← Chapters

ရွာသူရွာသားများနှင့် စာချုပ်ချုပ်ဆိုခြင်း

Vol. 7 Ch. 105

ရွာသူရွာသားများနှင့် စာချုပ်ချုပ်ဆိုခြင်း

Vol. 7 Ch. 105

အားယွီလေးသည် ချင်ဟွိုင်အား ရှာရန် မုန့်များကို ယူဆောင်လာခဲ့ပြီးနောက် ဤမုန့်များမှာ လတ်လတ်ဆတ်ဆတ် ဖြစ်ကြောင်းနှင့် အားယွီ တစ်ခါမှ မကိုက်ရသေးကြောင်း တမင်သက်သက် အလေးပေး ပြောဆိုနေခဲ့သည်။

ချင်ဟွိုင်သည် မူလတွင် ဤအရာများအား စားမည် မဟုတ်သော်လည်း ယခုမူ အေးအေးဆေးဆေးပင် စားသောက် နေလိုက်တော့သည်။ မသေခင် အစားအသောက် အမျိုးအစား အနည်းငယ်မျှ ပိုစားရခြင်းသည် အထူးအောင်မြင်မှု တစ်ခုအဖြစ် သတ်မှတ်၍ ရနိုင်ပေသည်။ ချင်ဟွိုင်သည် မုန့်အား ကိုက်စားရင်း တွေးတောနေမိလေသည်။

"ကိုကိုအားယု ဒီနေ့ကော သိုင်းကျင့်ဦးမှာလားဟင်"

အားယွီလေးမှ ချင်ဟွိုင် သိုင်းကျင့်ချင်နေကြောင်း သိနေခဲ့ခြင်း ဖ ဖြစ်သည်။ သူမ၏ လက် သေးသေးလေးများအား နှစ်ကြိမ်မျှ ဝှေ့ယမ်းလိုက်ပြီးနောက် ခြေထောက်အား ကွေးကာ 'ဂွီ' ခနဲ အသံပြု၍ ဆောင့်ကြောင့် ထိုင်ချ လိုက်လေတော့သည်။

၎င်းမှာ ချင်ဟွိုင်အား အပြည့်အဝ တုပလိုက်ခြင်းပင် ဖြစ်လေသည်။ သူမ၏ ကြည့်မကောင်းသော ပုံစံအား မြင်လိုက်ရသောအခါ ချင်ဟွိုင်သည် မျက်နှာလွှဲကာ မမြင်ချင်ယောင် ဆောင်နေလိုက်တော့သည်။

‘ငါက ဘယ်လိုလုပ် ဒီလောက်တောင် အရုပ်ဆိုးနေရတာလဲ’

ချီကျားမှ လက်ခုပ်တီးလိုက် ပြီးနောက် ပြောလိုက်လေသည်။

"အားယွီလေး သေချာ သင်ယူနေတာပဲ"

အားယွီလေးမှ သူမ၏ ရင်ဘတ်အား ဂုဏ်ယူစွာ ကော့လိုက်ပြီးနောက် ပြန်ပြောလိုက်လေသည်။

"အားယွီကလည်း သိပ်အစွမ်းထက်တာနော်"

ချင်ဟွိုင်တစ်ယောက် အားယွီ ပြန်ပြောသည့် စကားအား ကြားလိုက်ရချိန်တွင် စကားလုံးများ ပျောက်ရှသွားခဲ့ရကာ သူ၏ လက်ထဲရှိ မုန့်မှာ ရုတ်တရက် မမွှေးတော့သလို ခံစားလိုက်ရတော့သည်။

တတိယအဒေါ် ဟူသည် အပြေးအလွှား ပြန်လာစဉ် ခြံဝင်းထဲရှိ အားယွီလေးအား မြင်တွေ့လိုက်ရတော့သည်။ သူမမှ အလောတကြီး မေးလိုက်လေသည်။

"အားယွီ သမီး ဖွားဖွား အိမ်မှာရှိလား"

