← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

Chapter 23+24

~

အခန်း ၂၃+၂၄ : ဧကရီ ၏ ပထမဆုံးသော ဈေးဝယ်ထွက်ခြင်း

~

​"နတ်ဆိုးအရှင်.. နတ်ဆိုးအရှင် .. ဒါက ဘာလဲ.."

​"ဒါက လေပူကြော်စက် လေ..အစားအသောက်တွေ ချက်ပြုတ်ဖို့ သုံးတာ..အစားအစာကို အထဲထည့်လိုက်ရုံနဲ့ ကျက်သွားတဲ့အထိ အပူပေးပေးလိမ့်မယ်.."

​"ဒီဧကရီ နားလည်ပြီ.. ဒါက ဆေးဖော်စပ်တဲ့ မီးဖို နဲ့ ဆင်တူတဲ့ မှော်ရတနာမျိုးလား.."

​"အဲ . . . အဲ့လိုမျိုးပေါ့.."

​"နတ်ဆိုးအရှင်.. ဒါကရော ဘာလဲ.."

​"အဲ့ဒါက ရေခဲသေတ္တာလေ.. အိမ်မှာလည်း တစ်လုံးရှိတယ်..ဒါပေမဲ့ အရွယ်အစားနဲ့ ပုံစံကတော့ မတူဘူး.. အစားအသောက်တွေကို အေးခဲထားဖို့နဲ့ ဟင်းသီးဟင်းရွက်တွေကို လတ်ဆတ်အောင် ထားဖို့ သုံးတာ.."

​"ဪ.. သူတို့မှာ အပူပေးတဲ့ မှော်ရတနာတွေတင်မကဘဲ အအေးပေးတဲ့ အရာတွေလည်း ရှိတာပဲ.."

​"ဒီကမ္ဘာက သာမန်လူသားတွေကို တကယ်ပဲ အထင်သေးလို့ မရဘူး.."

​" . . ."

​ကုန်တိုက်အတွင်း၌ လုံယွဲ့သည် မြို့ပေါ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသည့် တောသူမလေးတစ်ဦးကဲ့သို့ပင် သူမ၏ အကြည့်များမှာ ကုန်တိုက်၏ ထောင့်တိုင်းကို စပ်စုစွာ ကြည့်ရှုနေသည်။ ထူးခြားပြီး မမြင်ဖူးသည့် အရာတစ်ခုခုကို တွေ့တိုင်း သူမသည် သိလိုစိတ်ပြင်းပြနေသော ကလေးငယ်တစ်ဦးကဲ့သို့ လင်းဖန်ကို မေးမြန်းနေတော့သည်။

​လမ်းသွားလမ်းလာများမှာ သူမ၏ အပြစ်ကင်းစင်ပြီး စပ်စုတတ်သော အသွင်အပြင်ကြောင့် ဆွဲဆောင်ခြင်း ခံရကာ လှည့်ကြည့်မိကြသည် ။

​"အဲ့ကောင်မလေးက ထူးထူးဆန်းဆန်းတွေ ပြောနေသလားလို့.."

​"ငါလည်း ကြားတယ်.. ဒီဧကရီတို့ နတ်ဆိုးအရှင် တို့တဲ့..သူ ရှန်းရှ ဝတ္ထုတွေ အဖတ်များပြီး စိတ်ကူးယဉ်လောကထဲ ရောက်နေတာ ထင်တယ်.."

​"ဒီလောကမှာ လေပူကြော်စက်နဲ့ ရေခဲသေတ္တာကို မမြင်ဖူးတဲ့သူ တကယ်ရှိလို့လား.."

​"သူက တောဘက်က လာတဲ့ မိန်းကလေးလား.."

​"မဖြစ်နိုင်တာ.. တောင်ပေါ်မှာ နေတဲ့ ငါ့အဖွားတောင် ရေခဲသေတ္တာ ရှိသေးတာပဲ.."

​"ဟားဟားဟား.. သူက ဂြိုဟ်သား ဖြစ်နေမလားပဲ.."

