← Chapters

အခန်း (၂၂၀)

Vol. 22 Ch. 220

အခန်း (၂၂၀)

Vol. 22 Ch. 220

အခန်း (၂၂၀) ဘယ်သူ့ကိုမှ မျက်နှာချိုသွေးဖို့ မလိုဘူး

နန်ကုန်းယွီသည် အကူအညီမဲ့စွာ ပြုံးလိုက်၏။

"ဒုတိယ အစ်မတော်... ကောင်းသောညပါ..."

"ကောင်းသောညပါ..."

နန်ကုန်းရိုရွှေက ပြန်လည်နှုတ်ဆက်လိုက်ပြီး သူမ၏ အိပ်ဆောင်အတွင်းသို့ အလျင်အမြန် ဝင်သွားလေ၏။

"သခင်လေး... သခင်လေး အနားယူဖို့ ရှင်းမုန်း ပြုစုပေးမယ်နော်..."

လူတိုင်း ထွက်သွားသည်ကို မြင်သောအခါ စူးရှင်းမုန်းက ပြုံး၍ ပြောလိုက်သည်။

နန်ကုန်းယွီသည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး မငြင်းဆန်တော့ချေ။

"ဒါဆိုရင် ရှင်းမုန်းကို ဒုက္ခပေးရတော့မယ်..."

စူးရှင်းမုန်းသည် ခေါင်းအနည်းငယ် ခါယမ်းကာ သူ၏ လက်မောင်းကို ချိတ်တွယ်လျက် ပြုံး၍ ပြောလိုက်၏။

"ဘယ်ကသာ... ရှင်းမုန်းက သခင်လေးရဲ့ အစေခံမလေးလေ... အဲဒါတွေ အားလုံးက ရှင်းမုန်း လုပ်သင့်လုပ်ထိုက်တာတွေပါ..."

"မင်းနော်..."

နန်ကုန်းယွီက တိုးညှင်းစွာ ရယ်မောလိုက်သည်။

"ငါက ရှင်းမုန်းကို အစေခံမလေးလို့ မသတ်မှတ်ထားပါဘူး..."

"အို..."

စူးရှင်းမုန်း၏ မျက်လုံးများထဲတွင် အပြုံးများ ပြည့်နှက်သွားပြီး အနည်းငယ် တိုးကပ်ကာ မေးလိုက်၏။

"ဒါဆိုရင် သခင်လေးရဲ့ မျက်လုံးထဲမှာ ရှင်းမုန်းက ဘာလဲဟင်..."

နန်ကုန်းယွီသည် သူမကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။

"ရှင်းမုန်း ဖြစ်ချင်တာ မှန်သမျှ ဖြစ်စေရမယ်လေ..."

"အင်း..."

စူးရှင်းမုန်းသည် တွေးတောဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး အနည်းငယ် တိုးကပ်ကာ သူမ၏ နှုတ်ခမ်းအစုံကို ညင်သာစွာ ကိုက်လျက် ပြောလိုက်၏။

"အဲဒီလိုဆိုရင် ရှင်းမုန်း ခံစားမိတာ မမှားဘူးပဲ... ချွန်းကျီတို့ ငါးယောက်မှာ သခင်လေးရဲ့ ချီစွမ်းအင်တွေ ရှိနေတယ် မဟုတ်လား... ရှင်းမုန်းလည်း နည်းနည်းလောက် လိုချင်တယ်... ရမလားဟင်..."

နန်ကုန်းယွီ၏ အကြည့်များ စူးရှသွားပြီး လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

"ရှင်းမုန်း သေချာရဲ့လား... အဲဒါက ဘာကို ဆိုလိုသလဲဆိုတာ ရှင်းမုန်း သိရဲ့လား..."

စူးရှင်းမုန်းသည် ခေါင်းငုံ့ကာ သူမ၏ ခေါင်းကို သူ၏ ရင်ခွင်ထဲသို့ အပ်ထားပြီး တိုးညှင်းစွာ ပြောလိုက်၏။

"သိပါတယ်... အဲဒါကို သိနေလို့ပဲ ပိုပြီး အလျင်လိုနေတာ... ရှင်းမုန်းလည်း ကြောက်တယ်... အဲဒီ ဆက်သွယ်မှုလေးသာ မရှိရင် သခင်လေးနဲ့ ပိုပိုဝေးသွားမှာကို ကြောက်တယ်..."

