← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း (၂၃၃) နှုတ်မဆက်ဘဲ ထွက်သွားပြန်ပြီလား

နန်ကုန်းယွီသည် ဘေးဘက်သို့ တည့်တည့်ကြည့်ကာ ပြောလိုက်၏။

"ရှန်ကွမ်ယွင်ယောင် ဘာဖြစ်နေလဲဆိုတာ စစ်ဆေးကြည့်စမ်း"

သူ စကားပြောပြီးသည်နှင့် သူ၏ရှေ့တွင် အလင်းဖျော့ဖျော့တစ်ခု ထွက်ပေါ်လာပေသည်။

"သခင်ကို အစီရင်ခံပါတယ်... ရှန်ကွမ်ယွင်ယောင်က ပြီးခဲ့တဲ့နှစ်တွေတုန်းက ဆေးဆရာများ တောင်ကြားရဲ့ အကြီးအကဲချုပ်ဆီမှာ တပည့်ခံခဲ့ပြီး အခုချိန်ထိ ဆေးဖော်စပ်ခြင်းပညာကို လေ့လာနေခဲ့တာပါ"

"လွန်ခဲ့တဲ့ အချိန်အတန်ကြာက သူမ အိမ်ပြန်လာခဲ့ပေမဲ့ ရှန်ကွမ်ထျန်းရှင်းက သူမအတွက် လက်ထပ်ပွဲ စီစဉ်ပေးခဲ့တယ်... ဒါပေမဲ့ သူမက လုံးဝ လက်မခံခဲ့ဘူး... အဲ့ဒီနောက်ပိုင်း ရှန်ကွမ်ထျန်းရှင်း ခရီးထွက်တာကြောင့် ခဏ ရပ်ဆိုင်းထားခဲ့တယ်"

"ရှန်ကွမ်ထျန်းရှင်း သေဆုံးပြီးနောက်မှာ သူ့သား ရှန်ကွမ်ဟောက်မင်က မိသားစုခေါင်းဆောင်အဖြစ် ဆက်ခံခဲ့ပြီး မျိုးနွယ်စု အကြီးအကဲတွေရဲ့ တိုက်တွန်းမှုနဲ့ ရှန်ကွမ်ထျန်းရှင်း စီစဉ်ခဲ့တဲ့ လက်ထပ်ပွဲကို ဆက်လက် အတည်ပြုခဲ့တယ်... ရှန်ကွမ်ယွင်ယောင်က လက်မခံချင်သေးဘဲ သခင် ပြန်ရောက်လာတာကို ကြားတော့ သခင့်ဆီ လာရှာတာပါ"

"သူမက ဒီလက်ထပ်ပွဲကို ငြင်းပယ်ဖို့ သခင့်ရဲ့ ဩဇာလွှမ်းမိုးမှုကို အသုံးပြုချင်တယ်လို့ ကျွန်တော် သံသယရှိပါတယ်"

"ပြီးတော့ ဆေးဆရာများ တောင်ကြားဘက်မှာ သူမရဲ့ ဆရာကလည်း သူမကို တောင်ကြားသခင်လေးရဲ့ တာအို လက်တွဲဖော် အဖြစ် ပေးစားဖို့ ရည်ရွယ်ထားပုံရတယ်... အဲ့ဒါကြောင့်လည်း ရှန်ကွမ်ယွင်ယောင်က သခင့်ကို တာအို လက်တွဲဖော်အဖြစ် အမြန်လက်ထပ်ချင်နေတာ ဖြစ်နိုင်တယ်... ပိုနက်နဲတဲ့ အကြောင်းရင်းတွေအတွက်တော့ စုံစမ်းဖို့ အချိန်လိုပါသေးတယ်"

နန်ကုန်းယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"စုံစမ်းဖို့ မလိုတော့ဘူး... မင်း ထွက်သွားလို့ ရပြီ... ဒီကိစ္စကို စိတ်ပူနေစရာ မလိုဘူး"

