အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း (၆၇)
သွေးမျိုးဆက်ရရှိခြင်းနှင့် ကောင်းကင်အုပ်စိုးခြင်းခန္ဓာ
"ငါ ဒီကဂျူနီယာနှစ်ယောက်နဲ့ မိတ်ဆွေဖြစ်ချင်တယ်..."
မုန့်ချန်ချင်း ပြောလိုက်သည်။
သူ၏ပေါ်တင်ဆန်သည့်အသံက မြက်ခင်းပြင်ပေါ် ခပ်ဖျော့ဖျော့ပဲ့တင်ထပ်သွားပြီး ရှိနေသည့်လူတိုင်းနားထဲဝင်ရောက်လာခဲ့သည်။
မိတ်ဆွေဖြစ်ချင်တယ်?...
ဘယ်လိုထူးဆန်းတဲ့တောင်းဆိုမှုလည်း..
ဒါက အဆင့် ၃ အရင်းအမြစ် ၂ ခုလေ...
ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အတွက် အရမ်းအသုံးဝင်တာကို...
သူတို့သာဆိုလျှင် တိုက်ရိုက်လဲလှယ်လိုက်မှာဖြစ်သည်။
လုံးဝတွေဝေနေမည်မဟုတ်ပေ။
မိတ်ဆွေဖွဲ့တာအတွက်တော့....
ရှီညီအကိုနှင့်မိတ်ဆွေဖြစ်တာ ကောင်းပေမယ့်...
အဆင့် ၃ အရင်းအမြစ် ၂ခု အကုန်ကျခံလုပ်တာက ဖြုန်းတီးရာမရောက်ပေဘူးလား။
"ဒီလူက ဘယ်သူလဲ..."
မေးခွန်းထုတ်ပြီးနောက် လူတွေ ဇဝေဇဝါးဖြစ်လာကြ၏။
မုန့်ချန်ချင်းခွန်အားအရ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ဖြစ်သည်။
ဤအချိန်၌ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို ချိုးဖျက်နိုင်သည့်ဘယ်သူမဆို ထိပ်တန်းပါရမီရှင်ဖြစ်၏။
သို့ပေမယ့် ဤလူမျက်နှာက အတော်လေးမရင်းနှီးပေ။
"သူက မုန့်ချန်ချင်းပဲ, ငါတို့စိတ်ဝိညာဥ်တောင်ထိပ်ရဲ့ ပါရမီရှင်တပည့်..."
"သစ္ဆေလက်ချောင်းပိုင်းချန်ခဲ့ကို သူပဲသတ်ခဲ့တာ...."
စိတ်ဝိညာဥ်တောင်ထိပ်တပည့်အချို့ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
လျို့ဝှက်နယ်မြေထဲဝင်ရောက်သည့်တပည့်တွေထဲ၌ စိတ်ဝိညာဥ်တောင်ထိပ်တစ်ခုသာ မည်သည့်လှုပ်ရှားမှုမှ မရှိတာဖြစ်သည်။
ထူးချွန်သည့်တပည့်လည်း မရှိပေ။
အခြားတောင်ထိပ်ပါရမီရှင်တွေ သားရဲနှင့်တိုက်ပွဲ၌ကျရှုံးခဲ့သော်လည်း အနည်းဆုံး သန်မာသည့်ခွန်အားနှင့် ကျင့်ကြံရေးကို ပြသခဲ့သည်။
သူတို့၏တောင်ထိပ်တစ်ခုသာ အတော်လေး တိတ်ဆိတ်နေခဲ့သည်။
ကံကောင်းစွာဖြင့်, မုန့်ချန်ချင်းထွက်ပေါ်လာမှုက အမှတ်အချို့ ပြန်ယူဆောင်လာခဲ့သည်။
ထိပ်တန်းပါရမီရှင်လား?...
ငါတို့စိတ်ဝိညာဥ်တောင်ထိပ်မှာလည်း ရှိတယ်...
ကြည့်စမ်း သူက ပင်လယ်ခွဲခြမ်းနယ်ပယ်ကို ရောက်နေပြီကွ...
"မိတ်ဆွေဖွဲ့မယ်..."
ရှီဂွမ်း အခြားသူတွေ၏ဆွေးနွေးမှုတွေကို အများကြီးအာရုံမစိုက်ပေ။
သူ့အထင်အရ, ဤစီနီယာအကိုက အခြားအရင်းအမြစ် ဒါမှမဟုတ် သူတို့အကူအညီလိုအပ်နေတာဟူ၍ပင်။
သို့ပေမယ့် လက်တွေ့မှာတော့ လုံးဝကွဲပြားပြီး သူက သူတို့နှစ်ယောက်နှင့် မိတ်ဆွေဖြစ်ချင်ရုံသာဖြစ်သည်။
"ဂျူနီယာညီလေးနှစ်ယောက် ဆန္ဒရှိလား..."
မုန့်ချန်ချင်း ပြုံးပြီး ပြောလိုက်သည်။
"ဆန္ဒရှိပါတယ်, သေချာပေါက် ဆန္ဒရှိတာပေါ့...."
ရှီယောင် အသိပြန်ဝင်လာပြီး အလျှင်အမြန်ပြန်ပြောလိုက်သည်။
"သေချာပေါက်ဆန္ဒရှိပါတယ်..."
