အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း (၆၁)
စကားပုံတွေလျှောက်မသုံးနဲ့, ကိုယ့်ပုံရိပ်ကိုထိန်းစမ်းပါ
ဂူအတွင်းကမ္ဘာ၌ ရေခဲကမ္ဘာတစ်ခုအဖြစ်ပြောင်းနေပြီး နေရာတိုင်း ရေခဲသလင်းကျောက်တွေဖြင့် ဖုံးလွမ်းနေခဲ့သည်။
ဒဏ်ရာအပြင်းအထန်ရနေသည့် သားရဲတစ်ကောင် လေအေးတွေထဲ၌ ရန်သူကို ရှောင်ရှားနေခဲ့သည်။
သို့ပေမယ့် နောက်တစ်ခဏ၌ ကြီးမားသည့်ရေခဲဓားကြီး သိပ်သည်းသည့်မြူတွေကို ထိုးဖောက်ပြီး သားရဲကြီးကို အညာတာကင်းမဲ့စွာ ထိုးစိုက်လိုက်သည်။
ဝေါင်း...
သားရဲ နာကျင်စွာဟိန်းဟောက်လိုက်၏။
ထို့နောက် လေအေးတွေ ၎င်းကိုယ်ထဲထိုးဖောက်ဝင်ရောက်လာပြီး ရေခဲရုပ်ထုအဖြစ်ပြောင်းကာ ကွဲကြေသွားခဲ့သည်။
မုန့်ချန်ချင်းပုံရိပ်ဖြည်းညင်းစွာပေါ်လာပြီး သားရဲအလောင်းရှေ့၌ရပ်လိုက်၏။
သူ့အခြေအနေလည်းအရမ်းကြီးကောင်းမနေပေ။
အပေါ်ပိုင်းအဝတ်တစ်ခုလုံးနီးပါးစုတ်ပြဲနေပြီး အရေပြား၌လည်း များစွာသောလက်သည်းရာတွေရှိနေခဲ့သည်။
ကံကောင်းစွာဖြင့် ၎င်းတို့မှာမနက်ပေ။
အသေးစားအပြင်ပိုင်းဒဏ်ရာတွေသာဖြစ်သည်။
"တကယ်ကို တစ်စုံတစ်ခုတောင်းနေသလိုပဲ..."
မုန့်ချန်ချင်း အဝတ်သစ်တစ်ထည်ထုတ်ပြီး ဝတ်ဆင်လိုက်၏။
ဤသားရဲကို ငွေရောင်လေညင်းခရမ်းမြွေပါဟု ခေါ်၏။
၎င်းက လုပ်ကြံသတ်ဖြတ်မှုကိုကျွမ်းကျင်ပြီး မယုံနိုင်လောက်သည့်အရှိန်ရှိ၏။
မုန့်ချန်ချင်းသာ ဓားခြေလှမ်းကို ပြီးပြီးစုံခြင်းအဆင့်ထိ မြှင့်တင်မထားပြီး ၎င်း၏အရှိန် လေအေးတွေ၏သက်ရောက်မှုမခံရလျှင် ပြဿနာများပြီပင်။
သို့ပေမယ့် ထိုသို့ဆိုလျှင်တောင် သူ့အသားတွေအနည်းငယ်ပွန်းပဲ့သွားဆဲဖြစ်သည်။
"ငါ့ရဲ့ရုပ်ခန္ဓာကို မြန်မြန်သန့်စင်ဖိုလိုနေပြီ..."
သူ၏တိုက်စစ်မှာအားကောင်းသော်လည်း ဤကဲ့သို့လုပ်ကြံသတ်ဖြတ်ရေးကျွမ်းကျင်သူနှင့်ရင်ဆိုင်ရာ၌ ခုခံရေးကိုမှီခိုနေရဆဲဖြစ်သည်။
ထိုအရာကိုတွေးပြီး မုန့်ချန်ချင်း ကျောက်စိမ်းစင်မြင့်ပေါ် လျှောက်သွားလိုက်သည်။
ကျောက်စိမ်းစင်မြင့်ပေါ်၌ သေတ္တာတစ်ခုရှိနေပြီး အတော်ကြီး၏။
ဖွင့်ကြည့်လိုက်ရာအထဲ၌ အဖြူရောင်ဖျော့ဖျော့အလင်းရောင်တွေထုတ်လွတ်နေသည့် ကျောက်တုံးအပိုင်းအစနှစ်ခုရှိနေခဲ့သည်။
"ဒါ ဘာတွေလဲ...."
