အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း (၆၅)
လူသားမျိုးနွယ်... မင်းအကောင်းဆုံးလုပ်ခဲ့ပါတယ်
ရိုးရိုးသားသားပြောရလျှင် နတ်ဆိုးသားရဲ ၎င်း၏သွေးမျိုးဆက်ကိုပြသခဲ့ချိန်က လူတိုင်းနှလုံးသားတွေ ခုန်ပေါက်သွားခဲ့သည်။
အဆုံးမှာတော့ သွေးမျိုးဆက်စွမ်းအားက သာမန်သိုင်းပညာရှင်တွေ ယှဥ်နိုင်သည့်အရာမဟုတ်ပေ။
ကံကောင်းစွာဖြင့် ရှီညီအကို၌လည်း သွေးမျိုးဆက်ပိုင်ဆိုင်ထားခဲ့သည်။
ဤအရာနှင့် နှစ်ယောက်ကြားရှိကွာဟချက်က ပျောက်ကွယ်သွားပြီဖြစ်သည်။
ယခု အရာအားလုံးက ဘယ်သူ ၎င်းတို့၏ကိုယ်ပိုင်သွေးမျိုးဆက်အပေါ် ပိုနားလည်လဲဆိုတာ မူတည်နေခဲ့သည်။
ဘုန်း!
သူတို့ပြောနေစဥ် တိုက်ပွဲကစနေပြီဖြစ်သည်။
ကျောက်တုံးလူသားသွေးမျိုးဆက်က ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံကဲ့သို့ ခန္ဓာသန့်စင်ခြင်းလုပ်ဆောင်ချက်ကို ပိုင်ဆိုင်၏။
နှစ်ယောက်လုံး၌ ကံကြမ္မာကိုအံတုတိုက်ခိုက်နေသည့် အရိပ်အယောင်တွေ ပါဝင်နေခဲ့သည်။
"ကောင်းကင်ခန္ဓာ..."
ရှီဂွမ်းအရေပြားအောက်၌ ခပ်ဖျော့ဖျော့ရွှေရောင်အလင်းတန်းတစ်ခုပေါ်လာပြီး ခုခံမှုကို နောက်ထပ်မြှင့်တင်လိုက်၏။
ထို့ပြင် ဤနည်းစနစ်က သူ့ခွန်အားကိုလည်း တိုးမြှင့်နိုင်၏။
"ကောင်းကင်ကြယ်တာယာလက်သီး..."
ဤအရာကလည်း ခရမ်းမြူတောင်ထိပ်မှ အဆင့်မြင့်သိုင်းပညာနည်းစနစ်တစ်ခုဖြစ်၏။
သွေးကြောပုံသွင်းခြင်းနယ်ပယ်၌ ၎င်းမှာ အရမ်းမသန်မာသော်လည်း စစ်မှန်ချီနှင့်အသက်သွင်းလိုက်သည့်အခါ စွမ်းအားက အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲလာခဲ့သည်။
လက်သီးချက်တိုင်းက ကြယ်တစ်စင်းကြွေကြလာသလိုပင်။
"ကြက်သွေးရောင်မီးလျှံခုတ်ချက်..."
ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ နောက်ဆုတ်မသွားပေ။
မီးတောက်တွေတောက်လောင်နေသည့် ၎င်း၏လက်သည်းတွေဖြင့် အဆက်မပြတ် ရှီဂွမ်းနှင့်ထိပ်တိုက်တွေ့ဆုံနေခဲ့သည်။
ဤအရာက အလွန်အမင်း ကြောက်စရာကောင်းသည့်တိုက်ပွဲတစ်ခုဖြစ်ပြီး ရုတ်ရင်းကြမ်းတမ်းလှ၏။
ထိုးလိုက်သည့်လက်သီးချက်တိုင်းက ရေထဲကိုကျောက်တုံးတစ်တုံးကျသွားသကဲ့သို့ နေရာတိုင်းကို စွမ်းအင်လှိုင်းတွေ ပျံ့နှံ့သွားစေ၏။
ဧရာမလက်သည်းချက်တွေလည်း ရင်ဘတ်ကိုပိုင်ဖြတ်သွားပြီး မီးပွားတွေပန်းထွက်ကာ လေထဲ၌ ကျောက်မှုံတွေနှင့် ပြည့်နှက်သွားစေသည်။
အသက်ရူချိန်ခဏအတွင်းမှာပဲ တိုက်ပွဲက ပြင်းထန်လာပြီး မြေပြင်က အပေါက်တွေ ချိုင့်တွေဖြင့် ဇကာပေါက်ဖြစ်သွားခဲ့သည်။
နတ်ဆိုးသားရဲတွေနှင့်ယှဥ်လျှင် လူသားမျိုးနွယ်၏သွေးမျိုးဆက်က ကျင့်ကြံရေးကို အထောက်အကူပြုသည့်ဘက်ကို ပိုသွား၏။
ကျောက်တုံးသွေးမျိုးဆက်ကို ဥမမာကြည့်နိုင်၏။
ခန္ဓာသန့်စင်ခြင်းနည်းစနစ်ကိုကျင့်ကြံသည့်အခါ အကျိုးသက်ရောက်မှုကို အဆများစွာမြှင့်တင်နိုင်ပြီး တတ်မြောက်သွားသည့်အခါ အဆင့်တူတွေထက် များစွာသာလွန်၏။
ထို့ကြောင့် ခုခေတ်လူသားတွေက သိုင်းပညာနည်းစနစ်တွေကို အာရုံစိုက်နေဆဲဖြစ်သည်။
သို့ပေမယ့် လူသားသွေးမျိုးဆက်၌လည်း နတ်ဆိုးသားရဲပါရမီစွမ်းရည်နှင့်ယှဥ်တူသည့် သွေးမျိုးဆက်နည်းစနစ်များရှိတတ်၏။
သို့ပေမယ့် အလွန်ရှားပါးကာ အလွန်သန်မာသည့်သွေးမျိုးဆက်ရှိရန်လိုအပ်ပြီး မိိမိ၏သွေးမျိုးဆက်ကို အမြဲတစေလေ့လာနေမှသာ ပေါ်လာတတ်သည်။
အဆင့်တစ်ခု၌ အလိုအလျောက်နိုးထလာသည့် နတ်ဆိုးသားရဲတွေနှင့်မတူပဲ...
