← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း ၁၂၉ - တံတိုင်းများ

ဒန်နီရယ်၏ မေးခွန်းကို အိုင်ဗီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူမက လက်ကို မြှောက်လိုက်ရုံရှိသေး... နောက်တစ်စက္ကန့်တွင် ဆန်အိတ်များနှင့် ငါးများအပြည့်ပါသော ပိုက်ကွန်များသည် ဟာလာဟင်းလင်း ပြင်ပလောကထဲသို့ လေထဲမှ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားသလို တိတ်ဆိတ်သွားသည်။

ဂျိုးနပ်စ်မှာ ပါးစပ်အဟောင်းသားဖြင့် "ဘာ... ဘာဖြစ်သွားတာလဲ" ဟု ထိုရိက္ခာပုံကြီးကို လက်ညှိုးထိုးရင်း ထစ်ထစ်ငေါ့ငေါ့ မေးရှာသည်။

အဲလီယပ်စ်၏ မျက်လုံးများမှာလည်း ပန်းကန်ပြားဝိုင်းကြီးများကဲ့သို့ ပြူးကျယ်သွားကာ "မင်း... မင်းမှာ ဟင်းလင်းပြင် စွမ်းအား ရှိတာလား" ဟု တုန်ရီသော အသံဖြင့် မေးလိုက်သည်။

မြို့တော်ဝန် ဒန်နီရယ်ပင်လျှင် သူ၏ ခန့်ညားတည်ကြည်သော မျက်နှာထား ပျက်ယွင်းသွားရသည်။ သူသည် အစားအသောက်ပုံကြီးကို တစ်လှည့်၊ အိုင်ဗီ့ကို တစ်လှည့် စိုက်ကြည့်ရင်း နှုတ်ခမ်းများ တုန်ရင်လျက် “ဟင်းလင်းပြင်... မင်းမှာ ဟင်းလင်းပြင် စွမ်းအား ရှိနေတာလား” ဟု မေးမိသည်။

အိုင်ဗီကတော့ နူးညံ့စွာ ပြုံးပြရုံသာ ပြုလုပ်ပြီး "အဲ့ဒီလို သဘောမျိုးပါပဲ" ဟု ဆိုကာ အသေးစိတ် ထပ်မရှင်းပြတော့ပေ။

ဂျိုးနပ်စ်က တစ်ခုခု ထပ်မေးရန် ပါးစပ်ဟလိုက်သော်လည်း အဲလီယပ်စ်က သူ့နံဘေးကို လက်တံတောင်ဖြင့် အသာတို့ကာ တားလိုက်သည်။ မြို့တော်ဝန် ဒန်နီရယ် မျက်မှောင်ကြုတ်သွားသော်လည်း နောက်ဆုံးတွင် ဘယ်သူမှ ဆက်မမေးရဲကြတော့ပေ။ အချို့သော အရာများသည် မသိဘဲနေခြင်းက ပို၍ ကောင်းတာယယ်လေ။

သူတို့အားလုံး ထိုရိက္ခာများကို မြို့တော်ဝန်အိမ်ထဲသို့ အလုအယက် သယ်ယူကြတော့သည်။ အိတ်တစ်အိတ်ပြီးတစ်အိတ် သယ်ယူပြီးနောက် အိမ်တွင်း၌ ရိက္ခာများ ပြည့်နှက်သွားရာ သိုလှောင်ရုံတစ်ခုနှင့်ပင် တူသွားတော့သည်။ ဂျိုးနပ်စ်မှာ သူ၏ အပြုံးကို မဖုံးဖိနိုင်တော့ဘဲ

"ဆန်တွေ အများကြီးပဲ... တစ်နှစ်လုံးမှာ မြင်ဖူးသမျှထက်တောင် ပိုများသေးတယ်" ဟု တိုးတိုးလေး ရေရွတ်နေသည်။

တည်တည်ငြိမ်ငြိမ် နေရန် ကြိုးစားနေသော ဒန်နီရယ်ပင်လျှင် စိတ်သက်သာရာရသွားဟန်ဖြင့် "အနည်းဆုံးတော့ ငါ့လူတွေ ငတ်မသေတော့ဘူးပေါ့" ဟု ခပ်တိုးတိုး ဆိုရှာသည်။

အရာအားလုံး အခြေကျသွားပြီးနောက် အိုင်ဗီသည် ဘာစကားမှ ထပ်မပြောတော့ဘဲ အခြေစိုက်စခန်း၏ အစွန်အဖျားဘက်သို့ လျှောက်သွားသည်။

