← Chapters

ကျောက်စိမ်းသစ်ပင်

Vol. 24 Ch. 239

ကျောက်စိမ်းသစ်ပင်

Vol. 24 Ch. 239

ယန်ချင်း၏ ပုံရိပ်မှ ရောင်ဝါနှစ်မျိုး ဟပ်နေလေသည်။ ကိုယ်ထည်တစ်ခြမ်းမှာ မြေကြီးဝါရောင် ဖြစ်နေပြီး ကျန်တစ်ခြမ်းမှာမူ အပြာဖြူရောင် ဖြစ်နေသည်။

သူ့ထံမှ အေးချမ်းတည်ငြိမ်သော အလင်းရောင်များ ဖြာထွက်နေပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေကာ နတ်သက်ကြွေလာသူတစ်ဦးအလား ထင်မှတ်ရပေသည်။

သူ သက်ပြင်းတစ်ချက် ချလိုက်တိုင်း မြက်ခင်းပြင်နှင့် သမုဒ္ဒရာတို့မှာ လှုပ်ခတ်သွားကြပြီး သူ အသက်တစ်ချက် ရှူသွင်းလိုက်တိုင်းတွင်မူ နေနှင့်လတို့မှာ လည်ပတ်သွားကြသည်။

သူ့ရှေ့ရှိ မြက်ပင်တိုင်းမှာ အစောပိုင်းအဆင့် ဘုရင်အဆင့်ရတနာများနှင့် နှိုင်းယှဉ်နိုင်လေသည်။

သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ သူ၏ နန်းတော်နယ်ပယ်ကို ဖော်ပြနေခြင်း ဖြစ်သည်။

ကျင့်ကြံသူတစ်ဦးသည် ရွှေအမြုတေအဆင့်မှ နန်းတော်အဆင့်သို့ တက်လှမ်းသောအခါ သူတို့၏ အမြုတေမှာ ကပ်ဘေးလျှပ်စီးကြောင့် အရည်ပျော်သွားပြီး ကျင့်ကြံသူ၏ ကိုယ်ပိုင်တာအိုကို အခြေခံထားသော ပတ်ဝန်းကျင်တစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းသွားခြင်း ဖြစ်၏။

နန်းတော်အဆင့်တစ်ဝက်ကျင့်ကြံသူများဟု သတ်မှတ်နိုင်သူများမှာ သူတို့၏ အမြုတေအတွင်း တာအိုမျိုးစေ့အမြစ်တွယ်နေပြီဖြစ်သော သူများဖြစ်ပြီး သူတို့လိုအပ်သည်မှာ ကပ်ဘေးလျှပ်စီးကို ခေါ်ယူကာ အမြုတေကို အရည်ပျော်စေရန်သာ ဖြစ်သည်။

ထိုသို့ အရည်ပျော်သွားသော အမြုတေကို တာအိုမျိုးစေ့အား ကျွေးမွေးလိုက်ပါက နောက်ပိုင်းတွင် ထိုတာအိုမျိုးစေ့၏ ပုံရိပ်လွှာဖြစ်သော ပတ်ဝန်းကျင်တစ်ခုအဖြစ် သန့်စင်ပြောင်းလဲသွားမည် ဖြစ်သည်။

နန်းတော်အဆင့်သို့ တက်လှမ်းခြင်းသည် အန္တရာယ်အနည်းဆုံး အဆင့်တက်လှမ်းမှုတစ်ခုဟု ဆိုနိုင်ပေသည်။

သေဆုံးမှုအချို့ရှိတတ်သော အခြေတည်အဆင့်နှင့် ရွှေအမြုတေအဆင့်တို့နှင့် နှိုင်းယှဉ်လျှင်ပင် နန်းတော်အဆင့်မှာ ပို၍ ဘေးကင်းလှသည်။

တည်ငြိမ်သော တာအိုမျိုးစေ့ရှိနေသရွေ့ နန်းတော်အဆင့်သို့ တက်လှမ်းနိုင်ရန်မှာ သေချာသလောက် ရှိပေသည်။

ထို့ကြောင့်လည်း နန်းတော်အဆင့်တွင် အသက်အငယ်ဆုံး ပါရမီရှင်အများအပြား ရှိနေခြင်းဖြစ်ကာ လက်ရှိစံချိန်တင်ထားသူမှာ တောင်ဘက်တိုက်ကြီးရှိ မြင့်မြတ်နယ်မြေနှစ်ခုထဲမှ တစ်ခုဖြစ်သော မြစ်ဝှမ်းစီးဝင်ဂိုဏ်းမှ အသက် ၁၁ နှစ်အရွယ် နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ထိုကျင့်ကြံသူမှာ လွန်ခဲ့သော ဆယ်နှစ်ခန့်က အဆင့်တက်လှမ်းခဲ့ခြင်းဖြစ်ပြီး ထိုသတင်း ထွက်ပေါ်လာချိန်တွင် အကြီးအကျယ် လှုပ်ခတ်သွားခဲ့သည်။

