← Chapters

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အခန်း (၄၇၅) - မူလဝိညာဉ် (၁၅၀) ကျဆုံးခြင်း၊ ရုပ်သေးဝိညာဉ် မူလဝိညာဉ် အဆင့်သို့ တက်လှမ်းခြင်း (အပိုင်း - ၅)

အနီရောင် နတ်ဘုရား လှံရှည်ကြီး၏ တစ်ချက်တည်းသော ဝှေ့ယမ်းမှုအောက်တွင် ဟွမ်ရှိုယီ၏ ခန္ဓာကိုယ်မှာ ကြက်ပျံမကူနိုင်အောင်ပင် ဖြစ်သွားရရှာသည်။ သွေးသားခန္ဓာမှာ လေထဲ၌ပင် အစအနမကျန် ပေါက်ကွဲထွက်သွားပြီး နောက်ဆုံးတွင်တော့ ပြာအဖြစ်သို့ တိုက်ရိုက်ကူးပြောင်းသွားတော့သည်။

'ဟိုက်... တစ်ချက်တည်းနဲ့ ဆော်လိုက်တာ ဗုန်းဗုန်းလဲသွားတာပဲ။ တော်တော်တော့ ပျော့တာပဲ။ အဲလေ... ငါ့လှံက ကြမ်းလွန်းလို့လား မသိဘူး။ ပြာတောင် မကျန်ဘူးဆိုတော့ အလောင်းဖျောက်ခ သက်သာသွားတာပေါ့လေ။'

စုယွီက စိတ်ထဲကနေ ခပ်နောက်နောက် တွေးလိုက်သော်လည်း သူ၏ တာအိုရုပ်သေးမှာမူ ကျောက်ရုပ်ကဲ့သို့ အေးစက်နေဆဲပင်။

သို့သော် ဟွမ်ရှိုယီ၏ ခန္ဓာကိုယ်အတွင်းမှနေ၍ ထွက်ပြေးလွတ်မြောက်သွားသော ဟွမ်ချန်လုံ၏ မူလဝိညာဉ် ကမူ ရူးသွပ်လုမတတ် ဒေါသထွက်နေခဲ့သည်။ ကလေးငယ်တစ်ဦး၏ ပုံသဏ္ဌာန်ရှိသော ထိုဝိညာဉ်လေးမှာ မျက်လုံးများ နီရဲလျက် တာအိုရုပ်သေးကို ကြည့်ကာ အဆိပ်ပြင်းလှသော အသံဖြင့် ဟိန်းဟောက်တော့သည်။

“မင်း... မင်း သေချင်နေတာလား။ ငါ့ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးရဲတယ်ပေါ့။ ငါ... တာအိုဆရာ ဟွမ်လင်က မင်းကို မသတ်ရရင် ငါ့နာမည်ကို ဖျက်ပစ်လိုက်မယ်..”

'သေစမ်း... ဒီကလေးပေါက်စက ဘာတွေ လာဟောင်နေတာလဲ။ ငါ့အရှေ့မှာ လေလုံးလာထွားနေတာပဲ။ မင်းက မူလဝိညာဉ်ဖြစ်နေလည်း အခုက ကိုယ်ထည်မရှိတဲ့ ကောင်လေ... ငါ့ကိုများ လာခြိမ်းခြောက်နေသေးတယ်။'

“ဝုန်း...”

ဟွမ်ချန်လုံ၏ စကားပင် မဆုံးသေးမီမှာပင် တာအိုရုပ်သေးထံမှနေ၍ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော ဝိညာဉ်စွမ်းအား များ ဒလဟော ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်မှာပင် ဟွမ်ချန်လုံ၏ မူလဝိညာဉ်မှာ သေမင်း၏ အငွေ့အသက်ကို အထင်းသား ခံစားလိုက်ရသည်။ ဒေါသတွေဆိုသည်မှာလည်း ရေနှင့်ထိသော မီးခဲကဲ့သို့ ချက်ချင်း ငြိမ်းသတ်သွားပြီး၊ အသိစိတ်များက ကပျာကယာ ပြန်ဝင်လာတော့သည်။ သူ၏ မူလဝိညာဉ် မျက်ဝန်းလေးများထဲတွင်တော့ နက်ရှိုင်းလှသော ကြောက်ရွံ့မှုများက နေရာယူသွားခဲ့တော့၏။

“မဟန်ဘူး... ပြေးမှ..”

“ဝီ...”

ရွှေပုစဉ်း လျှို့ဝှက်နည်းစနစ်..

တာအိုရုပ်သေးသည် သူပိုင်ဆိုင်သမျှ ဝိညာဉ်စွမ်းအား အကုန်လုံးကို ထုတ်သုံးလိုက်လေရာ၊ လေထုထဲတွင် အတောင်ပံ နှစ်ဖက်ပါသော ရွှေရောင် ပုစဉ်းရင်ကွဲလေးတစ်ကောင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် မျက်စိနှင့် မမြင်နိုင်သော ထက်မြက်မှုများကို သယ်ဆောင်လျက် ဟွမ်ချန်လုံ၏ မူလဝိညာဉ်နောက်သို့ လိုက်လံတိုက်ခိုက်ပါတော့၏။

ဟွမ်ချန်လုံကလည်း အသက်လု၍ ခန်းမဆောင်အပြင်ဘက်သို့ ထွက်ပြေးရန် ကြိုးစားနေသော်လည်း ရွှေပုစဉ်းလေးက မျက်စိတစ်မှိတ်အတွင်းမှာပင် မှီသွားခဲ့ချေပြီ။ ဟွမ်ချန်လုံ၏ မူလဝိညာဉ်မှာ မျက်နှာကြီး ပျက်သွားပြီး သူ၏ အင်မော်တယ် စွမ်းအားများကို စုစည်းကာ ဟိန်းဟောက်လိုက်ပြန်သည်။

“ဖယ်စမ်း... ငါ့ရှေ့က ဖယ်စမ်း..”

