← Chapters

အခန်း (၃၃၄)

Vol. 34 Ch. 334

အခန်း (၃၃၄)

Vol. 34 Ch. 334

အခန်း။ ၃၃၄

ဤပါရမီရှင်များ၏ လှုံ့ဆော်မှုစွမ်းအားမှာ ချက်ချင်းပင် ထိရောက်မှုရှိလှသည်။

ထို့ပြင် သူတို့ထဲမှ အချို့မှာ သင်ကြားပြသရာတွင် အတော်လေး ကျွမ်းကျင်ကြသည်။

ကွင်းပြင်ကျယ်ကြီးထဲတွင် လူပေါင်း ၁,၇၀၀ ကျော်မှာ နှစ်ဆတိုး ရတနာအဆောင်၏ အာနိသင်ကို ကျင့်သားရနေကြပြီဖြစ်ရာ အာရုံစူးစိုက်မှုအပြည့်ဖြင့် ချွေးသံရဲရဲထွက်အောင် ကျင့်ကြံနေကြသည်။

ရွှီရန်က ခေတ္တမျှ စောင့်ကြည့်ပြီးနောက် ချီးကျူးမိလိုက်သည်။

ဤပါရမီရှင်လေးများ နိုးထလာချိန်တွင် သူတို့သည် တကယ့်ကို ထက်မြက်လှသည့် ဓားဦးများ ဖြစ်လာကြပေလိမ့်မည်။

စီနီယာကျောင်းသားများမှာမူ သူတို့၏အဆင့်မှာ အနည်းငယ် နိမ့်ပါးနေသေးသော်လည်း ရွှီရန်၏ အဆောင်များ၊ ဝိညာဉ်စွမ်းအင် သိပ်သည်းဆ မြင့်မားလာမှုနှင့် ရွှီရန်၏ နောင်တွင်ပွင့်မည့် ဉာဏ်အလင်းပွင့်ခြင်းစွမ်းရည်တို့ကြောင့် ဘေးကင်းဇုန်ကို ကာကွယ်ရန်မှာ ပြဿနာရှိတော့မည်မဟုတ်ချေ။

သို့သော် ထိုပါရမီရှင်များရှိရုံနှင့် မလုံလောက်သေးပေ။

ရွှီရန်သည် နောက်ထပ်မျိုးဆက်သစ်များနှင့် သူတို့၏နောက်မှ မျိုးဆက်များအကြောင်းကိုပါ တွေးတောနေမိသည်။

နောက်မျိုးဆက်သစ် ကလေးငယ်များသည် မကြာမီ ခြောက်နှစ်ပြည့်တော့မည်ဖြစ်သည်။ စစ်တုရင်မြို့တော်ရှိ နတ်ဘုရားတစ်ပိုင်းမူကြိုကျောင်းတွင် ဤမျိုးဆက်သစ်၌ နတ်ဘုရားအဆင့်အရိုးတည်ဆောက်ပုံ ပါရှိသူ မရှိသလောက်ပင်။ အခြားမူကြိုကျောင်းများတွင် ငါးဦးခန့်သာရှိရာ ရွှီရန်တို့မျိုးဆက်ထက် များစွာနည်းပါးလှသည်။

ရွှီရန်တို့မျိုးဆက်တွင်မူ ၁၂ ဦးအထိ ရှိခဲ့သည်။

သူတို့၏နောက်မှလာမည့် မျိုးဆက်အတွက်မူ စာရင်းဇယားများ မထွက်သေးချေ။

သို့သော် ပေါက်ကွဲထွက်လာမည့် လက္ခဏာများ ရှိနေသလား နတ်ဘုရားအဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဦးရေမှာ ရွှီရန်တို့မျိုးဆက်ထက်ပင် သာလွန်သွားနိုင်ဖွယ် ရှိသည်။

အတိုချုပ်ပြောရလျှင် နတ်ဘုရားမြေ၏ အနာဂတ်မှာ တောက်ပနေဆဲပင်။

သင်ခန်းစာများ ပြီးဆုံးသွားသည့်အခါ ကျားမလေးနှင့် အခြားသူများမှာ စင်မြင့်ပေါ်သို့ တက်လာပြီး ရေသောက်ခြင်း၊ ချွေးသုတ်ခြင်းနှင့် အရိပ်ထဲတွင် အနားယူခြင်းတို့ကို ပြုလုပ်ကြသည်။