"သူမ ဘယ်သွားတာလဲ" ဂျိုးနပ်စ်က သူ့ဆံပင်တွေကို ကုတ်ရင်း မေးသည်။

"ဘယ်သူသိမှာလဲ" အဲလီယပ်စ်က ပခုံးတွန့်ပြကာ "သူမ တို့ကို ရိက္ခာတွေ ပေးပြီးပြီပဲ။ သူမပိုင်တဲ့ မြေကွက်ကို ပတ်ကြည့်တာနေမှာပေါ့"

သို့သော် မကြာမီမှာပင် အဝေးဆီမှ အော်ဟစ်သံများနှင့် ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာသည်။

တံတိုင်းကို မှီရပ်နေသော ဂရစ်ဖင်သည် ရုတ်တရက် ခန္ဓာကိုယ် တောင့်တင်းသွားပြီး "ဒါ ဇမ်ဘီတွေပဲ" ဟု ဟိန်းဟောက်လိုက်သည်။

သူတို့အားလုံး ပြတင်းပေါက်များဆီသို့ အပြေးအလွှား သွားကြည့်ကြသည်။ အပြင်ဘက်တွင် အိုင်ဗီသည် ဇမ်ဘီ ဒါဇင်ပေါင်းများစွာ၏ ဝိုင်းရံခြင်းကို ခံထားရသည်။

သူမသည် ထွက်ပြေးမည့်အစား ရေစီးကြောင်းတစ်ခုကဲ့သို့ လျင်မြန်ဖြတ်လတ်စွာ လှုပ်ရှားနေသည်။ သူမ၏ ပန်းရောင်ဆံနွယ်များ လွင့်ပျံနေစဉ် ဇမ်ဘီတစ်ကောင်၏ ရင်ဘတ်ကို ကန်ထုတ်လိုက်ရာ ထိုဇမ်ဘီမှာ အနောက်က အခြားနှစ်ကောင်ပေါ်သို့ လွင့်စင်ကျသွားသည်။ သူမ၏ လက်ထဲတွင် ဓားတစ်လက် ပေါ်လာပြီး တစ်ချက်တည်းနှင့်ပင် ဇမ်ဘီသုံးကောင်၏ ခေါင်းများ မြေပေါ်သို့ လိမ့်ကျသွားတော့သည်။

"ဒါ... ဒါ ဘာလဲ" မေဆန်က မျက်နှာဖြူဖျော့စွာဖြင့် တိုးတိုးလေး မေးလိုက်သည်။

ဂျိုးနပ်စ်က ပြတင်းပေါက်ဘောင်ကို လက်ဖြင့် အတင်းဖိထားရင်း

"သူမ ရူးနေတာပဲ အသေခံချင်လို့လား"

"မဟုတ်ဘူး" အီလီယပ်စ်က အံ့ဩကြည်ညိုမှု အပြည့်ဖြင့် ရေရွတ်လိုက်သည် "သူမ နိုင်နေတာ"

အိုင်ဗီ၏ လှုပ်ရှားမှုများသည် ဘယ်တော့မှ နှေးကွေးမသွားဘဲ တိကျပြတ်သားနေသည်ကို သူတို့ ငေးကြည့်နေမိကြသည်။ တိုက်ကွက်တိုင်းက သေသပ်ပြီး အလှမ်းတိုင်းက ပြည့်စုံလွန်းသည်။ ဇမ်ဘီများ အနောက်မှ ပြေးဝင်လာလျှင်ပင် သူမ၏ ခန္ဓာကိုယ်ကို လိုအပ်သလောက်သာ တိမ်းရှောင်ကာ တစ်ဆက်တည်းမှာပင် လှီးဖြတ်ပစ်လိုက်သည်။

မြို့တော်ဝန် ဒန်နီရယ် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ "ငါ... ငါတောင် သူမကို မယှဉ်နိုင်ဘူး"

ဗစ်တာက သူ၏ မာနများ တုန်လှုပ်သွားလျက် လက်သီးကို တင်းတင်းဆုပ်ကာ "တို့တွေထဲက ဘယ်သူမှ မယှဉ်နိုင်ဘူး" ဟု ဝန်ခံလိုက်ရသည် "သူမရဲ့ တိုက်ခိုက်ရေးစွမ်းရည်က... အခြားတစ်ဆင့်ကို ရောက်နေပြီ"

နောက်ဆုံး ဇမ်ဘီ လဲကျသွားချိန်တွင် အိုင်ဗီသည် မတ်မတ်ရပ်နေသည်။ သူမ၏ အဝတ်အစားများ အနည်းငယ် စုတ်ပြဲနေပြီး နဖူးတွင် ချွေးများ စို့နေသော်လည်း သူမသည် အိမ်ဘက်သို့ တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့ပေ။ သူမသည် ဓားကို အေးဆေးစွာ သုတ်လိုက်ပြီး လမ်းလျှောက်ထွက်လာသူတစ်ယောက်ကဲ့သို့ အေးအေးလူလူပင် ပြန်လျှောက်လာခဲ့သည်။

