← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း ၁၅၇ ။ ပိုင်ဝမ်လင်းက စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးနဲ့ ကြုံတွေ့ရမှာလား

"တောင်းပန်ပါတယ်... ကျွန်မ မရည်ရွယ်ပါဘူး..."

သို့သော် နန်ကုန်းရိုရွှယ် စကားပြောပြီးသည်နှင့် ပိုင်ဝမ်လင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ရှက်ရွံ့သွားကာ ခေါင်းကို အလျင်အမြန် ငုံ့လိုက်သည်။

သူမ ဤသို့ဖြစ်နေသည်ကို မြင်ချိန်၌ နန်ကုန်းရိုရွှယ်က ခေါင်းယမ်းကာ ရယ်မောလိုက်သည်။ "အဆင်ပြေပါတယ်... ငါ ဆိုလိုတာက သူက ချောတယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပဲ ကြည့်ပါ... ငါ စိတ်မဆိုးပါဘူး..."

ဤသည်ကို ကြားချိန်၌ ပိုင်ဝမ်လင်းက အနည်းငယ် မျက်နှာနီရဲသွားသည်။ ဤမျက်နှာဖုံးစွပ် ကောင်လေးက အလွန် လျှို့ဝှက်ဆန်းကြယ်သည်ဟု သူမ ခံစားရုံသာ ဖြစ်သည်။ သူက ရုပ်ချော မချော ဘယ်သူက ပြောနိုင်မှာလဲ။

ပိုင်ချီချီက နန်ကုန်းယွီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပိုင်ဝမ်လင်းကို ကြည့်လိုက်ရာ တစ်ခဏမျှ စကားဆွံ့အသွားသည်။

ထို့နောက် သူမက ခေါင်းယမ်းကာ ရယ်မောလိုက်သည်။ "ဝမ်လင်း... ဒီနှစ်ယောက်က စီနီယာ ဟန်ရွှယ် နဲ့ သူမရဲ့ မောင်ဝမ်းကွဲ ရှန်ကွမ်စစ်ချန် ပါ... အမေ့ရဲ့ ဧည့်သည်တွေပေါ့..."

"ဝမ်လင်း က စီနီယာ နှစ်ယောက်စလုံးကို ဂါရဝပြုပါတယ်..."

ပိုင်ဝမ်လင်းက အလျင်အမြန် အနည်းငယ် ခေါင်းငုံ့ကာ ပြောဆိုလိုက်သည်။ "ကျွန်မ အရင်က စော်ကားမိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ စီနီယာတို့..."

"မဟုတ်တာ ဘာမှမစော်ကားခဲ့ပါဘူး... ဘာလို့ အပြစ်တင်ရမှာလဲ..." နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သည်။

"မိန်းကလေး ဝမ်လင်းရဲ့ ငြိမ်းချမ်းရေးနဲ့ တိတ်ဆိတ်မှုကို အနှောင့်အယှက်ပေးမိတာက အစ်မရွှယ်နဲ့ ကျွန်တော်ပါ..."

"မဟုတ်ပါဘူး..." ပိုင်ဝမ်လင်းက အလျင်အမြန် လက်ဝှေ့ယမ်းလိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

နန်ကုန်းယွီက သူမ၏ ထိတ်လန့်နေသော အမူအရာကို အတော်လေး ရယ်စရာကောင်းသည်ဟု ထင်လိုက်ပြီး မြေခွေးတစ်ကောင်နှင့် လုံးဝမတူသော ဤမြေခွေးမလေးကို အနည်းငယ် စိတ်ဝင်စားလာခဲ့သည်။

သို့သော် သူ၏ တာအိုယန်နတ်ဆိုးမျက်လုံးကို အသုံးပြုလိုက်ချိန်၌ သူ၏ အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။

ပိုင်ချီချီက နန်ကုန်းယွီ၏ မျက်လုံးများထဲရှိ ပြောင်းလဲမှုကို သဘာဝကျကျ သတိပြုမိသွားပြီး သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူမက လူမှားသွားတာ ဖြစ်နိုင်မလား။

တကယ်ပဲလား။

ပိုင်ချီချီက အနည်းငယ် အံ့အားသင့်ပြီး သံသယဖြစ်သွားသည်။သူမက ထိုလူနှစ်ဦးကို လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားသည်ဟု ထင်ကာ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး သူတို့နှင့် မိတ်ဆွေဖွဲ့ခြင်းက သူမအတွက် အကျိုးရှိမည်ဟု အလိုအလျောက် သိစိတ်ဖြင့် ခံစားမိခဲ့သည်။

သို့ရာတွင် ယခုအခြေအနေက သူသမီးအတွက် အန္တရာယ်ကြီးမားလှပုံပေါ်နေသည်။ သူ ဘာများ လုပ်နိုင်မည်နည်း။

ပိုင်ချီချီ၏ စိတ်များ လှုပ်ရှားသွားပြီး သူမက မော့ကြည့်ကာ အလျင်အမြန် ပြုံးရင်း ပြောဆိုလိုက်သည်။

"တာအိုမိတ်ဆွေလေး ရှန်ကွမ်... ဝမ်လင်း မှာ တစ်ခုခု မှားယွင်းနေလို့လား... ဒါမှမဟုတ် ဝမ်လင်း က မင်းကို စော်ကားမိလို့လား... ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါ..."

