အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း ၁၂၉ ။ မင်းက အရမ်း လောနေပုံပဲ
အချိန်အတော်ကြာပြီးနောက် စူးရှင်းမုန်းက မော့ကြည့်ကာ ချိုသာစွာ ပြုံးလိုက်၏။
"ကျေးဇူးတင်ပါတယ် သခင်လေး... ရှင်းမုန်း နားလည်ပါပြီ..."
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "ငါတို့ ရှာနေတာ ဒီမှာ မရှိမှတော့ သွားကြစို့..."
"ကောင်းပြီ..."
သူတို့နှစ်ဦးက ခေါင်းညိတ်လိုက်ကြပြီး နန်ကုန်းယွီက သူတို့ကို ကျမ်းစာကြည့်တိုက် အတွင်းမှ ခေါ်ဆောင်သွားခဲ့၏။
"တော်ဝင် သမားတော် ခန်းမဆောင်ကို သွားကြစို့... အဲဒါက သမားတော်တွေကို လေ့ကျင့်ပေးတဲ့ နေရာလေ... အဲဒီမှာ ရက်အနည်းငယ်လောက် အချိန်ဖြုန်းသင့်တယ်..."
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သော်လည်း တကယ်တော့ သူက သွားပြီး လှဲနေချင်ရုံသာ ဖြစ်သည်။
နောက်ဆုံးတော့ သူက လှဲနေချင်တယ်ဆိုရင် ဘယ်သူက သူ့ကို တားရဲမှာလဲ။
သူတို့သုံးဦးက စကားပြောရင်း ရယ်မောလာခဲ့ကြပြီး ကြီးကြပ်ရေးရုံး ၏ တော်ဝင် သမားတော် ခန်းမဆောင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့ကြ၏။
ကျန်းပေ့မင်းသားစံအိမ်
ရှန်ကွမ်ယွဲ့ရှီးက မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်ရာဝမ်းသာမှုကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။ "ဒီ ကျင့်ကြံခြင်း အရှိန်က အရင်ကထက် ခုနစ်ဆ ဒါမှမဟုတ် ရှစ်ဆလောက် ပိုမြန်တယ်..."
သို့သော် သူမ၏ သားဖြစ်သူ၏ စွမ်းရည်များကို တွေးတောမိပြီး သူမက အနေခက်စွာ မပြုံးဘဲ မနေနိုင်ခဲ့ချေ။ "ယွီအာက ငါ့ကို ကျော်တက်သွားပြီ... ငါလည်း မြန်မြန် ကျင့်ကြံတာ ပိုကောင်းမယ်... မဟုတ်ရင် ဘယ်သူက ဘယ်သူ့ကို ကာကွယ်ပေးမလဲ ဆိုတာ ပြောရခက်တယ်..."
ရှန်ကွမ်ယွဲ့ရှီးက စကားပြောရင်း မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ပြီး ကျင့်ကြံခြင်းတွင် နောက်တစ်ကြိမ် နစ်မျောသွားခဲ့၏။
မြောက်ပိုင်းနယ်စပ်။
တစ်နေရာတွင် ကျန်းပေ့တပ်မ သည် ဖြတ်သန်းသွားရင်း ဘယ်ကမှန်းမသိ ရောက်လာပြီး ပြည်သူများကို ဒုက္ခပေးနေသော ဘေးဆိုးတစ်ခုကို အခုလေးတင် ရှင်းလင်းပစ်ခဲ့သည်။
နန်ကုန်းလင်းယွင်က လက်သီးကို ဆုပ်ထားပြီး ရယ်မောခြင်းကို မတားဆီးနိုင်ခဲ့ချေ။ "ဒီ သတ်ဖြတ်ခြင်း ဝိညာဉ်အမြစ် က တကယ်ကို ကောင်းတာပဲ... သတ်ဖြတ်ခြင်း စွမ်းအားနဲ့ သွေးဆာခြင်း စွမ်းအားကို စုပ်ယူတာက ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်တယ်... တကယ်ကို အံ့ဩစရာပဲ..."
ဤသည်ကို ကြားချိန်၌ နန်ကုန်းဝမ်ရှင်းက မျက်မှောင်ကြုတ်သွား၏။ "လင်းယွင်... မင်းရဲ့ ဝိဉာဥ်ကို နတ်ဆိုး ဝင်ပူးတာ မခံရစေနဲ့ဦး"
ဤသည်ကို ကြားချိန်၌ နန်ကုန်းလင်းယွင်က ခေါင်းညိတ်လိုက်သည်။ "စိတ်မပူပါနဲ့... ငါ ဘာလုပ်နေလဲဆိုတာ ငါ သိပါတယ်..."
"မင်း သိရင် ကောင်းတာပေါ့..."
