← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း ၁၂၃ - အန်တီ ဖလို

"ကျေးဇူးတင်ပါတယ်" အိုင်ဗီ၏ မျက်ဝန်းများတွင် ကျေးဇူးတင်ရိပ်များ တောက်ပနေသည်။ ဆိုင်းလပ်စ်သာ မရှိလျှင်... သူမ၏ ခရီးလမ်းမှာ ယခုထက် များစွာ ပို၍ ကြမ်းတမ်းနေပေလိမ့်မည်။

ဆိုင်းလပ်စ်က ခေါင်းယမ်းလိုက်ပြီး ခဏတာ တွန့်ဆုတ်နေပြီးမှ မေးလိုက်သည်။

"မင်းဆီမှာ ဆေးဝါးတွေ ရှိသေးလား ကိုယ့်အစ်မရဲ့ အဆက်အသွယ် တစ်ယောက်က ဆေးဝါးတွေ အရေးပေါ် လိုအပ်နေလို့ပါ..."

"ရှိပါတယ်" အိုင်ဗီက ချက်ချင်း သဘောတူလိုက်သည်။ သူမ ခဏမျှ စဉ်းစားပြီးမှ အရိပ်အမြွက် ပြောလိုက်သည်။ "ကျွန်မ အလိုရှိမယ်ဆိုရင် ဖလူရိုကွီနိုလုံး နဲ့ မက်ထရိုနိုင်ဒါ‌‌ဇော ဆေးတွေကို လိုသလောက် ရနိုင်ပါတယ်။ ဒါကြောင့် ရှင်လိုချင်တာ အဲ့ဒီဆေးတွေဆိုရင် ကျွန်မ ဖြည့်ဆည်းပေးနိုင်ပါတယ်။"

ဆိုင်းလပ်စ်က အရိပ်အမြွက်ကို နားလည်သွားသဖြင့် အံ့ဩသွားသော်လည်း ထပ်ပြီး မေးခွန်းထုတ်ခြင်း မပြုတော့ပေ။ အိုင်ဗီ မပြောပြချင်သရွေ့... သူ ဘာတစ်ခုမှ မေးမည်မဟုတ်ပါ။

"ဒီတစ်ခါ လိုအပ်တဲ့ ဆေးပမာဏက တော်တော်များတယ်၊ အမျိုးအစား တစ်ခုစီကို အထုပ်ပေါင်း ၁၀၀,၀၀၀ လောက် ရှိတယ်"

အိုင်ဗီ အခက်အခဲ ရှိမရှိ သိနိုင်ရန် သူမ၏ တုံ့ပြန်မှုကို အကဲခတ်လိုက်သော်လည်း သူမက အေးအေးဆေးဆေးပင် ရှိနေသဖြင့် သူ့ရင်ထဲမှ နောက်ဆုံး စိုးရိမ်စိတ်လေးမှာ ပျောက်ကွယ်သွားတော့သည်။

"ကောင်းပြီလေ" ထိုသို့ပြောပြီးနောက် အိုင်ဗီက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဧည့်ခန်းထဲတွင် ဆေးကဒ်များများ တောင်တစ်လုံးလိုပင် ပေါ်လာတော့သည်။

"ရော့... ဒီမှာ"

ဆိုင်းလပ်စ် (ဆွံ့အ)

ခဏမျှ ဆိုင်းလပ်စ်သည် အိုင်ဗီ့ကို လက်တစ်ချက် ဝှေ့ယမ်းရုံနှင့် မှော်ဆန်သော ပစ္စည်းများကို ထုတ်ပေးနိုင်သည့် "ပန်းရောင် ဒိုရေးမွန်" လေးအဖြစ်ပင် စိတ်ကူးယဉ်မိသွားသည်။ ထိုအတွေးက ရယ်စရာကောင်းလှသဖြင့် သူ ခပ်တိုးတိုး ရယ်မိရာ အိုင်ဗီ၏ စိုက်ကြည့်တာကို ခံလိုက်ရသည်။

"ဘာမှမဟုတ်ပါဘူး... ရယ်စရာတစ်ခုကို သတိရသွားလို့ပါ"

သူ ဝန်မခံသော်လည်း တစ်ခါတစ်ရံတွင် သူသည် အိုင်ဗီ့ကို ချစ်စရာကောင်းသော အရာလေးများနှင့် နှိုင်းယှဉ်မိတတ်သည်။

