အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
Chapter 25+26
~
အခန်း ၂၅+၂၆ : ဧကရီ၏ အတွင်းခံဝယ်ယူခြင်း...
~
မုန့်ပဲသရေစာ အရောင်းဌာနမှ ထွက်ခွာလာပြီးနောက် လင်းဖန်သည် လုံယွဲ့ကို အဝတ်အထည်များ သီးသန့်ရောင်းချရာ နေရာသို့ ခေါ်ဆောင်လာခဲ့သည်။
ဤတစ်ခေါက် ကုန်တိုက်သို့ လာရခြင်းမှာ အိမ်သုံးပစ္စည်းများ ဝယ်ယူရန်သာမက သူမနှင့် သင့်တော်မည့် အဝတ်အစားများကို ရွေးချယ်ပေးရန်မှာလည်း အဓိက ရည်ရွယ်ချက်ပင်။
အဝတ်အစားနှင့် ပတ်သက်လျှင် လုံယွဲ့သည် အင်မော်တယ်နယ်မြေ၏ ဧကရီဖြစ်သော်လည်း အလွန်အမင်း ဇီဇာကြောင်တက်သူ မဟုတ်ပေ။ ဝတ်ရသည်မှာ သက်သောင့်သက်သာရှိပြီး တော်ရုံဆိုလျှင် သူမအတွက် လုံလောက်ပြီ ဖြစ်သည်။
အဓိကကတော့ လင်းဖန်က ပိုက်ဆံရှင်းပေးရမည် ဖြစ်နေ၍ပင် ။
အဝတ်အထည် နေရာတွင် အဝတ်အစား အနည်းငယ်ကို အလွယ်တကူ ရွေးချယ်ပြီးနောက် သူတို့နှစ်ဦးမှာ ငွေရှင်းရန် အတူတူ ထွက်လာခဲ့ကြသည်။
အဝတ်အစား ရွေးချယ်ခြင်းမှာ အချိန်အကြာဆုံး ဖြစ်လိမ့်မည်ဟု လင်းဖန် ခန့်မှန်းထားသော်လည်း မမျှော်လင့်ဘဲ အမြန်ဆုံး ပြီးဆုံးသွားခဲ့သည်။
"လုံယွဲ့..အဝတ်အစားတွေ ထပ်မရွေးတော့ဘူးလား.."
လင်းဖန်က သူမ၏ နောက်မှ လိုက်ရင်း မေးလိုက်၏။
လုံယွဲ့က စိတ်မရှည်သလို ခေါင်းလှည့်ကြည့်ကာ ..
"မလိုတော့ဘူး.. လဲဝတ်ဖို့ အဝတ်အစား လုံလောက်ရင် ရပြီပေါ့.."
ထိုသို့ပြောပြီးနောက် လုံယွဲ့သည် လင်းဖန်ကို ဂရုမစိုက်တော့ဘဲ အေးစက်စက် မျက်နှာပေးဖြင့် ရှေ့သို့ ဆက်လျှောက်သွားတော့သည်။ ဘေးပတ်ဝန်းကျင်ရှိ တခြားဆိုင်များကိုလည်း လှည့်ပင် မကြည့်တော့ချေ။
လင်းဖန်မှာ အားကိုးရာမဲ့စွာဖြင့် သူမနောက်မှ ကပ်လိုက်လာခဲ့သည်။
'ငါ ခုနက နောက်လိုက်ရုံပါ..သူ ဘာလို့ ဒီလောက်တောင် စိတ်ဆိုးနေရတာလဲ..'
'ကြည့်ရတာ ဧကရီဖြစ်ပေမဲ့လည်း မိန်းကလေးတစ်ယောက် ဖြစ်နေတာတော့ အမှန်ပဲ.. ဟူးး..မိန်းမတွေများ အကုန်အတူတူပဲ ..'