ချင်ဝူဟွေ့လည်း ပြုံးလိုက်၏။ ပြီးခဲ့သော နှစ်ရက်အတွင်း သူတို့သုံးဦးသည် ကျန်းပေ့တပ်မ စစ်သည်များထံမှ သွေးမိစ္ဆာ အငွေ့အသက် အများစုကို ကျင့်ကြံခြင်းမှတစ်ဆင့် စုပ်ယူခဲ့ကြပြီး ယခုအခါ ဝိညာဉ်အရှင်မြတ် အလယ်အလတ်အဆင့် သို့ တက်လှမ်းရန် နီးစပ်နေပြီ ဖြစ်သည်။
စစ်အလံအတွင်းရှိ သွေးမိစ္ဆာ အငွေ့အသက် များ၏ အသုံးဝင်မှုသာ မရှိခဲ့လျှင် သူတို့က အချိန်အကြာကြီး ကတည်းက ၎င်းကို စုပ်ယူခဲ့ပြီး ဝိညာဉ်အရှင်မြတ် အလယ်အလတ်အဆင့် ကို ရောက်နေလောက်ပြီ ဖြစ်၏။
ဤအခိုက်အတန့်တွင် နန်ကုန်းဝမ်ရှင်းက မြောက်ပိုင်းတပ် စစ်သည်များကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။ "အရင်က လူ ၅၀၀ အဆင့်တက်ဖို့ တပ်မ တစ်ခုလုံးက ထောက်ခံပေးခဲ့တယ်... အခု တခြားသူတွေက ဝိညာဉ်အမြစ် အဆင့်ကို ရောက်နေပြီဆိုတော့ တပ်မ တစ်ခုလုံး ကျင့်ကြံမှုအဆင့် တူညီလုနီးပါး ဒါမှမဟုတ် အဆင့်တူညီသွားအောင် သူတို့ကို ကျင့်ကြံဖို့ အာရုံစိုက်သင့်တယ်..."
"စစ်သူကြီးရဲ့ အမိန့်ကို နာခံပါ့မယ်..."
မြောက်ပိုင်းတပ်မ စစ်သည် သုံးထောင်က တပြိုင်နက်တည်း ခေါင်းညိတ်ကာ တုံ့ပြန်လိုက်ကြ၏။ သူတို့က တစ်သားတည်းဖြစ်ပြီး တိုက်ပွဲတွင် အောင်မြင်မှုနှင့် ဆုံးရှုံးမှု နှစ်ခုစလုံးကို မျှဝေခံစားကြသည်ဟု ဆိုနိုင်ပေသည်။
တကယ်တော့ အရင်က ကျင့်ကြံမှုအဆင့် ကွာခြားချက် ပေါ်လာတုန်းက တိုက်ပွဲ ဖွဲ့စည်းပုံရဲ့ သဟဇာတမဖြစ်မှုကို သူတို့ ခံစားခဲ့ရပြီးပါပြီ။ အခု ဝိညာဉ်အမြစ် တွေ အားလုံးက အမြင့်ဆုံး အရည်အသွေး ရှိနေပြီဆိုတော့ တပ်မ တစ်ခုလုံးရဲ့ ကျင့်ကြံမှုအဆင့်တွေကို အနီးကပ်ဆုံး ဖြစ်အောင် လုပ်ဖို့က သဘာဝပါပဲ။
စစ်သည်များထဲမှ မည်သူကမျှ ကန့်ကွက်ခြင်း မရှိသည်ကို မြင်ချိန်၌ နန်ကုန်းဝမ်ရှင်းက ပြုံးကာ ခေါင်းညိတ်လိုက်၏။
"နတ်ဘုရားတမန်တော် ကို ငါ ဆက်သွယ်ပြီးပြီ... မနက်ဖြန် ငါတို့ ပြန်ရောက်ရင် ကျန်းပေ့တပ်မ တစ်ခုလုံး ကပ်ဘေးပျက်သုဉ်းခြင်းအဆင့် နဲ့ ဝိညာဉ်အရှင်မြတ်အဆင့် အထိ အမြန်ဆုံး ရောက်ရှိနိုင်ဖို့ ကြိုးပမ်းရင်း ဝိညာဉ်မိုင်းတွင်းကို ဆက်လက် စောင့်ကြပ် တူးဖော်နိုင်ပြီ..."
"တကယ်လို့ ငါတို့ ကျန်းပေ့တပ်အားလုံး အတူတူ မြင့်မြတ်နယ်မြေထဲ ဝင်ပြီး ငါတို့ရဲ့ မင်းသား နောက်ကို ဆက်လိုက်နိုင်မယ်ဆိုရင် အရမ်းကောင်းမှာပဲ..."
ဤသည်ကို ကြားချိန်၌ လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။
သို့သော် ထို့နောက် နန်ကုန်းလင်ယွင်က စကားပြောလာ၏။ "မင်းသားက ငယ်သေးတယ်... တကယ်လို့ ငါတို့က သူ့နောက်ကို မြင့်မြတ်နယ်မြေအထိ လိုက်ချင်ရင် နှစ်အများကြီး စောင့်ရမှာ မဟုတ်ဘူးလား..."
ချင်ဝူဟွေ့က ရိုးသားစွာ ပြောဆိုလိုက်သည်။ "ငါတို့ စောင့်မယ်... အဆိုးဆုံးကတော့ ငါတို့ရဲ့ ကျင့်ကြံမှုကို ခိုင်မာစေဖို့ ဝိညာဉ်အရှင်မြတ် အလယ်အလတ်အဆင့် မှာ အချိန်ပိုကြာကြာ နေလို့ ရပါတယ်..."
"အဲဒါ မှန်ပဲ"
နန်ကုန်းလင်ယွင်က ခေါင်းညိတ်ကာ ပြုံးလိုက်၏။
…
ဧကရာဇ်နန်းတော်..ဖုန်းရှန်း ခန်းမဆောင်။
နန်ကုန်းအောက်ထျန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "ဒီနေ့ ရှစ်ရက်မြောက်နေ့တောင် ရှိနေပြီ... ဖြစ်နိုင်တာက..."
"လျှို့ဝှက်ဆန်းကြယ်သူ က မလာတော့ဘူးလား..."
သူက ရက်ပေါင်းများစွာ မျှော်လင့်နေခဲ့တာကို အခု သူ့ကို ချိန်းထားပြီး မလာဘူးပေါ့လေ။ သူ ဤသို့ တွေးနေစဉ်မှာပင် သူ၏ နောက်ကွယ်မှ ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရ၏။
"အရှင်မင်းကြီး... ခင်ဗျားက အရမ်း လောနေတာပဲ."