နန်ကုန်းယွီသည် သူမ၏ သွယ်လျသော ခါးလေးကို ဖက်ထားပြီး တိုးတိတ်စွာ ပြောလိုက်သည်။

"မဖြစ်စေရပါဘူး... ရှင်းမုန်း သဘောတူသရွေ့ ငါ့အနားမှာ ထာဝရ နေခွင့်ရှိပါတယ်..."

စူးရှင်းမုန်းသည် မော့ကြည့်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။

"ဒါဆိုရင် သခင်လေးက ရှင်းမုန်းကို အဆင့်အတန်းတစ်ခု ပေးပါ... အစေခံပဲဖြစ်ဖြစ်၊ သခင်လေးရဲ့ အမျိုးသမီးပဲဖြစ်ဖြစ် ရှင်းမုန်း နေခွင့်ရဖို့ အကြောင်းပြချက်တစ်ခုတော့ ရှိရမယ် မဟုတ်လား..."

ထိုစကားကို ကြားချိန်တွင် နန်ကုန်းယွီသည် သူမကို ပွေ့ဖက်ထားမှုကို သုံးဆခန့် ပိုမို တင်းကျပ်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"ရှင်းမုန်း... ငါ့ကို ရေချိုးဖို့ ကူညီပေးပါဦး... အဲဒီခံစားချက်ကို ငါ မေ့တော့မလို့ပဲ..."

"ရှင်းမုန်း သခင်လေးကို ကူညီပေးမယ်လေ..."

ထိုစကားကို ပြောလိုက်သည်နှင့် စူးရှင်းမုန်းသည် တစ်စုံတစ်ခုကို နားလည်သွားသည့်အလား မျက်လုံးများ ပြုံးရွှင်သွားပြီး ပြောလိုက်၏။

"ကောင်းပါပြီ..."

......

နန်ကုန်းယွီတို့ နှစ်ဦး အဓိကအိပ်ဆောင်အတွင်းသို့ ဝင်သွားသည်နှင့် အတွင်းဆောင်ထဲတွင် တိုးညှင်းသော အသံနှစ်သံ ပဲ့တင်ထပ်သွားလေ၏။

အခန်းနှစ်ခန်းလုံးမှ မကြားတကြား တိုးတိတ်သော အသံများ ထွက်ပေါ်လာသည်။

"စိတ်ဝင်စားစရာပဲ..."

"နည်းနည်း အနှောင့်အယှက် ဖြစ်စရာပဲ..."

......

နောက်ဆုံးတွင် နန်ကုန်းယွီသည် စွဲလမ်းယစ်မူးသွားပြီး သူ ယခင်က ပြောခဲ့သည်များကိုပင် မေ့လျော့သွားလေတော့၏။

......

နောက်တစ်နေ့ နံနက်စောစော။

နန်ကုန်းယွီသည် ဖြည်းညင်းစွာ နိုးထလာပြီး သူ၏ ဘေးရှိ စူးရှင်းမုန်းကို ကြည့်ကာ မနေနိုင်ဘဲ အနည်းငယ် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။

အတိတ်ဘဝက သာမန်လူတစ်ယောက်ဖြစ်ခဲ့ပြီး ဆွဲဆောင်မှုရှိသူများကို ရှာဖွေခဲ့သော်လည်း မရရှိခဲ့ချေ။

‘ဒီဘဝမှာတော့ ပြိုင်ဘက်ကင်း အလှပိုင်ရှင်တွေက အစုလိုက်အပြုံလိုက် ရောက်လာကြပြီပဲ။

ဘဝဆိုတာ တကယ်ကို ထူးခြားဆန်းကြယ်တာပဲ။’

သူသည် စူးရှင်းမုန်းကို ကြည့်ကာ တိတ်တဆိတ် တွေးလိုက်၏။

‘အမြင့်ဆုံး တောင်ထွတ်ကို ရောက်တဲ့အခါ တစ်သက်လုံး မင်းကို ငါ ကာကွယ်ပေးမယ်။’

သူ၏ အကြည့်များကို ခံစားမိသည့်အလား စူးရှင်းမုန်းသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လာပြီး သူမ၏ ဝမ်းသာပျော်ရွှင်မှုများကို မျက်စိဖြင့် ထင်ရှားစွာ မြင်တွေ့ရပေသည်။

"သခင်လေး... ရှင်းမုန်း အဝတ်အစား လဲပေးမယ်..."

