← Chapters

လင်းယုန်တစ်ကောင် ဖမ်းမိခြင်း

Vol. 7 Ch. 101

လင်းယုန်တစ်ကောင် ဖမ်းမိခြင်း

Vol. 7 Ch. 101

ဝမ်မိသားစုသည် သူတို့၏ ဒုတိယသားနှင့် အိမ်ဦးနတ် ဖြစ်သူ၏ ခြေထောက်များအား ကုသရန် အတွက် အရူးတစ်ယောက်အား ခေါ်လာခဲ့ကြောင်း ချင်ဟွိုင် ကြားသိထားသည်မှာ ကြာမြင့် လှပြီ ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းမှာ ထိုသူများ မိုက်မဲလွန်းသောကြောင့် ဖြစ်သည်ဟု သူ ခံစားခဲ့ရလေသည်။

သို့ရာတွင် ယင်းကိစ္စမှာ သူနှင့် သက်ဆိုင်မှု မရှိချေ။ သူသည် သေမည့်ရက်အား စောင့်ဆိုင်းနေသော လူငယ် တစ်ယောက်မျှသာ ဖြစ်လေရာ အခြားသူများအား လိုက်လံ ဂရုစိုက်ရန် အတွက် အချိန်ပို မည်သို့ ရှိနိုင်ပါမည်နည်း။ သို့သော် အားယွီလေးမှ သူ့အား လာရောက် ရှာဖွေပြီးနောက် ပွဲကြည့်ရန် ဖိတ်ခေါ်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။

"အားယွီ သခင်လေးက နောက်ထပ် နှစ်ရက်လောက်ကျရင် လုပ်စရာ ကိစ္စလေးတွေ ရှိနေတယ် ဒါကြောင့်မို့ ပွဲကြည့်ဖို့ သမီးနဲ့အတူ မလိုက်နိုင်လောက်ဘူး"

ဟု ချီကျားမှ ပြောလိုက်လေသည်။ အားယွီလေးသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်ပြလိုက်တော့သည်။

"ဟုတ်ကဲ့ပါ ဒါဆိုရင်လည်း အားယွီ အစ်ကိုကြီး ဖက်တီးဆီပဲ သွားရှာလိုက်ပါတော့မယ်"

ဟူဆန်းဖန် အနေဖြင့် ဤကိစ္စအား သေချာပေါက် စိတ်ဝင်စားမည်မှာ သိသာလှပေသည်။ ချင်ဟွိုင်သည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီးနောက် အားယွီလေး၏ လက်အား ဆုပ်ကိုင်လိုက်တော့သည်။

"သွားကြစို့"

ပွဲကြည့်ရုံလေးပဲ မဟုတ်ဘူးလား ဘယ်လိုကြည့်ရမလဲဆိုတာ သူလည်း သိသားပဲလေ...

သို့ရာတွင် ဘေးမှနေ၍ ချီကျားမှ ဝင်ပြောလိုက်လေသည်။

"သခင်လေး အဲဒီကိစ္စနဲ့ပတ်သက်ပြီး..."

ချင်ဟွိုင်၏ မျက်ခုံးများ ကြုတ်သွားခဲ့ကာ အကြည့်များသည်လည်း အလွန်အေးစက်သွားခဲ့သည်။

"မင်းပဲ ဖြေရှင်းလိုက်တော့"

"ဟုတ်ကဲ့ပါ"

သခင်လေးသည် အားယွီလေးနှင့် လက်ချင်းတွဲကာ အဘိုးအိုဝမ်၏ အိမ်ဆီသို့ လျှောက်သွားသည်အား မြင်သောအခါ ချီကျား တစ်ယောက် စိတ်ထဲမှ ကျိတ်၍ ပြုံးလိုက်မိလေသည်။ ဤသည်မှာ သခင်လေးသည် သခင်မကြီး၏ ကိစ္စထက် အားယွီလေး အတွက် ပထမဆုံးအကြိမ် လွှတ်ချလိုက်ခြင်းပင် ဖြစ်ပေသည်။