သူက လှည့်၍ လက်ဝါးဖြင့် ပြန်လည်ရိုက်ချလိုက်ရာ၊ သူ၏ ဝိညာဉ်စွမ်းအားများမှာ ရွှေရောင် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ရွှေပုစဉ်းလေးဆီသို့ ဦးတည်သွားသည်။ သို့သော် အချိန်ကား သိပ်မကြာလိုက်။ အသက်နှစ်ခါလောက် ရှူလိုက်ရသည့် အချိန်အတွင်းမှာပင် ထိုနဂါးကြီးမှာ ရွှေပုစဉ်းလေး၏ အတောင်ပံများအောက်တွင် အစိပ်စိပ်အမွှာမွှာ ပြိုကွဲသွားရတော့သည်။

ခန္ဓာကိုယ် ဝင်စားထားမှုက အပြည့်အဝ မတည်ငြိမ်သေးသဖြင့် အားအင်ကုန်ခမ်းနေသော ဟွမ်ချန်လုံ၏ မူလဝိညာဉ်မှာ နောက်ထပ်တစ်ကြိမ် အထိနာသွားပြန်ရာ၊ နာကျင်လွန်းသဖြင့် အသည်းခိုက်အောင် အော်ဟစ်လိုက်ရရှာသည်။

“အာ့... အား.....”

“မရုန်းနဲ့တော့... အပိုပဲ။”

တာအိုရုပ်သေး၏ အသံမှာ အေးစက်တည်ငြိမ်လွန်းလှသည်။ ရွှေပုစဉ်းလေးက အငြိုးတကြီးဖြင့် ထပ်မံတိုက်ခိုက်လိုက်ရာ ဟွမ်ချန်လုံ၏ မူလဝိညာဉ်မှာ ပြိုကွဲပျက်စီးလုနီးပါး အခြေအနေသို့ ရောက်သွားခဲ့ချေပြီ။ နောက်ဆုံးတွင်တော့ စုယွီသည် ရွှေပုစဉ်း လျှို့ဝှက်နည်းစနစ် ကို သုံး၍ ထိုမူလဝိညာဉ်ကို လုံးဝ ပိတ်ဆို့ချုပ်နှောင်လိုက်နိုင်ပါတော့သည်။

'မိပြီဟေ့... ဒီတစ်ခါတော့ တကယ့် အကောင်ကြီး မိတာပဲ။ အရှင်လတ်လတ် ဖမ်းမိတာဆိုတော့ အကျိုးအမြတ်က ပြောမနေနဲ့တော့။'

စုယွီ၏ စိတ်ထဲတွင် အားရပါးရ ရယ်နေသော်လည်း အပြင်ပန်းတွင်မူ တာအိုရုပ်သေးက ဟွမ်ရှိုယီနှင့် ပါလာသော ရွှေအမြုတေ အဆင့် (၉) အဖိုးကြီး နှစ်ယောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

သူက လက်ဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့်...

“ဘန်း... ဘန်း...”

တတိယအဆင့်ထက် ကျော်လွန်သော စွမ်းအားကြီးက ထိုအဖိုးကြီး နှစ်ယောက်ကို ရိုက်ထုတ်လိုက်လေရာ၊ သူတို့၏ ခန္ဓာကိုယ်များမှာ အရိုးအဆစ်များ ကြေမွသွား၏။ ကောင်းမိသားစု၏ ခန်းမဆောင်ကြီးကို ဖောက်ထွက်ကာ တစ်မိုင်ကျော်အထိ လွင့်စင်သွားပါတော့သည်။ သူတို့ နှစ်ယောက်စလုံးမှာ အသက်ငင်နေသည့် အခြေအနေသို့ ချက်ချင်း ရောက်သွားကြရရှာသည်။

တာအိုရုပ်သေးက သူတို့ကို ပြန်လည်ဆွဲခေါ်လိုက်ပြီး၊ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ယာယီ ချိပ်ပိတ်ကာ ဘေးသို့ ခပ်ပေါ့ပေါ့ပင် ပစ်ထားလိုက်၏။ ထိုအခါမှသာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအားကြီးများကို ပြန်လည် ထိန်းချုပ်လိုက်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အရှိန်အဝါများမှာ တရဟော ကျဆင်းသွားပြီး တတိယအဆင့်အောက်သို့ပင် ရောက်သွားလုနီးပါး ဖြစ်သွားသည်။ စုယွီသည် အနီရောင်ရုပ်သေး ကိုယ်ထည်ပေါ်ရှိ အက်ကြောင်းများကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

'ဟူး... စတုတ္ထအဆင့် စွမ်းအားကို ခဏလေး သုံးလိုက်တာတောင် ဒီလောက်ထိ ဒဏ်ရာရသွားတာလား။ အမြုတေ နေရာကတောင် အက်ကုန်ပြီ။ ဒါပေမဲ့... အရှင်လတ်လတ် မိထားတဲ့ မူလဝိညာဉ်နဲ့ ယှဉ်ရင်တော့ ဒါတွေက အပန်းမကြီးပါဘူး။ တကယ်ကို တန်လွန်းပါတယ်။'