စူးရှင်းမုန်း၏ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော လက်မောင်းလေးများက နန်ကုန်းယွီ၏ ပခုံးပေါ်သို့ ရောက်ရှိလာပြီး တိုးညှင်းစွာ ရယ်မောလိုက်၏။

နန်ကုန်းယွီသည် အောက်ဘက်ရှိ မြင်ကွင်းကို တစ်ချက်ကြည့်ကာ နောက်ပြောင်လိုက်သည်။

"ငါထင်တာတော့ မင်းလေးက ငါ့ကို ဝတ်လဲပေးချင်တာမဟုတ်ပဲ ချွတ်ပေးချင်နေတာမလား..."

စူးရှင်းမုန်း၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး တိုးညှင်းစွာ ပြောလိုက်၏။

"အနည်းငယ် သက်သောင့်သက်သာ မရှိသေးပေမယ့် မလုပ်နိုင်တာတော့ မဟုတ်ပါဘူး..."

နန်ကုန်းယွီက ပြုံးလျက် ခေါင်းခါလိုက်သည်။

"ကောင်းပြီလေ... မင်းကို နောက်နေတာပါ... မင်း တစ်ရက် နှစ်ရက်လောက်တော့ အနားယူသင့်တယ်..."

ထိုသို့ပြောရင်း သူက စူးရှင်းမုန်းကို ထူပေးကာ အဝတ်အစားများ ဝတ်ဆင်ပေးလိုက်၏။

စူးရှင်းမုန်းသည် မျက်တောင်ခတ်လိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။

"သခင်လေး... ရှင်းမုန်း ဘာသာ ရှင်းမုန်း လုပ်နိုင်ပါတယ်... သခင်လေးကို ဒုက္ခပေးစရာ မလိုပါဘူး..."

နန်ကုန်းယွီက ရယ်မောလိုက်၏။

"ငြိမ်ငြိမ်နေပါ... ငါက မင်းကို အဝတ်အစား ဝတ်ပေးတာက လုပ်သင့်လုပ်ထိုက်တာပါပဲ..."

ထိုစကားကို ကြားချိန်တွင် စူးရှင်းမုန်း၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး သူမ၏ အဝတ်အစားများကို သူ ပြုပြင်ပေးနေသည်ကို ခွင့်ပြုထားလိုက်သည်။

ခဏအကြာတွင် စူးရှင်းမုန်းက အံ့အားသင့်စွာ မေးလိုက်၏။

"သခင်လေးက အမျိုးသမီး အဝတ်အစားတွေအကြောင်း အများကြီး သိနေသလိုပဲနော်..."

နန်ကုန်းယွီသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ တိုးညှင်းစွာ ရယ်မောလိုက်သည်။

"ချွတ်တာကို မြင်ဖူးရင် ဝတ်ပေးတာလည်း လွယ်ကူသွားတာပေါ့..."

"အို... ဘယ်သူ့ဟာတွေလဲ..."

စူးရှင်းမုန်းက အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်၏။

နန်ကုန်းယွီသည် သူမကို တစ်ချက်ကြည့်ကာ စကားမပြောနိုင်ဖြစ်သွားသည်။

"ရှင်းမုန်း... လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ငါ အလုံအလောက် မြင်ခဲ့ပြီးပြီ မဟုတ်ဘူးလား... ပြီးတော့ မင်း ငယ်ငယ်တုန်းကရော ငါ့ကို ရှောင်ဖယ်နေခဲ့လို့လား..."