သခင်လေးသည် စိတ်သဘောထား နူးညံ့သော်လည်း အမြဲတမ်းလိုလို မာန ထောင်လွှားစွာ ပြုမူတတ်သူ ဖြစ်လေသည်။ သူသည် သခင်မကြီးအား ဂရုမစိုက်ဘူးဟု ပြောနေခဲ့သော်လည်း သခင်မကြီးနှင့် ပတ်သက်သည့် သတင်း တစ်ခုခု ကြားချိန်တိုင်း အမြဲ ချက်ချင်း ဖြေရှင်းပေးလေ့ ရှိလေသည်။ ယခုမူ သူသည် အလျင်စလို ဖြစ်မနေတော့ချေ။

တကယ်တမ်းတွင် ချင်ဟွိုင်သည် ပွဲသွား မကြည့်ချင်သော်လည်း အားယွီလေးမှ အခြားအဖော်များမား သွားရှာမည်ကိုလည်း မလိုလားခြင်းသာ ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် အားယွီလေးသည် ကစားနေရသည့်အချိန်တွင် အရာရာကို အလွယ်တကူ မေ့လျော့တတ် သူ ဖြစ်သည့် အတွက် ဖြစ်ပေသည်။

သူမ ကစားနေစဉ် အတွင်း ကျန်သည့် တစ်နေ့လုံး သူ့အား လာရှာတော့မည် မဟုတ်ချေ။ သူမသည် အလွန် ဆူညံတတ်သော်လည်း သူမအနား၌ ရှိနေလျှင် ဤနွေဦးရာသီလေးသည် အထူး လှပလာသကဲ့သို့ သူ ခံစားလိုက်ရလေသည်။

အဘိုးအိုဝမ်၏ အိမ်သို့ မရောက်မီ ရောင်စုံ လိပ်ပြာ တစ်ကောင် ရုတ်တရက် ပျံသန်းလာခဲ့သည်။ ချင်ဟွိုင်သည် ခုန်ပေါက်နေသော အားယွီလေးအား ငြိမ်သက်စေလိုက်ပြီးနောက် ကြည့်ရန် လက်ဟန်ပြလိုက်လေသည်။ အားယွီလေးမှ နားလည်ပုံမရချေ။ ချင်ဟွိုင်သည် အားယွီလေး၏ မျက်နှာအား ကိုင်လျှက် ဘေးဘက်သို့ လှည့်ပေးလိုက်လေသည်။

"ကြည့်လိုက်"

ရောင်စုံလိပ်ပြာလေးအား မြင်သောအခါ အားယွီလေး၏ မျက်လုံးများ အရောင်လက်သွားတော့သည်။

"အာ လိပ်ပြာလေးပဲ"

အားယွီလေးသည် လိပ်ပြာနောက်သို့ ခုန်ပေါက် ပြေးလွှားလျှက် လိုက်သွားတော့သည်။ ထိုအခါမှသာ ချင်ဟွိုင် သက်ပြင်းချ နိုင်လေတော့သည်။ သူသည် လက်နှစ်ဖက်အား နောက်ပစ်ကာ အားယွီလေး၏ နောက်မှ လူကြီး ပေါက်စလေး တစ်ယောက်ကဲ့သို့ လိုက်သွားလေတော့သည်။

အားယွီလေးသည် လိပ်ပြာနောက်သို့ တစ်လျှောက်လုံး ပြေးလိုက်သွားလေရာ ရွာတစ်ဝက်ခန့်အား ဖြတ်ကျော် ပြီးနောက် သမားတော်ဟူ၏ အိမ်ရှေ့တွင် ရပ်တန့်သွားခဲ့သည်။ ဟူရှောင်ထုံသည် ဆေးကြိတ်နေစဉ် အားယွီလေး ပြေးလာသည်အား မြင်လိုက်ရသည်။ သူမှ အလျင်စလို လှမ်းခေါ်ကာ သတိပေးလိုက်လေသည်။

"အားယွီ သတိထားနော် ချော်လဲနေဦးမယ်"

အားယွီလေးသည် ရပ်တန့်လိုက်ပြီးနောက် သူမ၏ ချွေးများအား ပေါ့ပေါ့ပါးပါး သုတ်လိုက်လေသည်။ သူမသည် အလွန် တောက်ပစွာ ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။