မုန့်ချန်ချင်း ပဟေဠိဖြစ်သွား၏။
ယခုချိန်ထိ သူက ဆေးလုံးနှင့် ဆေးပင်များစွာ တွေ့ပြီးဖြစ်သည်။
ကျောက်တုံးကတော့....
ဤတစ်ချိန် ပထမဆုံးဖြစ်သည်။
"သတ္ထုရိုင်းလား...."
မုန့်ချန်ချင်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။
သူက တစ်ခုကိုကောက်ယူပြီး ဂရုတစိုက်စစ်ဆေးလိုက်၏။
၎င်းက သတ္ထုရိုင်းတစ်ခုနှင့်တူသော်လည်း ထူးဆန်းသည့်စွမ်းအားတစ်ခု ပါဝင်နေ၏။
"ဘယ်လိုပဲဖြစ်ဖြစ်, နောက်မှလေ့လာကြတာပေါ့..."
မုန့်ချန်ချင်း သိမ်းပြီး လှည့်ထွက်သွားခဲ့သည်။
သူက အခြားအခွင့်လမ်းနေရာတွေအတွက် အသင့်ဖြစ်နေခဲ့သည်။
သူထွက်သွားပြီးမကြာခင် ပုံရိပ်နှစ်ခု ဂူကမ္ဘာထဲကို ဝင်လာခဲ့သည်။
နှစ်ယောက်လုံးက အရပ်ရှည်ပြီး ခန္ဓာကိုယ်တွေက တုတ်ခိုင်သန်မာကြသည်။
သူတို့က မုန့်ချန်ချင်း အချိန်အတော်ကြာစောင့်ဆိုင်းနေသည့် ရှီညီအကိုမှလွဲပြီး အခြားသူတွေ မဟုတ်ကြပေ။
"ဒီနေရာလည်း ဘာလို့ လူလာပြီးသားဖြစ်နေရတာလဲ...."
ရှီယောင် ပတ်ဝန်းကျင်ရှိ တဖြည်းဖြည်းအရည်ပျော်နေသည့် ရေခဲသလင်းကျောက်တွေကို ကြည့်လိုက်သည်။
ထို့နောက် တစ်ခုကောက်ပြီး ပါးစပ်ထဲထည့်ကာ ကျယ်လောင်စွာဝါးစားလိုက်သည်။
"ငါတို့ လာတဲ့လမ်းတစ်လျှောက် နေရာသုံးလေးခုလောက် တွေ့ပြီးပြီ, ပြီးတော့ အကုန်ဗလာတွေကြီးတွေပဲ...."
"ကြည့်ရတာ လူတစ်ယောက်တည်းနဲ့တူတယ်။ အဲ့ဒီနေရာတွေအကုန်လုံးမှာ ဒီနေရာလိုပဲ ရေခဲတွေ ရစ်ဆိုင်းနေတယ်..."
ရှီဂွမ် ဘေးဘယ်ညာကို ကြည့်ရှုလိုက်သည်။
ရေဆာလို့ဖြစ်ကောင်းဖြစ်နိုင်၏။ သူလည်း တစ်ခုကောက်ပြီး စတင်ဝါးစားတော့သည်။
"ဒီလူက အတော်လေးအားကောင်းတယ်, ဒီလောက်များတဲ့အဆင့် ၃ သားရဲတွေကို တစ်ယောက်တည်းသတ်နိုင်တယ်..."
ရှီယောင် မဝသေးသလိုခံစားရပြီး အနည်းငယ်ပိုများများကောက်ယူလိုက်သည်။
"ဟုတ်တယ်, သန်မာတယ်..."
ရှီဂွမ်းခေါင်းညိတ်လိုက်၏။
ထို့နောက် တစ်စုံတစ်ခုကိုခံစားမိသကဲ့သို့ သူ့နှာခေါင်းပွဆုတ်ပွဆုတ် ဖြစ်သွား၏။
သူ့ခြေထောက်အောက်ရှိမြေပြင်လည်း ရုတ်တရက်ကျွံဝင်သွားပြီး ရှေ့ပြေးတက်ကာ ကျောက်စိမ်းစင်မြင့်ပေါ်ရောက်သွား၏။
ရှီယောင် အလျှင်အမြန်ပဲ နောက်ကလိုက်လာခဲ့သည်။
"ဒါက..."
သေတ္တာကပွင့်နေပြီး ဘာမှမရှိတော့သော်လည်း ရှီဂွမ်းမျက်လုံးတွေ တောက်ပသွား၏။
"ခြင်ဆီကျောက်တုံးရဲ့အနံ့...."
"ခြင်ဆီကျောက်တုံး..."
