြှားများကို အသည်းအသန် ခုခံနေရသည်။
သူမ၏ မျက်လုံးများမှာ အေးစက်သွား၏။
“တာအိုမိတ်ဆွေက ဒီလိုဖြစ်မှတော့ ကျွန်မကလည်း ရက်စက်ရတော့မှာပဲ၊ ဒီကောင်းလင်ခရိုင်ကို ပြာပုံဖြစ်အောင် လုပ်ပစ်မယ် ”
သူမသည် နာကျည်းစွာ အော်ဟစ်လိုက်ရာ ထိုအသံမှာ မိုးကြိုးသံကဲ့သို့ ကောင်းလင်ခရိုင် ကောင်းကင်ယံတစ်ခုလုံးတွင် ဟိန်းထွက်သွားတော့သည်။ ကောင်းလင်ခရိုင်မှ လူသူအပေါင်းမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ကောင်းကင်ပေါ်တွင် တန်ခိုးပြိုင်နေကြသော နတ်ဘုရားနှစ်ပါးကို ကြည့်ကာ အချို့မှာလည်း မြေပြင်ပေါ်ဝပ်၍ အဆက်မပြတ် ဦးချနေကြတော့သည်။
မင်ဟော်၏ စိတ်ထဲတွင်လည်း အလွန်ပင် စိုးရိမ်ပူပန်နေမိသည်။ ထိုအမျိုးသမီးမှာ အလွန်အစွမ်းထက်လှရာ သူမသာ ကောင်းလင်ခရိုင်ကို ဖျက်ဆီးရန် တကယ် စိတ်ပိုင်းဖြတ်လိုက်လျှင် လီယန်ချူးပင် တားဆီးနိုင်ပါ့မလား။
ထိုသို့သာ ဖြစ်လာပါက အမှန်တကယ်ပင် သတ္တဝါတို့ ပြုန်းတီးမည့် ဘေးဒုက္ခကြီး ဆိုက်ရောက်ပေလိမ့်မည်။
ရုတ်တရက် မီးနတ်ဘုရားပုံရိပ် မှာ တစ်ခဏချင်း ပျောက်ကွယ်သွားသည် နောက်တစ်စက္ကန့်တွင် ထိုပုံရိပ်ကြီးမှာ အမျိုးသမီး၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာတော့သည်။ လျင်မြန်လွန်းလှသော အရှိန်ကြောင့် အမျိုးသမီးမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပါချေ။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ နတ်မီးလျှံများ ဖုံးလွှမ်းနေသဖြင့် လီယန်ချူးအနေဖြင့် ဓာတ်ငါးပါးမြေလျှိုခြင်းအတတ် ထဲမှ မီးအတတ်ကို အသုံးပြုကာ နတ်မီးရှိရာ မည်သည့်နေရာသို့မဆို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိနိုင်ခြင်းပင်။
အလှပဂေးအမျိုးသမီးမှာ မိစ္ဆာစွမ်းအားများကို စုစည်းကာ ကောင်းလင်ခရိုင်သို့ ရိုက်ချရန် ဧရာမလက်ဝါးကြီးတစ်ဖက် တ်ုက်ကွက်ဖော်နေဆဲတွင် မီးနတ်ဘုရားပုံရိပ်ကြီးမှာ သူမရှေ့သို့ ရောက်လာခဲ့ပြီ။
ရှူးးး
လက်ထဲရှိ မီးလျှံဓား ဖြင့် ခုတ်ချလိုက်၏ တစ်ပြိုင်နက်တည်းမှာပင် ပါးစပ်မှနေ၍ ရေလျှံသကဲ့သို့ ပြင်းထန်သော မီးတောက်များကို မှုတ်ထုတ်ကာ အမျိုးသမီးအား ထပ်မံ ဝါးမြိုလိုက်ပြန်သည်။
အမျိုးသမီးမှာ မျက်နှာပျက်သွားရ၏။ ဤမျှအဆင့်ရှိသော တိုက်ခိုက်မှုကို သူမအနေဖြင့် ပေါ့ပေါ့ပါးပါး ခုခံ၍ မရနိုင်တော့ပါချေ သူမသည် ကောင်းလင်ခရိုင်ကို တိုက်ခိုက်မည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ရပြီး ခန္ဓာကိုယ်အတွင်းရှိ သမုဒ္ဒရာအလား များပြားလှသော မိစ္ဆာစွမ်းအားများကို ပြန်လည်စုစည်းကာ လီယန်ချူး၏ နတ်မီးလျှံများကို အတင်းအကျပ် ခုခံလိုက်ရတော့သည်။
ဝုန်းးးဝုန်းးး
ကောင်းကင်ယံတွင် နတ်မီးလျှံများမှာ ပေါက်ကွဲပျံ့နှံ့သွားရာ ကြယ်တံခွန်များ ကြွေကျနေသည့်အလား ထင်မှတ်ရသည်။ လီယန်ချူး၏ ပုံရိပ်မှာ အမျိုးသမီးရှေ့သို့ ထပ်မံ ပေါ်ထွက်လာပြန်သည်။
ဗုန်းးး
နဂါးငါးကောင်စက်ဝိုင်း ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။ အမျိုးသမီးမှာ အသည်းအသန် ခုခံရင်း သူမ၏ သတ်ဖြတ်ခြင်းအတတ်များဖြင့် လီယန်ချူးနှင့် အနီးကပ် လုံးထွေးတိုက်ခိုက်နေတော့သည်။