ဂရစ်ဖင်က "သူမ ဘာလို့ ဒါတွေကို လုပ်နေတာလဲ? ဘာလို့ သူတို့ကို တိုက်ခိုက်နေတာလဲ" ဟု ရေရွတ်သည်။

မေဆန်က မျက်မှောင်ကြုတ်ကာ "သူမ... ဒီ ၂၅ စတုရန်းကီလိုမီတာ မြေကွက်ပေါ်က ဇမ်ဘီတွေကို အကုန်လုံး ရှင်းပစ်ဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်"

ဂျိုးနပ်စ်က ဟန်ဆောင်ရယ်မောကာ "ဒါက မဖြစ်နိုင်တာကြီးပဲ။ လူတစ်ယောက်တည်းက နေ့တိုင်း ဒီလောက်များတဲ့ ဇမ်ဘီတွေကို တိုက်နေမယ်တဲ့လား သူမ မကြာခင် ပင်ပန်းပြီး ပြိုလဲသွားမှာပေါ့"

သို့သော် နောက်တစ်နေ့ မနက်တွင်လည်း သူမ အပြင်ထွက်ခဲ့ပြန်သည်။ နောက်တစ်နေ့တွင်လည်း ထိုနည်းအတိုင်းပင်။

နေ့တိုင်း အိမ်၏ ပြတင်းပေါက်များတွင် ထိုအမျိုးသားတစ်စုမှာ အိုင်ဗီ တိုက်ခိုက်နေသည်ကို စုရုံးကြည့်ရှုနေကြမြဲ ဖြစ်သည်။ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ဇမ်ဘီ တစ်ထောင်နီးပါး သူမလက်ချက်ဖြင့် လဲကျခဲ့သည်။ နှစ်ပတ်မပြည့်မီမှာပင် သူမသည် စတုရန်းမီတာ တစ်သောင်းရှိသော မြေကွက်လပ်ကို ရှင်းလင်းနိုင်ခဲ့သည်။

တစ်ညတွင် ဂျိုးနပ်စ်က အိုင်ဗီ အခုလေးတင် ရှင်းလင်းထားသော သွေးစွန်းနေသည့် မြေပြင်အလွတ်ကြီးကို ကြည့်ရင်း မျက်လုံးကို ပွတ်လိုက်သည်။

"သူမ... သူမ တကယ်လုပ်နေတာပဲ။ စစ်တပ်တစ်ခုလုံး မလုပ်နိုင်တဲ့အရာကို လူတစ်ယောက်တည်းက လုပ်ပြနေတာ"

အဲလီယပ်စ်၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း မျက်လုံးထဲတွင် အားကျမှုများ ဝင်းလက်နေသည်။

"သူမက မုန်တိုင်းတစ်ခုလိုပဲ။ ကြည့်ပါဦး... ကြောက်ရွံ့မှု အစအနတောင် မရှိဘူး"

မြို့တော်ဝန် ဒန်နီရယ်ကတော့ တိတ်ဆိတ်နေသော်လည်း သူ၏ ရင်ထဲတွင် လေးလံနေသည်။ သူသည် ထိုမြေကွက်အတွက် ဘယ်လောက်တောင် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ရသည်ကို ပြန်တွေးမိသည်။ သူ ဂုဏ်ယူခဲ့သော ထိုမြေကို ယခု အမျိုးသမီးတစ်ဦးက သူမ၏ ကိုယ်ပိုင်လက်ဖြင့် အင်ပါယာတစ်ခုအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။

ဂရစ်ဖင်က နောက်ဆုံးတွင် သက်ပြင်းချကာ ခေါင်းငုံ့လိုက်သည်။

"တို့တွေက သူမနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါလား"

ဗစ်တာက ဘာမှပြန်မပြောပေ။ သူ၏ မာနများ ကျိုးပျက်သွားသော်လည်း အမှန်တရားကိုတော့ သူ မငြင်းနိုင်ခဲ့ပေ။

ရက်များ ကုန်လွန်လာသည်နှင့်အမျှ သူတို့၏ ရင်ထဲတွင် ရိုသေ‌ လေးစားမျုများ ကြီးထွားလာသည်။ ဘယ်သူမှ ထုတ်မပြောရဲကြသော်လည်း သူတို့အားလုံး တစ်ခုတည်းကိုသာ တွေးနေကြသည်။

တစ်ပတ်ကြာ ဇမ်ဘီများကို တိုက်ခိုက်ပြီးနောက် အိုင်ဗီသည် စတုရန်းမီတာ နှစ်သောင်းရှိသော မြေကွက်လပ်မှာ သန့်ရှင်းသွားပြီဖြစ်ကြောင်း သေချာသွားသည်။ ထိုနေ့ မနက် နေမထွက်မီမှာပင် သူမသည် တိတ်တဆိတ် ထွက်လာခဲ့ပြီး မြေကွက်လပ်ဆီသို့ လျှောက်သွားသည်။