သွေးမျိုးဆက်နည်းစနစ်ရှိနေခြင်းမှာ ထိုသွေးမျိုးဆက်ပိုင်ဆိုင်သူက သာမန်လူတွေထက် ဘာကြောင့်အများကြီးပိုသန်ရသလဲဆိုသည့် နောက်ထပ်အကြောင်းပြချက်လည်းဖြစ်သည်။
ပြောကြတာအရ သွေးမျိုးဆက်နည်းစနစ်ဟူသည် တစ်ခါက သူတို့ဘိုးဘေးတွေ၏ အစွမ်းထက်နည်းစနစ်တွေဟု ဆိုကြ၏။
"ဒါ သွေးမျိုးဆက်ရဲ့စွမ်းအားလား.."
ရှီဂွမ်းနှင့် ရွှေမျောက်ဝံကြားရှိတိုက်ပွဲကိုကြည့်ပြီး ကြည့်ရှုနေသူတွေ ကြောင်အနေကြ၏။
ဤတိုက်ပွဲပုံစံက သူတို့နားလည်နိုင်စွမ်းကို ကျော်လွန်နေပြီဖြစ်သည်။
အကယ်၍ သူတို့သာ ထိုတိုက်ပွဲထဲရောက်သွားလျှင် ခွန်အားကုန်သုံးလျှင်တောင် ကြွင်းကျန်စွမ်းအင်အနည်းငယ်ကို ခုခံနိုင်မည်မဟုတ်ပေ။
အသာလေးပဲ အပိုင်းပိုင်းကြေမွသွားမည်ဖြစ်သည်။
"ငါ အနာဂတ်မှာ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုရောက်ရင်တောင် ဒီလိုခွန်အားမျိုးရှိမလာနိုင်ဘူး..."
တစ်စုံတစ်ယောက်ရေရွတ်လိုက်သည်။
"ဟုတ်တယ်, ငါတို့ကသာမန်လူတွေပဲ, အရမ်းသန်မာဆန်တဲ့လူတွေပဲ..."
စိတ်လှုပ်တရှားဖြင့် လူအုပ် နောက်တစ်ကြိမ် အတွေးနက်သွားကြ၏။
ဤတောက်ပသည့်ကောင်းကင်ကြီးမှာ သွေးမျိုးဆက်ရှိသည့်လူတွေအတွက်သာဖြစ်သည်။
သာမန်လူတွေအတွက် နေရာရဖို့ ခက်ခဲလွန်း၏။
သူတို့ကိုယ်သူတို့ သာမန်လူတွေဟု ခေါ်နေကြသော်လည်း အမှန်တော့ အပြင်ဘက်ကမ္ဘာနှင့်ယှဥ်လျှင် သူတို့လည်း ပါရမီရှင်တွေဖြစ်ကြ၏။
ဤအရာက ပါရမီရှင်တွေစုဝေးနေသည့် ထိုက်ရွမ်ဂိုဏ်းဖြစ်သောကြောင့်သာ အနည်းငယ်သာမန်ဖြစ်နေတာဖြစ်သည်။
ဘုန်း! ဘုန်း! ဘုန်း!
အဝေးရှိတိုက်ပွဲက ဆက်လက်ဖြစ်သွားနေခဲ့သည်။
ကြီးမားသည့်အကောင်ကြီးနှစ်ကောင်လုံးက လုံးဝရူးသွပ်သည့်အခြေအနေကို ရောက်နေခဲ့သည်။
သူတို့၏ကြောက်မက်ဖွယ်ခုခံစစ်ကိုမှီခိုပြီး ခုခံဖို့တွေးတောင်မတွေးပဲ အရူးအမူတိုက်ခိုက်နေခဲ့သည်။
ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်း အကွက်ရေ တစ်ရာကျော်သွား၏။
"ကောင်းကင်ကြယ်တာယာလက်သီး, ကြယ်ကြွေခြင်း..."
