← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း ၅ စစ်ချန်

​

အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းအတွင်း၌ နန်ကုန်းယွီသည် သူ၏ပါးပြင်အား တစ်စုံတစ်ယောက်က ပွတ်သပ်နေသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး အနည်းငယ် တုန်လှုပ်သွားပေ၏။

​

တစ်စုံတစ်ရာကို တွေးမိသွားသဖြင့် သူသည် အလျင်အမြန် လှည့်ထွက်သွားခဲ့ပြီး သူ၏အသိစိတ်သည် ရုပ်ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားလေသည်။

​

"သနားစရာ ကလေးလေး... သားရဲ့အဖေက သားလေးမွေးဖွားလာမယ့်နေ့ကို နေ့တိုင်း မျှော်လင့်နေခဲ့တာ... ဒါပေမဲ့ သားလေးကို တစ်ကြိမ်လေးတောင် မမြင်သွားရဘဲ ဒီလောကကြီးကနေ ထွက်ခွာသွားခဲ့ပြီ... သားလေးက ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာရမယ်နော်..."

​

နန်ကုန်းယွီသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ချိန်၌ အနည်းငယ် ဝမ်းနည်းကြေကွဲနေသော အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသဖြင့် အသံလာရာသို့ ကြည့်မိသွားလေသည်။

​

သူ၏မိခင် ရှန်ကွမ်ယွဲ့ရှီးသည် ဖြူရော်နေသော မျက်နှာသွင်ပြင်နှင့် နီရဲနေသော မျက်လုံးများနှင့် သူမ၏ တင့်တယ်လှပသော ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျနေသည်ကို သူ မြင်လိုက်ရသည်။

​

သူမ၏ မျက်နှာအမူအရာသည် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေပြီး သူမ၏အကြည့်များသည် သူ့အပေါ်သို့ စူးစိုက်ကျရောက်နေကာ သူ့မှတစ်ဆင့် အခြားတစ်ယောက်ယောက်ကို ကြည့်နေသကဲ့သို့ပင်။

​

ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ နန်ကုန်းယွီ၏ ရင်ထဲတွင် အကြောင်းအရင်းမသိဘဲ နာကျင်သွားရပေ၏။ ဤသည်မှာ သားအမိနှစ်ယောက်ကြားရှိ သံယောဇဉ်ကြိုးများကြောင့်ပင် ဖြစ်နိုင်သည်။

​

အတိတ်ဘဝက သူသည် မိဘမဲ့တစ်ယောက်ဖြစ်ပြီး မိဘများရှိနေခြင်းက မည်သို့သော ခံစားချက်မျိုးပေးစွမ်းနိုင်သည်ကို မသိခဲ့ရ။

​

ဤဘဝတွင် ကောင်းကင်ဘုံက သူ့အပေါ် မျက်နှာသာပေးကာ မိဘများကို ချီးမြှင့်ခဲ့သော်လည်း သူ မွေးဖွားလာသည့်နေ့မှာပင် ဖခင်ဖြစ်သူ က သေဆုံးသွားခဲ့ရသည်။

​

ဤအခိုက်အတန့်၌ နန်ကုန်းယွီသည် ခဲယဉ်းစွာ ရရှိလာသော သူ၏မိခင် ပြင်းပြင်းထန်ထန် ငိုကြွေးနေသည်ကို ကြည့်ရင်း နှစ်သိမ့်စကား အနည်းငယ် ပြောချင်ခဲ့သော်လည်း သူသည် ယခုမှသာ မွေးဖွားလာသူဖြစ်သဖြင့် စကားမပြောနိုင်သည့်အပြင် ပြောလည်း မပြောရဲချေ။

​

သူသည် မိခင်ဖြစ်သူအပေါ် သက်ရောက်မှုရှိစေရန် အပြုံးတစ်ခုကို အသုံးပြုချင်ခဲ့သော်လည်း မကြာသေးမီကမှ ကွယ်လွန်သွားခဲ့သော သူ၏ဖခင်ကို တွေးမိသွားသဖြင့် မသင့်လျော်ဟု ခံစားလိုက်ရသည်။

​

သူသည် မိခင်ဖြစ်သူ၏ အာရုံစိုက်မှုကို ရရှိရန် ငိုကြွေးခြင်းကို အသုံးပြုချင်ခဲ့သော်လည်း ထိုသို့ပြုလုပ်ပါက မိခင်ဖြစ်သူကို ပို၍ ဝမ်းနည်းစေမည်ကို စိုးရိမ်မိသဖြင့် မည်သို့လုပ်ရမည်ကို မသိဘဲ ဖြစ်နေခဲ့သည်။

​

ထိုစဉ် နံဘေးမှ စိုးရိမ်ပူပန်နေသော အသံတစ်သံ ထွက်ပေါ်လာပေ၏။

​

"အရှင်မ... အရှင်မက အရမ်းကြီး ဝမ်းနည်းပူဆွေးနေလို့ မဖြစ်ဘူးလို့ နန်းတွင်းသမားတော်က အကြံပြုထားတယ်လေ... အရှင်မက ကျန်းပေ့မင်းသားအကြောင်းကို ဆက်ပြီး မတွေးတော့တာ ပိုကောင်းမယ်ထင်တယ်..."

​

နန်ကုန်းယွီသည် ဤအသံကို မှတ်မိပေ၏။ ဤအသံမှာ သူ့ကို ပွေ့ချီထားခဲ့သော အမျိုးသမီးပင် ဖြစ်သည်။ သူမသည် တံခါးအပြင်ဘက်၌ စောင့်ကြပ်နေသည် မဟုတ်လော။ သူမ ပြန်ဝင်လာခဲ့ခြင်း ဖြစ်နိုင်ပေ၏။

​

နန်ကုန်းယွီသည် မျက်လုံးများကို လှည့်ကာ ကြည့်လိုက်ရာ တကယ်ပင် သူမ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။

​

သူမက ရှန်ကွမ်ယွဲ့ရှီးအား စိုးရိမ်ပူပန်သော အမူအရာဖြင့် ကြည့်ကာ တုံ့ဆိုင်းစွာ ပြောဆိုနေသည်ကို သူ မြင်လိုက်ရ၏။

​

"အရှင်မ... ကျေးဇူးပြုပြီး အရမ်းကြီး ဝမ်းနည်းမနေပါနဲ့... တကယ်လို့ အရှင်မရဲ့ ခန္ဓာကိုယ်ကို ထိခိုက်သွားမယ်ဆိုရင် ဆက်ခံသူမင်းသားလေးကို ဘယ်လိုလုပ် စောင့်ရှောက်နိုင်တော့မလဲ..."

​

ဤစကားကို ကြားချိန်၌ နန်ကုန်းယွီသည် ရှန်ကွမ်ယွဲ့ရှီးထံသို့ သူ၏အကြည့်များကို အလျင်အမြန် လှည့်ကြည့်လိုက်ရာ သူမသည် အနည်းငယ် တုန်လှုပ်သွားပြီးနောက် သူမ၏ ဝမ်းနည်းပူဆွေးနေသော ခံစားချက်အချို့ကို တကယ်ပင် ဖိနှိပ်ထားလိုက်ကြောင်း တွေ့လိုက်ရပေ၏။

နန်ကုန်းယွီသည် လက်လှမ်းကာ သူမ၏ ပါးပြင်ပေါ်မှ မျက်ရည်စများကို သုတ်ပေးချင်ခဲ့သော်လည်း သူ လက်လျှော့လိုက်သည်။

​

မည်သို့ပင်ဆိုစေကာမူ သူသည် တစ်ရက်ပင် မပြည့်သေးသော မွေးကင်းစကလေးငယ်သာ ဖြစ်ပေရာ မည်သို့လုပ်၍ ထိုမျှလောက် သိတတ်နိုင်မည်နည်း။

​

သူသည် ထိုသို့တကယ်ပြုလုပ်ခဲ့ပါက 'ကံဆိုးစေသောကြယ်' ဟူသည့် ဂုဏ်ပုဒ်သည် သူ၏အပေါ်သို့ အခိုင်အမာ ကျရောက်သွားမည်မှာ အသေအချာပင်ဖြစ်သည်။

