← Chapters

အခန်း (၃၃၅)

Vol. 34 Ch. 335

အခန်း (၃၃၅)

Vol. 34 Ch. 335

အခန်း။ ၃၃၅

ရွှီရန်က ဇဝေဇဝါဖြစ်စွာဖြင့် မေးမြန်းလိုက်သည်။

“ဘာကို စောင့်ရမှာလဲ”

နည်းပြက ခပ်ပြုံးပြုံးဖြင့်ပင် “ကျောင်းသားတွေ လာကြည့်ဖို့ စောင့်နေတာပေါ့။ မင်းတို့နှစ်ယောက်လုံးရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေက အရမ်းကို အစွမ်းထက်လွန်းတယ်။ မင်းတို့ တိုက်ခိုက်နေတဲ့ မြင်ကွင်းကို ကြည့်ရရုံနဲ့တင် ကျောင်းသားတွေအတွက် အများကြီး သင်ယူစရာဖြစ်ပြီး အကျိုးရှိမှာပါ”

ရွှီရန် “...”

ကျားမလေး - “...”

“ကောင်းပါပြီ... ဒါဆိုရင် မြန်မြန်ဆန်ဆန်ပဲ လုပ်ကြတာပေါ့”

နည်းပြက ခေါင်းညိတ်လိုက်ရင်း “ပြဿနာမရှိပါဘူး။ ကျောင်းသားတွေကို ချက်ချင်း စုစည်းလိုက်ပါ့မယ်”

ငါးမိနစ်ခန့် ကြာမြင့်သောအခါတွင်မူ အတန်းအသီးသီးမှ ကျောင်းသားအားလုံးသည် စင်မြင့်

ထက်၌ လျင်မြန်စွာ စုရုံး၍ ရောက်ရှိလာကြသည်။ စစ်တပ်တစ်ခုကဲ့သို့ စည်းကမ်းတကျဖြင့် ညီညီညာညာ ဝင်ရောက်နေရာယူလိုက်ကြခြင်းပင်။ ရွှီရန်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။ နည်းပြများက တကယ့်ကို ကောင်းမွန်စွာ သင်ကြားပြသပေးထားခြင်းပင်။ အမိန့်ပေးသံအတိုင်း တိတိကျကျ လိုက်နာကြပြီး အရာအားလုံးမှာ စနစ်တကျ ရှိနေသည်။ ဤပါရမီရှင်များဖြင့် ဖွဲ့စည်းထားသော တိုက်ခိုက်ရေးတပ်ဖွဲ့မှာ အနာဂတ် စစ်မြေပြင်၌ တကယ့်ကို ထက်မြက်သည့် ဓားဦးတစ်ခု ဖြစ်လာမည်မှာ သေချာလှသည်။

ရွှီရန် ခေါင်းညိတ်လိုက်မိသည်။ နည်းပြက စင်မြင့်ပေါ်မှနေ၍ အသံကျယ်ကျယ်ဖြင့် အော်ဟစ်၍ ပြောဆို လိုက်သည်။

“ကဲ... တိုက်ပွဲကို စတင်လို့ ရပါပြီ”

ရွှီရန် ခေါင်းညိတ်ပြလိုက်ပြီး ကျားမလေးကို ကြည့်လိုက်သည်။

“မင်းရဲ့ နည်းစနစ်တွေ အကုန်လုံးကို အသုံးပြုလို့ရတယ်။ တိုက်ပွဲအတွင်းမှာ မင်းရဲ့ လွဲချော်မှုတွေကို ငါ ပြင်ဆင်ပေးမယ်။ အကယ်၍ လွဲချော်တာမျိုး မရှိဘူးဆိုရင်တော့ ငါ မင်းကို ဖိအားပေးမယ်။ ပြင်းထန်တဲ့ ဖိအားတွေကြားထဲမှာမှ အတားအဆီးတွေကို ကျော်ဖြတ်နိုင်မယ့် အခွင့်အရေးကို ရှာဖွေကြည့်ပါ”