ရှီဂွမ်းလက်တွေကို အတူတကွစုစည်းပြီး ကြမ်းတမ်းသည့်တိုက်ကွက်တစ်ခု ထုတ်ဖော်လိုက်သည်။
သူ့မျက်လုံးထဲ၌ ပြင်းထန်သည့်တိုက်ခိုက်လိုစိတ်အပြင် တုန်လှုပ်မှုအရိပ်အယောင်အနည်းငယ်လည်းရှိနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော်, ရိုးရိုးသားသားပြောရလျှင် ဤကဲ့သို့အဆင့်တူပြိုင်ဘက်တစ်ယောက်နှင့် တစ်ခါမှမတွေ့ဘူးပေ။
ခွန်အားပဲဖြစ်ဖြစ်၊ ခုခံမှုပဲဖြစ်ဖြစ် သူ့ထက်တစ်ခုမှ အားမနည်းပေ။
"နတ်ဆိုးမျောက်ဝံ... နတ်ဘုရားစွမ်းအား..."
ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ ၎င်း၏ တတိယစွမ်းရည်ကို အသုံးပြုလိုက်၏။
ရုတ်တရက် ၎င်း၏မူလ မီတာ ၃၀ ခန္ဓာကိုယ်က နောက်ထပ် ၁၀မီတာ ပိုမြင့်လာပြီး တစ်ကိုယ်လုံးရှိကြွက်သားတွေလည်း ဖောင်းကာလာခဲ့သည်။
အမွေးအမျှင်တွေက သံမဏိကဲ့သို့မာကျောလာပြီး ၎င်းတို့တိုက်မိသည့်အခါ သံနှင့်ရွှေတိုက်မိသံတွေထွက်ပေါ်နေခဲ့သည်။
"လူသားမျိုးနွယ်... မင်းအကောင်းဆုံးလုပ်ခဲ့ပါတယ်..."
ရွှေမျောက်ဝံ လက်သီးဆုပ်လိုက်၏။
၎င်းလက်သီးမြှောက်လိုက်သည့်အခိုက်အတန့်၌ တောင်တစ်လုံးလေထဲချိတ်ဆွဲနေသကဲ့သို့ ဖိအားတွေအပြည့်ပင်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
ရှီဂွမ်းမျက်နှာ အနည်းငယ်ပြောင်းလဲသွား၏။
မူလ၌ သူနှင့်နတ်ဆိုးသားရဲကြားတိုက်ပွဲက သရေကျနေခဲ့သည်။
သို့ပေမယ့် ရုတ်တရက် နတ်ဆိုးသားရဲ၏ခွန်အားက ထိုးတက်သွားပြီး သူ့ကိုဖိနှိပ်လာခဲ့သည်။
သူ၏လက်ရှိခုခံမှုဖြင့် ခုခံဖို့ မဖြစ်နိုင်ပေ။
ဘုန်း!
ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံလက်သီး ဆင်းသက်လာခဲ့သည်။
ရှီဂွမ်း မရှောင်ပေ။
နှစ်ယောက်လုံးက ခန္ဓာသန့်စင်သူတွေဖြစ်ရာ သူ ဘယ်လိုလုပ်ရှောင်နိုင်မည်နည်း။
သူလိုချင်တာက ထိပ်တိုက်တိုက်ခိုက်ပြီး အနိုင်ယူဖို့ပင်။
သူသာရှောင်လိုက်လျှင် သူ၏သွေးမျိုးဆက် လွမ်းမိုးခံရမည်ဖြစ်သည်။
"ကောင်းကင်ခန္ဓာ..."
ရှီဂွမ်း ခွန်အားအားလုံးထုတ်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံးက နေတစ်စင်းကဲ့သို့ ရွှေရောင်အလင်းတန်းတွေ တောက်ပလာခဲ့သည်။
သို့ပေမယ့်...
ဘုန်း!
လက်သီးကျဆင်းလာသည်နှင့် ရှီဂွမ်း အပြင်းအထန်ထုရိုက်ခံရသလို ခံစားလိုက်ရပြီး သူ၏ကြီးမားသည့်ခန္ဓာကိုယ်ကြီး ဆက်တိုက်နောက်ဆုတ်လိုက်ရသည်။
မီတာတစ်ရာရောက်မှသာ ရပ်တန့်သွားပြီး ရှည်လျားသည့်အက်ကြောင်းကြီးကျန်နေခဲ့၏။
အပေါ်ယံအရေပြား၌လည်း အက်ရာတွေစတင်ပေါ်လာသည်။
များစွာသောကျောက်တုံးတွေ ကျယ်လောင်သည့်အသံနှင့်ပြုတ်ကျကာ ငွေရောင်သွေးတွေစီးကျလာပြီး မြေပြင်တစ်ခုလုံးကို ဖုံးလွမ်းသွားခဲ့သည်။
"ငါ... ရှုံးသွားပြီ..."