နန်ကုန်းအောက်ထျန်းက အလျင်အမြန် လှည့်ကြည့်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်ဝတ်လူ သည် သူ၏ နောက်ကွယ်တွင် တစ်ချိန်ချိန်က ပေါ်လာခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။
သူ့ကို နှစ်ခါ တွေ့ဖူးပေမဲ့ ဒီ လျှို့ဝှက်ဆန်းကြယ်သူ က ဖမ်းဆုပ်ရခက်ပြီး အရိပ်အယောင်မကျန် ပေါ်လာလိုက် ပျောက်သွားလိုက် လုပ်နိုင်တယ်ဆိုတာကို သူ သိထား၏။
သို့သော် သူ့အပေါ် နန်ကုန်းအောက်ထျန်း၏ ကြောက်ရွံ့မှုက ဘယ်တော့မှ မလျော့ပါးခဲ့ချေ။
နောက်ဆုံးတော့ သူက သူ့အသက်ကို အချိန်မရွေး ယူနိုင်တဲ့သူ ဖြစ်ပြီး တကယ်ကို အရမ်း အန္တရာယ်များလွန်းလှသည်။
နန်ကုန်းအောက်ထျန်းက အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုဘဲ မေးမြန်းလိုက်၏။"နတ်ဘုရားတမန်တော် ဘယ်လောက် ယူလာခဲ့လဲ မသိဘူးနော်..."
ဤသည်ကို ကြားချိန်၌ လျှို့ဝှက်ဆန်းကြယ်သူ က သူ့ကို စကားဆွံ့အစွာ တစ်ချက်ကြည့်လိုက်သည်။ "ငါ ပြောခဲ့သလိုပဲ ပစ္စည်းသုံးမျိုးစလုံးအတွက် ကိုးဆယ့်ကိုးခုထက် မပိုဘူး... ခင်ဗျားမှာ ဝိညာဉ်ကျောက်တုံး တွေ အလုံအလောက် ရှိနေသရွေ့ ငါ့မှာ အလုံအလောက် ရှိပါတယ်..."
ဤသည်ကို ကြားချိန်၌ နန်ကုန်းအောက်ထျန်းက ဝိညာဉ်ကျောက်တုံး ကတ်ပြားတစ်ခုကို ထုတ်ယူကာ ကမ်းပေးလိုက်၏။ "နတ်ဘုရားတမန်တော် ပြောခဲ့သလိုပဲ ကျွန်တော်တို့က အနိမ့်ဆုံး စျေးကွက်ပေါက်စျေးနဲ့ အရောင်းအဝယ် လုပ်ပါ့မယ်... ကပ်ဘေးဖြတ်ကျော်ခြင်း ဆေးလုံး၊ ဝိညာဉ်ဆေးလုံး နဲ့ အဆင့်မြင့်ဆုံး ဝိညာဉ်ရတနာ တွေကို ကိုးဆယ့်ကိုးခုစီ လိုအပ်ပါတယ်... ဒါက ဝိညာဉ်ကျောက်တုံး ဘီလီယံ ၅၀ ပါ..."
လျှို့ဝှက်ဆန်းကြယ်သူ က လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ကျောက်စိမ်းကတ်ပြား က ပျံသန်းလာခဲ့သည်။
ချက်ချင်းပင် သူက ဝိညာဉ်ကျောက်စိမ်းကတ်ပြား တစ်ခုကိုလည်း ထုတ်ယူကာ ဝိညာဉ်ကျောက်တုံး များကို လွှဲပြောင်းယူလိုက်ပြီးနောက် ဝိညာဉ်ကျောက်စိမ်းကတ်ပြားကို နန်ကုန်းအောက်ထျန်းထံ ပြန်ပစ်ပေးလိုက်၏။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်သူ က လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ သိုလှောင်လက်စွပ် တစ်ကွင်းက နန်ကုန်းအောက်ထျန်းဆီသို့ ပစ်လွှတ်လိုက်သည်။
နန်ကုန်းအောက်ထျန်းက အလျင်အမြန် လက်လှမ်းကာ ဖမ်းလိုက်သော်လည်း သူ မော့ကြည့်လိုက်ချိန်၌ လျှို့ဝှက်ဆန်းကြယ်သူ သည် သူ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဤသည်ကို မြင်ချိန်၌ နန်ကုန်းအောက်ထျန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသော်လည်း ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော အသံက လွင့်ပျံလာသည်ကို သူ ကြားလိုက်ရသည်။
"ခင်ဗျားက ရိုးသားတဲ့အတွက် ဆေးလုံး အမျိုးအစား တစ်ခုစီအတွက် အလုံး ၁၀၀ ကို ငါ ပေးလိုက်မယ်... ဝိညာဉ်ရတနာတွေအတွက် ဝိညာဉ်ဓားလေးလက်ကိုတော့ မင်းတို့ စိတ်ကြိုက် သတ်မှတ်လို့ရပါတယ်... ကျန်တဲ့ ၉၅ လက်အတွက်တော့ ခင်ဗျားက ဘာမှ မတောင်းဆိုထားတဲ့အတွက် သတ္တု၊ မီး၊ သစ်သား၊ လေ နဲ့ မိုးကြိုး ဆိုတဲ့ ဓားငါးပါးကနေ ကျပန်း ရွေးချယ်ထားတဲ့ ဂုဏ်သတ္တိတွေပါတဲ့ ဝိညာဉ်ဓားတွေကို ငါ ပေးလိုက်မယ်..."
ဤသည်ကို ကြားချိန်၌ နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းညိတ်လိုက်၏။ "ကျေးဇူးတင်ပါတယ် နတ်ဘုရားတမန်တော်..."
