← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁) ရေခဲကုတင်ထက်မှ အမျိုးသမီး

စိတ်ခံစားမှုခုနစ်ပါး မိစ္ဆာသခင်က ရှန်ကွမ်ယွဲ့ရှီးအပေါ် ရိုင်းစိုင်းစွာ ပြောဆိုလိုက်ခြင်းက နန်ကုန်းယွီကို ဒေါသထွက်စေခဲ့ပေ၏။

နန်ကုန်းယွီအနေဖြင့် သူ့ကို မည်သို့ လွယ်လွယ်ကူကူ အလွတ်ပေးနိုင်မည်နည်း။

နန်ကုန်းယွီ၏ မျက်နှာထားသည် အေးစက်နေပြီး သူ၏အသံမှာလည်း ချမ်းစိမ့်သွားစေပေသည်။

"ငါ့အမေကို စော်ကားတဲ့သူတွေက ခွင့်လွှတ်ဖို့ မထိုက်တန်ဘူး... သူတို့ သေဆုံး ပျက်စီးသွားရမယ်... ဝိညာဉ်တွေ လွင့်စဉ်ပြီး စိတ်ဝိညာဉ်တွေ ကြေမွသွားစေရမယ်..."

ဤစကားကို ကြားချိန်၌ ရှဲဒိုးချမ်းသည် နန်ကုန်းယွီ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပေ၏။

အလင်းနှင့်အမှောင် နှစ်မျိုးစလုံး ပါဝင်ပုံရသော လောကနိယာမ စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး စိတ်ခံစားမှုခုနစ်ပါး မိစ္ဆာသခင်၏ ဝိညာဉ်ကို လျင်မြန်စွာ တိုက်စားသွားပေသည်။

စိတ်ခံစားမှုခုနစ်ပါး မိစ္ဆာသခင်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး သူက အော်ဟစ်ကာ သနားညှာတာရန် တောင်းပန်လေတော့၏။

"အား... မလုပ်ပါနဲ့... ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ..."

"မင်းကို လွှတ်ပေးရမယ်... အဲ့ဒါက ဖြစ်နိုင်လို့လား..."

နန်ကုန်းယွီ၏ မျက်နှာထားသည် ရေခဲတမျှ အေးစက်နေပြီး သူ၏အသံသည် အရိုးထဲထိ စိမ့်ဝင်သွားစေသည်။

"ရှဲဒိုးချမ်း... သူ့ကို သတ်လိုက်..."

"အမိန့်အတိုင်းပါ..."

သို့ရာတွင် ရှဲဒိုးချမ်း၏အသံ တိုးတိုးလေး ထွက်ပေါ်လာသည်နှင့် ထိုလောကနိယာမစွမ်းအား တိုက်စားနေသည့် အမြန်နှုန်းက ရုတ်တရက် အရှိန်မြင့်တက်သွားပြီး ယခင်ကထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်လာပေ၏။

"မဟုတ်ဘူး..."

စိတ်ခံစားမှုခုနစ်ပါး မိစ္ဆာသခင်သည် သူ၏ဝိညာဉ် လုံးလုံးလျားလျား ဖျက်ဆီးမခံရမီ အော်ဟစ်ချိန်လေးသာ ရလိုက်ပေသည်။

နန်ကုန်းယွီက မည်သည့်အမူအရာမျှ မပြဘဲ အေးစက်စွာ ပြောလိုက်၏။

"အရင်ကတော့ မင်းကို သာမာန်မေးခွန်း နည်းနည်းပဲ မေးဖို့ ရည်ရွယ်ထားတာ... မင်းကို သတ်ဖို့ အစီအစဉ် မရှိခဲ့ဘူး... ဒါပေမဲ့ ဒီလောက် ရိုင်းစိုင်းဖို့ ဘယ်သူက မင်းကို သင်ပေးထားလို့လဲ..."

ထိုသို့ပြောပြီးနောက် သူသည် မျက်လုံးများကို အနည်းငယ်လှည့်ကာ တာအိုယန်နတ်ဆိုးမျက်လုံးမှတစ်ဆင့် လျှို့ဝှက်နယ်မြေအကြောင်း၊ ပို၍တိတိကျကျ ဆိုရလျှင် စိတ်ခံစားမှုခုနစ်ပါး မိစ္ဆာသခင်နှင့် စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်တို့အကြားရှိ ဆက်နွယ်မှုကို ရှာဖွေရန် ကြိုးစားလိုက်ပေသည်။

မကြာမီမှာပင် သူသည် အသေးစိတ်အချက်အလက် အချို့ကို သိရှိသွားပေ၏။

ထိုစဉ်က စိတ်ခံစားမှုခုနစ်ပါး မိစ္ဆာသခင်သည် တာအိုအရှင်မြတ်အဆင့် ကျွမ်းကျင်သူကြီးများ၏ လောကနိယာမစွမ်းအားများကြောင့် ဒဏ်ရာရရှိခဲ့ပြီး ခန္ဓာကိုယ်မှာ

ပျက်စီးသွားခဲ့ကာ ဝိညာဉ်သာလျှင် ထွက်ပြေးလွတ်မြောက်ပြီး ဤလျှို့ဝှက်နယ်မြေသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်။

သူ၏ရန်သူများကို ရှောင်တိမ်းရန်အတွက် သူသည် စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်၏ မူလစွမ်းအင် ၃၀ ရာခိုင်နှုန်းကို ​အမြုတေအဖြစ် အသုံးပြုကာ အခြားသူများ တွက်ချက်စုံစမ်းခြင်းမှ ကာကွယ်ရန် ပိတ်လှောင်ခြင်း ဝင်္ကပါတစ်ခုကို ဖန်တီးခဲ့သည်။ ဤဝင်္ကပါသည် စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်ကိုလည်း ဖျက်ဆီးပစ်ခဲ့ပြီး ၎င်း