"ကိုကိုကြီးထုံ"

ထိုအပြုံးလေးသည် အလွန် ကူးစက်လွယ်လှပေရာ ဟူရှောင်ထုံပင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားရတော့သည်။

"ညီမလေး ဘာလို့ ဒီကိုရောက်လာတာလဲ ညီမလေးရဲ့ အစ်ကိုတွေရော ဘယ်မှာလဲ"

ပုံမှန်ဆိုလျှင် ဝမ်ဝူလန်နှင့် အခြားသူများသည် အားယွီလေး သွားလေရာသို့ လိုက်လေ့ ရှိကြပေသည်။ ဟူရှောင်ထုံသည် ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်သော်လည်း ဝမ်ဝူလန်အား မတွေ့ရချေ။ ထိုအစား သူစိမ်း ကောင်လေး တစ်ယောက်ကိုသာ မြင်လိုက်ရလေသည်။ ရွာထဲတွင် သူစိမ်းနှစ်ယောက် နေထိုင်ကြောင်းအား သူ အချိန်အတန်ကြာ စဉ်းစားပြီးမှ သတိရသွားခဲ့သည်။ သူတို့သည် အားယွီလေး၏ အိမ်ဘေးတွင် နေထိုင်ကြပုံရလေသည်။

ဤသူမှာ လူသစ်များထဲမှ တစ်ယောက် ဖြစ်မည်မှာ သေချာလှပေသည်။ ထိုအချိန်တွင် ချင်ဟွိုင် ရွာထဲသို့ ရောက်လာစဉ် ဟူရှောင်ထုံသည် အခြားသူများ နှင့်အတူ ပွဲသွား မကြည့်ခဲ့သောကြောင့် ချင်ဟွိုင်အား သဘာဝကျကျပင် မြင်ဖူးခဲ့ခြင်း မရှိချေ

။

“ကိုကိုအာယိုက သမီးကို လိုက်ပို့ပေးတာ"

အားယွီလေးသည် နောက်သို့ ပြန်ပြေးသွားပြီးနောက် ချင်ဟွိုင်အား မိတ်ဆက်ပေးရန် အတွက် ဆွဲခေါ်လာခဲ့လေသည်။

"ဒါက ကိုကိုအားယိုတဲ့ သူက တတိယအဒေါ်ရဲ့ အိမ်မှာ နေတာလေ"

ဟူရှောင်ထုံသည် ချင်ဟွိုင်အား တစ်ချက်ကြည့်ကာ ညင်သာစွာ ပြုံးပြလိုက်လေသည်။ ဟူရှောင်ထုံသည် တစ်နှစ်ပတ်လုံး ဆေးမြစ်များနှင့်သာ အလုပ် ရှုပ်နေလေ့ ရှိသောကြောင့် အခြားကလေးများကဲ့သို့ ကစားလေ့ကစားထ မရှိလှချေ။ အချိန် အများစုတွင် အိမ်၌ ဆေးမြစ်များကိုသာ ကိုင်တွယ်နေလေ့ရှိပေသည်။

ထို့ကြောင့် သူ၏ စရိုက်မှာ အလွန်တည်ငြိမ်လှပေသည်။ သူသည် ငယ်ရွယ်သော်လည်း အထူးပင် ရင့်ကျက်နေပုံပေါ်လေသည်။ သူ၏ မျက်နှာမှာ နုနယ်သေးသည့်တိုင် လူအုပ်ကြားထဲတွင် တစ်ချက် ကြည့်ရုံဖြင့် ထင်ရှားပေါ်လွင်နေမည့် လူစားမျိုး ဖြစ်လေသည်။

"ညီလေး နာမည်က အားယိုလား အစ်ကိုက ဟူရှောင်ထုံပါ အထဲဝင်ပြီး ထိုင်ပါဦးလား"

ဟူရှောင်ထုံသည် အပြုံးလေးဖြင့် လျှောက်လာပြီးနောက် ခြံတံခါးအား အနည်းငယ် တွန်းဖွင့် ပေးလိုက်လေသည်။ ထို့နောက် ရေငဲ့ရန် အတွက် အိမ်ထဲသို့ ဝင်သွားခဲ့သည်။