ရှင်းလင်းထားသော မြေကွက်လပ်၏ အလယ်တွင် ရပ်နေရင်း သူမသည် မျက်လုံးများကို မှိတ်ကာ သူမ၏ စွမ်းအင်သိုလှောင်ရုံထဲသို့ ဝင်ရောက်လိုက်သည်။

ရင်းနှီးနေသော မှောင်မိုက်သည့် ဟင်းလင်းပြင်ကြီး ပွင့်လာပြီး တောက်ပနေသော ဈေးဝယ်မျက်နှာပြင်မှာ သူမရှေ့တွင် ပေါ်လာသည်။ သူမသည် "တံတိုင်းများ"ဆိုသော ကဏ္ဍကို နှိပ်လိုက်သည်။

"အဆင့်0 ကျောက်တံတိုင်းတွေ..." ဟု သူမ တိုးတိုးလေး ဆိုသည်။ သူမသည် မျက်နှာပြင်ကို အောက်သို့ ဆွဲကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ "ဒီထက်မြင့်တဲ့ အဆင့်တွေ မရှိဘူးလား"

သူမ သေသေချာချာ ရှာဖွေကြည့်သော်လည်း မျက်နှာပြင်တွင် အဆင့်0 ကလွဲ၍ ဘာမှမရှိပေ။

အိုင်ဗီက သက်ပြင်းအသာချကာ "ကောင်းပြီလေ။ ဒါတွေနဲ့ပဲ လောလောဆယ် ဖြစ်မှာပါ"

သူမသည် စိတ်ထဲတွင် လျင်မြန်စွာ တွက်ချက်လိုက်သည်။

"စတုရန်းမီတာ နှစ်သောင်းကို ကာရံမယ်ဆိုရင် ငါ လိုအပ်မှာက..." သူမ၏ နှုတ်ခမ်းများက ရေတွက်နေသလို လေထဲတွင်လည်း လက်ချောင်းဖြင့် မြင်းများ ဆွဲနေသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူမ ခေါင်းညိတ်လိုက်သည်။ "ဒီလောက်ဆို ရပြီ"

သူမသည် ဝယ်ယူရန် ခလုတ်ကို နှိပ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် သူမသည် သိုလှောင်မှုထဲမှ ပြန်ထွက်လာပြီး လက်ကို မြှောက်လိုက်ရာ သူမ၏ ပတ်ပတ်လည်တွင် တံတိုင်းကြီးများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတော့သည်။

ထူထဲသော ကျောက်တံတိုင်းကြီးများသည် ကောင်းကင်မှ ကျလာသကဲ့သို့ ကျယ်လောင်သော အသံကြီးများနှင့်အတူ မြေပြင်ကို တုန်ခါသွားစေသည်။ တံတိုင်းတစ်ခုချင်းစီ နေရာကျသွားတိုင်း ဖုန်မှုန့်များ ထလာပြီး လေးထောင့်ကွက်ပုံစံ တည်ဆောက်သွားသည်။ အိုင်ဗီသည် အနားသတ်တစ်လျှောက် လျှောက်သွားရင်း နေရာများကို ပြန်ညှိလိုက်သည်။

နောက်ဆုံး တံတိုင်းတစ်ခု နေရာကျသွားသောအခါ အိုင်ဗီသည် ၎င်းကို လက်ဖြင့် ထိကြည့်လိုက်သည်။ မျက်နှာပြင်မှာ အေးစက်ပြီး လေးလံလှသည်။ သူမ တစ်ချက်တွန်းကြည့်သော်လည်း လုံးဝ မလှုပ်ရှားပေ။

သူမ၏ နှုတ်ခမ်းတွင် အပြုံးလေးတစ်ခု ပေါ်လာသည်။

"အပြည့်အစုံပဲ။ ဒါတွေကို ဘယ်သူမှ မရွှေ့နိုင်တော့ဘူး"

တစ်နာရီခန့် ကြာပြီးနောက် မြို့တော်ဝန် ဒန်နီရယ် နိုးလာပြီး ကိုယ်လက်အကြောဆန့်လိုက်သည်။ သူ အိမ်အပြင်သို့ လမ်းလျှောက်ထွက်လာစဉ် တစ်ခုခုကို တိုက်မိမတတ် ဖြစ်သွားကာ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

"ဘာ... ဒါက ဘာကြီးလဲဟ" ဟု သူ အော်ဟစ်လိုက်သည်။

သူ၏ အော်သံကြောင့် ဂျိုးနပ်စ်သည် အိပ်ချင်မပြေသေးဘဲ ပြေးထွက်လာကာ "ဘာဖြစ်တာလဲ" ဟု မေးရင်း ခြေလှမ်းများ ရပ်တန့်သွားသည်။

