← Chapters

အခန်း (၉၄)

Vol. 7 Ch. 94

အခန်း (၉၄)

Vol. 7 Ch. 94

[အဲ့ဒါကို သောက်လဲသောက်နိုင်သလို အပြင်ကနေလည်း လိမ်းလို့ရ အကယ်လို့ အပြင်ဒဏ်ရာရှိရင် အပြင်ကနေ လိမ်းလို့ရတယ် အပြင် ဒဏ်ရာမရှိရင်တော့ တိုက်ရိုက် သောက်သုံးတယ်]

[မင်းအဘိုးနှင့် ဦးလေး ၂တို့၏ အခြေအနေက သူတို့ ခြေထောက် ကျိုးသွားချိန်မှာ အပြင်က ဒဏ်ရာရခဲ့တာ ရှိမရှိအပေါ် မူတည်တယ် အကယ်လို့ သူတို့၏ ကိုယ်ခံ စွမ်းအား ကောင်းမွန်ပြီး အပြင်မှာ ဒဏ်ရာမရှိရင် တိုက်ရိုက်သောက်သုံးတာက အကောင်းဆုံးဖြစ်လိမ့်မယ်]

အားယွီလေးမှ အဖွားအို ဝမ်အား ပြောလိုက်လေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်"

သေချာရှင်းပြနေသည့် အသားလုံးမှာ အားယွီလေး၏ စကားများကြောင့် ဆွံအသွားခဲ့ရတော့သည်။

‘ကလေးမလေး မင်းရဲ့ အကျဉ်းချုပ်နိုင်စွမ်းကတော့ တကယ်ကို အံ့မခန်းပါပဲလား’

အဖွားအို ဝမ်သည် အားယွီလေးအား အလွန် ယုံကြည်သော်လည်း ဤကိစ္စသည် သူမ၏ ခင်ပွန်းနှင့် သားဖြစ်သူတို့၏ အဒေါ်ကျန်းာရေးနှင့် သက်ဆိုင်နေသောကြောင့် သူတို့အပေါ် တိုက်ရိုက် စမ်းသပ်ရန် မဝံ့ရဲခဲ့ပေ။

ထိုအချိန်တွင် ဝမ်ဝူလန်နှင့် အခြားကလေးများသည် တစ်နေရာရာမှ ငှက်သိုက်တစ်ခုအား ယူဆောင်လာကြလေသည်။ ထိုအထဲတွင် တကျီကျီအော်နေသည့် ငှက်ကလေး တစ်ကောင်လည်း ပါရှိကာ ၎င်းသည် အတောင်ပံများအား ခတ်နေသော်လည်း မပျံသန်းနိုင်ရှာပေ။ အဖွားအို ဝမ်နှင့် ငှက်ကလေးတို့ အကြည့်ချင်း ဆုံသွားကြလေသည်။ ငှက်ကလေးမှ နှုတ်သီးအား ဟကာ တကျီကျီ အော်လိုက်လေသည်။ အဖွားအို ဝမ်မှ ဝမ်ဝူလန်ထံ လက်လှမ်းလိုက်ရင်း ပြောလိုက်သည်။

"အဲဒါကို ငါ့ဆီပေးစမ်း"

ဝမ်ဝူလန်သည် လည်ပင်း ပုဝင်သွားကာ အပြစ်အား ကပျာကယာ လွှဲချတော့သည်။

"ကျွန်တော်တို့ ယူလာတာ မဟုတ်ပါဘူး ဟူဆန်းဖန် ယူလာတာပါ အားလုံးပေါင်း အကောင်ရေ နည်းနည်းပါတယ် သူက ကျွန်တော့်ကို တစ်ကောင်ပေးလိုက်တာ"

ဝမ်လျိုလန်သည်လည်း ဆက်၍ ပြောလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် ကျွန်တော်တို့ ဖမ်းလာတာ မဟုတ်ပါဘူး ကျွန်တော်တို့ အိပ်ယာမှာ သေးမပန်းချင်ပါဖူး”

လူကြီးများသည် ငှက်သိုက်များအား သွားရောက်ဖျက်ဆီးပါက ညဘက် သေးပန်း တတ်သည်ဟု ခြောက်လှန့် ထားတတ်သောကြောင့် မည်သူကမျှ သူတို့အား ငှက်သိုက်များ ယူဆောင်လာခွင့် မပြုကြချေ။

