အခန်း ၂၈၈
Vol. 29 Ch. 288
အခန်း (၂၈၈) ဒါဆိုလည်း နေခဲ့ကြတော့
"မိတ်ဆွေ ငါတို့ တစ်ယောက်တစ်လှမ်းလောက် နောက်ဆုတ်လိုက်ကြရအောင်..."
ဝတ်ရုံနက်ဝတ် အဘိုးအို၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီးနောက် စကားပြောလာသည်။
"ဒီလူကို သန့်စင်သောကြာပန်း ဂိုဏ်းက ကိုင်တွယ်ဖို့ ပေးအပ်လိုက်ပါ အဲဒါဆိုရင် ဒီကိစ္စ ပြီးသွားလိမ့်မယ် ဘယ်လိုလဲ..."
ယင်းစကားကို ကြားချိန်တွင် အကြီးအကဲ ချင်နှင့် ရှဲ့လင်တို့ နှစ်ဦးစလုံးက သူ့ကို အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြပြီး သူ ဘာကြောင့် နောက်ဆုတ်သွားသလဲဆိုတာကို နားမလည်နိုင် ဖြစ်နေပုံရသည်။
ရှန်ကွမ်ယွဲ့ရှီးက နန်ကုန်းယွီ၏ လက်မောင်းကို ညင်သာစွာ ဆွဲလိုက်ပြီး အသံလွှင့်ကာ ပြောလိုက်သည်။
"ယွီအာ…မဟာရှက သန့်စင်သောကြာပန်း ဂိုဏ်းက သာမန် လုံးဝ မဟုတ်ဘူး ထျန်းချီ မင်းသား အုပ်ချုပ်တဲ့ ထျန်းချီ နယ်မြေထက် အများကြီး ပိုအစွမ်းထက်တယ်..."
နန်ကုန်းယွီက သူမ၏ ဆိုလိုရင်းကို နားလည်သွားသည့်အလား အနည်းငယ် ခေါင်းညိတ်လိုက်သည်။ တစ်နည်းအားဖြင့် သန့်စင်သောကြာပန်း ဂိုဏ်းနှင့် အဖွား၏ နောက်ကွယ်ရှိ ထျန်းချီ မင်းသားတို့က တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားမှု ပြသကြသော်လည်း သူတို့က တစ်ယောက်ကိုတစ်ယောက် ကြောက်ရွံ့နေကြခြင်း မဟုတ်ပေ။ အကယ်၍ ပဋိပက္ခဖြစ်ပွားပါက နှစ်ဖက်စလုံးအတွက် ကောင်းမွန်မည် မဟုတ်ချေ။
သေချာသည်မှာ ယင်းက နန်ကုန်းယွီ၏ နောက်ခံကို ထည့်မတွက်ထားခြင်းပင် ဖြစ်သည်။
ရှန်ကွမ်ယွဲ့ရှီးက နန်ကုန်းယွီအတွက် အကျင့်ပါနေသလို စိုးရိမ်နေပြီး သူ့ကို ပြင်ပပဋိပက္ခများတွင် အလွယ်တကူ မပါဝင်စေချင်ခြင်းလည်း ဖြစ်နိုင်ပေသည်။
ယင်းကို နားလည်သွားချိန်တွင် နန်ကုန်းယွီက သူမကို အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် တစ်ဖက်လူများကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"ဒီကနေ ထွက်သွားတော့…အခုကစပြီး သန့်စင်သောကြာပန်း ဂိုဏ်းသားတွေ လင်းရှီး မြို့တော်ထဲ ခြေချခွင့် မရှိဘူး တကယ်လို့ ခြေချခဲ့ရင် အကျိုးဆက်ကို ခံစားရလိမ့်မယ်..."