​" . . ."

​လူအုပ်၏ တိုးတိုးတိတ်တိတ် ပြောဆိုသံများကြားတွင် ကုန်တိုက်အတွင်းရှိ လူများစွာမှာ သူတို့ထံသို့ အကြည့်များ ပို၍ ရောက်ရှိလာကြသည်။

​လုံယွဲ့ကတော့ ထိုအရာများကို ဂရုမစိုက်ဘဲ ကုန်တိုက်၏ ထောင့်တိုင်းကို ဟိုကြည့်ဒီကြည့်ဖြင့် လျှောက်ကြည့်နေ၏။

​ဘေးပတ်ဝန်းကျင်မှ စူးစမ်းသော အကြည့်များကို ခံစားမိသဖြင့် လင်းဖန်သည် သူမ၏ ဘေးနားသို့ လျှောက်သွားကာ တိုးတိုးလေး သတိပေးလိုက်သည်။

​"လုံယွဲ့.. ငါတို့ အပြင်ထွက်တဲ့အခါ မင်းကိုယ်မင်း ဒီဧကရီ လို့ မသုံးနှုန်းတာ အကောင်းဆုံးပဲ.."

​"ပြီးတော့ ငါ့ကိုလည်း နတ်ဆိုးအရှင် လို့ မခေါ်နဲ့တော့.. လင်းဖန် လို့ပဲ ခေါ်.."

​"ဘာလို့လဲ .. ငါက ကျိရှန်း ကောင်းကင်နန်းတော် ရဲ့ ဧကရီပဲ.. ငါ့ကိုယ်ငါ ဒီဧကရီ လို့ အမြဲ သုံးခဲ့တာ.. အဲ့ဒါ ဘာဖြစ်လို့လဲ.."

​လုံယွဲ့၏ မျက်ခုံးလေးများ တွန့်ကွေးသွားပြီး သူမ၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်သွားသည့် အမူအရာ ပေါ်လာ၏။

​လင်းဖန်က သူမကို ဆွံ့အစွာ ကြည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်က လူအုပ်ကို အကြည့်ဖြင့် ညွှန်ပြကာ ဆက်လက် ရှင်းပြလိုက်သည်။

​"ဒီကမ္ဘာမှာ အင်မော်တယ်နန်းတော်က ဧကရီတွေရော.. နတ်ဆိုးလောကက အရှင်သခင်တွေရော မရှိဘူး . . ."

​"မင်းက မင်းကိုယ်မင်း ဒီဧကရီ လို့ သုံးတာဖြစ်ဖြစ်.. ငါ့ကို နတ်ဆိုးအရှင် လို့ ခေါ်တာဖြစ်ဖြစ် တခြားလူတွေ မျက်စိထဲမှာ အရမ်း ထူးဆန်းနေပြီး အာရုံစိုက်ခံနေရလိမ့်မယ်.."

​"တကယ်လို့ ငါတို့က ရှန်းမိုတိုက်ကြီး က လာတာမှန်း လူတွေ သိသွားရင် ပြဿနာတွေ ရှုပ်သွားနိုင်တယ်.."

​"အမှန်အတိုင်း ပြောရရင် ဒီကမ္ဘာက လူတွေက အင်မော်တယ်တွေအပေါ်မှာ စပ်စုချင်စိတ် အပြည့်ပဲ ဧကရီရဲ့.. မင်းရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေ လက်ရှိမှာ ဆုံးရှုံးနေတာကို တခြားလူတွေ သိသွားစေချင်မှာ မဟုတ်ဘူး မလား.."

​လုံယွဲ့ .. " . . ."

​လုံယွဲ့သည် ဘေးပတ်ဝန်းကျင်မှ လူအုပ်၏ စူးရဲသော အကြည့်များကို ကြည့်ရင်း စဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် အသာတကြည် ခေါင်းညိတ်လိုက်သည်။

​"ကောင်းပြီ . . . ဒီဧကရီ . . . အဟမ်း..အဟမ်း အခုတော့ နင့်စကားကို နားထောင်ပေးမယ်.. နတ်ဆိုး . . . မဟုတ်ဘူး.. လင်းဖန် . . ."