ဥပမာအားဖြင့် အိုင်ဗီ ညစာစားနေချိန်တွင် သူမသည်... ယုန်ကလေးနှင့် တူသလို သူမ စိတ်လွတ်သွားပြီး သူ့ကို မြှူဆွယ်နေချိန်တွင် ပန်းရောင် မြေခွေးလေးနှင့် တူပြန်သည်။ သူမ၏ ရက်စက်သော အသွင်ကို ပြချိန်တွင်မူ ပန်းရောင် ကြောင်လေးတစ်ကောင်နှင့် တူသည်။

သူတွေးနေတာသာ သူမကြားမယ်ဆိုရင် အိုင်ဗီက ‘ရှင်ပြောမှ ကျွန်မမှာ တိရိစ္ဆာန်မျိုးစုံနဲ့ တူနေပြီ’

ဘာလို့ အမြဲတမ်း ပန်းရောင် ဖြစ်နေရတာလဲ အကြောင်းမှာ သူမ၏ ဆံပင်အရောင်နှင့် မျက်ဝန်းအရောင်တို့အပြင် သူမ၏ ဖြူဖျော့သော အသားအရေမှာ တစ်ခါတစ်ရံတွင် ပန်းရောင်အသွေးတွေ ဖြာထွက်နေတတ်သောကြောင့် ဖြစ်သည်။

အစပိုင်းတွင် သူက မိတ်ကပ်ဟု သံသယဝင်ခဲ့သော်လည်း နောက်ပိုင်း ဖြစ်ရပ်အချို့ကြောင့် ၎င်းမှာ သူမ၏ သဘာဝအလှတရားမှန်း သူ နားလည်ခဲ့ရသည်။ ရင်သပ်ရှုမောဖွယ်ကောင်းပြီး ပြုပြင်မထားသော အလှပင် ဖြစ်သည်။

ညဘက် အိပ်ရာဝင်ချိန်တွင် အိုင်ဗီသည် သူမ၏ အတွင်းပိုင်းမှ နွေးထွေးသော အရည်များ ထွက်လာသည်ကို ခံစားလိုက်ရသဖြင့် မျက်နှာပျက်သွားသည်။ အင်း... "အန်တီ ဖလို" (အင်္ဂလိပ်စကားပုံတွင် ရာသီလာခြင်းကို ဆိုလိုသည်။) ရောက်လာပြီပဲ။

သူမ၏ ဟင်းလင်ပြင် ထဲသို့ ဝင်ပြီးနောက် တမ်ပွန် များ ရှိမရှိ အမြန်စစ်ဆေးလိုက်ရာ... လုံးဝ မရှိသလောက် ဖြစ်နေသည်ကို သိလိုက်ရသည်။ အထုပ်တစ်ထုပ် ကျန်နေသော်လည်း... ၎င်းမှာ သက်တမ်းကုန်နေပြီဖြစ်သည်။

ကမ္ဘာပျက်ကပ်အတွင်း လူနည်းစုကသာ ရာသီလာစဉ် ဝတ်ဆင်ရသည့် အတွင်းခံများကို သုံးနိုင်ကြပြီး အများစုမှာမူ ၎င်းတို့ကို မဝယ်နိုင်သဖြင့် သွေးစွန်းထင်းမှုများကို ဖုံးကွယ်ရန် ဘောင်းဘီအနက်ရောင်များကိုသာ ဝတ်ဆင်နိုင်ကြသည်။

၎င်းမှာ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းသည်မှာ မှန်သော်လည်း ဆင်းရဲနေမှတော့ ဘယ်သူ့ကို သွားတိုင်ရမှာလဲ

ယခုတွင် ဝယ်ရန် အခွင့်အရေး ရှိနိုင်သော်လည်း လောလောဆယ်တွင်မူ သက်တမ်းကုန်နေသော တမ်ပွန်များကိုသာ သုံးရတော့မည်။ အိုင်ဗီ တစ်ခုကို အသုံးပြုပြီး ဟင်းလင်ပြင်ထဲမှ ထွက်လာခဲ့သည်။

ဆိုင်းလပ်စ် အခန်းထဲသို့ ဝင်လာပြီး အိုင်ဗီ၏ မသက်မသာ ဖြစ်နေသော မျက်နှာထားကို မြင်လိုက်ရသည် - "ဘာဖြစ်လို့လဲ တစ်ခုခု စိတ်မသက်မမသာ ဖြစ်နေတာလား"