အမျိုးသမီး အတွင်းခံဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်သွားစဉ် လင်းဖန် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသဖြင့် ရပ်လိုက်ကာ ရှေ့မှ လုံယွဲ့ကို လှမ်းခေါ်လိုက်သည်။
"ခဏလေး..ငါ မေ့တော့မလို့ပဲ.. ငါတို့ ဝယ်ဖို့ ကျန်သေးတဲ့ ပစ္စည်းတစ်ခု ရှိသေးတယ်.."
"ဝယ်ဖို့ ကျန်တာ ရှိသေးတယ်လား .."
လုံယွဲ့သည် ဇဝေဇဝါဖြင့် လင်းဖန်၏ ဘေးသို့ ပြန်လျှောက်လာပြီး ဘေးရှိ အတွင်းခံဆိုင်ကို ကြည့်လိုက်၏။ သူမ၏ မျက်လုံးများမှာ အနီရောင် ဇာနားကွပ် အတွင်းခံ ဝတ်ဆင်ထားသည့် အရုပ် ဆီသို့ ချက်ချင်း ရောက်ရှိသွားပြီး သူမ၏ လှပသော မျက်နှာလေးမှာ နီမြန်းသွားတော့သည်။
"ဒါ . . . ဒီကမ္ဘာမှာ ဒီလောက်တောင် အရှက်မရှိတဲ့ အဝတ်အစားတွေ ရှိနေတာလား .."
"ဒါက အရှက်မရှိတဲ့ အဝတ်အစား မဟုတ်ပါဘူး.. ဒါက အမျိုးသမီးတွေ ဝတ်တဲ့ အတွင်းခံတွေလေ.. ဒီခေတ်မှာ ဒါမျိုး ဝတ်တာက သာမန်ပါပဲ.."
လင်းဖန်က တည်ကြည်သော မျက်နှာပေးဖြင့် ရှင်းပြလိုက်၏။
"အမျိုးသမီး အတွင်းခံ ဟုတ်လား.."
ရှေ့ရှိ ဇာနားကွပ် အတွင်းခံကို ကြည့်ကာ လုံယွဲ့၏ မျက်နှာမှာ ပို၍ နီမြန်းလာပြီး များစွာ ထိတ်လန့်သွားရသည်။
' ဒီအဝတ်အစားတွေက ဟဲဟွမ်းဂိုဏ်း က မိစ္ဆာမတွေပဲ ဝတ်မယ့် အဝတ်အစားမျိုးလေ.. နတ်ဆိုးအရှင်က ဒါ ဒီခေတ်မှာ သာမန်ပဲလို့ ပြောနေတယ်ပေါ့..'
' ဒီခေတ်က သာမန်လူသား အမျိုးသမီးတွေက ဒီလောက်တောင် သတ္တိရှိကြတာလား ..'
ထိတ်လန့်နေစဉ်မှာပင် လုံယွဲ့သည် တစ်စုံတစ်ခုကို တွေးမိသွားပြီး လင်းဖန်ကို သံသယရှိသော အကြည့်၊ မနှစ်မြို့သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"နေဦး.. နင်က ဘာလို့ အမျိုးသမီး အတွင်းခံ ဝယ်နေရတာလဲ.."
လင်းဖန်က စိတ်ပျက်လက်ပျက်ဖြင့် လုံယွဲ့ကို မျက်စောင်းထိုးလိုက်၏။
"မင်း ဘာတွေ တွေးနေတာလဲ.. ငါက ယောင်္ကျားကြီးတန်မဲ့ အမျိုးသမီး အတွင်းခံတွေကို ဘာလုပ်ရမှာလဲ.. ငါ့မှာ ငါ့အတွင်းခံ ရှိပြီးသားပဲလေ.."
"ဒါက မင်းအတွက် ဝယ်ပေးမလို့.."
ထိုစကားကို ကြားသောအခါ လုံယွဲ့၏ အမူအရာမှာ ထိတ်လန့်သွားသည့် အမူအရာအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။
"ငါ့ . . . ငါ့အတွက် ဟုတ်လား.."