"အလိုလေး... ဒီတံတိုင်းကြီးတွေက ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ"

အခန်း ၁၃၀ - တံတိုင်းများ

အဲလီယပ်စ်သည် သူ၏ ရှုပ်ပွနေသော ငွေရောင်ဆံပင်များနှင့်အတူ အပြေးအလွှား ရောက်လာသည်။ သူသည် အိမ်မက်မက်နေဆဲဟု ထင်မှတ်ကာ မျက်တောင်ကို အကြိမ်ကြိမ် ခတ်ကြည့်နေမိသည်။

"မဖြစ်နိုင်တာ... ဒါမျိုးက တစ်ညတည်းနဲ့ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။"

ဂရစ်ဖင်၊ ဗစ်တာနှင့် မေဆန်တို့လည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ မကြာမီ အမျိုးသားခြောက်ဦးစလုံး စုမိသွားကြပြီး ရှင်းလင်းထားသော မြေကွက်လပ်ကို ဝန်းရံထားသည့် ကြီးမားလှသော ကျောက်တံတိုင်းကြီးများကို ငေးကြည့်နေမိကြသည်။

"ဒါ... ဒါတွေက မနေ့က ဒီမှာ မရှိဘူး" ဟု ဂရစ်ဖင်က မျက်နှာဖြူဖျော့စွာဖြင့် ရေရွတ်လိုက်သည်။

"နောက်နေတာလား" ဂျိုးနပ်စ်က ဒေါသတကြီး ပြောလိုက်သည်။

"ဒီလို တံတိုင်းကြီးတွေက ဘယ်လိုလုပ်ပြီး ဘယ်ကမှန်းမသိဘဲ ရုတ်တရက် ပေါ်လာနိုင်ရတာလဲ"

မေဆန်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရင်း "ဒါ... ဒါ အိုင်ဗီ လုပ်လိုက်တာလို့တော့ မပြောနဲ့နော်။"

ဗစ်တာက မျက်မှောင်ကြုတ်ကာ "ဒါက မဖြစ်နိုင်ဘူး။ လူတစ်ယောက်တည်းနဲ့ ဒါတွေအားလုံးကို တစ်ညတည်းနဲ့ ဘယ်လို တည်ဆောက်နိုင်မှာလဲ စစ်တပ်တစ်ခုလုံးတောင် အပတ်ပေါင်းများစွာ ကြာမှာပဲ"

မြို့တော်ဝန် ဒန်နီရယ်က သူ့နဖူးကို ပွတ်ရင်း လေးလံသောအသံဖြင့် "ဒါပေမဲ့ သူမကလွဲရင် တခြား ဘယ်သူရှိဦးမှာလဲ

ဒီမြေကို ပိုင်တာ သူမတစ်ယောက်တည်းပဲလေ။"

သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။

အီလီယပ်စ်က မြင့်မားလှသော တံတိုင်းကြီးများကို စိုက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။

"သူမသာ ဒါတွေကို တည်ဆောက်နိုင်တယ်ဆိုရင်... သူမ တကယ်ပဲ တစ်ခုခုကြီးကြီးမားမား လုပ်ဖို့ ကြံစည်နေတာပဲ။ သူမက တကယ်ပဲ စီးပွားရေးလုပ်ငန်း ဖွင့်တော့မယ်လို့ မင်းတို့ တကယ်ထင်ကြလား"

ဘယ်သူမျှ ပြန်မဖြေကြပေ။

သူတို့အားလုံသရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ တံတိုင်းကြီးများကိုသာ ငေးကြည့်နေမိကြတော့သည်။

"ငါတို့ သွားစစ်ကြည့်ကြမလား" ဂရစ်ဖင်က သူတို့အားလုံး၏ စိတ်ထဲက စိုးရိမ်မှုကို ထုတ်ပြောလိုက်သည်။ သူတို့ အချင်းချင်း ကြည့်လိုက်ကြပြီးမှ ခေါင်းယမ်းလိုက်ကြသည်။

"ငါတို့ ပိုအရေးကြီးတဲ့ ပြဿနာတွေကိုပဲ အာရုံစိုက်သင့်တယ်။ ဇမ်ဘီတွေထဲမှာ အမြူတေ တွေ ရှိတယ်လို့ ငါကြားတယ်။ ပြီးတော့ အိုင်ဗီက အဲ့ဒါတွေကို ကိုင်တွယ်နေတာကိုတောင် ငါတွေ့ခဲ့သေးတယ်။ အဲ့ဒါကို ငါသွားစစ်ကြည့်ဖို့ စီစဉ်ထားတယ်" ဟု ဗစ်တာက တည်ကြည်သော မျက်နှာဖြင့် ပြောကာ ထွက်သွားသည်။