သူ စကားပြောပြီးသည်နှင့် သိုလှောင်လက်စွပ် ထဲမှ အရာအားလုံးကို အလျင်အမြန် ထုတ်ယူလိုက်သည်။
သူက လျင်မြန်စွာ စစ်ဆေးပြီးသွားရာ အရာအားလုံးက ပြည့်စုံနေပေသည်။
"အခု ချင်းယိုအင်ပါယာရဲ့ ရဲ့ ဝိညာဉ်ကျောက်တုံး တွေ အားလုံး ကုန်သွားပြီ... ရွှမ်ထျန်း လေလံရုံ ကို အကြိမ်အနည်းငယ်လောက် သွားမှရမယ်ထင်တယ်... အဆင့်မြင့်ဆုံး ဝိညာဉ်ရတနာ တွေရဲ့ စျေးက သုံးဆလောက် တက်သွားပြီ… ကပ်ဘေးဖြတ်ကျော်ခြင်း ဆေးလုံး တွေနဲ့ အဆင့်မြှင့်တင်ထားတဲ့ ဝိညာဉ်ဆေးလုံး တွေရဲ့ စျေးကလည်း သုံးဆလောက် တက်သွားပြီ... ဘာပြဿနာမှ မရှိလောက်ဘူး..."
"ဒီနည်းနဲ့ အဆင့်မြင့်ဆုံး ဝိညာဉ်ဓား ၅၀၊ ပြီးတော့ ကပ်ဘေးဖြတ်ကျော်ခြင်း ဆေးလုံး သုံးပုလင်းနဲ့ ဝိညာဉ်ဆေးလုံး သုံးပုလင်းကို ရောင်းချနိုင်သရွေ့ ငါ့ရဲ့ ဝိညာဉ်ကျောက်တုံး အရင်းအနှီးကို ပြန်ရရုံသာမက အရင်းအမြစ် တစ်သုတ်ကိုလည်း အလကား ရနိုင်မှာပဲ..."
ဤသို့တွေးလိုက်ပြီး နန်ကုန်းအောက်ထျန်းက အတော်လေး ကျေနပ်သွားကာ အနည်းငယ် ပြုံးမနေဘဲ မနေနိုင်ခဲ့ချေ။
သူက ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး ကျီကျစ်ယွီနှင့် ကိစ္စရပ်များကို ဆွေးနွေးရန် ရှိုးရှန်း နန်းဆောင် သို့ သွားခဲ့၏။
လေလံရုံကို သွားမယ့်ကိစ္စဆိုတော့ လူတချို့ကို တိတ်တဆိတ် အဲဒီကို ခေါ်သွားဖို့ ကျီကျစ်ယွီကို အကူအညီ တောင်းရမှာပါပဲ။
...
ကြီးကြပ်ရေးရုံး... တော်ဝင် သမားတော် ခန်းမဆောင်။
သူ၏ ဦးရီးတော် က စျေးနှုန်းကွာဟချက်မှ အမြတ်ထုတ်နေကြောင်းကို နန်ကုန်းယွီက သဘာဝကျကျ မသိခဲ့ချေ။ ဤအခိုက်အတန့်တွင် သူသည် သူ၏လူများနှင့်အတူ တော်ဝင် သမားတော် ခန်းမဆောင်၏ အဝင်ဝသို့ ရောက်ရှိနေပြီ ဖြစ်၏။
တော်ဝင် သမားတော် ခန်းမဆောင်တွင် နန်းတွင်း သမားတော်များဖြစ်သော ဆရာ သုံးဦးမှ ငါးဦးအထိ နေ့စဉ် တာဝန်ကျပြီး ကျောင်းသားများ၏ မေးခွန်းများကို ဖြေကြားပေးရန်နှင့် သင်တန်းနှစ်ခုကို ပို့ချပေးရန် တာဝန်ရှိသည်။
နည်းလမ်းတစ်ခုမှာ အခြေခံ ဆေးပညာ ဗဟုသုတကို သင်ကြားပေးရန် သုံးရက်လျှင် တစ်ကြိမ် အတန်းဖွင့်ပြီးနောက် အတန်းပြီးသွားသည့်အခါ အစမှ ပြန်လည်စတင်ရန် ဖြစ်၏။
ယေဘုယျအားဖြင့် ဆိုရလျှင် ဤအခြေခံ ဆေးပညာဗဟုသုတများကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်သွားပါက အခြေခံ သမားတော်တစ်ဦး ဖြစ်လာနိုင်ပေသည်။
အကယ်၍ မိမိ၏ ပညာရပ်ကို ပိုမို တိုးတက်မြင့်မားလိုပါက ဒုတိယမြောက် သင်ခန်းစာဖြစ်သော 'အတွေ့အကြုံမှ သင်ယူခြင်း' ကို သွားရောက် နားဆင်နိုင်ပေသည်။
ယင်းသင်ခန်းစာကိုလည်း သုံးရက်လျှင် တစ်ကြိမ် ပို့ချပေးမည်ဖြစ်ပြီး သတ်မှတ်ထားသော ပုံသေအကြောင်းအရာဟူ၍ မရှိဘဲ ဆရာသမား သို့မဟုတ် အခြားသော သမားတော်ကြီးများ၏ ဆေးကုသမှု အတွေ့အကြုံများကို အဓိကထား မျှဝေပေးမည် ဖြစ်သည်။
သို့သော်လည်း မရှိမဖြစ် လိုအပ်လှသော အရေးအပါဆုံး ဆေးပညာရပ်များကို သင်ယူလိုပါက ထိုဒုတိယသင်ခန်းစာအပေါ် များစွာ အားကိုးအားထားပြု၍ မရနိုင်ကြောင်းမှာမူ သိသာထင်ရှားလှပေသည်။
အခန်း ၁၃၀ ငါ့နှလုံးသားလေး တစ်ချက်ခုန်သွားတယ်