"ဟုတ်ကဲ့ပါ သခင်"

အလင်းရောင်ပုံရိပ်က သဘောတူကြောင်း ခေါင်းညိတ်လိုက်ပြီး လုံးဝ ပေါ်မလာခဲ့သည့်အလား အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်သွားပေ၏။

နန်ကုန်းယွီက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး ရယ်မောလိုက်သည်။

"တကယ်ကို ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီပဲ... တကယ်ပဲ သဘောကျတာလား... ဒါမှမဟုတ် ဒိုင်းကာတစ်ခုလား... ဒါမှမဟုတ် နှစ်ခုစလုံးလား"

နန်ကုန်းယွီ ဘာမှ ဆက်မပြောတော့ဘဲ အနားယူရန် မျက်လုံးများမှိတ်လိုက်ပြီး နတ်ဘုရား အသိဉာဏ်အလင်းပွင့်ခြင်း နေရာလွတ် တံခါးကို ဖွင့်ကာ လောကနိယာမ အသစ်များကို စတင် နားလည်သဘောပေါက်ရန် ကြိုးစားလိုက်ပေ၏။

……

ကျန်းပေ့မင်းသား စံအိမ် မိုင်နှစ်ဆယ်အကွာတွင်။

မဏ္ဍပ်တစ်ခုပေါ်ရှိ သီးသန့်အခန်းတစ်ခုတွင် ရှန်ကွမ်ယွင်ယောင် တစ်ယောက်တည်း ထိုင်နေပြီး အနည်းငယ် ဂဏာမငြိမ် ဖြစ်နေပေသည်။

သူမသည် လက်ရန်းကိုမှီကာ အပြင်သို့ လှမ်းကြည့်လိုက်ရာ လမ်းမပေါ်တွင် သူမ၏ ကိုယ်ပိုင် အစေခံမလေး လျှောက်လာသည်ကို မြင်လိုက်ရပြီး သူမ၏ အမူအရာ အနည်းငယ် ညှိုးနွမ်းသွား၏။

မကြာမီပင်၊

အစေခံမလေး သီးသန့်အခန်းထဲသို့ ဝင်လာသည်။

"သခင်မလေး... မင်းသားက ကျင့်ကြံနေလို့ မနှောင့်ယှက်ရဲဘူးလို့ မင်းသားစံအိမ်က အစေခံက ပြောပါတယ်"

"ဒီလို ဖြစ်မယ်ဆိုတာ ငါ သိပြီးသားပါ"

ရှန်ကွမ်ယွင်ယောင်က အနည်းငယ် ခေါင်းညိတ်လိုက်၏။

"သွားပြီး ဧည့်သည်ကတ်ပြား ပေးလိုက်... ဒီနေ့ကစပြီး နည်းနည်း ပိုတရားဝင်အောင် လုပ်တာ ပိုကောင်းလိမ့်မယ်"

"ဟုတ်ကဲ့ပါ အရှင်"

အစေခံမလေး သဘောတူလိုက်ပြီး သီးသန့်အခန်းထဲမှ ထွက်ခွာသွားပေ၏။

ရှန်ကွမ်ယွင်ယောင်က တိုးတိုးလေး ရေရွတ်လိုက်သည်။

"မင်း ဘာတွေ တွေးနေတာလဲ... မင်းကလွဲပြီး တခြား ရွေးချယ်စရာကို ငါ မလိုချင်ဘူး"

သို့သော် မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို တွေးမိပြီး သူမ အနည်းငယ် ရှုံးနိမ့်သွားသလို ခံစားလိုက်ရခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။

နန်ကုန်းယွီ၏ ပတ်လည်တွင် အလွန်လှပသော အမျိုးသမီးများစွာ ရှိနေပေသည်။

စူးရှင်းမုန်း၊ ချင်းလင် အဲ့ဒီ ဝိညာဉ်အိမ်မွေးသားရဲနှစ်ကောင်။

အဆင့်အနည်းငယ် နိမ့်သော ချွန်းကျီတို့ အစေခံမလေး လေးယောက်လည်း ရှိသေးပြီး သိပ်မကွာခြားလှပေ။