မူလဝိညာဉ် ဆိုသည်မှာ သာမန် ဝိညာဉ်များထက် များစွာ သာလွန်သည့်အပြင်၊ ၎င်းကို သန့်စင်ပြီး စုပ်ယူနိုင်မည် ဆိုပါက အနီရောင်ရုပ်သေး ကိုယ်ထည်မှာ တတိယအဆင့်မှ စတုတ္ထအဆင့်သို့ ချိုးဖျက် တက်လှမ်းနိုင်မည် မဟုတ်ပါလော။

“ငါ အခုကစပြီး တံခါးပိတ် ကျင့်ကြံတော့မယ်... ဟားဟားဟား။”

စုယွီသည် သူ၏ စိတ်ထဲတွင် အတိုင်းမသိ ဝမ်းသာနေမိသည်။ နှစ်ပေါင်း နှစ်ဆယ်လောက် ပုန်းအောင်းနေခဲ့ရပြီးမှ ယခုကဲ့သို့ အကောင်ကြီးကြီး မိလိုက်ခြင်းက တကယ့်ကို ကံထူးခြင်းပင်။

ခန်းမဆောင် အတွင်း၌မူ...

ကောင်းထန်၊ ကောင်းယွမ်ယွမ် နှင့် ကောင်းမိသားစုမှ အကြီးအကဲများမှာ ကြက်သေသေနေကြပြီး စကားတစ်ခွန်းမျှပင် မပြောနိုင်ကြတော့ချေ။ မျက်စိရှေ့မှောက်တွင် ဖြစ်ပျက်သွားသမျှ အရာအားလုံးမှာ အသက်အနည်းငယ် ရှူလိုက်ရသည့် အချိန်အတွင်းမှာပင် ပြီးဆုံးသွားခဲ့သော်လည်း၊ ၎င်းက ပေးလိုက်သည့် တုန်လှုပ်မှုမှာမူ သူတို့ကို ဆွံ့အသွားစေရန် လုံလောက်လှသည်။

“ဘာ... ဘာတွေ ဖြစ်သွားတာလဲ။”

အတန်ကြာမှ ကောင်းယွမ်ယွမ်မှာ အနိုင်နိုင် စိတ်ကို ထိန်းချုပ်လိုက်ပြီး တာအိုရုပ်သေးကို တုန်တုန်ရင်ရင်ဖြင့် လှမ်းကြည့်ကာ မေးလိုက်ရှာသည်။

“ဆရာ... ဒါ... ဒါက...”

တာအိုရုပ်သေးက ဟွမ်ရှိုယီ ချန်ရစ်ခဲ့သော ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး၊ ကောင်းယွမ်ယွမ်ကို ကြည့်ကာ အေးအေးဆေးဆေးပင် မှာကြားလိုက်သည်။

“ဒီလူ နှစ်ယောက်ကို ဖမ်းထားလိုက်။ ဒဏ်ရာတွေကို နည်းနည်းပါးပါး ကုပေးထား... သေမသွားစေနဲ့။ ပြီးတော့ ဒီနေ့ ဖြစ်သမျှ ကိစ္စကို ဘယ်သူ့ကိုမှ မပြောမိစေနဲ့... မဟုတ်ရင်တော့ မင်းတို့ မိသားစု ဘာဖြစ်သွားမလဲဆိုတာ ငါ မပြောလည်း သိမှာပါ။”

ကောင်းထန်နှင့် အကြီးအကဲများမှာ ထိုစကားကြောင့် တုန်လှုပ်သွားကြပြီး ကပျာကယာပင် ကတိပေးကြတော့၏။

“စိတ်ချပါ စီနီယာကြီး... ကျွန်တော်တို့ လုံးဝ မပေါက်ကြားစေရပါဘူး... တကယ်လို့ ပေါက်ကြားခဲ့ရင် ကောင်းကင်က ကျွန်တော်တို့ကို အခုချက်ချင်း အပြစ်ပေးပါစေဗျာ..”

တာအိုရုပ်သေးက ခေါင်းကို အသာညိတ်ပြလိုက်ပြီး ကောင်းယွမ်ယွမ်ကို ဆက်လက် မှာကြားသည်။

“ကျန်တဲ့ ကိစ္စတွေကိုတော့ မင်းပဲ သင့်တော်သလို စီစဉ်လိုက်တော့။ ငါ အချိန်အတန်ကြာ တံခါးပိတ် ကျင့်ကြံဖို့ လိုအပ်နေတယ်။”

ကောင်းယွမ်ယွမ်သည် တာအိုရုပ်သေး၏ ယုံကြည်မှုကို ရရှိထားသဖြင့် စိတ်အေးသွားဟန် ရှိပြီး၊ သူမ၏ မျက်နှာလေးမှာလည်း ပုံမှန်အတိုင်း ပြန်လည် လန်းဆန်းလာခဲ့သည်။ သူမသည် သူ့ကို ကြည်ညိုလေးစားလွန်းသော မျက်ဝန်းများဖြင့် ကြည့်ရင်း တုံ့ပြန်လိုက်၏။

“စိတ်ချပါ အရှင်သခင်... ကျွန်မ ဒီကိစ္စကို အကောင်းဆုံး ဖြစ်အောင် စီစဉ်ထားလိုက်ပါ့မယ်ရှင်..”