ကျားမလေးက ချိုချိုသာသာ ပြုံးပြလိုက်ပြီး “လက်ဝှေ့နည်းစနစ်နဲ့ အရင်စရင် ဘယ်လိုလဲ” ဟု မေးလိုက်သည်။

ရွှီရန် “ကောင်းပြီလေ”

သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး လက်တစ်ကမ်း အကွာအဝေးတွင် ရပ်တန့်လိုက်ကြပြီး ခြေထောက်များကို တစ်ဝက်ထိုင်ပုံစံဖြင့် ခိုင်ခိုင်မာမာ တည်ထားလိုက်ကြသည်။ ဤတိုက်ခိုက်မှုပုံစံမှာ ခြေလှမ်းများ သို့မဟုတ် ကိုယ်နေဟန်ထားများကို အသုံးမပြုပေ။

လက်သီးချက်များနှင့် တံတောင်ဆစ် တိုက်ကွက်များအပေါ်၌သာ အပြည့်အဝ အားပြုရခြင်းပင်။ ၎င်းမှာ လှောင်အိမ်ထဲမှ မျက်နှာချင်းဆိုင် တိုက်ပွဲမျိုးနှင့် ဆင်တူသည်။ တိုက်ခိုက်သူ နှစ်ဦးစလုံးမှာ လက်တစ်ဝက်ခန့်သာ ဝေးသည့်နေရာတွင် ရှိနေရပြီး ရရှိလာသော ဒဏ်ရာများကို ကြံ့ကြံ့ခံရမည်ဖြစ်သည်။ တုံ့ပြန်မှု အရှိန်၊ တုန်ခါမှု စွမ်းအား အသုံးချပုံနှင့် ခံနိုင်ရည် အားများကိုသာ အဓိက ယှဉ်ပြိုင်ရခြင်းပင်။

တစ်ခါတစ်ရံတွင် ကျားမလေးနှင့် ကျူးယွီဟန်တို့သည် ဤနည်းလမ်းဖြင့် တိုက်ခိုက်လေ့ရှိပြီး အဆုံးသတ်တွင်မူ နှစ်ဦးစလုံး မျက်နှာ၌ အညိုအမည်းများဖြင့် ကျန်ရစ်တတ်သည်။ သို့သော် သူတို့၏ နည်းစနစ်ပိုင်း တိုးတက်မှုမှာမူ သိသိသာသာ ကောင်းမွန်လှသည်။

ရွှီရန်က နွေးထွေးစွာ ပြုံးပြလိုက်ရင်း “မင်း တိုက်စစ်ဆင်ပါ။ ငါက မင်းရဲ့ အကွက်တွေကို ပြန်လည်တုံ့ပြန်ပေးမယ်” ဟု ပြောလိုက်သည်။

ကျားမလေး၏ ရွှေရောင်မျက်ဝန်းများမှာ တောက်ပသွားသည်။ သူမ၏ ဖြူစင်နုနယ်သော ညာဘက်လက်မောင်းကို ခပ်စောင်းစောင်း မြှောက်လိုက်ပြီး ရွှီရန်ဆီသို့ ဦးတည်လိုက်သည်။ ရွှီရန်က သူ၏ ဘယ်ဘက်လက်မောင်းကို နောက်ပစ်ထားပြီး ညာဘက်လက်မောင်းကို အသုံးပြုကာ ကျားမလေး၏ လက်မောင်းနှင့် ထိတွေ့လိုက်သည်။ အေးမြသော အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။

ဝူး...

ပလွေတိုလေးတစ်ချောင်းကို မှုတ်လိုက်သည့် အသံကဲ့သို့ လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။ သူမ၏ အရှိန်မှာ ဦးရေပြား တစစ်စစ် တုန်သွားလောက်အောင်ပင် မြန်ဆန်လွန်းသည်။ စင်မြင့်ပေါ်မှ နည်းပြများမှာမူ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း

“...”

ဘုရားရေ...