ပြီးတော့ အဲ့ဒီ ပိုင်ချီချီ တစ်ယောက်။

ဖိအားက တကယ်ကို ပြင်းထန်လှ၏။

ရှန်ကွမ်ယွင်ယောင် ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး သူမ၏ အမူအရာက ဒုက္ခရောက်နေပုံရကာ စိတ်နှလုံးက အနည်းငယ် ဂဏာမငြိမ် ဖြစ်နေပေသည်။

……

သုံးရက်တာ အချိန် တိတ်ဆိတ်စွာ ကုန်ဆုံးသွား၏။

နန်ကုန်းယွီရှင်းက နေ့တိုင်း လာရောက်ခဲ့ပြီး နန်ကုန်းယွီကလည်း သူ၏ကတိကို မဖျက်ခဲ့ချေ။

သူမ ဆာလောင်လာတိုင်း သူမကို အရသာရှိသော အစားအစာများကို ပေါ့ပေါ့ပါးပါး ပေးလေ့ရှိပြီး အထူးအစားအစာလည်း ကျွေးမွေးခဲ့ပေသည်။

ထို့အပြင် ရှန်ကွမ်ယွင်ယောင်ကလည်း နေ့လယ်တိုင်း လာလည်ကြပြီး ညနေအထိ နေကာ ထိုအခါမှသာ ပြန်ထွက်သွားကြ၏။

ပြီးတော့ ကျိုယောင်ယောင်ကလည်း နန်ကုန်းယွီရှင်းနှင့် ဆော့ကစားအဖော်ပြုပေးပြီး စွမ်းဆောင်ရည်ကောင်းမွန်သောကြောင့် နန်ကုန်းယွီက ယင်းမေ့ကို လွှတ်ကာ သူမ၏ခန္ဓာကိုယ်မှ နိယာမ စွမ်းအားအားလုံးကို ဖယ်ရှားပေးလိုက်ပေသည်။

ထို့ကြောင့် သူမသည် တဖြည်းဖြည်း တည်ငြိမ်သွားပြီး မင်းသားစံအိမ်၏ အနောက်ဘက် ဥယျာဉ်တွင် ယာယီနေထိုင်ရန် ဆုံးဖြတ်လိုက်၏။

ထူးခြားချက်တစ်ခုမှာ ပိုင်ဝမ်လင်းသည် နောက်ဆုံးတွင် စိတ်ခံစားမှုခုနစ်ပါး စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး နိုးထလာခဲ့ပေသည်။

သို့သော် သားအမိနှစ်ယောက်စလုံးက စံအိမ်မှ ထွက်ခွာသွားရန် မပြောကြဘဲ ဤနေရာတွင် အခြေချရန် စီစဉ်နေပုံရ၏။

……

နံနက်စောစော။

နံနက်စာ စားပြီးနောက်

လူတိုင်း ကျင့်ကြံရန် ထွက်ခွာသွားသည်ကို မြင်ပြီးနောက် နန်ကုန်းရိုရွှေက အနားသို့ တိုးကပ်လာသည်။

"ရှောင်ယွီ... သွားကြစို့"

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး အစေခံတစ်ဦးကို ပေါ့ပေါ့ပါးပါး မှာကြားလိုက်ကာ နန်ကုန်းရိုရွှေနှင့်အတူ ထွက်ခွာသွားပေ၏။

ပုံမှန်အတိုင်း နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါပင် ဖြစ်သော်လည်း သူ့အနားတွင် လိုက်ပါလာသူကတော့ မတူညီသော လူတစ်ဦး ဖြစ်ပေသည်။

ပြီးခဲ့သည့်အကြိမ်နှင့် နှိုင်းယှဉ်ပါက သူတို့နှစ်ဦးသည် နေ့တစ်ဝက်ပင် မပြည့်မီ ငွေလမင်းအင်ပါယာသို့ ဝင်ရောက်လာခဲ့ကြ၏။