​နှစ်ပေါင်းထောင်ချီ၍ သူမကိုယ်သူမ ဒီဧကရီ ဟု အမြဲ သုံးနှုန်းခဲ့သဖြင့် ယခုကဲ့သို့ အလေ့အကျင့်ကို ရုတ်တရက် ပြောင်းလဲလိုက်ရသည်မှာ အလွန်ပင် အသားမကျ ဖြစ်နေ၏။

​အထူးသဖြင့် နတ်ဆိုးအရှင်ကို သူ၏ အမည်ရင်းဖြင့် ခေါ်ရခြင်းမှာ သူမ၏ စိတ်ထဲတွင် ဖော်ပြရခက်သည့် ထူးဆန်းမှုတစ်ခုကို ခံစားနေရသည်။

​သူ့ကို နတ်ဆိုးအရှင် ဟု ခေါ်ခြင်းနှင့် လင်းဖန် ဟု ခေါ်ခြင်းမှာ လုံးဝ ကွဲပြားသော ခံစားချက်နှစ်မျိုး ဖြစ်နေသည်။

​"ဒါပေါ့ လုံယွဲ့ ရဲ့ .."

​လင်းဖန်က သဘောကျစွာ ခေါင်းညိတ်လိုက်ပြီး လုံယွဲ့၏ အမည်ကို နူးညံ့စွာ ခေါ်ဆိုလိုက်သည်။

​လုံယွဲ့က လင်းဖန်ကို မကျေမနပ် မျက်စောင်းထိုးလိုက်၏။

​နတ်ဆိုးအရှင်ထံမှ သူမ၏ အမည်ကို တိုက်ရိုက် ခေါ်ဆိုခံရခြင်းမှာ သူမ၏ စိတ်ထဲတွင် အသားမကျလှပေ။

​ငယ်စဉ်ကတည်းက သူမအား ဧကရီ နှင့် ဧကရီအရှင်မဟုသာ ခေါ်ဆိုခံခဲ့ရပြီး တစ်စုံတစ်ယောက်က သူမ၏ အမည်ရင်းဖြင့် ခေါ်သည်မှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည် ။

​သူတို့နှစ်ဦး လျှောက်သွားကြရင်း မသိလိုက်မသိဘာသာပင် ကုန်တိုက်၏ မုန့်ပဲသရေစာ အရောင်းနေရာသို့ ရောက်ရှိလာခဲ့သည်။

​စင်ပေါ်ရှိ စုံလင်လှသော မုန့်များကို ကြည့်ရင်း လုံယွဲ့မှာ ဝင်္ကပါထဲ ရောက်နေသကဲ့သို့ ဘာဝယ်ရမှန်း မသိဖြစ်နေ၏။

​"ပစ္စည်းတွေ အများကြီးပဲ..နတ်ဆိုး . . . လင်းဖန်.. ဒါတွေက ဘာတွေလဲ .."

​"ဒါတွေ အကုန်လုံးက မုန့်ပဲသရေစာတွေလေ.."

​"ဝိညာဉ်ကျောက်တုံးတွေလား . ကျင့်ကြံခြင်းအတွက် သုံးတဲ့ ဝိညာဉ်ကျောက်တုံးတွေလား.."

​လုံယွဲ့၏ မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် လင်းလက်သွားပြီး သူမ၏ စိတ်လှုပ်ရှားမှုကို မနည်း ထိန်းထားရသည်။

​လင်းဖန်က သူမကို တုံးလှချည်လော ဆိုသည့် အမူအရာဖြင့် လှည့်ကြည့်လိုက်၏။

​"ဒါတွေက အဆင့်ဆင့် ပြုပြင်ထားတဲ့ အစားအစာတွေပါ.. ကျင့်ကြံခြင်းအတွက် သုံးတဲ့ ဝိညာဉ်ကျောက်တုံးတွေ မဟုတ်ဘူး.."