“အကိုကြီး... အစီအရင်ထွင်းတာ ပြီးပြီလား”

“ပြီးပါပြီ။ အရင်နားလိုက်ဦး ပြီးရင် မင်းရဲ့ ၈၀ ရာခိုင်နှုန်း အတားအဆီးကို ကျော်ဖြတ်နိုင်မလားဆိုတာ ငါကူညီပြီး လေ့ကျင့်ပေးမယ်”

ကျားမလေး၏ မျက်ဝန်းများ တောက်ပသွားသည်။

“အရမ်းကောင်းတာပေါ့။ ကျွန်မ ဒီအဆင့်မှာ ရပ်နေတာ ကြာလှပြီ”

ရွှီရန်က နွေးထွေးစွာ ပြုံးပြလိုက်သည်။

“ဒါက ပုံမှန်ပါပဲ။ ငါလည်း ဒီအဆင့်မှာ တော်တော်ကြာကြာ ရပ်ခဲ့ဖူးတာပဲ”

“ဒါနဲ့ ရှောင်ယွီဟန်၊ ထန်ချီချီ၊ ကွမ်းရှင်း၊ နင်ရွှမ်... ငါနဲ့အတူ ကျင့်ကြံခြင်းအခန်းထဲ လိုက်ခဲ့ကြဦး။ မင်းတို့သုံးဖို့ မဟာရွှေသွေးရှိတယ်”

နောက်ဆုံးအကြိမ်ကတည်းကဆိုလျှင် နှစ်လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဤနှစ်လအတွင်း ရွှီရန်၏ သွေးစွမ်းအင်တန်ဖိုးမှာ သဘာဝအတိုင်း ၃ သန်းအထိ မြင့်တက်လာခဲ့သည်။

ထို့ပြင် သူသည် မဟာရွှေသွေး၃၀ စက်ကိုလည်း စုဆောင်းမိထားရာ တစ်ယောက်လျှင် ၆ စက်စီ ပေးနိုင်တော့မည်ဖြစ်သည်။

ကျားမလေးမှလွဲ၍ ကျန်အဖွဲ့ဝင်များအတွက် မဟာရွှေသွေးကို အသုံးပြုကာ သွေးစွမ်းအင်တန်ဖိုး ၂ သိန်းအထိ မြင့်တက်စေရန်မှာ အကောင်းဆုံးပင်။ ကျားမလေးမှာလည်း ၁ သိန်း ၆ သောင်းအထိ ရောက်ရှိနိုင်မည်ဖြစ်သည်။

မဟာရွှေသွေး၆ စက်ကို စုပ်ယူပြီးနောက်တွင် သူတို့သည် ကပ်ဘေးမီးလျှံကိုလည်း စုပ်ယူနိုင်တော့မည်ဖြစ်သည်။

သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သိသိသာသာ ခုန်ပျံကျော်လွှားသွားရုံတင်မက၊

ကျူးယွီဟန်၊ နင်ရွှမ်နှင့် ထန်ချီချီတို့၏ ဒုတိယအဆင့် စွမ်းရည်များကိုလည်း အပြည့်အဝ ဖော်ထုတ်နိုင်တော့မည်ဖြစ်သည်။

ဤဒုတိယအဆင့်စွမ်းရည်များဖြင့် ထိုအဖွဲ့ဝင်များသည် ရွှီရန်အတွက် စွမ်းအားနှစ်ဆတိုးမြှင့်ပေးမှုကို ယူဆောင်လာပေးနိုင်မည်ဖြစ်ရာ ၎င်းမှာ ရေရှည်တိုးတက်မှုတစ်ရပ်ပင်။