​

သူသည် သာမန်အေးချမ်းစွာ နေထိုင်လိုသူတစ်ယောက် ဖြစ်ချင်သောကြောင့် အလွန်အကျွံ မပြုမူခြင်းက ပို၍ကောင်းမွန်ပေသည်။

​

သို့ရာတွင် သူ၏မိခင် ရှန်ကွမ်ယွဲ့ရှီး၏ ဝမ်းနည်းပူဆွေးမှု အနည်းငယ် လျော့ကျသွားသည်ကို မြင်လိုက်ရသဖြင့် နန်ကုန်းယွီ၏ မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ထွက်ပေါ်လာခြင်းကို မတားဆီးနိုင်ခဲ့။

​

ရှန်ကွမ်ယွဲ့ရှီး၏ ဝမ်းနည်းမှုသည် တကယ်ပင် အနည်းငယ် လျော့ကျသွားကြောင်းကို မြင်လိုက်ရချိန်၌ ဒေါ်လေးရှန်က အကြောင်းအရာကို ဆက်လက်ပြောင်းလဲလိုက်သည်။

​

"အရှင်မ... ဆက်ခံသူမင်းသားလေးမှာ နာမည်မရှိသေးဘူးလေ... ကျေးဇူးပြုပြီး သူ့အတွက် နာမည်တစ်ခုလောက် ရွေးချယ်ပေးပါဦး..."

​

ဤစကားကို ကြားချိန်၌ ရှန်ကွမ်ယွဲ့ရှီး၏ မျက်လုံးများထဲတွင် အတိတ်ကို ပြန်လည်လွမ်းဆွတ်တမ်းတခြင်း အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် ပို၍ ပြင်းထန်သော ဝမ်းနည်းပူဆွေးမှုများ ဆက်တိုက်ထွက်ပေါ်လာသည်။

​

သို့သော် သူမသည် နန်ကုန်းယွီကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ ရင်ထဲရှိ ဝမ်းနည်းပူဆွေးမှုများကို အတင်းအကျပ် ဖိနှိပ်ထားလိုက်လေသည်။

​

သူမက ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

​

"ကျန်းပေ့မင်းသားနဲ့ ငါက ဒီအကြောင်းကို အရင်တုန်းက ပြောဖူးကြတယ်... ငါတို့ရဲ့ ကလေးကို ချုပ်နှောင်မခံရဘဲ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ရှာဖွေပြီး ပိုမြင့်မားတဲ့ ကောင်းကင်ယံဆီကို ပျံသန်းစေချင်ခဲ့တာ... ငါ့ရဲ့ကလေးက ကျန်းပေ့မင်းသားစံအိမ်ရဲ့ ဆက်ခံသူမင်းသားလေး ဖြစ်နေတော့ 'ယွီ' ဆိုတဲ့ စာလုံးတစ်လုံးတည်းကိုပဲ ယူလိုက်ကြရအောင်..."

​

"နန်ကုန်းယွီ... ဒီနာမည်လေးက နားထောင်လို့ အရမ်းကောင်းတာပဲ... ဆက်ခံသူမင်းသားလေး... သားလေးမှာ နာမည်ရှိသွားပြီနော်..."

​

ရှန်ကွမ်ယွဲ့ရှီး၏ စကားကို ကြားလိုက်ရချိန်၌ ဒေါ်လေးရှန်သည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး နန်ကုန်းယွီအား ပြုံးကာကြည့်နေသည်။

​

နန်ကုန်းယွီသည် သူ၏ ပါးစပ်ငယ်လေးကို အနည်းငယ် ဟလိုက်ပြီး အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။ ဤဘဝအသစ်တွင် သူ၏ ယခင်နာမည်ကို တကယ်ပင် ပြန်လည်အသုံးပြုရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

​

နန်ကုန်းယွီ၏ ပြုံးနေသော မျက်နှာကို မြင်လိုက်ရချိန်၌ ဒေါ်လေးရှန်၏ အမူအရာသည် အံ့သြသွားပေ၏။

​

"အရှင်မ... မြန်မြန်ကြည့်လိုက်ပါဦး... ဆက်ခံသူမင်းသားလေး ပြုံးနေတယ်..."

​ဤစကားကို ကြားချိန်၌ ရှန်ကွမ်ယွဲ့ရှီးသည်လည်း နန်ကုန်းယွီအား ကြည့်ရန်အတွက် ကိုယ်ကို တစ်ဝက်ခန့် မှီ၍ထလိုက်လေသည်။ သူ၏ မျက်နှာငယ်လေးပေါ်ရှိ အပြုံးကို မြင်လိုက်ရသဖြင့် သူမ၏ ကိုယ်ပိုင် ဝမ်းနည်းပူဆွေးမှုများသည်လည်း အနည်းငယ် လွင့်စင်သွားပေ၏။

​

ရှန်ကွမ်ယွဲ့ရှီးသည် လက်လှမ်းကာ နန်ကုန်းယွီအား သူမ၏ ရင်ခွင်ထဲသို့ ပွေ့ချီလိုက်သည်။

​

"ယွီအာ... မင်းအတွက် အမေတို့ ပြင်ဆင်ပေးထားတဲ့ နာမည်ကို မင်းလည်း သဘောကျပုံပဲနော်"

​

နန်ကုန်းယွီ၏ မျက်နှာငယ်လေးပေါ်တွင် အပြုံးတစ်ခု ကျန်ရစ်နေဆဲဖြစ်ပြီး သူ၏ လက်ငယ်လေးများသည် ကျပန်းဝှေ့ယမ်းနေကာ သူ တကယ်ပင် ပျော်ရွှင်နေသကဲ့သို့ပင်။

​

ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ ရှန်ကွမ်ယွဲ့ရှီး၏ ရင်ထဲရှိ ဝမ်းနည်းပူဆွေးမှုများသည် ထပ်မံ၍ လွင့်စင်သွားပြန်ပြီး သူမ၏ မျက်လုံးများထဲတွင် ရှားပါးလှသော အပြုံးတစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့သည်။

​

သို့သော် အလွန်လျင်မြန်စွာပင် သူမသည် ခင်ပွန်းဖြစ်သူ ကျန်းပေ့မင်းသားကို ပြန်လည်တွေးမိသွားပြန်ရာ သူမ၏ မျက်လုံးများသည် နောက်တစ်ကြိမ် မှေးမှိန်သွားပြန်သည်။

​

ထို့နောက် ချက်ချင်းပင် သူမက နန်ကုန်းယွီကို ကြည့်ကာ ထပ်မံပြောဆိုလိုက်သည်။

​

"ယွီအာ... အသက်အရွယ်ရလာတဲ့အခါ နာမည်ဝှက်တစ်ခုကို ထပ်ပြီး ရွေးချယ်ကြရသေးတယ်… သိပ်မသုံးကြပေမဲ့ ဒီနေ့ အမေက သားအတွက် နာမည်တစ်ခု ဆုံးဖြတ်ပေးရင်ရော ဘယ်လိုလဲ..."

​

ဤစကားကို ကြားချိန်၌ နန်ကုန်းယွီသည် အနည်းငယ် တုန်လှုပ်သွားသော်လည်း ထို့နောက်တွင် ပြုံးနေသော မျက်နှာကို ထပ်မံပြသလိုက်ကာ သူ၏ မျက်လုံးပြူးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်၏။

​

နန်ကုန်းယွီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရချိန်၌ ရှန်ကွမ်ယွဲ့ရှီးသည် ရင်ထဲတွင် အနည်းငယ် အံ့သြသွားသော်လည်း များစွာမတွေးတော့။

​

သူမက ဆက်လက်ပြောဆိုလိုက်သည်။

​

"နာမည်ဝှက်ကို စစ်ချန် လို့ ပေးလိုက်မယ်... အချိန်တန်လာရင် သားက အမေ့ကို နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..."