ရှီဂွမ်းလည်း ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်၏။
သူက သူ့အမေပြောတာကို အမှတ်ရလိုက်သည်။ အပြင်ထွက်သည့်အခါ မိတ်ဆွေတွေအပေါ်မှီခိုပြီး လူကောင်းတွေနှင့် မိတ်ဆွေဖွဲ့ရမည်ဟူ၍ပင်။
သို့ပေမယ့် ယခုချိန်ထိ တစ်ယောက်မှ သူတို့နှင့် မိတ်ဆွေဖွဲ့ဖို့မကြိုးစားခဲ့ပေ။ သူတို့၏ရုပ်ခန္ဓာတွေက အလွန်ခြိမ်းခြောက်နေသောကြောင့်လည်း ဖြစ်နိုင်၏။
စီနီယာအကိုမုန့်က ပထမဆုံးပင်။
"ကောင်းပြီ, အခုကစပြီး ငါတို့က မိတ်ဆွေတွေပဲ..."
မုန့်ချန်ချင်း မနေနိုင်ပဲ ပြုံးလိုက်မိသည်။
နောက်ဆုံး၌ အောင်မြင်ခဲ့ပြီဖြစ်သည်။
သူက ဤအဖြေကို ၂ လနီးပါးစောင့်နေခဲ့ရတာဖြစ်သည်။
ဒင်!
[ရှီယောင်ကို မိတ်ဆွေအဖြစ်အောင်မြင်စွာပေါင်းထည့်ပြီးပါပြီ]
[လက်ရှိနှစ်သက်မှု- ကြယ် ၁လုံး]
[ရရှိသောစွမ်းရည်- ကောင်းကင်အုပ်စိုးခြင်းခန္ဓာ(ပြီးပြည့်စုံခြင်းအဆင့်)]
ဒင်!
[ရှီဂွမ်းကို မိတ်ဆွေအဖြစ် အောင်မြစ်စွာ ပေါင်းထည့်ပြီးပါပြီ]
[လက်ရှိနှစ်သက်မှု- ကြယ် ၁ လုံး]
[ရရှိသောစွမ်းရည်- ကျောက်တုံးလူသားသွေးမျိုးဆက်]
စနစ်၏အသံ သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။
ရိုးရိုးသားသားပြောရလျှင် ရှီယောင်ဆီိမှ သွေးမျိုးဆက်မရတာကို ကြားသည့်အခါ မုန့်ချန်ချင်း အမှန်တကယ်စိုးရိမ်သွား၏။
ကံကောင်းစွာဖြင့် ရှီဂွမ်းဆီမှ ရရှိခဲ့၏။
မဟုတ်လျှင် သူက နောက်တစ်ကြိမ်စောင့်ရတော့မည်ဖြစ်သည်။
"စနစ်, ဒီကျပန်းရတာကို ကိုယ့်စိတ်ကြိုက်ရွေးချယ်မှုအဖြစ်ပြောင်းလို့မရဘူးလား..."
"အချိန်တိုင်း ရင်တုန်ပန်းတုန်ဖြစ်နေရတယ်..."
မုန့်ချန်ချင်း တိတ်တဆိတ် စိတ်ထဲမှာ အထွန့်တက်လိုက်သည်။
သို့ပေမယ့် သူ့မျက်နှာပေါ်ရှိ အပြုံးကတော့ ပိုလို့တောင် တောက်ပလာခဲ့သည်။
ယခု ကျောက်တုံးလူသားသွေးမျိုးဆက်ကို ရရှိပြီးဖြစ်၍ အနာဂတ်၌ ခုခံရေးအတွက် စိုးရိမ်စရာမလိုတော့ပေ။
ထို့ပြင် ကျောက်တုံးလူသားသွေးမျိုးဆက်အပြင် "ကောင်းကင်အုပ်စိုးခြင်းခန္ဓာ" ကိုယ်လည်း ရရှိခဲ့၏။
(ရှေ့မှာရေးခဲ့တဲ့ ကောင်းကင်ခန္ဓာနဲ့ အတူတူပါပဲ။)
ဤအရာက သိမ်မွေ့အဆင့်မြင့် ခန္ဓာသန့်စင်ခြင်းနည်းစနစ်ဖြစ်၏။
ခရမ်းမြူတောင်ထိပ်ရှိ အကောင်းဆုံးသိမ်မွေ့အဆင့်သိုင်းပညာဟု ယူဆနိုင်၏။
သွေးမျိုးဆက်မပေါင်းစပ်ပဲနှင့်တောင် သူက ဤနည်းစနစ်ကိုသုံးပြီး သူ၏ခုခံမှုကို မြှင့်တင်နိုင်၏။
ထိုအခါ သာမန်ဓားနှင့်ဆေဘာက ၎င်းကိုထိုးဖောက်ဖို့ ခက်ခဲမည်ဖြစ်သည်။
ထို့ပြင် သူရရှိခဲ့သည့် "ကောင်းကင်အုပ်စိုးခြင်းခန္ဓာ"က ပြီးပြည့်စုံခြင်းအဆင့်ဖြစ်သည်။
ထိုအရာက သူ့ကို အားထုတ်မှုအများကြီး သက်သာစေ၏။
ထို့ကြောင့် ခြုံငုံကြည့်လျှင် ဤအရာက ကြီးမားသည့်ရိတ်သိမ်းမှုပင်။
"ရော့, ခြင်ဆီကျောက်တုံး..."