​"ဪ.. စားစရာတွေပေါ့ . . ."

​"ဒါပေမဲ့ အရမ်းကို များလွန်းတယ်.."

​လုံယွဲ့၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုမှာ စိတ်ပျက်မှုအဖြစ် ပြောင်းလဲသွားသော်လည်း သူမရှေ့ရှိ မုန့်အမျိုးမျိုးကို မြင်ကာ အံ့သြနေမိဆဲ ဖြစ်သည်။

​ပတ်ပတ်လည်ကို ကြည့်လိုက်လျှင် အစားအသောက် အရေအတွက်မှာ အနည်းဆုံး ရာနှင့်ချီ၍ ရှိနေပေလိမ့်မည် ။

​"ဒါက နည်းသေးတယ်လို့ ပြောလို့ရတယ်.."

​"ငါလည်း မုန့်မစားရတာ ကြာပြီဆိုတော့ အိမ်ပြန်ရင် စားဖို့ မုန့်နည်းနည်း ဝယ်သွားမယ်.."

​လင်းဖန်သည် စင်ဆီသို့ လျှောက်သွားကာ အာလူးကြော်ထုပ် အချို့ကို ကောက်ယူလိုက်ပြီး လုံယွဲ့ကို လှည့်ပြောလိုက်သည်။

​"မင်း စားချင်တာ တစ်ခုခုရှိရင် အားမနာနဲ့..ယူလိုက်.."

​လုံယွဲ့သည် သူမဘေးရှိ အာလူးကြော်ထုပ် တစ်ထုပ်ကို ကောက်ကိုင်လိုက်ပြီးနောက် မုန့်ရွေးနေသူ အများစုမှာ ကလေးများ ဖြစ်နေသည်ကို မြင်သောအခါ တုံ့ဆိုင်းသွားပြီး အာလူးကြော်ထုပ်ကို မူလနေရာသို့ ပြန်ထားလိုက်သည်။

​"မုန့်တွေဆိုတာ သာမန်လူသား ကလေးတွေ စားဖို့ပဲ.. ငါက ကလေးမဟုတ်ဘူး..ဒါကြောင့် စိတ်မဝင်စားဘူး.."

​"မုန့်စားဖို့အတွက် အသက်အရွယ် ကန့်သတ်ချက် မရှိပါဘူး.."

လင်းဖန်က ပြန်လည် ချေပလိုက်သည်။

​"ဒါပေမဲ့လည်း ဒီလို ကလေးဆန်တဲ့ မုန့်တွေကို ငါ ကြိုက်မှာ မဟုတ်ဘူး.."

​လုံယွဲ့မှာ အမူအရာ ပြောင်းလဲခြင်း မရှိဘဲ သူမ၏ အမူအရာမှာ ခိုင်မာနေဆဲ ဖြစ်သည်။

​အင်မော်တယ်နယ်မြေ၏ ဧကရီမင်းတစ်ပါးအနေဖြင့် ကလေးတစ်ယောက်လို မုန့်တွေ စားနေမည်ဆိုလျှင် အင်မော်တယ်နယ်မြေ၏ ပုံရိပ်ကို ထိခိုက်ပေလိမ့်မည် ။

​'သာမန်လူသားတွေရဲ့ မုန့်တွေက ငါ့လိုမြင့်မြတ်လှတဲ့ ဧကရီကို ဘယ်လိုလုပ် စွဲဆောင်နိုင်မှာလဲ..'

​"ကိတ်မုန့်လေးတွေ ရပါပြီရှင် .. လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ကိတ်မုန့်လေးတွေကို အခမဲ့ မြည်းစမ်းကြည့်နိုင်ပါတယ်ရှင် .."