သို့သော် နွေဦးပေါက်ရာသီတွင် ဆော့ကစားတတ်သည့် ကောင်လေးတစ်သိုက်အား မည်သို့ ငြိမ်ငြိမ်နေစေရန် တားဆီးနိုင်ပါမည်နည်း။ သူတို့သည် တောင်ပေါ်သို့ တက်၍ ငှက်သိုက်တူးခြင်း မြစ်ထဲဆင်း၍ ငါးဖမ်းခြင်းနှင့် လယ်ကွင်းထဲတွင် ငါးရှဉ့်တူးခြင်းတို့ကို မည်သူမျှ တားဆီး၍မရနိုင်ချေ။

"ပေးဆို ပေးစမ်းပါ ဘာလို့ ဒီလောက် အပိုစကားတွေ များနေရတာတုန်း"

ဝမ်ဝူလန်သည်လည်း ငှက်ကလေးအား လိမ္မာကျိုးနွံစွာ ကမ်းပေးလိုက်ရတော့သည်။ အဖွားအို ဝမ်မှ လက်ကာပြလိုက်ရင်း မောင်းထုတ် လိုက်လေတော့သည်။

"သွားကြစမ်း သွားကြစမ်း ဟိုဘက် နားသွားဆော့ကြ ဒီမှာ လာပြီး မျက်စိနောက်မခံနဲ့"

ကောင်လေးများသည် ထွက်ခွာသွားရသော်လည်း ငှက်ကလေးအတွက် နှမြောတသဖြစ်စွာဖြင့် တစ်လှမ်းသွားလိုက် သုံးခါ ပြန်လှည့်ကြည့်လိုက်ဖြင့် ထွက်သွားကြလေတော့သည်။ သူတို့သည် နောက်နှစ်ရက်လောက်နေလျှင် ထိုငှက်ကလေးအား ကင်စားမည်ဟု တွေးတော ထားခဲ့ကြသော်လည်း ယခုတော့ မစားရတော့ချေ။

"အားယွီလေး အတူတူ လာဆော့မလား"

ဝမ်ဝူလန်မှ အားယွီလေးအား လှမ်းခေါ်လိုက်လေသည်။ သို့သော်လည်း အားယွီလေးသည် သူမ၏အဘွား မည်သို့ လုပ်မည်အား သိချင်နေသောကြောင့် ဝမ်ဝူလန်၏ အခေါ်အား ငြင်းပယ်လိုက်လေသည်။

အဖွားအို ဝမ်သည် သဘာဝကျစွာပင် ထိုငှက်ကလေးအား စမ်းသပ်မှု တစ်ခု အဖြစ် အသုံးပြုလိုခြင်း ဖြစ်သည်။ မျိုးဗီဇ ပြုပြင်ရေး ဆေးရည်သည် အာနိသင်ပြရန် အချိန် မည်မျှကြာမည်အား သူမ မသိသော်လည်း ပြီးခဲ့သည့် အကြိမ်တွင် သူမ၏ နတ်ရေစင်အား သောက်ပြီးနောက် ဆယ်မိနစ်ပင် မပြည့်မီ လူတိုင်း ဝမ်းပျက် ဝမ်းလျှော ဖြစ်ခဲ့ကြသည်ကို သူမ မှတ်မိနေသေးသည်။

ဤ မျိုးဗီဇ ပြုပြင်ရေး ဆေးရည်သည် ထို နတ်ရေစင် ထက်ပင် ပို၍ အစွမ်းထက်သည်ဆိုလျှင် ၎င်း၏ အာနိသင်သည် ပို၍ လျှင်မြန်ဆန်စွာ ပြသလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

အဖွားအို ဝမ်သည် ငှက်ကလေးအား ယူ၍ အိပ်ခန်းထဲသို့ ဝင်သွားလေရာ အားယွီလေးသည်လည်း နောက်မှ တကောက်ကောက် လိုက်လာသည်အား မြင်လိုက်ရချိန်တွင် သူမကိုပါ အထဲသို့ ဆွဲခေါ် သွားလိုက်တော့သည်။

ဤတစ်ကြိမ်တွင် သူမသည် အိပ်ခန်းတံခါးအား လုံခြုံစွာ ပိတ်လိုက်ပြီးနောက် အဘွားနှင့် မြေးနှစ်ယောက် တို့သည် တစ်ခုတည်းသော ပြတင်းပေါက် ငယ်လေးဆီသို့ သွားကြတော့သည်။