အသိပြန်ဝင်လာပြီးနောက် မုန့်ချန်ချင်း ကျောက်တုံးတွေအား ရှီညီအကိုကို တစ်ယောက်တစ်တုံးပေးလိုက်သည်။
"ငါ့ကိုယ်ငါ မိတ်ဆက်ခွင့်ပြုပါ။ ငါ့နာမည်က မုန့်ချန်ချင်း, စိတ်ဝိညာဥ်တောင်ထိပ်ရဲ့ အတွင်းစည်းတပည့်လေ..."
တစ်စုံတစ်ယောက် အဝေးမှ သူ့နာမည်ပြောလိုက်သော်လည်း သူက မိတ်ဆက်ဖို့ ဆုံးဖြတ်လိုက်၏။
ထိုအရာက လောကဝတ်ဆိုင်ရာ ကိစ္စတစ်ခုလည်းဖြစ်သည်။
"ကျေးဇူးတင်ပါတယ်, စီနီယာအကိုမုန့်။ ငါတို့နာမည်က ရှီဂွမ်းနဲ့ ရှီယောင်ပါ..."
နှစ်ယောက်သား သူတို့လက်ထဲရှိ ခြင်ဆီကျောက်တုံးတွေကိုကြည့်ပြီး စိတ်လှုပ်ရှားနေကာ အလျှင်အမြန်ပြန်ပြောလိုက်၏။
ခြင်ဆီကျောက်တုံးက သာမန်ကျင့်ကြံသူတွေအတွက် အသုံးမဝင်သော်လည်း သူတို့ ၂ ယောက်အတွက်တော့ အဆင့် ၃ အရင်းအမြစ်ထက်တောင် အများကြီးပို၏။
အဆင့် ၃ အရင်းအမြစ်အများကြီးရှိလျှင်တောင် မယှဥ်နိုင်ပေ။
"စီနီယာအကိုမုန့်က ငါတို့နဲ့မိတ်ဆွေဖြစ်ချင်တယ်။ ဒါငါတို့ရဲ့ဂုဏ်ယူစရာပါ..."
"ဒါကြောင့် ဒီတောင်းဆိုမှုကို ပြန်ပေးဆပ်တယ်လို့ မမှတ်ယူနိုင်ဘူး..."
တစ်ခဏတွေးပြီးနောက် ရှီဂွမ်း အလေးအနက်ပြောလိုက်သည်။
"ဒီတစ်ချိန် ငါတို့နှစ်ယောက် အကိုမုန့်အပေါ် အကြွေးတင်သွားပြီလို့ ယူဆလိုက်မယ်။ အနာဂတ်မှာ အကိုလိုအပ်တာ တစ်ခုခုရှိခဲ့ရင် အချိန်မရွေးပြောနိုင်ပါတယ်..."
ထိုစကားကြောင့် မုန့်ချန်ချင်း အနည်းငယ် အံ့အားသင့်သွား၏။
ဤစကားက အသက် ၈ နှစ်အရွယ်ကောင်လေးတစ်ယောက်ပြောသည့်စကားနှင့် မတူပေ။
သို့ပေမယ့် ဤအရာကစိတ်ကူယဥ်ဆန်သည့်ကမ္ဘာကြီးဖြစ်ရာ အသက်အရွယ်က ဆုံးဖြတ်ချက်ပေးနိုင်သည့်အချက်မဟုတ်ပေ။
နှစ်ယောက်လုံးက ၈ နှစ်အရွယ်ဖြစ်သော်လည်း အကိုဖြစ်သူမှာ အနည်းငယ်ရင့်ကျက်ပုံပေါ်ပြီး ညီဖြစ်သူ၏စကားတွေက ၈ နှစ်အရွယ်ကလေးတစ်ယောက်၏ စိတ်နေစိတ်ထားမျိုးဖြစ်၏။
"ကောင်းပြီလေ..."
မုန့်ချန်ချင်း အပြုံးတစ်ခုနှင့် ခေါင်းညိတ်လိုက်၏။
သူက ညီအကိုနှစ်ယောက်ဆီမှ အလိုချင်ဆုံးအရာကို ရပြီးသော်လည်း ဤအရာက အဆုံးသတ်မဟုတ်သေးပေ။ အစသာရှိသေး၏။
ညီအကို ၂ ယောက်၏အလားအလာအရ လတ်တစ်ဝက်မှာသာ သေမသွားလျှင် သေချာပေါက် အနာဂတ်၌ ထိတ်တန်းကျွမ်းကျင်သူတွေဖြစ်လာမည်ပင်။
ထိုအချိန်အတွင်း ပိုကောင်းသည့်စွမ်းရည်တွေ သူတို့ဇယား၌ ပေါ်လာမည်ပဲဖြစ်သည်။
ထို့ကြောင့် သူက နှစ်သက်မှုတိုးအောင်လုပ်ရမည်ဖြစ်သည်။
ထိုအရာက အနာဂတ်ပြင်ဆင်မှုတစ်ခုလည်းဖြစ်၏။
အဆုံးမှာတော့ နှစ်သက်မှုကြယ် ၅ လုံးကို ရောက်သည့်အခါ သူက မည်သည့်စွမ်းရည်ကိုမဆို ရနိုင်တာပဲဖြစ်သည်။
"ငါတို့ ခြင်ဆီကျောက်တုံးကို အမြန်စုပ်ယူရအုန်းမယ်..."