အားယွီလေးမှ ပြန်ဖြေလိုက်လေသည်။

"ဟုတ်ကဲ့ ရှိပါတယ်"

"မြန်မြန်လာ မြန်မြန်လာ ဘာတွေ စောင့်နေတာလဲဟဲ့ မြန်မြန်လာခဲ့စမ်းပါ လယ်တွေ အားလုံး ကုန်တော့မယ်"

တတိယအဒေါ် ဟူမှ လှည့်ကာ အတင်း တိုက်တွန်း လိုက်လေတော့သည်။ ဟူဆန်းမှာ လည်ချောင်းထဲမှ အသံတစ်သံ ပြုလိုက်ပြီးနောက် အလောတကြီး ထွက်လာခဲ့လေသည်။

သူတို့နှစ်ဦးသည် မူလတွင် အုတ်ဖုတ်ရာတွင် ကူညီပေးနေကြခြင်း ဖြစ်ပေသည်။ ဝမ်မိသားစု ကြီးပွားသွားပြီးနောက် လယ်ယာမြေ အများအပြား ပိုင်ဆိုင်ထားကြောင်း ကြားသိရသောအခါ လူတိုင်းသည် ဝမ်မိသားစုဆီသို့ အုံနှင့်ကျင်းနှင့် သွားရောက်ကြလေပြီ ဖြစ်သည်။ တတိယအဒေါ် ဟူနှင့် အခြားသူများလည်း ငြိမ်ထိုင်မနေနိုင်တော့ဘဲ သူတို့နောက်သို့ ချက်ချင်း လိုက်သွားကြခြင်း ဖြစ်ပေသည်။

"လီချွန်း ငါ့နောက် မလိုက်ခဲ့နဲ့ အားယွီလေးနဲ့ သွားကစားချေ"

တတိယအဒေါ် ဟူမှ လှည့်ကာ မိန်းကလေးငယ် တစ်ဦးအား အော်ပြောလိုက်လေသည်။ ထိုမိန်းကလေးမှာ အသက် ၈ နှစ် ၉ နှစ်ခန့်သာ ရှိသေးသည်။ ဖာထေးထားသည့် အဝတ်အစားများအား ဝတ်ဆင်ထားပြီး သူမ၏ မျက်လုံးများမှာ ကြောက်ရွံ့နေပုံ ပေါ်နေလေသည်။ ဤစကားအား ကြားသောအခါ သူမ ပို၍ပင် ရှက်ရွံ့သွားခဲ့တော့သည်။

"အသုံးမကျတဲ့ကောင်မ"

တတိယအဒေါ် ဟူမှ သူမ၏ ပုံစံအား သဘောမကျသဖြင့် အခြားမြေးမဖြစ်သူအား အော်ခေါ်လိုက်တော့သည်။

"ပြန့်တန် နင် သွားလိုက်စမ်း"

ပြန့်တန် ဟုခေါ်သော မြေးမလေးမှာ အသက် ၁၀ နှစ် ရှိနေပြီ ဖြစ်သည်။ အဖွားဖြစ်သူ၏ စကားအား ကြားသောအခါ သူမသည် လက်ထဲရှိ ပစ္စည်းကို ညီမဖြစ်သူထံ ချက်ချင်း ကမ်းပေးလိုက် ပြီးနောက် အားယွီလေးထံ ဖြည်းညှင်းစွာ လျှောက်သွား လိုက်လေတော့သည်။

"ညီမလေးအားယွီ ဘာကစားချင်လဲ အစ်မ ညီမလေးနဲ့ ကစားပေးမယ်လေ"

တတိယအဒေါ် ဟူတွင် သားသုံးယောက်နှင့် သမီးနှစ်ယောက် ရှိသည်။ သမီးများမှာ အိမ်ထောင်ကျ သွားသည်မှာ ကြာပြီ ဖြစ်ကာ သူမ၏ အငယ်ဆုံးသားမှာ တစ်နှစ်ပတ်လုံး အပြင်ရောက် နေတတ်လေသည်။ သားအကြီးဆုံးနှင့် ဒုတိယသားသာ သူမအနားတွင် ရှိကြသည်။