အခန်း (၄၇၆) - မူလဝိညာဉ် (၁၅၀) ကျဆုံးခြင်း၊ ရုပ်သေးဝိညာဉ် မူလဝိညာဉ် အဆင့်သို့ တက်လှမ်းခြင်း (အပိုင်း - ၆)

တာအိုရုပ်သေး၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် တည်ငြိမ်နေသော်လည်း ထွက်ပေါ်လာသော အသံမှာမူ ပတ်ဝန်းကျင် တစ်ခုလုံးကို အေးခဲသွားစေနိုင်လောက်အောင် စူးရှလှသည်။

သူသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ပြတ်သားသော လေသံဖြင့် ဆိုလိုက်၏။

“မလိုပါဘူး။ ငါ အခုလို တံခါးပိတ် ကျင့်ကြံရာက ထွက်လာပြီးပြီဆိုမှတော့ ဟို မပြောပလောက်တဲ့ ဟွမ်လင်ကျွန်းကို ကြောက်နေစရာ အကြောင်းမရှိတော့ဘူး။ သူတို့ရဲ့ ဘိုးဘေးကြီးကိုယ်တိုင်က ငါ့လက်ထဲမှာ အဖမ်းခံထားရပြီ ဆိုတော့ ကျန်တဲ့ အကောင်တွေကို ထည့်တွက်နေစရာ မလိုတော့ဘူးပေါ့”

သူက စကားကို ခေတ္တရပ်လိုက်ပြီး မျက်လုံးများကို မှေးစင်းကာ သတိပေးချက်တစ်ခု ထပ်မံ ထုတ်ပြန်လိုက်ပြန်သည်။

“ဒါပေမဲ့ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောမိစေနဲ့။ ငါ ရှိနေတယ်ဆိုတာကို ဘယ်သူမှ မသိစေချင်ဘူး... နားလည်လား”

ကောင်းယွမ်ယွမ်မှာ ထိုအေးစက်စက် အမိန့်တော်အောက်တွင် ခေါင်းကို လုံးဝ မမော့ရဲရှာဘဲ ရိုသေစွာဖြင့် ပြန်လည် လျှောက်ထားလိုက်၏။

“နားလည်ပါပြီ အရှင်သခင်”

'နားလည်တာပေါ့ ဆရာရယ်... ဆရာ့ကို ဘယ်သူကများ သွားပြီး အာခံရဲမှာလဲ။ ဒီလောက် ကြောက်ဖို့ကောင်းတာကို။ ကျွန်မဖြင့် အခုထိ ဒူးတွေတုန်နေတုန်းပဲ'

---

ဟင်းလင်းပြင်၏ နိယာမတရားများမှာ တာအိုရုပ်သေး၏ ပတ်လည်တွင် လှိုင်းထသကဲ့သို့ လှုပ်ခတ်သွားသည်။ နောက်တစ်စက္ကန့်တွင်မူ ကောင်းမိသားစုဝင်များ၏ မျက်စိရှေ့မှောက်၌ပင် ထိုပုံရိပ်ကြီးမှာ ဝှစ်ခနဲ ပျောက်ကွယ်သွားတော့သည်။

ကောင်းထန်နှင့် ကောင်းကျုံးရှန်တို့မှာ ကြက်သေသေကာ ကျန်ရစ်ခဲ့ကြရ၏။

အတန်ကြာမှ သူတို့၏ အာရုံများမှာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်လာကြတော့သည်။ ခုနက ဖြစ်ပျက်သွားသော ကိစ္စရပ်များကို ပြန်လည် တွေးတောမိသည့်အခါ ကောင်းမိသားစု အကြီးအကဲများ၏ မျက်လုံးထဲတွင် အံ့သြမှု၊ ထိတ်လန့်မှုနှင့် ကြောက်ရွံ့ရိုသေမှုများမှာ ရောပြွမ်းနေခဲ့တော့၏။

“မူလဝိညာဉ် ဝင်စားတာတဲ့လား... ဟွမ်လင်ကျွန်းရဲ့ သခင်လေးက သူ့ဘိုးဘေးရဲ့ ဝင်စားတာကို ခံထားရတာပေါ့”

“အဲဒါတောင်မှ အဲဒီ မူလဝိညာဉ်ကြီးက ငါတို့ စီနီယာကြီးရဲ့ လက်ထဲမှာ အရှင်လတ်လတ် မိသွားတယ်ဆိုတော့... စီနီယာကြီးရဲ့ စွမ်းအားက မူလဝိညာဉ် အဆင့်ကြီးထက်တောင် သာနေတာလား”

ကောင်းကျုံးရှန်မှာ မျက်လုံးများ ပြူးကျယ်လျက် တီးတိုးရေရွတ်နေမိသည်။

“နေပါဦး... ခုနက ဟိုဘိုးဘေးကြီးကလေ... ရုပ်သေးတွေ ဘာတွေ ပြောသွားသလိုပဲ”

ကောင်းထန်တို့ အချင်းချင်း မျက်လုံးချင်း ဆုံမိသွားကြသော်လည်း မည်သူမျှ ရှေ့ဆက်၍ မပြောရဲ၊ မတွေးရဲကြတော့ပေ။

သို့သော် ကောင်းယွမ်ယွမ်၏ စိတ်အာရုံမှာမူ အတွေးပင်လယ်ထဲတွင် နစ်မြုပ်နေခဲ့ချေပြီ။

'ရုပ်သေးတဲ့လား... ဒါဆို အခု ငါတို့ တွေ့နေရတဲ့ အရှင်သခင်က ရုပ်သေးကိုယ်ထည်ကြီးလား။ ဒါဆို သူ့ရဲ့ အစစ်အမှန် ကိုယ်ခန္ဓာက ဘယ်မှာလဲ။ သူက တကယ်က ဘယ်သူလဲ'

အဲဒီအတွေးတွေက သူမ၏ ခေါင်းထဲမှာ ခဏမျှသာ ဖြတ်ပြေးသွားခြင်း ဖြစ်၏။ သူမသည် ချက်ချင်းပင် ထိုအတွေးများကို ဖျောက်ဖျက်ပစ်လိုက်ပြီး အကြီးအကဲများဘက်သို့ လှည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။