"ဘာ... ဘာမှမဟုတ်ပါဘူး။ ကိုယ်ရေးကိုယ်တာ ကိစ္စလေးပါ" ဟု အိုင်ဗီက မရေမရာ ပြန်ဖြေလိုက်သည်။ ဆိုင်းလပ်စ်ကို သူမအား ထပ်မမေးရန်လည်း မျှော်လင့်နေမိသည်။

ဆိုင်းလပ်စ်က ရက်စွဲကို ကြည့်လိုက်ပြီးနောက် သဘောပေါက်သွားသည့် အမူအရာ ပေါ်လာသည်။

"မင်း ရာသီလာနေပြီ မဟုတ်လား"

"အင်း..." အိုင်ဗီက အားကိုးရာမဲ့စွာ ပြန်ဖြေလိုက်သော်လည်း ဆိုင်းလပ်စ်က သူမ၏ ရာသီရက်စွဲကို ဘယ်လိုများ တိတိကျကျ သိနေရတာလဲဆိုတာ သူမ သိချင်မိသည်။ သူမ၏ ရာသီရက်စွဲမှာ လစဉ် ၂ ရက်မှ ၃ ရက်ခန့် ကွာနေတတ်သည်။

"မင်း ရာသီလာချိန်မှာ လိုအပ်နိုင်မယ့် ပစ္စည်းအားလုံးကို အံဆွဲရဲ့ အောက်ဆုံးအကန့်မှာ ထည့်ထားပေးတယ်" ဟု သူက အခန်းထဲမှ မထွက်မီ သတိပေးသွားသည်။

အိုင်ဗီ မျက်တောင်တခတ်ခတ်ဖြင့် သူပြောသည်ကို စဉ်းစားရင်း အောက်ဆုံးအကန့်ကို စစ်ဆေးလိုက်သည်။ တမ်ပွန် အထုပ်များစွာ၊ အဝတ်လျှော်စက် အသေးစားလေးတစ်လုံးနှင့် အတွင်းခံ အစုံလိုက်များကို မြင်လိုက်ရသောအခါ သူမ၏ ရင်ခုန်သံမှာ မြန်လာတော့သည်။ ထိုထဲတွင် ရာသီလာစဉ် ဝတ်သည့် အတွင်းခံများနှင့် အဝတ်လျှော်ဆပ်ပြာများပါ ပါရှိသည်။

အခြားသူများ မသိသော်လည်း အိုင်ဗီတွင် ထူးဆန်းသော အလေ့အကျင့်တစ်ခု ရှိသည်။ ၎င်းမှာ ရာသီလာစဉ် သူမ၏ အတွင်းခံများကို သီးသန့်လျှော်ဖွတ်ခြင်း ဖြစ်သည်။ ရာသီလာချိန် ဝတ်သည့် အတွင်းခံများမှာပင် ပုံမှန်ဝတ်နေကျနှင့် သီးခြားစီ ဖြစ်သည်။ ဆိုင်းလပ်စ်က သူမအပေါ် မည်မျှအထိ အသေးစိတ် သိရှိပြီး ဂရုစိုက်ပေးသည်ကို သိလိုက်ရသဖြင့် သူမ၏ မျက်နှာလေး အနည်းငယ် နီမြန်းသွားရသည်။

သို့သော်လည်း မကြာမီ သူမ စိတ် ပြန်အေးသွားသည်။ ယခင်ဘဝက ကမ္ဘာပျက်ကပ်အတွင်း သူမ၏ အလေ့အကျင့်များ ပြောင်းလဲခဲ့ရသည်။

အတိတ်ဘဝမှ ခြောက်လှန့်နေသော မှတ်ဉာဏ်များကြောင့် အိုင်ဗီ၏ လန်းဆန်းနေသော စိတ်အခြေအနေမှာ ရုတ်တရက် ကျဆင်းသွားရသည်။ ယခု သူမရှေ့တွင် ရှိနေသော တမ်ပွန် ပမာဏနှင့်ဆိုလျှင် တစ်နှစ်ပတ်လုံး စိုးရိမ်စရာ မလိုတော့ပေ။ ထိုအတွေးကပင် သူမ၏ စိတ်အခြေအနေကို ပြန်လည် ကောင်းမွန်စေရန် လုံလောက်လှသည်။