သို့သော်လည်း ထိုလူငယ်လေးမှာ ထူးခြားသော ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နှင့် နန်းတော်အဆင့်သို့ တက်လှမ်းနိုင်ခြင်း ဖြစ်သည်ဟုလည်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

အဆင့်တက်လှမ်းပြီးနောက်တွင် သူသည် ဂိုဏ်း၏ အမွေအနှစ်သူတော်စင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

၎င်းမှာ တပည့်တစ်ဦး ရရှိနိုင်သော အမြင့်ဆုံးအဆင့်ဖြစ်ပြီး ထိုအဆင့်ရှိသူများကို ဂိုဏ်းချုပ်ရာထူး သို့မဟုတ် အဆင့်မြင့်အကြီးအကဲကဲ့သို့သော ရာထူးများအတွက် နောက်ဆက်ခံမည့်သူများအဖြစ် ပြုစုပျိုးထောင်ပေးကြသည်။

အဖွဲ့အစည်းတွင်လည်း နှစ်အနည်းငယ်အတွင်း ငယ်ရွယ်သော နန်းတော်အဆင့် ကျင့်ကြံသူအချို့ ရှိခဲ့ဖူးပြီး အသက်အငယ်ဆုံး စံချိန်တင်ထားသူမှာ ၁၄ နှစ်အရွယ် ကျူးလီဖြစ်သည်။

သူသည် ခရမ်းရောင်အဆင့် ကျင့်စဉ် ၅ ခုကို တီထွင်ခဲ့သူဖြစ်ပြီး ထိပ်တန်းရွှေအဆင့် နည်းစနစ်ဖြစ်သော ဝိညာဥ်အရိပ်ခြေလှမ်းကို တီထွင်ခဲ့သူ ဌာနမှူးကျူးလောင်၏ ညီလည်း ဖြစ်သည်။

ကျူးလီအပြင် အသက်အရွယ်ချင်း နီးစပ်သော အခြားသူများလည်း ရှိသေးသည်။

ဥပမာအားဖြင့် ကျန်းချင်းဂယ်သည် အသက် ၁၇ နှစ်တွင် အဆင့်တက်လှမ်းခဲ့သူဖြစ်ပြီး သူမသည် ရွှေအမြူတေအဆင့်မှာ ရှိနေစဉ်ကပင် အဖွဲ့အစည်းမှ အစောပိုင်းအဆင့် နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် နာရီဝက်ခန့်အထိ သရေကျအောင် တိုက်ခိုက်နိုင်ခဲ့သည့် စံချိန်ရှိသူလည်း ဖြစ်သည်။

တာအိုအမျိုးအစားတစ်ခုခုကို နားလည်သဘောပေါက်ပြီး မိမိ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပေါင်းစပ်နိုင်သရွေ့ နန်းတော်အဆင့် ကျင့်ကြံသူဖြစ်ရန် အရည်အချင်း ပြည့်မီပေသည်။

သို့သော်လည်း နန်းတော်အဆင့်သို့ တက်လှမ်းရန် လွယ်ကူသော်လည်း ကျင့်ကြံသူအများစုမှာ သူတို့အာရုံစိုက်လိုသော တာအိုအမျိုးအစားကို သေချာစေရန် အချိန်ယူလေ့ရှိကြသည်။

အကြောင်းမှာ ထိုအဆင့်ကို တက်လှမ်းပြီးပါက နောက်ပြန်လှည့်၍ မရတော့ဘဲ ရှေ့ဆက်မည့် ခရီးလမ်းကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်၏။

အထူးသဖြင့် သေဆုံးမှုအများဆုံးဟု ကျော်ကြားသော နယ်ပယ်အဆင့်ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ရာတွင် များစွာသက်ရောက်မှု ရှိသည်။

ထို့ကြောင့် ကျင့်ကြံသူများသည် ပါရမီရှိပါက မတူညီသော တာအိုများကို လေ့လာရန် အချိန်များစွာ အသုံးချကြသည်။

၎င်းမှာ မိမိနှင့် အသင့်တော်ဆုံးတာအိုကို ရှာဖွေရန်ဖြစ်ပြီး နယ်ပယ်အဆင့်သို့ တက်လှမ်းရန် လိုအပ်ချက်တစ်ခုဖြစ်သည့် တာအိုနှလုံးသားကို ဖွဲ့စည်းရာတွင်လည်း များစွာ အထောက်အကူပြုသည်။