……

ငွေလမင်းအင်ပါယာ၊ ကျွီပေ တောင်ကြားစခန်း။

"ရှောင်ယွီ... ငါတို့ နောက်ထပ် ဘယ်သွားကြမလဲ"

ငွေလမင်းအင်ပါယာသို့ ရောက်ရှိလာပြီးနောက် နန်ကုန်းရိုရွှေသည် ယခင်ထက် ပို၍ သတိကြီးကြီးထားနေပုံရ၏။

အဆုံးစွန်အားဖြင့် သူမသည် ယခုအခါ နိုင်ငံရပ်ခြား၌ ရောက်ရှိနေခြင်း ဖြစ်ပြီး သူမ၏ အဆင့်အတန်းမှာလည်း နိုင်ငံတစ်နိုင်ငံ၏ မင်းသမီးကြီး ဖြစ်နေဆဲပင်။

ထို့ကြောင့် သတိမထား၍ မဖြစ်ချေ။

"ထျန်းယွဲ့ မြို့တော်"

နန်ကုန်းယွီ၏ မျက်နှာထားက ပိုမို လေးနက်လာ၏။

"အချက်အလက်တွေအရဆိုရင် ထျန်းယွဲ့ မြို့တော်မှာ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ မရှိဘူး... အနည်းဆုံး သုံးရက်လောက် ကြာလိမ့်မယ်"

"ဟုတ်တယ်... ထျန်းယွဲ့ မြို့တော်ကနေ လမ်းပြတစ်ယောက် ရှာပြီး တိမ်တိုက်အိပ်မက် တောင်ထွတ်ဆီ သွားဖို့က တစ်ရက် ကြာမယ်... ဒါပေမဲ့ ကျွန်တော်တို့မှာ အချိန် အများကြီး ရှိပါသေးတယ်”

ဤစကားကို ကြားချိန်၌ နန်ကုန်းရိုရွှေ သက်ပြင်းချနိုင်သွားပြီး ရှောင်ယွီကို တွေ့လိုက်ရသည်မှာ ကံကောင်းသည်ဟု တိတ်တဆိတ် တွေးလိုက်မိ၏။

မဟုတ်လျှင် သူမ ဘာလုပ်ရမှန်း သိမည်မဟုတ်ချေ။

အဆုံးတွင် သူမသည် အတွေ့အကြုံ နည်းပါးပြီး ခရီးသွားအတွေ့အကြုံ သိပ်မရှိသောကြောင့် မည်သို့ လုပ်ဆောင်ရမည်ကို မသိပေ။

"ငါတို့ နောက်ထပ် ဘာလုပ်ကြမလဲ... ဓားစီးပြီး ပျံသွားရမလား... ဒါမှမဟုတ် ဘယ်လို လုပ်ကြမလဲ"

နန်ကုန်းရိုရွှေက မေးမြန်းလိုက်၏။

နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။

"ဓားစီးပြီးပျံသန်းတာက ဝိညာဉ်စွမ်းအင် ကုန်ခန်းစေတယ်... အန္တရာယ်နဲ့ ကြုံလာရင် ဒုက္ခရောက်လိမ့်မယ်... ကုန်သည်အဖွဲ့တစ်ဖွဲ့ကို ရှာပြီး သူတို့ရဲ့ ယာဉ်ပျံနောက်ကနေ လိုက်သွားတာ ပိုကောင်းတယ်”

"ငါတို့ဆီမှာ ကိုယ်ပိုင်ယာဉ်ပျံ ရှိတယ် မဟုတ်လား... ကိုယ့်ဟာကိုယ် ဘာလို့ မစီးတာလဲ"