"ဒါကြောင့် အကိုမုန့်နဲ့ စကားမပြောတော့ဘူး..."
"လျို့ဝှက်နယ်မြေပြီးမှ အကိုမုန့်ဆီ ကျေးဇူးတင်စကားလာပြောအုန်းမယ်...."
ရှီဂွမ်း ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် အဆင်ပြေသလိုလုပ်ပါ..."
စွမ်းရည်တွေလက်ထဲရှိလာ၍ မုန့်ချန်ချင်း၌လည်း စကားပြောဖို့အချိန်မရှိပေ။
သူက ထိုအရာတွေကို ပေါင်းစပ်ရအုန်းမည်ပင်။
"ကောင်းပါပြီ.."
ညီအကိုနှစ်ယောက် ချက်ချင်းပဲ တစ်ဖက်လှည့်ထွက်သွားပြီး အနည်းငယ်ဝေးသည့်နေရာ၌ ခြေချိတ်ထိုင်ချလိုက်၏။
သူတို့က ခြင်ဆီကျောက်တုံးအဆီအနှစ်ကို စတင်စုပ်ယူတော့မည်ဖြစ်သည်။
မုန့်ချန်ချင်းအတွက်တော့ သူက နေရာမှာ ရပ်နေဆဲဖြစ်သည်။
သူက ကျောက်တုံးသွေးမျိုးဆက်ကို ချက်ချင်းပေါင်းစပ်ရန် ရည်ရွယ်ချက်မရှိပေ။
တစ်ချက်က ရှီဂွမ်းနှင့် ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ၏တိုက်ပွဲကို ကြည့်ပြီးနောက် ရွှေမျောက်ဝံ၏ အခြေအနေကို သိလိုက်သည်။
သူက သွေးမျိုးဆက်ကိုမလိုအပ်ပေ။ သူ၏လက်ရှိခွန်အားက ရွှေမျောက်ဝံနှင့်တိုက်ခိုက်ဖို့ လုံလောက်၏။
ဒုတိယတစ်ချက်က သွေးမျိုးဆက်က သိုင်းပညာမဟုတ်ပေ။ ပေါင်းစပ်ချိန်၌ ဘာတွေဖြစ်မည်ဆိုတာ မသိနိုင်ပေ။
ရှီညီအကို၏အရွယ်အစားကိုကြည့်ပြီး...
အကယ်၍ တစ်စုံတစ်ခုသာ တကယ်ဖြစ်သွားလျှင် လူအများရှေ့၌ ပြဿနာများပြီဖြစ်သည်။
ထို့ကြောင့် ခဏတွေးပြီးနောက် နောက်မှပေါင်းစပ်တာက ပိုကောင်း၏။
သို့ပေမယ့် ကောင်းကင်အုပ်စိုးခြင်းခန္ဓာ ကိုတော့ ပေါင်းစပ်ဖို့ လိုအပ်သေး၏။
အဆုံးမှာတော့ သူက တကယ်ပဲ ခုခံအား ကင်းမဲ့နေခဲ့သည်။
ဤသို့ဖြင့် ထိုအရာကို အရင်ဆုံးလုပ်ဆောင်လိုက်သည်။
သိုင်းပညာတစ်ခုဖြစ်သဖြင့် အသုံးမပြုလျှင် မည်သည့်မူမမှန်မှုမှ ဖြစ်မည်မဟုတ်ပေ။
"စနစ်, ကောင်းကင်အုပ်စိုးခြင်းခန္ဓာ ပေါင်းစပ်မယ်...."
မုန့်ချန်ချင်း တိတ်တဆိတ် စိတ်ထဲမှာပြောလိုက်သည်။
ဒင်!