ထို့ကြောင့် နန်းတော်အဆင့်ကို အဆင့်မြင့်နယ်ပယ်များသို့ သွားရာ တံခါးပေါက် သို့မဟုတ် တံတားတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

အဆင့်တက်ရန် လွယ်ကူသော်လည်း ဤအဆင့်တွင် စိုက်ထုတ်ရသော ကြိုးစားမှုနှင့် ဆင်ခြင်တွေးတောမှုတို့မှာ နောင်တွင် မည်မျှအထိ ခရီးပေါက်မည်ကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။

ဤအဆင့်၏ အခြေခံမှာ တာအိုအပေါ် နားလည်မှုကို ပိုမိုနက်ရှိုင်းစေရန်နှင့် မိမိအတွင်း၌ ပေါင်းစပ်ရန် ဖြစ်သည်။

သူတို့၏ အတွင်းအာကာသထဲတွင် နားလည်သဘောပေါက်မှုများကို ပတ်ဝန်းကျင်တစ်ခုအဖြစ် ပုံဖော်လာမည်ဖြစ်သည်။

ယန်ချင်း၏ ဖြစ်ရပ်တွင်မူ ထိုပုံရိပ်မှာ မြက်ခင်းပြင်များ၊ သမုဒ္ဒရာတစ်ခုနှင့် နေ၊ လတို့ ရှိသော ကျယ်ပြောလှသည့် မြေပြင်တစ်ခုအဖြစ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယန်ချင်းမှာ နန်းတော်အဆင့်၏ ပထမအဆင့်တွင်သာ ရှိသေးသဖြင့် သူ၏ နန်းတော်နယ်ပယ်မှာ အခြေခံအဆင့်တွင်သာ ရှိသေးသည်။

လက်ရှိတွင် မြက်ပင်တစ်မျိုးတည်းသာ ရှိနေပြီး သမုဒ္ဒရာမှာလည်း သက်ဝင်လှုပ်ရှားမှု မရှိသေးပေ။

အထက်ရှိ နေနှင့်လတို့မှာလည်း ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိသေးသည်။

ယန်ချင်း၏ တာအိုအပေါ် နားလည်မှု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ တာအိုဆွဲဆောင်မှုများ ပေါ်ထွက်လာပြီး အပင်အမျိုးမျိုး၊ ဆေးဖက်ဝင်အပင်များနှင့် တိရစ္ဆာန်များပင် ပေါ်ပေါက်လာကာ စစ်မှန်သော ဂေဟစနစ်တစ်ခုအသွင် ဆောင်လာမည် ဖြစ်သည်။

နန်းတော်အဆင့်တွင် အဆင့်ငယ် ၃ ခုရှိသည်။ ၎င်းတို့မှာ ပြင်ပနန်းတော်၊ အတွင်းနန်းတော်နှင့် အနှစ်သာရနန်းတော်တို့ ဖြစ်ကြသည်။

တိုးတက်မှုတိုင်းသည် တာအိုအပေါ် နားလည်မှု၏ အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှုများကို ကိုယ်စားပြုပြီး အတွင်းကမ္ဘာထဲတွင်လည်း ထင်ဟပ်လာမည် ဖြစ်သည်။

ယန်ချင်းမှာ ခရမ်းရောင်အမြုတေပိုင်ဆိုင်ထားသဖြင့် အနှစ်သာရနန်းတော်အဆင့်သို့ ရောက်ရန် အလိုလားဆုံး ဖြစ်နေသည်။

ထိုအဆင့်သို့ ရောက်ရှိပါက ခရမ်းရောင်အမြုတေကြောင့် အခြားအရာတစ်ခု ထပ်မံဖွဲ့စည်းလာမည်ဖြစ်ပြီး ၎င်းမှာ နယ်ပယ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို မြှင့်တင်ပေးနိုင်မည်ဟု သူ ကြားသိထားသောကြောင့် ဖြစ်၏။

၎င်းမှာ မည်သည့်အရာ ဖြစ်မည်ကို အမြဲတမ်းသိချင်နေခဲ့သော်လည်း ဆရာများက ထိုအတွေ့အကြုံမှာ ပိုင်ရှင်ပေါ်မူတည်၍ ကွဲပြားသဖြင့် အချိန်တန်မှသာ သိရလိမ့်မည်ဟု ပြောခဲ့ကြသည်။

….