အရေးအပါဆုံးသော ဆေးပညာရပ်များကို ဆည်းပူးသင်ယူရန် အကောင်းဆုံးနည်းလမ်းမှာ အဆင့်မြင့် သမားတော်ကြီးတစ်ဦးထံတွင် တပည့်ခံခြင်းပင် ဖြစ်ပေသည်။
ထိုမှတစ်ဆင့် မိမိ၏ ဆေးပညာဗဟုသုတများကို ပိုမိုနက်ရှိုင်းလာစေနိုင်သလို လက်တွေ့အတွေ့အကြုံများကိုလည်း ကြွယ်ဝလာစေမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သင်ယူထားသမျှသော အသိပညာများကို လက်တွေ့အသုံးချနိုင်ရန် မလွဲမသွေ လိုအပ်ပေသည်။ ထိုဗဟုသုတများကို မိမိကိုယ်ပိုင်စွမ်းရည်အဖြစ် အပြည့်အဝ ပိုင်ဆိုင်နိုင်ရန်အတွက် လက်တွေ့ကျင့်သုံးမှုက အလွန်ပင် အရေးပါလှ၏။
လက်တွေ့လေ့လာရန် အဓိကနည်းလမ်း နှစ်သွယ်ရှိရာ အကောင်းဆုံးနည်းလမ်းမှာ အခြားသူများထံမှ ကုသမှုကို ခံယူလေ့လာကာ အတွေ့အကြုံယူခြင်းပင် ဖြစ်သည်။ ဒုတိယနည်းလမ်းမှာမူ အသုံးဝင်သော်ငြား အန္တရာယ် အလွန်များလှပေသည်။
ထိုနည်းလမ်းမှာ မိမိဘာသာ ရောဂါရှာဖွေ၍ ကိုယ်တိုင် ပြန်လည်ကုသခြင်းပင် ဖြစ်သည်။
အခြားသူများကို ရောဂါရှာဖွေ ကုသပေးခြင်းဆိုသည်မှာ သဘာဝတရား၏ နိယာမစည်းမျဉ်းများနှင့် အနည်းငယ် ဆန့်ကျင်ဖီလာ ဖြစ်နေသောကြောင့်ပင်တည်း။
ဤနေ့က တော်ဝင် သမားတော် ခန်းမဆောင်ရဲ့ အခြေခံ ဆေးပညာ ဗဟုသုတ အလှည့်ကျ သင်ခန်းစာရဲ့ ပထမဆုံး သင်ခန်းစာပါ။
ဤအခိုက်အတန့်တွင် ဆရာက စာသင်ခန်း အရှေ့ဘက်တွင် စာသင်နေသော်လည်း လူတစ်ဆုပ်စာမျှသာ နားထောင်နေကြ၏။
သူ့ကို ကြည့်ရင်း နန်ကုန်းယွီက အဘိုးအို ဆရာသည် အနည်းငယ် စိတ်မပါဘဲ စိတ်မဝင်စားသလို ခံစားလိုက်ရသည်။
နန်ကုန်းယွီနှင့် သူ၏အဖွဲ့က အချိန်မဆွဲဘဲ တံခါးဝသို့ တန်းတန်းမတ်မတ် သွားကာ ခေါက်လိုက်ပြီး အနည်းငယ် ခေါင်းငုံ့ကာ ပြောဆိုလိုက်၏။ "ကျောင်းသား နန်ကုန်းယွီ ပါ... ဆရာ တောက် ကို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်..."
အဘိုးအို ဆရာက ရုတ်တရက် အနှောင့်အယှက် ပေးခံလိုက်ရသဖြင့် သူ၏ အရေးအကြောင်းများရှိသော မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားသည်။ နန်ကုန်းယွီ ဖြစ်ကြောင်း မြင်ပြီးမှသာ သူ၏ တွန့်ကွေးနေသော မျက်ခုံးများက ပြေလျော့သွား၏။
သူက အတင်းအကျပ် ပြုံးလိုက်သည်။ "မင်းသားလေး... တစ်ခုခု လိုအပ်လို့လား... မေးစရာရှိရင် ဘေးက စာသင်ခန်းကို သွားလို့ ရပါတယ်... အဲဒီမှာ ဆရာ နှစ်ယောက် ရှိတယ်..."
နန်ကုန်းယွီက ညင်သာစွာ ပြုံးလိုက်၏။
"ဆရာ တောက် ကို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်... ကျောင်းသားက ဒီမှာ ခဏထိုင်ဖို့ လာတာပါ... နည်းနည်းလေးပဲ မှတ်သားနိုင်ရင်တောင် အဆင်ပြေပါတယ်..."
ဤသည်ကို ကြားချိန်၌ ဆရာ တောက် က တစ်ခဏမျှ ရပ်တန့်သွားပြီး အရင်က ကောလာဟလများကို ပြန်လည်အမှတ်ရသွားကာ ပြုံးရင်း ပြောဆိုလိုက်သည်။ "ဒါဆို ကျေးဇူးပြုပြီး ဝင်လာပြီး ထိုင်ပါ မင်းသားလေး..."
“ကျေးဇူးတင်ပါတယ်'’
နန်ကုန်းယွီက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦးကို အထဲသို့ ခေါ်ဆောင်သွားကာ ပြတင်းပေါက်နားတွင် ထိုင်လိုက်၏။
"ချင်းလင်... ကျေးဇူးပြုပြီး ထိုင်ပါ..."