နန်ကုန်းယွီက လက်ဝှေ့ယမ်းကာ ရယ်မောလိုက်သည်။ "တာအိုမိတ်ဆွေ ပိုင် က နောက်နေပါပြီ... ကျွန်တော် ပြောသင့်၊ မပြောသင့် မသေချာတဲ့ ကိစ္စတစ်ခု ရှိလို့ပါ..."

ပိုင်ချီချီ၏ နှလုံးသားက တင်းကျပ်သွားသည်။ သူမက တည်ငြိမ်နေသော မျက်နှာထားဖြင့် နန်ကုန်းရိုရွှယ်ကို တစ်ချက်ကြည့်လိုက်ပြီး အလျင်အမြန် ပြုံးလိုက်သည်။

"တာအိုမိတ်ဆွေ ရှန်ကွမ်... ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်း ပြောပါ..."

ဤအခိုက်အတန့်တွင် သူမက အနည်းငယ် စိုးရိမ်ပူပန်မှုကို မခံစားဘဲ မနေနိုင်ခဲ့ချေ။ သူမ တကယ်ပဲ အကဲဖြတ်မှု မှားယွင်းသွားတာများလား။

နန်ကုန်းယွီက ပိုင်ဝမ်လင်းကို တစ်ချက်ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။ "တာအိုမိတ်ဆွေ ပိုင်... မင်းသမီးကို အရမ်း ကောင်းကောင်း ပြုစုပျိုးထောင်ထားပုံရတယ်... မြေခွေးနတ်ဆိုး တစ်ယောက်အနေနဲ့ သူမမှာ ဖြူစင်တဲ့ နှလုံးသားတစ်ခု ရှိနေတယ်... အပြင်ကမ္ဘာရဲ့ အခြေအနေတွေကို မင်း သိမှာပါ... တကယ်လို့ သူမ အပြင်ထွက်ရင် သတိမထားဘူးဆိုရင် ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရနိုင်တယ်..."

ဤသည်ကို ကြားချိန်၌ ပိုင်ချီချီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူမက ဉာဏ်ရည်ထက်မြက်ပြီး နန်ကုန်းယွီ၏ ဆိုလိုရင်းကို သဘာဝကျကျ နားလည်သွားသဖြင့် သူမ အံ့အားသင့်သွားသည်။

အတိတ်က သူမကိုယ်တိုင် လှည့်စားခံခဲ့ရဖူးသည့် အဖြစ်အပျက်ကို ပြန်လည်စဉ်းစားမိသည့်အခါ၊ အပြင်လောကနှင့် ကင်းကွာကာ ကြီးပြင်းလာခဲ့ရသည့် သမီးဖြစ်သူမှာ သူမထက်ပင် အတွေ့အကြုံပို၍ နည်းပါးနေလိမ့်မည်ဟု တွေးမိပြီး သူမ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

ဒီနေ့သာ တာအိုမိတ်ဆွေရှန်ကွမ်က သတိမပေးခဲ့ဘူးဆိုလျှင်၊ နောက်တစ်ကြိမ် ဝမ်လင်း အပြင်လောကသို့ ထွက်သွားသည့်အခါ ကပ်ဘေးတစ်ခုနှင့် အမှန်တကယ် ရင်ဆိုင်ရနိုင်ချေရှိ​ေလသည်။ သူမကဲ့သို့ စိတ်မိစ္ဆာကပ်ဘေးမျိုး ဝင်ရောက်ခြင်းက ကြီးမားသည့် ပြဿနာမဟုတ်ချေ။ တကယ့်အန္တရာယ်အစစ်အမှန်မှာ သေရေးရှင်ရေး အကျပ်အတည်းနှင့် ကြုံတွေ့ရခြင်း (သို့မဟုတ်) စိတ်မိစ္ဆာကပ်ဘေးက ဆွဲခေါ်လာမည့် အသက်အန္တရာယ်ရှိသော အကျပ်အတည်းနှင့် ရင်ဆိုင်ရခြင်းပင် ဖြစ်လေသည်။ ထိုအခြေအနေမျိုးကသာ အဆိုးရွားဆုံး ဖြစ်ပေလိမ့်မည်။

ဤသို့တွေးလိုက်ပြီး ပိုင်ချီချီက နန်ကုန်းယွီကို ကြည့်လိုက်သည်။

"တာအိုမိတ်ဆွေ ရှန်ကွမ် က တစ်ခုခုကို မြင်ခဲ့တာ ဖြစ်ရမယ်... ဖြစ်နိုင်တာက အနာဂတ်ကို နိမိတ်ဖတ်တာကို နားလည်လို့လား..."

ဤသည်ကို ကြားချိန်၌ နန်ကုန်းရိုရွှယ်ကလည်း အတော်လေး စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။

နန်ကုန်းယွီက ဒီပညာရပ်ကို သိတယ်ဆိုတာကို သူမ မသိသေးဘူးလေ။ ရှောင်ယွီက လူတွေကို လှည့်စားဖို့ ကြိုးစားနေတာလား။

သို့သော် နန်ကုန်းယွီက အနည်းငယ် ပြုံးကာ ပြောဆိုလိုက်သည်။ "ရိုးရိုးသားသား ပြောရရင် ကျွန်တော် တကယ်ပဲ လေ့လာမှု တချို့ လုပ်ထားပါတယ်... တကယ်လို့ ကျွန်တော့် အထင်မမှားဘူးဆိုရင် ဒီသေးငယ်တဲ့ စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးက... တာအိုမိတ်ဆွေ ပိုင် အားလုံး ဖြတ်သန်းခဲ့ဖူးတာပဲလေ... သစ္စာဖောက်ခံရတဲ့ အရသာက မကောင်းလောက်ဘူး မဟုတ်လား..."