"အိမ်မှာ လက်ဖက်ရည် မရှိဘူး ဒီ ပျားရည်စုပ်ပန်းရည်ပဲ ရှိတယ် မြည်းကြည့်ပါဦး"

ဟူရှောင်ထုံသည် ရေနှစ်ခွက် ငဲ့ပေးလိုက်လေသည်။ တစ်ခွက်မှာ ပျားရည်စုပ်ပန်းဖြင့် ပြုလုပ်ထားပြီးနောက် အခြားတစ်ခွက်မှာ သကြားဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပေသည်။ ပြေးလွှားထား၍ ပင်ပန်းနေသည့် အားယွီလေးသည် ရေခွက်အား ကောက်ကိုင်လိုက်ကာ တကျိုက်တည်း မော့သောက် လိုက်တော့သည်။ သူမသည် မျက်လုံးလေးများ မှိတ်သွားသည်အထိ သောက်လိုက်ပြီးနောက် ဝမ်းသာအားရ ပြောလိုက်လေသည်။

"ကိုကိုကြီးထုံ ကိုကိုကြီးရဲ့ ရေက အရမ်းအရသာရှိတာပဲနော် ချိုနေတာပဲ"

"ညီမလေးက အချိုသောက်ရတာ ကြိုက်မှန်း အစ်ကိုသိလို့ ညီမလေးအတွက် သီးသန့် သကြား ထည့်ပေးထားတာလေ ဒါပေမဲ့ အများကြီး မသောက်နဲ့နော် သွားပိုးစားလိမ့်မယ်"

ဟု ဟူရှောင်ထုံမှ သတိပေးလိုက်လေသည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့"

အားယွီလေးမှ လိမ္မာရေးခြားရှိစွာ ခေါင်းညိတ်ပြလိုက်လေသည်။

"သမီး နားလည်ပါပြီ"

ဟူရှောင်ထုံသည် အားယွီလေး၏ ခေါင်းအား ညင်သာစွာ ပွတ်သပ် ပေးလိုက်လေရာ သူ၏ မျက်လုံးများတွင် အထူး ချစ်ခင်ကြင်နာမှုများ ပြည့်နှက်နေလေသည်။ ချင်ဟွိုင်သည် သူတို့အား တိတ်ဆိတ်စွာ ကြည့်လိုက်ပြီးနောက် သူ၏ရှေ့ရှိ ကျောက်စားပွဲပေါ်သို့ ရေခွက်အား အနည်းငယ် ပြင်းထန်စွာ ချလိုက်လေသည်။ ထို့နောက် သတိပေးလိုက်လေသည်။

"လိပ်ပြာလေး ထွက်ပြေးသွားပြီ"

"အာ လိပ်ပြာလေး"

ထိုအခါမှသာ အားယွီလေးသည် လိပ်ပြာနောက် လိုက်ရန် သူမ အမှန်တကယ် မေ့သွားကြောင်းကို သတိရသွားတော့သည်။ သူမသည် အလျင်စလို မတ်တတ်ရပ်လိုက်ကာ လိပ်ပြာနောက်သို့ ထပ်လိုက်ရန် စဉ်းစားလျှက် သူမ၏ ဂါဝန်လေးအား ဆွဲလိုက်လေသည်။

ရုတ်တရက် ချောင်းဆိုးသံ အနည်းငယ်သည် တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်လေတော့သည်။ အသံမှာ အိမ်တွင်းမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ကိုကိုကြီးရှောင်ထုံ၏ အိမ်တွင် အခြားလူ တစ်ယောက် ရှိနေသေးကြောင်း အားယွီလေး ထိုအခါမှသာ သတိရသွားခဲ့လေသည်။

"ဖက်ထုပ်ဦးလေးက ဒီမှာ ရှိနေတုန်းပဲလား"

ဟူရှောင်ထုံသည် ထိုနာမည်အား ကြားသောအခါ ရယ်ချင်သွားသော်လည်း အပြုံးဖြင့်ပင် ခေါင်းညိတ် ပြလိုက်တော့သည်။

...