“ဘိုးဘေးကြီး... အခုကစပြီး ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို အကုန်မေ့ပစ်လိုက်ကြစို့။ ဒီနေ့ ဘာမှမဖြစ်ခဲ့ဘူး”

ကောင်းယွမ်ယွမ်သည် စုယွီ၏ မှာကြားချက်ကို တစ်သဝေမတိမ်း လိုက်နာသည့်နေရာတွင် အမှန်တကယ်ပင် ထူးချွန်လှ၏။

ကောင်းထန်က ခေါင်းညိတ်ပြလိုက်ရင်း လေးနက်စွာ ဆိုလိုက်သည်။

“နားလည်ပါပြီ”

သူသည် တာအိုရုပ်သေး၏ စွမ်းအားဖြင့် ကျင့်ကြံခြင်းစွမ်းအားများ ချိပ်ပိတ်ခံထားရသည့် လူနှစ်ယောက်ကို ကြည့်ကာ ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် ဆိုပြန်၏။

“ဒီလူနှစ်ယောက်ကိုတော့ ငါ့ရဲ့ ခြံဝင်းထဲပဲ ခေါ်သွားပြီး ကုပေးလိုက်မယ်။ သေမသွားစေနဲ့လို့ မှာထားတာကိုး။ ကျန်တာတွေကိုတော့ မင်းတို့ပဲ စီစဉ်လိုက်ကြတော့”

ကောင်းယွမ်ယွမ်နှင့် ကောင်းထန်တို့၏ စီစဉ်မှုအောက်တွင် ကောင်းမိသားစုသည် လျင်မြန်စွာပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကုန်းယွဲ့ အင်မော်တယ် မြို့တော်အတွင်းရှိ လူများမှာမူ ကောင်းမိသားစုအတွင်း၌ မည်ကဲ့သို့သော ထိတ်လန့်ဖွယ်ရာများ ဖြစ်ပျက်ခဲ့သည်ကို အိပ်မက်ပင် မမက်ဖူးကြချေ။

---

မြေအောက် လျှို့ဝှက်ဂူစံအိမ်ထဲသို့ ပြန်လည် ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် တာအိုရုပ်သေးသည် ရွှေပုစဉ်း နည်းစနစ်ကို အသုံးချကာ သူ၏ ဝိညာဉ်စွမ်းအားများကို စတင် ပြန်လည်ဖြည့်တင်း၏။ ထို့နောက်တွင်တော့ ရုပ်သေးဝိညာဉ်၏ စွမ်းအားများကိုပါ ပြန်လည် ပြုပြင်မွမ်းမံတော့သည်။

တစ်လခန့် ကြာမြင့်သောအခါတွင်မူ အားလုံးမှာ နဂိုအတိုင်း အားအင်များ ပြည့်ဝလာခဲ့တော့၏။

ထိုအခါမှသာ စုယွီသည် ချိပ်ပိတ်ထားသော ဟွမ်ချန်လုံ၏ မူလဝိညာဉ်ကို ထုတ်ယူလိုက်သည်။

ဟွမ်ချန်လုံ၏ မူလဝိညာဉ်မှာ ကျိန်ဆဲစကား တစ်ခွန်းတောင် မဆိုနိုင်လိုက်ရှာပေ။ စုယွီက မျက်လုံးများကို မှိတ်ကာ ရွှေပုစဉ်း စွမ်းအားကို လှုပ်ရှားစေပြီး ရုပ်သေးဝိညာဉ်အား ထိုမူလဝိညာဉ် တစ်ခုလုံးကို ဝါးမြိုစေလိုက်ပါတော့သည်။

“အား.........”

သုံးလခန့် ကြာမြင့်သောအခါတွင်မူ ဟွမ်ချန်လုံ၏ နောက်ဆုံးသော နာကျင်စွာ အော်ဟစ်သံနှင့်အတူ သူ၏ မူလဝိညာဉ်သည် လုံးဝ ပြိုကွဲပျက်စီးသွားပြီး ရုပ်သေးဝိညာဉ်၏ အာဟာရအဖြစ်သို့ လုံးဝဥဿုံ ကူးပြောင်းသွားရတော့၏။

နောက်ထပ် ခြောက်လ ကြာမြင့်သောအခါတွင်မူ...

“ဝုန်း...”

ရုပ်သေးဝိညာဉ်သည် တတိယအဆင့် အဆင့်မြင့်မှနေ၍ စတုတ္ထအဆင့် အနိမ့်ပိုင်း (မူလဝိညာဉ် အဆင့်) သို့ ချိုးဖျက် တက်လှမ်းသွားသည့် အခိုက်အတန့်မှာပင်... ကုန်းယွဲ့ အင်မော်တယ် မြို့တော် ပတ်ဝန်းကျင် မိုင်တစ်ထောင်အတွင်းရှိ ကောင်းကင်ကြီးမှာ ရုတ်တရက် မှောင်အတိ ကျသွားတော့သည်။ နေရောင်ခြည်များ ပျောက်ကွယ်သွားပြီး မှောင်မိုက်လှသော အရိပ်ကြီးက ကောင်းကင်တစ်ခုလုံးကို ဝါးမြိုသွားသကဲ့သို့ ထင်မှတ်ရ၏။

လောကကြီးအတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာလည်း ရုတ်ချည်းပင် သောင်းကျန်းလာကြပြီး ကုန်းယွဲ့ မြို့တော်ဆီသို့ ဒလဟော စီးဝင်လာကြတော့သည်။

---

ဤမျှလောက် ခြောက်ခြားစရာ ကောင်းကင်ဘုံ၏ အရှိန်အဝါကြီးအောက်တွင် ကျင့်ကြံသူများ အားလုံးမှာ ရင်ထဲ၌ လေးလံမွန်းကျပ်သွားကြရသည်။