ဤသည်ကို ကြားချိန်၌ ပိုင်ချီချီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ "တာအိုမိတ်ဆွေ ရှန်ကွမ် က တစ်ခုခုကို တကယ် သိနေတာလား... မေးပါရစေ တာအိုမိတ်ဆွေ ရှန်ကွမ်... ကျွန်မရဲ့ သမီးက သုံးလနေရင် လေ့ကျင့်ရေးဆင်းဖို့ တောင်ပေါ်ကနေ ထွက်သွားတော့မှာပါ... သူမ သတိထားသင့်တဲ့ အရာတစ်ခုခု ရှိလား..."

နန်ကုန်းယွီက ပိုင်ဝမ်လင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ "သူမမှာ ဖြူစင်တဲ့ နှလုံးသားတစ်ခု ရှိပြီး သူမရဲ့ နူးညံ့ပြီး လှပတဲ့ အသွင်အပြင်က အပြစ်ကင်းစင်မှုနဲ့ ရောယှက်နေတယ်... ဘယ်သူမှ သူမရဲ့ ခံစားချက်တွေကို မလှည့်စားစေဖို့ သတိထားရုံပါပဲ..."

"သေချာတာပေါ့... သူတောင်ပေါ်က ဆင်းလာရင် ကာကွယ်ပေးတဲ့သူတွေ ရှိခဲ့မှာပဲ မဟုတ်လား... အပြင်က လူတော်တော်များများက မြေခွေးနတ်ဆိုးတွေလို လှပတဲ့အရာတွေကို အရမ်းနှစ်သက်ကြတယ်လေ..."

ဤသည်ကို ကြားချိန်၌ ပိုင်ဝမ်လင်းက အနည်းငယ် ရှုပ်ထွေးနေပုံရပြီး ဘာကိုဆိုလိုမှန်း သေချာ နားမလည်ခဲ့ချေ။ သို့ရာတွင် ပိုင်ချီချီ၏ ရင်ထဲ၌ တုန်လှုပ်သွားခဲ့ကာ သူမ၏ မျက်ဝန်းများတွင် မသေချာမရေရာမှုများနှင့်အတူ တွေဝေနားမလည်နိုင်ခြင်းများကို မြင်တွေ့ရလေသည်။

ဝမ်လင်း က စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးနဲ့ ကြုံတွေ့ရမှာများလား။

သူမက နန်ကုန်းယွီကို ကြည့်ကာ သတိထားပြီး မေးမြန်းလိုက်သည်။ "မေးပါရစေ တာအိုမိတ်ဆွေ ရှန်ကွမ်... ဝမ်လင်း က အန္တရာယ်ရှိနေတာလား..."

နန်ကုန်းယွီက ပြုံးလိုက်ပြီး သူ၏ဘေးရှိ စူးစမ်းလိုစိတ်ဖြစ်နေသော နန်ကုန်းရိုရွှယ်ကို တစ်ချက်ကြည့်ကာ ပြောဆိုလိုက်၏။ "ကျွန်တော် ရှင်းရှင်းလင်းလင်း မမြင်ရဘူး... ဒါပေမဲ့ သူမက စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်လောက်ဘူး... စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေး စတင်သွားတာနဲ့ သူမက ဝိညာဉ်မြေခွေးမျိုးနွယ်စုကို လုံးဝ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး..."

ဤသည်ကို ကြားချိန်၌ ပိုင်ချီချီက လန့်ဖြန့်သွားပြီး အနည်းငယ် မျက်မှောင်ကြုတ်နေသော ပိုင်ဝမ်လင်းကို လှည့်ကြည့်လိုက်ရာ သူမ၏ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ပြည့်နှက်သွားခဲ့သည်။

သူမက နန်ကုန်းယွီ၏ စကားများကို သံသယရှိနေသော်လည်း အနည်းငယ်မျှသော ဖြစ်နိုင်ခြေ ရှိနေလျှင်ပင် သူမ၏ သမီးကို မည်သည့် ကပ်ဘေးနှင့်မျှ မကြုံတွေ့စေချင်ပေ။

သူမက နန်ကုန်းယွီဘက်သို့ လှည့်ကာ လက်ကို ယှက်ပြီး အရိုအသေပေးကာ ပြောဆိုလိုက်သည်။ "တာအိုမိတ်ဆွေ ရှန်ကွမ်... ဝမ်လင်း ကို ကူညီဖို့ နည်းလမ်း ရှိလား... ကျွန်မက ရက်ရောတဲ့ လက်ဆောင်တစ်ခု ပြင်ဆင်ပေးပြီး တာအိုမိတ်ဆွေရဲ့ အကူအညီကို တောင်းခံချင်ပါတယ်..."

နန်ကုန်းယွီက လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်သည်။"တာအိုမိတ်ဆွေ ပိုင်... မင်းက ဖိတ်ခေါ်ခဲ့လို့ ငါ မင်းကို လုံလောက်တဲ့ အကြံဉာဏ်တွေ ပေးခဲ့ပြီးပါပြီ... သူမ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ ကပ်ဘေး အငွေ့အသက်က စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးက မလွှဲမရှောင်သာ ဖြစ်လာမှာဖြစ်ပါ… သူမက အဲဒီကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုတာကို ညွှန်ပြနေတယ်..."