"ဟုတ်တယ်လေ.. မနေ့ညက မင်း ရေချိုးပြီးတော့ မင်းရဲ့ ရင်စည်း ကို မလျော်ခဲ့ဘူး မလား.."
"နင် . . . နင် ဘယ်လို သိတာလဲ.."
"အဝတ်တွေကို အဝတ်လျှော်စက်ထဲ ထည့်တုန်းက မင်းရဲ့ ရင်စည်းကို ငါ မတွေ့လို့လေ.."
လင်းဖန်က သတိမထားမိဘဲ ထုတ် ပြောလိုက်မိသည်။
ထိုစကားကြောင့် လုံယွဲ့မှာ ပို၍ ရှက်သွားပြီး အကြီးအကျယ် ဒေါသထွက်သွားတော့သည်။
"ဒီဧကရီက အဲ့ဒါကို ပြောတာ မဟုတ်ဘူး..နင်က ဒီဧကရီမှာ ရင်စည်း ဝတ်ထားမှန်း ဘယ်လို သိတာလဲလို့ မေးတာ.."
ရှန်းမိုတိုက်ကြီး တွင် အမျိုးသမီး အတွင်းခံ အမျိုးအစားများစွာ ရှိသည်။ ရင်စည်း၊ အင်္ကျီတို၊ အပေါ်ဝတ် အင်္ကျီလက်ပြတ်၊ အဝတ်ပတ်ခြင်း စသည်ဖြင့် အမျိုးမျိုး ရှိသလို အတွင်းခံ လုံးဝ မဝတ်သူများလည်း ရှိသည်။ သို့သော် လင်းဖန်က သူမတွင် ရင်စည်း ဝတ်ထားမှန်း အတိအကျ ပြောနိုင်ခဲ့သည် မဟုတ်ပါလော။
လင်းဖန်သည် သူ စကားမှားသွားမှန်း သိလိုက်သော်လည်း ခပ်တည်တည်ဖြင့်သာ အတွင်းခံဆိုင်ထဲသို့ ဝင်သွားခဲ့သည်။
မနေ့ညက မတော်တဆ မြင်လိုက်မိသည်ကို သူ သေလျှင်တောင် ဝန်ခံမည် မဟုတ် ။ မဟုတ်ပါက သူ၏ အသက်မှာ အန္တရာယ် ရှိလာနိုင်သည်။
"နင် ဒီဧကရီကို သေသေချာချာ ရှင်းပြရမယ်နော်.."
လုံယွဲ့သည် ရှက်ရှက်နှင့် မျက်နှာနီနီဖြင့် လင်းဖန်၏ ကျောပြင်ကို အံကြိတ်ကာ ကြည့်နေတော့သည်။
' ဒီ လူယုတ်မာ . . . မနေ့ညက ရေစိုနေတုန်းမှာ ငါ့ရဲ့ ခန္ဓာကိုယ်ကို မြင်သွားတာ သေချာတယ် . . . '
အတွင်းခံဆိုင်ထဲတွင် အရောင်းဝန်ထမ်း အမျိုးသမီးမှာ လင်းဖန် ဝင်လာသည်ကို မြင်သောအခါ အံ့အားသင့်သွား၏။
ဤဆိုင်မှာ အမျိုးသမီး အတွင်းခံများသာ ရောင်းချခြင်းဖြစ်သဖြင့် ဖောက်သည်များမှာ အမျိုးသမီးများသာ ဖြစ်လေ့ရှိသည်။ အမျိုးသားများမှာ များသောအားဖြင့် ဤကဲ့သို့သော ဆိုင်ထဲသို့ ဝင်ရန် ရှောင်ကြဉ်လေ့ရှိကြသည်။
လင်းဖန်၏ နောက်မှ လုံယွဲ့ လိုက်ပါလာသည်ကို မြင်သောအခါ ဝန်ထမ်း အမျိုးသမီးမှာ အခြေအနေကို ချက်ချင်း နားလည်သွားပြီး ပြုံးလျက် နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါရှင်.. လူကြီးမင်းက ဇနီးသည်အတွက် အတွင်းခံ ရွေးပေးဖို့ လာတာလားရှင့်.."