ကောင်းကင်ယံတစ်ခုလုံးမှာ မီးလောင်နေသည့်နှယ် အနီရောင်များ လွှမ်းနေသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦးမှာ တိမ်ပင်လယ်ထက်တွင် တန်ခိုးပြိုင်နေခြင်းဖြစ်ရာ၊ မဟုတ်လျှင်မူ တိုက်ပွဲ၏ ရိုက်ခတ်မှုလှိုင်းများကြောင့် ကောင်းလင်ခရိုင်ရှိ အဆောက်အအုံ အများစုမှာ ပျက်စီးသွားပေလိမ့်မည်။
အမျိုးသမီး၏ ကျင့်ကြံမှုမှာ တစစနှင့် မြင့်တက်လာသော်လည်း သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအား တစ်ခုမှာမူ လုံးဝ ချေမှုန်းခံလိုက်ရသည်။ ၎င်းမှာ စောစောက သူမ ဖမ်းယူစားသောက်လိုက်သော မြေခွေးဖြူ ပင် ဖြစ်သည်။
ထိုမြေခွေးဖြူ၏ ကျင့်ကြံမှုမှာ ဟူမယ်မယ်ထက်ပင် နိမ့်ပါးသည့်အပြင် ဒဏ်ရာကလည်း ပြင်းထန်နေသဖြင့် ထိုအလှပဂေးအမျိုးသမီး၏ ဝါးမြိုခြင်းကို ပထမဆုံး ခံလိုက်ရခြင်းပင်။ ထို့နောက်တွင် ဝိညာဉ်ခိုးယူသော ဟူမယ်မယ်ကိုလည်း သူမက ချေဖျက်ပစ်လိုက်သည်။
သူမ၏ အရှိန်အဝါမှာ တစ်ဖန် ထပ်မံ မြင့်တက်လာပြန်ရာ စောစောကထက် နှစ်ဆခန့် ပို၍ အားကောင်းလာ၏ သူမမှာ တတိယအဆင့် အလယ်လတ်ပိုင်း ကျင့်ကြံသူဖြစ်ရာ ဤအဆင့်တွင် မည်သည့် လျှို့ဝှက်အတတ်ကိုပဲ သုံးသုံး အစွမ်းကို နှစ်ဆအထိ တိုးမြှင့်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
အကြောင်းမှာ အခြေခံစွမ်းအားကပင် အလွန်ကြီးမားနေသောကြောင့် ဖြစ်၏။ သို့သော် သူမသည် ဟူမယ်မယ်နှစ်ကောင်ကို ဝါးမြိုလိုက်ရုံဖြင့် ဤကဲ့သို့သော အကျိုးကျေးဇူးကို ရရှိခဲ့ခြင်းပင်။
“လာစမ်း”
လီယန်ချူးက ရုတ်တရက် တည်ကြည်ပြတ်သားသော လေသံဖြင့် အော်ဟစ်လိုက်သည်။ ထိုအသံမှာ ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ခတ်သံအလား။
ဓားအလင်းတစ်ချက်မှာ လေထုကို ဖောက်ထွက်လာပြီး အမျိုးသမီးရှေ့ရှိ မိစ္ဆာစွမ်းအားများကို ခွင်းကာ သူမ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့သည်! ၎င်းမှာ လီယန်ချူး၏ ကျန့်ကျောင်းဓား ပင် ဖြစ်သည်။
သူသည် ကျန့်ကျောင်းဓားကို ထိုနေရာ၌ပင် ချန်ထားခဲ့ခြင်းမှာ အမျိုးသမီး၏ မှော်အတတ်ကို ခွင်းရန်အတွက် ယခုကဲ့သို့သော အချိန်ကို စောင့်ဆိုင်းနေခြင်းပင်။ အမျိုးသမီး၏ အရှိန်အဝါမှာ ထိုဓားချက်ကြောင့် ကစဥ်ကလျား ဖြစ်သွားရသည် တရစပ် မြင့်တက်နေသော အဟုန်မှာ တစ်ခဏချင်းအတွင်း ပြိုလဲသွားရသည်။ လေအပြည့် သွင်းထားသော ဘောလုံးတစ်လုံး ရုတ်တရက် လေထွက်သွားသည့်အလား။
မီးနတ်ဘုရားပုံရိပ်ကြီး က ထိုအမျိုးသမီးကို လက်ဖဝါးအတွင်း၌ ဖမ်းဆုပ်လိုက်ပြီး၊ ပြင်းထန်လှသော နတ်မီးလျှံများဖြင့် သူမ၏ ခန္ဓာကိုယ်ကို လောင်မြိုက်တော့သည်။
အမျိုးသမီးမှာ ထိတ်လန့်တကြား ဖြစ်သွားပြီး ရုန်းထွက်ရန် အသည်းအသန် ကြိုးစားသော်လည်း၊ သူမ၏ အတွင်းစွမ်းအားများမှာ ကျန့်ကျောင်းဓားကြောင့် လုံးဝ ဗရုတ်သုတ်ခ ဖြစ်နေသဖြင့် ကျင့်ကြံမှု အဆင့်အတန်းမှာလည်း များစွာ ထိခိုက်သွားရသည်။ ယခုအခါ သူမ၏ အစွမ်းအစများကို လုံးဝ ထုတ်ဖော်၍ မရနိုင်တော့ပါချေ။
သူမသည် မီးနတ်ဘုရားပုံရိပ်ကြီးကို အံ့ဩတကြီး ကြည့်လိုက်မိ၏။