ယင်းစကားကို ကြားချိန်တွင် ရှဲ့လင်နှင့် အခြားနှစ်ဦးက ချက်ချင်း မျက်မှောင်ကုတ်သွားကြပြီး သူတို့၏ နှလုံးသားထဲတွင် မကျေနပ်မှုများ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ သူတို့က ဘယ်သူတွေမို့လို့ ဤသို့ဆက်ဆံခံရမှာလဲ။
ဘယ်လောက်အဆင့်ရှိတဲ့ ခွန်အားမို့လို့လဲ။
အခု သူတို့က ခြိမ်းခြောက်ခံနေရတာလား။
ဝတ်ရုံစိမ်းဝတ် အဘိုးအိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ကောင်လေး အရမ်း မောက်မာမနေနဲ့! သန့်စင်သောကြာပန်း ဂိုဏ်းက မင်း အလွယ်တကူ ချယ်လှယ်လို့ရတဲ့ အရာ လုံးဝ မဟုတ်ဘူး..."
"ဒီထျန်းချီ နယ်မြေကို အုပ်ချုပ်တဲ့ ထျန်းချီ မင်းသား... ရွှမ်ယွမ်ကျင်းရွှီ တောင်မှ ငါတို့ကို ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမှာ မဟုတ်ဘူး မင်းက အရမ်းလွန်လွန်းသွားပြီ..."
ယင်းကို ကြားချိန်တွင် နန်ကုန်းယွီက လုံးဝ အလေးအနက်မထားဘဲ သူ၏မျက်နှာပေါ်တွင် သည်းခံနိုင်စွမ်းမရှိတော့သည့် အရိပ်အယောင်များ ပေါ်လာသည်။
"တကယ်လို့ မင်းတို့ ထွက်သွားချင်တယ်ဆိုရင် မြန်မြန်ထွက်သွားတော့ ငါ နောင်တရသွားတဲ့အချိန်ကျရင် မင်းတို့ ထွက်သွားလို့ရမှာ မဟုတ်တော့ဘူး..."
ယင်းစကားကို ကြားချိန်တွင် ပတ်ဝန်းကျင်ရှိ လေထုက အေးခဲသွားပုံရသည်။
ရှဲ့လင်နှင့် အခြားနှစ်ဦးစလုံး၏ မျက်နှာက ခက်ထန်နေပြီး အလွန်ဒေါသထွက်နေကြောင်း ရှင်းလင်းနေသည်။
ဝတ်ရုံနက်ဝတ် အဘိုးအိုက အေးစက်စွာ ပြောလိုက်သည်။
"ကောင်လေး! အရမ်း မောက်မာမနေနဲ့! ငါတို့က တကယ်ပဲ မလှုပ်ရှားရဲဘူးလို့ မင်း ထင်နေတာလား..."
"မင်းတို့ စမ်းကြည့်လို့ရတယ်..."
နန်ကုန်းယွီ၏ မျက်လုံးများက အနည်းငယ် ကျဉ်းသွားပြီး သည်းခံနိုင်စွမ်းမရှိမှုနှင့် အေးစက်မှု အရိပ်အယောင်တစ်ခုကို ဖော်ပြနေသည်။
"ဟွန့်! ရိုင်းစိုင်းတဲ့ကောင်! မင်းက ဒီလို အဓိပ္ပာယ်မရှိတာတွေကို ပြောရဲတယ်ပေါ့ ဒီနေ့ မင်းရဲ့ လူကြီးမိဘတွေ ကိုယ်စား ငါက မင်းကို သင်ခန်းစာပေးမယ်..."