ငှက်ကလေးမှာမူ မည်သို့ ဖြစ်ပျက်နေမှန်း နားမလည်ဘဲ တကျီကျီသာ အော်နေရှာလေသည်။ အားယွီလေးအား ထိုသို့သော ရက်စက်သည့် မြင်ကွင်းမျိုး မပြချင်သဖြင့် အဖွားအို ဝမ်မှ ထိုင်ခုံတစ်လုံး သွားယူခိုင်း လိုက်လေသည်။

အားယွီလေး လှည့်ထွက် သွားသည်နှင့် တစ်ပြိုင်နက် အဖွားအို ဝမ်သည် လက်အား လှမ်းလိုက်ကာ ငှက်ကလေး၏ ခြေထောက်တစ်ဖက်အား မျက်တောင်မခတ်ဘဲ ချိုးပစ်လိုက်တော့သည်။ ငှက်ကလေးသည် ချက်ချင်းပင် စူးစူးဝါးဝါး အော်ဟစ်လေတော့သည်။ အားယွီလေးမှ ကပျာကယာဖြင့် မေးလိုက်သည်။

"သူ ဘာဖြစ်သွားတာလဲဟင်"

"သူ နေမကောင်းဖြစ်နေတာ အဘွား ကုပေးမလို့လေ"

ဟု ဆိုကာ အဖွားအို ဝမ်သည် မျိုးဗီဇ ပြုပြင်ရေး ဆေးရည်အား ထုတ်ယူလိုက်လေသည်။ ထိုထူးဆန်းလှသည့် ပုလင်းလေးအား လေ့လာနေရန် အချိန်မရှိတော့သဖြင့် အပေါ်ဘက်ရှိ အဆို့အား ဖွင့်ကာ ငှက်ကလေး၏ ကျိုးနေသည့် ခြေထောက်ပေါ်သို့ ဆေးတစ်စက်အား ညင်သာစွာ ချလိုက်လေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် စူးစူးဝါးဝါး အော်ဟစ်နေသည့် ငှက်ကလေး၏အသံ ရပ်တန့်သွားခဲလေ့သည်။ အဖွားအို ဝမ်သည် ပြတင်းပေါက် ရှေ့တွင် ထိုင်ခုံဖြင့် ထိုင်ကာ အားယွီလေးအား ပွေ့ချီ ထားလိုက်လေသည်။ သူမသည် အားယွီလေး၏ ကျောပြင်အား ညင်သာစွာ ပုတ်ပေးရင်းဖြင့် ငှက်ကလေးအား စိုက်ကြည့်နေလေသည်။

ပြတင်းပေါက် ရှေ့တွင် သစ်သား စားပွဲဟောင်း တစ်လုံး ရှိလေသည်။ အဖိုးအို ဝမ်သည် ထိုစားပွဲအား အဖွားအို ဝမ်အတွက် စားပွဲအဖြစ် တစ်ချိန်က ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ငှက်ကလေးသည် စားပွဲပေါ်တွင် ရုန်းကန်နေဆဲ ဖြစ်သော်လည်း ခြေထောက် တစ်ဖက် ကျိုးနေသောကြောင့် တည်ငြိမ်စွာ မတ်တတ် မရပ်နိုင်ရှာပေ။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ နံ့သာတိုင် တစ်တိုင်စာခန့် အချိန်ကြာ ပြီးနောက် ငှက်ကလေးသည် ရုတ်တရက် မတ်တတ် ရပ်လာသော်လည်း ၎င်း၏ ခြေထောက်များမှာ အလွန်ပင် ပုံမှန် မဟုတ်သကဲ့သို့ ဖြစ်နေသည်အား မြင်တွေ့နိုင်ပေသည်။ ဤသည်မှာ အဖွားအို ဝမ်သည် ဆေးထည့်ပေးပြီးနောက် ငှက်ကလေး၏ ခြေထောက်များအား သေသေချာချာ နေရာချ၍ မပြုပြင်ပေးခဲ့သောကြောင့် ဖြစ်လေသည်။

သူမသည် ငှက်ကလေးအား မျက်စိရှေ့သို့ ယူဆောင်လာခဲ့ကာ သေချာ ကြည့်လိုက်မိသောအခါ ခြေထောက်များသည် အမှန်တကယ်ပင် ပြန်လည်၍ ဆက်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ သို့ရာတွင် ကောက်ကွေး နေခဲ့သောကြောင့် အရိုးများသည် အလွန် ထူးဆန်း နေပုံရလေသည်။