သူတို့၏ကျင့်ကြံမှု မြင့်တက်လာသည်နှင့်အမျှ ဤစွမ်းအားမြှင့်တင်မှုမှာ ပိုမိုသိသာလာလိမ့်မည်။ သူတို့ သွေးစွမ်းအင်တန်ဖိုး ၁ သန်းအထိ ရောက်ရှိသွားပါက နတ်ဘုရားသတ်အဆင့် တိုက်ပွဲများကို ပံ့ပိုးပေးနိုင်တော့မည်ဖြစ်သည်။ သူတို့အားလုံးမှာ နတ်ဘုရားအဆင့်ပါရမီများ ရှိထားကြပြီး ကျားမလေးမှာ အထူးထူးခြားဆုံးဖြစ်သည်။ ကျူးယွီဟန်နှင့် နင်ရွှမ်တို့၏ ဒုတိယအဆင့်နှင့် တတိယအဆင့် စွမ်းရည်များမှာမူ မပေါ်ထွက်သေးသော်လည်း အလွန်အစွမ်းထက်မည်မှာ သေချာလှသည်။

သွေးစွမ်းအင်တန်ဖိုး ၁ သန်းအဆင့်တွင် သူတို့အားလုံး စုပေါင်းလိုက်ပါက သွေးစွမ်းအင်တန်ဖိုး ၅ သန်းရှိသည့် သတ္တဝါတစ်ကောင်ကို နှိမ်နင်းနိုင်လိမ့်မည်ဟု ခန့်မှန်းရသည်။

ကျားမလေးက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

“မဟာရွှေသွေး ရှိတာလား တစ်ယောက်ကို ၆ စက်တောင်လား ပြီးတော့ ကပ်ဘေးမီးလျှံလည်း ရှိတယ်ပေါ့”

ရွှီရန် “ဟုတ်တယ်။ ငါ့နောက်ကို လိုက်ခဲ့ကြ။ အသင်းခေါင်းဆောင်က မင်းတို့ကို အရှိန်မြှင့်တင်ပေးမယ်”

“ကျေးဇူးတင်ပါတယ် အကိုကြီး”

ကျူးယွီဟန် “ကျေးဇူးပါ ရှောင်ရန်...”

နင်ရွှမ်၊ ထန်ချီချီ၊ ကွမ်းရှင်း “ကျေးဇူးတင်ပါတယ် အသင်းခေါင်းဆောင်”

ထို့ကြောင့် သူတို့သည် ဘေးကပ်လျက်ရှိ ကျင့်ကြံခြင်းအခန်းသို့ အရင်သွားကြပြီး ရွှီရန်၏ ကြီးကြပ်မှုအောက်တွင် မဟာရွှေသွေး၆ စက်စီကို အသုံးပြုလိုက်ကြသည်။

လူအတော်များများ၏ သွေးစွမ်းအင်တန်ဖိုးမှာ ၂ သိန်းအထိ မြင့်တက်သွားတော့သည်။

ကျူးယွီဟန်က အားနည်းသောအသံဖြင့် “ဒါက ခြောက်လကြာ ပြင်းပြင်းထန်ထန် ကျင့်ကြံရတာနဲ့ ညီမျှတာပဲ... တကယ့်ကို အံ့ဩစရာကောင်းတဲ့ မဟာရွှေသွေးပါပဲ... ငါးလခြောက်လစာလောက် သက်သာသွားတယ်” ဟု ပြောလိုက်သည်။

သီအိုရီအရဆိုလျှင် ခြောက်လစာ သက်သာသွားခြင်းပင်။

သို့သော် လက်တွေ့တွင်မူ သက်သာသွားသည့်အချိန်မှာ ခြောက်လထက်မကချေ။ အဘယ်ကြောင့်ဆိုသော် သွေးစွမ်းအင်တန်ဖိုး ၂ သိန်းသို့ ရောက်ရှိသွားပြီးနောက်တွင် သွေးစွမ်းအင်တိုးပွားမှုနှုန်းမှာ တစ်နေ့လျှင် ၂၀၀ မှ ၃၀၀ အထိ မြင့်တက်သွားသောကြောင့်ပင်။

ထန်ချီချီ “ဟေး... အသင်းခေါင်းဆောင်နောက်ကို လိုက်တော့ တစ်နေ့ကို ထမင်းကိုးနပ် စားရသလိုပဲ”

ရွှီရန် “အရမ်းပျော်မနေနဲ့ဦး။ ကပ်ဘေးမီးလျှံလည်း ကျန်သေးတယ်”

ပြောပြောဆိုဆိုနှင့် သူသည် လက်ဖဝါးကို ဖြန့်လိုက်သည်။ အနက်ရောင်ပွင့်ချပ်များသည် သူ၏လက်ထဲတွင် ဖယောင်းတိုင်မီးအလား တဖျပ်ဖျပ်တောက်လောင်နေသည့် အနက်ရောင်မီးလျှံများအဖြစ် ပြောင်းလဲသွားသည်။