ဝတ်ရုံစိမ်းဝတ် အဘိုးအိုက စကားပြောရင်း လက်ကို လှမ်းဆန့်လိုက်ရာ မသေမျိုး ဝိညာဉ်စွမ်းအင်များ စုစည်းသွားပြီး ကြီးမားသော လက်တစ်ဖက်အဖြစ် ပြောင်းလဲကာ နန်ကုန်းယွီကို ဖမ်းဆုပ်ရန် လှမ်းလာသည်။
ရှန်ကွမ်ယွဲ့ရှီး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ဤတိုက်ခိုက်မှုက အလွန်အားကောင်းလှရာ သူမက ရှောင်တိမ်းနိုင်မည် မဟုတ်သလို တားဆီးနိုင်မည်လည်း မဟုတ်ပေ။
သူမက နန်ကုန်းယွီအတွက် စိုးရိမ်သွားပြီး သူ၏ရှေ့တွင် ဝင်ရပ်ရန် ရှေ့သို့တက်လိုက်သော်လည်း နန်ကုန်းယွီက သူမ၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။
"ဟွန့်! မင်းက သေလမ်းကို ရှာနေတာပဲ..."
နန်ကုန်းယွီ၏ မျက်လုံးများ ကျဉ်းသွားပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ လက်ကိုမြှောက်၍ ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ အလင်းဓားသွားတစ်ခုက တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ထွက်ပေါ်လာသည်။
"ဘန်း!"
တိုက်ခိုက်မှု နှစ်ခုက အင်အားညီမျှနေပြီး တစ်ခုနှင့်တစ်ခု ချေဖျက်သွားကြသော်လည်း တိုက်ခိုက်မှု၏ ဂယက်ကြောင့် လမ်းပေါ်ရှိ လူများမှာ ယိမ်းယိုင်သွားကြပြီး ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားကြသည်။
"လောကနိယာမ စွမ်းအားလား မင်းက သူတော်စင်တစ်ပိုင်းအဆင့်လား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ဝတ်ရုံပြာဝတ် အဘိုးအို၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး နန်ကုန်းယွီကို သံသယနှင့် မသေချာမှုများဖြင့် ကြည့်လိုက်သည်။
သူ၏ တိုက်ခိုက်မှုတွင် အနည်းငယ် ထိန်းချုပ်ထားခဲ့သော်လည်း သူ ထုတ်လွှတ်လိုက်သော စွမ်းအားက ဝိညာဉ်ဧကရာဇ်အဆင့်နှင့် ယှဉ်နိုင်ဆဲဖြစ်ပြီး အတွင်း၌ လောကနိယာမ အရိပ်အယောင်တစ်ခု ပါဝင်နေရာ ပုံမှန် သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက် ထိုက်တန်သော ပြိုင်ဘက် ဖြစ်လာစေသည်။
သို့သော် သူ၏ အာရုံခံစားမှုထဲတွင် ထိုဓားချီ၌ တာအိုစွမ်းအားများ အမှန်တကယ် ပါဝင်နေသည်။ လောကနိယာမ စွမ်းအားက အစပျိုးပုံစံသာ ဖြစ်နေသေးလျှင်တောင် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။
ဆိုလိုသည်မှာ လူငယ်လေး အရင်က ပြသထားခဲ့သော ဝိညာဉ်အရှင်မြတ်အဆင့် ကျင့်ကြံမှုက ဟန်ဆောင်မှုသက်သက်သာဖြစ်ပြီး သူ၏ ကျင့်စဉ်အဆင့်မှာ အနည်းဆုံး သူတော်စင်တစ်ပိုင်းအဆင့်တွင် ရှိနေသည်။
ဤပါရမီရှင်က ဘယ်ကရောက်လာတာလဲ။
ဤသူသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည့် ရှေးဟောင်းသတ္တဝါကြီးများ ဖြစ်နေမလား။
"တကယ်လို့ မင်းတို့ မထွက်သွားချင်ဘူးဆိုရင်လည်း ဒီမှာပဲ နေခဲ့ကြတော့..."
နန်ကုန်းယွီက ရှဲ့လင်နှင့် အခြားသူများကို ကြည့်လိုက်ရာ သူ၏မျက်နှာက အေးစက်သွားသည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"စီနီယာ ထျန်း သူတို့က အသက်မရှင်ချင်ကြတော့ဘူးဆိုတော့ ကျေးဇူးပြုပြီး သူတို့ကို အဆုံးသတ်ပေးလိုက်ပါ..."