​

ဤစကားကို ပြောဆိုပြီးနောက် သူမသည် နန်ကုန်းယွီအား တင်းကြပ်စွာ ပွေ့ဖက်လိုက်ရာ ကြည်လင်သော မျက်ရည်ကြောင်း နှစ်ကြောင်းကို ဆက်လက်၍ မထိန်းထားနိုင်တော့ဘဲ သူမ၏ တင့်တယ်လှပသော ပါးပြင်ပေါ်သို့ နောက်တစ်ကြိမ် စီးကျလာလေတော့၏။

​

နန်ကုန်းယွီသည် အနည်းငယ် ညှစ်ခံထားရသကဲ့သို့ ခံစားလိုက်ရသော်လည်း သူ၏ မိခင်ဖြစ်သူ၏ ဝမ်းနည်းပူဆွေးမှုကို တွေးတောမိကာ အလွန်အမင်း မသက်မသာဖြစ်ခြင်းမျိုး မရှိသောကြောင့် သူ မငိုကြွေးခဲ့သလို ဂျီလည်းမကျခဲ့ပေ။

​

သူသည် မျက်ရည်များ စီးကျနေသော မိခင်ဖြစ်သူကို ကြည့်ရင်း ရင်ထဲတွင် အနည်းငယ် ဂနာမငြိမ် ဖြစ်နေခဲ့သည်။

​

သူ၏ ဖခင်နှင့် တစ်ကြိမ်တစ်ခါမျှ မဆုံတွေ့ခဲ့ဖူးသောကြောင့် သော်လည်းကောင်း၊ ထိုမတွေ့ဖူးသော ဖခင်အပေါ် စိတ်ခံစားမှုဆိုင်ရာ ဆက်သွယ်မှု မရှိသောကြောင့် သော်လည်းကောင်း ဖြစ်နိုင်ရာ သူ၏ မိခင်ဖြစ်သူ၏ ဝမ်းနည်းပူဆွေးမှုကို ကိုယ်ချင်းစာရန် အနည်းငယ် ခက်ခဲနေသည်။

​

သို့သော် သူ၏ မိခင် ဝမ်းနည်းနေသည်ကို ကြည့်ရင်း အကြောင်းရင်းကို မသိရသော်လည်း သူကိုယ်တိုင်လည်း ငိုချင်စိတ် ပေါက်လာခဲ့လေသည်။

​

ထိုစဉ် ဒေါ်လေးရှန်သည် နန်ကုန်းယွီ၏ မျက်နှာအရောင်အသွေး အနည်းငယ် မူမမှန်ဖြစ်နေသည်ကို သတိပြုမိသွားပြီး အလျင်အမြန် ပြောဆိုလိုက်၏။

​

"အရှင်မ... ကျေးဇူးပြုပြီး သူ့ကို အရမ်းကြီး တင်းကျပ်စွာ မဖက်ထားပါနဲ့... မဟုတ်ရင် ဆက်ခံသူမင်းသားလေး နေလို့မကောင်း ဖြစ်သွားလိမ့်မယ်..."

​

ဤစကားကို ကြားချိန်၌ ရှန်ကွမ်ယွဲ့ရှီးသည် နောက်ကျမှ သတိပြုမိသွားကာ သူမ၏ ဆုပ်ကိုင်ထားမှုကို အလျင်အမြန် လျှော့ချလိုက်သည်။

​

သူမက နန်ကုန်းယွီကို ကြည့်ကာ တောင်းပန်နေသော အမူအရာကို ပြသခဲ့လေသည်။

​

"ယွီအာ... တောင်းပန်ပါတယ်... ဒါက အမေ့ရဲ့ အမှားပါ..."

​

ဤစကားကို ကြားချိန်၌ နန်ကုန်းယွီသည် သူ၏ ငိုချင်နေသော ဆန္ဒကို အလျင်အမြန် ဖိနှိပ်ထားလိုက်ပြီး သူ ဂရုမစိုက်သကဲ့သို့ နားမလည်သကဲ့သို့ အပြုံးတစ်ခုဖြင့် သူမကို တုံ့ပြန်လိုက်၏။

​

ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ ရှန်ကွမ်ယွဲ့ရှီးက သူမ၏ ရင်ထဲတွင် တွေးတောလိုက်သည်။

​

'ယွီအာ... ငါ့ရဲ့ ယွီအာ... အမေက သားလေး ကြီးပြင်းလာတဲ့အထိ သေချာပေါက် ကာကွယ်ပေးသွားမှာပါ...'

​

မကြာမီမှာပင် နန်ကုန်းယွီသည် ပင်ပန်းနွမ်းနယ်မှုများ ကြီးစိုးလာသည်ကို ခံစားလိုက်ရပြီး အသိစိတ်လွတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။

​

ဤသည်ကို မြင်လိုက်ရချိန်၌ ရှန်ကွမ်ယွဲ့ရှီးသည် မော့ကြည့်ကာ တိုးတိတ်စွာ ညွှန်ကြားလိုက်၏။

​

"ကျန်းပေ့မင်းသားရဲ့ ရုပ်အလောင်းကို ပြန်မရခဲ့ပေမဲ့ လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ ဆက်လုပ်ရဦးမယ်လေ... ဒေါ်လေးရှန်ကိုပဲ အလုပ်ရှုပ်ခံပြီး ဒုက္ခပေးရတော့မယ်..."

​

ဒေါ်လေးရှန်က အလျင်အမြန် ခေါင်းခါပြလိုက်သည်။

​

"အရှင်မ... ဘာတွေပြောနေတာလဲ... ဒီကိစ္စတွေက အစေခံမလေး ကိုင်တွယ်ဖြေရှင်းရမယ့် အရာတွေပါ... အခု အရှင်မလည်း နိုးလာပြီဆိုတော့ ကောင်းကောင်း အနားယူပြီး ပြန်လည်ကျန်းမာလာအောင် လုပ်ပါ... ကျွန်မ သွားပြီး အလုပ်လုပ်လိုက်ပါဦးမယ်..."

​

"ကျေးဇူးတင်ပါတယ် ဒေါ်လေးရှန်..."

​

ရှန်ကွမ်ယွဲ့ရှီးက သူမကို ကျေးဇူးတင်စကား ပြောဆိုလိုက်ပြီး ဒေါ်လေးရှန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဦးညွှတ်ဂါရဝပြုပြီးနောက် ထွက်ခွာသွားလေသည်။

​

မြောက်ပိုင်းဒေသ၊ ပေ့ကျီမြို့။

​

ပုံရိပ်သုံးခုသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ရောက်ရှိလာပြီး မကြာမီမှာပင် ၎င်းတို့သည် ပေ့ကျီမြို့၏ အထက်ကောင်းကင်ယံသို့ ရောက်ရှိသွားကြပေ၏။

​

"ငါတို့တွေ အလျင်စလိုနဲ့ ကမန်းကတန်း ပြေးလာခဲ့ပေမဲ့ နောက်ဆုံးတော့ နောက်ကျသွားခဲ့ပြီပဲ..."

​

ရှေ့ဆုံးမှ ဦးဆောင်လာသော သက်လတ်ပိုင်းလူက ဝမ်းနည်းသော အမူအရာဖြင့် ပြောဆိုလိုက်သည်။ ၎င်းတို့သည် ခရီးတစ်ဝက်တွင် ကျန်းပေ့မင်းသား သေဆုံးသွားကြောင်း သတင်းရရှိခဲ့သော်လည်း သူတို့သုံးယောက်သည် ဆက်လက်လာရောက်ခဲ့ကြသည်။

​

ထိုသုံးယောက်မှာ အခြားသူများမဟုတ်ဘဲ မြင်းစီးစစ်သူကြီး ယန်ကျုံနှင့် သူနှင့်အတူ ခေါ်ဆောင်လာသော ကိုယ်ရံတော်နှစ်ဦးပင် ဖြစ်ပေသည်။

​

"ဒါက ဘာမှလုပ်လို့မရဘူးလေ... ချင်းယိုအင်ပါယာက ကြီးလည်းမကြီးဘူး သေးလည်းမသေးဘူး... တကယ်လို့ ဧကရာဇ်မြို့တော်နဲ့ မြောက်ပိုင်းဒေသက ဖူကွမ်းမြို့ကြားမှာရှိတဲ့ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကိုသာ အသုံးမပြုခဲ့ရင် အချိန် ၉၀ ရာခိုင်နှုန်းလောက် သက်သာမှာ မဟုတ်ဘဲ ဒီကိုရောက်ဖို့ အချိန်ဘယ်လောက်တောင် ပိုကြာဦးမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ..."