[ပေါင်းစပ်ခြင်းစတင်ပါပြီ]
ကောင်းကင်အုပ်စိုးခြင်းခန္ဓာနှင့် ပတ်သက်သည့် များပြားသည့်အချက်အလက်တွေ သူ့စိတ်ထဲပေါ်လာခဲ့သည်။
အကုန်လုံး မစုပ်ယူနိုင်ခင် တစ်ခဏ အချိန်ယူလိုက်ရ၏။
ထို့နောက် မုန့်ချန်ချင်း ဖြည်းဖြည်းချင်းမျက်လုံးဖွင့်လာပြီး မသိစိတ်အရ သူ့လက်တွေကို ကြည့်လိုက်သည်။
ဤအခိုက်အတန့်၌ အတွေးတစ်ခုနှင့် သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်လာနိုင်ပြီး ချပ်ဝတ်တစ်ခုဝတ်ထားသကဲ့သို့ ခုခံအားကို အကြီးအကျယ်တိုးမြှင့်နိုင်တာပဲဖြစ်သည်။
ထို့ပြင် ကောင်းကင်အုပ်စိုးခြင်းခန္ဓာက ခုခံရေးတိုးမြှင့်ရုံလောက်မဟုတ်ပေ။
၎င်း၏ကျင့်စဥ်နည်းလမ်းအရ, ချီကိုလည်း ကောင်းကင်အုပ်စိုးခြင်းချီအဖြစ် ပြောင်းလဲနိုင်၏။
ဤကဲ့သို့ချီအမျိုးအစားက အလွန်အမင်းလွမ်းမိုးနိုင်စွမ်းရှိပြီး ကြမ်းကြုတ်၏။
လက်သီးတစ်ချက်၏စွမ်းအားက သာမန်ချီထက် လေးငါးဆလောက် ပိုအားကောင်းတာပဲဖြစ်သည်။
"သာမန်လူတစ်ယောက် နည်းစနစ် ၂ မျိုးကို လေ့ကျင့်နိုင်ရင်တောင် ခွန်အားအပြည့်အဝထုတ်နိုင်မှာ မဟုတ်ဘူး..."
"ဘာလို့လဲဆိုတော့ ဒါက ချီကိုထိန်းချုပ်ဖို့လိုလို့ပဲ...."
"ဒါပေမယ့် ငါက မတူဘူး..."
"ငါ့ချီက မကုန်ခမ်းနိုင်ဘူး..."
"ကျင့်စဥ် ၂ မျိုးမကလို့ နောက် ၂ မျိုးထပ်ကျင့်လည်း တပြိုင်နက်တည်းလုပ်ဆောင်နိုင်သေးတယ်..."
"ငါ့ခန္ဓာကိုယ်ထဲမှာ ချီအမျိုးအစားအများကြီး အဆက်မပြတ်စီးဆင်းခိုင်းတာပေါ့..."
မုန့်ချန်ချင်း ခပ်ဖွဖွပြုံးလိုက်သည်။
ဤအရာက "ပင်လယ်နက်မူလသို့ပြန်ခြင်း" ၏ အစွမ်းပင်။
"ပေါင်းစပ်မှုပြီးသွားပြီ, အခု အလုပ်လုပ်ဖို့ အချိန်ကျပြီ..."
အာရုံပြန်စုစည်းပြီး မုန့်ချန်ချင်း အဝေးရှိ ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံကို ကြည့်လိုက်သည်။
ထို့နောက် ညာလက်ကိုဓားရိုးပေါ်တင်ပြီး ဘယ်လက်ကိုနှောက်ပစ်ကာ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာခဲ့သည်။
"သွားကြစို့, သွားကြစို့..."
"ရှီဂွမ်းတောင်ရှုံးနိမ့်ခဲ့တာ ငါ့အထင် ဘယ်သူမှ စိန်မခေါ်ရဲလောက်တော့ဘူး...."
တပည့်များစွာ စိတ်ဝင်စားမှုပျောက်ဆုံးသွားပြီး စတင်ထွက်ခွာဖို့ ပြင်ဆင်လာကြသည်။
အဆုံးမှာတာ့ လျို့ဝှက်နယ်မြေက ကျယ်ပြောပြီး သူတို့ရိတ်သိမ်းဖို့စောင့်နေသည့် အရင်းအမြစ်များစွာရှိ၏။
"ခဏနေအုန်း, ကြည့်စမ်း, တစ်ယောက်ယောက် နတ်ဆိုးသားရဲဆီသွားနေတယ်..."
သို့ပေမယ့် ဤအခိုက်အတန့်၌ တစ်စုံတစ်ယောက် ရုတ်တရက် အော်ပြောလိုက်သည်။
အခန်း (၆၈)
တကယ်တော့ ငါက ခွန်အားထိန်ချန်ထားလေ့မရှိဘူး
အသံထွက်ပေါ်လာသည့်အခါ လူတိုင်း ခေါင်းလှည့်ကြည့်လိုက်ကြသည်။
တကယ်ပင် တစ်စုံတစ်ယောက် နတ်ဆိုးသားရဲဆီသွားနေခဲ့သည်။
ခြေလှမ်းတွေက ပေါ့လည်းမပေါ့ပါးသလို လေးလည်းမလေးလံပဲ အရှိန်ကလည်း သာမန်သာဖြစ်သည်။
သာမန်အတိုင်းလမ်းလျှောက်နေသလိုပင်။
"ဒါ စိတ်ဝိညာဥ်တောင်ထိပ်က မုန့်ချန်ချင်းပဲ..."
"သူဘာလုပ်ချင်တာလဲ..."
"နတ်ဆိုးသားရဲကို စိန်ခေါ်ချင်တာများလား..."
ဤအရာကိုမြင်သည့်အခါ လူတွေ မနေနိုင်ပဲ ဆွေးနွေးလိုက်ကြသည်။ ထွက်ခွာတော့မည့် သူတို့ခြေလှမ်းတွေလည်း ရပ်တန့်သွားကြသည်။
သူတို့အကြည့်တွေက မုန့်ချန်ချင်းအပေါ်မှာ ရှိနေခဲ့သည်။
"ဒီကောင်ရူးသွားပြီ။ ရှီဂွမ်းလို သွေးမျိုးဆက်ရှိတဲ့လူတောင် ရှုံးသွားတာ သူလို သာမန်သိုင်းပညာရှင်ဆိုရင်တော့ ပြောမနေနဲ့တော့...."