သူမသည် တမ်ပွန်အသစ်တစ်ခုကို လဲလှယ်လိုက်သည်။ နောက်ဆုံးတွင် အိုင်ဗီ စိတ်အေးသွားရပြီး ဆိုင်းလပ်စ်မှာလည်း 'ဇီယာရေ' တစ်ခွက်နှင့်အတူ အခန်းထဲသို့ ပြန်ဝင်လာသည်။ သူက စကားတစ်ခွန်းမှ မဆိုဘဲ သူမကို ကမ်းပေးလိုက်ရာ အိုင်ဗီ၏ ရင်ထဲတွင် နွေးထွေးသွားရသည်။

သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ပြီး အားရပါးရ နမ်းချင်စိတ်ကို သူမ ထိန်းချုပ်လိုက်ရသည်။ ရေကို သောက်နေစဉ် သူမ၏ စိတ်က အမျိုးမျိုး တွေးတောနေမိပြီး မျက်ဝန်းများက ဟိုဟိုဒီဒီ ကြည့်ရင်း တစ်နေရာတွင် ရပ်တန့်သွားသည်။

ဆိုင်းလပ်စ်၏ ကျယ်ပြန့်သော ရင်အုပ်မှာ တကယ့်ကို လုံခြုံပြီး နွေးထွေးပုံရလှသည်။ သူ သူမကို ဖက်ထားခဲ့ဖူးသော အကြိမ်ပေါင်းများစွာကို သူမ ပြန်လည် မြင်ယောင်လာသည်။ ထိုနွေးထွေးပြီး နှစ်သိမ့်မှုပေးနိုင်သော ပွေ့ဖက်မှုကို ရယူနိုင်ရန် သူမသည် ရေကို အမြန်သောက်လိုက်သည်။

ရေသောက်ပြီးနောက် ဆိုင်းလပ်စ်က သူမကို အိပ်ရာပေါ်တွင် လှဲခိုင်းပြီး ရေနွေးအိတ် တစ်လုံး ယူလာပေးသည်။ သူမ၏ ကျောဘက်တွင် သေသေချာချာ ထားပေးပြီးနောက် သူပါ အိပ်ရာပေါ်တွင် လှဲလိုက်သည်။

အခြားသူများနှင့်စာလျှင် အိုင်ဗီသည် ရာသီလာစဉ် ဗိုက်အောင့်ခြင်း သိပ်မရှိသော်လည်း ခါးနှင့် ကျောမှာမူ အတော်လေး နာကျင်တတ်သည်။ ဆိုင်းလပ်စ်က ဒါတွေကို သတိပြုမိပြီး သူမကို တိတ်တိတ်လေး ဂရုစိုက်ပေးလေ့ရှိသော်လည်း အကြိမ်တိုင်းတွင် အိုင်စလာ က သိသွားပြီး ဒေါသတကြီးဖြင့် အိုင်ဗီ့ကို ရေအေးထဲတွင် ဒူးထောက်ခိုင်းလေ့ရှိသည်။ ၎င်းမှာ ရာသီလာစဉ် ဗိုက်အောင့်တာ ကျောနာတာကို ပိုဆိုးစေမည်မှန်း သိလျက်နှင့် လုပ်ခိုင်းတာ ဖြစ်သည်။

ဆိုင်းလပ်စ် အိပ်ရာပေါ်တွင် လှဲလိုက်သည်နှင့် အိုင်ဗီသည် ရှက်စိတ်ကို ဖျောက်ရန် ဆုံးဖြတ်လိုက်ပြီး သူ့ဆီသို့ တိုးကပ်သွားသည်။ သူ သတိမထားမိတာ ကို သိလိုက်ရသောအခါ သူမ သူ့ရင်ခွင်ထဲသို့ တိုးဝင်ကာ သူမ၏ လက်မောင်းများနှင့် ခြေထောက်များဖြင့် သူ့ကို ပတ်ထားလိုက်သည်။

သူမ နေရာယူပြီးချိန်မှာပင် နွေးထွေးသော လက်တစ်ဖက်က သူမ၏ ဝမ်းဗိုက်ပေါ်သို့ ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။ သူမ လန့်သွားပြီး မော့ကြည့်လိုက်ရာ ဆိုင်းလပ်စ်၏ နက်ရှိုင်းသော အကြည့်များနှင့် ဆုံမိသွားသည်။

"ဗိုက်အောင့်တာမျိုး ရှိခဲ့ရင် ဒါက သက်သာစေလိမ့်မယ်" ဟု သူက အက်ရှရှ နူးညံ့သောအသံဖြင့် ရှင်းပြသည်။