သူ စကားပြောပြီးသည်နှင့် လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်ဝတ်လူသားတစ်ဦးက နန်ကုန်းယွီ၏ရှေ့တွင် တိတ်ဆိတ်စွာ ပေါ်လာပြီး သူ၏ အေးစက်သော အကြည့်က မျက်နှာချင်းဆိုင်ရှိ လူစုကို ဖြတ်သန်းသွားသည်။
သူ့ကို မြင်လိုက်ချိန်တွင် အကြီးအကဲ ချင်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ "သတိထား သူက ကျွန်တော့်ရဲ့စွမ်းအားကို မျက်စိတစ်မှိတ်အတွင်း ပိတ်လှောင်ခဲ့တဲ့သူပဲ သူ့ရဲ့ခွန်အားက မှန်းဆလို့မရဘူး..."
ယင်းစကားကို ကြားချိန်တွင် ရှဲ့လင်နှင့် အခြားနှစ်ဦးက ဝတ်ရုံနက်ဝတ်လူသားကို လေးနက်သော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ ဤသူ မည်သို့ ပေါ်လာသည်ကိုပင် သူတို့ မမြင်လိုက်ရပေ။ အရှေ့ပိုင်းဒေသတွင် ဤမျှ အစွမ်းထက်သောသူ ရှိနေသလား။
အကယ်၍ တာအို ဝင်ရောက်ခြင်း အဆင့်က အစွမ်းထက် ကျွမ်းကျင်သူတစ်ဦး ရောက်လာမည်ဆိုလျှင်တောင် သူတို့ လုံးဝ သတိမထားမိဘဲ နေမည်မဟုတ်ပေ မဟုတ်လား။
ဒါမှမဟုတ် တစ်ဖက်လူက ပုန်းကွယ်ခြင်းမှာ အလွန်ကျွမ်းကျင်နေတာများလား။
ဝတ်ရုံပြာဝတ် အဘိုးအို၏ မျက်နှာက အနည်းငယ် လေးနက်သွားပြီး ပြောလိုက်သည်။
"မိတ်ဆွေက ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားရတာလဲ ဘာလို့ မျက်နှာမပြတာလဲ..."
လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်ဝတ်လူသားက သူတို့သုံးဦးကို တစ်ချက်ကြည့်လိုက်ရာ သူ၏ အေးစက်သော အသံက ပဲ့တင်ထပ်သွားသည်။
"မင်းတို့က ပုရွက်ဆိတ်တွေမျှသာပါ ငါ့ရဲ့ အာရုံစိုက်မှုကို ရဖို့ ထိုက်တန်လို့လား ငါက တာအို စောင့်ကြပ်သူ တစ်ယောက်မျှသာပါ "ဘာလို့များ ငါ့ကို အမြဲတမ်း ပြဿနာ လာရှာနေကြတာလဲ..."
သူ စကားပြောပြီးသည်နှင့် သူက လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ ရွှေရောင်အလင်းတန်း လေးခုက သူ၏ ဝတ်ရုံနက်အောက်မှ ရုတ်တရက် ထွက်ပေါ်လာပြီး ရှဲ့လင်နှင့် အခြားသုံးဦးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
ဝတ်ရုံနက်ဝတ်လူသား၏ ပြတ်သားမှုကြောင့် ရှဲ့လင်နှင့် အခြားသုံးဦးမှာ ရှင်းလင်းစွာ အံ့အားသင့်သွားကြသည်။ သူတို့က အလျင်စလို တုံ့ပြန်ရန် ကြိုးစားလိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိ နေရာဟင်းလင်းပြင်က အနည်းငယ် ရပ်တန့်နေကြောင်း ရုတ်တရက် ခံစားလိုက်ရပြီး ထိရောက်သော ကာကွယ်မှုတစ်ခု ပြုလုပ်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
"ဖူး! ဖူး! ဖူး! ဖူး!"