ဝိညာဉ်မှာ ကြေမွသွားကာ ဝိညာဉ်အမှတ်အသားလည်း ဖျက်ဖျက်ခံလိုက်ရပေ၏။

ထိုဝင်္ကပါသည် အဖြူရောင်နေရာလွတ်ထဲတွင် ရှိနေပေသည်။

ထိုအဖြူရောင် နေရာလွတ်သည် လျှို့ဝှက်နယ်မြေအတွက် အကာအကွယ်အလွှာ တစ်ခုနှင့် တူပေသည်။ တစ်စုံတစ်ယောက်က ကောင်းကင်နှင့်မြေကြီးကို ပိတ်လှောင်ခြင်း ဝင်္ကပါကို ရှာဖွေတွေ့ရှိပြီး မဖျက်ဆီးနိုင်သမျှ ကာလပတ်လုံး ဤနေရာရှိနေကြောင်းကို မည်သူမျှ သိရှိနိုင်မည် မဟုတ်ပေ။

လွန်ခဲ့သော နှစ်များတစ်လျှောက်လုံး သူသည် သူ၏ဝိညာဉ်ကို ပြုစုပျိုးထောင်ရန်အတွက် စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်မှ စုပ်ယူထားသော စိတ်ခံစားမှုခုနစ်ပါး စွမ်းအားကို အားထားခဲ့ရပြီး အထွတ်အထိပ်အဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ကံမကောင်းစွာဖြင့် အားထားစရာ ခန္ဓာကိုယ်မရှိပါက ဝိညာဉ်သည် အဆုံးတွင် အမြစ်မရှိသော ရေမှော်ပင်ကဲ့သို့ပင် ဖြစ်နေပေ၏။

စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်၏ စမ်းသပ်မှုသည် သူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ခြင်း အတွက် သင့်လျော်မည့်သူကို ရွေးချယ်ရာတွင်လည်း ကူညီပေးပေသည်။ စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင် စမ်းသပ်မှုကို အောင်မြင်သူများကို သူက အာရုံခံသိရှိပြီး ခန္ဓာကိုယ်ကို သိမ်းပိုက်ရန်အတွက် ဤနေရာသို့ နေရာရွှေ့ပြောင်းခေါ်ဆောင်လာမည်ဖြစ်သည်။

ကံဆိုးစွာဖြင့် သူ ကမန်းကတန်း ရွေးချယ်ခဲ့သော လျှို့ဝှက်နယ်မြေသည် သေမျိုးနယ်ပယ်၏ လျှို့ဝှက်နယ်မြေ ဖြစ်နေခဲ့ပြီး မည်သူကမျှ စိတ်ခံစားမှုခုနစ်ပါး စမ်းသပ်မှုကို ရက်ပေါင်း နှစ်ဆယ့်တစ်ရက်အတွင်း မပြီးမြောက်နိုင်ခဲ့ပေ။

ထို့ကြောင့် မရေမတွက်နိုင်သော နှစ်များတစ်လျှောက်လုံးတွင် သူသည် ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် သင့်လျော်သောသူကို ရှာမတွေ့ခဲ့ချေ။ ပို၍ ကံဆိုးသည်မှာ သူသည် လူလည်ကြီး နန်ကုန်းယွီနှင့် ဆုံတွေ့ခဲ့ရပြီး စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်၏ နေရာရွှေ့ပြောင်းခြင်း နည်းလမ်းကို အသုံးမပြုဘဲ ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သူသည် စိုးရိမ်ပူပန်လွန်းသဖြင့် မှားယွင်းနေသည်များကို သတိမပြုမိဘဲ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ချက်ချင်း တွေးလိုက်မိသည်။ ရလဒ်အနေဖြင့် သူသည် နန်ကုန်းယွီထံတွင် စိတ်ပျက်ဖွယ် ရှုံးနိမ့်မှုကိုသာ ခံစားခဲ့ရပေသည်။

လျှို့ဝှက်နယ်မြေအတွင်းရှိ သက်ရှိများအတွက်မူ သူတို့သည် အမှန်တကယ်တော့ စိတ်ခံစားမှုခုနစ်ပါးလုံး စုပ်ယူခံထားရသည့် သက်ရှိများဖြစ်ပြီး အဆုံးတွင် ပျက်သုဉ်းသွားမည် ဖြစ်ပေ၏။

ဤအချက်အလက်များကို သိရှိပြီးနောက် နန်ကုန်းယွီသည် သိပ်မတွေးတော့ဘဲ အနောက်ဘက်ခန်းမဆီသို့ လှည့်ကာ လျှောက်သွားလိုက်သည်။

ဤနေရာသို့ ရောက်ရှိချိန်၌ သူ့ကို ဆွဲဆောင်နေသည့်အရာမှာ စိတ်ခံစားမှုခုနစ်ပါး နန်းတော်အတွင်းတွင် ရှိနေပုံရသည်ဟု သူ ဝိုးတဝါး ခံစားမိလိုက်ပြီး ဤအရာက သူ၏ သိချင်စိတ်ကို နှိုးဆွပေးလေ၏။

အမြင့်ဆုံးအဆင့် တာအိုရတနာဖြစ်သော စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်ကပင် သူ့ကို ဆွဲဆောင်ရန် မလုံလောက်ခဲ့ပေ။ ထိုသို့ဆိုလျှင် မည်သည့်အရာက သူ့ကို ဆွဲဆောင်နိုင်မည်နည်း။