"ငါလည်း လုပ်စရာရှိတာ သတိရသွားပြီ" ဂရစ်ဖင်သည် ဗစ်တာ၏ နည်းဗျူဟာကို နားလည်သွားသဖြင့် ထထွက်သွားပြန်သည်။ ထို့နောက် မြို့တော်ဝန် ဒန်နီရယ်သည် သူ့လူများ တစ်ယောက်ပြီးတစ်ယောက် အိမ်ထဲမှ ထွက်သွားသည်ကို ကြည့်နေရတော့သည်။

အသစ်တည်ဆောက်ထားသော တံတိုင်းအတွင်းတွင်မူ အိုင်ဗီသည် ဧည့်ခန်းပါဝင်သော အခန်းတွဲကို နေရာချရန် စမ်းသပ်နေသည်။ သူမ ပြဿနာတစ်ခုကို သတိပြုမိသွားသည်။ သူမ မြေညှိရန် လိုအပ်သော်လည်း စွမ်းအင် သိုလှောင်ရုံထဲမှ မြေညှိစက် ကို ဝယ်ယူ၍ မရနိုင်ခြင်း ဖြစ်သည်။

သူမသည် မြေညှိစက် အလိုရှိကြောင်းနှင့် ဆန် ၁၀ ကီလို ပေးမည်ဖြစ်ကြောင်း ကြေညာချက် တင်လိုက်သည်။ မကြာမီ တုံ့ပြန်မှုအချို့ ရရှိခဲ့သော်လည်း ပြဿနာမှာ ထိုသူများအားလုံးမှာ သူမနှင့် အလှမ်းဝေးကွာလွန်းနေခြင်း ဖြစ်သည်။

အကယ်၍ သူမ မြေညှိခြင်းကို အပြီးသတ်လိုလျှင် အခုပင် ထွက်သွားရတော့မည်။ ရွေးချယ်စရာ မရှိသဖြင့် သူမသည် စကူတာ ကို ထုတ်ကာ ထိုနေရာသို့ အပြေးအလွှား မောင်းနှင်သွားတော့သည်။

လမ်းတွင် သူမ၏ နယ်မြေအတွင်း ချောင်းကြည့်နေသောသူအချို့ ရှိနေသည်ကို သတိပြုမိလိုက်ရာ ၎င်းတို့မှာ မြို့တော်ဝန် ဒန်နီရယ်၏ လူများပင် ဖြစ်သည်။ သူတို့ကို ကိုင်တွယ်ရန် အချိန်မရှိသဖြင့် သူမ လျစ်လျူရှုထားလိုက်သည်။ နောက်ဆုံးတွင် အိုင်ဗီသည် ထိုနေရာသို့ ရောက်ရှိသွားသည်။

ပျက်စီးနေသော ဂိုဒေါင်တစ်ခုကို တွေ့လိုက်ရပြီး အတွင်း၌ ရပ်ထားသော မြေညှိစက်ကိုလည်း ချက်ချင်း မြင်လိုက်ရသည်။ သူမ၏ မျက်လုံးများ ဝင်းလက်သွားသော်လည်း ပြဿနာတစ်ခု ရှိနေပြန်သည်။ ဇမ်ဘီ ဒါဇင်ပေါင်းများစွာမှာ ထိုခြံဝင်းအတွင်း ယိုင်နဲ့နဲ့ဖြင့် လျှောက်သွားနေကြခြင်း ဖြစ်သည်။

မုတ်ဆိတ်မွှေး ထူထူနှင့် အမျိုးသားတစ်ဦးသည် ဂိုဒေါင်တံခါးအနီးတွင် သံချေးတက်နေသော ပုဆိန်တစ်လက်ဖြင့် တိုက်ခိုက်နေသည်။ သူက ဇမ်ဘီတစ်ကောင်ကို တွန်းထုတ်ရင်း

"တောက်... များလှချည်လား..." ဟု ရေရွတ်လိုက်သည်။

အိုင်ဗီသည် တွန့်ဆုတ်မနေဘဲ ရှေ့သို့ ပြေးထွက်သွားသည်။ သူမ၏ ဓားချက်က လျှပ်စီးကဲ့သို့ လက်ခနဲ ဖြစ်သွားပြီး ဇမ်ဘီနှစ်ကောင်ကို တစ်ချက်တည်းဖြင့် ပိုင်းချလိုက်သည်။ သူမက ဝေ့ယမ်းလိုက်ကာ နောက်ထပ် ဇမ်ဘီတစ်ကောင်၏ ရင်ဘတ်ကို ကန်ထုတ်ပြီး လည်ပင်းကို လှီးဖြတ်လိုက်သည်။