“ဘာတွေ ဖြစ်နေတာလဲဗဟာ၊ ကမ္ဘာပျက်တော့မှာလား”

“တကယ့်ကို ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ပဲ။ ဝိညာဉ်စွမ်းအင်တွေ အကုန်လုံး ဟိုဘက်ကို စီးသွားနေကြပြီဟေ့”

ကျင့်ကြံသူများမှာ ကောင်းကင်ကြီးကို မော့ကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေကြရ၏။

ရတနာတစ်ခုခု ပေါ်ထွက်လာခြင်းလော၊ သို့မဟုတ် တကယ့် အစွမ်းထက် ကျင့်ကြံသူကြီး တစ်ယောက်ယောက်က အဆင့်တက်နေခြင်းလော။

မည်သူမျှ မဝေခွဲနိုင်ကြပေ။

မြို့တော်နှင့် မလှမ်းမကမ်းရှိ နဂါးနက် ကုန်သွယ်ရေး အဖွဲ့၏ ခေါင်းဆောင် တာအိုဆရာ နဂါးနက်သည် တံခါးပိတ် ကျင့်ကြံနေရာမှ မျက်နှာကြီး ပျက်လျက် ထွက်ပေါ်လာ၏။

“ဒါ... ဒါက... တစ်ယောက်ယောက်က မူလဝိညာဉ် အဆင့်ကို တက်လှမ်းနေတာလား”

သူက တုန်ယင်နေသော အသံဖြင့် ရေရွတ်လိုက်မိသည်။

သို့သော် သူ ပြန်လည် စဉ်းစားကြည့်သောအခါတွင်မူ ထိုအချက်မှာ မဟုတ်နိုင်သေးပေ။ မူလဝိညာဉ် အဆင့်သို့ တက်လှမ်းမည့်သူမှာ ဤကဲ့သို့သော လူစည်ကားသည့် မြို့အတွင်း၌ အဆင့်တက်ပါ့မလား။ ထိုနေရာမှာ ဤကဲ့သို့သော အဆင့်အတန်းမျိုးသို့ တက်လှမ်းရန် လုံးဝ မသင့်တော်သော နေရာပင် ဖြစ်သည်။

သူသည် ဇဝေဇဝါ ဖြစ်နေရင်းမှပင် သူ၏ တပည့်များကို မှာကြားလိုက်၏။

“မင်းတို့ ဒီနေရာကို သေချာစောင့်နေကြ၊ ငါ သွားကြည့်လိုက်ဦးမယ်”

“ဝှစ်…”

တာအိုဆရာ နဂါးနက်သည် ကုန်းယွဲ့ မြို့တော်ရှိရာဘက်သို့ အမြန်ဆုံး ပျံသန်းသွားပါတော့သည်။

မြို့လယ်ခေါင်ရှိ ကောင်းကင်သိုင်းကျမ်း မျှော်စင်အတွင်း၌ ရှိနေသော တာအိုဆရာ ခွေရှန်းမှာလည်း ကောင်းကင်ကြီးကို ကြည့်ရင်း မျက်မှောင်ကြုံ့နေခဲ့၏။ သူကတော့ အခြားလူများနှင့် အမြင်ချင်း မတူပေ။

“ဒီအရှိန်အဝါက... မူလဝိညာဉ် အဆင့်ကို တက်လှမ်းတာနဲ့ မတူဘူး။ ဒါက... ရတနာ တစ်ခုခုကို အောင်မြင်အောင် သန့်စင်လိုက်တဲ့ ပုံစံမျိုးပဲ”

သူကိုယ်တိုင်ပင်လျှင် သေချာစွာ မပြောနိုင်သေးပေ။ ဤကဲ့သို့သော ဖြစ်ရပ်မျိုးမှာ လူတစ်ယောက် အဆင့်တက်ခြင်းထက်၊ အလွန် အစွမ်းထက်လှသော မှော်လက်နက် တစ်ခုကို အောင်မြင်စွာ ဖန်တီးလိုက်သည့်အခါတွင် ပြသတတ်သော လက္ခဏာမျိုးနှင့် ပိုမို တူညီနေသောကြောင့်ပင် ဖြစ်သည်။

အခန်း (၄၇၇) - မူလဝိညာဉ် (၁၅၀) ကျဆုံးခြင်း၊ ရုပ်သေးဝိညာဉ် မူလဝိညာဉ် အဆင့်သို့ တက်လှမ်းခြင်း (အပိုင်း - ၇)

ကုန်းယွဲ့ အင်မော်တယ် မြို့တော်ကြီး၏ ဆူညံပွက်လောရိုက်နေသော လေထုထဲတွင် ကုန်သွယ်မှု အနံ့အသက်များ ပျံ့လွင့်နေသော်လည်း၊ ရုတ်တရက်ဆိုသလို ထူးဆန်းသော လှုပ်ခတ်မှုတစ်ခုက ဟင်းလင်းပြင်ကို စတင် စိုးမိုးလာတော့သည်။ မေးစရာ ရှိသည်မှာ... ဤကဲ့သို့သော နေရာမျိုးတွင် မည်သူကများ ထူးခြားလှသော မှော်ရတနာများကို အောင်မြင်အောင် သန့်စင်နိုင်စွမ်း ရှိပါသနည်း။

ခွေရှန်း တာအိုဆရာ၏ ခေါင်းထဲတွင်တော့ အတွေးပေါင်းစုံက ရှုပ်ထွေးနေတော့၏။

“ဟ... ဒီမြို့ထဲမှာ ငါတို့ထက်သာတဲ့ ကောင် ရှိလို့လား။ ရှိရင်လည်း ဒီလို ပတ်ဝန်းကျင် အနေအထားနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပတ်ဝန်းကျင်က မမှန်ရင် အရာရာကို ထိခိုက်ကုန်မှာပဲလေ။ တစ်ခုခု လွဲတာနဲ့ အကုန် သောက်ကျိုးနည်းကုန်မှာ။ ငါတောင် မလုပ်နိုင်တာကို ဘယ်သူကများ လာပြီး ဟန်ရေးပြနေတာလဲ။”

“ဝူး... ဝူး... ဝူး...”