နန်ကုန်းယွီ၏ မျက်လုံးများတွင် မျှော်လင့်တကြီး စောင့်စားနေသည့် အရိပ်အယောင်တစ်ခု ရှိနေပြီး အနောက်ဘက်ခန်းမဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ရှဲဒိုးချမ်းမှာမူ အမှောင်ထုထဲသို့ ပျောက်ကွယ်သွားပြီး သူ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပေ၏။

မကြာမီမှာပင် နန်ကုန်းယွီသည် နန်းတော်၏ အတွင်းပိုင်းအကျဆုံး နေရာသို့ ရောက်ရှိသွားပြီး သူ၏ရှေ့တွင် အလွန်ထူးခြားသော ကျောက်စင်မြင့်တစ်ခု ရှိနေပေသည်။

ကျောက်စင်မြင့်၏ အပြင်ဘက်တွင် စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းထားသော သူတော်စင်အဆင့် ဝင်္ကပါတစ်ခု ရှိနေသည်။

သူတော်စင်အဆင့် ဝင်္ကပါပညာရှင်တစ်ဦး အနေဖြင့် နန်ကုန်းယွီသည် ထိုဝင်္ကပါကို အနည်းငယ်မျှသာ ကြည့်လိုက်ရုံဖြင့် ကာကွယ်ရေး၊ သတင်းအချက်အလက်များ ဖုံးကွယ်ခြင်းနှင့် ဝိညာဉ်ဖြင့် စုံစမ်းထောက်လှမ်းမှုကို ပိတ်ဆို့ခြင်း လုပ်ဆောင်ချက်များ ရှိနေပုံရကြောင်း တွေ့ရှိလိုက်ပေ၏။

"ကာကွယ်ရေးနဲ့ သတင်းအချက်အလက် ဖုံးကွယ်တာက အဆင်ပြေပါတယ်... ဒါပေမဲ့ ဒီ 'အကျဉ်းချခြင်း' ဆိုတာက ဘာသောက်ကျိုးနည်းလဲ..."

နန်ကုန်းယွီက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သော်လည်း သိပ်မတွေးတော့ဘဲ ကြီးမားသော ဝင်္ကပါကြီးအတွင်းရှိ ကျောက်စင်မြင့်ကို လှည့်ကြည့်လိုက်ပေသည်။

ကျောက်စင်မြင့်သည် လျှို့ဝှက်ဆန်းကြယ်သော ကမ္ပည်းစာများဖြင့် ဖုံးလွှမ်းနေပြီး ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေကာ... ကာမစိတ်ကြွစေရန် အသုံးပြုနိုင်ပုံရပေ၏။

ဟုတ်သည်။

သေချာပေါက် ကာမစိတ်ကြွစေသည့်အရာ ဖြစ်ပေသည်။

နန်ကုန်းယွီသည် ကျောက်စင်မြင့်ပေါ်ရှိ ကမ္ပည်းစာများကို အနည်းငယ်မျှသာ ကြည့်လိုက်ရုံဖြင့် သူ၏အထဲတွင် ဂဏာမငြိမ်ဖြစ်မှုများ လှိုင်းလုံးလို တက်လာသည်ကို ခံစားလိုက်ရပြီး ထိုကဲ့သို့သော ကိစ္စများအပေါ် သူ၏ လိုအင်ဆန္ဒများက အလိုအလျောက် မြင့်တက်လာပေ၏။

နန်ကုန်းယွီသည် အံ့အားသင့်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်ကို အလျင်အမြန် လွှဲဖယ်လိုက်ကာ ကျောက်စင်မြင့်ပေါ်ရှိ ရေခဲကုတင်ကို ကြည့်လိုက်သည်။

ကျောက်စင်မြင့်ထက်တွင် ချမ်းစိမ့်သော အရှိန်အဝါများ ထုတ်လွှတ်နေသည့် ရေခဲကုတင်တစ်ခု ရှိနေသည်။

ထိုရေခဲကုတင်မှာ အပြာရင့်ရောင်ဖြစ်ပြီး အထူးစွမ်းအင်များ ထွက်ပေါ်နေသဖြင့် အလွန် ထူးခြားပုံရပေ၏။

နန်ကုန်းယွီ၏ အကြည့်များ အပေါ်သို့ ရောက်သွားချိန်၌ သူသည် မနေနိုင်ဘဲ ရုတ်တရက် အေးခဲသွားကာ သူ၏မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာပေသည်။

"အမေ..."

"မဟုတ်ဘူး... အမေ မဟုတ်ဘူး..."

နန်ကုန်းယွီသည် ရေခဲကုတင်ပေါ်တွင် လှဲလျောင်းနေသော ကိုယ်လုံးတီး အမျိုးသမီးကို အံ့အားသင့်စွာ စိုက်ကြည့်နေပြီး သူ၏မျက်လုံးများတွင် အံ့သြမှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပေ၏။

သို့သော် ထိုအမျိုးသမီး၏ မျက်နှာပေါက်သည် သူ၏မိခင် ရှန်ကွမ်ယွဲ့ရှီးနှင့် ဆယ်ပုံကိုးပုံခန့် တူညီနေပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် အချိုးအစားများမှာလည်း လုံးဝ တူညီနေပေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ့အနေဖြင့် သူမကို မိခင်ဖြစ်သူဟု အထင်မှားသွားသည်မှာ အံ့သြစရာ မဟုတ်ပေ။

အကယ်၍ သူ၏မိခင် မြင့်မြတ်နယ်မြေ၌ ရှိနေကြောင်းကိုသာ သူ မသိထားခဲ့လျှင် မိခင်ဖြစ်သူ ဤနေရာတွင် ရှိနေမည်ဟုပင် ထင်မှတ်သွားပေလိမ့်မည်။ မိခင်ဖြစ်သူနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့ပါက နန်ကုန်းယွီသည် သူမကို တခြားတစ်ယောက်နှင့် လုံးဝ မှားယွင်းသွားနိုင်ပေ၏။