ဤအချိန်တွင် အားယွီလေးမှာ အဖွားအို ဝမ်၏ ရင်ခွင်ထဲ၌ ငိုက်မျဉ်းနေခဲ့လေပြီ။ အဖွားအို ဝမ်သည် မြေးမလေးအား စောင်အောက်တွင် သိပ်လိုက်လေသည်။ ထို့နောက် ပြတင်းပေါက်၏ ရှေ့တွင် ပြန်ထိုင်လိုက်ကာ ငှက်ကလေး၏ ခြေထောက်အား မဆိုင်းမတွပင် ထပ်မံ၍ ချိုးပစ်လိုက်ပြန်လေသည်။ ဤတစ်ကြိမ်တွင်မူ သူမသည် သစ်သား ဆံထုံးထိုးလေးအား အသုံးပြု၍ ငှက်ကလေး၏ ခြေထောက်အား သေချာစွာ နေရာချ၍ ထိန်းချုပ်ပေးလိုက်ပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ် သွားစေရန် ပြုလုပ်ပေးခဲ့လေသည်။

နောက်ထပ် နံ့သာတိုင် တစ်တိုင်စာ အချိန်ကြာ ပြီးနောက် ငှက်ကလေးသည် ထပ်မံ၍ မတ်တတ် ရပ်လာပြန်လေသည်။ အတောင်ပံများအား တစ်ချက်ခတ် လိုက်သည်နှင့် အဖွားအို ဝမ်၏ မျက်စိရှေ့တွင် အမှန်တကယ်ပင် ပျံဝဲသွားလေတော့သည်။

ငှက်ကလေး၏ အတောင်ပံများမှာ အပြည့်အဝ စုံလင်နေပြီ ဖြစ်သော်လည်း အစပိုင်းတွင် ပျံသန်းနိုင်ခြင်း မရှိခဲ့ချေ။ သို့သော် မျိုးဗီဇ ပြုပြင်ရေး ဆေးရည်အား အသုံးပြု ပြီးနောက် ၎င်း၏ မျိုးဗီဇများမှာလည်း တိုးတက် ကောင်းမွန်လာခဲ့လေရာ အနည်းငယ် ကြိုးစား ကြည့်လိုက်သည်နှင့် အလွန်ကောင်းမွန်စွာ ပျံသန်းနိုင်သွားခြင်း ဖြစ်ပေသည်။

၎င်းသည် ဘေးဘက်ရှိ ဗီရိုတစ်ခုဆီသို့ ပျံသန်းသွားခဲ့ကာ ခြေသည်း နှစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင် ရပ်နားလိုက်လေသည်။ ၎င်း၏ခြေထောက်များမှာ လုံးဝ ပုံမှန်အတိုင်း ပြန်ဖြစ်နေလေပြီ ဖြစ်သည်။

အဖွားအို ဝမ်က သဘောပေါက်သွားဟန်ဖြင့် ရေရွတ်လိုက်လေသည်။

"ဪ ဒီလိုကိုး"

[ဘာ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ အဘွားကြီးလဲ]

အားယွီလေး အိပ်ပျော် သွားသော်လည်း အသားလုံးလေးမှာမူ အိပ်ရန် မလိုအပ်ချေ။ ဤမြင်ကွင်းအား မြင်လိုက်ရသောအခါ ၎င်းမှာ တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ထို အဘွားကြီး၏ စိတ်ဓာတ်ကြံ့ခိုင်မှုသည် ၎င်းထင်ထားသည်ထက် ပို၍ပင် အားကောင်းနေခဲ့လေသည်။ မည်သို့ပင် ဆိုစေကာမူ သာမန် အဘွားကြီးများသာ ထိုသို့ လုပ်ဆောင်ရမည်ဆိုလျှင် ဤမျှလောက် တည်ငြိမ်နေလိမ့်မည် မဟုတ်သည်မှာ သေချာလှပေသည်။