လတ်တလောတွင် ယန်ချင်းသည် သူ၏ နန်းတော်နယ်ပယ်အတွင်းရှိ နေရာတိုင်းကို အသေးစိတ် အာရုံခံရန် ကြိုးစားနေသည်။

သူ၏ ယင်ယန်ကျောက်စိမ်းခန္ဓာ၏ အကျိုးသက်ရောက်မှုများမှာ သူ၏ ကျင့်ကြံမှုနှင့်အတူ တိုးတက်နေသဖြင့် ထိုခန္ဓာကိုယ်၏ လက္ခဏာများမှာ သူ၏ နန်းတော်နယ်ပယ်ထဲတွင် တစ်နည်းနည်းဖြင့် မှတ်တမ်းတင်ခံထားရလိမ့်မည်ဟု သူ ခံစားနေရသည်။

အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် သူ၏ အဖိုးနှင့် ဆေးတောင်ကြားမှ ဖန်တီးထားသော ခန္ဓာကိုယ်ပြန်လည်မွေးဖွားခြင်းဆေးရည်ကို မလိုအပ်တော့ဘဲ နန်းတော်နယ်ပယ်ကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်အခြေအနေကို အာရုံခံနိုင်မည် ဖြစ်သည်။

“ဒါ အလုပ်ဖြစ်ပါစေလို့ပဲ မျှော်လင့်ရတာပဲ”

ယန်ချင်းသည် တိုးတိုးလေး ရေရွတ်လိုက်ပြီး ကျင့်စဉ်ကို ဖြည်းဖြည်းချင်း လည်ပတ်ကာ နန်းတော်နယ်ပယ်၏ နေရာတိုင်းသို့ နက်နက်ရှိုင်းရှိုင်း အာရုံစိုက်လိုက်သည်။

မြက်ပင်တစ်ပင်ချင်းစီပေါ်ရှိ အသေးငယ်ဆုံးသော အစက်အပြောက်များအထိ သူ၏ စိတ်ဆန္ဒကို သွတ်သွင်းကာ ဘာတစ်ခုကိုမျှ ချန်လှပ်မထားခဲ့ပေ။

သူကိုယ်တိုင်ပင် သတိမထားမိခင်မှာပင် သူ၏ ပုံရိပ်မှ အစိမ်းနုရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အချိန်မှန်မှန်ဖြင့် သမုဒ္ဒရာပြာရောင်သို့ ပြောင်းလဲသွားလေသည်။

ထိုအပြောင်းအလဲမှာ ထိုမျှနှင့် မရပ်တန့်ဘဲ နန်းတော်နယ်ပယ်အတွင်းရှိ နေနှင့်လတို့မှာလည်း နူးညံ့သော အလင်းရောင်များဖြင့် စတင်မှိတ်တုတ်မှိတ်တုတ် ဖြစ်လာကာ သိမ်မွေ့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။

မှိတ်တုတ်တစ်ချက် ဖြစ်တိုင်း အထက်ရှိ ကောင်းကင်နှင့် ပတ်ဝန်းကျင်ကို သက်ရောက်မှု ရှိလာသည်။

နေရှိသောဘက်တွင် အရုဏ်တက်လာသကဲ့သို့ ဖြစ်နေပြီး လရှိသောဘက်တွင်မူ ညဦးပိုင်း ရောက်ရှိတော့မည့်အလား ထင်မှတ်ရကာ သမုဒ္ဒရာအတွင်း၌ပင် ဒီရေများ ငြိမ်သက်စွာ တက်လာစေသည်။

သူ့အဖိုး ထွက်သွားပြီးနောက် တစ်နာရီခန့် ကြာသွားသော်လည်း ယန်ချင်းမှာ မူလအနေအထားအတိုင်းပင် ရှိနေသေးသည်။

သို့သော်လည်း ယခင်နှင့် မတူသည်မှာ သူ့ခြေဖဝါးအောက်တွင် စက်ဝိုင်းငယ်တစ်ခု ပေါ်နေခြင်း ဖြစ်သည်။

တစ်ဝက်မှာ ရွှေရောင်ဝင်းနေသော အစိမ်းရောင်ဖြစ်ပြီး ကျန်တစ်ဝက်မှာ အဖြူရောင်ဝင်းနေသော အပြာရင့်ရောင် ဖြစ်သည်။

ဖြည်းဖြည်းချင်းပင် ရွှေရောင်နှင့် အဖြူရောင်တို့မှာ အစိမ်းရောင်နှင့် အပြာရင့်ရောင်တို့ကို အသီးသီး လွှမ်းမိုးသွားကြပြီးနောက် စက်ဝိုင်း၏ အလယ်ဗဟိုတွင် အပြာရောင်နှင့် အစိမ်းရောင်အစက်အပြောက်များ ရောယှက်နေသော အဖြူတစ်ဝက် ရွှေဝါရောင်တစ်ဝက် စက်ဝိုင်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။

