← Chapters

အခန်း (၂၅၉၅-၂၅၉၆)

Vol. 200 Ch. 2595-2596

အခန်း (၂၅၉၅-၂၅၉၆)

Vol. 200 Ch. 2595-2596

အခန်း(၂၅၉၅)

“ဒါ ဒါ မဖြစ်နိုင်ဘူး မင်းရဲ့စွမ်းအားက ဘယ်လိုလုပ် ဒီလောက်အထိ အစွမ်းထက်နေရတာလဲ”

ယွမ်ထျန်းချီက ဖြူဖျော့သော မျက်နှာဖြင့် ကျန်းချန်ကို ကြည့်ကာ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

ကောင်းကင်ပုံရိပ် ၁၂ပါး ဓားဗျူဟာသည် သူတို့ ဟွမ်ယွမ်ဓားဂိုဏ်း၏ အဆင့်အမြင့်ဆုံး ဓားဗျူဟာ ဖြစ်ပြီး ဟွမ်ယွမ်ကောင်းကင် ဓားအစီအရင်ကို မမီသော်လည်း အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတွင် အဆင့်အမြင့်ဆုံးသော ဓားဗျူဟာ တစ်ခု ဖြစ်သည်။

သူနှင့် ဟွမ်ယွမ်ဓားဂိုဏ်း၏ ပါရမီရှင် ဆယ့်တစ်ဦးတို့ ပူးပေါင်းခင်းကျင်းထားသည့် ကောင်းကင်ပုံရိပ် ၁၂ ပါး ဓားဗျူဟာသည် မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူများကိုပင် ရင်ဆိုင်ရန် လုံလောက်၏။

ဤကောင်းကင်ပုံရိပ် ၁၂ ပါး ဓားဗျူဟာ၏ အကူအညီဖြင့် ဆိုလျှင် ကျန်းချန်ကို ဖြေရှင်းရန် မခက်ခဲလောက်ဟု မူလက သူထင်မှတ်ထားခဲ့သည်။

သို့ရာတွင် မမျှော်လင့်ဘဲ ကျန်းချန်သည် သူတို့ ခင်းကျင်းထားသည့် ကောင်းကင်ပုံရိပ် ၁၂ ပါး ဓားဗျူဟာကို ဓားချက် တစ်ချက်တည်းဖြင့်ပင် အနိုင်ယူခဲ့၏။

တစ်နည်းအားဖြင့် ဆိုရလျှင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် မဟာယာန အထွတ်အထိပ်အဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်နေခဲ့ချေပြီ။

“စီနီယာအစ်ကိုထျန်းချီ.. ဒီလူက ကျွန်တော်တို့ ရင်ဆိုင်နိုင်တဲ့ရန်သူ မဟုတ်ဘူး.. အခုလောလောဆယ် အရင်ဆုတ်ကြရအောင်”

ယွမ်ချင်းယွီက အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး သူ၏ ခန္ဓာကိုယ် အတွင်း မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်ကာ ပြောလိုက်သည်။

သူ၏ မျက်နှာ အမူအရာက အလွန်တရာပင် လေးနက်နေခဲ့၏။

ယွမ်ချင်းယွီသည် ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ ကျူးကျော်ဝင်ရောက်လာသူကို ကိုင်တွယ်ရန် မလွယ်ကူနိုင်ကြောင်း ကြိုတင် ခန့်မှန်းထားခဲ့သော်လည်း ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူတို့ ဟွမ်ယွမ်ဓားဂိုဏ်း၏ ပါရမီရှင် ဆယ့်နှစ်ဦး ပူးပေါင်းခင်းကျင်းထားသော ကောင်းကင်ပုံရိပ် ၁၂ ပါး ဓားဗျူဟာသည်ပင် ထိုလူ၏ရှေ့တွင် မည်သည့် ခုခံမှုကိုမျှ မပြုလုပ်နိုင်ခဲ့ပေ။

အကယ်၍ သူတို့သာ ဤလူနှင့် ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် ယနေ့တွင် သူတို့အားလုံး သေဆုံးသွားနိုင်မည်ကို ယွမ်ချင်းယွီ သံသယမရှိပေ။

“ဆုတ်ကြမယ်”

ယွမ်ထျန်းချီက အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် အဆုံးသတ်၌ မကျေမနပ် အမူအရာဖြင့် ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။

ယွမ်ထျန်းချီသည် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို သတ်ဖြတ်ချင်သော်လည်း သတိ လုံးဝ မလွတ်ခဲ့ပေ။

သူတို့က ကောင်းကင်ပုံရိပ် ၁၂ ပါး ဓားဗျူဟာ၏ စွမ်းအားကို အသုံးပြုလိုက်သည့်တိုင် ထိုလူ၏ ဓားချက်တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရ၏။