ရှီဂွမ်း ဖြည်းဖြည်းချင်းခေါင်းမော့လာပြီး ဆန္ဒမရှိသော်လည်း ပြောလိုက်သည်။
ထိုစကားသံထွက်ပေါ်လာသည့်အခါ ချက်ချင်း အုတ်အုတ်ကျက်ကျက်ဖြစ်သွား၏။
"ရှီဂွမ်း တကယ်ရှုံးသွားပြီ..."
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
ကြည့်ရှုသူတွေမျက်လုံးထဲ၌ နှစ်ယောက်လုံးက လုံးဝသရေကျနေခဲ့သည်။
သူတို့က သရေကျမည်ထင်ထားခဲ့သော်လည်း နောက်တစက္ကန့်၌ ရှီဂွမ်းလက်သီးတစ်ချက်တည်းဖြင့် လွင့်ပျံသွားခဲ့သည်။
အတွင်းဒဏ်ရာတွေတောင် ရသွားပုံပေါ်၏။
"လူသားမျိုးနွယ်... မင်းရဲ့သွေးမျိုးဆက်... အရမ်းသန်မာတယ်... ဒါပေမယ့်, မင်းက အပေါ်ယံပဲနားလည်သေးတယ်... အဲ့တာရဲ့တကယ့်စွမ်းအားအစစ်အမှန်ကို မထုတ်ဖော်နိုင်သေးဘူး..."
"ပြီးတော့... သွေးမျိုးဆက်နည်းစနစ်ကိုလည်း... နားမလည်သေးဘူး..."
ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ ပြောလိုက်သည်။
ဤအခိုက်အတန့်၌ သူ့မျက်လုံးထဲမှာ မောက်မာမှုတွေ မရှိပေ။
သိသာစွာပင်, ရှီဂွမ်း၏လုပ်ဆောင်မှုက သူ၏လေးစားမှုကို ရရှိခဲ့၏။
"ငါ့အကိုက ဒီနှစ်မှ ၈ နှစ်ပဲရှိသေးတာ။ အချိန်ခဏပေးလိုက်, သေချာပေါက် မင်းကို အနိုင်ယူနိုင်မှာ..."
ရှီယောင် ရှီဂွမ်းဘေးပြေးသွားပြီး ကျယ်လောင်စွာအော်ပြောလိုက်သည်။
"၈ နှစ်?..."
ရွှေမျောက်ဝံ ကြောင်သွား၏။
ဤလူသားပုံပန်းသွင်ပြင်အရ အသက် ၄၀ ၅၀ ရှိသည့်သက်လတ်ပိုင်းလူဟု ပြောလျှင်တောင် ချဲ့ကားရာမရောက်ပေ။
သို့ပေမယ့် တကယ်သာ ၈နှစ်ဆိုလျှင် အနည်းငယ်ကြောက်စရာကောင်းသွားပြီဖြစ်သည်။
သူက နှစ်အနည်းငယ်သာလေ့ကျင့်ရသေး၍ သေချာပေါက် သွေးမျိုးဆက်ကို အများကြီးလေ့လာရအုန်းမည်မဟုတ်ပေ။
သွေးမျိုးဆက်နည်းစနစ်ဖြစ်သည့် ၎င်း၏တတိယစွမ်းရည်နိုးထလာ၍သာမဟုတ်လျှင် ဤတိုက်ပွဲ၌ မည်သူနိုင်မည်က ပြောရခက်မည်ဖြစ်သည်။
အခန်း (၆၆)
မင်းတို့ညီအကိုနှစ်ယောက် ငါ့ရဲ့တောင်းဆိုချက်လေးတစ်ခုကို လက်ခံပေးလို့ရမလား
"ကျောက်တုံးသွေးမျိုးဆက်..."
ရွှေမျောက်ဝံမျက်လုံးတွေ အနည်းငယ် လှုပ်ရှားသွား၏။
သူ၏အမွေအနှစ်မှတ််ဉာဏ်ထဲ၌ လူသားကျင့်ကြံရေးအချက်အလက်တွေနှင့်ပတ်သက်ပြီး အမှန်တကယ်ပဲရှိ၏။
ကျောက်တုံးလူသားသွေးမျိုးဆက်က ၎င်းတို့ကြားရှိ ထိပ်တန်းသွေးမျိုးဆက်တစ်ခုဖြစ်သည်။
သို့ပေမယ့် ၎င်း၏ရှားပါးမှုကြောင့် အချက်အလက်အများကြီးမရှိပေ။
သေချာပေါက် သူ၏ရွှေမျောက်ဝံသွေးမျိုးဆက်ထက် အားမနည်းပေ။
အမှန်တော့ လူသားတွေက သူတို့၏သွေးမျိုးဆက်အပြည့်အဝမဖွံ့ဖြိုးသေးပဲနှင့်တောင် အရမ်းသန်မာနေရခြင်းက သူတို့၏သွေးမျိုးဆက်တွေက အလွန်အမင်းအလားအလာရှိတာကို ညွှန်ပြနေတာပဲဖြစ်သည်။
သွေးမျိုးဆက်ပိုင်ဆိုင်သူတွေအတွက် သွေးမျိုးဆက်သိပ်သည်းမှုကလည်းအရေးပါပြီး သူတို့၏အနာဂတ် တိုက်ပွဲစွမ်းရည်နှင့်အလားအလာကို ကိုယ်စားပြု၏။
"ပြီးသွားပြီ, ရှီဂွမ်းတောင်ရှုံးသွားပြီ။ ကြည့်ရတာ တစ်ယောက်မှ ဒီသားရဲလက်ထဲကအဆင့်မြင့်စိတ်ဝိညာဥ်လက်နက်တွေကို မယူနိုင်လောက်တော့ဘူး..."