ရှီယောင် အသက်ပြင်းပြင်းရူလိုက်၏။
"တကယ်ပဲကိုး..."
"ကြည့်ရတာ ဒီနေရာက လူအိုကြီးငါတို့ကို လာစေချင်တဲ့နေရာပဲ။ ဒါပေမယ့် စီးနင်းပြီးသားဖြစ်နေပြီ..."
ဖြန်း...
"စကားပုံတွေကို လျှောက်မသုံးနဲ့။ အခွင့်လမ်းကိုလက်ဦးသွားပြီလို့ပြောရမှာ..."
ရှီဂွမ်း ရိုက်ချက်တစ်ခုနှင့် အမှန်ပြင်ပေးလိုက်သည်။
"အဲ့လိုလား..."
"ဒါပေါ့...."
"ကောင်းပါပြီ, မင်းက တော်ပါတယ်..."
ရှီယောင် ငြီးတွားလိုက်၏။
"ဒါဆို ခုဘာလုပ်ကြမလဲ။ ပစ္စည်းကပါသွားပြီ, ငါတို့နောက်ကလိုက်လုသင့်လား..."
"ကိုယ့်ပုံစံကိုယ်ထိန်းစမ်းပါ။ အမေပြောလိုက်တယ်လေ, ငါတို့လက်သီးတွေကို ကိုယ့်လူတွေဆီ မရွယ်ရဘူးလို့...."
ရှီဂွမ်းပြောလိုက်သည်။
"ငါတို့ အခြားပစ္စည်းနဲ့ အလှဲအလှယ်လုပ်ရမယ်...."
"သူငြင်းရင်ကော...."
"မငြင်းပါဘူး။ သာမန်လူတွေအတွက် ခြင်ဆီကျောက်တုံးက အသုံးမဝင်တဲ့သာမန်ကျောက်တုံးတစ်ခုပဲ...."
"ဒါပေမယ့် ငါတို့ကျောက်တုံးလူမျိုးတွေအတွက်တော့ ဒီပစ္စည်းက ဆေးလုံးတွေထက်ပိုအကျိုးရှိတယ်...."
ရှီဂွမ်း တစ်ခဏတွေးပြီး ပြောလိုက်သည်။
"ဒါဆိုလည်း ကောင်းပြီလေ...."
မည်သူက သူ့အကိုထက် ပိုဉာဏ်ကောင်းမည်နည်း။ သူက အရာရာတိုင်းမှာ သူ့အကိုစကားသာ နားထောင်နိုင်၏။
"သွားစို့။ ဒီလူအဝေးကြီးမရောက်လောက်သေးဘူး။ ငါတို့လိုက်မှီချင်လိုက်မှီမှာ..."
"ကောင်းပြီလေ..."
နှစ်ယောက်သား ချက်ချင်းပဲ အဝင်ဝကို အပြေးသွားလိုက်သည်။
.....
လေးရက်မြောက်နေ့...
လျို့ဝှက်နယ်မြေထဲ၌ အစွမ်းထက်သားရဲတွေနှင့်ပြည့်နှက်နေသော်လည်း ဝင်လာသည့်တပည့်တွေက အဆုံးမှာတော့ ထိုက်ရွမ်ဂိုဏ်းက လေ့ကျင့်ပေးလိုက်တာဖြစ်သည်။
သူတို့၌ ခိုင်မာသည့်အုတ်မြစ်ရှိ၏။
လူတစ်ယောက်နှင့်မလုံလောက်လျှင် အဖွဲ့ဖွဲ့နိုင်၏။
ဤသို့ဖြင့် အနီဖျော့အခွင့်လမ်းအားလုံး လျှင်မြန်စွာပဲ ကုန်သွားခဲ့သည်။
သူတို့အနီရင့်အခွင့်လမ်းနေရာတွေဆီရောက်သည့်အခါ ဘာမှမရှိတော့တာကို တွေ့လိုက်ရသည်။
လုံးဝဘာမှမရှိတော့ပေ။
သူတို့က ၎င်းတို့ကို ထိုထိပ်တန်းပါရမီရှင်တွေယူသွားပြီဟု တွေးလိုက်ကြပြီး နောက်ဆုံးအခွင့်လမ်းနေရာဆီ အပြေးသွားကြတော့သည်။
အဆုံးမှာတော့ မြေပုံပေါ်၌ ဤအခွင့်လမ်းနေရာက အနီရင့်ရောင်နေရာတွေထက် ပိုတောက်ပနေခဲ့သည်။
၎င်းက အနီနက်ရောင်ပင်။
သိသာစွာပဲ ခက်ခဲမှုကလည်း ပိုမြင့်ပြီ ခုချိန်ထိ မယူနိုင်သင့်သေးပေ။
သူတို့က ဘာမှမလုပ်နိုင်သော်လည်း အနည်းဆုံး ပွဲသွားကြည့်လို့ရတာဖြစ်သည်။
တိတ်ဆိတ်သည့်တောင်ကြားတစ်ခု...