နန်ကုန်းရိုရွှေက နားမလည်နိုင်ဖြစ်နေပုံရ၏။

သို့သော် နန်ကုန်းယွီက အနည်းငယ် ခေါင်းခါလိုက်သည်ကို တွေ့လိုက်ရသည်။

"ယာဉ်ပျံကို မောင်းနှင်တာက ဝိညာဉ်ကျောက်တုံးတွေကို သုံးပြီး အစားထိုးလို့ ရတယ်ဆိုပေမဲ့ ယာဉ်ပျံကို ထိန်းချုပ်မောင်းနှင်တဲ့လူတွေလည်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားရလိမ့်မယ်"

"ခရီးအကွာအဝေးက ရှည်လျားလွန်းတော့ ကျွန်တော်တို့နှစ်ယောက်တည်း အတူတူ သွားဖို့ မသင့်တော်ဘူး... ကုန်သည်အဖွဲ့တစ်ဖွဲ့ကို ရှာတာက ပိုကောင်းတယ်"

ထိုစကားကို ကြားချိန်၌ နန်ကုန်းရိုရွှေသည် အနည်းငယ် နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်ပေ၏။

ထို့နောက် သူတို့နှစ်ဦးသည် ကျွီပေတောင်ကြားစခန်းရှိ ကုန်သွယ်ရေးစင်တာသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့ကြ၏။

ကုန်သွယ်ရေးစင်တာသည် ဈေးကွက်တစ်ခုနှင့် ဆင်တူသော်လည်း သာမန်ဈေးတန်းများထက် ပိုမို စနစ်တကျနှင့် ရိုးရှင်းသော နေရာတစ်ခု ဖြစ်သည်။

သူတို့နှစ်ဦးသည် ကုန်သွယ်ရေးစင်တာတစ်ဝိုက်ကို လိုက်လံကြည့်ရှုရင်း လွန်ခဲ့သည့် နှစ်ရက်အတွင်း ထျန်းယွဲ့မြို့တော်သို့ ထွက်ခွာမည့် ကုန်သည်အဖွဲ့များကို ရှာဖွေနေခဲ့ကြ၏။

ရုတ်တရက် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် နန်ကုန်းယွီ၏ မျက်လုံးများ အရောင်တောက်သွားပေ၏။

"လာ... ကျွန်တော် သိတဲ့လူတစ်ယောက်ကို တွေ့လိုက်တယ်... သွားကြည့်ကြရအောင်"

နန်ကုန်းယွီသည် စကားပြောရင်း နန်ကုန်းရိုရွှေကို ဆွဲခေါ်ကာ အဲ့ဒီဘက်သို့ လျှောက်သွားလိုက်သည်။

……

ထိုအချိန်တွင် ချန်လီချွန်းသည် သူမ၏ကိုယ်ပိုင် ကုန်သည်အဖွဲ့ဘေးတွင် ရပ်နေပြီး ကုန်ပစ္စည်းများ ရွှေ့ပြောင်းရန် သူမ၏လူများကို ညွှန်ကြားနေပေ၏။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူမ ဘာတွေများ လုပ်ခဲ့လို့ ကံကောင်းမှုတွေ ရလာတာလဲ ဆိုတာ မသိပေ။

ချန်မိသားစု ကုန်သည်အဖွဲ့ကို သူမ ဦးဆောင်သရွေ့ သူတို့ရဲ့ တာဝန်တွေကို ပြီးမြောက်နိုင်ပြီး အကြိမ်တိုင်း ကြီးမားသော ဝင်ငွေတွေ ရရှိနိုင်ခဲ့သည်။

ရလဒ်အနေဖြင့် ချန်မိသားစုအတွင်း သူမ၏ အဆင့်အတန်း မြင့်တက်လာပြီး သူမ၏ ဦးဆောင်မှုအောက်တွင် ချန်မိသားစုသည် ကျန်းလန်မြို့တော်၏ အကြီးဆုံး ကုန်သည်ကြီး လျင်မြန်စွာ ဖြစ်လာခဲ့ပေ၏။