ဤသည်ကို ကြားချိန်၌ ပိုင်ချီချီက အနည်းငယ်ဝမ်းနည်းသွားသည်။ သူမ၏ နှလုံးသားထဲတွင် အယုံအကြည်မရှိမှု အချို့ ရှိနေသေးသော်လည်း သူမက အနည်းငယ် ယုံကြည်သွားခဲ့သည်။

နောက်ဆုံးတွင် ဝိညာဉ်မြေခွေးမျိုးနွယ်စုမှ မည်သူကမျှ သူမ၏ ဇာတ်လမ်းကို မသိကြသော်လည်း ဤလူက စကားတစ်ခွန်းတည်းဖြင့် ဖော်ထုတ်နိုင်ခဲ့သည်လေ။

ဒီလူ ပြောတာကို မယုံကြည်ဖို့ သူမအတွက် ခက်ခဲပါတယ်။

ဤအခိုက်အတန့်တွင် နန်ကုန်းရိုရွှယ်က စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်ပြီး အသံလွှင့်ကာ ပြောဆိုလိုက်သည်။

"ရှောင်ယွီ... ဒီလူမှာ တကယ်ပဲ စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေး ရှိနေတာလား... မင်း ဘယ်လိုလုပ်ပြီး သိတာလဲ..."

နန်ကုန်းယွီက အနည်းငယ် ပြုံးကာ ပြောလိုက်သည်။ "အစ်မက ထူးချွန်တဲ့ ပါရမီ ရှိတယ်လေ... မနေ့ညကမှ မျက်လုံးပညာရပ် အသစ်တစ်ခုကို နားလည်သွားတာ... ဒါပေမဲ့ အစ်မရွှယ်ကို ပြောပြဖို့ အခွင့်အရေး မရသေးလို့ပါ..."

ဤသည်ကို ကြားချိန်၌ နန်ကုန်းရိုရွှယ်က အနည်းငယ် အံ့အားသင့်သွားပုံရသော်လည်း သံသယမဝင်ခဲ့ချေ။ သူမက အသံလွှင့်ကာ မေးမြန်းလိုက်သည်။ "ဒီမျက်လုံးပညာရပ်က လူတစ်ယောက်ရဲ့ အတိတ်နဲ့ အနာဂတ်ကို တကယ် မြင်နိုင်တာလား..."

"မမြင်နိုင်ပါဘူး..."

နန်ကုန်းယွီက ငြင်းဆိုလိုက်ပြီး ပြောဆိုလာသည်။ "လူတစ်ယောက်က ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရလား၊ အဲဒါကို ကျော်လွှားနိုင်ခဲ့လား ဆိုတာကို အကဲဖြတ်ဖို့ အလင်းရောင် အနည်းငယ်ကိုပဲ ကျွန်တော် မြင်နိုင်တာပါ... ဥပမာ... ပိုင်ချီချီက စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးကို ဖြတ်သန်းခဲ့ရပြီး လူသားနဲ့ မြေခွေးကပြားဖြစ်တဲ့ ပိုင်ဝမ်လင်း ကို မွေးဖွားခဲ့တာမျိုးပေါ့..."

"ဥပမာ... ပိုင်ဝမ်လင်း ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကပ်ဘေး အငွေ့အသက် ပေါ်လာရင် စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးက မလွှဲမရှောင်သာ ဖြစ်လာမှာပဲ…အဲဒါက အကျဉ်းချခံရတာ ဒါမှမဟုတ် အသက်အန္တရာယ်ရှိတဲ့ စမ်းသပ်မှုတစ်ခုဆီကိုတောင် ဦးတည်သွားနိုင်တယ်..."

"ဒါပေမဲ့ ဒါတွေအားလုံးက မှုန်ဝါးပြီး ရှင်းရှင်းလင်းလင်း မသိရဘူး... တကယ်လို့ အစ်မရွှယ် စိတ်ဝင်စားရင် နောက်မှ ကျင့်စဉ်ကို ကျွန်တော် သင်ပေးလို့ ရတယ်နော်"

နန်ကုန်းယွီက ယုံကြည်ချက်ရှိရှိဖြင့် ဤသို့ပြောရဲခြင်းမှာ အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းတွင် ကပ်ဘေးတစ်ရာ မျက်လုံးကျင့်စဉ်ဟုခေါ်သော ဧကရာဇ်အဆင့် မျက်လုံးပညာရပ်တစ်ခု ရှိနေသောကြောင့် ဖြစ်​ေလသည်။

သူက ဤမျက်လုံးပညာရပ်၏ အသေးစိတ် အချက်အလက်များကို ကြည့်ရှုရန် တာအိုယန်နတ်ဆိုးမျက်လုံးကို အသုံးပြုခဲ့သဖြင့် ၎င်းအကြောင်းကို ပေါ့ပေါ့ပါးပါး ပြောဆိုနိုင်ခြင်း ဖြစ်လေသည်။

ကပ်ဘေးတစ်ရာ မျက်လုံးကျင့်စဉ်က လူတစ်ယောက်ပေါ်ရှိ ကပ်ဘေး အငွေ့အသက်ကို အကြမ်းဖျင်း မြင်တွေ့နိုင်ပေ၏။ ကပ်ဘေး အငွေ့အသက်၏ အရောင်က ကပ်ဘေး အမျိုးအစားကို ညွှန်ပြပြီး၊ ကပ်ဘေး အငွေ့အသက်၏ အရွယ်အစားက ကပ်ဘေး၏ ပြင်းထန်မှုကို ညွှန်ပြကာ၊ ကပ်ဘေး အငွေ့အသက်၏ အနက်က ကပ်ဘေး၏ အချိန်ကို ညွှန်ပြသည်။