"ဒါ . . . ငါက ဒီလူရဲ့ မိန်းမ မဟုတ်ဘူး.."
ဝန်ထမ်း၏ စကားကို ကြားသည်နှင့် စိတ်တိုနေသော လုံယွဲ့မှာ ရှက်ဒေါသဖြင့် ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်၏။
' လူတိုင်းက ဘာလို့ ငါ့ကို နတ်ဆိုးအရှင်ရဲ့ မိန်းမလို့ပဲ ထင်နေကြတာလဲ..'
' ခုနကတင် ရည်းစားလို့ ထင်ခံရသေးတယ်..အခုတော့ ဇနီးလို့ အထင်ခံလိုက်ရပြီ..'
'တကယ်ကို စိတ်တိုဖို့ ကောင်းလိုက်တာ..'
ဝန်ထမ်း အမျိုးသမီးမှာ ထိတ်လန့်သွားပြီး လင်းဖန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
လင်းဖန်ကတော့ စိတ်ဆိုးနေသည့် ချစ်သူကို မချော့နိုင်သည့် ယောင်္ကျားတစ်ယောက်လို အားကိုးရာမဲ့စွာ ပြုံးပြလိုက်၏။
"သူ စိတ်မကြည်လို့ပါ.. စိတ်ထဲမထားပါနဲ့.. သူ့အတွက် သင့်တော်မယ့် အတွင်းခံ နည်းနည်းလောက် ရွေးပေးလို့ ရမလား.."
"ရပါတယ်ရှင်..ကျွန်မကိုပဲ လွှဲထားလိုက်ပါ .."
ဝန်ထမ်း အမျိုးသမီးမှာ အခြေအနေကို နားလည်သွားသဖြင့် လင်းဖန်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်ပြီးနောက် သူမ၏ အရောင်းကျွမ်းကျင်မှုဖြင့် လုံယွဲ့ဆီသို့ လျှောက်သွားခဲ့သည်။
"မင်္ဂလာပါရှင်.. မမရဲ့ ရင်သားဆိုဒ် က ဘယ်လောက်လဲရှင့်.."
"ရင်သားဆိုဒ် . . . "
လုံယွဲ့မှာ ကြောင်အသွားသည်။ သူမသည် သူမ၏ ရင်ဘတ်ကို ကိုင်ကြည့်ကာ ခန့်မှန်းကြည့်ရင်း လှပသော မျက်နှာလေးတွင် အခက်တွေ့ကာ ရှက်ရွံ့နေသည့် အမူအရာ ပေါ်လာ၏။
သူမ အတိအကျ မပြောနိုင်ပေ။ သူမ တစ်ခါမျှ သတိမထားမိခဲ့ဘဲ သူမ၏ လက်ဖဝါးထက် ပိုကြီးသည်ဆိုသည်ကိုသာ သိသည်။
လုံယွဲ့က သူမ၏ ဆိုဒ်ကိုပင် မသိသည်ကို မြင်သောအခါ ဝန်ထမ်း အမျိုးသမီးမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
' ဒီ အသက်အရွယ် မိန်းကလေးတစ်ယောက်က ကိုယ့်ဆိုဒ်ကိုတော့ သိသင့်တယ်မလား.. '
' ဒီမိန်းကလေးက တစ်ခါမှ ကိုယ်တိုင် အတွင်းခံ မဝယ်ဖူးတာတော့ မဟုတ်လောက်ပါဘူးနော် ..'
