အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
အခန်း (၆၃)
ကျောက်တုံးသွေးမျိုးဆက်
"ပုံရိပ်လေးခုအစီရင်နည်းစနစ်, ရွမ်ဝူ..."
ရှောင်ကျန်း ကျယ်လောင်စွာဟိန်းဟောက်လိုက်၏။
သူ၏စစ်မှန်ချီတွေ လိမ့်တက်လာပြီး အဝါရောင်လိပ်ခွံအဖြစ်ပြောင်းသွားခဲ့သည်။
သို့ပေမယ့် ဧရာမလက်ဝါးကြီးကျဆင်းလာသည့်အခါ...
၎င်းက သူ့ကို တိုက်ရိုက်ပဲ မြေပြင်ပေါ် ဖိချလိုက်၏။
ထို့နောက် ဆုပ်ကိုင်ပြီး အဝေးရှိလူအုပ်ဆီလွင့်ပစ်လိုက်သည်။
အစီရင်တောင်ထိပ်မှအတွင်းစည်းတပည့်အချို့ အလျှင်အမြန်ပဲ ပြေးဖမ်းလာလိုက်ကြ၏။
သို့ပေမယ့် ရှောင်ကျန်းသွေးအန်ပြီး သတိမေ့နေပြီဖြစ်သည်။
ဤအခြေအနေက လူများစွာကို ဆံထွေးမျိုချသွားစေပြီး နှလုံးသားတွေကို အေးစက်သွားစေခဲ့သည်။
ရှောင်ကျန်း "ပုံရိပ်လေးခုအစီရင်နည်းစနစ်" ပြီးပြည့်စုံခြင်းအဆင့်ထိ တတ်မြောက်မထားသော်လည်း ဤအစီရင်က အတော်လေးအစွမ်းထက်၏။
အမှန်တိုင်းပြောရလျှင် ရှောင်ကျန်း ဓားရူးထက်အားမနည်းပေ။
သို့ပေမယ့် ၈ ကွက်တည်းဖြင့် ရှောင်ကျန်း ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။
ထိုအရာအရ ဓားရူးနှင့်တိုက်ချိန်က ဤသားရဲအစွမ်းကုန်သုံးမထားတာ မြင်နိုင်တာပဲဖြစ်သည်။
"ဒီနတ်ဆိုးသားရဲက တကယ်ကို သန်မာလွန်းတယ်..."
"သေချာပေါက် ရွမ်ချင်းနယ်မြေက မဟုတ်လောက်ဘူး..."
လူများစွာ နတ်ဆိုးသားရဲကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သန်မာသည့်နတ်ဆိုးသားရဲတစ်ကောင်က ရွမ်ချင်းလျို့ဝှက်နယ်မြေထဲမှာမွေးဖွားလာဖို့က မဖြစ်နိုင်သောကြောင့်ပင်။
ထို့ပြင်, ၎င်းအသွင်အပြင်အရ လျို့ဝှက်နယ်မြေထဲရှိ အခြားသားရဲတွေနှင့် အတော်လေးကွဲပြား၏။
မတ်မတ်ရပ်ပြီး ခြေနှစ်ချောင်းဖြင့်လမ်းလျှောက်နေခဲ့သည်။
၎င်းကိုယ်ပေါ်၌ အမွေးတွေရှိနေတာမှလွဲ၍ လူသားတွေနှင့် တစ်ပုံစံတည်းနီးပါးပင်။
"ဒီသားရဲပြသထားတဲ့ခွန်အားအရ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူပဲ အနိုင်ယူနိုင်မှာကို ကြောက်မိတယ်..."
တစ်စုံတစ်ယောက်ပြောလိုက်သည်။
"ငါတို့အတွင်းစည်းမှာ အဲ့လိုခွန်အားပိုင်ဆိုင်တဲ့တပည့် တစ်ယောက်မှမရှိဘူး..."
"ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို အဆင့်ချိုးဖျက်ပြီးတာနဲ့ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အထွတ်အထိတ်ကျွမ်းကျင်သူနဲ့ ယှဥ်ရတယ်?....."
"ဂိုဏ်းရဲ့စံသတ်မှတ်ချက်က အတော်လေးမြင့်မနေဘူးလား...."