ယခုအခါတွင် သူမှလွဲ၍ ယွမ်ချင်းယွီ အပါအဝင် လူတိုင်းသည် ဒဏ်ရာ အပြင်းအထန် ရရှိထားသည် ဖြစ်ရာ အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို ဆက်လက်ရင်ဆိုင်ရန် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် ယွမ်ထျန်းချီသည် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များကို ခေါ်ဆောင်ကာ ဤနေရာမှ အရင်ဆုတ်ခွာရန် ဆုံးဖြတ်လိုက်သည်။

သူက ဟွမ်ယွမ်ဓားဂိုဏ်း၏ ကျန်ရှိသော နေရာနှစ်ခုသို့ သွားရောက်ကာ စွမ်းအားကို မြှင့်တင်ပြီးမှ အနက်ရောင်ဝတ်စုံဝတ်လူငယ်ကို ပြန်လည် ရင်ဆိုင်ရန် စဥ်းစားလိုက်၏။

“ထွက်သွားချင်တာလား.. ဒီအထိ ရောက်လာမှတော့ အလွယ်တကူ ထွက်သွားလို့ရမယ် ထင်နေတာလား”

ယွမ်ထျန်းချီက ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များနှင့် ဆုတ်ခွာရန် ပြင်နေသည်ကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းကနေ အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင်မူ သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရွှေရောင် ဓားအလင်းများ ပေါက်ကွဲထွက်လာခဲ့သည်။

ထိုရွှေရောင်ဓားအလင်းများသည် စဥ်ဆက်မပြတ် ပြောင်းလဲကာ တစ်ခုနှင့်တစ်ခု ရောယှက်သွားခဲ့ပြီး အဆုံးသတ်တွင် ရွှေရောင်ဓားချီ နယ်မြေတစ်ခုအဖြစ် ပြောင်းလဲကာ ယွမ်ထျန်းချီ အပါအဝင် ဟွမ်ယွမ်ဓားဂိုဏ်းမှ ကျင့်ကြံသူ ဆယ့်နှစ်ဦးကို လွှမ်းခြုံသွားခဲ့သည်။

ရွှေရောင်ဓားချီနယ်မြေသည် သီးခြားကမ္ဘာ တစ်ခုကဲ့သို့ပင် ယွမ်ထျန်းချီတို့ လူစုကို ပတ်ဝန်းကျင် ဟင်းလင်းပြင်နှင့် ဖြတ်တောက်ပစ်လိုက်သည်။

“အားလုံးအတူတူ တိုက်ခိုက်ပြီး ဒီရွှေရောင်ဓားချီ နယ်မြေကို ဖောက်ထွက်ကြစို့”

ယွမ်ထျန်းချီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။

သူက ခန္ဓာကိုယ်အတွင်းရှိ အဆီအနှစ် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ ဧရာမဓားတစ်လက် အဖြစ်သို့ ပြောင်းလဲလိုက်ပြီး ရွှေရောင်ဓားချီနယ်မြေကို ခုတ်ပိုင်းလိုက်သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ဟွမ်ယွမ်ဓားဂိုဏ်းမှ ကျန်ပါရမီရှင် ဆယ့်တစ်ဦးသည်လည်း တုံ့ဆိုင်းမနေဘဲ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို လျစ်လျူရှုကာ အစွမ်းအထက်ဆုံး ဓားပညာရပ်များအား အသုံးပြ၍ ရွှေရောင်ဓားချီ နယ်မြေကို ကိုယ်စီ တိုက်ခိုက်လိုက်ကြသည်။

သို့သော်လည်း သူတို့၏ တိုက်ခိုက်မှုများက ရွှေရောင်ဓားချီနယ်မြေကို မထိမီမှာပင် ရွှေရောင်ဓားချီ နယ်မြေကနေ ထွက်ပေါ်လာသော ရွှေရောင်ဓားချီများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် ယွမ်ထျန်းချီ ဒေါသ အလွန်အမင်း ထွက်လာခဲ့သည်။

“ငါတို့ အားလုံးက ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ တပည့်တွေပဲ.. မင်းသာ ငါတို့ကို ဒီနေရာကနေ ဖယ်ထုတ်ပစ်မယ် ဆိုရင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ မင်းအတွက် နေစရာနေရာ ရှိမှာမဟုတ်ဘူး”

အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စွမ်းအားသည် အမှန်တကယ်ပင် အစွမ်းထက်လွန်း၍ သူတို့ မခုခံနိုင်ပေ။

“ဟားဟား မင်းတို့က ဟွမ်ယွမ်ဓားဂိုဏ်းရဲ့နာမည်ကို အသုံးပြုပြီး ငါ့ကို ခြိမ်းခြောက်နေတာလား.. ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ နာမည်က ငါ့အတွက်တော့ ဘာမှအသုံးဝင်မှာ မဟုတ်ဘူး”