"မသိရင်လည်း ရပါတယ်ရှင်.. ကျွန်မ တိုင်းပေးပါ့မယ်.."
ဝန်ထမ်း အမျိုးသမီးမှာ ဇဝေဇဝါ ဖြစ်နေသော်လည်း ပြုံးလျက်ပင် လုံယွဲ့ကို အဝတ်လဲခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
လုံယွဲ့သည် လင်းဖန်ကို အကူအညီတောင်းသော အကြည့်ဖြင့် ကြည့်လိုက်သော်လည်း လင်းဖန်ကတော့ ပြုံးလျက်သာ ကြည့်နေ၏။
"ငါ ဒီကနေပဲ စောင့်နေမယ်နော် .."
လုံယွဲ့ .. " . . ."
အဝတ်လဲခန်း အတွင်း၌ ...
"မမ.. အဝတ်အစားလေးတွေ ခဏ ချွတ်ပေးပါဦးရှင်.. ကျွန်မ ဆိုဒ်တိုင်းပေးမလို့ပါ.."
ဝန်ထမ်း အမျိုးသမီးက ပေကြိုးကို ကိုင်လျက် လုံယွဲ့ကို ညွှန်ကြားလိုက်သည်။
လုံယွဲ့သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ အင်္ကျီကို ချွတ်လိုက်ရာ အထဲမှ နဂါးရုပ်ပါသော အဖြူရောင် ရင်စည်း လေး ပေါ်ထွက်လာခဲ့သည်။
ဝန်ထမ်း အမျိုးသမီးမှာ ထိုမြင်ကွင်းကြောင့် မှင်သက်သွား၏။
သူမ လုပ်သက်တစ်လျှောက်တွင် လူပေါင်းများစွာကို ဆိုဒ်တိုင်းပေးခဲ့ဖူးသော်လည်း ဤခေတ်ကြီးထဲမှာ ရင်စည်း ဝတ်ထားဆဲ လူတစ်ယောက်ကို မြင်ဖူးသည်က ဤသည်မှာ ပထမဆုံးပင် ။
ဒါက တကယ်ကို ရှားပါးလှသည် ။
' ဒီမိန်းကလေးက ဘာလို့ ဘရာစီယာ ဆိုဒ်ကို မသိရတာလဲဆိုတာ အခုမှပဲ နားလည်တော့တယ် ...'
လုံယွဲ့သည် သူမ၏ ကိုယ်ပေါ်တွင် ကျန်ရှိနေသော နောက်ဆုံး ရင်စည်းလေးကိုပါ ချွတ်လိုက်သောအခါ ဝန်ထမ်း အမျိုးသမီးမှာ ဒုတိယအကြိမ် မှင်သက်သွားရပြန်သည်။
သူမရှေ့ရှိ နုနယ်သော ကိုယ်ခန္ဓာမှာ ဖြူဝင်းသွယ်လျနေပြီး ရေလို နူးညံ့ကာ လှပသော ကျောက်စိမ်းတစ်ခုကဲ့သို့ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှသည် ။
ရင်သားများကို ပုံဖော်ပေးခြင်း၊ ထိန်းညှိပေးခြင်း မရှိသည့် ရင်စည်းကို ဝတ်ထားခဲ့သော်လည်း သူမ၏ ရင်သားများမှာ လုံးဝန်းတင်းရင်းနေပြီး အလွန်ပင် လှပသော ပုံစံရှိသည်။
အမျိုးသမီး အချင်းချင်းတောင်မှ မြင်လျှင် မနာလိုဖြစ်မိသည်အထိပင် ။
"မမ . . . မမရဲ့ ကိုယ်လုံးကိုယ်ပေါက်က တကယ်ကို အံ့သြဖို့ ကောင်းတာပဲရှင် . . ."
"ကျေးဇူးတင်ပါတယ် . . ."