​

သူတို့အထဲမှ ဆံဖြူအဘိုးအိုက ပြောဆိုလိုက်ရာ သူ၏ လေသံတွင် ကူကယ်ရာမဲ့မှုများနှင့် ပို၍ပြင်းထန်သော နောင်တရမှုများ ပြည့်နှက်နေပေ၏။

​

သူသည် ကျန်းပေ့မင်းသားကို မကယ်တင်နိုင်ခဲ့သည့်အတွက် ကူကယ်ရာမဲ့ဖြစ်နေပုံရပြီး ချင်းယိုအင်ပါယာက ကျန်းပေ့မင်းသားကဲ့သို့သော ထိပ်တန်းစစ်သူကြီးတစ်ဦးကို ဆုံးရှုံးလိုက်ရသည့်အတွက် နောင်တရနေပုံပေါ်ပေသည်။

​

"ရှာကြည့်ကြတာပေါ့... ဒီခရီးစဉ်က ငါတို့ရဲ့အမှား မဟုတ်ပေမဲ့ အရှင်မင်းကြီးရဲ့ တာဝန်ပေးအပ်မှုကို ပျက်ကွက်ခဲ့တယ်လို့ သတ်မှတ်လို့ရတယ်လေ... အနည်းဆုံးတော့ ငါတို့တွေ ကျန်းပေ့မင်းသားရဲ့ ကိုယ်ပိုင်ပစ္စည်းတချို့ကိုတော့ ပြန်ယူသွားသင့်တယ်..."

​

ဆံဖြူအမျိုးသမီးက ပြောဆိုလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် သက်ပြင်းချမှုတစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာသော်လည်း ၎င်းမှာ အတိတ်ကို လွမ်းဆွတ်တမ်းတနေခြင်းနှင့် ပို၍တူနေပေ၏။

​

"ဟုတ်တာပေါ့..."

​

သူတို့သုံးယောက်သည် ခဏတာမျှ ရှာဖွေခဲ့ကြပြီးနောက် နောက်ဆုံးတွင် ဝိညာဉ်အဆင့် ဓားရှည်တစ်လက်ကို တွေ့ရှိခဲ့ကြရာ ၎င်းမှာ အခြားမဟုတ်ဘဲ နန်ကုန်းအောက်ချန်၏ ကိုယ်ပိုင်ဓားပင် ဖြစ်ပေသည်။

​

ချန်ကွမ်း ဓား။

​

သို့ရာတွင် တောက်ပကာ ထက်မြက်နေသင့်သော အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာဖြစ်သည့် ချန်ကွမ်း ဓားသည် ယခုအခါ ပြင်းထန်စွာ ပျက်စီးနေခဲ့ပြီး အရောင်အဝါကင်းမဲ့ကာ မှေးမှိန်နေပုံရပြီး ၎င်း၏ အဆင့်မှာ သာမန်လက်နက်နှင့် ဝိညာဉ်ရတနာ ကြားသို့ပင် ကျဆင်းသွားခဲ့လေပြီ။

​

သူတို့သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းခါလိုက်ကြသည်။

​

စစ်မြေပြင်တစ်ခုလုံးတွင် ဤချန်ကွမ်း ဓားတစ်လက်တည်းကိုသာ ရှာတွေ့နိုင်ခဲ့ပြီး အခြား မည်သည့်အရာကိုမျှ ပြန်လည်မရယူနိုင်ခဲ့ချေ။

​

ယန်ကျုံက သက်ပြင်းချလိုက်ပြီးနောက် ကိုယ်ရံတော်နှစ်ဦးကို ကြည့်ကာ ပြောဆိုလိုက်သည်။

​"အကြီးအကဲ ကျောက်... ကိုယ်ရံတော် လျို... ကျွန်တော်က မြောက်ပိုင်းဒေသကို ကာကွယ်ဖို့ အမိန့်ရထားတယ်... ခင်ဗျားတို့ နှစ်ယောက်ထဲက တစ်ယောက်က အရှင်မင်းကြီးဆီကို ပြန်ပြီး သတင်းပို့ဖို့ လိုအပ်ပြီး နောက်တစ်ယောက်က ကျွန်တော့်ကို ကူညီပေးဖို့ လိုအပ်တယ်... ကျွန်တော် သိချင်တာက..."

​

ထိုနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဆံဖြူအဘိုးအိုက ချက်ချင်း ပြောဆိုလိုက်သည်။

​

"လျိုမင်ယွဲ့... မင်းပဲ ပြန်သွားလိုက်ပါ... ငါက ဒီမှာကျန်ရစ်ခဲ့ပြီး မြောက်ပိုင်းဒေသကို ကာကွယ်ဖို့ စစ်သူကြီး ယန်ကို ကူညီပေးမယ်..."

​

လျိုမင်ယွဲ့က ခေါင်းညိတ်လိုက်ပြီး မငြင်းဆန်ခဲ့ချေ။

​

ဤအချိန်တွင် ယန်ကျုံက ပြောဆိုလိုက်၏။

​

"ကိုယ်ရံတော် နှစ်ယောက်စလုံးကို ကျေးဇူးအများကြီးတင်ပါတယ်... ဒါပေမဲ့ တပ်ဖွဲ့အသီးသီးဆီကို သွားပြီး လက်ခံရယူတာတွေ ပြန်လည်ဖွဲ့စည်းတာတွေ မလုပ်ခင်မှာ ငါတို့တွေက ကျန်းပေ့မင်းသားစံအိမ်ကို အရင်သွားဖို့ လိုအပ်တယ်လေ..."

​

"ဒါက မှန်ပဲ"

​

သူတို့သုံးယောက်သည် ခေါင်းညိတ်လိုက်ကြပြီးနောက် ထွက်ခွာရန် လှည့်ထွက်သွားကြလေသည်။

​

ဖူကွမ်းမြို့၊ ကျန်းပေ့မင်းသားစံအိမ်။

​

နန်ကုန်းယွီ နောက်တစ်ကြိမ် နိုးလာချိန်တွင် ညအချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး စံအိမ်တစ်ခုလုံးသည် ငိုကြွေးပူဆွေးနေသော အသံများဖြင့် ပြည့်နှက်နေပေ၏။

​

နန်ကုန်းယွီသည် စံအိမ်၏ အနောက်ဘက်ခြံဝင်းအတွင်းပိုင်း၌ ရှိနေသော်လည်း အရှေ့ဘက်ခြံဝင်းမှ လာသော ငိုကြွေးသံများကို တိုးတိတ်စွာ ကြားနေရပေသည်။

​

သူသည် မျက်လုံးများကို လှည့်ကာ ကြည့်လိုက်သော်လည်း ရှန်ကွမ်ယွဲ့ရှီးမှာ သူ၏နံဘေးတွင် မရှိသည်ကို တွေ့လိုက်ရပြီး သူမ မည်သည့်နေရာသို့ သွားကြောင်း သူ မသိခဲ့။

​

နန်ကုန်းယွီသည် များစွာ မတွေးတောတော့ဘဲ သူ၏အကြည့်များကို သူ့ဆီသို့ ပြန်လှည့်လိုက်သည်။ သူ ပြုလုပ်ရန် အသေးစားကိစ္စ နှစ်ခု ကျန်ရှိနေသေးပေ၏။

​

သို့ရာတွင် ထိုသို့မပြုလုပ်မီ သူ၏ပတ်ဝန်းကျင်၌ မည်သူမျှ မရှိကြောင်းကို သေချာစေရန် လိုအပ်သကဲ့သို့ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ၏ လုပ်ရပ်များကို မမြင်နိုင်ကြောင်းကိုလည်း သေချာစေရန် လိုအပ်လေသည်။