ကျန်းချန်က အေးစက်စက် ပြုံး၍ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့.. မင်းတို့ကို အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ကနေ လောလောဆယ်မှာ ပျောက်ကွယ်သွားအောင်လုပ်ဖို့ ငါ့မှာ အစီအစဥ်မရှိဘူး”

ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်သည်။

အကယ်၍ ယွမ်ထျန်းချီ အပါအဝင် တပည့် ဆယ့်နှစ်ဦးသာ အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ကနေ တစ်ပြိုင်နက်တည်း ဖယ်ရှားခံလိုက်ရလျှင် ဟွမ်ယွမ်ဓားဂိုဏ်း၏ ဒေါသကို ဆွပေးသလို ဖြစ်သွားပေလိမ့်မည်။

အကယ်၍ ဟွမ်ယွမ်ဓားဂိုဏ်းသာ အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ကို အတင်းအကျပ် ပိတ်ပစ်လိုက်မည် ဆိုလျှင် သူ၏ စွမ်းအားကို မြှင့်တင်နိုင်မည့် အကောင်းဆုံး အခွင့်အရေးကို ဆုံးရှုံးသွားပေလိမ့်မည် မဟုတ်ပါလား။

ယင်းသည် ကျန်းချန် မည်သို့မျှ မဖြစ်စေချင်သည့် အရာ ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်သည် ယွမ်ထျန်းချီတို့ လူစုကို ယခုအချိန်တွင် ဖယ်ရှားပစ်ရန် အစီအစဥ် မရှိခဲ့ချေ။

သို့သော်လည်း ကျန်းချန်အနေဖြင့် သူတို့ကို ဖယ်ရှားပစ်ရန် အစီအစဥ် မရှိသော်လည်း အလွယ်တကူ ထွက်သွားခွင့်ပေးမည်တော့ မဟုတ်ချေ။

မဟုတ်လျှင် ယွမ်ထျန်းချီသည် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များကို အမြဲတစေ ခေါ်ဆောင်လာပြီး သူ၏ ကျင့်ကြံမှုကို နှောင့်ယှက်နေမည် ဖြစ်ရာ ယင်းသည် သူ့အတွက် အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စရပ်တစ်ခု ဖြစ်လာနိုင်ပေသည်။

“မင်းက ငါတို့ကို ရွှေရောင်ဓားချီ နယ်မြေထဲမှာ ပိတ်လှောင်ထားချင်တာလား”

ယွမ်ထျန်းချီက တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက်တွင် လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

“မင်းရဲ့ ဓားချီနဲ့ဖွဲ့စည်းထားတဲ့ ရွှေရောင်ဓားချီနယ်မြေက အရမ်း အစွမ်းထက်ပြီး ငါတို့အနေနဲ့ ဖောက်ထွက်ဖို့ ခက်ခဲတယ် ဆိုတာ မှန်ပေမဲ့ မင်း ငါတို့ကို ဒီနေရာမှာ ပိတ်လှောင်ထားမယ် ဆိုရင် မင်းကိုယ်တိုင်လည်း ဓားရေကန်ထဲမှာ ကျင့်ကြံနိုင်တော့မှာ မဟုတ်ဘူး”

“မင်းတို့ကို ရွှေရောင်ဓားချီနယ်မြေထဲမှာ ပိတ်လှောင်ထားမယ်လို့ ဘယ်သူပြောလဲ”

ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူက လက်ထဲမှ လူသားဧကရာဇ်ဓားကို အသာအယာဝှေ့ယမ်းလိုက်ပြီး ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်တစ်ဦး ဆီသို့ တိုက်ရိုက်ပင် ခုတ်ပိုင်းချလိုက်သည်။

မမြင်နိုင်သော ဆန်းကြယ်သည့် ဓားအလင်းသည် ဟွမ်ယွမ်ဓားဂိုဏ်းမှ ထိုတပည့်အား အသက်ရှူချိန်ပင် အခွင့်အရေးမပေးဘဲ ထိုတပည့်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့၏။

ချက်ချင်းဆိုသလိုပင် ထိုတပည့်၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများသည် မြစ်ရေ ကျဆင်းသွားသကဲ့သို့ပင် တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

တစ်ခဏအကြာတွင် ဟွမ်ယွမ်ဓားဂိုဏ်းမှ ထိုတပည့်သည် ကပ်ဘေး အထွတ်အထိပ်အဆင့်ကနေ မည်သည့် ကျင့်ကြံမှုမှ မရှိတော့သည့် သာမန် လူတစ်ယောက် အဖြစ်သို့ ကျဆင်းသွားခဲ့၏။

“ဒါ.. ဒါက ဘယ်လို ဓားပညာရပ်မျိုးလဲဟ”