ထိုအမျိုးသားက အံ့ဩတကြီးဖြင့် မျက်တောင်ခတ်ကြည့်ရင်း

"မင်း... မင်း ငါ့ကို ကူညီတာလား"

အိုင်ဗီက ပြုံးစစဖြင့် "ရှင် အကူအညီ လိုနေပုံရလို့ပါ"

နှစ်ဦးသား အတူတကွ တိုက်ခိုက်ကြရာ မိနစ်အနည်းငယ်အတွင်း ထိုနေရာမှာ ရှင်းလင်းသွားတော့သည်။ ထိုအမျိုးသားက သူ၏ ပုဆိန်ကို အမှီပြုကာ အသက်ကို ပြင်းပြင်းရှူနေရသည်။ သူက အိုင်ဗီ့ကို သံသယဖြင့် စိုက်ကြည့်နေသော်လည်း ဘာမျှမပြောပေ။

အိုင်ဗီက သူမ၏ အဝတ်အစားများကို ခါလိုက်ပြီး ဂိုဒေါင်ဘက်သို့ တည့်တည့်ကြည့်လိုက်သည်။

"မြေညှိစက်က အထဲမှာ ရှိတယ်" ဟု သူက ရိုးရိုးလေးပြောကာ သော့ကို သူမအား ကမ်းပေးသည်။

သူမ ဂိုဒေါင်ထဲသို့ ဝင်သွားပြီး စက်ကို စစ်ဆေးကာ ခလုတ်အချို့ကို စမ်းသပ်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ရပြီ... အလုပ်လုပ်တယ်"

ထို့နောက် သူမ လက်ကို ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်တွင် ဆန်အိတ်တစ်အိတ် ပေါ်လာသည်။

"ကတိပေးထားတဲ့အတိုင်း ဆန် ၁၀ ကီလိုပါ"

ထိုအမျိုးသားက သော့ကို ပြန်လည် ဆွဲယူလိုက်စဉ် သူ၏ နှုတ်ခမ်းများက မဲ့သွားသည်။ သူက ခေါင်းယမ်းလိုက်ပြီး

"ဈေးတက်သွားပြီ။ အခုက ၁၀၀ ကီလို ဖြစ်သွားပြီ။ လိုချင်ရင် ပိုပေး"

အိုင်ဗီ မျက်ခုံးပင့်လိုက်သော်လည်း ဒေါသထွက်မည့်အစား အပြုံးလေးတစ်ခု ပေါ်လာသည်။

"ဪ... ဒါဆိုလည်း ကျွန်မ မဝယ်တော့ဘူး"

သူမသည် အေးအေးဆေးဆေးပင် လှည့်ထွက်သွားကာ သူမ၏ စကူတာဆီသို့ လျှောက်သွားသည်။

"နေဦး ငါက မင်းကို ထွက်သွားဖို့ ခွင့်ပြုလို့လား" ထိုအမျိုးသား၏ အသံက လေထဲတွင် ဟိန်းထွက်လာသည်။

အိုင်ဗီက ခပ်တိုးတိုး ရယ်မောလိုက်သည် - "ရှင့်ရဲ့ ခွင့်ပြုချက်ကို ကျွန်မ မလိုဘူးလေ"

ထိုအမျိုးသား၏ မျက်လုံးများက အေးစက်သွားသည်။

"ငါက ခွင့်မပြုဘူးလို့ ပြောပြီးပြီ။ အဲ့ဒါကြောင့် မင်း ဒီမှာပဲ နေရမယ်။" သူက သူ၏ ပုဆိန်ကို မြှောက်ကာ သူမထံသို့ ပြေးဝင်လာသည်။

သို့သော် သူ မတိုက်ခိုက်မီမှာပင် အိုင်ဗီက သူမ၏ ခေါင်းကို အနောက်သို့ လှန်ကာ အကျယ်ကြီး အော်ဟစ်လိုက်သည်။ သူမ၏ အသံက ဗလာဖြစ်နေသော လမ်းမကြီးတစ်လျှောက် ပဲ့တင်ထပ်သွားတော့သည်။

"အားးးးးးးး"

ထိုအမျိုးသား တောင့်ခဲသွားသည်။

"မင်း ရူးနေတာလား ဇမ်ဘီတွေ အကုန်လုံး ဒီကို ရောက်လာကုန်တော့မှာပဲ"

အိုင်ဗီက သူမ၏ ပန်းရောင်ဆံနွယ်များကို ဝှေ့ယမ်းကာ ရယ်မောလိုက်သည်။

“ဟုတ်တယ်လေ ကျွန်မ ရူးနေတာ။ ပြီးတော့ ရှင်က ဒီထက်ပိုပြီး ရူးစရာကောင်းတာကို မြင်ရတော့မှာ။”