“တစ်စက်ချင်းစီ ယူကြ။ တစ်စက်ချင်းစီက မင်းတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ၁၀,၀၀၀ စီ မြှင့်တင်ပေးနိုင်တယ်”

အားလုံးက ကပ်ဘေးမီးလျှံကို လက်ခံယူလိုက်ပြီး သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်လိုက်ကြသည်။

မဟာရွှေသွေးခုနစ်စက်၏ အခြေခံအုတ်မြစ်ကြောင့် ကပ်ဘေးမီးလျှံ၏ ပြန်လည်နိုးထခြင်း အာနိသင်မှာ ဘေးအန္တရာယ်ကင်းစင်လှသည်။ အဖျက်စွမ်းအားကြီးမားသော ကပ်ဘေးမီးလျှံသည် နူးညံ့သော မီးလျှံများအဖြစ် ပြောင်းလဲသွားပြီး သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်ပေါင်း ဘီလီယံချီကို ကင်ပွန်းတပ်ပေးလိုက်ကာ နတ်ဘုရားစွမ်းအင်များအဖြစ် ပြောင်းလဲပေးလိုက်ပြီး ဆဲလ်များအတွင်းသို့ စီးဝင်ကာ အဆင့်မြှင့်တင်မှု ပြီးမြောက်သွားတော့သည်။

ထို့နောက် ဒုတိယတစ်စက်၊ တတိယတစ်စက်... သူတို့၏ လက်ရှိကျင့်ကြံမှုအဆင့်များအထိပင်။

ကျူးယွီဟန်၊ ထန်ချီချီ၊ ကွမ်းရှင်းနှင့် နင်ရွှမ်တို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ၂ သိန်းအထိ ရောက်ရှိသွားသည်။

ကျားမလေးမှာမူ နှစ်နှစ်ခွဲခန့် ပိုငယ်သည့်အတွက် သူမ၏ သွေးစွမ်းအင်တန်ဖိုးမှာ ၁ သိန်း ၆ သောင်းသာရှိပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာလည်း ၁ သိန်း ၆ သောင်းသာ ရှိသည်။ သို့သော် အမှန်စင်စစ်တွင် ကျားမလေးမှာ သူတို့ထဲ၌ တိုက်ခိုက်ရေးစွမ်းအား အမြင့်ဆုံးဖြစ်သည်။

“ဘယ်လို ခံစားရလဲ အခုဆိုရင် ဒုတိယအဆင့် စွမ်းရည်တွေကို ထိတွေ့နိုင်ပြီလား”

ရွှီရန်က ကျူးယွီဟန်နှင့် နင်ရွှမ်တို့ကို ကြည့်လိုက်သည်။

နင်ရွှမ်က စိတ်လှုပ်ရှားစွာဖြင့် “ကျွန်မ ခံစားနေရပြီ ခံစားနေရပြီ အချိန်နည်းနည်းလောက် ထပ်ပေးရင် ကျွန်မရဲ့ စွမ်းအားမြှင့်တင်တဲ့စွမ်းရည်က သေချာပေါက် အသွင်ပြောင်းသွားတော့မှာ”

ရွှီရန်က အံ့အားသင့်သွားပြီး “ဒီလောက်တောင် ယုံကြည်မှုရှိနေတာလား”

နင်ရွှမ် “ဒါပေါ့ ဒုတိယအဆင့်စွမ်းရည်တွေကို ဖွင့်ဖို့ဆိုရင် ခန္ဓာကိုယ်ကြံ့ခိုင်မှု ၂ သိန်းက အနိမ့်ဆုံးသတ်မှတ်ချက်ပဲလေ။ ကန့်သတ်ချက်ရှိတဲ့ ဘယ်စွမ်းရည်မဆို အားနည်းမှာမဟုတ်

ဘူး။ လျိုလီလေးကိုကြည့်လေ ကောင်းကင်ဘေးဒုက္ခ သုံးကြိမ်တောင် ခံယူရတာဆိုတော့ သဘာဝအတိုင်းကို အနှိုင်းမဲ့နေတာပဲ”