တစ်စုံတစ်ယောက်ပြောလိုက်ပြီး အသံ၌ ခံပြင်းမှုတွေရှိနေခဲ့သည်။
အဆုံးမှာတော့ လက်ရှိခေတ်၌ လူသားမျိုးနွယ်က တိုက်ကြီး၏အုပ်စိုးသူအင်အားစုဖြစ်ပြီ။
သားရဲတွေကတော့ လွန်ခဲ့သောမရေမတွက်နိုင်သည့်ခေတ်ကတည်းက ရှုံးနိမ့်သူတွေဖြစ်ကြသည်။
သို့ပေမယ့် ယခု ဤသားရဲက လူတိုင်းကိုအနိုင်ယူခဲ့ပြီး ကျော်လွားမရသည့်တံတိုင်းကြီးအဖြစ် မားမားမတ်မတ်ရပ်နေခဲ့သည်။
တကယ်ပဲ အတော်လေး ရှက်စရာကောင်းလှ၏။
"ဂိုဏ်းက ငါ့တို့ကိုအမျှော်လုပ်ဖို့များ သတ်မှတ်ချက်ကို ဒီလောက်အမြင့်ကြီးထားထားတာလားမသိဘူး..."
တစ်စုံတစ်ယောက် မှတ်ချက်ပြုလိုက်သည်။
လူတိုင်းအလေးအနက် သဘောတူလိုက်၏။
ရှီဂွမ်းတောင်မနိုင်တာ သူတို့ဆိုဝေးပြီဖြစ်သည်။
"ဟုတ်တယ်, ဂိုဏ်းက ငါတို့ကို ပြရုံပြတာနေမှာ။ နောက်ဆုံးတော့ ဒါတွေက အဆင့်မြင့်စိတ်ဝိညာဥ်လက်နက်တွေလေ။ စစ်မှန်တပည့်တွေမှာတောင် ရှိတာမဟုတ်ဘူး..."
"ဘယ်လိုလုပ် အလွယ်တကူရနိုင်မှာလဲ..."
ဤအရာကိုကြားသည့်အခါ လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။
တကယ်တော့ ဤအနီနက်ရောင်အခွင့်လမ်းနေရာက သူတို့အတွက်မဟုတ်ဘူးဆိုတာ လူတိုင်းသိ၏။
ဤအရာက ထိပ်တန်းပါရမီရှင်တွေကို စိတ်ခွန်အားပေးဖို့ပဲဖြစ်သည်။
မြင့်မားသည့်ဆုလဒ်ဖြင့် ဆွဲဆောင်ပြီး ကြီးမားသည့်ဖိအားနှင့် အလားအလာကို ထုတ်ဖော်ခိုင်းမည်ဖြစ်သည်။
အလားအလာနှင့်ခွန်အားက ဖိအားအောက်မှာသာ မကြာခဏထွက်ပေါ်လာတတ်တာဖြစ်သည်။
သူတို့တိုက်ခိုက်လေလေ ပိုသန်မာလာလေလေဖြစ်သည်။
"ငါ ခြင်ဆီကျောက်တုံးလိုတယ်..."
ခန္ဓာကိုယ်တဖြည်းဖြည်းပုံမှန်အရွယ်အစားပြန်ဖြစ်သွားပြီး ရှီဂွမ်းအသက်ပြင်းပြင်းရူကာ ပြောလိုက်သည်။
"ခြင်ဆီကျောက်တုံး..."
ရှီယောင် အံ့အားသင့်သွား၏။
"ငါ ခြင်ဆီကျောက်တုံးကိုဝါးမျိုပြီးတာနဲ့ သွေးမျိုးဆက်နည်းစနစ်ကို နားလည်နိုင်တယ်..."
"အဲ့အခါကျရင်, သေချာပေါက် ဒီကောင်ကို နိုင်ပြီ..."