ချင်းလင်က ဘေးတွင် ရပ်နေသည်ကို မြင်ချိန်၌ နန်ကုန်းယွီက သူ၏ ဘယ်ဘက်ရှိ လွတ်နေသော ခုံကို ညွှန်ပြလိုက်သည်။
"မလိုပါဘူး သခင်လေး... ကျွန်မ..."
ချင်းလင်က သူမ၏ လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်သော်လည်း နန်ကုန်းယွီက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။ "ငါ ပြောတဲ့အချိန် ထိုင်လိုက်ပါ... ဘာလို့ ဒီလောက် အခမ်းအနားတွေ လုပ်နေရတာလဲ..."
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် သခင်လေး..."
ချင်းလင်က ခေါင်းညိတ်လိုက်ပြီး လိမ္မာစွာ ထိုင်လိုက်သည်။
လူတိုင်း ထိုင်ပြီးသည်ကို မြင်ချိန်၌ ဆရာ တောက် က တစ်ခဏမျှ စဉ်းစားလိုက်၏။ "မင်းသားလေး အခုမှ ရောက်လာတာဆိုတော့ နောက်တစ်ပိုင်းကို မဆက်ခင် ဒီမနက် သင်ခဲ့တာတွေကို အတိုချုပ် ပြန်နွှေးကြတာပေါ့..."
ဆရာ တောက် က သူ၏ သင်ခန်းစာကို အစမှ စတင်လိုက်ချိန်၌ အောက်ဘက်ရှိ ကျောင်းသားများက အနည်းငယ် မျက်မှောင်ကြုတ်သွားကြသော်လည်း ဘာမှမပြောကြချေ။
နန်ကုန်းယွီက နားထောင်ရင်း ပင်ပန်းလာသဖြင့် ချင်းလင်၏ လက်မောင်းကို မှီကာ အိပ်ပျော်သွားခဲ့၏။
ဤသည်ကို မြင်ချိန်၌ ဆရာ တောက် က အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှမပြောဘဲ ဆက်လက် ရှင်းပြနေခဲ့သည်။
သို့သော် ဤတစ်ကြိမ် သူ ရှင်းပြချိန်၌ သူက ဟိုဟိုဒီဒီ ကျော်သွားပြီး တကယ်ပဲ အစီအစဉ်တကျ ဖြစ်အောင် လုပ်ခဲ့၏။
သို့သော် ရှင်းပြမှုက နန်ကုန်းယွီ အခုမှ ရောက်လာစဉ်က အရှိန်သို့ လျင်မြန်စွာ ပြန်ရောက်သွားခဲ့သည်။ သို့သော် ပုံမှန် စကားပြောအရှိန်သို့ ပြန်ရောက်ပြီးနောက် သူက မရပ်တန့်ခဲ့သလို နန်ကုန်းယွီကိုလည်း မနှိုးခဲ့ချေ။
ဒီ မင်းသားလေး က ဆေးပညာ သင်ယူဖို့ ရည်ရွယ်ချက် လုံးဝ မရှိဘဲ အချိန်ဖြုန်းနေတာပဲ ဆိုတာကို သူ နောက်ဆုံးတော့ နားလည်သွားခဲ့၏။
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့၏။
ရှင်းပြပြီးနောက် ဆရာက ပစ္စည်းများကို သိမ်းဆည်းကာ စာသင်ခန်းထဲမှ ထွက်သွားခဲ့သည်။
ဤသည်ကို မြင်ချိန်၌ ကျောင်းသားများက တစ်ချက်ကြည့်လိုက်ပြီး စာသင်ခန်းထဲမှ အလျင်အမြန် ထွက်သွားကြ၏။
ဤသည်ကို မြင်ချိန်၌ ချင်းလင်က သူမ၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေသော နန်ကုန်းယွီကို ငုံ့ကြည့်ကာ သူ့ကို နှိုးသင့်၊ မနှိုးသင့် တွေးနေမိသည်။
သူမက စူးရှင်းမုန်းကို ကြည့်လိုက်သော်လည်း စူးရှင်းမုန်းက အနည်းငယ် ခေါင်းယမ်းလိုက်၏။ "သခင်လေးကို အိပ်ခွင့်ပေးလိုက်ပါ... သူ့ကို သယ်သွားလိုက်..."
ဤသည်ကို ကြားချိန်၌ ချင်းလင်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
မူလက 'နိုး' ဖို့ ရည်ရွယ်ထားသော နန်ကုန်းယွီသည် မျက်လုံးများကို လုံးဝ မဖွင့်ရန် ဆုံးဖြတ်လိုက်၏။
သူတို့နှစ်ဦး အတူတကွ ပူးပေါင်းကာ နန်ကုန်းယွီကို ချင်းလင်၏ ပခုံးပေါ်တွင် မှီစေပြီး စာသင်ခန်းထဲမှ သယ်ထုတ်သွားကြသည်။
အချိန်မှာ ညနေ ၄ နာရီ ၄၅ မိနစ်ခန့် ရှိနေပြီဖြစ်ပြီး ကျောင်းသားများက ကြီးကြပ်ရေးရုံး ၏ ထွက်ပေါက်ဆီသို့ ဦးတည်သွားနေကြ၏။
သူတို့သုံးဦးကို မြင်ချိန်၌ သူတို့က မျက်ခုံးပင့်လိုက်ကြသော်လည်း ဘာမှမပြောဘဲ အားလုံးက အနည်းငယ် ရှောင်ဖယ်သွားကြသည်။
မကြာမီ သူတို့သုံးဦးက ကြီးကြပ်ရေးရုံး မှ ထွက်လာခဲ့ကြ၏။
နန်ကုန်းယွီ၏ အသွင်အပြင်ကို မြင်ချိန်၌ ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးမနေဘဲ မနေနိုင်ခဲ့ချေ။ "သံသယဖြစ်စရာ မလိုပါဘူး... ဒီကောင်လေး စာသင်နေတုန်း အိပ်ပျော်သွားတာ ဖြစ်ရမယ် မဟုတ်လား..."