“ဒါက တိုက်ဆိုင်တာလား”
“ဒါမှမဟုတ် သူ တစ်ခုခုကို ရိပ်မိသွားတာလား”
အမျိုးသမီးမှာ ရင်ထဲ၌ ထိတ်လန့်သွားရသည်။
“ဟုတ်တယ်... သူက တာအိုဂိုဏ်းဝင်တစ်ယောက်ပဲ၊ တစ်ခုခုကို အရိပ်အမြွက် မြင်သွားတာ ဖြစ်နိုင်တယ်”
သူမ၏ မိစ္ဆာစွမ်းအားများမှာ မီးနတ်ဘုရားပုံရိပ်ကြီး၏ လက်ထဲရှိ နတ်မီးလျှံများကြောင့် အဆက်မပြတ် လောင်ကျွမ်းခံနေရသည်။ သူမသည် ထွက်ပြေးရန် အစွမ်းကုန် ကြိုးစားသော်လည်း ကောင်းကင်ပြည့် နတ်မီးလျှံများက ဧရာမ အကာအကွယ်တံတိုင်းကြီးသဖွယ် သူမကို ပိတ်လှောင်ထားလေပြီ။
ထိုအခါ ဟူမယ်မယ် (အလှပဂေးအမျိုးသမီး) က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ၊ ကောင်းကင်ယံထက်တွင် အတောင်ပေါင်း ရာချီရှည်လျားသော မြေခွေးဖြူ ဝိညာဉ်ပုံရိပ်ကြီး တစ်ခု ပေါ်ထွက်လာတော့သည် ထိုပုံရိပ် ပေါ်လာသည်နှင့် လီယန်ချူး၏ မီးနတ်ဘုရားပုံရိပ်ကိုပင် မသိမသာ ဖိနှိပ်ထားသကဲ့သို့ ဖြစ်သွား၏။
၎င်းမှာ မြေခွေးဖြူသည် မီးနတ်ဘုရားထက် အဆင့်အတန်း မြင့်မားနေ၍ မဟုတ်ပါချေ။ လီယန်ချူးကိုယ်တိုင်က တတိယအဆင့်သို့ မရောက်သေးသဖြင့် မီးနတ်ဘုရားပုံရိပ်၏ အစွမ်းအစ အစစ်အမှန်ကို အပြည့်အဝ ထုတ်မသုံးနိုင်သေး၍သာ ဖြစ်သည်။
ဟူမယ်မယ်သည် ပါးစပ်မှ လျှို့ဝှက်ကျိန်စာတစ်ခုကို ရွတ်ဖတ်လိုက်၏။ ၎င်းမှာ ရှေးကျပြီး နားလည်ရခက်သော အသံနေအသံထားမျိုး ဖြစ်သည်။ သူမက ထိုကျိန်စာကို ရွတ်ဖတ်လိုက်သည်နှင့်အမျှ မြေခွေးဖြူ ဝိညာဉ်ပုံရိပ်မှာ ပို၍ ထင်ရှားပြတ်သားလာတော့သည်။
အတောင်တစ်ရာရှိသော မြေခွေးဖြူကြီးနှင့် လီယန်ချူး၏ မီးနတ်ဘုရားပုံရိပ်တို့မှာ အပြင်းအထန် တိုက်မိကြပြန်သည်။
ဝုန်းးး
ကောင်းကင်နှင့် မြေကြီး ပြိုကျတော့မည့်အလား ညကောင်းကင်ယံတွင် နေမင်းကြီးတစ်စင်း ပေါက်ကွဲသွားသည့်အနှယ်၊ လောကတစ်ခုလုံးမှာ နေ့ခင်းဘက်အလား လင်းထိန်သွားတော့သည်။ ထိုအလင်းတန်းများမှာ မိုင်ပေါင်း ဆယ်ချီ၍ ပျံ့နှံ့သွား၏။
နှစ်ဦးသားမှာ နောက်သို့ အရှိန်ဖြင့် လွင့်ထွက်သွားကြသည်။ ဟူမယ်မယ်မှာ တောင်ထိပ်တစ်ခုပေါ်သို့ ကျဆင်းသွားရာ ထိုနေရာ၌ ဧရာမ ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။ လီယန်ချူးမှာမူ တိမ်ပင်လယ်ထက်သို့ နောက်ဆုတ်သွားရ၏။
ကြောက်မက်ဖွယ်ကောင်းသော မြေခွေးဖြူ ဝိညာဉ်ပုံရိပ်နှင့် မီးနတ်ဘုရားပုံရိပ်တို့မှာ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားကြတော့သည်။
“ငါ့ရဲ့ နတ်မြေခွေး လျှို့ဝှက်အတတ်ကတောင် သူပင့်ဖိတ်ထားတဲ့ ပုံရိပ်ကို မယှဉ်နိုင်ပါလား... သူက ဒုတိယအဆင့်ပဲ ရှိသေးတာ မဟုတ်ဘူးလား”
ဟူမယ်မယ်၏ ရင်ထဲတွင် အလွန်ပင် အံ့ဩတုန်လှုပ်နေမိသည်။
ပုံရိပ် နှင့် ဝိညာဉ်ပုံရိပ် တို့မှာ မတူညီပါချေ။ ဝိညာဉ်ပုံရိပ်ဆိုသည်မှာ မိမိ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအားနှင့် စိတ်ကူးပုံဖော်မှုအပေါ် အခြေခံသော်လည်း၊ ပုံရိပ် ဆိုသည်မှာ နတ်ဗြဟ္မာတို့၏ ကိုယ်ပွားတစ်ခုကို တိုက်ရိုက် ပင့်ဖိတ်ခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် ကျင့်ကြံသူ၏ ကိုယ်ပိုင်အစွမ်းအပေါ် မူတည်သကဲ့သို့၊ ထိုသူ လုပ်နိုင်သော စွမ်းအားပမာဏအပေါ်တွင်လည်း များစွာ မူတည်ပေသည်။