ယွမ်ထျန်းချီတို့ လူစုသည် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မယုံကြည်နိုင်လောက်အောင် အံ့ဩ ထိတ်လန့်သွားကြသည်။

သူတို့ရှေ့မှ လူသည် သာမန် ဓားချက် တစ်ချက်ဖြင့်ပင် ကပ်ဘေး အထွတ်အထိပ် အဆင့်ရှိ ကျင့်ကြံသူ တစ်ဦး၏ ကျင့်ကြံမှုအားလုံးကို ဖြတ်တောက်ပစ်လိုက်၏။

ဤကဲ့သို့ ဓားပညာရပ်သည် ကမ္ဘာကြီးကိုပင် တုန်လှုပ်စေရန် လုံလောက်သည်။

သိထားရမည့်အချက်မှာ သူတို့ ဟွမ်ယွမ်ဓားဂိုဏ်း၏ ဘိုးဘေးသည်လည်း ဤကဲ့သို့ ဓားပညာရပ်ကို တတ်မြောက်ထားသည့်တိုင် ဓားချက် တစ်ချက်တည်းဖြင့် ကျင့်ကြံခြင်းအဆင့်တစ်ဆင့်ကိုသာ ဖြတ်တောက်နိုင်ခြင်း ဖြစ်၏။

ကျန်းချန်က ယွမ်ထျန်းချီတို့လူစု၏ အံ့ဩထိတ်လန့်နေမှုကို ဂရုစိုက်မနေခဲ့ပေ။

သူက လူသားအဖြစ် ပြောင်းလဲစေသော ဓားကွက်ကို ဆက်တိုက်ဆိုသလို အသုံးပြုလိုက်သည်။

သူ ဓားချက်တစ်ချက် ခုတ်ပိုင်းလိုက်တိုင်းတွင် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့် တစ်ဦး၏ ကျင့်ကြံမှုသည် လျင်မြန်စွာ ကျဆင်းသွားခဲ့ပြီး ကျင့်ကြံမှု လုံးဝမရှိသော သာမန် လူတစ်ယောက် ဖြစ်သွားခဲ့သည်။

အလွန်လျင်မြန်စွာပင် ယွမ်ချင်းယွီ အပါအဝင် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်အားလုံး၏ ကျင့်ကြံခြင်းအဆင့်များသည် ကျန်းချန်၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရ၏။

နောက်ဆုံး ကျန်ရှိသော ယွမ်ထျန်းချီကိုမူ ကျန်းချန်၏ ဓားချက်သည် ကျင့်ကြံခြင်းအဆင့် အကုန်အစင် မဖြတ်တောက်နိုင်ခဲ့ပေ။

သို့သော်လည်း ယွမ်ထျန်းချီ၏ ကျင့်ကြံခြင်းအဆင့်သည် မဟာယာန အဆင့်ကနေ ကျဆင်းသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျန်းချန်က ဓားချက်တစ်ချက် ထပ်မံထုတ်ဖော်လိုက်ပြီး ယွမ်ထျန်းချီ၏ မျှော်လင့်ချက် ကင်းမဲ့နေသော အကြည့်အောက်မှာပင် ကျန်ရှိနေသည့် ကျင့်ကြံမှုအားလုံးကို တစ်ခါတည်း ဖြတ်တောက်ပစ်လိုက်သည်။

ယခုအခါတွင် ယွမ်ထျန်းချီ အပါအဝင် ဟွမ်ယွမ်ဓားဂိုဏ်း၏ ပါရမီရှင်တပည့် ဆယ့်နှစ်ဦးစလုံး၏ ကျင့်ကြံခြင်းအဆင့်သည် ကျန်းချန်၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရချေပြီ။

အခန်း(၂၅၉၅)ပြီး၏။

အခန်း(၂၅၉၆)

“မင်း ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တကယ်ပဲ ဖျက်ဆီးရဲတယ်.. ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်းက မင်းကို သေချာပေါက် အလွှတ်ပေးမှာမဟုတ်ဘူး”

ယွမ်ထျန်းချီက ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

ကျန်းချန်က ဤကဲ့သို့ ဆန်းကြယ်သည့် ဓားသိုင်းကို အသုံးပြု၍ သူတို့ တစ်ဆယ့်နှစ်ဦးလုံး၏ ကျင့်ကြံခြင်းအဆင့်များကို ဖြတ်တောက်နိုင်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ပေ။

ထိုကောင်သည် သူတို့ကို သတ်ဖြတ်ပြီး အင်မော်တယ် ဟင်းလင်းပြင်ထဲကနေ ဖယ်ထုတ်ပစ်နိုင်စွမ်း ရှိပါလျက်ဖြင့် ရည်ရွယ်ချက်ရှိရှိ ထိုသို့ မလုပ်ဘဲ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကိုသာ ဖြတ်တောက်ပြီး သာမန်လူများ ဖြစ်အောင် ပြုလုပ်ခဲ့သည်။