သူမတွင် မြေးယောကျ်ားလေး သုံးယောက် မြေးမိန်းကလေး နှစ်ယောက်ရှိပြီး ဒုတိယချွေးမ၏ ဝမ်းဗိုက်ထဲတွင်လည်း နောက်ထပ် တစ်ယောက် ရှိနေသေးသည်။

အားယွီလေးနှင့် အဖော်ပြုပေးမည့်သူ ရှိနေသည်အား မြင်လိုက်ရသောအခါ တတိယအဒေါ် ဟူသည် ဝမ်မိသားစုဆီသို့ အလျင်အမြန် လျှောက်သွား လိုက်လေတော့သည်။ လမ်းခရီးတွင် ဟူဆန်းမှ မေးလိုက်သည်။

"အိမ်က ကလေးတွေကို အားယွီလေးနဲ့ ပေးမကစားချင်ဘူးလို့ မင်း ပြောခဲ့တယ်မဟုတ်လား ဘာလို့ သူတို့ကို ထပ်ပြီး အဖော်ပြု ခိုင်းနေရတာလဲ တခြားသူတွေက မင်းကို မြှောက်ပင့်ဖားယား လုပ်တယ်လို့ စွပ်စွဲကြမှာပေါ့"

"ဖားယားတာ ဟုတ်လား ရှင်ချန်ထားခဲ့တဲ့ သားစဉ်မြေးဆက်တွေကို ပြန်ကြည့်ဦး အကုန်လုံးက လူဆိုးလူညစ်တွေ ချည်းပဲ သူတို့ကို အားယွီလေးနဲ့ ဘယ်လိုလုပ် ကစားခွင့်ပေးရဲမှာလဲ အားယွီက ငါတို့ ဟူမိသားစုရွာရဲ့ ကံကောင်းခြင်းတွေ ယူဆောင်လာတဲ့ ကလေးလေးလေ အဲဒီငတုံးတွေက သူနဲ့ အတူနေပြီး သူ့ကံကြမ္မာကိုပါ ဆွဲချသွားရင် ဘယ်လိုလုပ်မလဲ မြည်းမကြီးကျန်းက ငါ့ကို သေတဲ့အထိ ရန်ရှာနေမှာပေါ့"

အဖွားအိုဝမ်၏ တိုက်ခိုက်နိုင်စွမ်းအား တွေးမိသောအခါ တတိယအဒေါ် ဟူမှာ တစ်ကိုယ်လုံး နာကျင်သွားသလို ခံစားလိုက် ရတော့သည်။ ထိုမြည်းမကြီးမှာ အလွန်တရာ ခေါင်းမာလှပေသည်။

"ဒါဆို အခု ဘယ်လိုလုပ်မလဲ"

"အခုတော့ အားယွီလေးရဲ့ ကံက တကယ်ကို ကောင်းတယ်ဆိုတာ သိသာနေပြီလေ ရွာထဲမှာ သူ့ကို ခေါ်သွားတဲ့ ကလေးတွေ အများကြီး ရှိပေမယ့် ဝမ်မိသားစုကပဲ ကြီးပွားလာတာပဲ ကြည့်လေ ဒါက ဘာကိုဆိုလိုတာလဲ လူတစ်ယောက်က ဘယ်လောက်ပဲ ကံဆိုးနေပါစေ သူက အဲဒီလူတွေကိုပါ ဆွဲတင်ပေးနိုင်တယ်ဆိုတာကို ပြနေတာပဲ ရှင်တို့လို ငတုံးတွေဆီက ကျွန်မ ဘာမှ မျှော်လင့် မထားတော့ပါဘူး သူ့ဆီက ကံကောင်းခြင်းလေး နည်းနည်းပါးပါး ကူးစက်လာရင်ကိုပဲ ကောင်းချီးတစ်ခု ဖြစ်နေပါပြီ"