"မင်း ဓားရူး၊ ရှောင်ကျန်း နဲ့ အခြားသူတွေရဲ့ ကံကြမ္မာကို မမြင်ဘူးလား။ အားလုံးပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်တွေပဲ။ သူတို့ထဲက ဘယ်သူကများ သူ့ထက်အားနည်းလို့လဲ...."
"ဘာလို့မဖြစ်နိုင်ရမှာလဲ..."
ဤအရာကိုကြားသည့်အခါ စိတ်ဝိညာဥ်တောင်ထိပ်တပည့်အချို့ ချက်ချင်း မခံမရပ်နိုင်ဖြစ်သွား၏။
အဆုံးမှာတော့ သူတို့က တောင်ထိပ်တစ်ခုတည်းမှဖြစ်ရာ ဤကဲ့သို့စကားတွေကို ဘယ်လိုလုပ်သည်းခံနိုင်မည်နည်း။
ချက်ချင်းပဲ ပြန်ခံပြောလိုက်၏။
"မမေ့နဲ့, အကိုမုန့်က သစ္ဆေလက်ချောင်းပိုင်ချန်ခဲ့ကို သတ်ထားတာ..."
"ပိုင်းချန်ခဲ့က သန်မာန်တယ်ဆိုပေမယ့် ငါတို့အတွက်ပဲ သန်မာတာ။ ဓားရူးနဲ့ အခြားသူတွေလည်း သူ့ကို အသာလေးသတ်နိုင်တာပဲ မဟုတ်ဘူးလား။ မုန့်ချန်ချင်းက ကံကောင်းသွားရုံပါ..."
"မင်း..."
စိတ်ဝိညာဥ်တောင်ထိပ်မှတပည့်များစွာ ချက်ချင်းဒေါသထွက်သွား၏။
သို့ပေမယ့် ပြန်ချေပဖို့ အကြောင်းပြချက်ရှာမရဖြစ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေ၌ မုန့်ချန်ချင်းက တကယ်ပဲ သွေးမျိုးဆက်ပိုင်ဆိုင်ထားသည့် ရှီဂွမ်းတို့လောက် မသန်မာပေ။
သူက ဓားရူးနှင့် အခြားလူတွေနှင့်သာ အဆင့်တူဖြစ်၏။
"ထားလိုက်တော့, ငြင်းခုံနေလို့ ဘာအရေးလဲ..."
တစ်စုံတစ်ယောက် ဝင်ပြောလိုက်သည်။
"အကိုမုန့်ကလည်း ထိပ်တန်းပါရမီရှင်တစ်ယောက်ပဲ။ သူက အတွေ့အကြုံယူချင်လို့နေမှာပေါ့။ အဆုံးမှာတော့ သွေးမျိုးဆက်ပိုင်ဆိုင်တဲ့ နတ်ဆိုးသားရဲနဲ့တွေ့ရဖို့က မလွယ်ဘူးလေ..."
လူများစွာ ဤအချက်ကို သဘောတူလိုက်သည်။
ယနေ့ခေတ်၌ နတ်ဆိုးသားရဲအရေအတွက်က နည်းပါးလာပြီး သွေးမျိုးဆက်ပါရှိသည့် နတ်ဆိုးသားရဲဆိုလျှင်တော့ ပြောစရာကိုမလိုတော့ပေ။
သူတို့သာ ဤအခွင့်အရေးကိုလွဲချော်သွားလျှင် အနာဂတ်၌ တွေ့ရဖို့ ပိုခက်ခဲသွားပြီဖြစ်သည်။
ဤအတွေးဖြင့် လူတိုင်းအကြည့် မုန့်ချန်ချင်း ပုံရိပ်အပေါ်မှာ မြဲမြံစွာ ရှိနေခဲ့သည်။
သူကို ဂိုဏ်း၏ထိပ်တန်းပါရမီရှင်အဖြစ်မှတ်ယူပြီး အကွက်ရေအနည်းငယ်တောင့်ခံနိုင်ဖို့ မျှော်လင့်နေကြသည်။
အစောပိုင်းသတိမေ့နေသည့် ရှောင်ကျန်းလည်း နိုးနေပြီဖြစ်သည်။
သူနှင့် သိပ်မဝေးသည့်နေရာ၌ ဓားရူးရှိနေခဲ့သည်။
နှစ်ယောက်လုံးက မုန့်ချန်ချင်းကို ကြည့်နေပြီး တစ်ဂိုဏ်းတည်းသားတွေဖြစ်သော်လည်း အတော်လေးမရင်းနှီးဖြစ်နေကြသည်။
သူတို့ အရင်က သူ့ကို တစ်ခါမှ မမြင်ဖူးပေ။
သို့ပေမယ့် သူ၏လုပ်ဆောင်မှုနှင့် ကျင့်ကြံရေးအဆင့်အရ အားနည်းသည့်လူတော့ မဟုတ်နိုင်ပေ။
သားရဲနှင့် အကွက်ရေအနည်းငယ် ဖလှယ်နိုင်မလားဆိုတာပဲ မသိရုံဖြစ်သည်။
"အကို, အကိုမုန့် တကယ်ပဲ နတ်ဆိုးသားရဲကို စိန်ခေါ်ချင်နေတယ်..."