ငွေလမင်းအင်ပါယာ၏ မြောက်ပိုင်းနယ်မြေတွင် ချန်မိသားစုသည် ယခုအခါ ထိပ်တန်း ထင်ရှားသော မိသားစုကြီးအဖြစ် သတ်မှတ်ခံနေရသည်။

ပြီးတော့ အဲ့ဒါတွေအားလုံးက လွန်ခဲ့တဲ့ ခြောက်နှစ်က သေလုမျောပါး အတွေ့အကြုံမှ လွတ်မြောက်လာခဲ့တဲ့ အချိန်ကစပြီး ဖြစ်လာခဲ့တာပဲ။

ချန်လီချွန်း၏ အကြည့်များ အနည်းငယ် ဝေဝါးသွား၏။

"အဲ့ဒီတုန်းက မောင်လေး စစ်ချန်တို့ နှစ်ယောက်က တကယ်ကို ငါ့ရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးတွေပဲ... နောက်တစ်ကြိမ်များ သူတို့နဲ့ ထပ်ဆုံနိုင်ပါဦးမလား မသိဘူး"

သို့သော် ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က သူမ၏ ပခုံးကို လာပုတ်လိုက်သည်ကို ရုတ်တရက် ခံစားလိုက်ရပြီး သူမ၏ မျက်နှာ အံ့အားသင့်မှုကြောင့် ပြောင်းလဲသွားပေ၏။

သူမ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ရာ လူငယ်လေးတစ်ဦးနှင့် မိန်းမငယ်လေးတစ်ဦးတို့ သူမ၏ရှေ့တွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။

လူငယ်လေးက ရယ်မောလိုက်၏။

"အစ်မ ချန်... တခြားလူတွေရှေ့မှာ အာရုံလွင့်နေတာ မကောင်းတဲ့ အချက်ပဲနော်"

ချန်လီချွန်းသည် နန်ကုန်းယွီကို မြင်လိုက်ရချိန်၌ အစပိုင်းတွင် ကြောင်အမ်းသွားပြီးနောက် ဝမ်းသာအားရ ပြုံးလိုက်ပေသည်။

"မောင်လေး စစ်ချန်... မင်းလား"

"ကျွန်တော်ပါ... ရှန်ကွမ်စစ်ချန်"

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်၏။

"မတွေ့တာတောင် ကြာပြီနော်... အစ်မ ချန် နေကောင်းရဲ့လား"

"ကောင်းတယ်... အရမ်းကောင်းတယ်"

ရှန်ကွမ်စစ်ချန်ကို ပြန်တွေ့ရသဖြင့် ချန်လီချွန်း အလွန်စိတ်ခံစားမှုကောင်းနေပြီး ဝမ်းသာအားရ ပြောလိုက်သည်။

"မောင်လေး စစ်ချန်ရဲ့ ကျေးဇူးကြောင့် အစ်မရဲ့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ဘဝက အရမ်းကို ချောမွေ့ခဲ့ပါတယ်"

"ချောမွေ့ရင် ရပါပြီ”

နန်ကုန်းယွီက ခပ်ဖွဖွ ပြုံးလိုက်၏။

ချန်လီချွန်းကဲ့သို့သော ဆက်ဆံရေးကောင်းသူ တစ်ယောက်နှင့်ဆိုလျှင် အရာရာ မည်သို့ မချောမွေ့ဘဲ နေနိုင်မည်နည်း။

အရာရာ မချောမွေ့သေးဘူးဆိုရင် နတ်ဘုရားအရိပ် တမန်တော်ကို လျှို့ဝှက်စောင့်ရှောက်ပေးဖို့ အမိန့်ပေးထားတာက အလကား ဖြစ်သွားမှာပေါ့။

ချန်လီချွန်း အနည်းငယ် ပြုံးလိုက်ပြီးနောက် နန်ကုန်းရိုရွှေကို လှမ်းကြည့်လိုက်၏။

"မောင်လေး စစ်ချန်... ဒီ တာအိုမိတ်ဆွက…”

All Chapters