​

နန်ကုန်းယွီသည် သူ၏စိတ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ အလင်းရောင်ဖန်သားပြင်တစ်ခုသည် သူ၏စိတ်ထဲတွင် ရှင်းလင်းစွာ ထွက်ပေါ်လာပေတော့သည်။

အခန်း (၆) - နတ်ဘုရားအရိပ် တမန်တော်ကို ပထမဆုံး ဆင့်ခေါ်ခြင်း

နန်ကုန်းယွီ၏ စိတ်ဆန္ဒလေး တစ်ချက်အောက်မှာပင် ရှင်းလင်းပြတ်သားသော အလင်းပြကွက်တစ်ခုက သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

[အမည် - နန်ကုန်းယွီ]

[အသက် - ၀ နှစ်]

[မျိုးနွယ် - လူသားမျိုးနွယ်]

[ကျင့်စဉ်အဆင့် - ခန္ဓာကိုယ်သန့်စင်ခြင်း အထွတ်အထိပ် ပြီးပြည့်စုံခြင်း]

[ဝိညာဉ်အမြစ် - မဟာဟင်းလင်းပြင်ဝိညာဉ်အမြစ်]

[ခန္ဓာကိုယ် - နတ်ဘုရားအရိပ် တာအိုခန္ဓာ]

[ကျင့်စဉ် - မဟာဟင်းလင်းပြင် မူလပြန်လည်ရောက်ရှိခြင်း ကျင့်စဉ်]

[ဝိညာဉ်ပညာရပ် - ငုပ်လျှိုးနေသော နက်နဲမှု]

[ဒုတိယအလုပ် - မရှိ]

[လက်နက် - ဟင်းလင်းပြင်ငှက်မွေး (အကောင်းဆုံးအဆင့် ဧကရာဇ်လက်နက်)]

[လက်အောက်ငယ်သား - မရှိ]

[ပစ္စည်း - ယင်ယန်ပြောင်းပြန် နက်နဲသောဆေးလုံး]

...

နန်ကုန်းယွီသည် ပြကွက်ပေါ်ရှိ သတင်းအချက်အလက်များကို ကြည့်ရင်း ခေါင်းကို အနည်းငယ်ညိမ့်ခဲ့သည်။

ဤသည်မှာ အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းက သူ့အား ပေးအပ်ထားသော အသေးစား အထူးအခွင့်အရေး တစ်ခုဖြစ်ပြီး သူ၏ ကိုယ်ပိုင်အခြေအနေများကို စစ်ဆေးနိုင်ကာ မိမိကိုယ်ကို ယေဘုယျအားဖြင့် နားလည်သဘောပေါက်စေရန် ဖြစ်ပေ၏။

သို့ရာတွင် သူ၏ ကျင့်စဉ်အဆင့်ကို မြင်လိုက်ရချိန်၌ အနည်းငယ် အံ့အားသင့်သွားပြီး မသေချာမရေရာ ဖြစ်သွားခဲ့သည်။

"ကျင့်စဉ်အဆင့်မှာ အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့်၊ နောက်ပိုင်းအဆင့် နဲ့ အထွတ်အထိပ်အဆင့် လေးခုပဲ ရှိတာ မဟုတ်ဘူးလား... ဒီ အထွတ်အထိပ် ပြီးပြည့်စုံခြင်း က ဘယ်ကနေ ထွက်လာတာလဲ..."

"ပြီးတော့ ဒီလောက်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ တကယ်ပဲ ဒီလောက်အထိ ရောက်သွားတာလား..."

နန်ကုန်းယွီသည် သံသယများနှင့် မသေချာမရေရာမှုများ ပြည့်နှက်နေခဲ့သည်။ ကျင့်ကြံသူများ၏ အထွေထွေဗဟုသုတ စွယ်စုံကျမ်း အရဆိုလျှင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ဆိုသည်မှာ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ဖြစ်စေ၊ ဆေးရည်များကို အသုံးပြု၍ဖြစ်စေ မိမိ၏ ခန္ဓာကိုယ်ကို သန့်စင်ကြံ့ခိုင်စေရန် လေ့ကျင့်ရပြီး နောက်ပိုင်းကျင့်စဉ်များအတွက် အခြေခံအုတ်မြစ် ချပေးရခြင်း ဖြစ်ပေ၏။

ခန္ဓာကိုယ်သန့်စင်ခြင်းကို အဆင့်ငယ် လေးဆင့် ခွဲခြားနိုင်သည်။ အစောပိုင်းအဆင့် (အရေပြားနှင့် အသားများကို သန့်စင်ခြင်း)၊ အလယ်အလတ်အဆင့် (အရွတ်နှင့် အရိုးများကို သန့်စင်ခြင်း)၊ နောက်ပိုင်းအဆင့် (ကိုယ်တွင်းအင်္ဂါများကို သန့်စင်ခြင်း) နှင့် အထွတ်အထိပ်အဆင့် (ခြင်ဆီနှင့် သွေးများကို သန့်စင်ခြင်း) တို့ဖြစ်ကြ၏။ သက်ဆိုင်ရာ ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ ကြံ့ခိုင်မှုသည် မူလအခြေအနေထက် ကိုးဆ ပိုမိုသန်မာလာမှသာ နောက်ထပ် အဆင့်ငယ်တစ်ခုသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။

သေချာပေါက် နောက်ပိုင်းတွင် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို လေ့ကျင့်သန့်စင်ခြင်းက ယခင်က သန့်စင်ပြီးသား အစိတ်အပိုင်းများအပေါ်တွင်လည်း အကျိုးသက်ရောက်မှု အချို့ ရှိပေသည်။ ထို့ကြောင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် အထွတ်အထိပ် ပြီးပြည့်စုံခြင်း အချိန်သို့ ရောက်ရှိလာပါက ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ကြံ့ခိုင်မှုသည် ကနဦးအခြေအနေထက် ဆယ်ဆအထိ ရောက်ရှိသွားနိုင်ပေ၏။

ဤအဆင့်သို့ ရောက်ရှိသွားပါက ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းနိုင်ပြီး တန်ထျန်း အတွင်းသို့ သန့်စင်ပြောင်းလဲနိုင်ပြီ ဖြစ်သည်။ ၎င်းကို ဝိညာဉ်စုပ်ယူခြင်းအဆင့် ဟု ခေါ်ဆိုပေ၏။

သို့သော် သူက ဘာကိုမှ မခံစားရဘဲနဲ့ နာရီဝက်လေးအတွင်းမှာတင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ပြီးပြည့်စုံခြင်း ကို ရောက်သွားသည်လား။

ဒါမှမဟုတ် အဲ့ဒီအထွတ်အထိပ် ပြီးပြည့်စုံခြင်း ဆိုတာက ဘာများလဲ။ ဘာတွေ ဖြစ်နေတာလဲ။

နန်ကုန်းယွီသည် နားမလည်နိုင်အောင် ဖြစ်နေခဲ့သော်လည်း သူ၏ မေးခွန်းများကို ဖြေဆိုပေးမည့်သူ မရှိချေ။

သူက မိမိကိုယ်ကို ဂရုတစိုက် ပြန်လည်စစ်ဆေးကြည့်လိုက်ရာ အနည်းငယ် အံ့အားသင့်သွားပြီး သံသယဖြစ်သွားတော့သည်။

သူ မှားယွင်းစွာ ခံစားမိသည်လားတော့ မသိသော်လည်း သူ၏ လက်ရှိ ခံစားချက်အရ သူ၏ ခန္ဓာကိုယ်သည် မွေးစကထက် ဆယ်ဆမက ဆတစ်ရာအထိ ပိုမိုကြံ့ခိုင်လာသကဲ့သို့ ခံစားနေရပေ၏။

နန်ကုန်းယွီက အခိုက်အတန့်မျှ စဉ်းစားလိုက်ပြီး ၎င်းသည် နတ်ဘုရားအရိပ် တာအိုခန္ဓာ နှင့် မဟာဟင်းလင်းပြင် မူလပြန်လည်ရောက်ရှိခြင်း ကျင့်စဉ် တို့၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်ကာ ဆက်မတွေးတော့ချေ。