"မဟုတ်ရင်, အဆင့်မြင့်စိတ်ဝိညာဥ်လက်နက်တွေက အလွယ်တကူရနိုင်တယ်လို့ ထင်နေတာလား..."
"အခု တွမ့်ဟွမ်နဲ့ရှီညီအကိုကိုပဲ စောင့်ကြည့်ရမှာပဲ...."
"အခြားလူတွေကိုမေ့လိုက်တော့။ သူတို့ ဒီသားရဲကို မနိုင်နိုင်ဘူး..."
လူအုပ် တစ်ယောက်တစ်ပေါက် ဆွေးနွေးနေခဲ့သည်။
ဝေါင်း...
တစ်ယောက်မှတက်မလာတာမြင်တော့ နတ်ဆိုးသားရဲ ၎င်းရင်ဘတ်ကိုလက်နှစ်ဖက်ဖြင့်ထုပြီး အတော်လေး မကျေမနပ်ဖြစ်နေခဲ့သည်။
ထို့နောက် မြေပြင်ပေါ် ထိုင်ချလိုက်၏။
"ခွေးမသား, ဒီကောင် ငါတို့ကို အထင်သေးနေတာနဲ့တူတယ်...."
တစ်စုံတစ်ယောက် ဤအရာကိုနားလည်လိုက်ပြီး ချက်ချင်း မကျေမနပ်ဖြစ်သွား၏။
"သားရဲလေးတစ်ကောင်ပါပဲ။ တွမ့်ဟွမ်နဲ့ ရှီညီအကိုရောက်တဲ့အထိသာစောင့်စမ်းပါ..."
"ထိပ်တန်းတပည့်ဆိုတာ ဘာကိုဆိုလိုလဲ မင်းမြင်ပါလိမ့်မယ်...."
နတ်ဆိုးသားရဲတစ်ကောင်၏အထင်သေးခြင်းကိုခံရတော့ တပည့်များစွာ မသက်မသာခံစားရပြီး ပြောဆိုလာကြသည်။
အချိန်တွေကုန်သွားပြီး ပိုပိုများသည့်တပည့်တွေရောက်လာခဲ့သည်။
ဤနေရာ၌ ဖြစ်ပျက်ခဲ့တာတွေကိုသိသည့်အခါ သူတို့လည်း တုန်လှုပ်သွားကြသည်။
အဆုံးမှာတော့ နတ်ဆိုးသားရဲတစ်ကောင် ဤလောက်ထိသန်မာတာက အတော်လေးရှား၏။
"ကြည့်စမ်း, ရှီညီအကိုပဲ။ သူတို့ နောက်ဆုံးတော့ ရောက်လာကြပြီ..."
တစ်စုံတစ်ယောက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လူတိုင်းလည်း အလျှင်အမြန်ပဲ လှမ်းကြည့်လိုက်ရာ ပုံရိပ်နှစ်ခု လျှောက်လမ်းလာတာ မြင်လိုက်ကြ၏။
အလွန်အရပ်မြင့်သည့်ပုံရိပ်နှစ်ခုပင်။
နှစ်ယောက်လုံးက နှစ်မီတာခွဲလောက်မြင့်ပြီး ဖောင်းကားနေသည့်ကြွက်သားတွေက ပေါက်ကွဲတော့မည့် ခံစားချက်ကိုပေးစွမ်းနေ၏။
ရှီဂွမ်း, ရှီယောင်....
ခရမ်းမြူတောင်ထိပ်၏အတွင်းစည်းတပည့်တွေထဲ၌ သူတို့က လက်ရှိ အထူးချွန်ဆုံးဖြစ်သည်။
အတွင်းစည်း၌ လူပြောအများဆုံး တပည့်တွေလည်းဖြစ်၏။
"စီနီယာအကိုနှစ်ယောက်, မင်းတို့ရောက်လာပြီပဲ..."
ခရမ်းမြူတောင်ထိပ်မှတပည့်တစ်ယောက် ချက်ချင်းရှေ့တက်လာ၏။ ကြည့်ရတာ ရှီညီအကိုနှင့် ရင်းနှီးပုံပင်။
ထို့နောက် တပည့် အခြေအနေကို အကြမ်းဖျင်းရှင်းပြလိုက်၏။
"အဆင့်မြင့်စိတ်ဝိညာဥ်လက်နက်..."