ထိုခဏ၌ပင် အဆုံးအစမရှိသော သဘာဝ ဝိညာဉ်စွမ်းအင်တို့သည် လေပြင်းမုန်တိုင်းအလား ကောင်း မိသားစု တည်ရှိရာ အရပ်ဆီသို့ တရဟော စီးဝင်သွားကြတော့သည်။ ဤသည်ကို အာရုံခံမိလိုက်သော ခွေရှန်း တာအိုဆရာသည် ကောင်း မိသားစုရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏ သူငယ်အိမ်များမှာ သိသိသာသာပင် ကျုံ့ဝင်သွားရရှာသည်။

'ဟိုက်... ဒါ ကောင်း မိသားစု ဘက်ကပါလား။ ဒါဆို ဟို အနီရောင် အရိပ် ဆိုတဲ့ သူငယ်ချင်း... အဲ... မဟုတ်ဘူး၊ အခုဆိုရင် စီနီယာကြီးလို့ပဲ ခေါ်ရတော့မလား မသိဘူး။'

သူသည် ကုန်းယွဲ့ မြို့တော်ရှိ ကောင်း မိသားစုအတွင်း၌ ထိုရုပ်သေး ရှိနေသည်ကို အစကတည်းက ရိပ်မိထားသူ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူက ဤမြို့၏ ကောင်းကင်သိုင်းကျမ်း မျှော်စင်တွင် ဆိုင်ခွဲမန်နေဂျာ လုပ်နေသူ မဟုတ်ပါလော။ ဤမြို့အတွင်းရှိ အရေးကြီးသော သတင်းများကို သူ မသိဘဲ မနေနိုင်ချေ။

ယခုအခါ လောကကြီး၏ ဝိညာဉ်စွမ်းအင်များမှာ ကောင်း မိသားစုဆီသို့ တိုးဝှေ့နေသည်ကို မြင်လိုက်ရသောအခါ ခွေရှန်း တာအိုဆရာမှာ ဘာဖြစ်နေမှန်း မဝေခွဲနိုင်ဘဲ ခေတ္တမျှ မှင်သက်နေမိတော့သည်။ ထူးဆန်းသည်မှာ ဤမျှလောက် ကြီးကျယ်သော ဖြစ်ရပ်ကြီးတွင် ကောင်းကင်ဘုံ၏ ဘေးဒုက္ခ ဟူ၍ တစ်စုံတစ်ရာ ပေါ်ထွက်မလာခြင်းပင် ဖြစ်၏။

ကောင်းကင်ဘုံ၏ အရှိန်အဝါများ ခြိမ်းခြောက်နေမှု၊ ကောင်းကင်နှင့် မြေကြီး၏ အရောင်အဆင်းများ ပြောင်းလဲသွားမှုနှင့် ဝိညာဉ်စွမ်းအင်များ သောင်းကျန်းနေသော ဖြစ်ရပ်ဆန်းကြီးမှာ လဝက်ခန့် ကြာမြင့်ပြီးနောက်မှသာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားတော့သည်။ လူအများစုမှာလည်း ဤဖြစ်ရပ်ဆန်းကြီးမှာ ကုန်းယွဲ့ မြို့တော်ရှိ ကောင်း မိသားစုထံမှ မြစ်ဖျားခံသည်ကို သိရှိသွားကြပေပြီ။

သို့သော်လည်း ဤသတင်းကို ကြားသိလိုက်ရသောအခါ အနီးအနားရှိ မည်သည့်အင်အားစုကမျှ ကောင်း မိသားစုကို သွားရောက် စိန်ခေါ်ရန် သို့မဟုတ် ဝင်ရောက် စွက်ဖက်ရန် မဝံ့ရဲကြတော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့်... ဤကောင်းကင်ဘုံ၏ ဖြစ်ရပ်ဆန်းကြီး ပြီးဆုံးသွားသောအခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ကောင်း မိသားစုအပေါ် ပိုမို၍ပင် ကြောက်ရွံ့ရိုသေလာကြတော့သည်။

အင်အားစု အသီးသီးမှ ခေါင်းဆောင်များသည်လည်း သူတို့၏ တပည့်များကို ကပျာကယာပင် အမိန့်ထုတ်ကြတော့၏။

“ဟေ့ကောင်တွေ... ကောင်း မိသားစုကို လုံးဝ သွားပြီး မရန်စနဲ့နော်။ ဒီလောက် ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်မျိုးကို ဖန်တီးနိုင်တဲ့သူကို ဘယ်သူကများ သွားပြီး အာခံရဲမှာလဲ။ ကိုယ့်အသက်ကို နှမြောရင်တော့ ခပ်ဝေးဝေးက ရှောင်နေတာ အကောင်းဆုံးပဲ။”