“ဒီကလေးက မီးနတ်ဘုရား ဝင်စားတာလား ”
“ဒါမှမဟုတ် မွေးရာပါ မီးဓာတ်ပါရမီရှင်လား ”
ဟူမယ်မယ်မှာ ဝေခွဲမရစွာ တွေးတောနေမိသည်။
သူမ၏ အတွေးများ လှည့်ပတ်နေစဉ်မှာပင်၊ တိမ်ပင်လယ်ထက်မှ လူရိပ်တစ်ခုမှာ ပြန်လည် ဆင်းသက်လာပြီး ဟူမယ်မယ်၏ ကိုယ်ပေါ်သို့ အရှိန်ဖြင့် နင်းချလိုက်တော့သည်။
“...” ဟူမယ်မယ်။
မြေပြင်မှာ နောက်တစ်ကြိမ် ထပ်မံ အက်ကွဲသွားပြီး အက်ကြောင်းပေါင်း ဆယ်ဂဏန်းခန့် ပေါ်ထွက်လာ၏ ဟူမယ်မယ်၏ ကိုယ်ပေါ်မှ အရိုးကျိုးသံများမှာ တဂျောက်ဂျောက်နှင့် ထွက်ပေါ်လာသည်။
သူမသည် ကိုယ်ပေါ်တွင် မိစ္ဆာစွမ်းအားများကို ပြန်လည် စုစည်းလိုက်၏။
စောစောက ကျန့်ကျောင်းဓားကြောင့် သူမ၏ မိစ္ဆာကိုယ်ထည်မှာ ဒဏ်ရာရခဲ့ပြီး အရှိန်အဝါများ များစွာ လျော့ပါးသွားခဲ့သော်လည်း၊ ဟူမယ်မယ်မှာ တတိယအဆင့် ယန်ဝိညာဉ်ပညာရှင် ပီပီ မာကျောဆဲပင်။
“တာအိုမိတ်ဆွေက တကယ်ကို ရက်စက်တဲ့ နည်းလမ်းတွေကို သုံးတာပဲ၊ ငါ ဒီနှစ်ယောက်ကို ရှာတွေ့ဖို့ ဘယ်လောက်တောင် အားထုတ်ခဲ့ရလဲ မင်းသိလား ”
“နင့်ကြောင့် ငါ ဘာတွေ ဆုံးရှုံးသွားရလဲ မင်းသိလား ”
ဟူမယ်မယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူမ၏ လက်ထဲတွင် မိစ္ဆာစွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဓားပျံတစ်လက် ပေါ်လာသည်။ ဓားမှာ သုံးတောင်ခန့် ရှည်လျားပြီး အေးစိမ့်သော အလင်းတန်းများ ဝင်းလက်နေသည်။
သူမသည် လီယန်ချူးထံသို့ တိုက်ရိုက် ထိုးစိုက်လိုက်တော့သည်။ ဓားချီများမှာ လေထုကို ခွင်းထွက်သွားပြီး အဆုံးမရှိသော သတ်ဖြတ်ခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေလေတော့သည်။
အခန်း (၆၂၀) - မြေခွေးမျိုးနွယ်၏ မွေးရာပါပါရမီ၊ ညှို့ဓာတ်အတတ် ၊ တစ်လှမ်းသာကွာဝေးသော အထွတ်အထိပ်တိုက်ပွဲ
ဒေါင်... ဒေါင်... ဒေါင်
ကောင်းကင်နှင့် မြေကြီးကြားဝယ် ရှေးဟောင်းခေါင်းလောင်းကြီးကို တီးခတ်လိုက်သကဲ့သို့ အသံကြီးများ ဟိန်းထွက်လာတော့သည်။ လူရိပ်နှစ်ခုမှာ အလင်းတန်းနှစ်ခုအသွင် ပြောင်းလဲသွားပြီး အဆက်မပြတ် ရိုက်ခတ်တိုက်ခိုက်နေကြ၏။
ကျန့်ကျောင်းဓားမှာ အင်မတန် ထက်မြက်လှရာ အလှပဂေးအမျိုးသမီး၏ လက်ထဲရှိ မိစ္ဆာဓားပျံမှာ တစ်လက်ပြီးတစ်လက် အပိုင်းပိုင်း ပြတ်တောက်သွားရသည်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများမှာ သမုဒ္ဒရာအလား ထူထပ်လှသဖြင့် ဓားပျံအသစ်များကို အဆက်မပြတ် ထပ်မံဖော်ဆောင်နေဆဲပင်။
သာမန်ကျင့်ကြံသူများ၏ တိုက်ပွဲကို လူအများ နားလည်နိုင်သော်လည်း၊ ယခုတိုက်ပွဲမှာမူ အထွတ်အထိပ်တိုက်ပွဲ တစ်ခု ဖြစ်ပေသည်။
ဒုတိယအဆင့် နောက်ဆုံးပိုင်းသို့ ရောက်ရှိနေပြီး ရှေးဟောင်းအမွေအနှစ်များကို ဆက်ခံထားသည့် မင်ဟော်ပင်လျှင် ထိုနှစ်ဦး၏ လှုပ်ရှားမှုများကို မျက်စိဖြင့် မလိုက်နိုင်တော့ပါချေ။ တိမ်ပင်လယ်ထက်မှ မိုးကြိုးပစ်သကဲ့သို့ ပေါက်ကွဲသံကြီးများကိုသာ ကြားနေရပြီး တိမ်တိုက်များမှာလည်း လှိုင်းတံပိုးများအလား ထန်နေတော့သည်။
