နန်ကုန်းယွီသည် ဒေါသဖြင့် သေဆုံးသွားခဲ့ရ၏။ သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းသွားပြီး မွေးကင်းစ ကလေးငယ်တစ်ဦး ဖြစ်နေကြောင်း တွေ့လိုက်ရပေသည်။ ဤသည်မှာ ကျင့်ကြံသူများ လွတ်လပ်စွာ သွားလာနေပြီး ခွန်အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ကာ ခွန်အားကြီးသူများက သူတို့လုပ်ချင်သမျှကို လုပ်နိုင်ပြီး အားနည်းသူများက အရာအားလုံးကို လက်ခံရုံသာ တတ်နိုင်သော ကမ္ဘာတစ်ခု ဖြစ်ပေ၏။ သူ့ကို စိတ်ပျက်စေသည်မှာ သူ မွေးဖွားသည့်နေ့တွင်ပင် သူ၏ ဖခင်ဖြစ်သူမှာ စစ်မြေပြင်၌ ကျဆုံးသွားခဲ့ရပြီး လောကကြီးက သူ့ကို ကံဆိုးကြယ်ဟု သတ်မှတ်ခဲ့ကြခြင်းပင် ဖြစ်လေသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏မိခင်က သူ့ကို စွန့်လွှတ်မသွားခဲ့သကဲ့သို့ သူ၏ ဧကရာဇ် ဦးရီးတော်ကလည်း သူ့ဘက်တွင် ရပ်တည်ပေးခဲ့ပြီး မွေးဖွားချိန်တွင်ပင် သူ၏ အထူးစွမ်းရည်ဖြစ်သော အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းကို နိုးထစေခဲ့လေ၏။ မင်းဆီမှာ ရှိတာတွေကို ငါ ဝယ်နိုင်တယ်... မင်းဆီမှာ မရှိတာတွေကိုလည်း ငါ ဝယ်နိုင်တယ်... မင်း ဘာမှန်းတောင် မသိတဲ့ အရာတွေကိုပါ ငါ ဝယ်နိုင်တယ်... ငါက ဝယ်နိုင်ရုံတင်မကဘူး... ရောင်းလည်း ရောင်းနိုင်သေးတယ် နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် နန်ကုန်းယွီသည် လောကကြီး၏ ထိပ်ဆုံး၌ ရပ်တည်နေပြီ ဖြစ်သော်လည်း သူသည် သက်ရှိခပ်သိမ်းကို ကျော်လွန်ကာ အမြင့်မြတ်ဆုံးသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့ကြောင်းကို သိရှိသူမှာ အလွန်ပင် နည်းပါးလှပေသည်။