သူမက ပို၍ ကျယ်လောင်စွာ ထပ်မံ အော်ဟစ်လိုက်ပြန်သည်။

အဝေးမှ ဇမ်ဘီများ၏ ညည်းညူသံများ ပဲ့တင်ထပ်လာတော့သည်။ အရိပ်များ ပိုမိုပေါ်ထွက်လာကာ သူတို့၏ ပျက်စီးနေသော ခန္ဓာကိုယ်များကို ထိုအသံထံသို့ ဆွဲခေါ်လာကြသည်။

ထိုအမျိုးသား၏ မျက်နှာမှာ ဖြူဖျော့သွားသည်။

"မင်း... မင်းက တကယ့် အရူးမပဲ!" သူက ထွက်ပြေးရန် ပြင်လိုက်သည်။

အိုင်ဗီ၏ အသံမှာ တည်ငြိမ်သော်လည်း လှောင်ပြောင်နေဟန် ရှိသည်။

"ကျွန်မက ရှင့်ကို ထွက်သွားဖို့ ခွင့်ပြုလို့လား" သူမက လျင်မြန်သော လှုပ်ရှားမှုဖြင့် ထိုအမျိုးသား၏ လက်ထဲမှ မြေညှိစက်သော့ကို ဆွဲယူလိုက်ပြီး ဂိုဒေါင်ဘက်သို့ လျှောက်သွားသည်။

ထိုအမျိုးသားမှာ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့သည်။ ဇမ်ဘီများသည် အိုင်ဗီ့ကို လျစ်လျူရှုကာ သူ့ထံသို့သာ တည့်တည့်လာနေသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဘာ... မင်းက ဘာလဲ ဘာလို့ သူတို့က မင်းကို မတိုက်ခိုက်တာလဲ"

အိုင်ဗီက ခပ်တိုးတိုး ရယ်မောလိုက်သည်။

"ရိုးရှင်းပါတယ်၊ ကျွန်မ ဇမ်ဘီကာကွယ်ဆေး သောက်ထားလို့လေ"

ထိုအမျိုးသားမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် - "ဆေးရည် အဲ့ဒီလို အရာမျိုးတွေ တကယ်ရှိတာလား"

"ရှိတာပေါ့" ဟု အိုင်ဗီက အပြုံးဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ ရှင်က ကျွန်မကို လိမ်ဖို့ ကြိုးစားခဲ့တာဆိုတော့၊ အကျိုးဆက်ကိုတော့ ရှင်ကိုယ်တိုင်ပဲ ခံစားလိုက်တော့"

"ဘာအကျိုးဆက်လဲ" သူက တုန်ရီသောအသံဖြင့် မေးလိုက်သည်။

အိုင်ဗီ ပြန်မဖြေတော့ဘဲ သူ့နောက်ဘက်ကိုသာ တစ်ချက် ကြည့်လိုက်သည်။

ထိုအမျိုးသား၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ သွေးများ အေးစက်သွားတော့သည်။ ဇမ်ဘီတစ်ကောင်မှာ လက်များကို ဆန့်တန်းကာ သူ့ထံသို့ ပြေးဝင်လာနေပြီ ဖြစ်သည်။

သူက ထိတ်လန့်တကြားဖြင့် ပုဆိန်ကို ဝှေ့ယမ်းရင်း "နေဦး အဲ့ဒီဆေးရည်အကြောင်း ငါ့ကို ထပ်ပြောပါဦး" ဟု အော်ဟစ်လိုက်သည်။

သို့သော် အိုင်ဗီကတော့ မြေညှိစက်ပေါ်သို့ တက်ပြီးသွားပြီ ဖြစ်သည်။ သူမ လက်ထဲရှိ သော့ဖြင့် စက်ကို နှိုးလိုက်ရာ အင်ဂျင်သံက ဟိန်းထွက်လာသည်။ သူမသည် ထိုအမျိုးသား၏ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်သံများကို လျစ်လျူရှုကာ မြေညှိစက်ကို ဂိုဒေါင်ထဲမှ အေးအေးဆေးဆေးပင် မောင်းထုတ်သွားတော့သည်။

ဇမ်ဘီများက သူ့ကို ဝိုင်းအုံလိုက်ကြပြီး သူ၏ အော်ဟစ်သံများမှာ ပိုမိုကျယ်လောင်ကာ ပို၍ မျှော်လင့်ချက်မဲ့လာတော့သည်။

အိုင်ဗီသည် နောက်သို့ပင် လှည့်မကြည့်ခဲ့ပေ။ သူမသည် မိမိဘာသာ ခပ်တိုးတိုး ပြုံးလိုက်ရင်းသာ ထွက်ခွာသွားလေတော့သည်။

All Chapters