အကယ်၍ ကပ်ဘေး၏ အလင်းရောင်က အစက်တစ်ခုအဖြစ် ပေါင်းစပ်သွားပါက ကပ်ဘေးက ပြီးဆုံးသွားပြီဟု ဆိုလို၏။ အကယ်၍ ကပ်ဘေး၏ အလင်းရောင်က ပြိုကွဲသွားပါက မှေးမှိန်သော အလင်းစက် အနည်းငယ်ကို ချန်ထားခဲ့မည်ဖြစ်ပြီး ၎င်းက ကပ်ဘေးကို ရှောင်လွှဲနိုင်ခဲ့ပြီဟု ဆိုလိုပေသည်။

ဤမျက်လုံးပညာရပ်ကြောင့်ပင် နန်ကုန်းယွီက ၎င်းကို အလွန် လွယ်ကူစွာ အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

နန်ကုန်းရိုရွှယ်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး အသံလွှင့်ကာ ပြောဆိုလိုက်၏။"အဲဒါ မလိုပါဘူး ရှောင်ယွီ... မင်းကိုယ်တိုင်ပဲ ကျင့်ကြံလိုက်ပါ..."

အတော်လေး အသုံးမဝင်ပုံရသည့် ဝိညာဉ်သိုင်းပညာများကို သူမ သိပ်မစိတ်ဝင်စားသော်လည်း ကောင်းမွန်သော တိုက်ခိုက်ရေးစွမ်းရည်များပါရှိသည့် ဝိညာဉ်သိုင်းပညာများကိုမူ သူမ စိတ်ဝင်စား​ပေသည်။

ထိုအချိန်မှာပင် ပိုင်ချီချီက သူမ၏ နှုတ်ခမ်းနီနီလေးများကို အနည်းငယ် ကိုက်လိုက်ရာ သူမကို ထူးခြားပြီး ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ပေးစွမ်းနေတော့သည်။

အခန်း ၁၅၈ ပန်းချီကား ကြည့်တာလား

သို့သော် ပိုင်ချီချီက သူမ၏ နှုတ်ခမ်းနီနီလေးများကို အနည်းငယ် ကိုက်လိုက်ပြီး မတ်တတ်ရပ်ကာ နက်ရှိုင်းစွာ ခေါင်းငုံ့ပြီး ပြောဆိုလိုက်၏။ "ဝမ်လင်း ကို ဒီအကျပ်အတည်းကနေ ကင်းဝေးအောင် ကူညီပေးနိုင်မလား…လုပ်ပေးနိုင်တယ်ဆိုရင် တာအိုမိတ်ဆွေကို အရမ်း ကျေးဇူးတင်မိမှာပါ..."

ဤသည်ကို မြင်ချိန်၌ ပိုင်ဝမ်လင်းက အနည်းငယ် အံ့အားသင့်သွားသော်လည်း တွန့်ဆုတ်မနေဘဲ အလျင်အမြန် ခေါင်းငုံ့လိုက်သည်။

နန်ကုန်းယွီ စကားမပြောနိုင်မီ နန်ကုန်းရိုရွှယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်သည်။

ထို့နောက် သူမက မတ်တတ်ရပ်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ "တာအိုမိတ်ဆွေ ပိုင်... ငါ့မောင်လေးက လုံလောက်အောင် ပြောပြီးပါပြီ... ကျင့်ကြံသူတွေအနေနဲ့ တခြားသူတွေရဲ့ ကပ်ဘေးကို ဖြေရှင်းဖို့ ကူညီတာက ကံတရားအကျိုးဆက်နဲ့ ပတ်သက်နေတယ်ဆိုတာကို မင်းနဲ့ငါ နှစ်ယောက်စလုံး သိပါတယ်..."

"ကံတရားအကျိုးဆက်က အရမ်း နက်နဲလွန်းတယ်... အဲဒီအကြောင်းကို နည်းနည်းပါးပါး သိတဲ့သူတိုင်းကတောင် ဝင်မပတ်သက်ချင်ကြဘူး... မင်း အဲဒါကို နားလည်သင့်တယ်..."

ဤသည်ကို ကြားချိန်၌ ပိုင်ချီချီက အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း သူမ၏ အမူအရာက သိပ်ပြီး ကြည့်ကောင်းမနေချေ။

အကယ်၍ သူမ၏ အလိုအလျောက် သိစိတ်သာ မှန်ကန်ပါက သူမ မိတ်ဆွေဖွဲ့ခဲ့သော ဤလူနှစ်ဦးထံမှ သူမ မျှော်လင့်ထားသည့် အကျိုးကျေးဇူးများက သူမ၏ သမီးဆီသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ဤအချက်ကို စဉ်းစားကြည့်လျှင် အတော်လေး အဓိပ္ပာယ်ရှိလှသည်။ ဤလူနှစ်ယောက်ကိုသာ သူမ ခေါ်မလာခဲ့ပါလျှင် နောက်သုံးလအကြာ သူမ၏သမီး တောင်ပေါ်မှ ထွက်ခွာသွားချိန်တွင် အမှန်တကယ်ပင် ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့သွားရနိုင်လေသည်။

"တာအိုမိတ်ဆွေ ရှန်ကွမ်... တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလား..."

ပိုင်ချီချီက လက်မလျှော့ဘဲ မေးမြန်းလိုက်၏။ "ဝမ်လင်း ရဲ့ ကပ်ဘေးကို ဖြေရှင်းဖို့ ကူညီပေးနိုင်မယ်ဆိုရင် ငါ ပိုင်ဆိုင်သမျှ အားလုံးကို ပေးဖို့ ဆန္ဒရှိပါတယ်..."