မြေပြင်က အပိုင်းပိုင်းကျိုးပဲ့နေကာ ချိုင့်ကွက်တွေနှင့် ပြည့်နှက်နေ၏။
စစ်မှန်ချီအကြွင်းအကျန်နှင့် နတ်ဆိုးစွမ်းအင်တွေလည်း နေရာအနှံ့ပျံ့နှံ့နေခဲ့သည်။
"ကြည့်ရတာ ဒီနေရာလည်း ယူသွားပြီပဲ..."
မုန့်ချန်ချင်းပုံရိပ် ဖြည်းညင်းစွာပေါ်လာ၏။
သူက ပတ်ဝန်းကျင်ကို စစ်ဆေးပြီး အတော်လေး နောင်တသလို ခံစားလိုက်ရသည်။
သို့ပေမယ့် ဤအရာကို သူမျှော်လင့်ထားပြီဖြစ်သည်။
သူက ဘယ်လိုလုပ် အကုန်လုံးကို တစ်ယောက်တည်း ဝါးမျိုနိုင်မည်နည်း။
အခြားထိပ်တန်းပါရမီရှင်တွေလည်း အိပ်နေကြမည်မဟုတ်ပေ။
သူတို့အများစုက ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို ချိုးဖျက်ပြီးပြီဖြစ်သည်။
"လူတစ်ယောက်က လောဘမကြီးသင့်ဘူး..."
မုန့်ချန်ချင်း နှုတ်ခမ်းတွေ အနည်းငယ်တွန့်ကွေးသွား၏။
သူက အလုံအလောက်ရရှိပြီးနေပြီဖြစ်သည်။
အနီရင့်အခွင့်လမ်းနေရာ ၁၀ခု၌ သူက ၅ နေရာ ရပြီးပြီးဖြစ်သည်။
အနီဖျော့အခွင့်လမ်းအချို့လည်းရရှိခဲ့၏။
ဖြတ်သွားသည့်နေရာတိုင်း အကုန်အပြောင်ရှင်းခဲ့တာဖြစ်သည်။
ထို့ကြောင့် မုန့်ချန်ချင်း သိုလှောင်လက်စွပ်ထဲ၌ အရင်းအမြစ်များစွာရှိနေပြီဖြစ်သည်။
နောက်ပိုင်း ဘာမှမရတော့ဘူးဆိုလျှင်တောင် ဤခရီးက အလဟသဖြစ်တော့မည်မဟုတ်ပေ။
"အခု, နောက်ဆုံးတစ်ခုကို သွားဖို့ အချိန်ကြပြီ...."
မုန့်ချန်ချင်း မြေပုံထုတ်ကြည့်လိုက်သည်။
အလယ်၌ အမှတ်တစ်မှတ်ရှိနေပြီး အနီရင့်ရောင်တွေထက် ပိုနက်မှောင်၏။
သိသာစွာပင်, စောင့်ကြပ်နေသည့်သားရဲကလည်း အလွန်အမင်းအားကောင်းရမည်ပင်။
ထို့ကြောင့် မုန့်ချန်ချင်း ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို အဆင့်ချိုးဖျက်ပြီးပြီးချင်း မသွားခဲ့တာဖြစ်သည်။
သူသာ ထိုကောင်ကို မနိုင်လျှင် အချိန်ဖြုန်းတာပဲဖြစ်မည်ပင်။
သို့ပေမယ့် အခုတော့, ကြိုးစားကြည့်သင့်၏။
ထို့ပြင် သူ့တွက်ချက်မှုအရ လူအများစုလည်း ထိုနေရာကို ရောက်နေလောက်ပြီပင်။
အခန်း (၆၂)
အဆင့်မြင့်စိတ်ဝိညာဥ်လက်နက်
"ဒါဘယ်လိုသားရဲ..."
"ဓားရူးတောင်ရှုံးသွားတယ်..."