လုံယွဲ့က ရှက်ရွံ့စွာဖြင့် တိုးတိုးလေး ကျေးဇူးတင်လိုက်သော်လည်း ဝန်ထမ်း၏ နောက်ဆက်တွဲ စကားကြောင့် သူမ၏ ရင်ထဲတွင် ဒေါသများ ပြန်လည် မြင့်တက်လာခဲ့သည်။
"မမရဲ့ ယောင်္ကျားကတော့ တကယ်ကို ကံကောင်းတာပဲနော် .."
လုံယွဲ့ .. " . . ."
လုံယွဲ့သည် ဒေါသကို မနည်းထိန်းကာ ဝန်ထမ်း အမျိုးသမီးအား ဆိုဒ်တိုင်းခွင့် ပြုလိုက်သည်။
မကြာမီမှာပင် တိုင်တာခြင်း ပြီးဆုံးသွားပြီး ဝန်ထမ်း အမျိုးသမီးမှာ လုံယွဲ့ထံသို့ အတွင်းခံ အစုံအချို့ကို တစ်ခုပြီးတစ်ခု ကမ်းပေးလိုက်၏။
"မမရှင်..မမနဲ့ တော်မယ့် အတွင်းခံ အစုံအချို့ ရှာပေးထားပါတယ်ရှင်.. တော်မတော် တစ်ခါတည်း စမ်းဝတ်ကြည့်လိုက်ပါဦးနော်.."
လုံယွဲ့သည် အတွင်းခံများကို ယူကြည့်လိုက်ရာ ချက်ချင်းပင် ကြောင်အသွားသည်။
သူမ၏ လက်ထဲတွင် ရှိနေသည်မှာ ဇာနားကွပ်ထားသော အမည်းရောင် အတွင်းခံ ဖြစ်ပြီး တစ်ဝက်တစ်ပျက် ဖောက်ထွင်းမြင်နေရသည် ။
'ဒါ တကယ်ပဲ ဝတ်လို့ရတဲ့ အတွင်းခံ ဟုတ်လို့လား ..'
"ဟို . . . ဒါတစ်ခုခု မှားနေတာလား.. ဒီတစ်ခုက ဖောက်ထွင်းမြင်နေရသလိုပဲ.."
"ဟုတ်ပါတယ်ရှင်.. အဲ့ဒီအတိုင်းပါပဲ .."
ဝန်ထမ်း အမျိုးသမီးက မျက်လုံးလေးကျဥ်းမြောင်းသွားသည်အထိ ပြုံးလျက် ပြောလိုက်သည်။
လုံယွဲ့သည် တစ်ဖက်လူက သူမ ဆိုလိုသည်ကို နားမလည်ဟု ထင်သဖြင့် ထပ်မံ ပြောလိုက်၏။
"ငါ ပြောတာက . . . ဒီအတွင်းခံက ဖောက်ထွင်းမြင်နေရတယ်လို့ ပြောတာ.."
"ဟုတ်ပါတယ်ရှင်..အဲ့ဒီအတိုင်းပါပဲ .."
ဝန်ထမ်း အမျိုးသမီးကတော့ ထိုစကားကိုပင် ထပ်ခါတလဲလဲ ပြုံးလျက် ပြောနေတော့သည်။
ဇနီးမောင်နှံ အတူတူလာပြီး အတွင်းခံဝယ်သည်က တစ်ခုခု ထူးခြားသော လိုအပ်ချက် ရှိမည်ကို သူမ၏ အရောင်းသက်တမ်း အတွေ့အကြုံ အရ ကောင်းကောင်း နာလည်ပေသည် ။
ထို့အပြင် ဤမျှ ပြည့်စုံလှပသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် အမျိုးသမီးတစ်ယောက်က ဤကဲ့သို့သော ဇာအတွင်းခံကို ဝတ်လိုက်လျှင် မည်မျှအထိ ဆွဲဆောင်မှု ရှိမည်ကို သူမ တကယ်ပဲ မြင်ချင်နေမိ၏ ။