ပို၍တိတိကျကျ ဆိုရလျှင် အခြားလူတစ်ယောက်သာဆိုပါက အခြားအရာတစ်ခုခုနှင့် လုံးဝ အထင်မှားသွားနိုင်ခြေ များပေသည်။

နန်ကုန်းယွီသည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး သူ၏မျက်လုံးများတွင် အံ့အားသင့်မှုနှင့် မရေရာမှုများ ပြည့်နှက်သွားကာ ထိုအမျိုးသမီးကို စူးစိုက်ကြည့်နေပေ၏။

သူ့တွင် ရဲတင်းသော ခန့်မှန်းချက်တစ်ခု ရှိနေသည်။

သူ့ကို ဤနေရာသို့ ဆွဲခေါ်လာခဲ့သည်မှာ ဤအမျိုးသမီးပင် ဖြစ်နိုင်ပေ၏။

နန်ကုန်းယွီသည် မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။

"ဒီအချက်ကပဲ ဖြစ်နိုင်ခြေရှိတဲ့ တစ်ခုတည်းသော ရှင်းပြချက် ဖြစ်နိုင်တယ်"

သူ၏ တာအိုယန်နတ်ဆိုးမျက်လုံး စတင်အလုပ်လုပ်လာပြီး ခန့်မှန်းချက်အချို့ ပြုလုပ်လိုက်သည်။ ထို့အပြင် ထိုသူက သူ၏ရှေ့တည့်တည့်တွင် ရှိနေပြီး အကယ်၍ ဤသူသည် သူနှင့် ဆက်နွယ်မှု ရှိနေမည်ဆိုလျှင်ပင် သူ၏ တာအိုယန်နတ်ဆိုးမျက်လုံးက ယခုအချိန်၌ အရာအချို့ကို မြင်တွေ့နိုင်ပေသည်။

ထို့ကြောင့် သူသည် သူ၏ခန့်မှန်းချက်ကို အလျင်အမြန် အတည်ပြုလိုက်ပေ၏။

"သေချာတာပေါ့... ငါ့ကို ဒီနေရာဆီ ဆွဲဆောင်လာခဲ့တာက ငါ့ရှေ့က ဒီအမျိုးသမီးပဲ... ကံတရားရဲ့ လှည့်စားမှုက အံ့ဩစရာပဲ..."

နန်ကုန်းယွီက ရယ်မောလိုက်ပြီး တာအိုယန်နတ်ဆိုးမျက်လုံးကို ထပ်မံ အသက်သွင်းကာ သူ့ရှေ့မှ သူတော်စင်အဆင့် ဝင်္ကပါ၏ နိယာမများကို တိုက်ရိုက်ခွဲခြမ်းစိတ်ဖြာပြီး နားလည်သဘောပေါက်ကာ ကျွမ်းကျင်ပိုင်နိုင်ရန် ကြိုးစားလိုက်ပေသည်။

သို့မဟုတ်ပါက ဝင်္ကပါအတွင်းရှိ အားနည်းချက်တစ်ခုကို ရှာဖွေပြီး လွတ်လပ်စွာ ဝင်ထွက်နိုင်မည်ဖြစ်ကာ ဝင်္ကပါကိုပင် ချိုးဖျက်နိုင်ပေလိမ့်မည်။

မကြာမီမှာပင် နန်ကုန်းယွီသည် သူ့ရှေ့ရှိ ဝင်္ကပါကြီးအကြောင်း အချက်အလက်များစွာကို ရရှိခဲ့သည်။

အချက်အလက်ထဲတွင် ဝင်္ကပါ၏ အမည်နှင့် လုပ်ဆောင်ချက်၊ ဝင်္ကပါတည်ဆောက်ရန် လိုအပ်သော ဝိညာဉ်ပစ္စည်းများ၊ ဝင်္ကပါတည်ဆောက်ပုံ နည်းလမ်း၊ ဝင်္ကပါ၏ အားနည်းချက်များနှင့် ဖျက်ဆီးမည့်နည်းလမ်း စသည်တို့ ပါဝင်သော်လည်း ထိုအချက်အလက်မျှသာ ကန့်သတ်ထားခြင်း မဟုတ်ပေ။

နန်ကုန်းယွီကို အံ့အားသင့်စေခဲ့သည်မှာ သူ ယခုလေးတင် တွေ့ရှိခဲ့ရသည်များက ကောင်းကင်နှင့်မြေကြီး အကျဉ်းထောင် သူတော်စင်ဝင်္ကပါ၏ အာနိသင်သည် အားလုံးမဟုတ်ခြင်းပင်။ ကောင်းကင်နှင့်မြေကြီး အကျဉ်းထောင် သူတော်စင်ဝင်္ကပါ၏ အစွမ်းအထက်ဆုံး လုပ်ဆောင်ချက်မှာ အမှန်တကယ်တော့ အကျဉ်းချခြင်းဖြစ်ပြီး ဓာတ်ကူပစ္စည်း အာနိသင်လည်း ရှိနေပေသည်။

"အကျဉ်းချခြင်း" ဆိုသည်မှာ ဝင်္ကပါကို တည်ဆောက်သူနှင့် ထိန်းချုပ်သူမှလွဲ၍ မည်သူမျှ အထဲသို့ဝင်ခြင်း သို့မဟုတ် အပြင်သို့ထွက်ခြင်း မပြုလုပ်နိုင်ကြောင်း ဆိုလိုခြင်းဖြစ်သည်။