ကျယ်ပြန်သည့်ကွင်းပြင်ကြီးအလယ်၌ အတွင်းစည်းတပည့်များစွာစုဝေးနေကြ၏။
သူတို့က အခွင့်လမ်းနေရာကိုယူဖို့လာခဲ့တာမဟုတ်ပေ။ ဤအနီနက်အခွင့်လမ်းနေရာ၌ မည်သည့်ရတနာရှိတယ်ဆိုတာ လာကြည့်တာဖြစ်သည်။
ရလဒ်အနေဖြင့်, သိုင်းပညာတောင်ထိပ်မှဓားရူး ၁၀ကွက်အတွင်း လွင့်ပျံလာတာကို မြင်လိုက်ရသည်။
ဖူး...
ဓားရူးမြေပြင်ပေါ် ကုန်းရုန်းထလာပြီး ပါးစပ်အပြည့်သွေးတစ်လုတ်အန်လိုက်ရသည်။
သူ့မျက်လုံးတွေက တုန်လှုပ်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။
ဤကဲ့သို့အစွမ်းထက်သားရဲ, သူတကယ်ပဲ ပထမဆုံးအကြိမ်တွေ့ဖူးတာဖြစ်သည်။
အနီရင့်နေရာရှိသားရဲတွေနှင့်ယှဥ်လုံးဝကို ခြားနားသည့်အဆင့်ဖြစ်၏။
ရွမ်ချင်းနယ်မြေ၌ တကယ်ပဲ ဤကဲ့သို့သားရဲရှိနေခဲ့သည်။
ဂိုဏ်က တမင်တကာလာထားသွားတာဖြစ်ရမည်ပင်။
ယခင်က ဤအကြောင်းပြောတာ တစ်ခါမှမကြာဖူးပေ။
အဝေးရှိ ပြေပြစ်သည့်ဆင်ခြေလျှောနေရာ၌ အရပ်မြင့်မြင့်ပုံရိပ်တစ်ခုထိုင်နေခဲ့သည်။
၎င်းခန္ဓာကိုယ်က ထူထည်းသည့်အမွေးအမျှင်တွေဖြင့် ဖုံးလွမ်းနေပြီး လေထဲမှာကြမ်းတမ်းစွာ ဝှေ့ယမ်းနေခဲ့သည်။
၎င်း၏မျက်လုံးတွေကနီရဲနေသော်လည်း ဉာဏ်ရည်အလင်းတန်းတွေနှင့်တောက်ပနေ၏။
သိသာစွာပင် ဉာဏ်ရည်ဖွံ့ဖြိုးပြီးသားရဲတစ်ကောင်ပင်။
ထို့ပြင် အော်ရာက အလွန်အမင်းသန်မာပြီး အဆင့် ၃ အလယ်အလတ်အဆင့်ကို ရောက်ရှိနေခဲ့သည်။
ထိုအရာက လူသားပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၅ အဆင့် ၆ နှင့်ယှဥ်နိုင်၏။
"ဒါ သာမန် အဆင့် ၃ အလယ်အလတ်အဆင့်သားရဲမဟုတ်ဘူး..."
"ကြည့်ရတာ အစွမ်းထက်သွေးမျိုးဆက်တစ်ခုရှိပုံပဲ...."
ထက်ရှသည့်မျက်လုံးရှိသည့် တစ်စုံတစ်ယောက် ထောက်ပြလိုက်သည်။
"သွေးမျိုးဆက်?..."
လူတိုင်းကြောင်သွားကြပြီး အံ့သြတကြီးပင့်သက်ရှိုက်လိုက်ကြသည်။
ဤအရာက ထိပ်တန်းအဆင့်တည်ရှိမှုဖြစ်ပြီး လူသားမျိုးနွယ်သွေးမျိုးဆက်နှင့် ဆင်တူ၏။
အတော်လေးရှား၏။
သူတို့ရှေ့ရှိဤသားရဲကဤကဲ့သို့ သွေးမျိုးဆက်တစ်ခုပိုင်ဆိုင်ထားမယ်လို့ မမျှော်လင့်ထားပေ။
ဓားရူးရှုံးနိမ့်သွားတာ အံ့သြစရာမရှိပေ။
ဝေါင်း...
သားရဲ ကောင်းကင်ကိုမော့ပြီး ဟိန်းဟောက်လိုက်၏။
ထို့နောက် ရုတ်တရက် ၎င်းညာခြေထောက်ကိုမြှောက်ပြီး မြေပြင်ကို ကြမ်းတမ်းစွာနင်းချပြီး လှုပ်ယမ်းနေသည့်မြက်ပင်တွေကြားလျှောက်သွားလိုက်ရာ အလင်းတန်းများစွာ ဖြည်းညင်းစွာထွက်ပေါ်လာ၏။
အလင်းတန်းတွေ ပျောက်ကွယ်သွားသည့်အခါ လက်နက်တွေထွက်ပေါ်လာခဲ့သည်။
သို့ပေမယ့် သာမန်လက်နက်တွေနှင့်မတူပဲ ဤလက်နက်တွေက တောက်ပပြီးကြွယ်ဝသည့်စိတ်ဝိညာဥ်စွမ်းအင်တွေထုတ်လွတ်နေကာ အသက်ရှိနေသလိုပင်။
ဟစ်!