အဆုံးတွင်မူ တတိယအဒေါ် ဟူသည် ဝမ်မိသားစု ရုတ်တရက် သူဌေး ဖြစ်သွားသည် ဆိုသော စကားများအား မယုံကြည်ပေ။ အကယ်၍ မှန်ကန်ခဲ့လျှင်တောင်မှ ၎င်းသည် အားယွီ ယူဆောင်လာသည့် ကံကောင်းခြင်းများကြောင့် သေချာပေါက် ဖြစ်ရပေမည်။

လွန်ခဲ့သော နှစ်များအတွင်း ဝမ်မိသားစုမှာ ပို၍ပို၍သာ ဆင်းရဲ လာခဲ့ကြလေသည်။ သူတို့မိသားစုတွင် ကြီးမားသော အကြွေးများ ရှိနေသေးသည်ဟုပင် ပြောဆိုကြသေးသည်။ အကြွေးရှင်များ လာရောက် တောင်းရမ်းသည်အား မတွေ့ရသည့်တိုင် ဝမ်မိသားစုမှာ များစွာ စုဆောင်းနိုင်ခဲ့ခြင်း မရှိချေ။

ယခု အားယွီအား ကောက်ရပြီး နောက်တွင် သူမသည် ငွေကြေး ဆုံးရှုံးအောင် မလုပ်ခဲ့သည့် အပြင် သူတို့ကိုပါ ချမ်းသာလာစေခဲ့သည်။ သူမဆီမှ ကောင်းချီး မင်္ဂလာအချို့ ရရှိရန် မြန်မြန် မလုပ်ပဲ သူမသည် မည်သည့်အရာများအား စောင့်နေရမည်နည်း။

ဟူဆန်း တစ်ယောက် ဆွံအသွားရ ပြန်တော့သည်။ ထို့ကြောင့် သူမသည် အားယွီ၏ ကံကောင်းခြင်းများမှ အကျိုးအမြတ် ရလိုရုံ သက်သက်သာ ဖြစ်ပေသည်။ သူကိုယ်တိုင်ကသာ သဘောထား သေးသိမ်လွန်းနေခဲ့ခြင်း ဖြစ်ပေသည်။

တတိယအဒေါ် ဟူသည် အဘိုးဝမ်၏ အိမ်သို့ ရောက်ရှိလာသောအခါ ရွာသားအုပ်စုကြီး တစ်စု ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်မှာ အဘိုးဝမ်၏ လယ်ယာများအား ငှားရမ်းရန် ဖြစ်လေသည်။ လူတိုင်းသည် အကင်းပါးကြကာ ဝမ်မိသားစု မည်သို့ ကြီးပွားလာသနည်းဟု မမေးမြန်းကြချေ။

အဘိုးဝမ်တို့ မိသားစုသည် ကိုယ်တိုင် စိုက်ပျိုးရန် အတွက် လယ်ဧက ၂၀ ချန်ထားလိုသည်။ မူလတွင် သူတို့၌ ဒုတိယတန်းစား လယ်ဧက ၁၅ မူး ရှိသော်လည်း ယခုမူ ရွာသားများအား သုံးစွဲခွင့်ပြုနိုင်ပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် သူတို့တွင် ခွဲဝေပေးရန် လယ်မြေ စုစုပေါင်း ၂၅ မူး ရှိလေသည်။

ရွာထဲရှိ လူတိုင်းသည် ဤမြေကွက်ငယ်အား သုံးစွဲချင်ကြကာ အထူးသဖြင့် မြေဆီဩဇာ ပြည့်ဝသော လယ်ယာကောင်းများကို ဖြစ်သည်။ တတိယအဒေါ် ဟူသည်လည်း သဘာဝကျစွာပင် လိုချင်သော်လည်း သူမသည် လွန်ခဲ့သော နှစ်ရက်ခန့်တွင် မြည်းမကြီးကျန်းအား ဒေါသထွက်အောင် လုပ်ခဲ့မိလေသည်။ ထို့ကြောင့် ထိုမိန်းမအိုကြီးမှ သူမအား သဘောတူမည် မတူမည်ကို မသိနိုင်ချေ။