ယန်ချင်း၏ နန်းတော်နယ်ပယ်အတွင်းရှိ ကောင်းကင်မှာလည်း အလယ်တည့်တည့်မှ ကွဲထွက်သွားကာ တစ်ဖက်မှာ ညဖြစ်ပြီး ကျန်တစ်ဖက်မှာ နေ့ဖြစ်နေသည်။

ယန်ချင်း၏ ခန္ဓာကိုယ်မှာလည်း ထိုကောင်းကင်၏ အပြောင်းအလဲအတိုင်း ထပ်တူကျနေလေသည်။

သူ၏ စိတ်ကို နန်းတော်နယ်ပယ်အတွင်းသို့ နက်ရှိုင်းစွာ သွတ်သွင်းထားစဉ် မြေပြင်အနှံ့ ဖြတ်သန်းသွားလာနေသော သန်းနှင့်ချီသော မျဉ်းကြောင်းငယ်များကို သူ တွေ့မြင်လိုက်ရသည်။

၎င်းတို့မှာ တစ်ခါတစ်ရံ နှေးကွေးပြီး တစ်ခါတစ်ရံတွင်မူ အလွန်ပင် လျင်မြန်လှကာ သူကိုယ်တိုင်မှာမူ ထိုမျဉ်းကြောင်းများတစ်လျှောက် ဦးတည်ချက်မရှိ စီးမျောနေသော ရေစက်ကလေးတစ်စက်ကဲ့သို့ ဖြစ်နေသည်။

ယန်ချင်းမှာ လမ်းခုလတ်တွင် ဘာကိုမျှ ရှာမတွေ့သဖြင့် လက်လျှော့တော့မည့်ဆဲဆဲမှာပင် ဇွဲနပဲဖြင့် ဆက်လက်ကြိုးစားခဲ့သည်။

ထိုဇွဲမှာ နောက်ဆုံးတွင် အောင်မြင်မှုရရှိခဲ့ပြီး မျဉ်းကြောင်းအားလုံးမှာ တစ်နေရာတည်းသို့ စုဆုံသွားကာ အလယ်တွင် သစ်ပင်ငယ်တစ်ပင် ပေါက်နေသော ကြည်လင်သည့် ကန်ရေပြင်တစ်ခုသို့ ဦးတည်သွားလေသည်။

ထိုသစ်ပင်မှာ အစိမ်းရောင်ကျောက်စိမ်းနှင့် ပြုလုပ်ထားသည့်အလား ချောမွေ့နေပြီး အရောင်အသွေး၊ အရွယ်အစားနှင့် အမျိုးအစား မတူညီသော သစ်ရွက်များ ရှိနေသည်။

ကမ္ဘာပေါ်ရှိ သစ်ရွက်အမျိုးအစား အားလုံးမှာ ထို ၂ မီတာခန့်ရှိသော သစ်ပင်ငယ်ပေါ်တွင် ရှိနေသည့်အလား ထင်မှတ်ရသည်။

သစ်ပင်ကို မတူညီသော အရောင်အသွေးများဖြင့် မြူခိုးများက ဝန်းရံထားသည်။

ယန်ချင်းမှာ မရေရာသော်လည်း ထိုမြူခိုးများထဲမှ အသံတစ်ခု ထွက်ပေါ်နေသည်ကို ခပ်တိုးတိုး ကြားနေရပြီး ၎င်းမှာ သူ လုံးဝနားမလည်သော ဘာသာစကား ဖြစ်နေသည်။

သူ့စိတ်ထဲတွင် ထိုအသံမှာ ဘာသာစကားတစ်ခုဟုပင် ပြောရန် ခက်ခဲနေလေသည်။

“ဒါတွေက တာအိုအမှတ်အသားတွေလား”

ထိုသစ်ပင်ပေါ်ရှိ သစ်ရွက်အချို့တွင် နားမလည်နိုင်သော သင်္ကေတများ ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ယန်ချင်းမှာ အံ့အားသင့်သွားသည်။

သူ အနားသို့ ပိုတိုးရန် ကြိုးစားလိုက်စဉ်မှာပင် တစ်စုံတစ်ခုက သူ့ကို ထိုနေရာမှ အတင်းအကျပ် တွန်းထုတ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ သတိပြန်ဝင်လာချိန်တွင် ခြံဝင်းအလယ်သို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရလေသည်။

All Chapters