ထိုစကားကို ကြားချိန်တွင် စူးရှင်းမုန်း၏ မျက်နှာလေးမှာ နီရဲသွားလေ၏။

‘တကယ်ပဲ အဲဒီလို ဖြစ်ခဲ့တာပဲ။

အရင်တုန်းက သူမနဲ့ ချင်းလင်က နန်ကုန်းယွီကို ရေချိုးပေးခဲ့တာတွေက... အဝတ်အစားတွေကို ခဏခဏ ချွတ်ပေးခဲ့တာပဲ မဟုတ်ဘူးလား။’

‘ဒီသဘောအရဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ကိုယ့်သခင်လေးက အစကတည်းက အကုန်လုံး မြင်တွေ့ခဲ့ပြီးသားပဲ။’

ထိုသို့ တွေးမိရင်း စူးရှင်းမုန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး ပေါ်လာ၏။

"အရင်တုန်းက မရှောင်ခဲ့သလို နောက်ဆိုရင်လည်း ရှောင်ဖို့ မလိုတော့ပါဘူး..."

သူမက စကားပြောရင်း နန်ကုန်းယွီကို အဝတ်အစားများ စတင်ဝတ်ဆင်ပေးလိုက်သည်။

ခဏအကြာတွင် သူတို့နှစ်ဦးသည် အဓိကအိပ်ဆောင်မှ ထွက်လာကြ၏။

သို့သော် ယဲ့ကျင်းလင်သည် သူတို့နှစ်ဦးကို တစ်ချက်ကြည့်ကာ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ရှေ့တိုးလာကာ တိုးညှင်းစွာ ပြောလိုက်သည်။

"သခင်လေး... သခင်လေးရဲ့ အိပ်ဆောင်အတွက် အနီးအနားမှာ အခန်းတစ်ခန်း ရွေးလိုက်ပါလား... အမြဲတမ်း ဘေးဘက်အခန်းမှာပဲ အနားယူလို့ မဖြစ်ဘူးလေ..."

ထိုစကားကို ကြားချိန်တွင် နန်ကုန်းယွီသည် ခေါင်းအနည်းငယ် ညိတ်လိုက်၏။

"ငါ အဲဒါကို မစဉ်းစားမိဘူး... အဓိကအိပ်ဆောင်က ကုတင်က မယ်တော့်ဟာဆိုတော့ ငါတို့ သုံးလို့မဖြစ်ဘူး... အဓိကအိပ်ဆောင်ရဲ့ ညာဘက်က အခန်းကို ရှင်းလင်းပေးပါ... အခုကစပြီး ငါ အဲဒီမှာပဲ နေမယ်..."

"ကောင်းပါပြီ... ခဏနေရင် သူတို့ကို သွားရှင်းလင်းခိုင်းလိုက်ပါ့မယ်..."

ယဲ့ကျင်းလင်က ခေါင်းညိတ်လိုက်ပြီး ထိုအဖွဲ့သည် အလုပ်များသွားကြကာ နန်ကုန်းယွီတို့ကို မျက်နှာသစ်ရေချိုးရန် အမြန်အဆန် ပြုစုပေးကြလေ၏။

နန်ကုန်းယွီသည် အတွင်းဆောင်ကို တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ရှောင်ဝေး မူးနေတုန်းပဲလား..."

ယဲ့ကျင်းလင်သည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး တိုးညှင်းစွာ ရယ်မောလိုက်၏။

"ဟုတ်ပါတယ်... သူတင် မဟုတ်ဘူး၊ ဖူရုန်းနဲ့ တုန်းရွှယ်တို့လည်း ယစ်မူးနေတုန်းပဲ... အဲဒါကလည်း မင်းသမီးကြီး နှစ်ပါး အခုထိ မထသေးတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ..."

နန်ကုန်းယွီသည် ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

ချိုးယဲ့က ခေတ္တမျှ တွန့်ဆုတ်နေပြီး ပြောလိုက်၏။

"သခင်လေး... ကျွန်မနဲ့ ချွန်းကျီက မင်းသမီးကြီး နှစ်ပါးကို ထဖို့ သွားပြုစုပေးရမလား..."

သို့သော် နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်ကို သူမ မြင်တွေ့လိုက်ရသည်။

"အစ်မတော် ရွှယ်က အဲဒီလောက် မနုနယ်သေးပါဘူး... ဒုတိယ အစ်မတော်ကတော့ ဖြစ်နိုင်လောက်တယ်..."