လူတိုင်းမှ ဝမ်မိသားစုသည် ခင်မင်ရင်းနှီးမှု အကြောင်း ပြောလာမည်ကို စိုးရိမ်နေကြတော့သည်။ ရွာသားများအားလုံး ဝမ်မိသားစုအား နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် ကူညီဖူးကြလေသည်။ သို့သော် ဤအကူအညီမှာလည်း ကြီးမားသော ကျေးဇူးနှင့် သေးငယ်သော ကျေးဇူးဟူ၍ ကွဲပြားနေသေးပေသည်။ အဖွားအိုဝမ်မှ ဆိုလိုက်လေသည်။

"ငါတို့အားလုံး အိမ်နီးချင်းတွေပါပဲ အမြဲတမ်း တွေ့နေကြတာပဲလေ ငါတို့ ဝမ်မိသားစုက ကံကောင်းသွားရုံလေးပါ နောင်တစ်ချိန်မှာ လူတိုင်းရဲ့ ဘဝတွေက ပိုပိုပြီး ကောင်းမွန်လာပါလိမ့်မယ်"

ရလဒ်ကိုသာ အားလုံးမှ စိုးရိမ်တကြီး စောင့်ကြည့် နေကြသည်အား မြင်သောအခါ အဖွားအိုဝမ်မှ တိုက်ရိုက်ပင် ပြောလိုက်တေ့ာသည်။

"ဘယ်သူ့ကို လယ်ငှားမယ်ဆိုတာ ငါ မရွေးချယ်ပါဘူး စောစောက မုဆိုးမကျိုး လာတုန်းက လယ်နှစ်မူး ယူသွားပြီးပြီ အခု ၂၃ မူးပဲ ကျန်တော့တယ် နင်တို့ မဲနှိုက်ကြပါ"

အားလုံး စကားဆွံ့အ သွားကြကုန်တော့သည်။ သူတို့ အမှန်ပင် ထိုသို့ လုပ်လို့ရသည်ပင်။ အဆုံးတွင်မူ လူတိုင်း မဲလာနှိုက်ကြတော့သည်။ အသုံးပြုသော ပစ္စည်းများမှာ အဘိုးဝမ် ပုံမှန် ရက်လုပ်လေ့ရှိသော ဝါးခြမ်းပြားများသာ ဖြစ်ကာ ခြင်းတောင်းတစ်ခုထဲတွင် ထည့်ထားလေသည်။ တိုသော ဝါးခြမ်းပြားအား မဲပေါက်သူသည် မူတစ်ဝက်အား ရရှိမည် ဖြစ်ကာ ရှည်သော ဝါးခြမ်းပြားအား မဲပေါက်သူသည် လယ်တစ်မူး ရရှိမည် ဖြစ်သည်။ အလယ်အလတ် အရှည်ရှိသော ဝါးခြမ်းပြားအား မဲပေါက်ပါက မည်သည်ကိုမှ ရလိမ့်မည် မဟုတ်ချေ။

မိသားစု တစ်စုလျှင် တစ်ခါသာ မဲနှိုက်ခွင့် ရှိလေသည်။ လာရောက်သူ မိသားစုပေါင်း ၅၀ မှ ၆၀ အထိ ရှိရာ လယ်မြေအားလုံးမှာ မကြာမီပင် ခွဲဝေပြီးစီး သွားလေတော့သည်။

...