ရှီဂွမ်း အံ့ကြိတ်ပြောလိုက်၏။
ခန္ဓာသန့်စင်ခြင်းသွေးမျိုးဆက်သယ်ဆောင်သူတစ်ယောက်အနေဖြင့် သဘာဝအတိုင်း သူ့ကိုယ်သူ အခြားအမျိုးစားတူသွေးမျိုးဆက်တစ်ခုအား ရှုံးနိမ့်ခွင့်ပြုမည်မဟုတ်ပေ။
သူ နိုင်ရမည်ဖြစ်သည်။
မဟုတ်လျှင် ဘယ်လိုလုပ် သူ့အမေအတွက် ဂုဏ်ကျက်သရေယူဆောင်ပေးနိုင်မည်နည်း။
"ဒါပေမယ့် ခြင်ဆီကျောက်တုံးကို တစ်ယောက်ယောက်ယူသွားပြီမဟုတ်ဘူးလား..."
ရှီယောင် ရှီဂွမ်းအရေပြားအောက်ရှိ ခပ်ဖျော့ဖျော့မြင်နေရသည့် ချပ်ဝတ်ပုံသဏ္ဍာန်တွေကိုကြည့်ပြီး အနည်းငယ်လက်သီးတင်းကြပ်စွာဆုပ်လိုက်၏။
သူ့အကိုက သွေးမျိုးဆက်လေ့လာရာ၌ သူ့ထက်အနည်းငယ်ပိုမြန်၏။
ဤချပ်ဝတ်ပုံသဏ္ဍာန်တွေက ထွက်ပေါ်လာတော့မည့် သွေးမျိုးဆက်နည်းစနစ်ပင်။
သို့ပေမယ့် ခုချိန်ထိ မပြည့်စုံသေးပေ။
ခြင်ဆီကျောက်တုံးက လောကကြီးထဲရှိ ထူးဆန်းကျောက်တုံးတွေပြိုကျရာမှ ကျန်ခဲ့သည့် အနှစ်သာရဖြစ်သည်။
သူတို့၏ကျောက်တုံးလူသားသွေးမျိုးဆက်အတွက် အရေးကြီးပစ္စည်းဖြစ်၏။
"ငါမေးလိုက်မယ်..."
ရှီယောင်ပြောလိုက်သည်။
ညီအကိုတွေဖြစ်သည့်အတွက် သူ့အကို၏ခံစားချက်ကို သဘာဝအတိုင်းနားလည်၏။
ထို့ပြင် သူ၏ကိုယ်ပိုင်သွေးမျိုးဆက်က အခြားအမျိုးစားတူသွေးမျိုးဆက်တစ်ခုကို ရှုံးနိမ့်တာအား သူလည်း မလိုချင်ပေ။
ဤသို့ဖြင့် ရှီယောင်တစ်ဖက်လှည့်လာပြီး လူတိုင်းကိုမျက်နှာချင်းဆိုင်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"လူတိုင်း, မင်းတို့ထဲက ဘယ်သူမှာ ခြင်ဆီကျောက်တုံးရှိလဲ? ငါတို့နဲ့ လဲလှယ်လို့ရမလား..."
"ခြင်ဆီကျောက်တုံး...."
ထိုအရာကိုကြားသည့်အခါ လူတိုင်း တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။
ဤကဲ့သို့ထူးဆန်းသည့်နာမည် တစ်ခါမှမကြားဖူးပေ။
"တကယ်ကို သွေးမျိုးဆက်သယ်ဆောင်သူအဖြစ် ထိုက်တန်တယ်..."
"ဒီမွေးရာပါစွမ်းအားက အရမ်းထူးဆန်းပြီး သာမန်လူတွေထက် အများကြီးသာတယ်..."
ရှီဂွမ်း လက်သီးတစ်ချက်ဖြင့်လွင့်ထွက်လာတာမြင်တော့ မုန့်ချန်ချင်း မနေနိုင်ပဲ ပင့်သသက်ရှိုက်လိုက်သည်။
သို့ပေမယ့် အများကြီးတော့ မအံ့သြပေ။
အဆုံးမှာတော့ သူ့ဓားချီက ထိုမွေးရာပါစွမ်းရည်တွေထက် အားမနည်းပေ။
သူတို့ကြား၌ ခြားနားချက်မရှိပေ။
"သိုင်းပညာရှင်တစ်ယောက်က သွေးမျိုးဆက်နဲ့ သိုင်းပညာအဟုန် နှစ်ခုလုံးသာပိုင်ဆိုင်ရင် ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ...."
မုန့်ချန်ချင်း မနေနိုင်ပဲ စိတ်ကူးယဥ်လိုက်သည်။
ထိုကြောက်မက်ဖွယ်စွမ်းရည်တွေကိုပေါင်းစပ်လိုက်သည့်အခါ တကယ်ပဲ ကြောက်စရာကောင်းသွားမည်ဖြစ်သည်။
ထို့ပြင် သမိုင်း၌မှတ်တမ်းတင်ထားသည့် ဒဏ္ဍာရီလာပုံရိပ်အများစုကလည်း ဤကဲ့သို့ ဖြစ်တန်ရာသည်။
"ဒီတော့, ဒဏ္ဍာရီလာပုံရိပ်တစ်ခုဖြစ်ဖို့ ငါ အခု သွေးမျိုးဆက်တစ်ခုပဲလိုတာတော့ပေါ့..."