ယခုအခါတွင် ယွမ်ထျန်းချီသည် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ရည်ရွယ်ချက်ကို ရိပ်စားမိသွားခဲ့ပြီ ဖြစ်၏။

ထိုကောင်၏ ရည်ရွယ်ချက်မှာ ပြင်ပကမ္ဘာမှ လူများကို အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲမှ အခြေအနေအား မသိရှိစေရန် ဖုံးကွယ်ထားလို၍ ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။

“မင်းတို့ ထွက်သွားလို့ရပြီ”

ကျန်းချန်က ယွမ်ထျန်းချီကို တစ်ချက်ပင် လှည့်မကြည့်ဘဲ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ယွမ်ထျန်းယီတို့ လူစုကို ဓားရေကန် တည်ရှိရာ ကမ္ဘာငယ်လေး၏ ပြင်ပသို့ ပို့လွှတ်လိုက်သည်။

“နောက်ဆုံးတော့ ငါတစ်ခဏလောက် အေးအေးဆေးဆေးကျင့်ကြံလို့ရပြီ”

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ဟွမ်ယွမ်ဓားဂိုဏ်း တည်ရှိရာ ကမ္ဘာငယ်လေး ထဲသို့ ကပ်ဘေးအဆင့်အောက်ရှိ ကျင့်ကြံသူများ ဝင်ရောက်ရန် ခက်ခဲ၏။

ယခုအခါ ယွမ်ထျန်းချီ တို့သည် ကျင့်ကြံမှု မရှိတော့သဖြင့် သူ့ကို အလွယ်တကူ လာရောက် နှောင့်ယှက်နိုင်တော့မည် မဟုတ်ပေ။

ကျန်းချန်က အချိန်မဖြုန်းတော့ဘဲ ဟွမ်ယွမ်ဓားရေကန် ထဲတွင် ဆက်လက် ကျင့်ကြံခဲ့သည်။

တစ်ချိန်တည်းမှာပင် ဓားရေကန် ပြင်ပသို့ ပို့လွှတ်ခံလိုက်ရသည့် ယွမ်ထျန်းချီတို့ လူစုသည် မျက်နှာပျက်နေခဲ့ကြသည်။

“စီနီယာအစ်ကိုထျန်းချီ.. ဒီကောင်က ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်ခဲ့ပေမဲ့ အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ကနေတော့ ဖယ်မထုတ်ခဲ့ဘူး.. သူက ဟွမ်ယွမ်ဓားဂိုဏ်းကို ဒီနေရာက အခြေအနေတွေ မသိစေချင်ဘဲ ဂိုဏ်းရဲ့ အရင်းအမြစ်တွေကို အသုံးပြုပြီး ကျင့်ကြံချင်နေတာ သေချာတယ်.. ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ”

ယွမ်ချင်းယွီက အလေးအနက် ပြောလိုက်သည်။

ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ မဝင်ရောက်မီကပင် ယွမ်ချင်းယွီသည် တစ်စုံတစ်ရာ ဖြစ်လာခဲ့လျှင် အဆင်သင့်ဖြစ်စေရန်အတွက် အစီအစဥ် တချို့ကို တိတ်တဆိတ် ပြုလုပ်ထားခဲ့သည်။

သို့သော်လည်း ယခုအခါတွင် သူတို့ ဆယ့်နှစ်ဦးလုံး၏ ကျင့်ကြံခြင်းအဆင့်များက လုံးဝ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်ရာ သူ သတင်းပို့ထားသော ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်က အခြား အင်အားစုများမှ ပါရမီရှင်အချို့ကို ဖိတ်ခေါ်နိုင်ခဲ့လျှင်ပင် အထဲမှ ကောင်ကို တုန်လှုပ်အောင်လုပ်ရန် ခက်ခဲလိမ့်မည် မဟုတ်ပါလား။

“အခုမှတော့ ဘာတတ်နိုင်ဦးမှာလဲ.. ရတနာတိုက်ကို သွားကြစို့.. အဲဒီက အရင်းအမြစ် အချို့ကို သုံးပြီး ငါတို့ရဲ့စွမ်းအားကို အရင် ပြန်လည် ထူထောင်ကြတာပေါ့”

ယွမ်ထျန်းချီက သုန်မှုန်သော အမူအရာဖြင့် ပြောလိုက်သည်။

ယခုအခါတွင် သူ၏ ကျင့်ကြံမှုက ပျောက်ဆုံးသွားပြီ ဖြစ်ရာ ပြင်ပကမ္ဘာရှိ သူ၏ ကိုယ်ပွားနှင့် အဆက်အသွယ် မပြုလုပ်နိုင်တော့ပေ။