ဒီလောက် မြန်တဲ့အရှိန်ကို မြင်အောင်ကြည့်နိုင်ဖို့ဆိုရင် နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းက ပါရမီရှင်တစ်ယောက် ဖြစ်မှပဲ ရလိမ့်မယ် ထင်တယ်။ တတိယနှစ်က ထိပ်တန်းကျောင်းသားတွေတောင် ဒီလောက်မြင့်မားတဲ့ တိုက်ခိုက်ရေးအဆင့်ကို နားလည်နိုင်ဖို့ ခက်လိမ့်မယ်။

“ကင်မရာနဲ့ မှတ်တမ်းတင်ထားကြ။ နောက်မှပဲ အရှိန်လျှော့ပြီး သေချာ ပြန်လည်လေ့လာကြတာပေါ့”

နည်းပြများက စကားအနည်းငယ် ဆိုလိုက်ကြပြီး မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြတော့သည်။

ရွှီရန်နှင့် ကျားမလေးတို့သည် လက်ချင်းယှဉ်၍ စဉ်ဆက်မပြတ် ဝန်းရံ၍ လှည့်ပတ်နေကြသည်ကိုသာ မြင်တွေ့ကြရသည်။ ကျားမလေး၏ အမူအရာမှာ အလွန်တည်ကြည်လေးနက်နေပြီး ဧရာမကြိတ်ဆုံကြီးတစ်ခုကို လက်တစ်ဖက်တည်းဖြင့် တွန်းရွှေ့နေသကဲ့သို့ လေထဲတွင် သူမ၏လက်မောင်းဖြင့် စည်းချက်ကျကျ ဝိုင်းပြနေ၏။

သူမသည် လျင်မြန်ဖြတ်လတ်သော ဖောက်ထွင်းလက်နည်းစနစ်ကို အသုံးပြု၍ ရွှီရန်၏ အကာအကွယ်ကို ဖောက်ထွက်ရန် ကြိုးပမ်းနေခြင်းပင်။ သို့သော် ရွှီရန်၏ ခုခံမှုမှာ မဖောက်ထွင်းနိုင်လောက်အောင် ခိုင်မာလွန်းလှသည်။

ကျားမလေးက မည်သို့ပင် အားစိုက်ထုတ်သည်ဖြစ်စေ၊ ထောင့်ချိုးများ မည်မျှပင် ပြောင်းလဲသည်ဖြစ်စေ ရွှီရန်၏ လက်မောင်းသည် သူမ၏လက်နှင့် တသားတည်း ကပ်ပါနေသဖြင့် မည်သို့မျှ ကျော်ဖြတ်နိုင်ခြင်း မရှိချေ။

ကျားမလေး၏ အကြည့်တို့က ပိုမိုတင်းမာလာသည်။ အနည်းငယ်မျှပင် တိုးမရဘဲ အရာအားလုံးကို ကြိုတင်ခန့်မှန်း ပိတ်ဆို့ထားသကဲ့သို့ အလွန်တည်ငြိမ်လွန်းလှသည်။ တိုက်ခိုက်ရေးနည်းစနစ် ၇၉ ရာခိုင်နှုန်းအဆင့်နှင့် သူမ၏အစ်ကိုဖြစ်သူကြားရှိ ကွာဟချက်မှာ ချောက်ကမ္ဘာကြီးသဖွယ် နက်ရှိုင်းနေကြောင်း သူမ သိရှိလိုက်ရသည်။

ကျားမလေးသည် အစွမ်းကုန် အားစိုက်ထုတ်လိုက်သဖြင့် မျက်နှာလေးမှာ နီရဲလာကာ ဤနည်းဖြင့် မအောင်မြင်နိုင်ကြောင်း သိသဖြင့် နည်းစနစ်ကို ချက်ချင်းပြောင်းလဲလိုက်သည်။