ရှီယောင်၏ကြီးမားသည့်မျက်လုံးတွေ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာ၏။
"အကို, မင်းပုဆိန်တစ်လက်လိုနေတာမလား..."
"ဟုတ်တယ်, မင်းလဲ ထူကြီးတစ်လက်လိုနေတာလေ..."
ရှီဂွမ်းခေါင်းညိတ်ပြီး သိပ်မဝေးသည့်နေရာမှမြက်ပေါ်ရှိ စိတ်ဝိညာဥ်လက်နက်တွေကို ကြည့်လိုက်သည်။
"ကြည့်ရတာ ငါတို့လိုချင်တာအားလုံး အထဲမှာ ရှိပုံပဲ..."
"ဒါဆို ငါအရင်သွားမယ်..."
ရှီယောင် စိတ်အားထက်သန်နေခဲ့သည်။
"မဟုတ်ဘူး, ငါအရင်သွားမယ်..."
ရှီဂွမ်း လက်ဝါးဖြင့် ရှီယောင်ပခုံးကိုဖိလိုက်သည်။
"အမေကပြောလိုက်တယ်, အပြင်ရောက်လို့ရှိရင် အကြီးတစ်ယောက်အနေနဲ့ အရာရာကို ငါအရင်ဆုံးလုပ်ရမယ်တဲ့..."
"ကောင်းပါပြီ..."
ရှီယောင် အနည်းငယ်မပျော်မရွင်ဖြစ်သွား၏။
သို့ပေမယ့် "အမေ"ဆိုသည့်စကားကြားသည့်အခါ ခေါင်းသာငုံ့ထားလိုက်၏။
ရှီဂွမ်း နတ်ဆိုးသားရဲဆီ လျှောက်သွားလိုက်သည်။
ဤမြင်ကွင်းက တပည့်အားလုံးကို စိတ်လှုပ်ရှားသွားစေ၏။
အမှန်တော့ အတွင်းစည်း၌ ရှီမိသားစုမှ ရှီညီအကို၏ဂုဏ်သတင်းက တွမ့်ဟွမ်ထက် အများကြီးပိုမြင့်၏။
အကြောင်းပြချက်သုံးခုရှိ၏။
ပထမတစ်ချက်, ညီအကိုနှစ်ယောက်၏ရုပ်ခန္ဓာက အလွန်ထူးခြားနေတာပင်။
ဒုတိယတစ်ချက်, ညီအကိုနှစ်ယောက်က မကြာခဏတာဝန်တွေယူကြသဖြင့် တံခါးပိတ်ကျင့်ကြံနေသည့်လူအများစုထက် လူပိုသိ၏။
တတိယတစ်ချက်, ညီအကိုနှစ်ယောက်က အတော်လေးပါရမီရှိပြီး ခရမ်းမြူတောင်ထိပ်၏ အရေးပါသောပုဂ္ဂိုလ်တွေက သတိထားမိနေပြီဟု ကောလဟာလတွေရှိ၏။
"စီနီယာအကိုရှီ, ဒီနတ်ဆိုးသားရဲကို အနိုင်ယူပစ်...."
"ဟုတ်တယ်, ဒီကောင်က တကယ်ပဲ ငါတို့ကို အထင်သေးရဲတယ်..."
လူအုပ် တစ်ယောက်တစ်ပေါက် အော်ပြောလိုက်ကြသည်။
အထူးသဖြင့် ခရမ်းမြူတောင်ထိပ်မှတပည့်တွေဖြစ်ပြီး အသံပြာလာသည်ထိ အော်နေကြ၏။
နတ်ဆိုးသားရဲအကြည့်လူအုပ်အပေါ်ဖြတ်ပြေးသွား၏။
မူလ၌ ဤကဲ့သို့ရတနာလုပွဲမှာ အမျိုးမျိုးသောဂိုဏ်းတွေကြား၌သာ အငြင်းပွားမှုတွေ မြှင့်တက်လာတာဖြစ်သည်။
သို့ပေမယ့် ယခုတော့ အတွင်းစည်းတပည့်တွေနှင့် နတ်ဆိုးသားရဲကြားရှိ ရန်စောင်မှုအဖြစ်ပြောင်းလဲသွားခဲ့သည်။
ရှီဂွမ်းရှေ့တက်လာ၏။
သူက အပေါ်ဝတ်ရုံကိုချွတ်ပြီး သူ၏တုတ်ခိုင်သည့်ပုံရိပ်ကို ပြသလိုက်သည်။
၎င်းက ဖိအားအပြည့်ပင်။
တစ်ချိန်တည်းမှာပဲ သူ၏အရေပြားအရောင်ဖြည်းဖြည်းချင်း ထုံးဖြူရောင်ကဲ့သို့ ပြောင်းလဲလာ၏။
မူလက မြေပြင်၌ထိုင်နေသည့်နတ်ဆိုးသားရဲတစ်ခုခုကိုခံစားမိပုံရပြီး ထရပ်လာသည်။
၎င်း၏မျက်လုံးတွေက စိတ်ဝင်စားသည့်အရိပ်အယောင်တွေ ပြသလာ၏။
"လူသား...သွေးမျိုးဆက်..."