ဓာတ်ကူပစ္စည်း လုပ်ဆောင်ချက်သည် ကျောက်စင်မြင့်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော ကမ္ပည်းစာများ၏ အာနိသင်ကို မြှင့်တင်ပေးရန် ရည်ရွယ်သည်။

ဤလုပ်ဆောင်ချက်ကို နောက်ပိုင်းမှ ပေါင်းထည့်ထားပုံရသဖြင့် အနည်းငယ် နေရာမကျသလို ခံစားရပေ၏။

နန်ကုန်းယွီသည် ထပ်မံစဉ်းစားမနေတော့ဘဲ ဝင်္ကပါအတွင်းသို့ တိုက်ရိုက် လှမ်းဝင်လိုက်ပြီး ကျောက်စင်မြင့်ထံသို့ ရောက်ရှိသွားပေသည်။

သူ၏အကြည့်များက အမျိုးသမီးထံ ကျရောက်သွားပြီး မနေနိုင်ဘဲ အံ့အားသင့်စွာ ရေရွတ်လိုက်၏။

"တကယ်ပဲ... သူမက တကယ်ကို အမေနဲ့ တစ်ပုံစံတည်းပဲ..."

ထိုအမျိုးသမီး၏ မျက်နှာသည် ရှန်ကွမ်ယွဲ့ရှီးနှင့် အံ့မခန်း ဆင်တူနေပြီး အသားအရေ ဖြူဖွေးသော်လည်း သဘာဝမကျသော နီမြန်းမှုနှင့် ဖြူရော်နေသော အသွင်အပြင် ရှိနေပေသည်။

ဤအရာကို မြင်ချိန်၌ သူ မျှော်လင့်ထားပြီး ဖြစ်သော်လည်း နန်ကုန်းယွီသည် မနေနိုင်ဘဲ အံ့အားသင့်သွားရပေသည်။

"အရမ်းကို တူတာပဲ..."

သူသည် ရေခဲကုတင်ပေါ်ရှိ အမျိုးသမီး၏ မျက်နှာကို ထပ်မံကြည့်လိုက်ပြီး မနေနိုင်ဘဲ ခေါင်းခါကာ အနည်းငယ် ပြုံးလိုက်ပေ၏။

အခန်း (၁၇၂) ရှန်ကွမ်ယွဲ့ဟွာ

နန်ကုန်းယွီက ခေါင်းယမ်းကာ ပြုံးလိုက်၏။

"ကျွန်တော့်အမေတောင် ကျွန်တော် ကြည့်တာကို ဂရုမစိုက်တာ ခင်ဗျားလည်း ဂရုမစိုက်သင့်ဘူး မဟုတ်လား..."

သူက တိုးတိတ်စွာ ရေရွတ်လိုက်သော်လည်း ခေါင်းယမ်းကာ မရယ်မောဘဲ မနေနိုင်ခဲ့ချေ။

"ခင်ဗျားက ကံဆိုးပေမဲ့ ဒီအချိန်နှင့် နေရာဟင်းလင်းပြင် အက်ကွဲကြောင်းကနေတစ်ဆင့် ကောင်းကင်နှင့်မြေကြီး အကျဉ်းထောင် သူတော်စင်ဝင်္ကပါထဲကို ရောက်လာပြီး ကြီးမားတဲ့ အခွင့်အရေးကို ရခဲ့တယ်... အခု ခင်ဗျားရဲ့ ကျင့်ကြံမှုက ဝိညာဉ်ဘုရင်တစ်ပိုင်းအဆင့်ကို တက်လှမ်းသွားပြီ..."

"ခင်ဗျားက အရမ်း ကံကောင်းပေမဲ့ ဒီနေရာမှာ ပိတ်မိနေဆဲပဲ... တကယ်လို့ ကျွန်တော်သာ ရောက်မလာခဲ့ရင် နောက်ထပ် သုံးလေးနှစ်လောက် ပိတ်မိနေပြီး သေချာပေါက် သေဆုံးသွားလိမ့်မယ်..."

" တကယ်လို့များ ကံဆိုးမှုက ကံကောင်းမှုတစ်ခု အသွင်ယူထားနိုင်သလို ကံကောင်းမှုကလည်း ကံဆိုးမှုတစ်ခု အသွင်ယူထားနိုင်တာပဲ..."

နန်ကုန်းယွီက သက်ပြင်းချလိုက်ပြီးနောက် ထိုအမျိုးသမီးကို ထပ်ကြည့်ကာ မျက်ခုံးကို အနည်းငယ် ပင့်လိုက်၏။

"ခင်ဗျားက အဆိပ် အရမ်းပြင်းပြင်းထန်ထန် သင့်နေပြီး ဒီကျောက်ဖျာနဲ့ ဝင်္ကပါရဲ့ ကာမစိတ်ကြွစေတဲ့ အာနိသင်တွေကြောင့် ကျွန်တော် ခင်ဗျားကို ဘယ်လို ကယ်တင်ရမလဲ..."

"ထားလိုက်ပါတော့...".