အမျိုးသမီး၏ ဓားချက်များမှာ ထက်မြက်ပြီး မှော်အတတ်များမှာလည်း သိမ်မွေ့နက်နဲလှသော်လည်း၊ သူမအနေဖြင့် အသာစီးမရနိုင်ဘဲ ဖြစ်နေသည်။ ဤလူငယ်တာအိုဆရာမှာ သတ်ဖြတ်ရာတွင် အင်မတန် ပြတ်သားလွန်းလှပြီး စိတ်နှလုံးမှာလည်း သံမဏိကဲ့သို့ အေးစက်လှပေသည်။ သူ၏ တိုက်ကွက်တိုင်းမှာ အသက်နှင့်လဲ၍ တိုက်ခိုက်မည့် ရက်စက်ကြမ်းကြုတ်သော အမူအရာမျိုးပင်။
အကယ်၍သာ သူ့ကို အခွင့်အရေး ပေးမိလိုက်ပါက၊ ဒီနေ့ သူမ ထိုနေရာ၌ပင် အသက်ပျောက်သွားနိုင်ကြောင်း ရိပ်မိသဖြင့် အမျိုးသမီးမှာ အာရုံစိုက်မှုကို လုံးဝ မလျော့ရဲပါချေ။
ဝုန်းးး
အလင်းတန်းနှစ်ခုမှာ တစ်ခုကိုတစ်ခု လိုက်လံတိုက်ခိုက်နေကြပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်နေသည်။ ပြင်းထန်လှသော ရိုက်ခတ်မှုလှိုင်းများမှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွား၏။
“ဒါက ယန်ဝိညာဉ်ရဲ့ စွမ်းအားလား” မင်ဟော်က စိတ်ထဲမှ ရေရွတ်မိသည်။
တစ်လှမ်းသာ ကွာဝေးသော အဆင့်ဖြစ်သော်လည်း ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။ ဘေးမှ ကြည့်ရန်ပင် သူမတွင် အရည်အချင်း မပြည့်မီတော့ပါလား။ မင်ဟော်၏ မျက်နှာမှာ လေးနက်သွား၏။
အတူတူပင် ဒုတိယအဆင့် ယင်ဝိညာဉ် ဖြစ်ပါလျက်၊ လီယန်ချူးက ဘာကြောင့် ယန်ဝိညာဉ် ပညာရှင်တစ်ဦးကို ဤမျှအထိ ရဲရဲဝံ့ဝံ့ ယှဉ်ပြိုင်နိုင်ရသနည်း ဆိုသည်ကို သူမ နားမလည်နိုင် ဖြစ်နေရသည်။
အကယ်၍ ယနေ့ည ထိုအမျိုးသမီးက သူမကိုသာ တိုက်ခိုက်ခဲ့လျှင်၊ သူမ၏ အသက်မှာ ထိုနေရာ၌ပင် ဆုံးရှုံးသွားပေလိမ့်မည်။ သို့သော် လီယန်ချူးမှာမူ ဓားတစ်လက်တည်းဖြင့် ယန်ဝိညာဉ် ပညာရှင်နှင့် အလဲအလှယ် တိုက်ခိုက်နိုင်နေဆဲပင်။ မင်ဟော်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။
“တကယ်ကို မော့ကြည့်ရမယ့် တောင်ကြီးတစ်လုံးလိုပါပဲ ”
ဝုန်းးး
တိမ်ပင်လယ်ထက်မှ ပြင်းထန်သော ပေါက်ကွဲသံကြီးများမှာ မရပ်မနား ထွက်ပေါ်နေသည်။
ဗုန်းးး
အမျိုးသမီး၏ ရင်ဘတ်ကို လီယန်ချူးက လက်သီးဖြင့် အရှိန်ပြင်းပြင်း ထိုးလိုက်ရာ၊ သူမ၏ အဝတ်အစားများမှာ အရှိန်အဝါကြောင့် အပိုင်းပိုင်းပြတ်ကာ ပျောက်ကွယ်သွားပြီး၊ အဖိုးတန် ကြွေထည်တစ်ခုအလား ချောမွတ်လှပသော ခန္ဓာကိုယ်မှာ ပေါ်ထွက်လာတော့သည်။
သို့သော်လည်း အမျိုးသမီးမှာ အံ့ဩခြင်း သို့မဟုတ် ဒေါသထွက်ခြင်း မရှိဘဲ၊ သူမ၏ မျက်ဝန်းများကမူ အရည်လဲ့နေလျက်ကပင် ကိုယ်ပေါ်မှ ညှို့ဓာတ်ပြင်းထန်သော အငွေ့အသက်များကို ထုတ်လွှတ်လိုက်တော့သည်။ ၎င်းမှာ မြေခွေးမျိုးနွယ်၏ ညှို့ဓာတ်အတတ် ပင် ဖြစ်သည်။ ထိုအတတ်က လူ၏ စိတ်ဝိညာဉ်ကို သိမ်းပိုက်နိုင်ပြီး လုံးဝ ကျွန်ပြုပစ်နိုင်စွမ်း ရှိပေသည်။
လီယန်ချူး၏ ဝိညာဉ်အတွင်းမှ ခရမ်းရွှေရောင် အလင်းတန်း တစ်ခု ပေါ်ထွက်လာပြီး ထိုညှို့ဓာတ်အတတ်ကို ခုခံလိုက်သည်။ ထို့နောက်တွင်မူ သူသည် ဓားကို ကိုင်ဆွဲကာ အမျိုးသမီး၏ ရှေ့သို့ ရောက်ရှိလာတော့သည်။ သူ၏ ကျောပြင်တွင် ဧရာမ ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာပြီး သူနှင့်အတူ ဓားဖြင့် အင်တိုက်အားတိုက် ခုတ်ချလိုက်လေသည်။