နဂါးနက် ကုန်သွယ်ရေး အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ နဂါးနက် တာအိုဆရာပင်လျှင် ဤဖြစ်ရပ်ဆန်းကြီးမှာ ကောင်း မိသားစုထံမှ ဖြစ်ကြောင်း သိလိုက်ရသောအခါ ရိုသေစွာဖြင့် နောက်ဆုတ်သွားခဲ့ပြီး ကုန်းယွဲ့ မြို့တော်အတွင်းသို့ ဝင်ရန်ပင် မကြံစည်ရဲတော့ချေ။ အရင်ကလည်း သူသည် ထိုရုပ်သေးကို မရန်စရဲခဲ့သည်မှာ အမှန်ပင်။ ယခု ဤဖြစ်ရပ်ဆန်းကြီး ပေါ်ပေါက်လာပြီးနောက်တွင်တော့ သူသည် ထိုရုပ်သေးအပေါ် စစ်မှန်သော လေးစားမှုများ ကိန်းအောင်းသွားခဲ့တော့၏။ ၎င်းမှာ ရာထူး အဆင့်အတန်းကြောင့် မဟုတ်ဘဲ စစ်မှန်သော စွမ်းအားကြောင့်ပင် ဖြစ်သည်။

ကောင်း မိသားစု အတွင်း၌မူ... ကောင်းယွမ်ယွမ် နှင့် ကောင်းထန် တို့မှာ ကြက်သေသေနေရာမှ သတိဝင်လာကြပြီး အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားကြရှာသည်။ ကောင်းယွမ်ယွမ်သည် ကောင်း မိသားစု၏ ကာကွယ်ရေး အခင်းအကျင်းများကို ချက်ချင်း အသက်သွင်းလိုက်ပြီး မိသားစုဝင်အားလုံးကို သတိအနေအထားဖြင့် ထိုရုပ်သေးကို ကာကွယ်ရန် စီစဉ်လိုက်တော့သည်။

'အရှင်သခင်ကြီးရဲ့ စွမ်းအားတွေက ထပ်ပြီး တိုးလာတာလား။ ဆရာကြီး ရာထူးတက်ရင် တပည့်လည်း မျက်နှာပွင့်တာပေါ့။ အရင်တုန်းက ဒူးထောက်ပြီး သစ္စာခံခဲ့တဲ့ ငါ့ဆုံးဖြတ်ချက်ကတော့ တကယ်ကို အမြော်အမြင် ရှိခဲ့တာပဲ။'

ဟုတ်သည်။ သူမသည် သူမ၏ အဆင့်အတန်းကို ကောင်းကောင်းသိသည်။ သူမသည် အရှင်သခင်၏ အနားတွင် ရှိနေရုံမျှသာ ဖြစ်သော အသုံးအဆောင်လေး တစ်ခုမျှသာ။ အခြားသော အတွေးမျိုး၊ အကြံမျိုးများမှာမူ သူမ၏ ခေါင်းထဲတွင် အရိပ်မျှပင် မရှိတော့ချေ။

မှောင်မိုက်သော မြေအောက် အနက်ရှိုင်းဆုံးနေရာတွင်တော့၊ အသစ်တဖန် မွေးဖွားလာသော စွမ်းအားတို့သည် အတည်တကျ ဖြစ်လာကာ ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တို့ကို ထုတ်လွှင့်နေတော့သည်။ လုံးဝ ဥဿုံ အသွင်ပြောင်းသွားသော သူ၏ အရှိန်အဝါကို ကြည့်ရင်း တာအိုရုပ်သေး၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေတော့သည်။

ဒါက ရုပ်သေးဝိညာဉ်၏ အဆင့်တက်ခြင်းမျှသာ ဖြစ်သော်လည်း ဤအရာမှာ အစပြုမှုသစ် တစ်ခုပင် ဖြစ်ပေလိမ့်မည်။ အသွင်ပြောင်းသွားသော ရုပ်သေးသည် ယခုအခါ စတုတ္ထအဆင့် ဝိညာဉ် သတ္တုရိုင်း ကုန်ကြမ်းများကို သန့်စင် စုပ်ယူနိုင်စွမ်း ရှိသွားခဲ့ပြီ ဖြစ်ရာ ၎င်းမှာ သူ၏ ရုပ်သေးကိုယ်ထည်ကို စတုတ္ထအဆင့် အနိမ့်ပိုင်း စွမ်းအားများအထိ အပြည့်အဝ ပြန်လည် ပြုပြင်နိုင်ပြီဟု အဓိပ္ပာယ်ရသည်။ ထိုအချိန်သို့ ရောက်လျှင်တော့ သူသည် စစ်မှန်သော မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး၏ တိုက်ခိုက်ရေး စွမ်းရည်ကို အမှန်တကယ် ပိုင်ဆိုင်လာနိုင်မည်။

သို့သော် စိတ်လှုပ်ရှားမှုများ ကုန်ဆုံးသွားသောအခါ တာအိုရုပ်သေးသည် အတော်လေး တည်ငြိမ်သွားခဲ့တော့၏။ သူသည် သူ၏ လက်စွပ်အတွင်းရှိ စတုတ္ထအဆင့် ကုန်ကြမ်းများကို စစ်ဆေးကြည့်ရှုလိုက်၏။ အရေအတွက်မှာ အတော်လေး များပြားလှသော်လည်း ဤကုန်ကြမ်းများက ရုပ်သေးကိုယ်ထည်ကို အပြည့်အဝ ပြန်လည် ကောင်းမွန်စေရန် လုံလောက်မှု ရှိမရှိ ဆိုသည်မှာမူ မသေချာသေးချေ။

“ကုန်သွယ်ရေး အသင်းကို စတုတ္ထအဆင့် ဝိညာဉ် သတ္တုရိုင်းတွေ ပိုပြီး စုခိုင်းရမယ်။”

All Chapters