"စိတ်ဝိညာဥ်လက်နက်တွေ..."
တစ်စုံတစ်ယောက် အံ့အားသင့်စွာရေရွတ်လိုက်သည်။
၎င်းတို့မှာ သန့်စင်ခြင်းတစ်ရာလက်နက်ထက် တစ်ဆင့်သာမြင့်သော်လည်း ကွာခြားချက်မှာ ကြီးမားလှ၏။
လုံးဝယှဥ်လို့မရပေ။
စိတ်ဝိညာဥ်လက်နက်ပြုလုပ်သည့်တန်ဖိုးက သန့်စင်ခြင်းတစ်ရာလက်နက်ပြုလုပ်ဖို့လိုအပ်သည့်တန်ဖိုးထက် အဆတစ်ရာလောက်ပိုများ၏။ ဒါမှမဟုတ် ထိုထက်တောင်ပိုများနိုင်သည်။
အဘယ်ကြောင့်ဆိုသော် လက်နက်တစ်ခုအား စိတ်ဝိညာဥ်ပိုင်ဆိုင်စေဖို့အလို့ငှာ ရှားပါးသည့်ဝိညာဥ်ပစ္စည်းတွေ ပေါင်းထည့်ရ၏။
ထို့ပြင် စစ်မှန်ချီကိုခုခံပြီးသုံးစွဲဖို့ စိတ်ဝိညာဥ်လက်နက်တွေပြုလုပ်သည့်ကုန်ကြမ်းတွေကလည်း အတော်လေးရှားပါး၏။
ထို့ကြောင့် စိတ်ဝိညာဥ်လက်နက်တွေ၏တန်ဖိုးက အတော်လေးမြင့်နေတာဖြစ်သည်။
ဂိုဏ်း၏စစ်မှန်တပည့်တွေတောင် လူတိုင်းမကိုင်နိုင်ကြပေ။
အချို့စီနီယာတပည့်တွေ သန့်စင်ခြင်းတစ်ရာလက်နက်တွေ သုံးနေရဆဲဖြစ်သည်။
စစ်မှန်တပည့်အဖြစ်တက်လှမ်းပြီးနောက်တောင် စိတ်ဝိညာဥ်လက်နက်လိုချင်လျှင် တာဝန်လုပ်ပြီး အကျိုးပြုမှတ်တွေစုဆောင်းဖို့လိုသေး၏။
ထိုအခါမှသာ လဲလှယ်လို့ရမည်ဖြစ်သည်။
"နေပါအုန်း, ဒါတွေက အဆင့်မြင့် စိတ်ဝိညာဥ်လက်နက်တွေပဲ..."
ရုတ်တရက် တုန်လှုပ်နေသည့်အသံထွက်ပေါ်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုလက်နက်တွေပေါ်၌ ငွေရောင်မျဥ်းသုံးကြောင်းရှိနေသောကြောင့်ပင်။
မျဥ်းတစ်ကြာင်းတည်းသာရှိခဲ့လျှင် အခြေခံအဆင့်ဖြစ်ပြီး နှစ်ကြောင်းရှိခဲ့လျှင် အလယ်အလတ်အဆင့်ဖြစ်သည်။
သုံးကြောင်းဆိုလျှင်တော့ အဆင့်မြင့်ဖြစ်၏။
"ဘုရားရေ, တကယ်ကို အဆင့်မြင့်စိတ်ဝိညာဥ်လက်နက်တွေပဲ..."
အခြားလူတွေလည်း တစ်ယောက်ပြီးတစ်ယောက်နားလည်လိုက်၏။
အဆင့်မြင့်လေလေ စိတ်ဝိညာဥ်လက်နက်၏စွမ်းအား ပိုမြင့်လေလေဖြစ်သည်။
ဤကဲ့သို့အစွမ်းထက်လက်နက်တွေက သိုင်းပညာတွေ၏ကွာဟမှုကိုပင် ဖြည့်ဆည်းပေးနိုင်၏။
"ဂိုဏ်းက တကယ်ကို ရက်ရောတာပဲ..."
"အဆင့်မြင့်စိတ်ဝိညာဥ်လက်နက်... ငါနဲ့သိတဲ့စစ်မှန်တပည့်စီနီယာအကိုတစ်ယောက်ရှိတယ်။ သူတောင် ခုထိ အခြေခံအဆင့်ပဲ သုံးနိုင်သေးတာ...."