လက်ရှိအချိန်တွင် သူတို့ အနေဖြင့် ဟွမ်ယွမ်ဓားဂိုဏ်း၏ ရတနာတိုက်သို့ အရင်သွားပြီး ဟွမ်ယွမ်ဓားဂိုဏ်း၏ အရင်းအမြစ်များကို အသုံးပြုကာ စွမ်းအား ပြန်လည်ရရှိအောင် လုပ်ဆောင်ရမည် ဖြစ်သည်။

စွမ်းအားများ ပြန်လည် ရရှိပြီးမှသာလျှင် အထဲမှကောင်ကို ဖြေရှင်းရန်နည်းလမ်း ရှာဖွေရပေလိမ့်မည်။

ယွမ်ထျန်းချီ အပါအဝင် ဟွမ်ယွမ်ဓားဂိုဏ်းမှ ပါရမီရှင်တပည့်များသည် ဓားရေကန်ပြင်ပသို့ ကျန်းချန်၏ ပို့လွှတ်ခြင်းကို ခံလိုက်ရပြီးနောက်တွင် ဟွမ်ယွမ်သူတော်စင်မြို့တော်ရှိ ကျင့်ကြံသူများသည် ဟင်းလင်းပြင်တွင် ချိတ်ဆွဲထားသောအဆင့်သတ်မှတ်ချက်စာရင်းကို ကြည့်ကာ ဆူညံပွက်လော ရိုက်သွားခဲ့ကြသည်။

“ဘာတွေဖြစ်ကုန်တာလဲဟ.. ယွမ်ထျန်းချီရဲ့ အမှတ်က အချိန်အကြာကြီး ရပ်တန့်နေပြီး အဆင့်သတ်မှတ်ချက် စာရင်းရဲ့ နံပါတ်တစ် နေရာကနေတောင် အကျော်ခံလိုက်ရပြီ.. ဒုတိယနေရာမှာ ရှိနေတဲ့ ကျန်းချန်လည်း အတူတူပဲ.. သူ့ရဲ့အမှတ်တွေက ဆက်မတက်တော့ဘဲ အဆင့်တွေလည်း ကျလာနေတယ်”

“ဒါတင်ဘယ်ကမလဲ.. ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ ထိပ်တန်း တပည့်အများအပြားရဲ့ အမှတ်တွေကလည်း အချိန်အကြာကြီး မပြောင်းလဲတော့ဘဲ အဆင့်တွေ တောက်လျှောက် ကျဆင်းနေတာကို ငါသတိထားမိတယ်.. အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင် ထဲမှာ ဘာတွေဖြစ်ပျက်နေလဲ မသိဘူး”

“..........”

ဟွမ်ယွမ်သူတော်စင်မြို့တော်ရှိ မြို့စားစံအိမ်တွင် ဟွမ်ယွမ်ဓားဂိုဏ်း၏ အကြီးအကဲ ယွမ်ထျန်းဟွာနှင့် မြို့စား ကူယွမ်ယန်တို့ နှစ်ဦးစလုံး၏ မျက်နှာထက်၌ ယခင်ထက်ပို၍ လေးနက်သော အမူအရာများ ရှိနေခဲ့ကြသည်။

ကူယွမ်ယန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။

“အကြီးအကဲ.. အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲက အခြေအနေက နည်းနည်း ထူးဆန်းနေသလိုပဲ”

ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များ အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင် ထဲသို့ အဓိက ဝင်ရောက်ရသည့် ရည်ရွယ်ချက်မှာ အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် ကူးယူထားသည့် ဟွမ်ယွမ်ဓားဂိုဏ်း၏ အရင်းအမြစ်များကို သုံးစွဲပြီး စွမ်းအားမြှင့်တင်ရန် ဖြစ်သည်။

သို့သော်လည်း အရင်က အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင် ဖွင့်လှစ်သည့် အချိန်များတွင် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များ၏ အဆင့်သည် မဆိုးပေ။

ထို့ကြောင့် ယခုကဲ့သို့ အခြေအနေမျိုးသည် သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်ဟုပင် ဆို၍ရ၏။

သိထားရမည့် အချက်မှာ အင်မော်တယ်စိတ်ကူးယဥ်ဟင်းလင်းပြင်သည် ဟွမ်ယွမ်ကောင်းကင်နယ်မြေ တစ်ခုလုံးကို ပြန်လည် ကူးယူထားခြင်း ဖြစ်ပြီး အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင် ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့် တစ်ဦးချင်းစီသည် မတူညီသော နေရာများတွင် ကျပန်းပေါ်လာခြင်း ဖြစ်သည်။

ယင်းအတွက်ကြောင့် အားလုံးက တစ်ချိန်တည်းမှာပင် ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ ဝင်ရောက်ပြီး စွမ်းအားမြှင့်တင်နေကြသည်မှာ မဖြစ်နိုင်သလောက်ပင်။