အိုင်ဗီ ငြင်းခုံခြင်း မပြုတော့ပါ။ ဒီလို ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်ကို ဘယ်သူက ငြင်းဆန်နိုင်မှာလဲ သူမတော့ မငြင်းနိုင်တာ အမှန်ပါပဲ။ ဆိုင်းလပ်စ်လို အမျိုးသားမျိုးကို ချစ်မိသွားဖို့ဆိုတာ မခဲရင်းပါဘူး။

အခန်း ၁၂၄ - လျှို့ဝှက်ချက်များ

နောက်ရက်အနည်းငယ်အတွင်း ဆိုင်းလပ်စ်က အပြင်မထွက်ဘဲ အိမ်မှာပင်နေ၍ အိုင်ဗီ့ကို အတတ်နိုင်ဆုံး ဂရုစိုက်ပေးခဲ့သည်။ သူမ ရာသီလာစဉ် ကိုက်ခဲခြင်း ဝေဒနာ သိပ်မရှိသော်လည်း ဆိုင်းလပ်စ်မှာမူ စိုးရိမ်စိတ်ဖြင့် ‌အနားမှ မခွာပေ။

သူ့ကို စိုက်ကြည့်ရင်း အိုင်ဗီ အတွေးထဲ နစ်ဝင်နေမိသည်။ ဆိုင်းလပ်စ်က ဘယ်အချိန်ကတည်းက ဒီလောက်အထိ အလိုက်သိတတ်သွားရတာလဲ အဖြေကတော့ အတိတ်ကာလမှာ ရှိနေခဲ့ပါသည်။

တစ်ခါက သူမ ရာသီလာစဉ် အလွန်အမင်း ကိုက်ခဲနာကျင်ဖူးသည်။ ထိုနာကျင်မှုမှာ မခံမရပ်နိုင်လောက်အောင် ပြင်းထန်လွန်းသဖြင့် သူမ သတိလစ်သွားခဲ့ရသည်။ ပြန်နိုးလာချိန်တွင် ဆိုင်းလပ်စ်က သူမဘေးနားတွင် ရှိနေခဲ့ပြီး၊ နောင်နောင်တွင် သူမကို အမြဲဂရုစိုက်ပေးမည်ဖြစ်ကြောင်းနှင့် ဒီလိုမျိုး ဒုက္ခမရောက်စေရကြောင်း ကတိပေးခဲ့ဖူးသည်။

မီးဖိုချောင်တွင် ဟင်းချက်နေသော ဆိုင်းလပ်စ်ကို အိုင်ဗီက ငေးမောကြည့်ရင်း အချိန်တွေသာ ရပ်တန့်သွားရင် ကောင်းမှာပဲဟု တွေးမိသည်။ ဆိုင်းလပ်စ်သည် သူမကို ဇနီးတစ်ယောက်လို ခံစားရစေပြီး သူ့လောကကြီးတစ်ခုလုံးသဖွယ် ယုယုယယ ဆက်ဆံပေးသည်။ သူနှင့် သူမ၏ မိဘအရင်းများ ရှိနေမှသာ ဒီလောကကြီးတွင် သူမ အမှန်တကယ် အမြစ်တွယ်နေသည်ဟု ခံစားရခြင်း ဖြစ်သည်။

"စားရအောင်" ဆိုင်းလပ်စ်၏ နူးညံ့သောအသံကြောင့် အိုင်ဗီ သတိပြန်ဝင်လာပြီး ခေါင်းညိတ်ပြလိုက်သည်။ ညစာစားပြီးနောက် ဆိုင်းလပ်စ်က ပန်းကန်များကို သိမ်းဆည်းဆေးကြောပေးသည်။

"ကိုယ် လုပ်စရာလေးတွေ ရှိသေးလို့ အပြင်ခဏသွားဦးမယ်။ အိမ်ထဲကနေ အပြင်မထွက်နဲ့ဦးနော်" ဟု သူက ဖိနပ်စီးရင်း သတိပေးသည်။

အိုင်ဗီ ခေါင်းညိတ်ပြလိုက်ပြီး သူထွက်သွားသည်နှင့် သူမ၏ ပုံမှန်အလုပ်များကို ပြန်စတော့သည်။ မကြာသေးမီက သူမ စိတ်အနည်းငယ် ကြွနေတတ်ပြီး၊ ထိုသို့ဖြစ်တိုင်း... ရာဗင်ခရော့ဖ် မိသားစုကို ရိုက်နှက်ဆုံးမလေ့ရှိသည်။