လူတိုင်းမျက်လုံးတွေ စိတ်အားထက်သန်မှုတွေနှင့် တောက်လောင်လာခဲ့သည်။
သူတို့သာ အဆင့်မြင့်စိတ်ဝိညာဥ်လက်နက်ရခဲ့လျှင် သူတို့ခွန်အားဘယ်လောက်တိုးသွားမည်ဆိုတာ စိတ်ကူးကြည့်နိုင်၏။
"ဒီတော့, စိတ်ဝိညာဥ်လက်နက်တွေရဖို့ဆို ငါတို့က ဒီသားရဲကို အနိုင်ယူရမှာပေါ့, ဟုတ်လား..."
တစ်စုံတစ်ယောက် အသိပြန်ဝင်လာပြီး မေးလိုက်သည်။
ထိုအရာကိုကြားသည့်အခါ လူတိုင်း ဖြည်းဖြည်းခြင်းနားလည်သွားခဲ့သည်။
သားရဲအော်ရာအရ သူတို့ သေချာပေါက် မနိုင်ပေ။
သို့ပေမယ့် ထိုအရာကလည်း ကျိုးကြောင်းဆီလျော်၏။
ဤကဲ့သို့အဖိုးတန်ပစ္စည်းတွေကို ဘယ်လိုလုပ် အလွယ်တကူရနိုင်မည်နည်း။
"ဒါပေမယ့် ဓားရူးတောင်မနိုင်တာ ဘယ်သူက ဒီသားရဲကို အနိုင်ယူနိုင်မှာလဲ..."
တစ်စုံတစ်ယောက်မေးလိုက်သည်။
"မစိုးရိမ်ပါနဲ့, မရောက်သေးတဲ့ ထိပ်တန်းပါရမီရှင်အချို့ ရှိပါသေးတယ်..."
"ခရမ်းမြူတောင်ထိပ်က ရှီညီအကို၊ ဆေးဘုရင်တောင်ထိပ်က ဝမ်ထျန်းမင်၊ အပြစ်ပေးတောင်ထိပ်က တွမ့်ဟွမ်၊ အစီရင်တောင်ထိပ်က ရှောင်ကျန်း...."
"ဟုတ်တယ်, စိတ်ဝိညာဥ်တောင်ထိပ်က မုန့်ချန်ချင်းကောပဲ..."
အခြားလူတွေ ပြောလိုက်ကြသည်။
တည်ငြိမ်လာပြီးနောက် အများစု စိတ်ဝိညာဥ်လက်နက်ယူမည့်အကြံအစည်ကို စွန့်လွတ်လိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုအရာက လက်တွေ့မဆန်သောကြောင့်ပင်။
သူတို့က သူတို့၏ကိုယ်ပိုင်စွမ်းရည်ကို သိ၏။
ထိုထိပ်တန်းပါရမီရှင်တွေ သားရဲနှင့်တိုက်ခိုက်တာ ကြည့်နိုင်ရုံနှင့်ကို မျက်စိအစာကြွေးရာရောက်နေပြီဖြစ်သည်။
"ငါ့အထင်, ဝမ်ထျန်းမင်၊ ရှောင်ကျန်းနဲ့ မုန့်ချန်ချင်းကိုတော့ မေ့လိုက်တော့။ မင်းမမြင်ဘူးလား, ဓားရူးတောင်ရှုံးသွားတာလေ..."
တပည့်တစ်ယောက်ပြောလိုက်သည်။
"ဓားရူးရဲ့ ရူးသွပ်ခြင်းနည်းစနစ်က ပြီးပြည့်စုံခြင်းအဆင့် ရောက်နေပေမယ့် ရှုံးသွားတာပဲ.."
"အဲ့ဒီသုံးယောက်က ဓားရူးနဲ့အဆင့်တူလောက်ပဲ...."
"ဒါကြောင့် ငါတို့ ရှီညီအကိုနဲ့ တွမ့်ဟွမ်ကိုပဲ မျှော်လင့်ရမှာပဲ...."
ထိုအရာကိုကြားသည့်အခါ လူတိုင်း ရုတ်တရက် အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။
သူတို့အားလုံးက ထိပ်တန်းပါရမီရှင်တွေဖြစ်ကြသော်လည်း သူတို့ကြား၌ ကွာဟချက်ရှိနေဆဲဖြစ်သည်။
"ကြည့်စမ်း, ရှောင်ကျန်းရောက်လာပြီ..."