သူမသည် ညာဘက်လက်မောင်းကို ရုတ်တရက် ရုတ်သိမ်းလိုက်ပြီး ဘယ်ဘက်လက်သီးဖြင့် ထိုးနှက်ကာ ညာဘက်လက်ဝါးဖြင့် ထပ်ချပ်မကွာ လိုက်ပါတိုက်စစ်ဆင်သည်။ ရွှီရန်က ဘေးသို့တစ်ချက်ရှောင်၍ ထိုလက်သီးချက်ကို တိမ်းလိုက်သော်လည်း ဘယ်ဘက်လက်ကိုမူ နောက်ပစ်ထားဆဲပင်။ သူသည် ညာဘက်လက်ဝါးတစ်ဖက်တည်းဖြင့်သာ ကျားမလေး၏ ညာဘက်လက်သီးကို ပိတ်ဆို့ချုပ်ကိုင်ထားသည်။

ကျားမလေး အနည်းငယ် စိုးရိမ်စိတ်ဝင်လာသည်။ သူမသည် ဘယ်ဘက်လက်သီးကို ရုတ်သိမ်း၍ ဝှေ့လက်သီးဖြင့် ပစ်လွှတ်လိုက်ပြီး ညာဘက်လက်သီးဖြင့်လည်း ရွှီရန်၏လက်မောင်းကို ကျွမ်းကျင်စွာ ကျော်ဖြတ်၍ ပြင်းထန်စွာ ထိုးနှက်သည်။

ရွှီရန်က ပြုံးလျက် လက်ဝါးကို အနည်းငယ် ကွေးညွတ်ကာ ထိုပြင်းထန်သော တိုက်ကွက်ကို အသာအယာ ဖိချလိုက်ပြီး ကျားမလေး၏ ညာဘက်လက်မောင်းကို သူမ၏ရင်ဘတ်ဆီသို့ ပြန်ခေါက်ထားလိုက်သည်။

ကျားမလေးက သူမ၏ ဘယ်ဘက်လက်မောင်းကို မြှောက်၍ ရွှီရန်၏ လည်ပင်းကို အပြတ်အသတ် ဝှေ့တိုက်သော်လည်း ရွှီရန်က ဖမ်းဆုပ်လိုက်ပြီး ဘယ်ဘက်လက်ကိုပါ ထပ်မံခေါက်ထားလိုက်ပြန်သည်။

လက်နှစ်ဖက်လုံး အခေါက်ခံထားရသော်လည်း ကျားမလေးက ပါးနပ်စွာ ပြုံးလိုက်ပြီး ခန္ဓာကိုယ်ကို လေးတစ်စင်းကဲ့သို့ တင်းလိုက်ကာ ဘယ်ဘက်တံတောင်ဆစ်ဖြင့် ရွှီရန်၏ မေးစေ့ကို အမြန်နှုန်းဖြင့် ပင့်တိုက်လိုက်သည်။

သူမ၏ နည်းစနစ်များမှာ အလွန်ကျွမ်းကျင်လှပြီး မြန်နှုန်းမြင့် တိုက်စစ်များဖြင့် ရွှီရန်ကို သူမနှင့် နီးကပ်လာစေရန် ဖိအားပေးနေခြင်းပင်။ အကွာအဝေး အလွန်နီးကပ်သွားမှသာ တံတောင်ဆစ်တိုက်ကွက်ကဲ့သို့ အဆုံးအဖြတ် တိုက်ကွက်များကို အသုံးပြုခြင်းပင်။ လူ့ခန္ဓာကိုယ်၏ အမာဆုံးအစိတ်အပိုင်းဖြစ်သော တံတောင်ဆစ်၏ ဖျက်ဆီးအားမှာ လက်သီးထက် သာလွန်ပြီး လက်နက်တစ်ခုကဲ့သို့ အန္တရာယ်ကြီးလှသည်။

ကျားမလေး၏ တံတောင်ဆစ်တိုက်ကွက်မှာ အရှိန်အဟုန်ပြင်းစွာ ရောက်ရှိလာသော်လည်း ၎င်းသည် အပြီးသတ်တိုက်ကွက် မဟုတ်သေးဘဲ ညာဘက်တံတောင်ဆစ် ဝှေ့တိုက်ကွက်က ထပ်မံပါဝင်လာဦးမည်ဖြစ်သည်။