အမျိုးသမီး၏ ပုံရိပ်မှာ တစ်ခဏချင်း ပျောက်ကွယ်သွားပြီး လီယန်ချူး၏ ဦးခေါင်းပေါ်သို့ ပြန်လည် ပေါ်ထွက်လာပြန်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစား လုံးဝ မရှိတော့ပါချေ။ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့တွင် စိတ်ကို ထိန်းချုပ်သည့် ကျင့်စဉ်များ ရှိသဖြင့် မိစ္ဆာမျိုးနွယ်၏ ညှို့ဓာတ်ကို ခုခံရန်မှာ ခက်ခဲသော အလုပ်မဟုတ်ပေ။
သို့သော်လည်း ဤအမျိုးသမီး၏ ညှို့ဓာတ်အတတ်မှာ ယခုကဲ့သို့သော အခြေအနေနှင့် ပေါင်းစပ်လိုက်သောအခါ အစွမ်းမှာ အဆပေါင်းများစွာ တိုးသွားရ၏။ အထူးသဖြင့် သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အလွန်ပင် လှပလွန်းလှသဖြင့် မျက်စိလွှဲရန် ခက်ခဲလှပေသည်။
ရှူးးး
ဓားအလင်းတစ်ချက် ကျဆင်းလာပြန်သည်။
အမျိုးသမီး၏ ဓားချက်မှာ လျင်မြန်လွန်းလှသဖြင့် လီယန်ချူးက ဓားဖြင့် ပြန်လည် ခုတ်ပစ်လိုက်၏။
သူ၏ ကိုယ်ပေါ်မှ သွေးချီအရှိန်အဝါများမှာ တောက်လောင်နေသော မီးဖိုကြီးတစ်ခုအလား ပြင်းထန်လှပေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း အနီရောင်အလင်းတန်းများ ဖုံးလွှမ်းနေ၏။ ၎င်းမှာ သူ၏ သွေးချီစွမ်းအားများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် လက္ခဏာပင် ဖြစ်သည်။
ဝုန်းးးဝုန်းးး
အမျိုးသမီးမှာ နောက်သို့ လွင့်ထွက်သွားပြီး သူမ၏ ဓားပျံမှာလည်း ထပ်မံ ပေါက်ကွဲသွားရသည်။
သူမ၏ အရေပြားများမှာ ကွဲအက်ကာ သွေးများ စီးကျလာ၏။ သူမသည် မိစ္ဆာမျိုးနွယ် ဖြစ်သော်လည်း၊ အနီးကပ် တိုက်ခိုက်ရာတွင်မူ လီယန်ချူး၏ စွမ်းအားကို မယှဉ်နိုင်ကြောင်း သိသာလှပေသည်။
“ဒီတာအိုလေးရဲ့ ခွန်အားက ဘယ်လိုတောင် ကြီးမားနေရတာလဲ ”
မြေခွေးနတ်သမီးမှာ ရင်ထဲတွင် တုန်လှုပ်စွာ တွေးမိသည်။
လီယန်ချူးက စိတ်ညွှန်းလိုက်ရာ ရှစ်ခွင်မှန် မှာ လေထဲသို့ ပျံတက်သွားပြီး ဆယ်တောင်ခန့်အထိ ကြီးမားလာကာ အမျိုးသမီးရှိရာ နယ်မြေကို လွှမ်းခြုံလိုက်တော့သည်။
ရှူးးး ရှူးးး ရှူးးး
နတ်အလင်းများ ကျဆင်းလာသောအခါ အမျိုးသမီးမှာ ခေါင်းတဖြတ်ဖြတ် ကိုက်ခဲလာပြီး ခန္ဓာကိုယ်မှာ တောင့်တင်းသွားရသည်။
ရှူးးး
သူမသည် လက်ထဲမှ ဓားပျံကို လေထဲသို့ ပစ်လွှတ်လိုက်ရာ ရှစ်ခွင်မှန်ထံသို့ တိုက်ရိုက် ထိုးစိုက်သွားတော့သည်။ ရှစ်ခွင်မှန်၏ နတ်အလင်းများမှာ နောက်သို့ ဆုတ်သွားရ၏။
ထိုဓားပျံမှာ ရှစ်ခွင်မှန်ကို ဖျက်ဆီးပစ်ရန် အဆက်မပြတ် လိုက်လံတိုက်ခိုက်နေတော့သည်။ စောစောက ရှစ်ခွင်မှန်၏ အလင်းကြောင့် အမျိုးသမီး၏ ဝိညာဉ်မှာ ထိခိုက်သွားသဖြင့် သူမသည် ဤမှော်လက်နက်ကို အင်မတန် နာကျည်းနေခြင်းပင်။
သို့သော် လီယန်ချူးက ထိုအခွင့်အရေးကို အသုံးချကာ ဓားဖြင့် ခုတ်ချလိုက်ပြန်သည်။
ရွှီးး
ဓားအလင်းတစ်ချက် ဝင်းလက်သွားပြီး အမျိုးသမီး၏ လက်မောင်းတစ်ဖက်မှာ ပြတ်တောက်သွားကာ အဖြူရောင် မြေခွေးလက်သည်းအဖြစ် ပြောင်းလဲသွားတော့သည်။ သွေးများမှာလည်း အလိပ်လိုက် ထွက်ပေါ်လာသည်။
အမျိုးသမီးမှာ နာကျင်စွာဖြင့် ထွက်ပြေးခြင်းအတတ်ကို အသုံးပြုကာ နောက်သို့ ဆုတ်ခွာသွားပြီး၊ ဂါထာများ ရွတ်ဖတ်လိုက်ရာ ဒဏ်ရာမှာ တစ်ခဏချင်း ပြန်လည် ကောင်းမွန်သွားတော့သည်။ သို့သော်လည်း အဝတ်အစားများကိုမူ ပြန်လည် ဖန်တီး၍ မရနိုင်သေးပါချေ။