တစ်စုံတစ်ယောက် အော်ပြောလိုက်သည်။
လူတိုင်း အသံလာရာကိုကြည့်လိုက်ကြသည်။
ထိုအခါ ပုံရိပ်တစ်ခု သိပ်မဝေးသည့်နေရာမှ လျှောက်လမ်းလာတာကို မြင်လိုက်ရသည်။
သူက အရမ်းမြန်၏။
အသက်ရူချိန်တစ်ဒါဇင်အတွင်း အနားရောက်လာခဲ့သည်။
ထိုအရာက အစီရင်တောင်ထိပ်၏ အသန်မာဆုံးအတွင်းစည်းတပည့် ရှောင်ကျန်းမှလွဲပြီး အခြားသူမဟုတ်ပေ။
"တကယ်ပဲကိုး, ရှောင်ကျန်းလည်း ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို ရောက်သွားပြီ..."
ရှောင်ကျန်းပတ်လည်၌ရစ်ဝဲနေသည့် အဝါဖျော့ရောင်စစ်မှန်ချီကိုမြင်သည့်အခါ တစ်ယောက်မှ အံံ့အားသင့်မသွားကြပေ။
ထိပ်တန်းပါရမီရှင်တစ်ယောက်အနေဖြင့် လျို့ဝှက်နယ်မြေထဲဝင်ပြီးလေးရက်အကြာမှာ အဆင့်မချိုးမဖျက်နိုင်လျှင် အိမ်ပြန်ပြီး အိပ်နေလိုက်ဖို့ပဲရှိတော့သည်။
"အဆင့်မြင့်စိတ်ဝိညာဥ်လက်နက်..."
ရှောင်ကျန်း လက်နက်တွေကိုမြင်သည့်အခါ တောက်ပသည့်အလင်းတန်းတွေ သူ့မျက်လုံးထဲ၌ တောက်ပလာ၏။
အင်္ကျီလက်အောက်ရှိ သူ့လက်တွေလည်း အလိုအလျှောက် ဆုပ်သွားခဲ့သည်။
တကယ်ပဲ, ဤအရာက အနီနက်ရောင်အခွင့်လမ်းနေရာဖြစ်၏။
၎င်း၏ဆုလဒ်တွေက အနီရင့်အခွင့်လမ်းနေရာတွေယှဥ်နိုင်သည့်အရာမဟုတ်ပေ။
သူသာ တစ်ခုရနိုင်လျှင် သေချာပေါက် ရှိနေသည့်လူတိုင်းကို ကျော်တက်သွားမည်ဖြစ်သည်။
သို့ပေမည့် အလျှင်အမြန်ပဲ သားရဲကို သတိထားမိလိုက်၏။
၎င်းဆီမှထုတ်လွတ်နေသည့်အော်ရာကကို အလွန်အမင်းသန်မာ၏။
အထူးသဖြင့် ၎င်း၏အကြည့်ပင်။
အကြည့်တစ်ချက်နှင့်တင် သူ့ကျော၌အေးစက်မှုကို ခံစားလိုက်ရသည်။
"အတော်အားကောင်းတဲ့သားရဲပဲ..."
ရှောင်ကျန်း မျက်လုံးတွေ ကျဥ်းမြောင်းသွား၏။
သူ့ကံကကောင်း၏။ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုချိုးဖျက်ပြီးသည့်နှင့် အနီးနားရှိ အနီရင့်အခွင့်အလမ်းနေရာကို ရရှိခဲ့သည်။
ထိုနေရာ၌ အဆင့်၃ သားရဲနှင့်တိုက်ခိုက်ခဲ့ရ၏။
သို့ပေမယ့် ပုံမှန်သာခံစားရပြီး အလွယ်တကူအနိုင်ရခဲ့သည်။
ဤသားရဲကတော့ ထူးခြား၏။
အသက်ပြင်းပြင်းရူပြီး ရှောင်ကျန်း ရှေ့လျှောက်လာခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူက စမ်းကြည့်ရမည်ဖြစ်သည်။ အဆုံးမှာတော့ ဤအရာတွေက အဆင့်မြင့် စိတ်ဝိညာက်လက်နက်တွေ ဖြစ်၏။
ရှောင်ကျန်းလှုပ်ရှားတာမြင်တော့ လူတိုင်းလည်း စတင်မျှော်လင့်လာကြသည်။
ဓားရူးတစ်ယောက်သာ ပါးစပ်ထောင့်မှသွေးသုတ်ပြီး အေးစက်စွာပြုံးကာ တိတ်ဆိတ်နေခဲ့သည်။