"အားနာပါတယ်"

နန်ကုန်းယွီ သဘောမတူမည်ကို စိုးရိမ်သည့်အလား ပိုင်ချီချီက သူမ၏ တောင်းဆိုချက်များကို အလျင်အမြန် လျှော့ချလိုက်သည်။ "တာအိုမိတ်ဆွေ ရှန်ကွမ်နဲ့ ပြဿနာတချို့ကို ဖြေရှင်းဖို့ပဲ လိုတယ်... ပြီးတော့ ဝမ်လင်း ကို ငါ့အနားမှာပဲထားမှာပါ"

နန်ကုန်းယွီက သူတို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်၏။ "တာအိုမိတ်ဆွေ ပိုင်... မင်းကို စိတ်ပျက်စေတဲ့အတွက် တောင်းပန်ပါတယ်... သူမက ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်နေရတယ် ဆိုတာကိုပဲ ငါ မြင်နိုင်တယ်... ဒါပေမဲ့ အဲဒါကို ဖြေရှင်းဖို့တော့ ငါ မတတ်နိုင်သေးပါဘူး..."

ဤသည်ကို ကြားချိန်၌ ပိုင်ချီချီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူမက အနည်းငယ် စိတ်ပျက်သွားပုံရသည်။

ပိုင်ဝမ်လင်းက နန်ကုန်းယွီကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ အမူအရာက အနည်းငယ် ရှုပ်ထွေးနေသည်။ သူမဆီမှာ တကယ်ပဲ စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေး ရှိနေတာလား။

သူမရဲ့ စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးက ဘယ်လိုအရာမျိုးလဲ။ သူမက ဒီစမ်းသပ်မှုကို ကိုယ်တိုင်ကိုယ်ကျ ခံယူဖို့ ထိုက်တန်ရဲ့လား။

ဤအခိုက်အတန့်တွင် နန်ကုန်းယွီက သူတို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး တွန့်ဆုတ်စွာ ပြောဆိုလိုက်၏။ "ဒါပေမဲ့... တာအိုမိတ်ဆွေ ပိုင် အနေနဲ့ သူမအတွက် ဝိညာဉ်မြေခွေးမျိုးနွယ်စုထဲမှာ လက်ထပ်မယ့်သူ တစ်ယောက် ရှာပေးပြီး ဒီကပ်ဘေးကို ရှောင်လွှဲနိုင်မလားဆိုတာ သိရအောင် မြန်မြန် လက်ထပ်ပေးလိုက်လို့ ရပါတယ်..."

"သေချာတာပေါ့... ဒါက မင်းရဲ့သမီးက သဘောတူဖို့နဲ့ အဲဒီလူအပေါ် သံယောဇဉ်တချို့ ရှိဖို့ လိုအပ်တယ်... မဟုတ်ရင် ခံစားချက်တွေက ဘယ်လို အလုပ်လုပ်လဲဆိုတာ မင်း သိပါတယ်..."

ဤသည်ကို ကြားချိန်၌ ပိုင်ချီချီ၏ မျက်နှာက အနည်းငယ် တောက်ပသွား၏။ ဒါက တကယ်ကို နည်းလမ်းကောင်း တစ်ခုပင်။

သူမက အလျင်အမြန် ပြောဆိုလိုက်သည်။ "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ ရှန်ကွမ်... ငါ အရမ်း ကျေးဇူးတင်မိပါတယ်..."

ထို့နောက် သူမက နန်ကုန်းယွီနှင့် အခြားတစ်ယောက်ကို ကြည့်ကာ ပြုံးလိုက်၏။ "တာအိုမိတ်ဆွေတို့... စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေ ပွင့်ဖို့ လဝက်လောက် အချိန်လိုပါသေးတယ်... မင်းတို့ စိတ်မဆိုးဘူးဆိုရင် အရင် ရက်အနည်းငယ်လောက် ဒီမှာနေပြီးမှ အဲဒီကို သွားလို့ရပါတယ်..."

ဤသည်ကို ကြားချိန်၌ နန်ကုန်းယွီက နန်ကုန်းရိုရွှယ်ကို ကြည့်လိုက်ရာ သူမက အနည်းငယ် ခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရသည်။ "စစ်ချန်... မင်း ဆုံးဖြတ်လို့ရပါတယ်... အစ်မ မင်းစကားကို နားထောင်မယ်..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပိုင်ချီချီကို ပြုံးကာ ကြည့်လိုက်၏။ "တာအိုမိတ်ဆွေ ပိုင်... ဒါက နည်းနည်း မသင့်တော်ဘူး မဟုတ်လား..."

ဤသည်ကို ကြားချိန်၌ ပိုင်ချီချီ၏ မျက်နှာက အနည်းငယ် တောက်ပသွားပြီး အလျင်အမြန် ပြုံးကာ ပြောဆိုလာသည်။ "ဘာမှမသင့်တော်တာ မရှိပါဘူး... တာအိုမိတ်ဆွေ ရှန်ကွမ် က ငါ့သမီးရဲ့ အကျပ်အတည်းကို ထောက်ပြပေးခဲ့လို့ ငါ အရမ်း ကျေးဇူးတင်မိပါတယ်... တာအိုမိတ်ဆွေ နှစ်ယောက်ကို ရက်အနည်းငယ်လောက် နေခွင့်ရတာက ငါ့ရဲ့ ဂုဏ်ယူစရာပါပဲ..."