နန်ကုန်းယွီက သက်ပြင်းချလိုက်ပြီး ရှေ့သို့လှမ်းကာ အမျိုးသမီးကို ကျောက်တုံးဖျာပေါ်မှ ပွေ့ချီလိုက်ပြီး မဟာဝင်္ကပါ နယ်မြေထဲမှ ထွက်ခွာလာခဲ့သည်။

ထိုအချိန်တွင် အမျိုးသမီးက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး သူမ၏ နီရဲကာ အရောင်လက်နေသော မျက်လုံးများက နန်ကုန်းယွီကို ကြည့်လာခဲ့၏။

"အရမ်း ပူတာပဲ"

သူမက တစ်စုံတစ်ခုကို တိုးတိတ်စွာ ရေရွတ်လိုက်ပြီး သူမ၏ လက်များက နန်ကုန်းယွီ၏ လည်ပင်းပေါ်သို့ အလိုအလျောက် ရောက်ရှိသွားပေသည်။

နန်ကုန်းယွီ၏ နှလုံးသားက ခုန်ပေါက်သွားသော်လည်း သူက သူမကို တားဆီးရန် အလျင်အမြန် လက်လှမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်၏။

"လောကကြီးရဲ့ အမြင်ကို ကျွန်တော် ဂရုမစိုက်ပေမဲ့ ခင်ဗျား နောင်တရမှာကိုတော့ စိုးရိမ်တယ်... ဒီနေရာမှာ နေပါ... နောက်မှ အဆိပ်ဖြေပေးဖို့ နည်းလမ်း ရှာပေးမယ်..."

ထိုသို့ပြောပြီးနောက် အမျိုးသမီး ကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ သူက ဂရုမစိုက်ဘဲ သူမကို တိုက်ရိုက် မေ့လဲသွားစေလိုက်သည်။

ချက်ချင်းပင် သူက လှည့်ကာ ကောင်းကင်နှင့်မြေကြီး အကျဉ်းထောင် သူတော်စင်ဝင်္ကပါကို ရပ်တန့်လိုက်ပြီး ဝင်္ကပါအတွင်းရှိ အတော်လေး တန်ဖိုးကြီးသော ဝိညာဉ်ပစ္စည်းများကို ယူဆောင်လိုက်ကာ ကျောက်ဖျာနှင့် ရေခဲကုတင်ကိုလည်း ယူဆောင်လိုက်၏။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် နန်ကုန်းယွီက ရေခဲကုတင်ကို ထုတ်ယူကာ အမျိုးသမီးကို အပေါ်တွင် တင်ထားလိုက်သည်။

သူက အမျိုးသမီးကို ကြည့်ကာ ခေါင်းယမ်းလိုက်ပြီး ရယ်မောလိုက်၏။

"ခင်ဗျားကို အဆိပ်ဖြေပေးဖို့က သိပ်မခက်ခဲပါဘူး... ဒါပေမဲ့ ကျွန်တော်ကတော့ ဒုက္ခခံရတော့မှာပဲ..."

"ခင်ဗျား နိုးလာချိန်တွင် ကျွန်တော့်ကို အပြစ်မတင်ဖို့နဲ့ မကောင်းမပြောဖို့ မျှော်လင့်ပါတယ်... ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်ရင်တော့ ပိုကောင်းတာပေါ့..."

အချိန်အကြာကြီး ကြာမြင့်ပြီးနောက်။

နန်ကုန်းယွီက အမျိုးသမီးကို အဆိပ်ဖြေပေးလိုက်ပြီး အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းတွင် အဝတ်အစားတစ်စုံကို လဲလှယ်လိုက်ကာ သူမကို အဝတ်အစားများ အသေအချာ ဝတ်ဆင်ပေးလိုက်၏။

အမျိုးသမီး၏ ခါးတွင် ခါးပတ်ကို ပတ်ပေးနေချိန်တွင် သူမက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သူ့ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေသည်ကို သူ မြင်လိုက်ရပေသည်။

နန်ကုန်းယွီက မော့ကြည့်လိုက်ပြီး သူမ၏ အကြည့်နှင့် ဆုံတွေ့သွားရာ ခြေနှစ်လှမ်း နောက်ဆုတ်မသွားဘဲ မနေနိုင်ခဲ့ချေ။

"အထင်မလွဲပါနဲ့... ကျွန်တော်က အဆိပ်ဖြေပေးရုံပါ... တခြား ဘာမှမလုပ်ခဲ့ပါဘူး..."

"ကျွန်မ သိပါတယ်"

အမျိုးသမီးက သူမ၏ လက်များဖြင့် ထောက်ကာ ထထိုင်လိုက်ပြီး သူမ၏ နီရဲသော နှုတ်ခမ်းများက အနည်းငယ် ပွင့်ဟသွားသော်လည်း သူမ၏ မျက်လုံးများက အနည်းငယ် ရှောင်လွှဲနေ၏။

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ခင်ဗျား သိဖို့ပဲ လိုပါတယ်... အဲဒါက ရှင်းပြရမယ့် ဒုက္ခကို သက်သာစေတယ်လေ

..."

အမျိုးသမီး၏ မျက်နှာက ပို၍ နီရဲလာပြီး သူမ၏ နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်ကာ တိုးတိတ်စွာ မေးမြန်းလိုက်၏။

"ကျွန်မ နာမည်က ရှန်ကွမ်ယွဲ့ဟွာ ပါ... တာအိုမိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ..."

နန်ကုန်းယွီက သူ၏ နဖူးကို အနည်းငယ် ပွတ်သပ်လိုက်သည်။ တစ်ဖက်လူက သူတို့၏ ကိုယ်ပိုင်အမည်ကို ထုတ်ဖော်ပြောဆိုပြီးပြီဖြစ်ရာ သူ ဘာပြောသင့်သနည်း။

သူ့ကိုယ်သူ မိတ်ဆက်ပြီး သူတို့၏ ဆက်ဆံရေးအကြောင်းကိုသာ ရှင်းပြလိုက်မည်ဆိုပါက သူမအတွက် များစွာ အနေရခက်သွားစေနိုင်​ေလသည်။

နန်ကုန်းယွီက တစ်ခဏမျှ တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် ပြောဆိုလိုက်၏။

"ကျွန်တော့် နာမည်က နန်ကုန်းယွီ ပါ... ခင်ဗျားက ကျွန်တော်သိတဲ့ လူတစ်ယောက်နဲ့ တော်တော် တူတယ်... ကျွန်တော့်ကို ရှောင်ယွီ လို့ပဲ ခေါ်ပါ..."