သူမသည် အေးအေးလူလူပင် အခန်းထဲသို့ လျှောက်သွားပြီး စွမ်းအင်သိုလှောင်ရုံ ထဲမှ ထိုလူသုံးယောက်ကို ထုတ်လိုက်သည်။ အပြင်ရောက်သည်နှင့် သူတို့အားလုံး မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေကြသည်။

အိုင်ဗီ့လက်ထဲတွင် တစ်လခန့် ရှိနေပြီးနောက် သူတို့သည် ထွက်ပြေးရန် လမ်းမရှိကြောင်းကို ခါးသီးစွာ သင်ခန်းစာရသွားကြပြီး တရစပ် နှိပ်စက်မှုဒဏ်များကြောင့်လည်း အတော်လေး ယိုယွင်းနေကြပြီဖြစ်သည်။

သူတို့၏ မျက်တွင်းများမှာ အတော်လေး ဟောက်ပက်ဖြစ်နေပြီး ပါးပြင်များမှာလည်း ချောင်ကျနေသည်။ ခန္ဓာကိုယ်အနှံ့တွင် အမာရွတ်များ ပြည့်နှက်နေကာ အချို့မှာ ပိုးပင်ဝင်နေပြီဖြစ်သည်။

သူတို့ အခုထိ ဒဏ်ရာတွေ မပျောက်သေးသည့်အပေါ် အိုင်ဗီ အံ့ဩမိသည်။ ယခင်ဘဝတုန်းက သူမသည် နေ့တိုင်း ဒီထက်ပိုပြီး ရက်ရက်စက်စက် အရိုက်ခံခဲ့ရသော်လည်း တစ်ပတ်အတွင်း ဒဏ်ရာများ ပြန်ပျောက်တတ်သည်။

ဘာပဲဖြစ်ဖြစ်၊ ရာဗင်ခရော့ဖ် မိသားစုက ပိုးဝင်ပြီး သေရမည့် ကံပါလာလျှင်လည်း ဖြစ်ပါစေတော့။ သူမက သူတို့ကို အသက်ဆက်ရှင်စေချင်တာလည်း မဟုတ်ပါဘူး။

"အိုင်ဗီ အိုင်ဗီ အမေ့ရဲ့ ချစ်သမီးလေးရယ်! ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမေ့ကို ရေလေးနည်းနည်းလောက် ပေးပါ အမေ ရေမသောက်ရတာ ၃ ရက်‌ရှိ‌နေပြီ" ဟု ဆာဖီနာ က တောင်းပန်တိုးလျှိုးသည်။ အိုင်ဗီ့ဆီသို့ တွားသွားရန် ကြိုးစားနေသဖြင့် အဝတ်အစားများ မြေပြင်နှင့် ပွတ်တိုက်သံမှာ အခန်းထဲတွင် ပဲ့တင်ထပ်နေသည်။

အိုင်ဗီက အကွာအဝေးတစ်ခုတွင် ရပ်ကာ မျက်ခုံးပင့်လိုက်ပြီး အခန်းထဲမှ ထွက်သွားသည်။ သူမ ပြန်လာသောအခါ ရေခွက် ၃ ခွက် ပါလာသည်။ တစ်ခွက်စီတွင် ရေလက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်း နှင့် ၅ ဇွန်းစီသာ အသီးသီး ပါရှိသည်။

"ကဲ... ဒီနေ့ရဲ့ ပြိုင်ပွဲကို စကြရအောင်။ သိကြတဲ့အတိုင်းပဲ၊ ဒဏ်ရာအများဆုံးရတဲ့သူက ရှုံးမယ်၊ ဒဏ်ရာအနည်းဆုံးရတဲ့သူက နိုင်မယ်" အိုင်ဗီက လက်ခုပ်တီးကာ အနောက်သို့ မှီထိုင်လိုက်သည်။

အိုင်စလာ က ဆာဖီနာထံသို့ အပြေးအလွှား သွားသည်ကို သူမ ကြည့်နေမိသည်။ ကြိုးများဖြင့် တုပ်နှောင်ခံထားရသဖြင့် လှုပ်ရှားမှု ကန့်သတ်ခံထားရသော်လည်း သူမ၏ ယုတ်မာသော စိတ်ကမူ နည်းဗျူဟာတစ်ခုကို ကြိုတင်ဆွဲထားပြီးသား ဖြစ်သည်။