နတ်ဆိုးသားရဲ ပထမဆုံးအကြိမ်အဖြစ် စကားပြောလိုက်သည်။
သို့ပေမယ့် ထိုအရာက အလွန်ကို့ရို့ကားရားနိုင်ပြီး ခုမှစကားပြောစသင်သကဲ့သို့ဖြစ်သည်။
"ဒီကောင် စကားပြောနိုင်တယ်..."
ရှီဂွမ်း အတော်လေးအံ့အားသင့်သွား၏။
သူပုံစံက အရွယ်ရောက်ပုံပေါ်သော်လည်း အမှန်တော့ သူ့ညီရှီယောင်ကဲ့သို့ ၈ နှစ်သာ ရှိသေး၏။
ဉာဏ်ရည်က သူ့ညီထက်အနည်းငယ်ပိုမြင့်သော်လည်း ခွဲခြားသိမြင်နိုင်စွမ်းက ကျဥ်းမြောင်းနေဆဲဖြစ်ရာ အချိန်ပေးသင်ယူရအုန်းမည်ဖြစ်သည်။
သူ၏နားလည်မှုအရ နတ်ဆိုးသားရဲတစ်ကောင်က ဘယ်လိုလုပ် လူသားတစ်ယောက်ကဲ့သို့ စကားပြောနိုင်မည်နည်း။
ထို့ပြင် သူ့ကိုအံ့အားအသင့်စေဆုံးက နတ်ဆိုးသားရဲက အကြည့်တစ်ချက်ဖြင့် သူ၏သွေးမျိုးဆက်ကို မြင်နိုင်တာပဲဖြစ်သည်။
အိမ်မှထွက်လာတုန်းက သူ့အမေပြောလိုက်တာကို မှတ်မိသေး၏။
သွေးမျိုးဆက်ကိုဖုံးကွယ်ထားရမည်ဖြစ်ပြီး ယုံကြည်မှုမရှိလျှင် အလွယ်တကူထုတ်မပြရဘူးဟူ၍ပင်။
ထို့ကြောင့်, သူနှင့်သူ့ညီက အမြဲ ထိုအချက်ကို ဖုံးကွယ်ထားခဲ့သည်။
သို့ပေမယ့် ဤသားရဲက တစ်ချက်ကြည့်ရုံဖြင့် သိသွားခဲ့သည်။
"စိတ်ဝိညာဥ်လက်နက်လိုချင်လား... ငါ့ကိုနိုင်အောင်တိုက်..."
နတ်ဆိုးသားရဲ ရှီဂွမ်းကိုလက်ညိုးထိုးပြီး ပြောလိုက်သည်။
တစ်ချိန်တည်းမှာပဲ ၎င်းက ပထမဆုံးအကြိမ်အဖြစ် အသက်ပြင်းပြင်းရူလိုက်၏။
နောက်တစ်ခဏ၌ ၎င်းခန္ဓာကိုယ် ရုတ်တရက် မီတာသုံးဆယ်အထိကြီးထွားလာပြီး အမွေးအမျှင်တွေက သံမဏိကဲ့သို့ မာကျောလာခဲ့သည်။
အထူးသဖြင့် လက်မောင်းပင်။ ထိုအရာက မြေပြင်နှင့်ကို ထိလုနီးပါးရှည်လာ၏။
အလွန်အမင်းကြံ့ခိုင်သန်မာလှ၏။
"ကောင်းတယ်..."