စူးရှင်းမုန်းနှင့် အခြားတစ်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်ကြ၏။ ရှန်ကွမ်ယွဲ့ရှီးက များများစားစား မပြောဘဲ နန်ကုန်းယွီကို သူမ၏ ရင်ခွင်ထဲသို့ ညင်သာစွာ ပွေ့ချီလိုက်သည်။
"နန်းတော်ကို ပြန်ကြစို့..."
လူအုပ်စုက လှည့်ကာ ထွက်သွားရန် ပြင်လိုက်စဉ် နန်ကုန်းရိုရွှယ် အလွန် အလောတကြီး ပြေးလာသည်ကို တွေ့လိုက်ရ၏။
"ဒုတိယအဒေါ်ကို ဂါရဝပြုပါတယ်..."
အရိုအသေပေးပြီးနောက် နန်ကုန်းရိုရွှယ်က အိပ်ပျော်နေသော နန်ကုန်းယွီကို သံသယ အရိပ်အယောင်ဖြင့် ကြည့်လိုက်သည်။
"ရှောင်ယွီ... သူ အိပ်ပျော်နေတာလား..."
ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်၏။
"သွားကြစို့... အတူတူ လမ်းလျှောက်ကြမလား..."
နန်ကုန်းရိုရွှယ်က ခေါင်းညိတ်လိုက်သည်။
ငြိမ်းချမ်းသော အချိန်များက အမြဲတမ်း လျင်မြန်စွာ ကုန်လွန်သွားတတ်ပြီး နန်ကုန်းယွီသည် ကြီးကြပ်ရေးရုံး တွင် လေးနှစ်တာ အေးအေးဆေးဆေး ကုန်ဆုံးခဲ့၏။
တိတိကျကျ ပြောရလျှင် သူက တော်ဝင် သမားတော် ခန်းမဆောင်တွင် နှစ်နှစ်၊ ရွှမ်တူ ခန်းမဆောင်တွင် နှစ်နှစ်၊ စုစုပေါင်း လေးနှစ် ကုန်ဆုံးခဲ့သည်။
နန်ကုန်းယွီတစ်ယောက် အရှုပ်အရှင်းများကို မနှစ်သက်ကြောင်း နားလည်ထားပုံရသော ရှန်ကွမ်ယွဲ့ရှီးသည် သူ့ထံမှ မည်သည့်အရာကိုမျှ တောင်းဆိုခြင်း မရှိခဲ့ပေ။ နန်ကုန်းယွီ ပျော်ရွှင်နေသရွေ့ သူ၏လုပ်ရပ်များအပေါ် ဝင်ရောက်စွက်ဖက်ခြင်းလည်း မရှိခဲ့ချေ။
ထို့ကြောင့် အချိန်တစ်ဝက်ခန့်တွင် နန်ကုန်းယွီသည် ကြီးကြပ်ရေးရုံးသို့ မသွားတော့ဘဲ ချင်းလင်နှင့် စူးရှင်းမုန်းတို့ကို ခေါ်ဆောင်ကာ ဈေးထဲတွင်ဖြစ်စေ၊ မြို့ပြင်တွင်ဖြစ်စေ လွတ်လပ်စွာ သွားလာပျော်ပါးလေ့ ရှိပေသည်။
သေချာသည်ကတော့... သူ ဘယ်နေရာသို့ပင် သွားစေကာမူ အဒေါ်လေးရှန်က နောက်ကွယ်မှနေ၍ တိတ်တဆိတ် အမြဲ အကာအကွယ်ပေးနေခြင်းပင် ဖြစ်သည်။
နံနက်စောစော နန်ကုန်းယွီ နိုးလာချိန်၌ သူ၏ မိခင်က သူ့ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရပြီး သူ၏ နှလုံးသားလေး တစ်ချက်ခုန်သွားခဲ့၏။.