မုန့်ချန်းချင်းပါးစပ်အနည်းငယ်တွန့်ကွေးသွားပြီး အသိပြန်ဝင်လာခဲ့သည်။
ဤအခိုက်အတန့်၌ ရှီယောင်ဘက်မှ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"လူတိုင်း, မင်းတို့ထဲက ဘယ်သူ့မှာ ခြင်ဆီကျောက်တုံးပိုင်ဆိုင်ထားလဲ..."
ထိုအရာကိုကြားသည့်အခါ မုန့်ချန်ချင်းမျက်ခုံးတွေ အနည်းငယ် မြှင့်တက်သွား၏။
ထိုအရာက ဘာပစ္စည်းနည်း။
သူ တစ်ခါမှမကြားဖူးပေ။
တကယ်တော့ ဤအရာက ပုံမှန်ပဲဖြစ်သည်။
အဆုံးမှာတော့ သိုင်းပညာရှင်အများစုအတွက် ခြင်ဆီကျောက်တုံးက အသုံးမဝင်ပေ။
"ခဏနေအုန်း, ငါ အနီရင့်အခွင့်လမ်းနေရာကနေ ကျောက်တုံး ၂ တုံးရခဲ့သေးတာပဲ..."
မုန့်ချန်ချင်း ပြန်စဥ်းစားပြီး အတော်လေးပုံမှန်မဟုတ်တာကို ခံစားမိ၏။
ထိုအရာက ရှီယောင်ပြောတာနှင့် အတူတူလားဆိုတာ သူမသိပေ။
ဤအတွေးနှင့် မုန့်ချန်ချင်း ရှေ့ထွက်လာခဲ့သည်။
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဤအရာက အခွင်းရေးကောင်းတစ်ခု ဖြစ်နေဆဲဖြစ်သည်။
မှန်ပါသည်, ဟုတ်ခဲ့လျှင်တော့ အကောင်းဆုံးဖြစ်၏။
မဟုတ်လျှင်လည်း ကိစ္စမရှိပေ။
အနည်းဆုံး သူက သူတို့နှစ်ယောက်နှင့်သိခွင့်ရပြီး မိတ်ဆွေဖြစ်ဖို့ နီးစပ်လာမည်ဖြစ်သည်။
တစ်ယောက်မှမဖြေတာမြင်တော့ စိတ်ပျက်မှုတွေ ရှီယောင်မျက်နှာ၌ ပေါ်လာခဲ့သည်။
သို့ပေမယ့် ထိုအခိုက်အတန့်၌ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မင်းတို့လိုချင်တာ ဒါလား..."
ရှီယောင် ချက်ချင်း အသံလာရာကို ကြည့်လိုက်သည်။
ထိုအခါ လူတစ်ယောက် လူအုပ်ထဲမှ လျောက်ထွက်လာတာမြင်လိုက်ပြီး လက်ထဲ၌ ကျောက်တုံးနှစ်တုံးကိုင်ထားခဲ့သည်။
အသွင်အပြင်နှင့်အနံအရ ဤအရာတွေက ခြင်ဆီကျောက်တွေဆိုတာ အတိအကျပင်။
ဝှစ်!
ပုံရိပ်နှစ်ခု ချက်ချင်းပဲ မုန့်ချန်ချင်းရှေ့မှာ ပေါ်လာပြီး နေရောင်ခြည်ကိုဖုံးကွယ်ထားသည့်အနက်ရောင်တိမ်တိုက်တွေကဲ့သို့ အလင်းရောင်ကို မှိန်ကျသွားစေခဲ့သည်။
ဒဏ်ရာရနေသည့် ရှီဂွမ်းလည်း ရောက်လာခဲ့သည်။
ဤအရာက သွေးမျိုးဆက်၏မသိစိတ်အရစေ့ဆော်မှုဖြစ်ပြီး ခြင်ဆီကျောက်တုံးအပေါ် တပ်မက်မှုတွေ ထုတ်လွတ်နေခဲ့သည်။
နှစ်ယောက်သား၏ရောက်လာမှုက လေပွေအသေးစားတစ်ခုဖြစ်သွားစေပြီး မုန့်ချန်ချင်း ဆံပင်တွေကို လွင့်ပျံသွားစေသည်။
"အကို, ဒါ ခြင်ဆီကျောက်တုံးပဲ..."
ရှီယောင် အလွန်စိတ်လှုပ်ရှားနေပြီး လက်ဖြင့် လှမ်းယူလိုက်၏။
သို့ပေမယ့် ရှီဂွမ်းရိုက်လိုက်ရာ ချက်ချင်း လက်ပြန်ရုတ်သွားသည်။
"အမေပြောထားတယ်လေ, မင်း အခြားလူရဲ့ပစ္စည်းတွေကို ထိလို့မရဘူး..."