​ထိုအချိန်တွင် ရှေ့ဘက်အကွေ့၌ အရောင်းဝန်ထမ်းတစ်ဦးသည် အခမဲ့ မြည်းစမ်းရန်အတွက် ကိတ်မုန့်များကို လှီးဖြတ်ကာ လမ်းသွားလမ်းလာ ဖောက်သည်များကို ဝေငှနေသည်။

​လုံယွဲ့ ဖြတ်သွားသောအခါ ဝန်ထမ်းက သူမကို တစ်ဖဲ့ ကမ်းပေးလိုက်၏။

​"မင်္ဂလာပါရှင် ..လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ကိတ်မုန့်လေး မြည်းကြည့်ဦးမလားရှင့်.."

​"ကိတ်မုန့် .."

​လုံယွဲ့သည် ရှေ့ရှိ ကိတ်မုန့်ကို ကြည့်လိုက်ပြီးနောက် ဇဝေဇဝါဖြင့် လင်းဖန်ကို လှည့်ကြည့်လိုက်ရာ သူကတော့ အရသာရှိရှိ စားနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

​"အင်း .. အရသာ ရှိသားပဲ.."

​" . . ."

​လင်းဖန်၏ အရသာခံစားနေသော အမူအရာနှင့် သူမအား ကမ်းပေးထားသော ကိတ်မုန့်ကို ကြည့်ကာ လုံယွဲ့ တုံ့ဆိုင်းသွားသည်။ နောက်ဆုံးတွင်တော့ သူမသည် ကိတ်မုန့်ကို မဝံ့မရဲ ယူလိုက်ပြီး ဇွန်းလေးဖြင့် တစ်ဇွန်းခပ်ကာ ပါးစပ်ထဲ ထည့်လိုက်၏။

​ကိတ်မုန့် ပါးစပ်ထဲ ရောက်သည်နှင့် နူးညံ့လှသော ခရင်မ်နှင့် ပေါင်မုန့်သားတို့မှာ လျှာပေါ်တွင် ချက်ချင်း အရည်ပျော်သွားပြီး နို့နံ့သင်းသင်းလေးမှာ ပါးစပ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

​"အရမ်း . . . အရမ်း အရသာ ရှိတာပဲ .."

​လုံယွဲ့၏ မျက်လုံးများမှာ လင်းလက်သွားပြီး သူမ၏လက်ထဲရှိ ကိတ်မုန့်ကို မယုံနိုင်စရာ ဖြစ်နေသည့်အလား စိုက်ကြည့်နေမိသည်။

​ရှန်းမိုတိုက်ကြီးမှာတုန်းက သူမသည် ကမ္ဘာပေါ်ရှိ အစားအသောက်ပေါင်းစုံကို မြည်းစမ်းခဲ့ဖူးသော်လည်း ပထမဆုံး တစ်လုပ်စားလိုက်ရုံနှင့် ဤမျှ အံ့အားသင့်စရာကောင်းသော အရသာမျိုးကို တစ်ခါမျှ မခံစားခဲ့ဖူးပေ ။

​အနံ့အရသာပေါင်းစုံ ပါဝင်သော ခေါက်ဆွဲခြောက်နှင့် မတူဘဲ ဤကိတ်မုန့်မှာ သူမကို နူးညံ့ပြီး မမေ့နိုင်စရာ အရသာမျိုး ပေးစွမ်းနေခြင်း ဖြစ်သည် ။

​'ဒါက ရိုးရိုးပေါင်မုန့်လေးပဲ ဖြစ်ရမှာကို ဘယ်လိုလုပ်ပြီး ဒီလောက်အထိ နူးညံ့ပြီး အရသာရှိအောင် လုပ်ထားနိုင်ရတာလဲ..'

​သူမအနေဖြင့် ဤကိတ်မုန့်ကို ခေါက်ဆွဲခြောက်ပြီးလျှင် သာမန်လူသားလောက၏ ဒုတိယမြောက် မြင့်မြတ်သော အစားအစာအဖြစ် သတ်မှတ်လိုက်တော့သည် ။

​လုံယွဲ့၏ ကိတ်မုန့်ကို အားရပါးရ စားနေသော အမူအရာကို အနီးရှိ ဝန်ထမ်းက မြင်တွေ့သွားသဖြင့် အခွင့်ကောင်းယူကာ စတင် အရောင်းမြှင့်တင်တော့သည်။

​"မင်္ဂလာပါရှင်.. အရသာ ရှိတယ် မဟုတ်လားရှင့်.. တစ်ခုလောက် ဝယ်သွားမလားရှင့်.."