မျိုးဗီဇ ပြုပြင်ရေး ဆေးရည်၏ အာနိသင်အား သဘောပေါက်သွား ပြီးနောက် အဖွားအို ဝမ်၏ ခေါင်းထဲတွင် အကြံတစ်ခု ရရှိလာခဲ့သည်။ သူမ၏ ခင်ပွန်းနှင့် ဒုတိယသား ဖြစ်သူတို့၏ ခြေထောက်များအား တစ်ကြိမ်ခန့် ပြန်လည် ချိုးရမည်ပုံရလေသည်။

အထူးသဖြင့် သူမ၏ ခင်ပွန်း ဖြစ်ပေသည်။ သူသည် ယခင်တွင် ခြေကျင်းဝတ် ဒဏ်ရာရခဲ့ဖူးသောကြောင့် နှစ်ပေါင်းများစွာ ခြေဆိုင်း နေခဲ့ရလေသည်။ ထိုနောက်ပိုင်းတွင်လည်း သေချာစွာ အနားယူ ကုသမှု မရှိခဲ့ချေ။ နောက်တစ်ကြိမ် ထပ်မံ ဒဏ်ရာရပြီး ပြန်လည် သက်သာ လာသောအခါတွင် အရိုးမှာ လုံးဝ ကောက်ကွေးသွားခဲ့ရလေသည်။

သူမ၏ ဒုတိယသားမှာမူ တစ်နှစ်ပတ်လုံး ကုတင်ပေါ်တွင် အကြောသေ နေခဲ့ရသောကြောင့် ခြေထောက်များ၏ ပုံသဏ္ဌာန်မှာ သဘာဝ အလျောက် ပြောင်းလဲ သွားခဲ့လေပြီ။ သူ၏အရိုးများမှာလည်း သေချာပေါက် ပုံမှန်ဖြစ်နေမည် မဟုတ်ပေ။

ထိုညတွင် လူတိုင်း အိပ်မောကျ နေကြပြီ ဖြစ်သည်။ အဖွားအို ဝမ်သည် သူမဘေးရှိ အဖိုးအို ဝမ်အား တိုးတိုးလေး ကပ်ပြောလိုက်လေသည်။

"အဘိုးကြီး ရှင့်ခြေထောက်တွေ ပျောက်တော့မယ်"

...

အဖိုးအို ဝမ်မှာ ချက်ချင်းပင် ထထိုင်လိုက်ကာ ပြန်မေးလိုက်သည်။

"တကယ်လား မင်း နည်းလမ်းရှာတွေ့သွားပြီလား"

ရွေးချယ်ခွင့်သာရှိပါက မည်သူက အဒေါ်ကျန်းာသော ခန္ဓာကိုယ်ကို မပိုင်ဆိုင်ချင်ဘဲ နေလိမ့်မည်နည်း။ သူသည်လည်း ဤမိသားစုအတွက် ပို၍ အကျိုးပြုချင်သေးပေသည်။

အဖွားအို ဝမ်သည် ခပ်အေးအေးပင် ဆိုလေသည်။

"ဒါပေမဲ့ ရှင့်ခြေထောက်ကို အရင်ဆုံး တစ်ခါတော့ ပြန်ချိုးရလိမ့်မယ်"

အဖိုးအို ဝမ်မှာ အံ့ဩ မှင်တက်သွားလေတော့သည်။

"စိတ်မပူပါနဲ့"

အဖွားအို ဝမ်က နှစ်သိမ့်လိုက်သည်။

"ကျွန်မ ကိုယ်တိုင် ရှင့်အတွက် ချိုးပေးပါ့မယ်"

အဖိုးအို ဝမ် ဆွံအသွားခဲ့ကာ စိတ်ထဲမှ တွေးလိုက်မိသည်။

‘အဲ့ဒါက ပိုပြီး စိုးရိမ်စရာကောင်းနေတာလေ’

ဇနီးမောင်နှံနှစ်ဦးသည် ဤကိစ္စကို သူတို့၏ မိသားစုအား မည်သို့ပြောပြရမည်ကို ညဉ့်နက်သည်အထိ တိုင်ပင် ဆွေးနွေးခဲ့ကြပြီး သန်းခေါင်ယံ လောက်မှသာ အိပ်ရာဝင်ကြလေသည်။

နောက်နေ့နံနက်တွင် အဖွားအို ဝမ်သည် အပြင်ထွက်ရန် ပြင်ဆင်နေခဲ့တော့သည်။ သူမ မည်သည့်နေရာသို့သွားကာ မည်သည့်ကိစ္စ လုပ်မည်အား မိသားစုဝင်များမှ ဝိုင်းမေးကြသောအခါ အဖွားအို ဝမ်မှ ပြန်ဖြေလိုက်လေသည်။