ချက်ချင်းပင် သူက ပုံမှန်မဟုတ်သော ခန္ဓာကိုယ် သတင်းအချက်အလက်များကို မွေးကင်းစကလေးငယ် တစ်ယောက်တွင် ရှိသင့်သည့် ပုံမှန်အခြေအနေအဖြစ်သို့ ပြောင်းလဲရန် ငုပ်လျှိုးနေသော နက်နဲမှု ကို အသုံးပြုလိုက်လေ၏။

အခိုက်အတန့်မျှ စဉ်းစားပြီးနောက် သူ၏ ဝိညာဉ်အမြစ် သတင်းအချက်အလက်ကို အလယ်အလတ်အဆင့် သတ္တုဝိညာဉ်အမြစ် အဖြစ်သို့ ပြောင်းလဲလိုက်ပြီး ခန္ဓာကိုယ်ကိုလည်း ဝိညာဉ်ခန္ဓာကိုယ်မဟုတ်သော သာမန်လူသားများ၏ ပုံမှန်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲလိုက်သည်။

အထွေထွေဗဟုသုတ စွယ်စုံကျမ်း အရ ဝိညာဉ်အမြစ် ပါရှိလာခြင်းသည် ကံတရားအပေါ် မူတည်ပေသည်။ အကယ်၍ မိဘနှစ်ပါးစလုံးတွင် ဝိညာဉ်အမြစ် မရှိပါက ကလေးငယ်တွင် ဝိညာဉ်အမြစ် ပါလာနိုင်သော်လည်း ဖြစ်နိုင်ခြေက အလွန်နည်းပါးလှပေ၏။ မိဘနှစ်ပါးစလုံးတွင် ဝိညာဉ်အမြစ် ရှိနေပါက ကလေးငယ်တွင် ဝိညာဉ်အမြစ် ပါလာနိုင်ခြေ ၆၀% ခန့် ရှိပေသည်။

ထို့အပြင် ဝိညာဉ်အမြစ်များသည် မျိုးရိုးလိုက်ခြင်း မဟုတ်ပေ။ မိဘနှစ်ပါးစလုံးက မီးဝိညာဉ်အမြစ် ပိုင်ရှင်များ ဖြစ်နေလျှင်တောင်မှ ကလေးငယ်တွင် ရေဝိညာဉ်အမြစ်၊ သစ်သားဝိညာဉ်အမြစ် စသည့် အခြားသော ဝိညာဉ်အမြစ်များ ပါလာနိုင်ခြေ ရှိသည်။

ဝိညာဉ်အမြစ် ရှိနေသရွေ့ ကျင့်ကြံနိုင်သော်လည်း အလယ်အလတ်အဆင့် သတ္တုဝိညာဉ်အမြစ် ဖြင့်ဆိုလျှင် အမြင့်ဆုံး ဝိညာဉ်ပြောင်းလဲခြင်းအဆင့် အထိသာ ကျင့်ကြံနိုင်မည်ဖြစ်သည်။ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် အခွင့်အရေး ရရှိခြင်းကတော့ သီးခြားကိစ္စရပ်တစ်ခု ဖြစ်ပေ၏။

ကျန်းပေ့မင်းသား၏ သားတစ်ယောက်အနေဖြင့် သူ၏ အလယ်အလတ်အဆင့် သတ္တုဝိညာဉ်အမြစ် သည် သာမန်မျှသာ ဖြစ်သော်လည်း လက်ခံနိုင်စရာတော့ ရှိပေသည်။ ထို့အပြင် အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်သာ ရှိခြင်းက အခြားသူများ၏ အာရုံစိုက်မှုကို လျော့နည်းစေနိုင်ပြီး အထူးသဖြင့် ကျန်းပေ့မင်းသား၏ ရန်သူများ၏ အာရုံစိုက်မှုကို ရှောင်လွှဲနိုင်ပေ၏။

ဥပမာအားဖြင့် သူသည် ကျန်းပေ့မင်းသားကို သေစေမည့် နိမိတ်မကောင်းသော ကလေးဖြစ်သည်ဟု ယူဆနေသူများ ရှိနေပေသည်။

သူ၏ သတင်းအချက်အလက်များကို ပြုပြင်မွမ်းမံပြီးနောက် နန်ကုန်းယွီသည် အလင်းပြကွက်ကို တစ်ဖန် ပြန်ကြည့်လိုက်ရာ ဟင်းလင်းပြင်ငှက်မွေး ၏ အဆင့်ကို မြင်လိုက်ရသဖြင့် ထပ်မံ၍ အံ့အားသင့်သွားပြန်သည်။

"ဟင်းလင်းပြင်ငှက်မွေးရဲ့ ကနဦးအဆင့်က ဒီလောက်အထိ မြင့်မားနေလိမ့်မယ်လို့ ငါ မထင်ထားဘူး... တကယ်ကို အံ့မခန်း သန်မာလွန်းတယ်..."

နန်ကုန်းယွီက သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီး သူ၏ စိတ်ဆန္ဒလေး တစ်ချက်အောက်မှာပင် တန်ထျန်း အတွင်းရှိ ဟင်းလင်းပြင်ငှက်မွေး သည် လျင်မြန်စွာ အသွင်ပြောင်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထူးခြားသော ပုံစံရှိသည့် ဒိုင်းလွှားတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ရုတ်တရက် အသိဉာဏ်တစ်ခုက သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့ပြီး ၎င်းကို ဟင်းလင်းပြင်ငှက်မွေး ထံမှ ရရှိခြင်းဖြစ်ပေ၏။

ဒိုင်းလွှားသည် သူ၏ တန်ထျန်း အတွင်း၌ တည်ရှိနေသော်လည်း ၎င်းက သူ၏ အရေပြားမျက်နှာပြင်ပေါ်တွင် အကာအကွယ်ဒိုင်းလွှားတစ်ခုကို အစဉ်အမြဲ ဖန်တီးပေးထားပြီး သူ့ကို ထိခိုက်စေနိုင်သည့် တိုက်ခိုက်မှုများကို ကာကွယ်ပေးထားပေသည်။ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် ဟင်းလင်းပြင်ငှက်မွေး သည် ပိုင်ရှင်ဖြစ်သူကို အလိုအလျောက် ကာကွယ်ပေးမည်ဖြစ်ပြီး တိုက်ခိုက်မှုများကို ဟန့်တားပေးမည် ဖြစ်သည်။

ဤသည်ကို နားလည်သွားချိန်၌ နန်ကုန်းယွီသည် အပို အကာအကွယ်တစ်ခု ထပ်မံရရှိသွားသဖြင့် အနည်းငယ် ပျော်ရွှင်သွားတော့သည်။

ကောင်းလိုက်တာ...

စိတ်ဆန္ဒလေး တစ်ချက်ဖြင့် သူက အလင်းဒိုင်းလွှားကို ဖယ်ရှားလိုက်သည်။

ထို့နောက် သူသည် အခိုက်အတန့်မျှ တုံ့ဆိုင်းနေခဲ့ပြီးနောက် နတ်ဘုရားအရိပ် တမန်တော် တစ်ဦးကို ဆင့်ခေါ်ရန် ကြိုးစားလိုက်သည်။

မှောင်မည်းနေသော ထောင့်တစ်နေရာမှ အရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး မည်းနက်နေသော လူ့ပုံသဏ္ဍာန်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

နန်ကုန်းယွီက အကြည့်လွှဲလိုက်ရာ ထိုပုံသဏ္ဍာန်သည် သိုင်းပညာရှင်တစ်ဦး မဟုတ်ဘဲ အရိပ်တစ်ခုသာ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။

နတ်ဘုရားအရိပ် တမန်တော် သည် သူတို့၏ နာမည်အတိုင်း တကယ့်အရိပ်တွေလား ဆိုတာ ပြောရခက်ပေ၏။

နန်ကုန်းယွီက တိတ်တဆိတ် စဉ်းစားနေစဉ်မှာပင် နတ်ဘုရားအရိပ် တမန်တော် သည် ၎င်း၏ အစစ်အမှန်ပုံစံကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ချက်ချင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။

ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီက မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး ဘာဖြစ်သွားသည်ကို ဝေဝါးစွာ ခန့်မှန်းမိလိုက်၏။

မကြာမီမှာပင် နတ်ဘုရားအရိပ် တမန်တော် ပြန်လည်ရောက်ရှိလာပြီး ဒူးတစ်ဖက်ထောက်ကာ အရိုအသေပေးလိုက်ရာ တိုးညင်းပြီး အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဒီငယ်သား ရှဲဒိုးချမ်း... သခင်ကို အရိုအသေပေးပါတယ်..."