ဤကာလများအတွင်း မိခင်ဖြစ်သူ၏ စိတ်အခြေအနေမှာ အနည်းငယ် ဂနာမငြိမ် ဖြစ်နေသည်ကို သူ သတိထားမိခဲ့သည်။ ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ ယင်းယိုထံသို့ သီးသန့် သွားရောက်မေးမြန်းခဲ့ရာမှ အကြောင်းရင်းမှန်ကို သိရှိခဲ့ရပေသည်။
ကျန်းပေ့တပ်မမှ စစ်သည်သုံးထောင်အပြင် မယ်တော်ကြီး၊ အဘွားနှင့် မိခင်ဖြစ်သူတို့ အပါအဝင် အားလုံးသည် ဝိညာဉ်အရှင်မြတ် အလယ်အလတ်အဆင့်၌ ဖိနှိပ်ခံထားရသည်မှာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ်သည်။
မကြာသေးမီကပင် မယ်တော်ကြီးတို့သည် စုပေါင်း၍ အဆင့်တက်လှမ်းရန် စီစဉ်နေကြပုံရပြီး ဤသေမျိုးနယ်ပယ်မှ မကြာမီ ထွက်ခွာသွားကြတော့မည်ဟု ထင်ရပေသည်။
ရှန်ကွမ်ယွဲ့ရှီးနှင့် ရင်းနှီးသူများအနေဖြင့် ကျီကျစ်ယွီနှင့် အခြားသူများကလည်း ရှန်ကွမ်ယွဲ့ရှီး၏ လျှို့ဝှက်ဆန်းကြယ်သူ၏ ရှင်းပြချက် အကြောင်းကို ကြားသိခဲ့ရ၏။
ထို့ပြင် ကျီကျစ်ယွီ၊ ရွှမ်ယွမ်လင်ယွင်၊ နန်ကုန်းအောက်ထျန်း၊ ဟန်လီယန်၊ နန်ကုန်းရိုရွှယ်၊ နန်ကုန်းရိုရွှေ နှင့် နန်ကုန်းကျင်းချီ တို့သည်လည်း ကောင်းကင်ကို ဆန့်ကျင်ပြီး အခွင့်အရေး ရရှိခဲ့ကြကာ ဝိညာဉ်အမြစ် တစ်ခုလုံးက ကောင်းကင်ဝိညာဉ်အမြစ် အဖြစ် အဆင့်တက်သွားခဲ့သည်။
ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်းရှိသော အမည်ပြောင်းလဲခွင့် သုံးကြိမ်တိုင်တိုင် ကျန်ရှိနေသေးသည်။
သို့သော် ထိုအတွက် ပေးဆပ်လိုက်ရသည့် တန်ဖိုးမှာကား နန်ကုန်းယွီက မိခင်ဖြစ်သူ၏ ဝိညာဉ်ကျောက်စိမ်းကတ်ပြားထဲမှ ဝိညာဉ်ကျောက်တုံး ဘီလီယံ ၅၀ ကို ထုတ်ယူသုံးစွဲလိုက်ခြင်းပင် ဖြစ်သည်။ ထိုသို့ သုံးစွဲလိုက်မှုကြောင့် ကျောက်စိမ်းကတ်ပြားမှာ ဘာမျှမကျန်တော့လောက်အောင် ပြောင်သလင်းခါလုနီးပါး ဖြစ်သွားလေတော့သည်။
ထို့အပြင် ကျီကျစ်ယွီ၊ နန်ကုန်းအောက်ထျန်းနှင့် ရွှမ်ယွမ်လင်ယွင်တို့က နန်ကုန်းယွီ၏ မုန့်ဖိုးအတွက်ဆိုပြီး ဝိညာဉ်ကျောက်တုံး ၂ ဘီလီယံ၊ ၁ ဘီလီယံနှင့် ၅ ဘီလီယံ အသီးသီး ပို့ပေးခဲ့ကြ၏။
သေချာသည်ကတော့... ထိုကိစ္စက သိပ်ပြီး အရေးမကြီးလှပေ။
အရေးကြီးဆုံးအချက်မှာ သူတို့သည် မြောက်ပိုင်းတပ်မမှ စစ်သည်သုံးထောင်၏ အခြေအနေကို သိရှိထားကြသလို... နန်ကုန်းယွီ၏ အခြေအနေကိုလည်း ကောင်းစွာ သိထားကြခြင်းပင် ဖြစ်သည်။
ထို့ကြောင့် မယ်တော်ကြီးနှင့် အဘွားဖြစ်သူတို့က မြောက်ပိုင်းတပ်မမှ စစ်သည်သုံးထောင်ကို မြင့်မြတ်နယ်မြေ သို့ ခေါ်ဆောင်သွားရန် မိခင်ဖြစ်သူအား အကြံပြုခဲ့ကြသည်။ ထို့နောက် အခြေအနေများ အားလုံး တည်ငြိမ်သွားချိန်မှသာ နန်ကုန်းယွီကို မြင့်မြတ်နယ်မြေ သသို့ လာရောက်ခွင့်ပြုရန် စီစဉ်ခဲ့ကြခြင်း ဖြစ်ပေသည်။
မိခင်ဖြစ်သူက ထိုအကြံပေးချက် စိတ်ပါဝင်စားသွားခဲ့ပြီး ဤကိစ္စနှင့်ပတ်သက်၍ အချိန်အတော်ကြာသည်အထိ စိတ်ဆင်းရဲ နေခဲ့ရသည်မှာ ထင်ရှားလှပေသည်။
နန်ကုန်းယွီက သူ၏ မိခင်၏ ရှုပ်ထွေးသော အမူအရာကို ကြည့်ကာ သက်ပြင်းချလိုက်၏။
။"အမေ... ယွီအာ ကို ပြောစရာရှိရင် ပြောပါ... အမေ ဒီလောက် စိတ်ပင်ပန်း နေတာကို ကြည့်ပြီး ယွီအာ လည်းစိတ်မကောင်းဖြစ်ရတယ်..."
ဤသည်ကို ကြားချိန်၌ ရှန်ကွမ်ယွဲ့ရှီး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူမက နန်ကုန်းယွီကို တင်းကျပ်စွာ ဖက်လိုက်သည်။
သူမ၏ လှပသော ပါးပြင်များပေါ်မှ မျက်ရည်ကြည် နှစ်ပေါက် ကျဆင်းလာပြီး နန်ကုန်းယွီ၏ အိပ်ရာဝင်ဝတ်စုံပေါ်သို့ လိမ့်ကျသွားသည်။
နန်ကုန်းယွီက စကားမပြောဘဲ သူ၏ မိခင်ကို တင်းကျပ်စွာ ဖက်ထားကာ သူမ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ရှန်ကွမ်ယွဲ့ရှီးက အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏ နှုတ်ခမ်းလေးများကို အနည်းငယ် ဟကာ ပြောဆိုလာ၏။
"ယွီအာ... အမေ မင်းနဲ့ ခဏလောက် ခွဲနေရလိမ့်မယ်..."