ရှဲ့လင်နှင့် အခြားနှစ်ဦးမှာ ခြေလှမ်းရာချီ လွင့်စင်မသွားမီ အားနည်းသော ကာကွယ်မှုတစ်ခုကို ခက်ခဲစွာ ပြုလုပ်နိုင်ခဲ့ပြီး သွေးများအန်ကာ ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။
ကာကွယ်နိုင်စွမ်းမရှိသော အကြီးအကဲ ချင်မှာ ရွှေရောင်အလင်းတန်းကြောင့် ချက်ချင်း သုတ်သင်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ ပျက်စီးသွားကာ သေဆုံးသွားရသည်။
ယင်းကို မြင်ချိန်တွင် ရှဲ့လင်နှင့် အခြားနှစ်ဦးမှာ ထိတ်လန့်သွားကြပြီး သူတို့၏ နှလုံးသားထဲသို့ ကြောက်ရွံ့မှုများ ဝင်ရောက်လာသည်။
ဝတ်ရုံနက်ဝတ် အဘိုးအို၏ မျက်နှာက အလွန်အမင်း ဆိုးရွားသွားသည်
"မင်း... ဘယ်လို လုပ်ရဲတာလဲ!"
"သွားမယ်!"
သို့သော် ဝတ်ရုံနက်ဝတ် အဘိုးအို စကားမဆုံးမီ ဝတ်ရုံပြာဝတ် အဘိုးအိုက အလျင်အမြန် အော်ပြောလိုက်ပြီး ထွက်ပြေးရန် ရည်ရွယ်ကာ သူ့ကို ဆွဲခေါ်သွားသည်။
တိုတောင်းသော ရင်ဆိုင်တွေ့ဆုံမှု တစ်ခုအပြီးတွင် သူတို့နှစ်ဖက်ကြားရှိ ကွာဟချက်ကို သူတို့ နားလည်သွားကြပြီဖြစ်ရာ ထိုနေရာတွင် ဆက်နေရန် မရဲတော့ချေ။
သို့သော် သူတို့သုံးဦး ပျံသန်းလိုက်ချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ကောင်းကင်မှ ကျဆင်းလာသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး သူတို့၏ ဟန်ချက်ကို ထိန်းသိမ်းရန် ခက်ခဲသွားကာ မြေကြီးပေါ်သို့ ချက်ချင်း ပြုတ်ကျသွားကြသည်။
ဝတ်ရုံနက်ဝတ်လူသားက သူတို့သုံးဦးရှေ့တွင် ပေါ်လာပြီးဖြစ်ကာ တစ်လှမ်းချင်း လျှောက်လာသည်။
ယင်းကို မြင်ချိန်တွင် ရှဲ့လင်နှင့် အခြားနှစ်ဦး၏ မျက်နှာအမူအရာများ ချက်ချင်း ဆိုးရွားသွားသည်။
သူတို့အတွက် ပြိုင်ဘက် လုံးဝ မဟုတ်ပေ။
သူတို့က ယှဉ်ပြိုင်နိုင်စွမ်း လုံးဝ မရှိပေ။
ဤအစွမ်းထက် ကျွမ်းကျင်သူက ဘယ်ကနေ ရောက်လာတာလဲ။ သူက အနည်းဆုံး တာအို ဝင်ရောက်ခြင်း အဆင့် ကျွမ်းကျင်သူ ဖြစ်ရမယ် မဟုတ်လား။ တာအိုအရှင်မြတ်အဆင့်က မဟာကျွမ်းကျင်သူတောင် ဖြစ်နိုင်သေးတယ်။
‘ဒီလောက် အစွမ်းထက်တဲ့သူက ဘယ်လိုလုပ် အဲဒီကောင်လေးရဲ့ တာအို စောင့်ကြပ်သူ ဖြစ်နေရတာလဲ။’
အဲဒီလူငယ်လေးက ထိပ်တန်းအဆင့် ဒါမှမဟုတ် သာလွန်ထူးကဲတဲ့ အင်အားစုက သူတော်စင်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်များ ဖြစ်နေမလား။
သူတို့သုံးဦး၏ မျက်နှာအမူအရာများက အလွန်လေးနက်နေပြီး သူတို့၏ စိတ်ထဲတွင် အရမ်းကာရော ခန့်မှန်းနေကြသည်။
"စီနီယာ ကျွန်တော်တို့ မှားသွားမှန်း သိပါပြီ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ သန့်စင်သောကြာပန်း ဂိုဏ်းက အလွန်ကျေးဇူးတင်ရှိမှာပါ..."