ယခုလို ဟွမ်ယွမ်ဓားဂိုဏ်း၏ တပည့်အားလုံး အမှတ်များ မတက်တော့သည်မှာ အလွန်တရာပင် ထူးဆန်းနေခဲ့၏။

ယွမ်ထျန်းဟွာက စကားမပြောတော့ဘဲ သူ၏ မျက်ဝန်းများကို မှိတ်ကာ လျှို့ဝှက်နည်းစနစ် တစ်ခုကို အသုံးပြုလိုက်သည်။

ခဏအကြာတွင် ယွမ်ထျန်းဟွာ၏ မျက်ဝန်းများက ရုတ်တရက် ပွင့်လာခဲ့၏။

သူ၏ အိုမင်းနေသော မျက်ဝန်းများသည် ချက်ချင်းပင် သုန်မှုန်သွားခဲ့သည်။

“ယွမ်ထျန်းချီရဲ့ ကိုယ်ပွားက သူ့ရဲ့ မူလခန္ဓာနဲ့ ဆက်သွယ်လို့မရတော့ဘူး.. ကြည့်ရတာ အင်မော်တယ်စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲမှာ တစ်ခုခု ဖြစ်ပျက်နေပြီထင်တယ်”

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကူယွမ်ယန်က အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။

သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ယွမ်ထျန်းချီသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သလို ဟွမ်ယွမ်ဓားဂိုဏ်းတွင် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမှ ပေါ်ထွန်းလာသည့် မဟာယာနအဆင့် ပါရမီရှင်လည်း ဖြစ်သည်။

သူ၏ တိုက်ခိုက်နိုင်စွမ်းသည် မဟာယာန အလယ်အလတ်အဆင့် ကျင့်ကြံသူ အများစုထက်ပင် မနိမ့်ကျပေ။

ဆိုရလျှင် ယွမ်ထျန်းချီ၏ စွမ်းအားဖြင့် ဆိုလျှင် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် သူ့ကို အနိုင်ယူနိုင်မည့်သူ မရှိသလောက်ပင်။

ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ကျူးကျော် ဝင်ရောက်လာသူသည်လည်း ယွမ်ထျန်းချီ ကဲ့သို့ မဟာယာနအဆင့် ပါရမီရှင် တစ်ဦး ဖြစ်နေလျှင်ပင် ယွမ်ထျန်းချီကို အလွယ်တကူ အနိုင်ယူရန်မှာ မဖြစ်နိုင်ပေ။

ထို့အပြင် ယခုတစ်ကြိမ်တွင် ယွမ်ထျန်းချီ တစ်ဦးတည်းသာ မဟုတ်ဘဲ ဟွမ်ယွမ်ဓားဂိုဏ်း၏ အခြားသော ပါရမီရှင် တပည့်များစွာ တစ်စုံတစ်ခု ဖြစ်သွားခဲ့ခြင်း ဖြစ်၏။

ဤဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များသည် ယွမ်ထျန်းချီနှင့်ပူးပေါင်းကာ ဟွမ်ယွမ်ဓားဂိုဏ်း၏ အဆင့်မြင့် ဓားဗျူဟာကို ခင်းကျင်းမည် ဆိုလျှင် မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူမျးကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိသည်။

ထိုမျှအထိ အစွမ်းထက်သော စွမ်းအား ရှိပါလျက်ဖြင့် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် တစ်စုံတစ်ရာ ဖြစ်ပျက်သွားသည်မှာ အဘယ်ကြောင့်နည်း။

“အကြီးအကဲ.. ဒါတော့ မဖြစ်နိုင်ဘူးထင်တယ်.. ယွမ်ထျန်းချီ တို့သာ တစ်စုံတစ်ခု ဖြစ်သွားတယ်ဆိုရင် သူတို့တွေ ဘာလို့ အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲကနေ ဖယ်ထုတ်မခံရသေးတာလဲ”

ကူယွမ်ယန်က အိပ်ပျော်နေသော ယွမ်ထျန်းချီနှင့် အခြားသူများကို ကြည့်ကာ နားမလည်နိုင်သော အမူအရာဖြင့် ယွမ်ထျန်းဟွာကို မေးလိုက်သည်။

“ဒါက ငါ့ကို ဇဝေဇဝါဖြစ်စေတဲ့ အချက်ပဲ”

ယွမ်ထျန်းဟွာက တစ်ခဏမျှ စဥ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

“အခု အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင် ဖွင့်လစ်မဲ့အချိန်ရဲ့ သုံးပုံတစ်ပုံတောင် မကုန်သေးဘူး.. လောလောဆယ်တော့ အခြေအနေကို အရင် စောင့်ကြည့်ကြတာပေါ့”

အကယ်၍ လက်ရှိ အခြေအနေအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုလျှင် သူက အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ၏ ပထမအဆင့်ကို အချိန်မတိုင်မီ အဆုံးသတ်ရန် စဥ်းစားရပေလိမ့်မည်။