ရှီဂွမ်း သတိပေးလိုက်သည်။
"ဟုတ်တယ်, ဟုတ်တယ်..."
ပုံမှန်ဆို ရှီယောင် စကားအနည်းငယ်ငြီးတွားလေ့ရှိပေမယ့် ယခုတော့ ခြင်ဆီကျောက်တုံးကိုသာ စိုက်ကြည့်နေခဲ့သည်။
"စီနီယာ...အကို, မင်း ဘာနဲ့လှဲချင်လဲ..."
တစ်ဖက်လူ၏ကျင့်ကြံရေးက ပင်လယ်ခွဲခြမ်းခြင်းအဆင့်ဆိုတာ ခံစားမိသည့်အခါ ရှီယောင်အလျှင်အမြန်ပဲ စကားပြောင်းလိုက်သည်။
အဆုံးမှာတော့ သူက ၈နှစ်သာရှိသေးရာ သဘာဝအတိုင်းစီနီယာဟု ခေါ်ရမည်ဖြစ်သည်။
"ဒါက ငါ့မှာရှိတဲ့ဟာပဲ။ မင်းဘယ်လိုသဘောရလဲ...."
ရှီဂွမ်း သူ၏သိုလှောင်လက်စွပ်ထဲမှ စိတ်ဝိညာဥ်ဆေးတစ်ပင် ထုတ်ယူလိုက်၏။
တောက်ပပြီးရနံ့တွေသင်းပျံနေကာ သိသာစွာပဲ အဆင့် ၃ အရင်းမြစ်ဖြစ်၏။
"ငါ့မှာလည်းတစ်ခုရှိတယ်..."
ရှီယောင်လည်း အလျှင်အမြန် ထုတ်ယူလိုက်၏။
နောက်ထပ် အဆင့် ၃ စိတ်ဝိညာဥ်ဆေးပင်။
ကြည့်ရတာ သူတို့က အနီရင့်အခွင့်လမ်းနေရာ ၂ ခုပိုင်ဆိုင်ခဲ့ပုံပင်။
မုန့်ချန်ချင်း စိတ်ထဲမှာ ခေါင်းညိတ်လိုက်၏။
"ဒါတွေမလိုပါဘူး။ ဒီကျောက်တုံးနှစ်ခုက ငါ့အတွက် အသုံးမဝင်ဘူး။ ဒီတော့ မင်းတို့ကိုပေးလိုက်မယ်..."
မုန့်ချန်ချင်း ညင်သာစွာ ပြုံးလိုက်၏။
သူသာ လက်ခံလိုက်လျှင် အဆုံးမရှိသည့် အရောင်းအဝယ်ဖြစ်မည်ဖြစ်သည်။
သို့ပေမယ့် သူလိုချင်တာက သူတို့နှစ်ယောက်နှင့် မိတ်ဆွေဖြစ်ဖို့ပင်။
အနာဂတ်၌လည်း နှစ်သက်မှုတွေတိုးအောင်လုပ်ရမည်ဖြစ်သည်။
ထို့ကြောင့် သဘာဝအတိုင်းလက်ခံလို့မရပေ။
ဤကျောက်တုံးတွေအတွက်တော့, သူလေ့လာပြီးပြီဖြစ်သည်။ ၎င်းတို့က သာမန်သိုင်းပညာရှင်တွေအတွက် အသုံးမဝင်ပေ။
"ဒီလိုလုပ်လို့ ဘယ်ဖြစ်မှာလဲ..."
ရှီဂွမ်း ကြောင်သွား၏။
သူက စီနီယာအကိုရွေးချယ်ဖို့ စောင့်နေသော်လည်း မမျှော်လင့်စွာပဲ အလကားပေးလာခဲ့သည်။
အလွန်သွေးဆောင်ခံနေရသော်လည်း အလကားယူလိုက်ဖို့က အတာ်လေး ရှက်စရာကောင်း၏။
"မင်းတို့တွေက တစ်စုံတစ်ခုပြန်ပေးမှဖြစ်မယ်ဆိုရင်လည်း ဒီလိုဆိုရင်ကောဘယ်လိုလဲ..."
"ငါ့ရဲ့ တောင်းဆိုမှုသေးသေးလေးတစ်ခုကို မင်းတို့ညီအကိုနှစ်ယောက် သဘောတူပေးလေ..."
ဤအရာကိုမြင်သည့်အခါ မုန့်ချန်ချင်း အချိန်မှန်ရောက်နေပြီဆိုတာ သိလိုက်၏။
ဘာကိုမှမတောင်းဆိုခြင်းမှာ ဤအခိုက်အတန့်ကို စောင့်နေတာဖြစ်သည်။
တစ်ဖက်လူ အကြွေးတင်နေသည်ဟုခံစားရသည်နှင့် သူပြောသမျှတောင်းဆိုမှုတိုင်းက နှစ်ဆ အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။
"စီနီယာအကို, ကျေးဇူးပြုပြီး ပြောပါ..."