"သိတဲ့လူ..."

ရှန်ကွမ်ယွဲ့ဟွာက အနည်းငယ် အံ့အားသင့်သွားသော်လည်း လောလောဆယ် များများစားစား မတွေးတော့ဘဲ တိုးတိတ်စွာ ပြောဆိုလိုက်သည်။

"ကောင်းပြီ... ဒါဆို ကျွန်မ ရှင့်ကို ရှောင်ယွီလို့ ခေါ်မယ်... ရှင်ကလည်း... ကျွန်မကို ယွဲ့ဟွာလို့ပဲ ခေါ်ပါ."

နန်ကုန်းယွီ၏ နှုတ်ခမ်းများက မသိမသာ တွန့်ကွေးသွားပြီး သူက စကားပြောရန် အနည်းငယ် ဆွံ့အသွားခဲ့၏။

သူက လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ပြီး ခေါင်းယမ်းကာ ပြုံးလိုက်သည်။

"သွားကြစို့... လောလောဆယ် ကျွန်တော်နဲ့ လိုက်ခဲ့ပါ... ခင်ဗျားကို ဒီ ​ေလျှို့ဝှက်နယ်မြေထဲကနေ ခေါ်ထုတ်သွားမယ်... မြင့်မြတ်နယ်မြေကို ရောက်ချိန်တွင်မှ ကျွန်တော်တို့ ထပ်ပြောကြတာပေါ့..."

"မြင့်မြတ်နယ်မြေ..."

ရှန်ကွမ်ယွဲ့ဟွာက အနည်းငယ် အံ့အားသင့်သွားပြီး နန်ကုန်းယွီ၏ ဆိုလိုရင်းကို နားမလည်ပုံရပေသည်။

နန်ကုန်းယွီက ခေါင်းယမ်းကာ ရှင်းပြလိုက်၏။

"အမှန်တော့ ကျွန်တော်တို့က အခု သေမျိုးနယ်ပယ်ထဲက လျှို့ဝှက်နယ်မြေတစ်ခုမှာ ရောက်နေတာ... ဒါပေမဲ့ ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က ဝိညာဉ်ဘုရင်အဆင့် တစ်ပိုင်းကို ရောက်နေပြီလေ... ခင်ဗျား သေမျိုးနယ်ပယ်မှာ ပေါ်လာတာနဲ့ ဘာဖြစ်မလဲဆိုတာ ကျွန်တော် မသိဘူး..."

"ခင်ဗျားကို အပြည့်အဝ ကယ်တင်နိုင်ဖို့နဲ့ ဘေးကင်းစေဖို့အတွက်ဆိုရင် ကျွန်တော် အပြင်ထွက်ချိန်မှာ ခင်ဗျားကို ရတနာတစ်ခုထဲမှာ ယာယီ ထားခဲ့လို့ပဲရမယ်... မြင့်မြတ်နယ်မြေကို ရောက်ပြီးတဲ့အခါမှ ခင်ဗျားကို အပြင်ထွက်ခွင့် ပြုမယ်..."

ဤသည်ကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ဟွာက အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး နားမလည်စွာဖြင့် မေးမြန်းလိုက်သည်။

"ဝိညာဉ်ဘုရင် တစ်ပိုင်းအဆင့်လား.... အဲဒါက ဘယ်လို အဆင့်မျိုးလဲ..."

နန်ကုန်းယွီက သူမကို တစ်ချက်ကြည့်လိုက်ပြီး ရှင်းပြလိုက်၏။

"ဝိညာဉ်အရှင်မြတ်အဆင့်ရဲ့ အထက်မှာ ဝိညာဉ်ဘုရင်၊ ဝိညာဉ်ဧကရာဇ်၊ သူတော်စင်တစ်ပိုင်း၊ မဟာသူတော်စင်၊ အဓိပတိသူတော်စင်၊ တာအိုဝင်ရောက်ခြင်း၊ တာအိုအရှင်မြတ်နဲ့ အုပ်စိုးသူ အဆင့်တွေ ရှိတယ်..."

"ခင်ဗျားရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်က ဝိညာဉ်ဘုရင် တစ်ပိုင်းအဆင့် တစ်ပိုင်းမှာ ရှိနေတယ်... ဆိုလိုတာက ခင်ဗျားရဲ့ ကျင့်ကြံမှုက ဝိညာဉ်အရှင်မြတ်အဆင့်ကို အများကြီး ကျော်လွန်သွားပြီ... ဒါပေမဲ့ ခင်ဗျားက ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားနဲ့ နှစ်ခြင်းမခံရသေးဘူး... ပြီးတော့ ခင်ဗျားရဲ့ အသိဉာဏ်အလင်းပွင့်ခြင်းက စွမ်းအင်နယ်ပယ် အစပျိုးပုံစံကို မဖန်တီးရသေးဘူး... တစ်နည်းဆိုရရင် ခင်ဗျားက ဝိညာဉ်အရှင်မြတ်အဆင့်ကို အများကြီး ကျော်လွန်သွားပေမဲ့ ဝိညာဉ်ဘုရင်အဆင့်ကို မရောက်သေးဘူးလို့ ဆိုလိုတာပါ..."