----------------------

အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင် ထဲတွင် ကျန်းချန်သည် ပြင်ပမှ အခြေအနေများကို မသိရှိဘဲ ဟွမ်ယွမ်ဓားရေကန်ထဲတွင်သာ အာရုံစိုက်၍ ကျင့်ကြံနေခဲ့၏။

“ဒင်.. သင်က ဟွမ်ယွမ်ရဲ့ အင်မော်တယ်စွမ်းအားကို စုပ်ယူပြီး အုပ်စိုးသူစွမ်းအား အတွေ့အကြုံရမှတ် တစ်ထောင်ကို အဆ ၁၀၀ ရရှိပါတယ်”

“ဒင်.. သင်က ဟွမ်ယွမ်ရဲ့ အင်မော်တယ်စွမ်းအားကို စုပ်ယူလိုက်တာကြောင့် သင့်ရဲ့ သွေးမျိုးဆက် သန်မာလာပြီး နတ်ခန္ဓာပုံရိပ် ဆင့်ကဲ ပြောင်းလဲလာပါတယ်.. လက်ရှိဆင့်ကဲပြောင်းလဲမှု တိုးတက်နှုန်းက တစ်ထောင်ပုံတစ်ပုံ ဖြစ်ပါတယ်”

“............”

ဤသို့ဖြင့် ကျန်းချန်သည် ဟွမ်ယွမ်၏ အင်မော်တယ်စွမ်းအားများကို စဥ်ဆက်မပြတ် စုပ်ယူနေခဲ့ရာ သူ၏ ခန္ဓာကိုယ်ထဲမှ အုပ်စိုးသူအဆင့် စွမ်းအားနှင့် နတ်ခန္ဓာပုံရိပ်သည် စဥ်ဆက်မပြတ် တိုးတက်လာခဲ့သည်။

ဤကဲ့သို့ အစွမ်းကုန် အားထုတ် ကျင့်ကြံရင်းဖြင့် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

ဆယ်ရက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ အုပ်စိုးသူစွမ်းအားသည် အလွန်အမင်း အားကောင်းသော အဆင့်သို့ ရောက်ရှိလာခဲ့ပြီး အုပ်စိုးသူ နှောင်းပိုင်းအဆင့်ကနေ အထွတ်အထိပ် အဆင့်သို့ ထိုးဖောက်ခါနီးအထိ ဖြစ်လာခဲ့သည်။

သူ၏ နတ်ခန္ဓာပုံရိပ် ဆင့်ကဲပြောင်းလဲမှုသည်လည်း ဆယ်ပုံကိုးပုံအထိ တိုးတက်လာခဲ့ရာ အောင်မြင်စွာ အဆင့်တက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

ကျန်းချန်က ကျင့်ကြံခြင်းကို မရပ်တန့်ဘဲ ဟွမ်ယွမ်အင်မော်တယ် စွမ်းအားကို ရူးသွပ်စွာ စုပ်ယူ၍ ဆက်လက် ကျင့်ကြံနေခဲ့သည်။

“ဒင်.. သင်က ဟွမ်ယွမ်ရဲ့ အင်မော်တယ်စွမ်းအားကို စုပ်ယူပြီး အုပ်စိုးသူစွမ်းအား အတွေ့အကြုံရမှတ် တစ်ထောင်ကို အဆ ၁၀၀ ရရှိပါတယ်”

“ဒင်.. သင်က ဟွမ်ယွမ်ရဲ့ အင်မော်တယ်စွမ်းအားကို စုပ်ယူလိုက်တာကြောင့် သင့်ရဲ့သွေးမျိုးဆက် သန်မာလာပြီး နတ်ခန္ဓာပုံရိပ် ဆင့်ကဲပြောင်းလဲလာပါတယ်.. လက်ရှိ ဆင့်ကဲပြောင်းလဲမှုက ၉၁% အထိ ရောက်ရှိလာခဲ့ပါပြီ”

“............”

နောက်ထပ် သုံးရက် ထပ်မံ ကုန်ဆုံးသွားခဲ့ပြီးနောက်တွင် ကျန်းချန်၏ စိတ်ထဲ၌ သာယာနာပျော်ဖွယ်ကောင်းသော သတိပေးသံ နှစ်သံသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

“ဒင်.. သင်က အုပ်စိုးသူ အထွတ်အထိပ်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပါပြီ”

“ဒင်.. သင်၏ နတ်ခန္ဓာပုံရိပ်က လူသားဧကရာဇ်ဓားအဆင့်ကနေ ပျက်စီးခြင်းဓားအဆင့်သို့ အောင်မြင်စွာ ပြောင်းလဲသွားခဲ့ပါပြီ”

အခန်း(၂၅၉၆)ပြီး၏။

All Chapters