နန်ကုန်းယွီသည် ကုတင်ရှေ့တွင် ဒူးထောက်နေသော ပုံသဏ္ဍာန်ကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ၎င်းသည် အမှန်တကယ်ပင် ကပ်ဘေးပျက်သုဉ်းခြင်းအဆင့် အထွတ်အထိပ် ခွန်အားကို ပိုင်ဆိုင်ထားပေ၏။

သို့သော် သူသည် အခိုက်အတန့်မျှသာ အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။ နတ်ဘုရားအရိပ် တာအိုခန္ဓာ ပိုင်ရှင်တစ်ဦးအနေဖြင့် သူသည် နတ်ဘုရားအရိပ် တပ်၏ ခေါင်းဆောင် ကိုးဦး၊ ထျန်းကန်း စစ်သူကြီးအဆင့် သုံးဆယ့်ခြောက်ဦး၊ တိရှား စစ်သူကြီးအဆင့် ခုနစ်ဆယ့်နှစ်ဦး နှင့် အကန့်အသတ်မရှိသော အယောက်တစ်ရာပါ နတ်ဘုရားအရိပ် တပ်စုများကို ဆင့်ခေါ်နိုင်ပေသည်။

၎င်းတို့အနက် ခေါင်းဆောင်အဆင့် နတ်ဘုရားအရိပ် တမန်တော်၏ အမြင့်ဆုံး ကျင့်စဉ်အဆင့်သည် သူ၏ ကျင့်စဉ်အဆင့်ထက် အဆင့်ကြီး ခုနစ်ဆင့် ပိုမိုမြင့်မားနိုင်ပြီး စစ်သူကြီးအဆင့် နတ်ဘုရားအရိပ် တမန်တော်၏ အမြင့်ဆုံး ကျင့်စဉ်အဆင့်သည် သူ၏ ကျင့်စဉ်အဆင့်ထက် အဆင့်ကြီး သုံးဆင့် ပိုမိုမြင့်မားနိုင်ကာ တပ်စုမှူးအဆင့် နတ်ဘုရားအရိပ် တမန်တော်၏ ကျင့်စဉ်အဆင့်သည် သူ၏ ကျင့်စဉ်အဆင့်ထက် အဆင့်ကြီး တစ်ဆင့် ပိုမိုမြင့်မားနိုင်ပေ၏။ အခြားသော သာမန် နတ်ဘုရားအရိပ် တမန်တော်များ၏ ကျင့်စဉ်အဆင့်မှာမူ သူနှင့် တူညီနေမည်။

သူ၏ ပထမဆုံး ဆင့်ခေါ်မှုက ခေါင်းဆောင်အဆင့် နတ်ဘုရားအရိပ် တမန်တော် တစ်ဦးကို သေချာပေါက် ရရှိစေမည်ဖြစ်သည်။ သူ၏ ကျင့်စဉ်အဆင့် မြင့်တက်လာမှသာ အခြားသော ခေါင်းဆောင်များနှင့် စစ်သူကြီးများကို ဆက်လက်ဆင့်ခေါ်နိုင်မည်။

သူ၏ လက်ရှိ ကျင့်စဉ်အဆင့်ဖြင့်ဆိုလျှင် တပ်စုမှူးအဆင့် နတ်ဘုရားအရိပ် တမန်တော် တစ်ဦးနှင့် သာမန် နတ်ဘုရားအရိပ် တမန်တော် ကိုးဆယ့်ကိုးဦး ပါဝင်သော အခြား နတ်ဘုရားအရိပ် တပ်စုတစ်ခုကို ဆက်လက်ဆင့်ခေါ်နိုင်ပေသည်။

နန်ကုန်းယွီကို အံ့အားသင့်စေသည်မှာ ခေါင်းဆောင်အဆင့်နှင့် စစ်သူကြီးအဆင့် နတ်ဘုရားအရိပ် တမန်တော်များသည် သေဆုံးနိုင်စွမ်းမရှိခြင်းပင်။ တိတိကျကျ ပြောရလျှင် သူတို့ ဖျက်ဆီးခံလိုက်ရပါက ခုနစ်ရက်အကြာတွင် ပြန်လည်ဆင့်ခေါ်နိုင်ပေ၏။ အခြားသော နတ်ဘုရားအရိပ် တမန်တော်များကိုမူ ဖျက်ဆီးခံလိုက်ရသည်နှင့် ချက်ချင်း ပြန်လည်ဆင့်ခေါ်ကာ အစားထိုးနိုင်သဖြင့် သူတို့သည်လည်း သေဆုံးနိုင်စွမ်းမရှိသကဲ့သို့ ဖြစ်နေပေသည်။

နန်ကုန်းယွီသည် သူ့ရှေ့တွင်ရှိနေသော ရှဲဒိုးချမ်း ကို ကြည့်လိုက်ပြီး သူ၏ စိတ်ထဲမှ မေးမြန်းလိုက်သည်။

"မင်း ခုနက ဘယ်သွားတာလဲ... ဒီနားတစ်ဝိုက်မှာ သတိထားမိတဲ့သူ ရှိလား..."

သူက အသံထွက်၍ မဆက်သွယ်နိုင်သော်လည်း နတ်ဘုရားအရိပ် တမန်တော် နှင့် စိတ်ချင်း အလွယ်တကူ ဆက်သွယ်နိုင်ပေ၏။

ရှဲဒိုးချမ်း က ခေါင်းမမော့သော်လည်း သူ၏ အသံက ထွက်ပေါ်လာခဲ့သည်။

"သခင်ကို သတင်းပို့ပါတယ်... ဒီခြံဝင်းကို စောင့်ကြည့်နေတဲ့ ကျင့်ကြံသူ ကိုးယောက် ရှိပါတယ်... သူတို့ထဲက ခုနစ်ယောက်က ရန်လိုတဲ့ရည်ရွယ်ချက် မရှိတာကို တွေ့ရလို့ သူတို့ကို လောလောဆယ် စိတ်အာရုံလှည့်စားမှု ဝင်္ကပါထဲ ထည့်ထားလိုက်ပါတယ်... ကျန်တဲ့ နှစ်ယောက်ကိုတော့ ကျွန်တော် ရှင်းလင်းလိုက်ပါပြီ..."

ဤစကားကို ကြားရချိန်၌ နန်ကုန်းယွီသည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခေါင်းကို အနည်းငယ် ညိတ်ကာ စိတ်ထဲမှ တစ်ဖန် ဆက်သွယ်လိုက်ပြန်၏။

"ကောင်းတယ်... အခုကစပြီး မင်း ငါ့ကို ကာကွယ်ဖို့ ငါ့ဘေးနားမှာပဲ နေရမယ်... ခဏနေရင် ငါ နတ်ဘုရားအရိပ် တပ်စု တစ်စုကို ဆင့်ခေါ်မယ်... မင်း သူတို့ကို ဦးဆောင်ပြီး ဒီမြို့ထဲမှာ သတင်းအချက်အလက်တွေ စုဆောင်းရမယ်... တကယ်လို့ ငါနဲ့ ငါ့အမေကို ပစ်မှတ်ထားပြီး အန္တရာယ်ပေးဖို့ ကြိုးစားနေတဲ့ ကိစ္စတွေရှိရင် မင်း ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်..."

"ဟုတ်ကဲ့ပါ..."