ထိုသို့ ပြောပြီးနောက် နန်ကုန်းယွီသည် သူတို့ ခြောက်ဦးကို တစ်ချက်ကြည့်ကာ လေးနက်တည်ကြည်စွာ ပြောလိုက်၏။

"မယ်တော်နဲ့ ငါကလွဲရင် မင်းတို့ တခြားဘယ်သူ့ကိုမှ မျက်နှာချိုသွေးဖို့ မလိုဘူး... နားလည်လား..."

သူတို့ ခြောက်ဦး၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားပြီး အလျင်အမြန် ခေါင်းညိတ်လိုက်ကြသည်။

"ကောင်းပြီ... ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြတော့..."

နန်ကုန်းယွီက တိုးညှင်းစွာ ရယ်မောလိုက်၏။

"ဒီနေ့ အစ်မတော် ရွှယ်နဲ့အတူ နန်းတော်ကို သွားလည်ရဦးမယ်... မင်းတို့ရဲ့ ကိုယ်ပိုင်ကိစ္စတွေကို အာရုံစိုက်လို့ရတယ်... ငါ့နောက်ကို အမြဲတမ်း လိုက်နေစရာ မလိုပါဘူး…”

"ဟုတ်ကဲ့ပါ..."

သူတို့ ခြောက်ဦးသည် အနည်းငယ် ဦးညွှတ်သဘောတူလိုက်ပြီး လှည့်ထွက်သွားကြလေသည်။

ထိုအချိန်တွင် နန်ကုန်းယွီသည် ယဲ့ကျင်းလင်ကို လှမ်းခေါ်လိုက်ပြီး ခေတ္တမျှ တွေးတောကာ ပြောလိုက်၏။

"ကျင်းလင်... ပိုင်ဆိုင်မှုတွေ ဖြေရှင်းတဲ့ကိစ္စ ဘယ်လိုနေပြီလဲ..."

"သခင်လေး... ဒီအစေခံ ကိုင်တွယ်ဖြေရှင်းနေပါတယ်..."

ယဲ့ကျင်းလင်က အလျင်အမြန် ပြန်ဖြေလိုက်သည်။

နန်ကုန်းယွီသည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး နက်နက်ရှိုင်းရှိုင်း တွေးတောကာ ပြောလိုက်၏။

"ပိုင်ဆိုင်မှုတွေကို ဖြေရှင်းတဲ့အခါမှာ တာဝန်ရှိသူတွေကိုလည်း သေချာ နေရာချထားပေးရမယ်... ဘာပဲဖြစ်ဖြစ် သူတို့က မင်းသားစံအိမ်မှာ နှစ်ပေါင်းများစွာ နေခဲ့ကြတာပဲ... သူတို့ကို အခြေချဖို့ ငွေပိုပေးလိုက်ပါ... မင်းသားစံအိမ်မှာ အဲဒီလိုအရာတွေ မရှားပါဘူး..."

"သခင်လေး... ဒီအစေခံ နားလည်ပါပြီ..."

ယဲ့ကျင်းလင်သည် အလျင်အမြန် ခေါင်းညိတ်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ကြယ်ပွင့်လေးများ လင်းလက်သွား၏။

‘သခင်လေးက တကယ့်ကို သဘောကောင်းတာပဲ။’

"မင်း နားလည်ရင် ရပါပြီ... လတ်တလော အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ယဲ့ကျင်းလင်က အလျင်အမြန် ခေါင်းခါလိုက်သည်။

"မပင်ပန်းပါဘူး သခင်လေး... ဒါဆိုရင် ဒီအစေခံ အရင်သွားလိုက်ပါဦးမယ်..."

"သွားတော့..."

နန်ကုန်းယွီက လက်ဝှေ့ယမ်းလိုက်ပြီးနောက် နန်ကုန်းရိုရွှယ်၏ အခန်းထဲသို့ ဝင်သွားကာ ကုတင်ဘေးသို့ တည့်တည့်လျှောက်သွားလေ၏။

သူက တိုးညှင်းစွာ ပြုံး၍ ပြောလိုက်သည်။

"အစ်မတော် ရွှယ်... မထသေးဘူးလား…”

All Chapters