အဖွားအိုဝမ်၏ အေးစက်စက် အကြည့်အောက်တွင် တတိယအဒေါ် ဟူမှာ ကံကောင်းထောက်မစွာဖြင့် လယ်တစ်မူး ရရှိခဲ့ပြီး ၎င်းမှာလည်း မြေဆီဩဇာ ကောင်းသော လယ်ဖြစ်နေခဲ့သည်။

ထုံးစံအတိုင်း အဖွားအိုဝမ်က သူတို့အား ၃၀-၇၀ ခွဲဝေမည်လား သို့တည်းမဟုတ် ၅၀-၅၀ ခွဲဝေမည်လား ရွေးချယ်ခွင့် ပေးခဲ့လေသည်။ အခြေခံအားဖြင့် လူတိုင်းမှ ၅၀-၅၀ ကိုသာ ရွေးချယ်ကြလေသည်။ တတိယအဒေါ် ဟူမှာမူ ၃၀-၇၀ ခွဲဝေခြင်းအား ရွေးချယ်ခဲ့သည်။

မြည်းမကြီးကျန်း အကြောင်းအား သူမ ကောင်းစွာ နားလည်ထားသည်မို့ မြည်းမကြီးမှ အကြောင်းပြချက်မရှိဘဲ ရမ်းသန်းကာ ရွေးချယ်ခွင့် ပေးထားလိမ့်မည် မဟုတ်ချေ။ ဝမ်မိသားစုသည် ရွာသားများအား ပြစ်မှားမည် မဟုတ်သဖြင့် ၃၀-၇၀ ခွဲဝေခြင်းမှာ ဖုံးကွယ်ထားသော ပိုကောင်းသည့် ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

စာချုပ်ရေးသားခြင်း အလုပ်အား ဝမ်ချွမ်းကွေ့ထံ လွှဲပြောင်း ပေးလိုက်သောအခါ ၅ နှစ် ၆ နှစ်ခန့် လေဖြတ်နေခဲ့သော ဝမ်မိသားစု၏ ဒုတိယသားသည် အမှန်တကယ်ပင် စာရေးတတ်ကြောင်း အားလုံး သိသွားကြကုန်တော့သည်။ ယခင်တွင် သူ စာရေးသည်အား မည်သူမျှ မမြင်ဖူးခဲ့ကြချေ။

ဝမ်ချွမ်းကွေ့၏ ခြေထောက်မှာ ယခုလေးတင် ကျိုးသွားခဲ့ပြီး အလွန် နာကျင်နေသော်လည်း အဖွားအိုဝမ်မှ သူ့အပေါ် အနည်းငယ်မျှ သနားညှာတာ ပေးခဲ့ခြင်း မရှိပေ။ သူသည် နာကျင်မှုအား ကြိတ်မှိတ် သည်းခံကာ စာချုပ် တစ်ခုပြီး တစ်ခု ရေးသားရန် ကိုယ်ကို လှည့်၍သာ နေရလေတော့သည်။

ရွာသားများသည် စာရွက်စာတမ်းများအား အချိန်အကြာကြီး ကြည့်ရှု စစ်ဆေး ပြီးနောက် တီးတိုးပြောဆိုကြတော့သည်။

"ရွာထိပ်မှာ ကြက်တွေ ချီးပါထားတဲ့ ပုံစံနဲ့ တူလိုက်တာ"

"ဒီဝမ်မိသားစုရဲ့ ဒုတိယသားက သူ စာရေးတတ်တယ်လို့ တစ်ခါမှ မပြောခဲ့တာ အံ့သြစရာ မဟုတ်တော့ပါဘူး အဘိုးဟူရဲ့ စာလုံးတွေနဲ့ ယှဉ်လိုက်ရင် သူ့စာလုံးတွေက အများကြီး ပိုအရုပ်ဆိုးတာကိုး"

"အသံတိုးတိုး လုပ်ကြပါ တခြားသူတွေ ကြားသွားဦးမယ် လူတွေရဲ့ စိတ်ကို နာကျင်စေလိမ့်မယ်"

...