ပတ်ပတ်လည်မှ ဆွေးနွေးသံတွေကြားတော့ ရှီယောင် ရုတ်တရက် ပြောလိုက်သည်။
ထိုအခါ ရှီဂွမ်း မျက်လုံးပွင့်လာ၏။
နှစ်ယောက်သား ပိုပိုဝေးသွားသည့် မုန့်ချန်ချင်းကို ကြည့်နေခဲ့သည်။
"အကိုမုန့်က အတော်သတ္တိရှိတာပဲ။ ဒါ သွေးမျိုးဆက်ရှိတဲ့ နတ်ဆိုးသားရဲလေ။ အကိုတောင် ယာယီ သူနဲ့မယှဥ်နိုင်သေးဘူး..."
ရှီယောင် ပြောလိုက်သည်။
"အတွေ့အကြုံယူဖို့ ဖြစ်မယ်..."
ရှီဂွမ်းအတွေးက လူအများအတွေးနှင့် တူညီနေခဲ့သည်။
သွေးမျိုးဆက်ရှိသည့်နတ်ဆိုးသားရဲက ရှားပါးရာ ဘယ်လိုလုပ် အလွယ်တကူ လက်လွတ်ခံမည်နည်း။
.....
မုန့်ချန်ချင်း သူ့နောက်ရှိစကားတွေကို အာရုံမစိုက်ပေ။
အဘယ်ကြောင့်ဆိုသော် အချိန်အများစု၌ အလုပ်က အကောင်းဆုံးအဖြေဖြစ်သည်။
ဤဧရာမနတ်ဆိုးသားရဲကြီးက ထိုင်နေတာတောာင် သူထက် အများကြီးပိုမြှင့်၏။
တောင်းအသေးစားတစ်ခုလိုပင်။
"လူသား... မင်းက.. ငါ့ပြိုင်ဘက်... မဟုတ်ဘူး..."
ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ မုန့်ချန်ချင်းကို တစ်ချက်ကြည့်ပြီး နောက်တစ်ကြိမ်ပြန်မှိတ်သွား၏။
၎င်းအမြင်အရ ဤလူသားက အစောပိုင်းတွေ့ခဲ့သည့်အခြားသူတွေနှင့် ထူးမခြားနားပင်။
ဆယ်ကွက်နှင့် ဖိနှိပ်နိုင်တာပဲဖြစ်သည်။
"ဘာလို့စမ်းမကြည့်တာလဲ..."
မုန့်ချန်ချင်း ခပ်ဖွဖွပြုံးလိုက်သည်။
"ဒီ...လိုဆိုမှတော့... လက်လွန်မိရင်.... ငါ့ကို အပြစ်မတင်နဲ့...."
ရွှေမျောက်ဝံ နောက်တစ်ကြိမ်မျက်လုံးဖွင့်လာပြီး တစ်ချိန်တည်းမှာပဲ မတ်တပ်ရပ်လိုက်၏။
"ဒါပေါ့, အပြစ်မတင်ပါဘူး။ မင်းလည်း ငါ့ကို အပြစ်မတင်ဖို့ မျှော်လင့်တယ်..."
"မင်းကို အပြစ်တင်မယ်?...."
ရွှေမျောက်ဝံ အနည်းငယ်ကြောင်သွား၏။
"ဟုတ်တယ်, ငါက ဘယ်တုန်းကမှ စွမ်းထားထိန်ချန်ထားလေ့မရှိဘူး..."
"ကောင်းကောင်းမထိန်းချုပ်နိုင် မင်းကို ထိခိုက်မိသွားစေနိုင်တယ်...."
"အဲ့အခါကျရင် ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ...."
"လူသား... မင်းကအရမ်း.. ယုံကြည်မှုရှိတယ်..."
မုန့်ချန်ချင်းစကားတွေကြောင့် ရွှေမျောက်ဝံ တစ်ခဏ တိတ်ဆိတ်သွားပြီး ဤစကားတွေပြောဖို့ အချိန်ခဏယူလိုက်ရ၏။
"ဒါနဲ့, မင်းရဲ့သားရဲချီပြန်ဖြည့်ဖို့ အချိန်လိုသေးလား..."
"အဆုံးမှာတော့ မင်းနဲ့ ရှီဂွမ်းတိုက်ပွဲရဲ့ စွမ်းအင်ကုန်ဆုံးမှုက သေးသေးလေးမဟုတ်ဘူးလေ..."
ဤစကားတွေကြားသည့်အခါ ရွှေမျောက်ဝံ မနေနိုင်ပဲ အသက်ပြင်းပြင်းရူလိုက်၏။
ဤကဲ့သို့မောက်မာသည့်လူသားတစ်ယောက်ကို မြင်ဖူးတာ ဤအရာက ပထမဆုံးအကြိမ်ဖြစ်သည်။
သွေးမျိုးဆက်သယ်ဆောင်သူတောင် သူထံ၌ရှုံးနိမ့်သွားတာ ထိုကောင်မသိဘူးလား။
သိုင်းပညာရှင်လေးတစ်ယောက်က ဘယ်လိုယုံကြည်မှုမျိုးတွေရှိနေသနည်း။
ထို့ပြင် ကြည့်ရှုနေသည့်တပည့်တွေလည်း မုန့်ချန်ချင်းစကားတွေကြားသည့်အခါ အံ့အားသင့်သွားကြ၏။
"ဒီအကိုမုန့်က သူဘာပြောနေလဲကော သိရဲ့လား..."