“ရှောင်ယွီဟန်ကော... မင်းကရော ဘယ်လိုလဲ”

ကျူးယွီဟန်က စဉ်းစားဟန်ဖြင့် မျက်လွှာချလိုက်ပြီး “အင်း... ကျွန်တော်ကတော့ အပြည့်အဝကြီး မခံစားရသေးဘူး။ ဒါပေမဲ့ အဲဒီအဆင့်ကိုတော့ ထိတွေ့နေပြီ။ နောက်ထပ် အချိန်နည်းနည်းကြာရင်တော့ အပြီးသတ် ဖော်ထုတ်နိုင်လိမ့်မယ် ထင်တယ်”

ရွှီရန် ခေါင်းညိတ်လိုက်သည်။

“မဆိုးဘူး မဆိုးဘူး။ တခြားသူတွေလည်း အသစ်အသစ်တွေ ရကြမှာပဲ မဟုတ်လား”

ထန်ချီချီ “ကျွန်မရဲ့ ဒိုင်းစွမ်းအားက ပိုတိုးလာတယ်။ ပြန်ကန်တဲ့ဒဏ်ကလည်း ပိုပြင်းလာတယ်။ ပြီးတော့ ဒဏ်ရာတွေကို ခွဲဝေယူတဲ့အခါ ဒဏ်ရာရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို လျှော့ချပစ်နိုင်တယ်...”

အားလုံး အံ့အားသင့်သွားကြသည်။ ၁၀ ရာခိုင်နှုန်းဆိုသည်မှာ အလွန်ပင် များပြားလှသော လျှော့ချမှု ဖြစ်သည်။

ရန်သူ့ထံမှ ရရှိသော သေလောက်သည့် ဒဏ်ရာကို အခြားသူနှင့် ခွဲဝေယူနိုင်ရုံတင်မကဘဲ ၁၀ ရာခိုင်နှုန်းပါ လျှော့ချနိုင်သည်ဆိုပါက ထို ၁၀ ရာခိုင်နှုန်းသည် အသက်ကို ကယ်တင်နိုင်သည့် အဆုံးအဖြတ်ပင် ဖြစ်နိုင်သည်။

“အထင်ကြီးစရာပဲ”

ရွှီရန်က ချီးကျူးလိုက်မိသည်။

“ငါသာ ရန်သူဆွဲဆောင်တဲ့စွမ်းရည်ကို ဖန်တီးပြီးရင်တော့ တိုက်ခိုက်မှုအားလုံးက ငါ့ဆီပဲ ရောက်လာမှာ။ ငါက ခံနိုင်ရည် အရမ်းရှိတာလေ”

“အသင်းခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ၃ သန်းတောင်လား”

ရွှီရန်က အလေးအနက် ပြင်ပေးလိုက်သည်။

“မူလအစွမ်းက ၃ သန်း၊ ဝိဇ္ဇာစွမ်းအင်ရတနာအဆောင်နှစ်ခုနဲ့ဆိုရင် ၆ သန်းကျော်သွားပြီ။ ငါ့မှာ ကုသတဲ့စွမ်းရည်တွေလည်း ရှိသေးတော့ ငါ့ကို ဒဏ်ရာရအောင်လုပ်ဖို့ သွေးစွမ်းအင်တန်ဖိုး ၈ သန်းလောက် လိုလိမ့်မယ်”

“ဒါပေမဲ့ ၁၅ သန်းရှိတဲ့ ပြိုင်ဘက်တောင် ငါ့ရဲ့ စက္ကူရုပ်တပ်မဟာကို မဖြတ်ကျော်နိုင်ခဲ့ဘူးလေ”

“နောင်ကျရင် ငါတို့ လေ့ကျင့်တဲ့အခါ စိုးရိမ်ရမှာက သွေးစွမ်းအင် ၄၀ သန်းအထက်ရှိတဲ့ ကပ်ဘေးအဆင့် မိစ္ဆာတွေပဲ ရှိတော့တယ်”

အဖွဲ့သားများ အချင်းချင်း ကြည့်လိုက်ကြသည်။

“...”