ရွှီရန်က ကျားမလေး၏ အကြံကို ရိပ်မိသဖြင့် သူမကို လက်တစ်ဖက်ဖြင့် ဆွဲယူကာ ရင်ခွင်ထဲသို့ ရောက်စေခဲ့သည်။ ကျားမလေး၏ ညာဘက်တံတောင်ဆစ်က ဝှေ့တိုက်ရန် ပြင်နေစဉ်မှာပင် ရွှီရန်က သူမ၏ ညာဘက်လက်မောင်းအပေါ်ပိုင်းကို ဓားလက်ဝါးဖြင့် အသာအယာ ပုတ်လိုက်သည်။

ကျားမလေး၏ လက်မောင်းမှာ ချက်ချင်းပင် ထုံကျင်သွားတော့သည်။ သူမသည် ရွှီရန်နှင့် ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာလိုက်ပြီး ဦးရေပြားများ တစစ်စစ်တုန်ရင်း ရွှီရန်ကို ကြည့်နေမိသည်။ "ကျွန်မရဲ့ နည်းစနစ်တွေ အကုန်လုံး အဖောက်ခံလိုက်ရပြီ ဘာလုပ်ရမလဲ"

ထိုသို့မေးရာ ရွှီရန်က လက်ကိုဘေးသို့ ဖြန့်လိုက်ပြီး "ကိုယ့်ဘာသာကိုယ် အဖြေရှာကြည့်ပါ" ဟု ပြန်ဖြေလိုက်သည်။

ကျားမလေးသည် အလေးအနက် စဉ်းစားနေမိသည်။ စင်မြင့်ပေါ်မှ ချင်ရိဟို့ကဲ့သို့သော ထိပ်တန်းပါရမီရှင်များမှာလည်း သူတို့နှစ်ဦး၏ တုနှိုင်းမဲ့သော တိုက်ခိုက်ရေးနည်းစနစ်များကို ကြည့်ရှုရင်း တုန်လှုပ်မိနေကြသည်။ တိုက်ကွက်တိုင်းသည် အတုအယောင်နှင့် အစစ်အမှန်ကို ကျွမ်းကျင်စွာ ပေါင်းစပ်ထားခြင်းပင်။

ရွှီရန်မှလွဲ၍ အခြားသူဖြစ်ပါက ကျားမလေး၏ ပထမဆုံးသော ဝိုင်းတိုက်ကွက်မှာပင် လဲကျသွားနိုင်သည်။ ကျားမလေး၏ တိုက်ခိုက်ရေးနည်းစနစ်များမှာ အားနည်းနေခြင်း မဟုတ်ဘဲ ရွှီရန်ကသာလျှင် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်သို့ ရောက်ရှိနေခြင်းပင်။

ကျားမလေး၏ တိုက်ကွက်တိုင်းသည် ရန်သူကို စမ်းသပ်နေခြင်းဖြစ်ပြီး စွမ်းအားအချို့ကို အမြဲအရန်သင့် ချန်ထားလေ့ရှိသည်။ အကယ်၍ ရွှီရန်က အားနည်းချက် အနည်းငယ် ပြလိုက်

သည်နှင့် ထိုအရန်စွမ်းအားများသည် တုန်ခါမှုစွမ်းအားနှင့်အတူ သေလောက်သည့် တိုက်

ကွက်များအဖြစ် ပြောင်းလဲသွားမည်ပင်။

သူမ၏ လက်သီးချက်များမှာ အလွန်ပင် နာကျင်ဖွယ်ကောင်းလှကြောင်း ချင်ရိဟို့တို့ သိရှိထားကြသည်။ အထူးသဖြင့် လက်သီးတွင် ရွှေရောင်အလင်းတန်းများ ဝန်းရံသွားသည့်အခါ ချန်ကျွင်း၏ နတ်ဘုရားသတ်ချပ်ဝတ်ပင်လျှင် ချက်ချင်း ပေါက်ထွက်သွားခဲ့ရဖူးသည်။

All Chapters