"သူ အထဲမှာ ရှိပါတယ်"

အားယွီလေးသည် ဤကဲ့သို့ ပွဲကြည့်ရခြင်းအား အနှစ်သက်ဆုံး ဖြစ်လေသည်။ သူမသည် အိမ်ထဲတွင် လဲလျောင်းနေသော သွေးနံပါတ် ၁၃အား ကြည့်ရန် အတွက် အိမ်ထဲသို့ ချက်ချင်း ပြေးဝင်သွားခဲ့သည်။ သွေးနံပါတ် ၁၃သည် ဤကောင်မလေးအား ထပ်တွေ့လိုက် ရသောကြောင့် ရှုပ်ထွေးလှသည့် ခံစားချက်များ ဖြစ်ပေါ်သွားခဲ့ရလေသည်။

"ဖက်ထုပ်ဦးလေး နေရတာ သက်သာရဲ့လားဟင်"

အားယွီလေးသည် ခေါင်းလေး စောင်းကာ သူ့အား ကြည့်လိုက်လေသည်။

သွေးနံပါတ် ၁၃ တစ်ယောက် အားယွီ၏ ခေါ်သံအား ကြားချိန်တွင် ပြန်ဖြေရန် စကားလုံးများ မဲ့သွားစေခဲ့တော့သည်။ ဤအသုံးအနှုန်းသည် သူ့အား တကယ်ပင် အကြိမ်ကြိမ် အသက်ရှူ ကျပ်သွားစေလေသည်။

အားယွီလေးသည် အဖြေမကြားရသည့် အတွက်ကြောင့် ပိုမို၍ နီးကပ်စွာ တိုးကြည့်လိုက်လေရာ သူမ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေသည်။

"ဖက်ထုပ်ဦးလေး စကားမပြောနိုင်ဘူးလားဟင် ဦးလေး လည်ချောင်းလည်း ဒဏ်ရာရသွားတာလား"

"မဟုတ်ပါဘူး"

အားယွီလေးသည် စိတ်သက်သာရာရသွားသည့် မျက်နှာထားဖြင့် သူမ၏ ရင်ဘတ်အား ပုတ်လိုက်လေသည်။

"တော်ပါသေးရဲ့"

သူမသည် ဒဏ်ရာရနေသော လူတစ်ယောက် ရှိကြောင်း ရုတ်တရက် သတိရသွားသဖြင့် လာကြည့်ခြင်း ဖြစ်လေသည်။ ဤ ဖက်ထုပ် ဦးလေး ၏ အခြေအနေမှာ အလွန် ဆိုးရွားပုံ ပေါ်နေသော်လည်း သေမည် မဟုတ်သောကြောင့် အားယွီလေး အနေဖြင့် သူ့အား ကယ်တင်ရန် အတွက် သူမ၏ရေအား အသုံးပြုစရာ မလိုကြောင်း အသားလုံးလေးမှ ပြောထားခဲ့ခြင်း ဖြစ်သည်။

...

အခြား တစ်ဖက်တွင်မူ အလွန်ကျန်းမာ ပုံပေါ်သော ကိုကိုအားယိုသည် မကြာမီ သေဆုံးတော့မည်ဟု ဆိုထားလေသည်။ နောက်ပိုင်းတွင် ကိုကိုအားယိုသည် အမှန်တကယ်ပင် သွေးအန်ခဲ့တော့သည်။

သွေးနံပါတ် ၁၃သည် ဤနေရာတွင် တစ်ချိန်လုံး လှဲနေရခြင်းမှာ မကောင်းကြောင်း စိတ်ထဲမှ တွေးလိုက်မိသည်။ ဂိုဏ်းခွဲမှူးသည် သူ ပေးပို့ထားသော အချက်ပြမှုအား ရရှိသွားပြီလားဟု သူ တွေးတောနေမိလေသည်။ သူတို့အနေဖြင့် သူ့အား ခေါ်ထုတ်သွားရန် လူအချို့ စေလွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ရပေမည်။ ဤမျှ ခေါင်ဖျားသော ရွာလေးတွင် သူ လဲလျောင်း၍ မနေချင်တော့ချေ။