ငါတို့က တန်းပြီး အမြင့်ဆုံးအဆင့်တွေပဲ ဆော့တော့မှာလား။

တကယ့်ကို ရင်ခုန်စရာပါပဲ။

ရွှီရန်က ရယ်မောလိုက်ပြီး “ဒါပေါ့ အဲဒီလို အဆင့်မြင့်တာတွေကိုတော့ တတ်နိုင်သမျှ ရှောင်ရမှာပဲ။ ကောင်းကင်ဘေးဒုက္ခ ညစ်ညမ်းနယ်မြေထဲမှာ အဓိကရည်ရွယ်ချက်က ကံထူးဖို့ပဲ တိုက်ခိုက်ဖို့မဟုတ်ဘူး။ ဒါကြောင့် ကိုယ်ဖျောက်စွမ်းရည်နဲ့ အရှိန်အဝါတုပခြင်းက အရေးအကြီးဆုံးပဲ”

“ငါတို့အားလုံး သွေးစွမ်းအင်တန်ဖိုး ၁၀ သန်းစီ ရောက်သွားရင်တော့ အဲဒီနယ်မြေတွေကို အေးဆေး ရှင်းထုတ်နိုင်ပြီ”

ရွှီရန်၏ အစီအစဉ်မှာ အလွန်ပင် စေ့စပ်သေချာလှသည်။ ထို့နောက် သူသည် အားလုံးကို ကြည့်လိုက်၏။

“ကဲ... သားရဲတိုက်ခိုက်ရေးကွင်းကို သွားကြစို့။ ငါ မင်းတို့ကို နည်းနည်း ပညာစမ်းပေးမယ်။ မင်းတို့ရဲ့ တိုက်ခိုက်ရေးပညာတွေ ခုန်ပျံကျော်လွှားသွားမလားဆိုတာ ကြည့်ရအောင်”

“ကောင်းပြီ”

“ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ကျင့်ကြံမှုတွေ ဒီလောက်တက်လာတော့ အင်အားထုတ်ဖော်တဲ့ အရှိန်ကလည်း ပိုမြန်လာမှာပဲ။ အတွေးအမြင်သစ်တွေ ရနိုင်ကောင်းပါရဲ့”

ကျားမလေးက စိတ်အားထက်သန်စွာဖြင့် လက်ဝါးချင်း ပွတ်လိုက်သည်။

“အကိုကြီးရဲ့ သင်ခန်းစာတွေက အကောင်းဆုံး အခွင့်အရေးပဲ”

ထိုသို့ပြောပြီးနောက် အားလုံး ရွှီရန်၏နောက်မှ လိုက်သွားကြသည်။

ထိုအချိန်တွင် ချင်ရိဟို့၏ နတ်ဘုရားသတ်အဖွဲ့မှာ စင်မြင့်ပေါ်တွင် အနားယူနေကြသည်။

ရွှီရန်၏နောက်တွင် ကျားမလေး၊ ကျူးယွီဟန်၊ ထန်ချီချီ၊ နင်ရွှမ်နှင့် ကွမ်းရှင်းတို့ကို မြင်လိုက်ရသောအခါ ချီမုန့်လီ၏ လှပသော မျက်နှာလေးတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေကာ အနည်းငယ် မကျေမနပ် ဖြစ်နေဟန်ပင်...

တစ်ကိုယ်တော် စစ်တပ်အရှင်သခင်က သူမကို လုံးဝမရွေးချယ်ခဲ့ချေ။ သူမက ဒီလောက် တက်တက်ကြွကြွ ရှိခဲ့ပါလျက်နှင့် သူမသည် ထိုအရှင်သခင်၏ အမာခံပရိသတ် ဖြစ်နေဆဲပင်။

ဟင်း... လိုချင်တာမရတဲ့ နာကျင်မှုက တကယ့်ကို ခံရခက်ပါလား...

ချီမုန့်လီ တစ်ယောက်တည်း သက်ပြင်းချနေမိသည်။

တစ်ဖက်တွင်မူ ချင်ရိဟို့၏ အမူအရာမှာ ရုတ်တရက် အေးခဲသွား၏။

ရွှီရန်၏နောက်မှ အဖွဲ့ဝင်များ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဆပေါင်းများစွာ တိုးတက်နေပြီဖြစ်ကြောင်း သူမ ထက်မြက်စွာ ခံစားလိုက်ရသည်။

“သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ငါ့ရဲ့ အစွမ်းကုန်အခြေအနေကိုတောင် နီးကပ်နေပြီလား”