နန်ကုန်းယွီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ပြုံးလိုက်၏။ "တာအိုမိတ်ဆွေက အရမ်း သဘောကောင်းလွန်းပါတယ်... ဒါပေမဲ့ ငါတို့က တောင်တစ်သောင်းတောင်တန်းကြီးထဲမှာ ညအိပ်ဖို့ တကယ် မရည်ရွယ်ပါဘူး... တာအိုမိတ်ဆွေက ဖိတ်ခေါ်မှတော့ ငါတို့ ဒုက္ခခံပေးလိုက်ပါမယ်"

"ဒါပေါ့..."

ပိုင်ချီချီက အလျင်အမြန် ပြုံးလိုက်ပြီးနောက် အနည်းငယ် တွန့်ဆုတ်သွားကာ ပြောဆိုလာ၏။ "တာအိုမိတ်ဆွေ နှစ်ယောက်... ပြင်ဆင်စရာလေးတွေ ရှိလို့ ငါ ခဏလောက် ခွင့်တောင်းပါရစေ..."

နန်ကုန်းယွီက မတ်တတ်ရပ်ကာ ပြုံးလိုက်သည်။ "တာအိုမိတ်ဆွေ ပိုင်... အလုပ်ကို သွားလုပ်ပါ... ငါတို့အတွက် စိတ်ပူမနေနဲ့..."

"ခွင့်ပြုပါဦး..."

ပိုင်ချီချီက လက်ကို ယှက်ကာ ရိုသေစွာ အရိုအသေပေးလိုက်ပြီး ပြုံးကာ ပိုင်ဝမ်လင်းကို ကြည့်လိုက်၏။ "ဝမ်လင်း... ဒီတာအိုမိတ်ဆွေ နှစ်ယောက်ကို အနားယူဖို့ ဧည့်ခန်းကို ခေါ်သွားလိုက်... အမေ အပြင်ခဏ သွားလိုက်ဦးမယ်..."

"ဟုတ်ကဲ့ အမေ..."

ပိုင်ဝမ်လင်းက သဘောတူလိုက်ပြီး ပိုင်ချီချီက ခန်းမဆောင်ထဲမှ အလျင်အမြန် ထွက်ခွာသွားသည်။

ဤအခိုက်အတန့်တွင် မဟုတ်ဘူးလို့ ယုံကြည်ရတာထက် ဟုတ်တယ်လို့ ယုံကြည်ရတာကို သူမ အမှန်တကယ် ပိုသဘောကျပေသည်။

ပိုင်ဝမ်လင်းက သူမ၏ မိခင် ထွက်သွားသည်ကို ကြည့်နေပြီး သူမ၏ မျက်လုံးများတွင် တွန့်ဆုတ်နေသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူမက ဝိညာဉ်မြေခွေးမျိုးနွယ်စုရဲ့ တပည့်တွေကို အရင်က တွေ့ဖူးပေမဲ့ သူတို့ထဲက ဘယ်သူ့ကိုမှ သူမ မကြိုက်ပါဘူး။

သူမ မိခင်၏ အမူအရာကို ကြည့်ရလျှင် သူမက ဒီစီနီယာ ရှန်ကွမ်ကို လုံးဝ ယုံကြည်ပုံရ၏။ သူမက တကယ်ပဲ တာအို လက်တွဲဖော်ကို အလျင်စလို ရှာပေးဖို့ ရည်ရွယ်နေတာလား။

သူမ၏ အမူအရာကို မြင်ချိန်၌ နန်ကုန်းယွီက ပြုံးနေမိသည်။။ "မိန်းကလေး ဝမ်လင်း က ငါ့ရဲ့ အကြံပြုချက်ကို သိပ်သဘောကျပုံ မပေါ်ဘူးနော်... စိတ်ထဲမှာ တစ်ခုခုများ ရှိနေလို့လား..."

ပိုင်ဝမ်လင်းက အနည်းငယ် ခေါင်းယမ်းလိုက်၏။ "စီနီယာ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ... ဝမ်လင်း က မျိုးနွယ်စုထဲက လူငယ်တွေ အားလုံးနဲ့ တွေ့ဖူးပေမဲ့ ဘယ်သူ့ကိုမှ မျက်စိမကျလို့ တာအို လက်တွဲဖော် ရှာဖို့ ကိစ္စနဲ့ ပတ်သက်ပြီး တွေးနေတာပါ..."

အဲဒီလောက် ပြောပြီးသွားတော့ သူမ ကောင်းကောင်း နားလည်သွားပြီး ဆက်မပြောတော့ပါဘူး။

နန်ကုန်းယွီက အနည်းငယ် ပြုံးကာ ပြောဆိုလိုက်သည်။ "အိုး... မိန်းကလေး ဝမ်လင်း က မကြိုက်ဘူးလို့ ဘယ်လို ဆုံးဖြတ်လိုက်တာလဲ..."

"အဲဒါက... ပန်းချီကားစာအုပ်ကို ကြည့်ပြီး ဆုံးဖြတ်လိုက်တာပါ..." ပိုင်ဝမ်လင်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ရှက်ရွံ့စွာ ပြုံးလိုက်သည်။

"ပန်းချီကားစာအုပ်ကို ကြည့်ပြီးလား..."