ရှဲဒိုးချမ်း က ခေါင်းညိတ်သဘောတူလိုက်သည်။

နန်ကုန်းယွီ၏ စိတ်ဆန္ဒလေး တစ်ချက်အောက်မှာပင် သူ၏ လက်သေးသေးလေးထဲတွင် ဆေးလုံးတစ်လုံး ထွက်ပေါ်လာခဲ့၏။ ၎င်းကား ယင်ယန်ပြောင်းပြန် နက်နဲသောဆေးလုံး ပင်တည်း။

သူက ပါးစပ်သေးသေးလေးကို ဟလိုက်ပြီး လက်သေးသေးလေးကို ပါးစပ်နားသို့ ခက်ခက်ခဲခဲ ရွှေ့ကာ ဆေးလုံးကို ပါးစပ်ထဲ ထည့်လိုက်လေ၏။

ဆေးလုံးသည် ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသော အေးမြသည့် အငွေ့အသက်တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအေးမြသော အငွေ့အသက်သည် လုံးဝမရှိခဲ့ဖူးသည့်အလား ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့၏။

ဤအခိုက်အတန့်မှာပင် မထင်မှတ်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မဟာဟင်းလင်းပြင် မူလပြန်လည်ရောက်ရှိခြင်း ကျင့်စဉ် သည် အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီး ယင်ယန်ပြောင်းပြန် နက်နဲသောဆေးလုံး မှ နန်ကုန်းယွီ၏ ခန္ဓာကိုယ်အတွင်း ချန်ထားခဲ့သော အနည်းငယ်မျှသော အေးမြသည့် အငွေ့အသက်သည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

အရှိန်က တဖြည်းဖြည်း ပိုမိုမြန်ဆန်လာပြီး...

"ဖောက်..."

နောက်ဆုံးတွင် အချိန်တစ်ခု၌ နန်ကုန်းယွီ၏ ခန္ဓာကိုယ်အတွင်းမှ ထူးဆန်းပြီး တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့ကာ သူ၏ အသက်ရှူနှုန်းက ချက်ချင်း ပြောင်းလဲသွားပြီး ဝိညာဉ်စုပ်ယူခြင်းအဆင့် အစောပိုင်းအဆင့်သို့ တက်လှမ်းသွားကြောင်း ဖော်ပြနေပေ၏။

သို့သော် ဤအငွေ့အသက်က အခိုက်အတန့်မျှသာ ထွက်ပေါ်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ချက်ချင်း ပျောက်ကွယ်သွားကာ နန်ကုန်းယွီသည် သာမန် မွေးကင်းစကလေးငယ် တစ်ယောက်၏ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

ဤအချိန်၌ မဟာဟင်းလင်းပြင် မူလပြန်လည်ရောက်ရှိခြင်း ကျင့်စဉ် သည်လည်း ပုံမှန်လည်ပတ်မှု အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို တိတ်တဆိတ် စုပ်ယူကာ နန်ကုန်းယွီ၏ ဝိညာဉ်စွမ်းအင်အဖြစ် သန့်စင်ပေးနေ၏။

နန်ကုန်းယွီသည် ခန္ဓာကိုယ်တွင်းရှိ သွေးကြောများအတွင်း စီးဆင်းနေသော ဝိညာဉ်စွမ်းအင်များကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ပြီး ၎င်းတို့က ဆက်လက်၍ အားကောင်းလာနေဆဲဖြစ်ရာ သူ့ကို အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားစေခဲ့သည်။

သူက ခေါင်းမော့ကာ ရှဲဒိုးချမ်း ကို ကြည့်လိုက်ရာ သူ၏ ကျင့်စဉ်အဆင့်သည် မည်သို့မည်ပုံ ဝိညာဉ်အရှင်မြတ်အဆင့် အစောပိုင်းအဆင့်သို့ ပြောင်းလဲသွားမှန်း မသိလိုက်ရချေ။

ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီ၏ မျက်နှာအမူအရာသည် ပို၍ပင် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ သူ၏ ကျင့်စဉ်အဆင့် မြင့်တက်လာသည်နှင့်အမျှ နတ်ဘုရားအရိပ် တမန်တော် ၏ ခွန်အားကလည်း အဆက်မပြတ် တိုးတက်လာနေမည်ဖြစ်ရာ သူ မည်သို့လျှင် မပျော်ရွှင်ဘဲ နေနိုင်မည်နည်း။

ထို့အပြင် သူ၏ ကျင့်စဉ်အဆင့်သည် ဝိညာဉ်စုပ်ယူခြင်းအဆင့် အစောပိုင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သောကြောင့် ယခုအခါတွင် နန်ကုန်းယွီသည် နတ်ဘုရားအရိပ် တပ်စု သုံးစုကို ဆင့်ခေါ်နိုင်ပြီ ဖြစ်သည်။

ထျန်းကန်း နှင့် တိရှား စစ်သူကြီးများအတွက်မူ ထျန်းကန်း ခေါင်းဆောင် တစ်ဦးနှင့် တိရှား ခေါင်းဆောင် နှစ်ဦးကို သီးခြားစီ ဆင့်ခေါ်နိုင်ပြီ ဖြစ်ပေ၏။

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီးနောက် သူ၏ စိတ်ဆန္ဒလေး တစ်ချက်အောက်မှာပင် ထောင့်တစ်နေရာမှ အရိပ်များ စတင်ထွက်ပေါ်လာပြီး အခန်းတစ်ခုလုံး ပြည့်နှက်သွားသည်ကို မြင်လိုက်ရသည်။

"ဒီငယ်သား ထျန်းကန်း ခေါင်းဆောင် ၊ တိရှား ခေါင်းဆောင် နဲ့ မြေနတ်ဆိုး က သခင်ကို အရိုအသေပေးပါတယ်..."

"ဒီငယ်သား သခင့်ကို အရိုအသေပေးပါတယ်..."

မရေမတွက်နိုင်သော အရိပ်များက တစ်ပြိုင်နက်တည်း ဒူးထောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပေ၏။

နန်ကုန်းယွီက တစ်ချက် ဝေ့ကြည့်လိုက်သည်။ စုစုပေါင်း ဝိညာဉ်သန္ဓေသားပြောင်းလဲခြင်း အစောပိုင်းအဆင့် စစ်သူကြီး သုံးဦး၊ လိုဏ်ဂူကောင်းကင် အစောပိုင်းအဆင့် တပ်စုမှူး သုံးဦးနှင့် ဝိညာဉ်စုပ်ယူခြင်း အစောပိုင်းအဆင့် နတ်ဘုရားအရိပ် တမန်တော် ၂၉၇ ဦး ရှိပေ၏။

သူက ရှဲဒိုးချမ်း ကို ဝမ်းသာအားရ ကြည့်လိုက်ပြီး စိတ်ထဲမှ တစ်ဆင့် ပြောဆိုလိုက်သည်။

"ရှဲဒိုးချမ်း... အခုကစပြီး သူတို့ကို မင်း တာဝန်ယူရမယ်... သူတို့ကို ခေါ်သွားလိုက်တော့... ပြီးတော့ ငါနဲ့ ငါ့အမေက အသက်အန္တရာယ် ကြုံနေရတဲ့ အခြေအနေမျိုး မဟုတ်ရင် မင်း ကိုယ်ထင်ပြစရာ မလိုဘူး..."

"သေချာပေါက် ငါ မင်းကို ခေါ်တဲ့အချိန်ကလွဲရင်ပေါ့..."

"ဟုတ်ကဲ့ပါ..."

ရှဲဒိုးချမ်း က သဘောတူလိုက်ပြီး နတ်ဘုရားအရိပ် တမန်တော် အားလုံးနှင့်အတူ ပျောက်ကွယ်သွားလေ၏။

သူ ပျောက်ကွယ်သွားသည့် အခိုက်အတန့်မှာပင် အပြင်ဘက်မှ စောင့်ကြည့်နေသော ကျင့်ကြံသူ ခုနစ်ဦးသည်လည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြသည်။

သို့သော် ထိုခုနစ်ဦးသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားကြပြီး သူတို့၏ မျက်နှာအမူအရာများ ပြင်းထန်စွာ ပျက်ယွင်းသွားတော့သည်။

All Chapters