“ခုနကတုန်းက သူတို့ ဒီလောက် မသန်မာသေးဘူး မဟုတ်လား ဒါ... ရွှီရန် လုပ်ပေးလိုက်တာလား”

ချင်ရိဟို့၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားပြီး အာရုံစူးစိုက်ကြည့်လိုက်သည်။

“ကုသပေးတဲ့ ကွမ်းရှင်းတောင်မှ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၂ သိန်း ရောက်နေပြီလား”

ချင်ရိဟို့သည် သူမ၏ နှုတ်ခမ်းနီနီလေးကို ဖိထားမိပြီး ခံစားချက်မျိုးစုံ ဖြစ်နေသည်။

မူလက သူမ၏ ကျင့်ကြံမှုအရှိန်မှာ ရွှီရန်ပြီးလျှင် အမြန်ဆုံးဖြစ်ပြီး သွေးစွမ်းအင်တန်ဖိုး ၁ သိန်းခွဲဖြင့် အဝေးကြီး ရှေ့ရောက်နေခဲ့ခြင်းပင်။

ဒါပေမဲ့ အခုတော့ ရုတ်တရက် အကျော်ခံလိုက်ရပြီ...

ထိုခံစားချက်မှာ ရေခဲရေ သောက်လိုက်ရသကဲ့သို့ပင်။

“အသင်းခေါင်းဆောင်ချင်... ဘာတွေ တွေးနေတာလဲ”

ပိုင်ဖုန်းက ချင်ရိဟို့၏ ပခုံးကို ပုတ်လိုက်သည်။

ချင်ရိဟို့က ပြုံးလျက် ခေါင်းခါပြလိုက်သည်။

“ဘာမှမဟုတ်ပါဘူး ငါတို့လည်း ကြိုးစားပြီး ကျင့်ကြံရမယ်။ သူတို့ကို အမှီလိုက်ရမယ်လေ အနည်းဆုံးတော့ အံ့ဖွယ်အဖွဲ့ရဲ့ ကျောပြင်ကို မြင်နိုင်ရမယ် မဟုတ်လား”

အားလုံးက ခေါင်းညိတ်ကြသည်။

“ဒါပေါ့ အမှီလိုက်နိုင်အောင် ကြိုးစားရမှာပဲ။ ဒါပေမဲ့ ငါတို့အားလုံးက နတ်ဘုရားအဆင့် အရိုးတည်ဆောက်ပုံတွေပဲလေ။ သူတို့ရဲ့ ကျောပြင်ကိုတောင် မမြင်ရလောက်အောင်တော့ မဖြစ်နိုင်ပါဘူး... ဟုတ်တယ်မလား”

ချင်ရိဟို့သည် စကားစရန် ပြင်လိုက်ပြီးမှ ပြန်ငြိမ်သွားသည်။

သူမသည် သားရဲတိုက်ခိုက်ရေးကွင်းအလယ်သို့ ဦးတည်သွားနေသည့် ရွှီရန်တို့အုပ်စုကိုသာ ခံစားချက်မျိုးစုံဖြင့် ကြည့်နေမိတော့သည်။

စင်မြင့်ပေါ်တွင် ကျူးယွီဟန်နှင့် နင်ရွှမ်တို့မှာ မျက်စိမှိတ်ကာ သူတို့၏ အရိုးတည်ဆောက်ပုံနှင့် ဆက်သွယ်ရန် အာရုံစူးစိုက်နေကြသည်။

ရွှီရန်နှင့် ကျားမလေးမှာမူ အပြန်အလှန် ရင်ဆိုင်လိုက်ကြသည်။

နတ်ဘုရားအဆင့်နှင့် ထူးကဲနည်းပညာများ၏ ထိပ်တိုက်တွေ့ဆုံမှုက စတင်တော့မည်ပင်။

သားရဲတိုက်ခိုက်ရေးကွင်းထဲတွင် ရွှီရန်နှင့် ကျားမလေးတို့ တိုက်ခိုက်ရန် ပြင်နေကြသည်ကို မြင်လိုက်ရသောအခါ နည်းပြဆရာများက အလျင်အမြန် ပြေးလာကြသည်။

“မလုပ်နဲ့…..မလုပ်နဲ့ဦး ခဏစောင့်ပါဦး”

All Chapters