ရှဲ့လင်က ဝတ်ရုံနက်ဝတ် အဘိုးအိုနှင့် သူ၏အဖော်ကို ဒေါသတကြီး စိုက်ကြည့်ရင်း အသနားခံလိုက်သည်။
သူမအမြင်တွင် ပြဿနာဖန်တီးမှုက ဝတ်ရုံနက်ဝတ် အဘိုးအို၏ မြေးဖြစ်သူအမှားသာဖြစ်ပြီး သူမကို ဤရှုပ်ထွေးမှုထဲ ဆွဲသွင်းခဲ့သည့် ဤသတိလက်လွတ်နိုင်သော လူနှစ်ဦး၏ အမှားလည်း ဖြစ်သည်။
ဝတ်ရုံနက်ဝတ် အဘိုးအိုတို့ နှစ်ဦးကလည်း သူမ၏ အကြည့်ကို သဘာဝကျကျ သတိပြုမိသော်လည်း သူတို့က ပြန်လည်ငြင်းခုံရန် မရဲကြပေ၊ သို့မဟုတ် ငြင်းခုံရန် အချိန်မရှိခဲ့ပေ။
သူတို့က ဝတ်ရုံနက်ဝတ်လူသားကို ကြည့်ကာ ပြောလိုက်သည်။
"စီနီယာ ကျွန်တော်တို့ မှားသွားမှန်း သိပါပြီ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ကျွန်တော်တို့ အရမ်း ကျေးဇူးတင်ရှိမှာပါ..."
သူတို့ စကားပြောနေရင်း အနည်းငယ် ခါးသီးသလို ခံစားလိုက်ရသည်။ အရိုက်ခံရပြီး ကိုယ့်အမှားကို ဝန်ခံနေရသေးတာက တကယ်ကို စိတ်ပျက်စရာပဲ။
‘ဒါပေမဲ့ ကျင့်ကြံသူတွေရဲ့ လောကက ဒီလိုပဲ မဟုတ်ဘူးလား။’
သန်မာသူသာ အသက်ရှင်ကျန်ရစ်မယ့် တောရိုင်းဥပဒေသ။
သူတို့၏ ကျင့်စဉ်အဆင့်မှာတောင် သူတို့က အားနည်းသူတွေစာရင်းထဲ ပါဝင်နေသေးတယ်ဆိုတာကို ဝန်ခံရလိမ့်မည်။
"မင်းတို့ အမှားကို သိပြီလား..."
လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်ဝတ်လူသား၏ အေးစက်သောအသံက ထွက်ပေါ်လာပြီး လှောင်ပြောင် သရော်သည့် လေသံများ ပိုမိုပါဝင်နေသည်။
"မင်းတို့ မှားမှန်းသိနေမှတော့ ဘာလို့ စောစောကတည်းက တစ်ခုခု မလုပ်ခဲ့တာလဲ..."
"ငါ့သခင်လေးက ပြောတယ်…မင်းတို့က သေလမ်းကို ရှာနေမှတော့ ဒီမှာပဲ နေခဲ့ကြတော့တဲ့..."
ယင်းစကားကို ကြားချိန်တွင် သူတို့သုံးဦး၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။