သွေးမိုးမျှော်စင်တွင် လျင်မြန်စွာ ပြန်လည် ကောင်းမွန်စေသော ဆေးတစ်မျိုး ရှိလေသည်။ အကယ်၍ သူသာ ထိုဆေးအား သောက်လိုက်ပါက ရက်အနည်းငယ်ခန့် အားနည်းနေမည် ဖြစ်သော်လည်း လျင်မြန်စွာ ပြန်လည် ကျန်းမာလာကာ ထိုတာဝန်အား ပြီးမြောက်အောင် ထမ်းဆောင် နိုင်မည် ဖြစ်သည်။ ဤသို့ တွေးနေစဉ်မှာပင် အပြင်ဘက်၌ ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာခဲ့တော့သည်။

"ဟားဟားဟား ငါ ဖမ်းမိပြီဟေ့"

"ဝူလန် မင်းရဲ့ ဆိတ်လေးက တကယ်စွမ်းတာပဲဟ"

"ဒါ လင်းယုန် တစ်ကောင် မဟုတ်လား အကြီးကြီးပဲနော် ဒါကိုသာ ငါတို့ ကင်စားလိုက်ရင်တော့"

"မင်းက နေ့တိုင်း လောဘကြီးပြီး စားဖို့လောက်ပဲ သိတာ ဒီအကောင်က ကြည့်လိုက်တာနဲ့ အရမ်းစွမ်းမယ့်ပုံပဲ သေချာပေါက် မွေးထားရမှာပေါ့ကွ"

လူတိုင်းသည် သမားတော်ဟူ၏ အိမ်ရှေ့မှ ဖြတ်သွားကြစဉ် ခြံဝင်းအတွင်းရှိ ဟူရှောင်ထုံနှင့် ချင်ဟွိုင်တို့အား တွေ့လိုက်ကြလေသည်။ ဝမ်ဝူလန်မှ ချက်ချင်းပင် မေးလိုက်လေသည်။

"အယ် မင်းတို့ ဒီမှာရှိနေတာလား အားယွီရော ဒီမှာ ရှိလား"

သူ စကားပြောပြီးသည်နှင့် အားယွီလေး အိမ်ထဲမှ ပြေးထွက်လာခဲ့သည်အား မြင်လိုက်ရလေသည်။

"ကိုကိုငါး ဘာလို့ ဒီရောက်နေတာလဲ ကိုကိုငါးရော ဖက်ထုပ်ဦးလေးကို လာကြည့်တာလား"

ဝမ်ဝူလန်သည် အားယွီလေးအား မြင်သောအခါ ရုန်းကန်နေသော လင်းယုန်အား ချက်ချင်း သယ်ဆောင်လာခဲ့ကာ သူမ မြင်နိုင်စေရန် အတွက် သူ၏လက်ထဲရှိ လင်းယုန်အား မြှောက်ပြလိုက်တော့သည်။

"ကြည့်စမ်း ကိုကိုငါး ဘာဖမ်းမိလာလဲဆိုတာ"

ဘာအကောင်ကြီးလဲ....

ဝမ်ဝူလန်သည် လင်းယုန်ကို ကိုင်ထားနိုင်ရန် လက်နှစ်ဖက်စလုံး အသုံးပြုခဲ့ရလေသည်။ လင်းယုန်၏ ခြေထောက်များနှင့် အတောင်ပံများအား ချည်နှောင်ထားသော်လည်း အလွန်ပြင်းထန်စွာ ရုန်းကန်နေဆဲ ဖြစ်သည်။

"ဝါး ဒါ ဘာကြီးလဲ"

လင်းယုန်သည် သနားစရာကောင်းသော အော်သံကြီးအား ပြုလုပ်လိုက်လေတော့သည်။ အိမ်ထဲရှိ သွေးနံပါတ် ၁၃သည် ရုတ်တရက် နမိတ် မကောင်းသကဲ့သို့ ခံစားလိုက်ရတော့သည်။

All Chapters