နတ်ဆိုးသားရဲ၏ပြောင်းလဲမှုကိုမြင်သည့်အခါ ရှီဂွမ်းကြောက်မသွားရုံသာမက မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုတွေတောင် ပြသလာခဲ့သည်။
ဤအရာက သူ၏သွေးမျိုးဆက်အတွင်းမှ ထွက်ပေါ်လာသည့် တိုက်ပွဲရည်ရွယ်ချက်ဖြစ်သည်။
ကျောက်တုံးလူသားသွေးမျိုးဆက်, ထိပ်တန်းအဆင့်ရုပ်ခန္ဓာ...
သူအလိုချင်ဆုံးက ဤကဲ့သို့အနီးကပ်တိုက်ပွဲအမျိုးအစားပင်။
အခန်း (၆၄)
ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျေက်ဝံ၊ အစွမ်းထက်နတ်ဆိုးမျောက်ဝံသွေးမျိုးဆက်နှင့် လူသားသွေးမျိုးဆက်
"လူတွေများလှကြီလား..."
မုန့်ချန်ချင်းရောက်သည့်အခါ လူပင်လယ်လောက်ကြီးမဟုတ်သော်လည်း နီးစပ်နေပြီဖြစ်သည်။
အနည်းဆုံး အတွင်းစည်းတပည့် တစ်ထောင်လောက်ရှိ၏။
လူတိုင်းကတော့ ဤနေရာလာဖို့စိတ်ဝင်စားကြမည်မဟုတ်ပေ။
အချို့ဆို အနီဖျော့အခွင့်လမ်းနေရာတောင် မသွားကြပေ။
သူတို့ကလျိုဝှက်နယ်မြေ၏ အခြားနေရာတွေကို တိုက်ရိုက်သွားကြ၏။
အဘယ်ကြောင့်ဆိုသော် လျို့ဝှက်နယ်မြေကိုယ်တိုင်၌ အရင်းအမြစ်များစွာရှိနေသောကြောင့်ပင်။
အခွင့်လမ်းနေရာဆိုသည့်နေရာတွေက ဂိုဏ်းမှဤတစ်ချိန်ထားပေးသည့် အရာတွေဖြစ်သည်။
"ရှီညီအကို...."
မုန့်ချန်ချင်း မျက်လုံးတွေတောက်ပလာ၏။
သူကတကယ်ပဲ ဤနေရာကို ရှီညီအကိုနှင့်တစ်ပြိုင်နက်တည်းနီးပါး ရောက်လာခဲ့သည်။
သို့ပေမယ့် ရှီညီအကိုနှင့်ယှဥ်လျှင် သူ၏ဂုဏ်သတင်းက အတော်လေးနိမ့်၏။
ထို့ကြောင့် လူတိုင်း၏အာရုံက ရှီညီအကိုပေါ်၌သာရှိနေခဲ့သည်။
သူတို့က သူ့ကို လုံးဝအာရုံမစိုက်လုနီးပါးပင်။
"ငါ နောက်ဆုံးတော့ ဒီကောင်တွေနဲ့တွေ့ပြီ..."
မုန့်ချန်ချင်း ရေရွတ်လိုက်ပြီး ရှာဖွေရေးမျက်လုံးကို ဖွင့်လိုက်သည်။
ထိုအခါ ရှီညီအကို၏အချက်အလက်ဇယား သူ့မျက်လုံးရှေ့မှာ ပေါ်လာခဲ့သည်။
အခြေခံအချက်အလက်-
[အမည်- ရှီဂွမ်း]
[မျိုးနွယ်- လူသား]
[ကျင့်ကြံရေး- ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အဆင့် ၁]
ပင်ကိုယ်ပါရမီအချက်အလက်-
[အမြစ်ရိုး- အဆင့် ၃]
[နားလည်နိုင်စွမ်း- သာမန်]
[သွေးမျိုးဆက်- ကျောက်တုံးလူသားသွေးမျိုးဆက် (ဖုံးကွယ်ထား)]
[သိုင်းပညာ- ကောင်းကင်ခန္ဓာ(ပြီးပြည့်စုံခြင်းအဆင့်)၊ ကောင်းကင်ကြယ်တာယာလက်သီး(ပြီးပြည့်စုံခြင်းအဆင့်)]
ညီအကိုနှစ်ယောက်၏ဇယားက တူညီလုနီးပါးပင်။
တစ်ခုတည်းသော်ခြားနားချက်မှာရှီဂွမ်း၏ သိုင်းပညာစွမ်းရည်က အနည်းငယ်ပိုမြှင့်နေတာဖြစ်သည်။
ရှီယောင်၏ 'ကောင်းကင်ကြယ်တာယာလက်သီး'က ကျွမ်းကျင်အဆင့်မှာသာ ရှိသေး၏။
သူတို့အား မိတ်ဆွေဘယ်လိုဖွဲ့ရမည်ကို စဥ်းစားနေစဥ် ရှီဂွမ်းနတ်ဆိုးသားရဲဆီ လျှောက်သွားနေပြီဖြစ်သည်။
ပတ်ဝန်းကျင်မှပြောသံတွေအရ သူလည်း ဤနေရာရှိအခြေအနေကို အကြမ်းဖျင်းခန့်မှန်းမိ၏။
အဆင့်မြင့်စိတ်ဝိညာဥ်လက်နက်....