ငါ မင်းကိုထိခိုက်စေခဲ့ရင် ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ?...
မင်းရဲ့သားရဲချီပြန်လည်ဖြည့်တင်းဖို့ အချိန်လိုသေးလား...
ဤစကားတွေက အတွေ့အကြုံယူဖို့ မဟုတ်တော့ပေ။
ဤသားရဲကို သေချာပေါက် အနိုင်ယူဖို့ပဲဖြစ်သည်။
"စိတ်ဝိညာဥ်တောင်ထိပ်က ညီအကိုမှာ ပြဿနာအချို့ရှိနေတာလား..."
တစ်စုံတစ်ယောက် မနေနိုင်ပဲ စိတ်ဝိညာဥ်တောင်ထိပ်အဖွဲ့ဆီကြည့်ပြီး ခေါင်းကို လက်ညိုးထိုးပြလိုက်သည်။
တပည့်တွေပါးစပ်တွန့်လိမ်သွားပေမယ့် ဘာမှမပြောနိုင်ကြပေ။
အကိုမုန့်၏တင်ဆက်မှုက အထင်ကြီးစရာကောင်းသော်လည်း ခွန်အားက စကားလေးတွေနှင့် ပြောလို့ရသည့်အရာမဟုတ်ပေ။
လက်တွေ့လုပ်ပြဖို့လိုအပ်၏။
မဟုတ်လျှင် အဆုံးမှာ ရယ်စရာဟာသတစ်ခုသာ ဖြစ်သွားမည်ဖြစ်သည်။
"သူက မောက်မာလွန်းတယ်...."
ရူးသွပ်ခြင်းနည်းစနစ် ကျင့်ကြံသည့် ဓားရူးတောင် မနေနိုင်ပဲ ခေါင်းခါယမ်းလိုက်သည်။
....
"ဒီတော့...လူသား.... မင်းအဆင်သင့်ဖြစ်ပြီလား...."
ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ ဆေးလုံးအနည်းငယ်ထုတ်သာက်ပြီး အလျှင်အမြန်ပဲ သားရဲချီကို ပြန်လည်ဖြည့်တင်းလိုက်၏။
ဤအရာကိုမြင်သည့်အခါ မုန့်ချန်ချင်း လုံးဝသေချာသွား၏။
ဤသားရဲက ရွမ်ချင်းနယ်မြေမှ မဟုတ်ပေ။
ဂိုဏ်းကထည့်ထားတာပင်။ မဟုတ်လျှင် ဘယ်လိုလုပ် စွမ်းအင်ပြန်လည်ဖြည့်တင်းဆေး ရှိနိုင်မည်နည်း။
"ဒါပေါ့..."
မုန့်ချန်ချင်း ခါးမှဓားရှည်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။
ထိုအခါ လေပြေတစ်ခုတိုက်ခတ်လာပြီး သသစ်ရွက်တွေ တဖျတ်ဖျတ်လှုပ်ရှားသွား၏။
သူ၏အနက်ရောင်ဆံပင်တွေလည်း လေထဲမှာ ပေါ့ပါးစွာလှုပ်ရှားနေခဲ့သည်။
မသိမသာ ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ၏ သွေးရောင်မျက်လုံးတွေ ကျဥ်းမြောင်းသွား၏။
ထိုအရာက ထင်ယောင်ထင်မှားဖြစ်တာလားဆိုတာတော့ သူမသိပေ။
သို့ပေမယ့် တစ်ခဏ နှလုံးသားအောက်ခြေမှ အန္တရာယ်အရိပ်အယောင်ကို ခံစားလိုက်ရသည်။
သွေးမျိုးဆက်သယ်ဆောင်သူနှင့်ရင်ဆိုင်ရတုန်းကတောင် ဤကဲ့သို့ မခံစားခဲ့ရပေ။
"ထင်ယောင်ထင်မှားဖြစ်တာပဲနေမှာပါ..."
ရွှေမျောက်ဝံ အများကြီးတွေးမနေပေ။
အဆုံးမှာတော့ ခံစားချက်က ခံစားချက်သာဖြစ်ပြီး အရေးတယူလုပ်စရာမလိုပေ။
ထို့ပြင် သူ၏ကိုယ်ပိုင်ခွန်အားကိုလည်း အကြွင်းမဲ့ယုံကြည်မှုရှိ၏။
"လူသား...ကျေးဇူးပြုပြီး..."
ရွှေမျောက်ဝံ ဇက်ချိုးလိုက်ပြီး သန်မာသည့်အော်ရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ကျေးဇူးပြုပြီး..."
မုန့်ချန်ချင်းလည်း ဓားကို သူ့ရှေ့မှာကိုင်ထားလိုက်သည်။