"မနေ့ညက ငါ အိပ်မက်တစ်ခု မက်တယ် နင့်တို့ အဘွားရဲ့ အိမ်မှာ အရမ်း နာမည်ကြီးတဲ့ ဆရာဝန်တစ်ယောက် ရောက်နေတယ်လို့ မက်တာပဲ သူက ခြေထောက် ဒဏ်ရာတွေကို ကုသရာမှာ အထူးကျွမ်းကျင်တယ်တဲ့ နင့်တို့ ဒုတိယအစ်ကို ကို ကုသပေးနိုင်ဖို့ သူ့ကို ပင့်လာလို့ရမလားဆိုတာ ငါ သွားကြည့်မလို့"

ဝမ်မိသားစုတစ်ခုလုံး ကြောင်အမ်းသွားကြကုန်လေသည်။ ဝမ်ချွမ်းမန်မှ ထပ်မေးလိုက်သည်။

"အမေ အမေ အဆင်ပြေရဲ့လား အိပ်မက်တစ်ခု မက်ရုံနဲ့ ခရီးထွက်တော့မလို့လား"

"ဟုတ်တယ် အမေ တတိယမရီးက မကြာသေးခင်ကမှ အဲဒီဘက်ကို သွားခဲ့တာ မဟုတ်ဘူးလား သူ ဒီနေ့ ပြန်ရောက် လာလောက်တယ်လေ အမေ အချည်းနှီး ခရီးမဖြစ်ရအောင် သူ့ကို အရင်မေးကြည့်ရအောင်လေ"

ဟု ဝမ်ချွမ်းဖူသည်လည်း ဝင်ပြောလိုက်လေသည်။ အဖွားအို ဝမ်မှ ချက်ချင်းပင် ဒေါသတကြီးဖြင့် ဆူပူလိုက်လေတော့သည်။

"နင်တို့ နှစ်ကောင် မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေမှန်း ငါသိသားပဲ နင်တို့ရဲ့ ဒုတိယအစ်ကိုက အခု ကုတင်ပေါ်မှာ လဲနေရတာ လူလိုလို သရဲလိုလိုနဲ့ ငါက သူ့ကို အမြန်ဆုံး ကုသပေးချင်လို့ အနည်းဆုံးတော့ သူ မတ်မတ်ရပ်နိုင်တဲ့ လူတစ်ယောက် ဖြစ်လာအောင်လို့လေ ဒါကို နင်တို့က ဟိုတွန်းဒီတွန်း လုပ်နေကြတယ် နင်တို့ ဘာလုပ်ချင်နေကြတာလဲ နင်တို့ရဲ့ ဒုတိယအစ်ကိုကို ကောင်းစားသွားမှာကို မကြည့်နိုင်ကြဘူး မဟုတ်လား"

ဝမ်ချွမ်းဖူမှ ထပ်ပြောလိုက်လေသည်။

"အမေ အမေ ဘာတွေပြောနေတာလဲ ဒုတိယအစ်ကို့အပေါ် ကျွန်တော်တို့က ဘယ်လိုလုပ် အဲဒီလို တွေးရက်ပါ့မလဲ"

ဝမ်ချွမ်းမန်မှ လည်း ပြန်ပြောလိုက်လေသည်။

"ကျွန်တော်တို့က အမေ့အတွက် စိုးရိမ်လို့ပါ အမေရယ်"

အိပ်မက်တွေ ဘာတွေ ဆိုသည်မှာ အလွန်ပင် ယုံကြည်ရန်ခက်လှသည် မဟုတ်ပါလော။ အခန်းထဲမှနေ၍ အဘွားကြီး၏ ဟိန်းဟောက်သံအား ကြားနေရသည့် ဝမ်ချွမ်းကွေ့မှာမူ ပြောစရာစကားပင် ဆွံ့အသွားရလေတော့သည်။

‘မဟုတ်သေးပါဘူး အမေရယ် အမေက ကျွန်တော့်ကို ကာကွယ်ပေးနေတာ ဆိုပေမဲ့ ကျွန်တော်က ဘယ်လိုလုပ် လူလိုလို သရဲလိုလို ဖြစ်နေရတာလဲဗျာ...’

All Chapters