အိုင်စလာက သူမ၏ ဦးခေါင်းကို သုံး၍ ဆာဖီနာကို တိုက်ခိုက်ပြီး ဆာဖီနာကလည်း သူမ၏ ခြေထောက်များကို သုံး၍ ပြန်လည်ခုခံသည်ကို အိုင်ဗီ စိတ်ဝင်တစား ကြည့်နေသည်။ အချိန်အတော်ကြာ လုံးထွေးသတ်ပုတ်ပြီးနောက် အနိုင်ရသူ ပေါ်ထွက်လာသည်။

ဆာဖီနာပင် ဖြစ်သည်။ ရက်စက်မှုအပိုင်းတွင် အိုင်စလာသည် ဆာဖီနာကို မကျော်လွန်နိုင်သေးပါ။ ရုတ်တရက် ဆာဖီနာသည် တိတ်ဆိတ်နေသော မက်ဂနပ်စ် ထံသို့ လှည့်ကာ သူ့ကိုပါ တိုက်ခိုက်တော့သည်။

မက်ဂနပ်စ်သည် ရန်ပွဲထဲ မပါဘဲ နေခြင်းဖြင့် အသာစီးရရန် ကြိုးစားခဲ့သော်လည်း ဆာဖီနာက သူ့ကို အလွယ်တကူ အနိုင်ရခွင့် ပေးပါ့မလား

ရန်ပွဲ နောက်တစ်ကြိမ် ဖြစ်ပွားပြန်ပြီး ယခုတစ်ကြိမ်တွင် မက်ဂနပ်စ်က အနိုင်ရရှိသူ ဖြစ်လာသည်။ ရလဒ်ကို မကျေနပ်သော အိုင်စလာက အော်ဟစ်လိုက်သည်။

"ဖေဖေ ကျေးဇူးပြုပြီး ဖေဖေ့ရဲ့ ရေခွက်ကို သမီးကို ပေးပါ သမီး အရမ်း ရေငတ်နေပြီ"

"ဟမ့် ငါ့ကို လာပြီး သနားစရာကောင်းအောင် မလုပ်နဲ့။ လွန်ခဲ့တဲ့ တစ်ပတ်တုန်းက ရေတစ်ဝက်လောက်အတွက်နဲ့ နင် ငါ့ကို ဝိုင်းရိုက်ခဲ့တာ မဟုတ်ဘူးလား" မက်ဂနပ်စ်၏ ရင်ထဲတွင် သမီးဖြစ်သူအပေါ် ထားရှိခဲ့သော သံယောဇဉ်များမှာ ကြာလှပြီဖြစ်သော အချိန်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ယခု သူ့ရင်ထဲတွင် ရှိနေသည်မှာ ဒီအဆိပ်ပြင်းသော သားအမိနှစ်ယောက်အပေါ် ထားရှိသည့် ဒေါသနှင့် လက်စားချေလိုစိတ်များသာ ဖြစ်သည်။ သူတို့နှင့် နှိုင်းယှဉ်လျှင်... အိုင်ဗီက များစွာ ပို၍ ကောင်းမွန်သေးသည်။

ဆောင်းရာသီတွင် အိုင်ဗီက သူ့အတွက် ဆန်ပြုတ်နွေးနွေးလေးများ ချက်ပေးခဲ့ပုံနှင့် သူ အလုပ်မှပြန်လာလျှင် အခန်းအပူချိန်ကို အဆင်ပြေအောင် ညှိပေးခဲ့ပုံများကို မက်ဂနပ်စ် ပြန်လည် မြင်ယောင်လာသည်။

သူ့အဝတ်အစားများကို မီးပူတိုက်ပေးခြင်းမှအစ နေ့လယ်စာ ပြင်ဆင်ပေးခြင်းအထိ အရာအားလုံးကို အိုင်ဗီက လုပ်ဆောင်ပေးခဲ့ပြီး ဆာဖီနာနှင့် အိုင်စလာတို့မှာမူ ဘေးတွင် အေးအေးလူလူ နေထိုင်ကာ သူ့မေတ္တာကိုသာ ရယူခဲ့ကြသည်။ အိုင်ဗီက အများဆုံး လုပ်ပေးခဲ့သော်လည်း သူကမူ စားစရာတစ်ခုအတွက် သူ့ကို တိုက်ခိုက်ရန် ဝန်မလေးသည့် သွေးသားအရင်းအချာကိုသာ အလိုလိုက်ခဲ့မိသည်။