လီယန်ချူး၏ မျက်ဝန်းများအတွင်း၌ မှော်အလင်းများ ဝင်းလက်သွားသည်။
သူသည် ဝိညာဥ်မျက်စိအတတ် ဖြင့် ကြည့်လိုက်သောအခါ၊ အမျိုးသမီး၏ ဒဏ်ရာမှာ ပြန်လည် ကောင်းမွန်သွားခြင်း မဟုတ်ဘဲ၊ သူမ၏ လက်မောင်းမှာ ပုံရိပ်ယောင်အတတ် ဖြင့်သာ ဖန်တီးထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ကျန့်ကျောင်းဓားမှာ အင်မတန် ထက်မြက်လှသဖြင့် ထိုကဲ့သို့သော အပေါ်ယံ ကုသမှုမျိုးဖြင့် လုံးဝ မရနိုင်ပါချေ။ သူမကဲ့သို့ အစွမ်းထက်သော မြေခွေးနတ်သမီးပင်လျှင် ထိုဒဏ်ရာကို မချေဖျက်နိုင် ဖြစ်နေရသည်။
“ဓားအစီအရင်” အမျိုးသမီးက ဒေါသတကြီး အော်ဟစ်လိုက်ပြန်သည်။
၎င်းမှာ တာအိုဂိုဏ်း၏ စစ်မှန်သော ဓားထိန်းချုပ်ခြင်း အတတ်ပင် သူမ၏ ပတ်ပတ်လည်တွင် သုံးတောင်ကျော် ရှည်လျားသော ဓားပျံ ၇ လက် ပေါ်ထွက်လာပြီး၊ မြောက်ပြန်ကြယ် ၇ လုံး၏ တည်နေရာအတိုင်း စီတန်းကာ လီယန်ချူးထံသို့ ပြေးဝင်သွားတော့သည်။
လီယန်ချူးသည် သူ၏ အရှိန်အဝါအားလုံးကို ကျန့်ကျောင်းဓားအတွင်းသို့ ထည့်သွင်းလိုက်၏။ သူ၏ ဦးခေါင်းပေါ်တွင် တောက်လောင်နေသော နေမင်းကြီးတစ်စင်း ပေါ်ထွက်လာပြီး၊ ကျောပြင်မှ ပုံရိပ်ကြီးနှင့်အတူ ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။
ဝုန်းးး
ဓားပျံအားလုံးမှာ တစ်ခဏချင်း ပျောက်ကွယ်သွားရ၏။ ဓားအလင်းမှာ အမျိုးသမီး၏ ခန္ဓာကိုယ်ထံသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
အမျိုးသမီး၏ မျက်နှာမှာ ပျက်သွားပြီး သူမ၏ ရှေ့တွင် ရေလှိုင်းအလား ကြည်လင်သော မှန်တစ်ချပ်ကို ဖော်ထုတ်လိုက်သည်။
ထိုဓားအလင်းမှာ မှန်အတွင်းသို့ ဝင်သွားပြီး ပျောက်ကွယ်သွား၏။ သို့သော်လည်း လီယန်ချူး၏ ဦးခေါင်းနောက်ဘက်တွင်မူ ထက်မြက်သော လေတိုးသံတစ်ခု ထွက်ပေါ်လာတော့သည်။ ၎င်းမှာ ပျောက်ကွယ်သွားသော ဓားအလင်းပင် ဖြစ်သည်။
အမျိုးသမီး၏ မှော်အတတ်မှာ အင်မတန် ထူးဆန်းလှပေသည်။ ထိုတိုက်ကွက်မှာ လီယန်ချူး၏ ဘေးလွှဲပြောင်းအတတ် နှင့် ဆင်တူသော်လည်း၊ သူမ၏ အတတ်မှာ ပို၍ တိကျလှသည်။ လီယန်ချူး၏ ဓားချက်ကို ရှောင်လွှဲနိုင်ရုံသာမက၊ ထိုဓားချက် ပြန်ထွက်လာမည့် နေရာကိုပါ သူမက ထိန်းချုပ်နိုင်ခြင်းပင်။
ရှူးးး
ထပ်မံ၍ ဓားပျံ ၇ လက် ပြေးဝင်လာပြန်သည်။
ဒေါင်
လီယန်ချူးက ဓားဖြင့် ခုတ်ပစ်လိုက်ရာ ထိုဓားပျံများမှာ အပိုင်းပိုင်းပြတ်ကာ ပျောက်ကွယ်သွား၏။ ဓားအလင်းမှာ မဆုတ်မနစ် အမျိုးသမီးထံသို့ ထပ်မံ ဦးတည်သွားပြန်သည်။ အမျိုးသမီးအနားသို့ ရောက်သောအခါ ထိုဓားအလင်းမှာ ထပ်မံ ပျောက်ကွယ်သွားပြန်၏။
အမျိုးသမီးက မှန်ကို အသုံးပြုကာ ထိုဓားအလင်းအား လီယန်ချူး၏ အောက်ဘက်မှနေ၍ အထက်သို့ ပျံတက်သွားအောင် ထိန်းချုပ်လိုက်သည်။
အင်မတန်မှ ယုတ်မာလှသော တိုက်ကွက်ပင်
“ဒီမိစ္ဆာမကတော့...” လီယန်ချူး၏ နှုတ်ခမ်းမှာ မသိမသာ တွန့်သွား၏။
သူသည် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ အမျိုးသမီး၏ ရှေ့သို့ ရောက်ရှိလာသည်။ ဓားအလင်းမှာ သူ၏ ကိုယ်ပေါ်သို့ ထိမှန်သော်လည်း မည်သည့် ဒဏ်ရာမှ မရရှိပါချေ။ ထို့ပြင် ထူးဆန်းသော ထောင့်ချိုးတစ်ခုမှနေ၍ အမျိုးသမီး၏ ခြေထောက်တစ်ဖက်ကို တိခနဲ ဖြတ်ပစ်လိုက်တော့သည်။