ဂိုဏ်းက တကယ်ကို ရက်ရောသည်။
ဤပစ္စည်းတွေကို စစ်မှန်တပည့်တွေရှိသည့်နေရာမှာထားလျှင်တောင် တပည့်များစွာကို ဆွဲဆောင်နေအုန်းမည်ဖြစ်သည်။
ယခု ဤအရာတွေကို ရွမ်ချင်းနယ်ပယ်လေးမှာ လာထားခဲ့သည်။
ဤအရာက တပည့်တွေ၏အလားအလာကို နှိုးဆွစေဖို့လော?...
အလျှင်လိုလွန်း၏။
ကြည့်ရတာ ယခင်သတင်းများမှာ အမှန်ဖြစ်ပုံရသည်။
ပုန်းကွယ်နဂါးစားရင်း၌ ၅နေရာ ၆ နေရာလောက် ကျဆင်းသွားခဲ့သည်။
၎င်းကိုအမြန်ပြုပြင်ဖို့ ပါရမီရှင်အသစ်တွေကို လေ့ကျင့်ဖို့ တကယ်ပဲလိုအပ်၏။
"အဆင့်မြင့်စိတ်ဝိညာဥ်လက်နက်..."
မုန့်ချန်ချင်းပါးစပ် အနည်းငယ်တွန့်ကွေးသွား၏။
မကြာသေးခင်ကမှ သူ လက်နက်ပြဿနာအတွက်စိုးရိမ်နေခဲ့သည်။
အဆုံးမှာတော့ သူ၏ကျင့်ကြံရေးအဆင့်တိုးတက်မှုနှင့် သန့်စင်ခြင်းတစ်ရာလက်နက်က တစ်ခါသုံးရုံဖြင့် ကျိုးသွားမည်ဖြစ်သည်။
မမျှော်လင့်စွာပဲ လက်နက်တစ်ခု အလျှင်အမြန် ရောက်လာ၏။
ထို့ပြင် အဆင့်မြင့် စိတ်ဝိညာဥ်လက်နက်ဖြစ်၏။
သူ၏ခွန်အားနှင့် ဤစိတ်ဝိညာဥ်လက်နက်သာ ပေါင်းလိုက်လျှင် မုန့်ချန်ချင်း သူဘယ်လောက်သန်မာသွားမလဲဆိုတာ စိတ်ကူးမကြည့်နိုင်ပေ။
သို့ပေမယ့် ရှီဂွမ်းအရင်သွားမှတော့ သူက နည်းနည်းထပ်စောင့်ရမည်။
အလျှင်လိုဖို့မလိုပေ။
သူလည်း ကျောက်တုံးလူသားသွေးမျိုးဆက်၏ တိုက်ပွဲအခြေအနေကို ကြည့်နိုင်၏။
တစ်ချိန်တည်းမှာပဲ မုန့်ချန်ချင်း ရှာဖွေးရေးမျက်လုံးဖြင့် နတ်ဆိုးမျောက်ဝံကိုကြည့်လိုက်သည်။
ပတ်ဝန်းကျင်ရှိတပည့်တွေ၏ပြောစကားတွေအရ ဤနတ်ဆိုးသားရဲက လုံးဝမရိုးရှင်းပေ။
၎င်းက ဉာဏ်ရည်ဖွံဖြိုးပြီးပြီး ဓားရူးနှင့် ရှောင်ကျန်းတို့ကို ၁၀ ကွက်အတွင်း အနိုင်ယူခဲ့သည်။
အခြေခံအချက်အလက်-
[အမည်- ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ]
[မျိုးနွယ်- နတ်ဆိုးသားရဲ]
[အဆင့်- အဆင့် ၃ အလယ်အလတ်အဆင့်]
ပင်ကိုယ်စွမ်းရည်အချက်အလက်-
[သွေးမျိုးဆက်- အစွမ်းထက်နတ်ဆိုးမျောက်ဝံ]
[နတ်ဆိုးသားရဲပါရမီစွမ်းရည်- ကြက်သွေးရောင်မီးလျှံခုတ်ချက်]
[နတ်ဆိုးသားရဲပါရမီစွမ်းရည်- မျောက်ဝံရွှေခန္ဓာ]