ငါသာ... ငါသာ အိုင်ဗီ့အပေါ် နည်းနည်းလောက် ပိုကောင်းခဲ့ရင်၊ အခုလို အခြေအနေမျိုး ရောက်ချင်မှ ရောက်မှာ။ ဒီရက်စက်တဲ့ သားအမိနှစ်ယောက်ကြောင့်သာ ငါ အိုင်ဗီ့အပေါ် ဒီလောက်အထိ ရိုင်းစိုင်းခဲ့မိတာ အား... ငါ့အပြစ်တွေပါပဲလား

မက်ဂနပ်စ်သည် အိုင်ဗီ့အပေါ် ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုများကို သူကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဘယ်သူ့ရဲ့ သွေးထိုးမှုကိုမှ ခံခဲ့ရခြင်း မဟုတ်သည်ကို လုံးဝ မေ့လျော့နေဟန် ဆောင်နေလေသည်။

"ကဲ... အနိုင်ရတဲ့သူ ပေါ်ပြီဆိုတော့ ဒီနေ့အတွက် ဂိမ်းကို ဒီမှာပဲ ရပ်လိုက်ရအောင်" အိုင်ဗီက လက်ခုပ်တီးလိုက်စဉ် အိုင်စလာက ရုတ်တရက် အော်ပြောလိုက်သည်။

"နေဦး အိုင်ဗီ ငါ့မှာ လျှို့ဝှက်ချက်တစ်ခု ရှိတယ် နင်သာ ငါ့ကို အဲ့ဒီ ရေအများဆုံးပါတဲ့ ခွက်ကို ပေးမယ်ဆိုရင် ငါ အဲ့ဒါကို ပြောပြမယ်။"

ဆာဖီနာနှင့် မက်ဂနပ်စ်တို့မှာ ရုတ်တရက် မကောင်းသော အငွေ့အသက်များကို ခံစားလိုက်ရသည်။ သူတို့ အချင်းချင်း ကြည့်လိုက်ကြသော်လည်း တစ်ဖက်လူ၏ မျက်နှာကို မြင်သည်နှင့် စက်ဆုပ်ရွံရှာစွာဖြင့် မျက်နှာလွှဲလိုက်ကြပြန်သည်။

"ဪ... ဘာများလဲ" အိုင်ဗီက စိတ်ဝင်တစား မေးလိုက်သည်။

"ငါတို့ နင့်ကို ဘယ်လိုရှာတွေ့ခဲ့လဲဆိုတာ နင် မသိချင်ဘူးလား ပြီးတော့ ငါတို့ နင့်ကို ဘာလို့ ဒီလောက်အထိ နှိပ်စက်ခဲ့ကြတာလဲ"

အိုင်စလာက မေးလိုက်သည်။ သူမ၏ ဖူးရောင်နေသော မျက်နှာမှာ ရယ်စရာပင် ကောင်းနေတော့သည်။

အိုင်ဗီ မျက်ခုံးပင့်လိုက်သည်။ သူမ၏ အာရုံစိုက်မှုအားလုံးမှာ အိုင်စလာ၏ ဒုတိယမြောက်မေးခွန်းပေါ်သို့ ကျရောက်သွားပြီး သူမ၏ လက်ကို ရေအများဆုံးပါသော ခွက်ပေါ်သို့ ဝဲနေလိုက်သည်။

"ပြောကြည့်လေ"

"မပြောနဲ့ မပြောနဲ့နော်" ဆာဖီနာက အော်ဟစ်တားဆီးသည်။ ထို့နောက် သူမ၏ သမီးဆီသို့ အစွမ်းကုန် တွားသွားရန် ကြိုးစားသော်လည်း ကန်ထုတ်ခြင်းကိုသာ ခံလိုက်ရသည်။

"နင်..." ဆာဖီနာ ဒေါသထွက်သွားသော်လည်း ရေငတ်လွန်းသဖြင့် ဘာမှမမြင်တော့သေည အိုင်စလာက ဆက်ပြောလိုက်သည်။

"နင့်ကို ဘယ်ကနေ ရှာတွေ့ခဲ့လဲဆိုတာ ငါ မသိပေမဲ့၊ သူတို့ စာတစ်စောင် ရခဲ့တာကိုတော့ ငါ သိတယ်။ အဲ့ဒီစာထဲမှာ နင့်ကို နှိပ်စက်သရွေ့ ငါတို့အိမ်ကြီးက ပိုပြီး ကြီးပွားချမ်းသာလာလိမ့်မယ်' လို့ ရေးထားတယ်။ ပြီးတော့ နင့်ကို နွားနို့နဲ့ အဝေးမှာ ထားရမယ် ဆိုတဲ့ စာသားလည်း ပါသေးတယ်"

All Chapters