“အားးး”
အမျိုးသမီး၏ မျက်နှာမှာ ပျက်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်၏။ ခြေထောက်တစ်ဖက် ပြတ်တောက်သွားကာ သွေးများ စီးကျလာတော့သည်။
လီယန်ချူးက အနီးကပ်နေရာမှ ဘေးလွှဲခြင်းအတတ်ကို စမ်းသပ်အသုံးပြုလိုက်ခြင်းဖြစ်ရာ အကျိုးကျေးဇူးမှာ အင်မတန် သိသာလှပေသည်။
အမျိုးသမီး၏ ပါးစပ်မှ တောက်ပသော အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး လီယန်ချူး၏ ဝိညာဉ်ကို တိုက်ရိုက် ထိမှန်သွားတော့သည်။ ဤမျှအနီးကပ် အကွာအဝေးတွင် ရှောင်တိမ်းရန် လုံးဝ မဖြစ်နိုင်ပါချေ သို့သော်လည်း လီယန်ချူး၏ ခန္ဓာကိုယ်မှာ အနည်းငယ်သာ ယိမ်းထိုးသွား၏။
သူ၏ ခရမ်းရွှေရောင်အလင်းနှင့် စိတ်ကြည်လင် ကျောက်စိမ်းပြား တို့က ထိုဝိညာဉ်တိုက်ခိုက်မှုကို တားဆီးပေးလိုက်ခြင်းပင်။
ရှူးးး
နောက်ထပ် ဓားချက်တစ်ချက်မှာ အမျိုးသမီး၏ လည်ပင်းထံသို့ ပြေးဝင်သွားပြန်သည်။ ဓားအလင်းမှာ အေးစက်ပြီး လျင်မြန်လှသလို ရက်စက်လွန်းလှပေသည်။
“ဒီကောင်က တကယ်ကို ကိုင်ရတွယ်ရ ခက်တာပဲ”
အမျိုးသမီးက စိတ်ထဲမှ တုန်လှုပ်စွာ ရေရွတ်မိသည်။
သူမသည် စောစောက နတ်မြေခွေး လျှို့ဝှက်အတတ်ဖြင့် လီယန်ချူး၏ မီးနတ်ဘုရားပုံရိပ်ကို ဖျက်ဆီးနိုင်ခဲ့သော်လည်း၊ ဤလူငယ်တာအိုဆရာ၏ သွေးချီစွမ်းအားမှာ ယန်ဝိညာဉ် ပညာရှင်ထက်ပင် မနိမ့်ကျကြောင်း မထင်မှတ်ဘဲ တွေ့လိုက်ရခြင်းပင်။
ထို့ပြင် သူ တတ်မြောက်ထားသော တာအိုအတတ်များမှာလည်း အင်မတန် ဆန်းကြယ်လှသလို၊ ဝိညာဉ်ခုခံအားကလည်း အထူးပင် မြင့်မားနေသေးသည်။
“ဒါကို ဘယ်လို တိုက်ရမှာလဲ”
အမျိုးသမီးက သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သူမသည် လက်ဖြင့် ဂါထာတစ်ခု အသုံးပြုလိုက်ရာ၊ ကောင်းကင်ယံထက်တွင် အမျိုးသမီး၏ ပုံရိပ်ပေါင်း ထောင်ချီ၍ ပေါ်ထွက်လာတော့သည်။
ကိုယ်လုံးကိုယ်ပေါက်မှာ လှပပြီး၊ ခါးသိမ်သိမ်နှင့် ညှို့ဓာတ်ပြင်းလှသော မျက်ဝန်းများမှာ အင်မတန် ဆွဲဆောင်မှုရှိလှပေသည်။
မည်သည့် ယောက်ျားမဆို ဤမြင်ကွင်းကို မြင်လျှင် သွေးများ ဆူပွက်သွားစေမည် ဖြစ်သော်လည်း၊ လီယန်ချူး၏ တာအိုစိတ်ဓာတ်ကိုမူ လုံးဝ လှုပ်ခါနိုင်ခြင်း မရှိပါချေ။
လီယန်ချူး၏ လက်ထဲမှ အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။
အမျိုးသမီးမှာ မျက်လုံးကို အုပ်ကာ နောက်သို့ လွင့်ထွက်သွားရတော့သည်။ သူမ၏ မျက်ဝန်းအစုံမှ သွေးများ စီးကျလာသည်။
မျက်စိထိုးပုတီး
၎င်းမှာ လီယန်ချူးက ကျိုကုန်းကျိန်းရန် ဆီမှ လုယူထားသော မှော်လက်နက် ဖြစ်သည်။ ၎င်းသည် လူ၏ မျက်လုံးကိုသာ အထူးတလည် ဒဏ်ရာရစေသည့် လက်နက်ဖြစ်ရာ၊ ဗုဒ္ဓဘာသာ၏ နတ်မျက်စိအတတ်ကို ကျင့်ကြံထားသော ဝူရှဲ့ရဟန်း ပင်လျှင် မရှောင်နိုင်ခဲ့ပါချေ။
အမျိုးသမီးက နာကျင်စွာ အော်ဟစ်နေစဉ်မှာပင် သူမ၏ ဦးခေါင်းနောက်ဘက်တွင် ပြင်းထန်သော ရိုက်ခတ်မှုတစ်ခုကို ထပ်မံ ခံစားလိုက်ရပြန်သည်။
၎င်းမှာ မြေခွဲပုတီး ပင် ဖြစ်တော့သည်။