ဤသည်ကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ဟွာ၏ မျက်နှာက ဝမ်းသာမှုဖြင့် တောက်ပသွားသည်။

"ရှင် အမှန်တိုင်း ပြောနေတာလား... ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်က အခု ဝိညာဉ်အရှင်မြတ်အဆင့်ရဲ့ အထက်မှာလား..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်... ဒါပေမဲ့ ခင်ဗျားကို တစ်ခု သတိပေးရမယ်... ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က ယင်နှင့်ယန် ကာမစိတ်ကြွ ဆေးလုံးတွေကို အသုံးပြုပြီး အတင်းအကျပ် တက်သွားတာ... ခင်ဗျားရဲ့ အသိဉာဏ်အလင်းပွင့်ခြင်းက ပြီးပြည့်စုံမှု မရှိသေးဘူး... စွမ်းအင်နယ်ပယ် ဖန်တီးဖို့ဆိုတာ ဝေးသေးတယ်... ခင်ဗျားရဲ့ အခြေခံက မခိုင်မာဘူး... ခင်ဗျား အရင်ဆုံး အသိဉာဏ်အလင်းပွင့်ခြင်းကို ပြီးပြည့်စုံအောင် လုပ်တာ ပိုကောင်းမယ်... အဲဒီနောက် ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားနဲ့ နှစ်ခြင်းခံဖို့ ပြင်ဆင်ရမယ်"

"ဟုတ်ကဲ့... သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ရှန်ကွမ်ယွဲ့ဟွာက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ကျေးဇူးတင်မှုနှင့် မသိမသာ ရှက်ရွံ့မှု အရိပ်အယောင်တစ်ခုတို့ ပေါ်လွင်နေပေသည်။

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်၏။

"ခင်ဗျားနဲ့ ကျွန်တော်က အရမ်း ယဉ်ကျေးနေစရာ မလိုပါဘူး... ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက သာမန်ထက် နည်းနည်း ပိုကောင်း ပိုနိုင်တယ်..."

သူက ဖုံးကွယ်မထားသလို ဖုံးကွယ်ထားရန်လည်း မလိုအပ်ပေ။

သို့သော် သူက သူမကို တိုက်ရိုက် မပြောပြခဲ့ချေ။

သူ၏စကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ဟွာက အနည်းငယ် မျက်နှာနီရဲသွားပြီး သူမ၏ နီရဲသော နှုတ်ခမ်းကို ကိုက်လိုက်ကာ သူ၏လက်ကို ကိုင်ရန် ရှေ့သို့ လှမ်းသွားပြီး ပြုံးရင်း မေးမြန်းလိုက်သည်။

"ရှောင်... ရှောင်ယွီ... ကျွန်မ တကယ် သိချင်တယ်... ကျွန်မတို့က ဘယ်လို ဆက်ဆံရေးမျိုး ရှိလို့လဲ..."

နန်ကုန်းယွီက သူ၏ လက်ထဲရှိ နူးညံ့ကာ အရိုးမဲ့နေသကဲ့သို့ ဖြစ်နေသော ကျောက်စိမ်းလက်လေးကို ခံစားလိုက်ရပြီး ပြုံးလိုက်၏။

"ကျွန်တော် ခင်ဗျားကို မသိပေမဲ့ ခင်ဗျားက ကျွန်တော် သိတဲ့ လူတစ်ယောက်နဲ့ တော်တော် တူတယ်... ပထမအကြိမ် မြင်လိုက်တာနဲ့ လူတစ်ယောက်တည်းလို့တောင် ထင်ရတယ်…” ဤသည်ကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ဟွာက သူမ လျစ်လျူရှုမိခဲ့သော အဓိကအချက်ကို နောက်ဆုံးတွင် သတိရသွားပြီး သူမ၏ အမူအရာက အံ့အားသင့်မှုနှင့် သံသယအဖြစ် ပြောင်းလဲသွားသည်။

"ရှင်သိတဲ့ အဲဒီလူရဲ့ နာမည်က ဘယ်သူလဲ..."

နန်ကုန်းယွီက သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုလိုက်၏။

"ချင်းယိုအင်ပါယာက ရှန်ကွမ်ယွဲ့ရှီး ပါ... သူမရဲ့ နာမည်က ခင်ဗျားရဲ့ နာမည်နဲ့ စာလုံးတစ်လုံးတည်း ကွာတာ တော်တော် တိုက်ဆိုင်တာပဲ..."

ဤသည်ကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ဟွာက အေးခဲသွားပြီး အလျင်အမြန် မေးမြန်းလိုက်သည်။

"ရှောင်ယွီ... ရှင်နဲ့ သူမက ဘယ်လို ပတ်သက်နေတာလဲ..."

နန်ကုန်းယွီက နူးညံ့စွာ ပြုံးလိုက်ပြီး သူ၏ မျက်လုံးများတွင် လွမ်းဆွတ်မှုများ ပြည့်နှက်နေ၏။

"သူမက ကျွန်တော့်အမေပါ..."

ဤသည်ကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ဟွာက လုံးလုံးလျားလျား ဆွံ့အသွားခဲ့သည်။

"သူမက..."

"သူမက တကယ်ပဲ..."

"ခင်ဗျားက ကျွန်တော့်အမေကို သိနေပုံရတယ်..." နန်ကုန်းယွီက ဟန်ဆောင်ကာ တွန့်ဆုတ်သွား၏။

"နေဦး... ကျွန်တော် အခု မှတ်မိပြီ... အမေ့မှာ အပြင်မှာ ကျင့်ကြံနေတဲ့ ညီမလေး တစ်ယောက် ရှိတယ်လို့ ပြောဖူးတယ်... အဲဒါ ခင်ဗျားများလား..."

ဤသည်ကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ဟွာ၏ နူးညံ့သော ခန္ဓာကိုယ်လေးက တောင့်တင်းသွားပြီး သူမ၏ အမူအရာက အနည်းငယ် ထိတ်လန့်သွားပေသည်။

All Chapters