[နတ်ဆိုးသားရဲပါရမီ- နတ်ဆိုးမျောက်ဝံနတ်ဘုရားခွန်အား]
ထိုအရာကိုဖတ်ပြီးနောက် မုန့်ချန်ချင်း မျက်ခွံတွေ ကျုံ့သွား၏။
သူ့အမူအရာက ရှီညီအကိုကို ပထမဆုံးအကြိမ်မြင်ချိန်ကကဲ့သို့ တုန်လှုပ်အံ့အားသင့်နေခဲ့သည်။
လက်စသတ်တော့ သွေးမျိုးဆက်ရှိသည့် နတ်ဆိုးသားရဲတစ်ကောင်ကိုး...
တိုက်ခိုက်ရေးစွမ်းအား အလွန်သန်မာတာ မအံ့သြတော့ပါဘူး...
သွေးမျိုးဆက်, လူသားသွေးမျိုးဆက်ကဲ့သို့ မွေးရာပါစွမ်းရည်တစ်ခုဖြစ်၏။ ဓားရူးနှင့် ရှောင်ကျန်း ဤလောက်မြန်မြန်ရှုံးသွားတာ မဆန်းတော့ပေ။
သိုင်းပညာ၏အဟုန်ကို နားမလည်ပဲ သာမန်လူတွေ ဤကွာဟချက်ကို မကျော်လွားနိုင်ပေ။
ကမ္ဘာကြီး၌ လူအများစုက သာမန်လူတွေဖြစ်ကြရာ သွေးမျိုးဆက် ဒါမှမဟုတ် အထူးအခြေအနေတွေ ဘယ်လိုလုပ် ရှိနိုင်မည်နည်း။
တစ်ခုတည်းသောအားထားရာမှာ သိုင်းပညာအော်ရာဖြစ်ပြီး ထိုအရာကလည်း လူတိုင်းနားမလည်နိုင်ပေ။
ဤအရာက နားလည်နိုင်စွမ်းအပေါ်မှီခိုသလို သိုင်းပညာအုတ်မြစ်နက်နဲဖို့လည်း လိုအပ်၏။
နားလည်နိုင်စွမ်းမြင့်နေလျှင်တောင် လေ့ကျင့်ဖို့ အချိန်အတော်ကြာယူရ၏။
များစွာသောသိုင်းပညာတွေကို ပြီးပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်နိုင်မှသာလျှင် ရုတ်တရက်ဉာဏ်အလင်းပွင့်နိုင်သည့်အခွင့်အရေးတစ်ခု ရှိနိုင်သည်။
လူတိုင်းစကားပြောနေစဥ် အဝေးရှိမြက်ပေါ်မှာ လုပ်ရှားမှုရှိလာ၏။
ရှီဂွမ်းလည်း လှုပ်ရှားလိုက်၏။
သူ့ကြွက်သားတွေ စတင်ပွဖောင်းလာပြီး ခန္ဓာကိုယ်အရွယ်အစားက လျှင်မြန်စွာကြီးထွားလာခဲ့သည်။
မျက်စိတ်တစ်မှိတ်အတွင်း မီတာသုံးဆယ်ကို ရောက်သွားပြီး ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံနှင့် အတူတူဖြစ်သွား၏။
ထို့ပြင်ဤအခိုက်အတန့်၌ သူ့အရေပြားက လုံးဝထုံးကျောက်ရောင်ပြောင်းနေပြီး တောင်းကုန်းငယ်တစ်ခုကဲ့သို့ ဖျက်ဆီးမရသည့်အော်ရာတစ်ခုကို ထုတ်လွတ်နေခဲ့သည်။
မယုံနိုင်လောက်အောင်ကို ထူထည်း၏။
အရည်ပြားအောက်၌လည်း ချပ်ဝပ်ပုံစံတစ်ခုကိုလည်း ခပ်ရေးရေးမြင်နိုင်တာပဲဖြစ်သည်။
"ဒါ ဘာသိုင်းပညာလဲ..."