​"အခု လျှော့ဈေးလည်း ရှိပါတယ်..ကိတ်မုန့်တစ်လုံးကို တစ်ရာ့ရှစ်ဆယ်ပဲ ကျသင့်မှာပါရှင်.."

​"အ . . ."

​လုံယွဲ့၏ မျက်နှာတွင် အခက်တွေ့သွားသည့် အမူအရာ ပေါ်လာပြီး ဘာပြန်ပြောရမှန်း မသိဖြစ်နေ၏။

​သူမ ထပ်စားချင်နေသည်မှာ အမှန်ပင်။ သို့ရာတွင် သူမ ရင်ဆိုင်နေရသော ရက်စက်သည့် လက်တွေ့ဘဝမှာ ...​သူမတွင် ဝယ်စားစရာ ပိုက်ဆံ မရှိ ။

​လုံယွဲ့ အခက်တွေ့နေစဉ်မှာပင် လင်းဖန်သည် သူမ၏ ဘေးသို့ ရုတ်တရက် လျှောက်လာကာ ဝန်ထမ်းအား ပြုံးပြလိုက်သည်။

​"တစ်ခု ပေးပါ.."

​"ဟုတ်ကဲ့ပါ.. ခဏလောက် စောင့်ပေးပါဦးရှင် .."

​ဝန်ထမ်းက ပြုံးရွှင်စွာဖြင့် ကိတ်မုန့်ကို ချက်ချင်း စတင် ထုပ်ပိုးပေးတော့သည်။

​လုံယွဲ့သည် သူမ၏ ဘေးရှိ လင်းဖန်ကို ကြည်လင်တောက်ပသော မျက်လုံးများဖြင့် ကြည့်ရင်း ရင်ထဲတွင် ခံစားချက်တစ်ခု တိုးဝင်လာ၏။ သူမ ခေါင်းငုံ့လိုက်ပြီး တိုးတိုးလေး ကျေးဇူးတင်လိုက်သည်။

​"ကျေး . . . ကျေးဇူးတင်ပါတယ် . . ."

​လင်းဖန်ကတော့ မသိသလို ဟန်ဆောင်ကာ နောက်ပြောင်လိုက်သည်။

​"ဟမ်.. ဘာအတွက် ကျေးဇူးတင်တာလဲ.. စိတ်ကူးယဥ်မနေနဲ့.. ဒါက ငါစားဖို့ ဝယ်တာလေ.."

​" . . . နင် . . . နင်.."

​လုံယွဲ့၏ လှပသော မျက်နှာလေးမှာ ခရမ်းချဥ်သီး အမှည့်ကဲ့သို့ နီမြန်းသွားပြီး သူမ၏ လက်သီးလေးများကို ဆုပ်ကာ ရှက်ရှက်နှင့် ဒေါသထွက်နေတော့သည်။

​"နင် . . . နင် သေလိုက်တော့.. နတ်ဆိုးအရှင်.."

​' ငါကတော့ နတ်ဆိုးအရှင်က ငါ့အတွက် သီးသန့် ဝယ်ပေးတာ ထင်ပြီး အားနာသလိုလို ကျေးဇူးတင်သလိုလို ဖြစ်သွားတာကို.. ဒီလူယုတ်မာကတော့ ..ငါ အထင်လွဲနေတာလို့ ပြောရဲတယ်ပေါ့.. ငါ့ကိုများ စိတ်ကူးယဉ်တာ များသွားပြီတဲ့လား..'

​' လူယုတ်မာ ငါ့ရဲ့ ကျေးဇူးတင်စကားကို ပြန်ပေးစမ်း..'

All Chapters