ဝမ်ချွမ်းကွေ့ တစ်ယောက် ကြောင်အနေခဲ့ကာ စိတ်အတွင်းမှ တီးတိုး ပြောလိုက်လေသည်။

‘ခင်ဗျားတို့ နောက်ထပ် ခြေနှစ်လှမ်းလောက် ဆုတ်ပြီး ကျုပ် ကုတင်ဘေးမှာ လာမပြောရင် ကျုပ် ကြားမှာ မဟုတ်ပါဘူး ကျေးဇူးတင်ပါတယ်’

လယ်ယာများ ခွဲဝေပေး ပြီးနောက်တွင် အဖွားအိုဝမ်မှ လူတိုင်း စူးစမ်းချင်နေသော်လည်း မမေးရဲသော ကိစ္စတစ်ခုကို ပြောပြလာခဲ့သည်။

"နင်တို့အားလုံး ဘာကို စပ်စုချင်နေကြတယ် ဆိုတာ ငါသိပါတယ် ငါတို့ ဒီငွေတွေကို ခိုးဝှက် လုယက်လာတာ မဟုတ်ဘူး တောင်ပေါ်က ပစ္စည်းတွေနဲ့ လဲလှယ်ထားတာ"

ထို့နောက် အဖွားအိုဝမ်မှ မြေအောက်မှိုများ အကြောင်းအား သူတို့အား ပြောပြပြီးနောက် လူတိုင်းအား သတိပေးလိုက်လေသည်။

"ဒါတွေက ကလေးတွေ မတော်တဆ တွေ့လာခဲ့တဲ့ အရာတွေပါ သမားတော်ဟူလည်း သိသင့်သလောက် သိပါတယ် ဘယ်နေရာတွေမှာ ရှာရလွယ်လဲဆိုတာ သွားမေးကြည့်ကြပေါ့"

ဤစကားအား ကြားသောအခါ ရွာသားများ အားလုံး ဝမ်မိသားစုမှာ အမှန်ပင် သဘောထား ကောင်းသည်ဟု ခံစားလိုက်ရလေသည်။ အခြားသူများသာဆိုလျှင် ဤကိစ္စအား သိရှိသွားပါက တစ်သက်လုံး ဖုံးကွယ်ထားကြမည်မှာ အသေအချာပင် ဖြစ်ချေသည်။ အများဆုံး လုပ်လျှင် ငွေရှာ ပြီးနောက် ဤရွာမှ ပြောင်းရွှေ့ သွားကြပေလိမ့်မည်။ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ချမ်းသာသွားခြင်းမှာ ပိုကောင်းလိမ့်မည် မဟုတ်ပါလော။

"အားယွီလေးကို ငါတို့နဲ့ အဖော်လိုက်ခိုင်းလို့ ရမလား"

တတိယအဒေါ် ဟူမှ မနေနိုင်ဘဲ မေးလိုက်မိပြန်သည်။ သို့သော် သူမ ရရှိလိုက်သော တုံ့ပြန်မှုမှာ အဖွားအိုဝမ်၏ လူသတ်ချင်နေသည့် အကြည့်ပင် ဖြစ်ချေသည်။

"ကျန်းတာ့ဟွမ် ဒီကိုလာခဲ့စမ်း ခေါ်သွားလို့ ရမရ ငါ ပြောပြမယ်"

တတိယအဒေါ် ဟူသည် အဖွားအိုဝမ် ဆက်ပြောမည့်စကားကိုပင် မစောင့်တော့ဘဲ ထွက်ပြေး သွားလေတော့သည်။

"ယောက်ျား ရှင်ပဲ စာချုပ် လက်မှတ်ထိုးလိုက်တော့ အိမ်က ဝက်တွေကို အစာ မကျွေးရသေးတာ ကျုပ် သတိရသွားလို့"

ဟူဆန်း သည် မိန်းမဖြစ်သူ၏ အဖြစ်အား ကြည့်လျှက် စကား ပြန်မပြောနိုင်တော့ချေ။ ထို အကြောင်းပြချက်သည် သေချာပေါက် မဟုတ်ပါချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဝက်များအား မဝယ်ရသေးသောကြောင့် ဖြစ်သည်။

All Chapters