ရှီဂွမ်း၏ပြောင်းလဲမှုက လူတိုင်းကိုတုန်လှုပ်သွားစေခဲ့သည်။
အဆုံးမှာတော့ ဤအရာက မယုံနိုင်စရာကောင်းလှ၏။
၂ မီတာခွဲမှ မီတာ ၃၀ ထိကြီးထွားလာခြင်း, ဤအရာက ဘီလူးအသေးစားတစ်ခုကဲ့သို့ပင်။
၎င်းမှာ သိုင်းပညာစွမ်းရည်ထက် အနည်းငယ်ကျော်လွန်နေပုံရသည်။
အနည်းဆုံးတော့ သိမ်မွေ့အဆင့်သိုင်းပညာက ဤကဲ့သို့လုပ်နိုင်ဖို့ မဖြစ်နိုင်ပေ။
"ဒါ သွေးမျိုးဆက်ပဲ..."
ဓားရူး ရုတ်တရက် ပြောလိုက်သည်။
ရှုံးနိမ့်ပြီးကတည်းက သူက တိတ်ဆိတ်နေခဲ့ပေမယ့် ယခုတော့ သူ့မျက်လုံးတွေ တုန်လှုပ်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။
"သွေးမျိုးဆက်...."
လူတိုင်း ပင့်သက်ရှိုက်လိုက်၏။
ဤနတ်ဆိုးသားရဲ၌ သွေးမျိုးဆက်တစ်ခုရှိပြီး ဤအရာက အတော်လေးရှားပါး၏။
သို့ပေမယ့် မမျှော်လင့်စွာပဲ ရှီဂွမ်းမှာလည်း တစ်ခုရှိနေခဲ့သည်။
"ခန္ဓာသန့်စင်ခြင်းသွေးမျိုးဆက်အမျိုးအစားတစ်ခုပဲ ဖြစ်ရမယ်..."
"ရှီဂွမ်းရုပ်ခန္ဓာ ဒီလောက်သာမန်မဟုတ်တာ မထူးဆန်းတော့ပါဘူး။ လက်စသတ်တော့ သွေးမျိုးဆက်တစ်ခု ရှိနေတာကိုး..."
လူတိုင်း ရုတ်တရက် နားလည်သွား၏။
အမှန်တော့ ဤကိစ္စနှင့်ပတ်သက်ပြီး အတွင်းစည်း၌ ဆွေးနွေးမှုတွေရှိခဲ့၏။
သို့ပေမယ့် သွေးမျိုးဆက်က အလွန်ရှားပါးပြီး သူတို့နှစ်ယောက်သုံးတာလည်း မမြင်ဖူးပေ။
သူတို့က သိုင်းပညာစွမ်းရည်တွေသာ အသုံးပြု၏။
အချိန်ကြာလာသည်နှင့်အမျှ ထိုအကြောင်းကို မေ့သွားခဲ့ကြသည်။
ထိုအရာ အမှန်ဖြစ်နေဖို့ မမျှော်လင့်ထားကြပေ။
ရှီဂွမ်း၌ရှိမှတော့ ဒါဆို သူ့ညီမှာလည်း ရှိရမည်ပင်။
သွေးမျိုးဆက်နှစ်ခု....
ဤအရာမျိုးရဖို့ ဘယ်လိုကောင်းချီးမျိုးရှိခဲ့သနည်း။
သွေးမျိုးဆက်က မျိုးဆက်တိုင်းမှာပေါ်လာနိုင်သည့်အရာမဟုတ်ပေ။
အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အားပျော့လာပြီး အဆုံး၌ လုံးဝကိုပျောက်ကွယ်သွားမည်ဖြစ်သည်။
မျိုးဆက်တစ်ခု၌ တစ်ယောက်ရှိလျှင်ကို အတော်လေးကောင်းနေပြီဖြစ်သည်။