နန်ကုန်းယွီက အနည်းငယ် အံ့အားသင့်သွားသည်။ ဤအဖြေက သူ့ကို တကယ် အံ့ဩသွားစေ၏။ လူတစ်ယောက်ရဲ့ ပန်းချီကားကို ကြည့်ရုံနဲ့ တစ်ယောက်ယောက်ကို သဘောကျ၊ မကျ ဆုံးဖြတ်နိုင်တယ်ပေါ့။

သို့သော် ပိုင်ဝမ်လင်းက ရှက်ရွံ့စွာ ပြုံးလိုက်ပြီးနောက် ပြောဆိုလာသည်။ "အဲဒီ ပန်းချီကားစာအုပ်တွေမှာ တစ်ယောက်ယောက်ကို သဘောကျရင် သူတို့နဲ့ တွေ့တဲ့အခါ နှလုံးခုန်မြန်လာမယ်လို့ ပြောထားတယ်... ကျွန်မ မျိုးနွယ်စုက လူငယ်တွေနဲ့ တွေ့တုန်းက အဲဒီလို မခံစားရဘူး..."

ဤအဖြေကို ကြားချိန်၌ နန်ကုန်းယွီက မျက်တောင်ခတ်လိုက်ပြီးနောက် ခေါင်းယမ်းကာ ရယ်မောလိုက်၏။ အဲဒါကြောင့် သူတို့က အဲဒါကို အတည်ပြုကြတာကိုး။

"စီနီယာ ရှန်ကွမ်... တစ်ခုခု မှားနေလို့လား..." နန်ကုန်းယွီ ပြုံးနေသည်ကို မြင်ချိန်၌ ပိုင်ဝမ်လင်းက အနည်းငယ် အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

"ကျွန်တော်လည်း အဲဒီအကြောင်း သေချာ မသိဘူး... ဘာလို့လဲဆိုတော့ ကျွန်တော် သဘောကျတဲ့သူနဲ့ တစ်ခါမှ မတွေ့ဖူးလို့လေ..."

နန်ကုန်းယွီက ပြုံးလိုက်ပြီး နန်ကုန်းရိုရွှယ်ကို တစ်ချက်ကြည့်ကာ ထပ်လောင်းပြောဆိုလိုက်၏။ "သေချာတာပေါ့... ဆန့်ကျင်ဘက် လိင်ကို သဘောကျတာကို ပြောတာပါ... အမေနဲ့ အစ်မရွှယ်က ကျွန်တော့် မိသားစုဆိုတော့ အဲဒီလို သဘောကျတာမျိုးက မပါဘူးလေ..."

ပိုင်ဝမ်လင်းက အနည်းငယ် ရှုပ်ထွေးနေပုံဖြင့် ခေါင်းညိတ်လိုက်သည်။

နန်ကုန်းရိုရွှယ်၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး နန်ကုန်းယွီ၏ လက်ကို ကိုင်ကာ ပြုံးလိုက်သည်။"ကောင်းပြီလေ... ဒါဆိုရင် မိန်းကလေး ဝမ်လင်း... ငါတို့ကို အနားယူဖို့ ခေါ်သွားပေးပါဦး..."

"ဟုတ်ကဲ့..."

ပိုင်ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦးကို နောက်ဘက်ခြံဝင်းသို့ ခေါ်သွားကာ ဧည့်ခန်းနှစ်ခန်း ဖွင့်ပေးလိုက်သည်။

"စီနီယာတို့... အခြေအနေတွေက ရိုးရှင်းပေမဲ့ ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့..."

နန်ကုန်းရိုရွှယ်က အနည်းငယ် ပြုံးလိုက်သည်။ "မိန်းကလေး ဝမ်လင်း... မင်းက အရမ်း သဘောကောင်းလွန်းပါတယ်... ဒါပေမဲ့ ငါ့မောင်နဲ့ ငါက အသားကျနေပါပြီ... အခန်းတစ်ခန်းတည်းဆိုရင် အဆင်ပြေပါတယ်..."

"အခန်းတစ်ခန်းတည်းလား..."

ပိုင်ဝမ်လင်းက အနည်းငယ် အံ့အားသင့်သွားသည်။ ဗဟုသုတ ခေါင်းပါးလှသည့် သူမအဖို့တော့ ယောက်ျားနှင့် မိန်းမ အတူတူရှိနေသည့် အခန်းဆိုလျှင် တာအိုလက်တွဲဖော်များ နေထိုင်သည့်နေရာဟုသာ နားလည်ထားလေသည်။

သို့သော် နန်ကုန်းရိုရွှယ်က ရယ်မောကာ ပြောဆိုလာသည်။ "ငါ့မောင်နဲ့ ငါက နိုင်ငံအနှံ့ ခရီးသွားနေကျပါ... မိန်းကလေး ဝမ်လင်း... မအံ့ဩပါနဲ့..."

ပိုင်ဝမ်လင်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့ချေ။ သူမက ရိုးရှင်းစွာပင် ပြောဆိုလိုက်သည်။ "ကောင်းပါပြီ... စီနီယာ နှစ်ယောက် တစ်ခုခု လိုအပ်ရင် ဝမ်လင်း ကို ခေါ်လိုက်ပါ... ကျွန်မကို ဝမ်လင်း လို့ တိုက်ရိုက် ခေါ်လို့ရပါတယ်..."

"ကောင်းပြီ... ကျေးဇူးပါပဲ..." နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။

"ရပါတယ်... ဒါဆို ဝမ်လင်း က စီနီယာ နှစ်ယောက်ကို ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး..."

ပိုင်ဝမ်လင်းက ပြုံးလိုက်ပြီး ထွက်သွားရန် လှည့်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားသည့်အလား ရုတ်တရက် ရပ်တန့်သွားသည်။

All Chapters